Saturday, 1 December 2012

ရင်နာစရာ အဖြစ်အပျက်တွေပါ။

တိုင်းသူပြည်သားများ၏ နှလုံးသားထဲမှတောင်းဆိုချက်

ခွပ်ဒေါင်းအော်သံမှ...
တိုင်းသူပြည်သားများ၏ နှလုံးသားထဲမှတောင်းဆိုချက် 

ခွပ်ဒေါင်းအော်သံမှ...

မှားပြီးရင်း မှားနေဆဲ မှားနေမြဲ တွေရဲ့ လုပ်ရပ်

၁။ သံဃာတော်များကို ဘင်္ဂလီများက မီးလောင်အောင် လုပ်ကြမယ်ဆိုရင် သံဃာထုက ဘယ်လိုသဘောထားမလဲ။

၂။ ဒါမှမဟုတ် ဗြိတိသျှကိုလိုနီက သံဃာတော်များကို ဗြောက်အိုးညာသံပေးပြီး မီးလောင်ဗုံးနဲ့ လုပ်ကြံခဲ့ရင်ကော ဗုဒ္ဓဘာသာဝင်တွေ ဘယ်လိုသဘောထားကြမလဲ။

၃။ ဒါမှမဟုတ် ပေါက်ဖော်တွေက သူတို့စီမံကိန်းကို ကာကွယ်ဖို့အတွက် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်တွေ မီးလောင်ကျွမ်းခံရတယ်ဆိုကော မြန်မာပြည်သားတွေ ဘယ်လိုမြင်ကြမလဲ။

ဘင်္ဂလီပဲဖြစ်ဖြစ်၊ ဗြိတိသျှပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် သံဃာတော်များကို လုပ်ခဲ့ရင် နိုင်ငံခြားသားများဖြစ်တယ်၊ ဒါမှမဟုတ် ဘာသာခြားများဖြစ်တယ်ဆိုပြီး အဲဒီလိုယူမှတ်လို့ သွေးပိုဆူကြမှာမဟုတ်လား။

အခုသိန်းစိန်အစိုးရက ဒီလိုလုပ်တော့ သိန်းစိန်လည်း ဧည့်ခံပွဲအတက်မပျက်သလို လူထုခေါင်းဆောင်ကလည်း ဒါကို နာကျည်းဖွယ်ရာလို့ မပြောပါဘူး။ ပြည်သူများနဲ့သံဃာထုများကလည်း ထမင်းစားဆွမ်းစားမပျက် နေနိုင်ကြပါသလား။

နိုင်ငံခြားသားများ၊ ဘာသာခြားများက ဗုဒ္ဓဘာသာကို စော်ကားခဲ့သည်ရှိသော် ဘာကြောင့် ပိုနာရပြီး ဗုဒ္ဓဘာသာဝင်အချင်းချင်း စော်ကားတဲ့အခါမှာ ခံသာကြသလဲ။

မတွေးတတ်အောင်ပါပဲ။ အချင်းချင်းစော်ကားကြမှ သိက္ခာပိုကျရမှာမဟုတ်လား။
ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းများအားရင်းနှီးစွာနှုတ်ဆက်.နေတဲ့ မေမေစု ဓါတ်ပုံ ကိုဆန်နီ 1.12.2012 — ကြေးနီတောင်က မေမေစု အရိပ် မှတ်တမ်းများ (5 photos)

ကဲ ဘယ်နဲ့ ရှိစ ?

လူကနေ ကုလားဖြစ်သွားခြင်း
On the left without islam in control
 
On the right with islam in control
 
Religion is harmful, especially to women.

 
Many times I have been told that women choose to wear coverings that cover them head to toe. I have disagreed with this for many years and I have a question to those that claim this. If what you say is true, then why are the women of these same countries NOT wearing these coverings when islam was NOT in control? Hmmm? Why are they wearing clothes that in the same countries today would get them arrested and beaten or worse killed?
On the left without islam in control

On the right with islam in control

Religion is harmful, especially to women.


Many times I have been told that women choose to wear coverings that cover them head to toe. I have disagreed with this for many years and I have a question to those that claim this. If what you say is true, then why are the women of these same countries NOT wearing these coverings when islam was NOT in control? Hmmm? Why are they wearing clothes that in the same countries today would get them arrested and beaten or worse killed?

ကောင်းလိုက်တဲ့ စကား


ဝမ်းမနာသားတွေ စိတ်ဆိုးမယ့် စကားပေါ့. . .
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကျေးဇူးရှင် နိုင်ငံလို့ ကျွန်မ မမြင်ပါဘူး
==============================
=========

"တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကျေးဇူးရှင် နိုင်ငံလို
့ ကျွန်မ မမြင်ပါဘူး ။
အိမ်နီးချင်း မိတ်ဆွေနိုင်ငံလို့ဘဲ မြင်ပါတယ် ။ ကြိုက်သည်ဖြစ်စေ မကြိုက်
သည်ဖြစ်စေ အိမ်နီးချင်း နိုင်ငံအဖြစ် ကမ္ဘာတည်သရွေ့ လက်ခံနေရမှာဘဲ ။"

ဒေါ်အောင်ဆန်းစုကြည် (၃၀-၁၁-၂၀၁၂)

ထိ တယ်နော် ( facebook မှ ကူးယူပါတယ် ကြိုက်လို့ )

အော်...အဘစိန်ပြောပါတယ်..ဒါနဲ့ များတောင်..အမေရိကန်..ပဋိပက္ခဖြေရှင်းရေအဖွဲ့ ..ICG..က ဘရာဇီးသမတဟောင်းနဲ့အတူ..ငြိမ်းချမ်းရေးဆုကိုအမေရိကန်မှာ.2013..မှာသွားယူအုံးမတဲ့ ...ရီလိုက်၇တာ  အကြည်တော့်..ဟာသ .၀တ္တုတွေ...ငိုသွားမယ်....ဟီး..ဟီး
အော်...အဘစိန်ပြောပါတယ်..ဒါနဲ့ များတောင်..အမေရိကန်..ပဋိပက္ခဖြေရှင်းရေအဖွဲ့ ..ICG..က ဘရာဇီးသမတဟောင်းနဲ့အတူ..ငြိမ်းချမ်းရေးဆုကိုအမေရိကန်မှာ.2013..မှာသွားယူအုံးမတဲ့ ...ရီလိုက်၇တာ အကြည်တော့်..ဟာသ .၀တ္တုတွေ...ငိုသွားမယ်....ဟီး..ဟီး

အမေစု စကား.............. ကောင်းလှတယ်။

အခုတွေ့နေရတာကတော့ ဦးသိန်းစိန်ကို ၀န်ချတောင်းပန်ခိုင်းတာ တွေ့ရတယ်..... ဦးသိန်းစိန် ၀န်ချတောင်းပန်မလား..... လက်သည်က ရှုပ်ထွေးနေတုန်းပဲ ဖြစ်နေတယ်..... တောင်းပန်ရင်တော့ အကောင်းဆုံးပေါ့.... ကျွန်တော်တော့ မထင်သေးဘူး.... ဘာလို့လည်းဆိုတော့ တစ်ခါတောင်းပန်မယ် ဆိုရင် နောက်ထပ် အကြိမ်ကြိမ် တောင်းပန်ခိုင်းလာမယ့် ကိစ္စတွေက တန်းစီနေတယ်လေ.....

ကိုယ့်လူမျိုးတွေအကျင့်ကလည်း ထုံးစံအတိုင်း တစ်ယောက်ရရင် နောက်လူတွေကလည်း လိုချင်ကြတာကိုး........ လောလောလတ်လတ် အစပျိုးထားတာက ပုပ္ပါးတောင်ကိစ္စ..... ဒါလည်း သံဃာတော်တွေ ပါလာဦးမှာပဲ....... ဒီတော့ သိပ်တော့မထင်ဘူး..... ဟိုကိစ္စလည်း ဒေါ်စုပါ၊ ဒီကိစ္စလည်း ဒေါ်စုပါနဲ့ ဒေါ်စုလည်း တစ်ယောက်တည်း သုံးကိုယ်ခွဲနေရတော့မယ်....

"ကျမ ၀ိဇ္ဖာဇော်ဂျီမဟုတ်ပါ။ ရေရှည် ကျမစဉ်းစားပါတယ် ရေတိုမလုပ်ပါ ယုံကြည်ချက်နဲ့ထောက်ခံပါ။ ပြဿနာ ရှင်းတာ အပေးယူ လုပ်ရမယ် မတည့်သူကို မီးဗုံးနဲ့ပစ်လို့မရဘူး။ ပြည်သူ့အားဟာ မနည်းဘူး ဒီအားကို အလွဲသုံးစား မလုပ်ရဘူး။ ကျမ အားကိုးတာလည်း ပြည်သူပါ။" လို့ ဆိုထားပါတယ်.... မျက်မွှေးတစ်ဆုံးကို မကြည့်ဖို့၊ မတည့်သူကို အကြမ်းမဖက်ဖို့၊ ပြည်သူအားကိ
ု အလွဲသုံးစား မလုပ်ဖို့ နှစ်ဖက်စလုံးကို သွယ်ဝိုက်ပီး ပြောသွားတာ ဖြစ်ပါတယ်....

ဒီနေရာမှာ ဒေါ်စု ပြောခဲ့တဲ့ မိန့်ခွန်းကို ပြန်ကြည့်ကြည့်တော့ "သတ္တုတွင်းဝန်ကြီးရှိရက်နဲ့ ဦးပိုင်ဘာလို့ရှိနေလဲ တပ်မတော်ရှိလို့ ရှိနေတာတဲ့ ဦးပိုင် တာဝန်ခံတွေနဲ့တွေ့ရင် ကျမမေးပါမယ်။ အာဃာတတွေတော့ မထားပါနဲ့ အမုန်းတရား ၀င်သွားသူဘက်က ရှုံးမယ်။ မတရားရင် မခံရဘူး ကာကွယ်ရမယ်။ ခေါင်းအေးအေးနဲ့ရှင်းရမယ် အမှန်တရားကို အခြေခံတုံ့ပြန်ရမယ်" လို့ ဆိုထားပါတယ်..... ဒါ Shoot to the Point ပါ..... တကယ့်ကို ပစ်မှတ်ကို ပစ်တဲ့ စကားမျိုးပါပဲ......

အခုဒီကိစ္စနဲ့ ပါတ်သက်လို့ အရင်မြန်မာနိုင်ငံ တစ်ခုခုလုပ်တိုင်းမှာ လူ့အခွင့်အရေးကို ရှေ့တန်းတင် တစာစာ အသံထွက်ခဲ့တဲ့ အနောက်နိုင်ငံတွေ ၀င်ဟန့်တာ၊ အသံထွက်တာ မတွေ့မိတာလည်း သတိထားမိပါတယ်..... သတင်းဌာန တစ်ခုကပဲ အကြမ်းဖက် မနှိမ်နှင်းတတ် နှိမ်နှင်းတတ်နဲ့လုပ်လို့ ဒီလိုဖြစ်တာလို့ ပြောတာကို တွေ့ရပါတယ်...... (ကြည့်ရတာ သူတို့ Training လာပေးချင်ပုံ ရတယ်နဲ့ တူပါရဲ့....) ဒါဆိုရင် အခြေအနေတွေကို စဉ်းစားနိုင်မှာ ဖြစ်ပါတယ်....

ထစ်ခနဲဖြစ်တိုင်း သံဃာတော်တွေ ခံနေရတာကို မြင်ရတာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ စိတ်မချမ်းသာပါဘူး..... အသုံးချမယ့်လူကလည်း အသုံးချလို့ ကောင်းတာကိုပဲ ဆက်အသုံးချနေမှာပါပဲ...... နောင်လည်း ထပ်ဖြစ်လာနိုင်စရာတွေ ရှိတဲ့အတွက် သံဃာတော်တွေကော၊ အဓိကရုဏ်း နှိမ်နှင်းသူတွေပါ ဘယ်လိုအေးချမ်းတဲ့နည်းနဲ့ ဖြေရှင်းမလဲ စဉ်းစားဖို့လိုလာပါပီ...... ကျွန်တော်တို့ အပြန်အလှန် လေးစားမှုကနေတစ်ဆင့် တစ်ဦးနစ်နာမယ့် ကိစ္စကို တစ်ဦးက စောင့်ထိမ်းသွားခြင်းမျိုးနဲ့ အေးချမ်းတဲ့လူ့ဘောင်ကို ဦးတည်သွားနိုင်ဖို့ လိုပါတယ်......... Root Cause ကိုလည်း မြင်တတ်အောင် ကြည့်နိုင်ဖို့လိုပါမယ်...... ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ အဖြေရှာဖို့လည်း လိုပါမယ်..... ဒါမှသာ ဒီမိုကရေစီ ပန်းတိုင်ကို ကျွန်တော်တို့ သိက္ခာရှိရှိ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်....

Which -ism will be laid in Burma ?





Multiculturalism ဆိုတာလေးကို တနေ့ က မြန်မာပြည်က လူကြီးတယောက် ပြောသွားတာ ကြားလိုက်ပါတယ်။ ဟုတ်ကဲ့ .. Multiculturalism ဆိုတာ လိုရင်းတိုရှင်း ပြောရရင်တော့ လူ့ အသိုင်းအဝိုင်းတစ်ခုထဲမှာ လူမျိုး၊ ဘာသာ မတူညီတဲ့သူတွေ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း ဖြစ်ပါတယ်။
.
နိုင်ငံတနိုင်ငံမှာ မတူညီတဲ့ လူမျိုး၊ ဘာသာဝင်တွေ အေးချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့ ရာမှာ ထပ်ရောက်လာတဲ့ ခိုလှုံသူတွေဟာ မူလရှိရင်းစွဲ ဒေသခံများနဲ့ သဟဇာတ ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒီလို ရွှေ့ပြောင်းလာတဲ့ ခိုလှုံသူတွေရဲ့ အလေ့အထ အမူအကျင့်တွေဟာ မူလဘူတ ဒေသခံများအတွက် လက်မခံနိုင်စရာ ဖြစ်နေမယ်ဆိုရင်ဖြင့် မလိုလားအပ်တဲ့ လူမျိုးရေး၊ ဘာသာရေး ပြဿနာများ ဖြစ်ပွားမှုကို ဦးတည်စေမှာ ဖြစ်ပါတယ်။
.
၂၀၁၁ နှစ်ဆန်းပိုင်းကစလို့  အီတလီကမ်းရိုးတန်းက လမ်ပီဂျူစာ (Lampedusa) ဆိုတဲ့ ကျွန်းကလေးကို ၂၆,၀၀၀ ကျော်တဲ့ မြောက်အာဖရိကမှ ခိုလှုံသူများ ခိုးဝင်ခိုလှုံလာတဲ့အတွက် မူလ လူဦးရေကို သုံးဆ တိုးပွားသွားစေခဲ့ပါတယ်။ အာဏာပိုင်များဟာ အဲဒီခိုလှုံသူများကို ကမ်းရိုးတန်း ရေစပ်တလျှောက်မှာ refugee camp များ ထိုးပြီး လက်ခံထားခဲ့ပါတယ်။ ဒီလို အစုလိုက် အပြုံလိုက် ရေလမ်းမှ ဝင်ရောက်လာတဲ့ ခိုလှုံသူများကြောင့် ဒေသခံများကြားမှာ မကျေနပ်မှုတွေ စတင်လာပါတယ်။
.
မကျေနပ်ကြတဲ့ ဒေသခံတွေဟာ ဆိုင်းဘုတ်တွေ ကိုင်ပြီး ကန့် ကွက်ကြရုံမက ရေစပ်မှာ လူတံတိုင်းတွေ ကာရံပြီးတော့တောင် ခိုလှုံသူတွေ ဝင်လို့ မရအောင် ကြိုးစားကြပါတယ်။ သူတို့ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါပဲ။ အဲဒီလို ဝင်ရောက်လာသူတွေဟာ ပျမ်းမျှ တနေ့ ကို လူတထောင်ဝန်းကျင် ရှိပါသတဲ့။ အများစုဟာ မူစလင်များဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေကြားက အောင်မြင်စွာ ဝင်ရောက်လာတဲ့သူများကလည်း နောက်ပိုင်းမှာ ဒေသခံတွေရဲ့ တားဆီးမှုကို မကျေနပ်ကြောင်း ဆန္ဒပြကြပါတယ်။
.
ဒီလို ခိုလှုံလာသူတွေကို အီတလီအာဏာပိုင်များက ဗီဇာနဲ့ ၁၅၀ယူရိုတန် ရထားလက်မှတ် ပေးပါတယ်။ အဲဒီကမှတဆင့် ဥရောပနိုင်ငံများကို ထပ်မံ သွားရောက်ခိုလှုံနိုင်ပါတယ်။ အများစုဟာ ပြင်သစ်နိုင်ငံကို ဝင်ရောက်ခိုလှုံကြပါတယ်။
.
အခုဆိုရင် ဘာလင်၊ အိုစလို၊ ပဲရစ်၊ လန်ဒန် စတဲ့ ဥရောပ မြို့ ကြီးတွေမှာ သူတို့ ဟာ အတော်များများ အခြေချနေကြပြီ ဖြစ်ပါတယ်။ ဒေသခံများကလည်း နိုင်ငံကြီးသားများပီပီ သူတို့ အပေါ် အတတ်နိုင်ဆုံး သည်းခံပြီး လက်ခံခဲ့ကြပါတယ်။
.
ဒီလိုနဲ့ ၁၉၈၅ ကစပြီး ဥရောပ နိုင်ငံများကို ခိုလှုံဝင်ရောက်သူများဟာ တစတစနဲ့ အုပ်စုလည်း တောင့်လာရော လူပါးဝလို့  ဇာတိပြကြပါလေရော။ အထူးသဖြင့် ဥရောပရောက် မူစလင်ဦးရေဟာ ၃၈သန်းခန့် ရှိပြီး ဥရောပ လူဦးရေရဲ့  ၅% ရှိနေပါပြီ။ နောက်ထပ် ဝင်ရောက်လာမယ့် ခိုလှုံသူတွေအပြင် သူတို့ ရဲ့ မြင့်မားတဲ့ သားဖွားနှုန်းတွေကြောင့် မဝေးတဲ့အနာဂတ်မှာ ဒီထက်မက တိုးပွားလာမယ်လို့  ခန့် မှန်းကြပါတယ်။ ၂၀၃၀ ခုနှစ်မှာဆိုရင် ဥရောပလူဦးရေရဲ့ ၈% ကျော်အထိ တိုးပွားလာဖွယ် ရှိတယ်လို့  ဆိုပါတယ်။
.
ဒီလို အနေကြာလာတာနဲ့အမျှ လူဦးရေတိုးပွားလာတာနဲ့အမျှ သူတို့ ခိုလှုံရာ နိုင်ငံများက အာဏာပိုင်တွေခမျာ အခက်တွေ့လာရပါတယ်။ သူတို့ ဟာ ဥရောပ ယဉ်ကျေးမှုနဲ့ သဟဇာတ မဖြစ်ပါဘူး။ သဟဇာတ ဖြစ်ဖို့ လည်း မကြိုးစားတဲ့အပြင် အုပ်စုဖွဲ့ ဂိုဏ်းဂဏဖွဲ့ ခြင်းမျိုးတောင် ရှိပြီး အမြင်မတူရင် ရန်သူသဖွယ် မှတ်ယူကြပါတယ်။
.
အခုဆိုရင် ဥရောပနိုင်ငံများမှာ ဒီလိုခိုလှုံသူတွေကြောင့် ဒုစရို်က်မှု ထူပြောခြင်း၊ စီးပွားရေး ကျဆင်းခြင်းနဲ့ အကြမ်းဖက်မှုများ ဖြစ်ပွားခြင်း စတဲ့ ပြဿနာများကို ရင်ဆိုင်နေရပါတယ်။ သူတို့ ရဲ့ ဒေသခံများနဲ့ လိုက်လျောညီထွေ မရှိမှုအပေါ် ပြင်သစ်သမ္မတ Nicolas Sarcozy က ရုပ်သံ အင်တာဗျူးတစ်ခုမှာ ဒီလို မှတ်ချက်ပေးခဲ့ပါတယ်။
.
'ခင်ဗျားတို့  ပြင်သစ်ကို လာချင်ရင် ဒီက အသိုင်းအဝိုင်းရဲ့ ဓလေ့ထုံးစံကို လက်ခံနိုင်အောင် ကြိုးစားပါ။ အဲဒီိလို လက်မခံနိုင်ဘူးဆိုရင်တော့ ခင်ဗျားတို့ ကို ပြင်သစ်က မကြိုဆိုပါဘူး 'တဲ့။
.
ပြင်သစ် ပြည်သူများအနေနဲ့ မူစလင်တွေ လမ်းလယ်ခေါင်မှာ ပိတ်ရပ်ပြီး လူစုလူဝေးနဲ့ ဆုတောင်းပွဲလုပ်တာမျိုးကို မနှစ်မြို့ပါဘူး။ အခုဆိုရင် ပြင်သစ်အာဏာပိုင်တွေဟာ မူစလင်အမျိုးသမီးများ burqa လို့ ခေါ်တဲ့ ခေါင်းမြီးခြုံခြင်းကို တားမြစ်ပါတယ်။ ဒါ့အပြင် ခိုလှုံခွင့်ပြုတဲ့ ဦးရေကိုလည်း ၁၀% လျှော့ချခဲ့ပါတယ်။ အလားတူ အီတလီမှာလည်း ခိုးဝင်သူများကို ငွေဒဏ် ယူရို တစ်သောင်းအထိ ချမှတ်ပါတယ်။
.
ဘာကြောင့်များ လူ့ အခွင့်အရေး အပြည့်ရှိတဲ့ ဒီမိုကရေစီ နိုင်ငံကြီးများဟာ ပြည်ပမှ မူစလင်များ ခိုလှုံမှုကို အကြီးအကျယ် စိုးရိမ်နေကြရသလဲ ။ ခရစ်ယာန်နိုင်ငံများ ဖြစ်ကြတဲ့ ဥရောပနိုင်ငံများမှာ မူစလင်အမျိုးသမီးများရဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေကို မျက်ဝါးထင်ထင် တွေ့ မြင်ရတဲ့အပြင် အမျိုးဘာသာပျောက်မယ့် အရေးကို ကြိုတင်သိမြင်လို့ ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အယူဝါဒပိုင်းဆိုင်ရာမှာလည်း ခရစ်ယာန်နဲ့ မူစလင် ဘယ်လိုမှ သဟဇာတ လိုက်လျောညီထွေ မဖြစ်နိုင်ပါဘူး။
.
ဗြိတိသျှဝန်ကြီးချုပ် David Cameron က ဗြိတိန်မှာ Multiculturalism မအောင်မြင်ပါဘူးရယ်လို့  ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပခဲ့တဲ့ Munich Security Conference မှာ ပြောကြားခဲ့ပါတယ်။
.
ကွဲပြားတဲ့ အယူဝါဒ ယုံကြည်ကိုးကွယ်ရာ ဘာသာနှစ်ခုအောက်မှာ ကြီးပြင်းလာတဲ့ အုပ်စုနှစ်ခုကို အတူတကွယှဉ်တွဲနေထိုင်ခြင်းဖြင့် အဓိကရုဏ်းတွေ စစ်မက်တွေကို ဖြစ်ပွားစေတယ်ဆိုတာ သမိုင်းအဆက်ဆက်က သက်သေပြခဲ့ပြီးပါပြီ။ ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီးများမှာတောင် မအောင်မြင်တဲ့ Multiculturalism ကို ဒီမိုပျိုးပင်ပေါက် မြန်မာပြည်မှာတော့ လက်တည့်မစမ်းကြပါနဲ့လားရှင်။
.
(Credit to Ko Myo Set)
credit to Qing Minya : http://www.facebook.com/notes/qing-minya/




--
http://www.burmaburo.blogspot.com

ဒါမှ ဒို့ ခေါင်းဆောင်

ပြည်သူကို မေမေဆက်ဆံပုံက မိသားစုအရင်းချာလို......(သွဲ့သွဲ့ဝင်း၊ ဖြူဖြူဝင်း၊ အေးနက်တို့နဲ့အတူတွေ့ရတဲ့ မေစု- 30-11-2012)

ရခိုင် နဲ့ ဘင်္ဂါလီအရေးအခင်းမှာ ဘာလို့ ဒီလို မလုပ်တာလဲ....

"ဒဏ်ရာရရှိသူ အချို့ ရွာထဲ၌သာ ဆေးကုသ မှုများ ရှိနေသေး"

ရန်ကုန်၊ ဒီဇင်ဘာ ၁
လက်ပံတောင်းတောင် ကြေး နီစီမံကိန်းသပိတ်စခန်းများမှ ဒဏ်ရာရရှိသူ အချို့မှာ ရွာထဲ၌သာ ဆေးကုသ မှုများ ရှိနေသေးကြောင်း နာရေး ကူညီမှုအသင်း (ရန်ကုန်) မှ ဦး ကျော်သူက ပြောသည်။

''ရွာတွေမှာ ပုန်းပြီး ကုနေ တဲ့သူတွေလည်း ရှိသေးတယ်။ သူတို့တွေက ကြောက်ပြီးတော့ မထွက်ရဲဘူး။ ကျိတ်ပြီးတော့ ကုနေ ရတယ်'' ဟု ဦးကျော်သူက ပြောသည်။
နာရေးကူညီမှုအသင်း (ရန် က

ုန်) မှ သွားရောက် လှူဒါန်းရာ တွင်လည်း မုံရွာ ဆေးရုံအုပ်ကြီး က ဒီအရေးအခင်းနဲ့ ပတ်သက်ပြီး လှူစရာမလိုကြောင်း၊ အများ အတွက် လှူချင်လျှင် လှူနိုင် ကြောင်း၊ ဆေးကုသမှု ခံယူနေ သော သံဃာတော်အချို့မှာ အခြေ အနေ ဆိုးကြောင်း၎င်းထံမှ သိရ သည်။

''ဆေးဝါးကုဖို့လာလှူတာ ကို ကောင်းကောင်းလက်ခံရင်တော့ ကောင်းတာပေါ့။ သံဃာတော်တွေ ရဲ့ အခြေအနေက တော်တော်ဆိုး တယ်လေ။ အချို့ဆိုရင် မျက်လုံး ကွယ်နိုင်မယ့် အခြေအနေရှိတယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများ မှ ဒဏ်ရာရရှိသည့် သံဃာတော် များအား သွားရောက်လှူဒါန်းခဲ့ကြ ပြီး ဒီဇင်ဘာ ၁ ရက်နေ့၌ ရန်ကုန် သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

သပိတ်မှောက် သံဃာတော် များအား ယခုကဲ့သို့ ပြုလုပ်ခြင်း အပေါ် ဦးကျော်သူက ''သံဃာ တော်တွေကို ဒီလိုလုပ်လို့ မရဘူး။ ဥပမာ-ရခိုင်ကိစ္စမျိုးလို ကိစ္စဆိုရင် ဘာလို့ ဒီလိုအနေနဲ့ မနှိမ်နင်းတာ လဲ၊ သံဃာတော်တွေကျမှ ဒီလို နှိမ်နင်းတာရော၊ နောက်ပြီး လပြည့်ညကြီးမှာ ဆေးပေါင်းခတဲ့ ညကြီးမှာ ဒီလိုလုပ်တာကတော့ မင်္ဂလာမရှိဘူးပေါ့'' ဟု ပြော သည်။

လက်ရှိအချိန်တွင် မုံရွာဆေး ရုံ၌ သံဃာအပါး ၃၈ ပါး မန္တလေး ဆေးရုံ၌ သံယာ ၂ ပါးနှင့် အခြား ဘုန်းကြီးကျောင်းများ၌ သံဃာအပါး ၆ဝ ခန့် ဆေးကုသ မှု ခံယူလျက်ရှိကြောင်း သိရ သည်။

ရန်နိုင်

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ဘယ်သူ့ တာဝန်လဲ?

လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စ အဓိကတရားခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို(အရေးကြီး လက်ဆင့်ကမ်း Share ပေးရန်)

တန်ဆောင်မုန်းလပြည့်နေ့ညက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ငြိမ်းချမ်းစွာဆန္ဒပြနေသော ရဟန်းသံဃာအပါအ၀င် ပြ
ည်သူများအား အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပေါ်သည့်ကိစ္စတွင် အဓိကတာဝန်အရှိဆုံးလူမှာ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုဖြစ်ကြောင်းသိရှိရသည်။ အစိုးရအဖွဲ့ သမ္မတရုံးမှ လက်ပံတောင်းတောင်ကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနအား ဖြိုခွဲရှင်းလင်းရန် တာဝန်ပေးအပ်ထားသော်လည်း ရဲတပ်ဖွဲ့ဝင်များ၏ လုပ်နည်းကိုင်နည်း မကျွမ်းကျင်မှု နည်းစနစ် မသေချာမှု နှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများ အားနည်းခဲ့သောကြောင့် အရုပ်ဆိုးအကျည်းတန်သည့် အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများအား ဖြိုခွဲရှင်လင်းရာတွင် လုပ်ကိုင်နည်းအဆင့်ဆင့်ဖြစ်သည့် (၁)ဆန္ဒပြသူများအား မိုက်ခ် များ အော်လံများဖြင့် သတိပေးခြင်း (၂) အတွင်းစည်းအပြင်စည်းတားခြင်း (၃) ထပ်မံသတိပေးခြင်း (၄) အင်အားပြင်းရေပိုက်အသုံးပြုပြီး လူစုခွဲခြင်း (၅) မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများခွဲပြီး လူစုခွဲခြင်း (၆) အဓိကခေါင်းဆောင်များကို ဖမ်းဆီးခြင်း (၇) ဒါဏ်ရာရရှိသူများအား သက်ဆိုင်ရာဆေးကုသမှုပေးခြင်း (၈) လူစုခွဲလုပ်ငန်းပြီးဆုံးခြင်းဟူ၍ အကျဉ်းဖျင်းအဆင့်များရှိပါသည်။ အဆင့် (၄) အထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သော်လည်း အဆင့်(၅) စတင်ချိန်တွင် စမ်းသပ်လေ့ကျင့်ထားခြင်းမရှိသော ဖော့စ်ဖောရပ်စ်ပါဝင်သော မီးခိုးဗုံးများဖြင့် ပစ်ခတ်ခဲ့ရာမှ အဆိုပါဖော့စ်ဖောရပ်စ်မှာ လေနှင့်ဓါတ်ပြုပြီး ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်ပေါင်းများကို မီးလောင်ကျွမ်းစေသဖြင့် အဆင့်(၄)တွင် ရေဖျန်းခံထားရသော လူ၊ ရွက်ဖျင်တဲများနှင့် ပစ္စည်းများကို မီးလောင်ကျွမ်းခြင်း ဖြစ်ပေါ်ခဲ့ရသည်။ အဆိုပါ အဆင့်(၅)တွင် မမျှော်လင့်ဘဲ မီးတောက်မီးလျှံများ ဖြစ်ပေါ်ခဲ့သဖြင့် ဘာဆက်လုပ်ရမည်မသိဘဲ ကြောင်ငေးကြည့်နေခဲ့ရကြောင်းကို အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက PDK နှင့် ဖုန်းဆက်သွယ်ရာတွင် ပြောကြားခဲ့သည်။ အဆိုပါ ရဲအရာရှိက မိမိတို့မှာ ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် အသုံးပြုခဲ့သော မီးခိုးဗုံးများဟုသာ ယူဆသဖြင့် ဆန္ဒပြနှိမ်နှင်းရေးအဆင့်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မမျှော်လင့်ဘဲ မီးများထလောင်ခဲ့သဖြင့် ကြောင်ငေးကြည့်နေရပြီး နောက်ပိုင်းအဆင့်များကို အောင်မြင်စွာမဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့မီးများလောင်ကျွမ်းသဖြင့် သံဃာတော်များ ဒဏ်ရာအနာတရ ရခဲ့မှုများရှိသည်ကို သိရှိရသဖြင့် ၀မ်းနည်းရပါကြောင်း ပြောဆိုသွားသည်။ သို့ဖြစ်၍ လက်ပံတောင်းတောင် ဆန္ဒပြမှု လူစုခွဲရေးစီမံချက်သည် အထက်မှ အောက်ခြေအဆင့်အထိ ကောင်းမွန်စွာ ကြီးကြပ်ကွပ်ကဲနိုင်မှုမရှိခြင်း၊ အောက်ခြေတွင် အသုံးပြုသော လက်နက်ပစ္စည်းများအကြောင်း မသိရှိပဲ လွဲမှားစွာအသုံးပြုခဲ့မိခြင်း၊ အဓိကရုန်းနှိမ်နှင်းရေးနည်းလမ်းများကို အခြေအနေနှင့်အညီ သင့်တော်အောင် အမိန့်မပေးနိုင်ခြင်းများကြောင့် အရုပ်ဆိုးအကျည်းတန်ခဲ့ရပြီး လုပ်ပိုင်ခွင့်ရှိသူနှင့်ပစ်မိန့်ပေးသူ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုမှာ တာဝန်ရှိကြောင်း တင်ပြလိုက်ပါသည်။

Post by: People Development for Knowledge
Photo by: မြ၀တီ

အေးချမ်းမွန်မှ People Development For Knowledge တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : People Development For Knowledge
1Like · ·

ဘာလုပ်သင့်ပါသလဲ?

လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချသည့် ဆန္ဒဖော်ထုတ်မှုကို ရဟန်းရှင်လူ အင်အား ၅၀ ခန့်က ယနေ့(ဒီဇင်ဘာလ ၁ရက်နေ့)ညနေ ၄နာရီ၂၀မိနစ်အချိန်တွင် မြေနီကုန်းလမ်းဆုံမှ ဗားကရာလမ်းအတိုင်း ကြည်
့မြင့်တိုင်ဘက်သို့ ဦးတည်ကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်နေကြပြီး တရုတ်သံရုံးရှေ့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းလျောက်ဆန္ဒ ထုတ်ဖော်နေသူများသည် လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ၏ ဓါတ်ပုံများကိုင်ဆောင်ပြီး "လက်ပံတောင်းတောင်တွင် သံဃာတော်များ အကြမ်းဖက် ဖြိုခွင်းရသဖြင့် ဆန္ဒထုတ်ဖော်နေခြင်းဖြစ်ပြီး ပြည်သူများ ပူးပေါင်းပါဝင်ကြပါရန် " ဟုကြွေးကြော်လျက်ရှိကြောင်း သိရသည်

ကြိုက်လို့  ကူးယူဖေါ်ပြသည်။

မင်းတို့အတွက် ရင်နာမိတယ်လေ
xxxxxxxxxxxxxxxxxxxxxxxxxxx
ကျွန်တော့်ရင်ထဲ အရမ်းကိုဝမ်းနည်းမိလွန်းလို့ ဒီ သီချင်းလေးကို ဖျက်လိုက်မိတာပါဗျာ...။ မနက်က ဗုံးခွဲတဲ့ သတင်းကိုကြားမိပြီး နောက် သလ္လာဝတီတိုင်းမ်း မှာပုံတွေ ကြည့်လိုက်မိကတည်းက ကျွန်တော် ခုခ
ျိန်ထိ တွေးလိုက်မိတိုင်း မျက်ရည်ကျမိတုန်းပါ..။ ယောက်ျားရင့်မာကြီးတစ်ယောက် ဖြစ်ပြီး
မျက်ရည်ကျရသလား လို့ မေးရင် ကျွန်တော်က လူသားတစ်ယောက် မို့လို့ပါလို့ ပြန်ပြောရမှာပါပဲ...။ လူသားတစ်ယောက်မှာ နှလုံးသားရှိတယ်..။ ကိုယ့်အတ
ွက်ကိုယ်ကို မငဲ့ညှာတက်တဲ့သူတွေမှာတောင် အများအတွက် ငဲ့ညှာမိတဲ့သူတွေရှိတယ်..။ ကျွန်တောတို့ မုံရွာသူ မုံရွာသားတွေတင်မကပဲ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေ ကော ဗုဒ္ဓဘာသာမဟုတ်ပေမယ့် မြန်မာနိုင်ငံသား ဖြစ်နေတဲ့သူတွေကောပါ စိတ်ထိခိုက်ရမှာ မလွဲပါဘူးဗျာ...။ ကျွန်တော် အရမ်းစိတ်ထိခိုက်မိလို့ ခုလို သီချင်းအပျက်လေးကို ရေးစပ်လိုက်ပါတယ်ခင်ဗျား....။ သမ္မတကြီး ခင်ဗျား ..။ ဘယ်သူတွေက သမ္မတကြီးကို မကောင်းပြောပြော သမ္မတကြီး အနေ နဲ့ ပြည်သူတွေ နောက်ထပ် အထိအခိုက်မရှိခင် သမ္မတကြီး အနေနဲ့ ပြန်လည် ပြုပြင်နိုင်ခွင့်ရှိပါသေးတယ်ခင်ဗျား..။ သမ္မတကြီး အနေနဲ့ မုံရွာက ခုလိုဖြစ်သွားခဲ့တဲ့ အရေးအခင်းကို မသိမှာ မဟုတ်တဲ့အတွက် အမြန်ဆုံး ပြုပြင်ပေးစေလိုပါတယ်ခင်ဗျား...။ တကယ်တော့ စစ်သား ၊ ရဲသား၊ ယာဉ်ထိန်းရဲ အာဏာရှိသမျှ သူတိုင်းရဲ့ လက်အောက်က ဝန်ထမ်းတွေဟာ မြန်မာနိုင်ငံမှာ မွေး မြန်မာနိုင်ငံမှာ ကြီးပြင်းပြီး မြန်မာ့ ရေ မြန်မာ ထမင်းကို စားသုံးပြီး အသက်ရှင်သန်နေရတဲ့သူတွေပါပဲ..။ တကယ်တော့ စစ်သားဆိုတာကလည်း ပြည်သူတွေက ပဲ မွေးဖွားပေးခဲ့တာပါပဲ..။ဒီတော့ စစ်သားတွေ လည်း အမိန့်အတိုင်း လုပ်နေရသူတွေ စိတ်ထဲက မပါတဲ့ သူတွေ ရှိမှာပါပဲ.။ ဒါ့ကြောင့် ကျွန်တော် အနူးအညွှတ်တောင်းပန်ပါသည်ခင်ဗျား... ယခုပြသနာကို အေးအေးချမ်းချမ်း နဲ့ သာဖြေရှင်းပါခင်ဗျား..။ အကြမ်းဖက်နည်းဖြင့် ဖြိုခွင်းခြင်းမှာ မပြုသင့် မပြုအပ်သော ကိစ္စဖြစ်သောကြောင့် မလုပ်ပါရန် တင်ပြလိုက်ပါသည်ခင်ဗျား...။ (မိုးနတ်)

အေးချမ်းမွန်မှ အသောက အသောက အသောက တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :အသောက အသောက အသောက

အာဏာရူးများ၏ ရူးသွပ်ခြင်း တမျိုး

  1. အီရတ် က ဓာတု အလီ ပြီး တော့ မြန်မာ ပြည် က ဓာတု သိန်းစိန်

    ကာတွန်း - ကူမိုးကြိုး
    ( မိုးမခ အင်တာနက် စာမျက်နှာ မှ )

လုပ်ရက်မှု များ

မုံရွာမြို့ခံတွေက ၀ါးကနဲရယ်ပြီးလှောင်ပြောင်ခံလိုက်တဲ့ ၀န်ချတောင်းပန်ပွဲ ကြီးတစ်ခုဖြစ်သွားခဲ့တယ်လို့ သာသနာရေးဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးကဆို

လက်ပန်းတောင်းတောင်အရေးကိစ္စအကြမ်းဖက်နှိမ်နင်းမှုတွေ့ကြောင့် ဆရာတော်သံဃာတော်တွေ အပြင်းအထန်ဒဏ်ရာတွေရကြတ
ဲ့အတွက် ဒီနေ့(၁-၁၂-၂၀၁၂)စနေနေ့နေလည်(၂)နာရီ(၃၀)မိနစ်ခန့်က ပြုလုပ်ခဲ့ကြောင်
စစ်ကိုင်းတိုင်းဒေသကြီးသာသနာရေးဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးဆိုပါတယ်။

"ကျွန်တော်တို့ကို အာဏာပိုင်ကနေ ဆရာတော်တွေကိုမကြွကြွအောင်ပင့်ပေး ရမယ်ဆိုပြီးခိုင်းပါတယ်။ဒါနဲ့ ဆရာတော်အပါး(၂၀)ကိုပင့်ဖိတ်ခဲ့ပါတယ်။မဟာ ဇောတိကာယာမကျောင်းတိုက်က(၃)ပါး၊အုတ်ကန်တောရစာသင်တိုက်၊ရန် ကင်းကျောင်းတိုက်၊ဇမ္ဗူ့ရောင်ခြည်ကျောင်းတိုက်၊အသောကာရုံကျောင်းတိုက်
ရွှေကျင်ဓမ္မာရုံကျောင်းတိုက်၊ဘုရားလှကျောင်းတိုက်၊ဇောင်ကြမ်းပင်ကျောင်း တိုက်၊ရွှေသိမ်တော်ကျောင်းတိုက်၊မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊အရှေ့လေး ထပ်ကျောင်းတိုက်၊ဓမ္မပါရဂူကျောင်းတိုက်၊ပဇ္ဇောတာရုံကျောင်းတိုက်၊မြို့မရွှေ ဂူကျောင်းတိုက်၊မဟာလယ်တီကျောင်းတိုက်၊အရှေ့လယ်တီကျောင်းတိုက်၊ မဏီရတနာပုံကျောင်းတိုက်၊နိဂြောဓာရုံကျောင်တိုက်၊စုစုပေါင်း(၂၀)ပင့်ဖိတ် ခဲ့ပါတယ်။

အဲဒီပွဲကို မဟာဇောတိကာယာမကျောင်းတိုက်ဆရာတော်(၃)ပါးကတော့လုံးဝ မကြွရောက်နိုင်ကြောင်းသွားရောက်ပင့်ဖိတ်စဉ်ကတည်းအပြတ်ပြောလွတ် လိုက်ပါတယ်။ဘုရားသားတော်တွေကိုသတ်တဲ့ ကောင်တွေပင့်တာမကြွဘူးဆို တဲ့သဘောနဲ့ပြောလိုက်တာပါ။
ပွဲကိုတော့ (၁)နာရီစဘို့ပြောထားတာပါ ဒါပေမဲ့(၂)နာရီခွဲမှစနိုင်ခဲ့ပါတယ်။ (၁၀)ပါးဘဲကြွရောက်ခဲ့ပါတယ်။ကြွရောက်တဲ့ကျောင်းတိုက်တွေက-ဦးသုမန(အရှေ့လေးထပ်) ၊ဦးပညာဝံသ(ရန်ကင်းကျောင်းတိုက်)၊ဦးသူရိယ (၀ိဇ္ဇာသိပ္ပံကျောင်းတိုက်)၊ ဦးနန္ဒော(ဓမ္မပါရဂူ)၊ဦးဇောတိပါလာလင်္ကာရ(ပဇ္ဇော တာရုံကျောင်းတိုက်)၊ဦးကေသ၀(အသောကာရုံ)၊ဦးအဂ္ဂသာရ((ရွှေကျင်ဓမ္မာရုံ) ကျောင်းတိုက်)၊ဦးဝါယုကာ(ရွှေသိမ်တော်ကျောင်းတိုက်)၊ ဦးဥာဏိသရ( ဘုရားလှကျောင်းတိုက်)၊ဦးနန္ဒောဘာသ(အုတ်ကန်တောရကျောင်းတိုက်)တို့ သာကြွရောက်ခဲ့ကြပါတယ်။
ကြွရောက်လာတဲ့ဆရာတော်တွေကို စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ၀န်ချတောင်းပန်တာမျိုးတော့မဟုတ်ဘူး အခုလိုလုပ်လိုက်ရတာဥပဒေ ကြောင်းအရလုပ်ရလို့စိတ်မကောင်းဖြစ်မိပါကြောင်းဘဲလျှောက်ထားခဲ့တာပါ။

လျှောက်ထားမှုတွေအပြီးမှာ ဆရာတော်တွေကို သင်္ကန်းကပ်ဖို့အစီအစဉ်ကြေ ငြာလိုက်တော့ အခမ်းအနားမှာ နောက်ရောက်နေတဲ့ မုံရွာမြို့ခံလူထုက ၀ါးကနဲလှောင်ပြောင်သံကြီးတစ်ခုက တင်ဝင်းထွန်းဓမ္မာရုံကြီးအတွင်းမှာ ဟိန်းသွားတာဘဲ "ဟု သာသနာရေးဦးစီးဌာနမှဝန်ထမ်းတစ်ဦးကဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးဆိုသူ၏ပုံ။

သတင်းနှင့်ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း

အမေစု အကြောင်း အသိပေးခြင်း။

  1. အမေစုအကြောင်း အသိပေးခြင်း
    ************************
    ယခုတလော တို့ မိးရှို့ မီးတွေအကြောင်း ကျနော်များများဖတ်ရပါတယ်ဒါကြောင့် သိသင့်သိထိုက်လိုက်လို့ မိတ်ဆွေများကိုထပ်ပြီးတင်ပေးလိုက်ပါတယ်။
    မဆိုင်လျင်တော့ အသိပေးပါရစေ .။ ဘေးမှာဘဲနေပေးပါ။ ဆိုင်ရင်
    တော့ဝင်ရေးနိုင်ပါတယ်။

    ဖတ်ဖြစ်အောင်ဒီစာလေးကို ဖတ်ပါ။
    ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်းပြောနေသူများ ဒီစားလေးကိုဖတ်ကြည့်လိုက်ပါ [ကိုယ်ရေးအကျဉ်း]

    ၁) ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ချီ
းမြင့်ခဲ့ခြင်းမှာ-

    “ နော်ဝေနိုင်ငံ နိုယ်ဘယ် ကော်မတီမှ ၁၉၉၁ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေး ဆုအား မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အား၊ သူ၏ အကြမ်းမဖက်နည်းဖြင့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ ရရှိရန် ကြိုးပမ်းခဲ့မှုများကြောင့် ဤဆုအား ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။

    ... ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတ္တိများဟာ အာရှ နိုင်ငံများမှ အထူးအံ့သြဖွယ်၊ ချီးကျူး သင့်သည့် ဥပမာများမှ တစ်ခုဖြစ်ပါတယ်။ သူဟာ ဖိနှိပ်ချုပ်ချယ်ခြင်းမှ လွတ်မြောက်ရန် တိုက်ပွဲဝင်နေတဲ့ အဓိက အရေးပါတဲ့ ပုံရိပ်ဖြစ်ပါတယ် ..

    .. ယခု ၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု အား ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြင့်ရင်း၊ ကမ္ဘာတဝှမ်းတွင် ဒီမိုကရေစီ နှင့် လူအခွင့်အရေးအများ ရကြရန် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြသည့် သူများအား ထောက်ခံ အားပေးရန် နှင့် သူမ၏ အလံမချ ငြိမ်းချမ်းရေး တိုက်ပွဲဝင်မှုများကြောင့်၊ နော်ဝေနိုင်ငံ နိုဘယ် ကော်မီတီမှ ဤဆုအား ချီးမြှင့်လိုက်သည်။

    ( အော်စလို, အောက်တိုဘာ ၁၄၊ ၁၉၉၁)

    အဓိကက မိန်းမတစ်ယောက်ဖြစ်ပြီး အကျယ်ချုပ်ကျနေတာကိုတောင် လုံးဝ စိတ်ဓာတ်မကျပဲ အာဏာရှင်ကို အကြမ်းမဖက် ဆန့်ကျင်ခဲ့လို့ပါ။ လူတိုင်းမှာ အရှိန်အ၀ါဆိုတာ ရှိတယ် ညီလေးရဲ့ အဲဒါက ဘာနဲ့မှ လဲလို့မရဘူ။ လမ်းကြောင်းနဲ့သွားပြီး လင်ခရူဇာစီးသွားလည်း အရှိန်အ၀ါမရှိရင် ဆိုင်ကယ်ကတောင် ရပ်မပေးချင်ဘူး..။ ဒါတွေကိုမင်းတို့သိပါတယ်..။



    (၂) သူ လုပ်ခွင့်ရှိတဲ့ အချိန်မှာ သူလုပ်ခဲ့တဲ့ အလုပ်တွေကို အခု မျက်မြင်ကိုယ်တွေ့မြင်နေရပြီလေ..။ ပြည်သူကို ဘာလုပ်ပေးခဲ့သလဲ ဆိုတာထက် အဲဒီတုန်းက ပြည်သူကိုဘာလုပ်ခွင့်ရခဲ့ပါသလဲဆိုတာက ပိုသင့်တော်ပါတယ်။

    သူ့အသက်ရဲ့ သုံးပုံတစ်ပုံလောက်က မြန်မာပြည်မှာ..။ မြန်မာပြည်မှာရှိတဲ့ နှစ်ပေါင်း နှစ်ဆ ယ် ကျော်အတွင်းမှာ ဆယ့်ငါးနှစ်လောက်က အိမ်ထဲက အိမ်ပြင်ထွက်ခွင့်မရှိဘူး။ ထွက်လို့ရတဲ့ အချိန်တိုအတွင်းမှာ ပြည်သူနဲ့ ထိတွေ့ပြီး လက်ရှိခံစားနေရတဲ့ ဒုက္ခတွေကို အကန့်အသတ်ထဲကနေ အားပေးစည်းရုံးပြီး လုံးဝ(အခုအချိန်လို အနှောင်အဖွဲ့ကင်းမဲ့တဲ့) တွေ့ဆုံဆွေးနွေးဖို့ကို အမြဲတမ်း ကြိုးစားနေခဲ့တယ်။ ဒါတွေကို အခက်အခဲကြားထဲက လုပ်နေခဲ့တာတွေပါပဲ။

    အခုအချိန် သူလုပ်ပိုင်ခွင့်ရလို့ တစ်နှစ်အတွင်းပြောင်းလဲသွားတွေကိုပြန်ကြည့်ရင် သူလွတ်ပြီး တစ်လအတွင်း မြန်မာနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိုးတက်သွားတယ်၊ သူ့ရဲ့ဖိအားပေးမှုနဲ့ EU နဲ့ US က စီးပွားရေးပိတ်ဆို့မှုတွေ လျော့လာတယ်၊ မြန်မာအာဆီယံဥက္ကဌဖြစ်ဖို့ အင်ဒိုနီးရှားက သူ့ရဲ့တိုက်တွန်းချက်ကို တောင်းရတယ်၊ သံဃာ့အရေးအခင်းတုန်းက ဂျပန်သတင်းထောက်ပစ်သတ်ခံရလို့ နှစ်နှစ်လောက် ဒေါ်လာသန်းပေါင်းများစွာ မကူညီတဲ့ ဂျပန်က လောပိတရေအားလျှပ်စစ်ကိုတောင် နှစ်ငါးဆယ် ထပ်ပြီး ပြုပြင်တည်ဆောက်ဖို့ သဘောတူလိုက်တယ်။ အဲဒါတွေက နိုင်ငံတကာ စီးပွားရေးဆွေးနွေးပွဲတွေမှာ Skype နဲ့ မိန့်ခွန်းပြောကြားခဲ့တဲ့ အကျိုးဆက်တွေပဲ.။ မြစ်ဆုံကိစ္စကိုလည်း ကန့်ကွက်ခဲ့တယ်။ နိုင်ငံေ၇းအကျဉ်းသားအချို့ ပြန်လွတ်လာတယ်။ နိုင်ငံတကာကလာတဲ့ အစိုးရအဆင့်မြင့်အရာရှိတွေ၊ အားလုံးနီးပါးက သူနဲ့ မဆွေးနွေးပဲ ပြန်တဲ့သူသိပ်မရှိပါဘူး။ အဲဒီတော့ အဲဒီလို ပြုပြင်ပြောင်းလဲတာတွေတာတွေက သူလွတ်လာလို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပဲ။ အဲဒီလို အားလုံးပြောင်းလဲကုန်ရင် ပြည်သူ့ဘ၀တွေလည်း ပိုမိုတိုးတက်လာမှာပဲ..။ ဒါတွေကို လက်ရှိအစိုးရနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုကြောင့် ရတယ်ဆိုရင်လည်း မမှားဘူး။

    (၃) နံပါတ် (၃) မေးခွန်းကို ဖြေရရင် စီးပွားရေးပိတ်ဆို့မှုရဲ့ အကြောင်းအရင်းက အာဏာရှင်တွေက ပြည်သူကိုနှိပ်စက်ရင် များသောအားဖြင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုဆိုတာ သူ့အလိုလို ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ပြီး ဖြစ်သွားတတ်ကြပါတယ်။ အဲဒီလိုပိတ်ဆို့ထားမှ အစိုးရအနေနဲ့ ရပ်တည်ရခက်ခဲပြီး ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောပေးလေ့ရှိကြလို့ပါ။
    အမေစုကြောင့် စီးပွားရေးပိတ်ဆို့တယ်၊ အမေစုကစီးပွားရေး ပိတ်ဆို့ခိုင်းထားလို့ ပြန်မဖွင့်ပေးတာ ဆိုတာတွေက အရင်က သတင်းစာထဲက စကားတွေပါ..။ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့တာက ပြည်တွင်းမှာရှိတဲ့ အခြေအနေတွေကို သုံးသပ်ပြီး ဆုံးဖြတ်တဲ့အလုပ်တွေပါ။ အမေစုကပိတ်ခိုင်းတိုင်းပိတ်လို့မရသလို ဖွင့်ခိုင်းတိုင်းလည်း ဖွင့်လို့မရပါဘူး။ အခုလို အခြေအနေမှာတောင် ဖျေလျော့ပေးတာပဲရှိသေးတယ်။ လုံးဝ ဖွင့်မပေးသေးပါဘူး လုံးဝပွင့်သွားအောင် ဖိအားပေးလို့မရပါဘူး။ အကြောင်း (၁) က စစ်အစိုးရပါ..။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အခုလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့မယ်ဆိုရင်..။ ယခုအထိ နိုင်ငံတကာက ပိတ်ထားစရာမရှိသလို ပြည်သူတွေလည်း တိုးတက်နေမှာပါပဲ..။
    အကြောင်း(၂) က တရုတ်ပါ။ ကမ္ဘာက စီးပွားရေးပိတ်ဆို့ချိန်မှာ တရုတ်က မြန်မာကို အန္တရာယ်ကြီးပြီး အရည်အသွေးမမီတဲ့ ပစ္စည်းတွေတင်သွင်း၊ မြန်မာပြည်က တန်ဖိုးရှိတဲ့သယံဇာတတွေ ထုတ်ယူကာ၊ မှောင်ခိုကုန်သည်လုပ်ပြီး စစ်အာဏာရှင်တွေအတွက် အသက်ရှူပေါက်ဖွင့်ပေးခဲ့တဲ့အတွက်ယနေ့ အချိန်အထိ သက်ဆိုးရှည်သွားခြင်းပါ။ နေပြည်တော်တောင် တရုတ်ကပေးတဲ့ US ငါးဘီလီယံနဲ့ ဆောက်ခဲ့သေးတာပဲ..။ ကမ္ဘာပေါ်မှာ တရုတ်ပြည်တွင်း စက်မှုလက်မှုတွေကထုတ်တဲ့ သွားကြားထိုးတံကနေ အိမ်စီးကားအထိ အစအဆုံး အသုံးအပြုဆုံးနိုင်ငံက မြန်မာနိုင်ငံလေ။ တို့ပတ်ဝန်းကျင်မှာ တရုတ်ပစ္စည်းတွေချည်းပဲ..။ ထိုင်းပစ္စည်းတောင် မျိုးစုံရှိလို့လား။

    အဲဒီတော့ တရုတ်သာ မှောင်ခိုကုန်သည်မလုပ်ခဲ့ရင် အစိုးရ လိုငွေပြ အင်အားချည့်နှဲ့ပြီး ပြည်သူ့ဆန္ဒ သို့မဟုတ် ဒီမိုကရေစီဖော်ဆောင်ဖို့ကို အရင်ကတည်းက ပြောင်းလဲလိုက်မှာပါ..။ အခုတော့ နှစ်တွေအများကြီး ကြာသွားခဲ့တာပေါ့။

    အဲဒီတော့ အစိုးရကိုမကြိုက်လို့ စီးပွားရေးကို အကြာကြီးပိတ်ခိုင်းတာမဟုတ်ပါ။ အပေါ်က အချက်တွေက အဓိကပါ..။

    (၄) နိုင်ငံခေါင်းဆောင်ကြီး တစ်ဦးရဲ့ သမီးအနေနဲ့ ဘာဖြစ်လို့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တာလဲဆိုရင် အဓိကအကြောင်းအရင်းက ပြည်ပမှာ ဘာ့ကြောင့် ရှိနေတဲ့အကြောင်းအရင်းကို အရင်ထုတ်ရှင်းရပါမယ်.။ အမေစု မိခင် ဒေါ်ခင်ကြည်ဟာ ၁၉၆၀ မှာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီတော့ အိန္ဒိယကို ပြောင်းရပါတယ်။ အဲဒီအချိန်မှာ အမေစု အသက်ဆယ့်ငါးနှစ်ရှိပါပြီ။ ဆယ်ခုနှစ်နှစ်အရွယ် ၁၉၆၂ ခုနှစ် ဒေလီတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာနဲ့ သင်ယူနေတုန်း မြန်မာပြည်မှာ ကျောင်းသားသမဂ္ဂ ဗုံးခွဲခံရပြီး အထဲကကျောင်းသားအားလုံး သေဆုံးကုန်ပါတယ်။။ အဲဒီရဲ့ အကျိုးဆက်က အမေစုအတွက် မြန်မာပြည်တွင်းမှာ ပြန်လည်နေထိုင်ဖို့ မဖြစ်နိုင်တဲ့ တွန်းအားတစ်ခုဖြစ်သွားပါတယ်.။ ဗိုလ်ချုပ်ရဲ့သမီးဖြစ်ပြီး နိုင်ငံရေးသိပ္ပံနဲ့ မြန်မာပြည်ပြန်သွားရင် ဘာဖြစ်သွားမလဲ တွေးကြည့်ကြပေါ့ဗျာ.။

    ဘွဲ့ရပြီးတော့ ဒေါ်ခင်ကြည့်မိတ်တွေ မြန်မာပြည်မှာနေခဲ့တဲ့ အင်္ဂလန်သံအမတ် အကူအညီနဲ့ အင်္ဂလန်အောက်စဖို့တက္ကသိုလ်မှာ မှာကျောင်းသွားတက်တယ်ဗျ။

    ၁၉၆၂ မှာ ဘွဲ့ရတယ် ရတဲ့ဘွဲ့က (Philosophy, Political Science, Eco) ဂုဏ်ထူးနဲ့ ၀ိဇာဘွဲ့ဗျ။ နောက် နယူးယောက်က ကုလသမဂ ရုံးမှာ အလုပ်ဝင်တယ်၊ အဲဒီမှာ ဦးနေ၀င်းရဲ့ သိုးတွေနဲ့ နိုင်ငံကူးလက်မှတ်ပြဿနာဖြစ်တယ်။အမေစုကို နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ နှစ်ပေါင်းများစွာ ဆိုင်းငံ့ခဲ့တယ်။ ကုလအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ သမီးတစ်ယောက်လို ဖြစ်နေလို့သာ မြန်မာနိုင်ငံသားအဖြစ် မပျက်ပြယ်တာပါ။



    ၁၉၇၀ မှာ မိုက်ကယ်အဲရစ်နဲ့တွေ့တယ်။ ဒီနေရာမှာ မိုက်ကယ်အဲရစ်အကြောင်း တစခုပြောချင်တယ်။ မိုက်ကယ်အဲရစ်က ဗုဒ္ဒဘာသာ၊ တက္ကသိုလ်မှာ အရှေ့တိုင်း ပါဠိဘာသာ သုတေသနပညာရှင်ပါမောက္ခ၊ အမေစုက ပါဠိဘာသာ နဲ့ အရှေ့တိုင်းယဉ်ကျေးမှု အတွက်လေ့လာရင်းနဲ့ အိမ်ထောင်ကျတာ၊ ကျပြီး နီပေါနားက ဘူတန်မှာသွားနေကြတယ်။ သူတို့အိမ်ထောင်ရေးက သဘောတူညီမှုတစ်ခု လုပ်ထားခဲ့ပြီးသား အဲဒါက ”ကျွန်မ ပြည်သူတွေအတွက် ကျွန်မတာဝန်ထမ်းဆောင်မယ်ဆိုရင် ခွင့်ပြုဖို့ ” ဆိုတဲ့ သဘောတူညီချက်ပဲ။

    မိုက်ကယ်အဲရစ် မြန်မာပြည်ကို တစ်ခါလားတုန်းက မင်းကွန်းဆရာတော်ကြီးကို သွားဖူးတော့ နှစ်ဦးစလုံး ပါဠိလိုတွေ ပြောနေကြလို့ ထောက်လမ်းရေးတွေတောင် ငုတ်တုတ်မေ့ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။ သူပြုစုခဲ့တဲ့ နီပေါ ဘူတန် ယဉ်ကျေးမှုဆိုင်ရာ စာအုပ် စာတမ်းတွေ အများကြီးပဲ။

    အဲဒီတော့ အမေစု ဟိုမှာ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တဲ့ အကြောင်းအရင်းနဲ့ မိုက်ကယ်အဲရစ်ဆိုတာ ဘယ်လိုလူစားလဲဆိုတာ သိသင့်ပြီထင်ပါတယ်။

    မိခင်ဒေါ်ခင်ကြည်ရဲ့ထိန်းကွပ်ဦးဆောင်မှုနဲ့ နဗန်းဆံကိုတောင် အိမ်ထောင်ကျတဲ့အထိ ထားတုန်း၊ အိမ်မှာနေရင် မြန်မာစကားကလွဲပြီး အင်္ဂလိပ်လို မသုံးနှုန်းတာတွေ၊ နှစ်ပေါင်းများစွာ ကိုယ့်လုံခြည်ကို ယက်ကန်း ယက်လုပ်ပြီး ၀တ်ခဲ့တာတွေ အိန္ဒယမှာရှိတဲ့အချိန် အသက် ဆယ့်ခုနှစ်နှစ် ကတည်းက ဒေလီမြို့စွန်က ဟိန္ဒူတွေစွန့်ပစ်ထားတဲ့ ဗုဒ္ဓဘာသာကျောင်းကို ရန်ပုံငွေကောက်ပြီး ပြုပြင်မွမ်းမံခဲ့တာတွေကိုကြည့်ရင်..။ အမေစု ဘယ်လိုလူစားလဲ ဆိုတာကို သိနိုင်ပါတယ်။ အဲဒီလိုလူမျိုးကရွေးချယ်တဲ့ ခင်ပွန်းဟာလည်း နိုင်ငံခြားသားပင်ဖြစ်စေကာမူ ဘယ်လိုမျိုးလဲဆိုတာကို သဘောပေါက်သင့်ပါတယ်။

    အခု ဘူတန်ဘုရင်ဟာ ဒေါက်တာ မိုက်ကယ်အဲရစ်ရဲ့ တပည့်ပါ။ သူ့ကို စာသင်ပေးတုန်းက ဆယ့်ခုနှစ်နှစ်ပဲ ရှိပါသေးတယ်။

    အရင်စစ်အစိုးရဟာ မိုက်ကယ်အဲရစ်နဲ့ အမေစုကို နေရာပေးပြီး ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင် မဇ္ဇိမဒေသကနေ မြန်မာနိုင်ငံအထိ ထေရ၀ါဒ ဗုဒဘာသာနဲ့ ယဉ်ကျေးမှု ပြောင်းလဲခြင်းဖြစ်စဉ်သမိုင်းအတွက် တကယ် အထောက်အကူဖြစ်နိုင်ပါတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ မိုက်ကယ်အဲရစ်က အဲဒါတွေနဲ့ပတ်ကက်ရင် ကိုယ့်စားရိတ်ကိုယ်စားပြီး သုတေသနလုပ်နေတဲ့သူပါ။
    http://tunwai-states.blogspot.jp/2012/11/blog-post_9036.html
    (Aye Win Hlaing ကိုကြိုက်လို့ထပ်တင်တာပါ။)

အမြင်လွဲမှားနေသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တချို့ သိရှိစေရန်ဖေါ်ပြပါသည်။


  1. ရဲဘော်မြအေး စကား
    ----------------------
    ဗမာပြည်မှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေဟာ အစဉ်အဆက်က
    အေးအေးချမ်းချမ်းဘဲနေထိုင်ခဲ့တာပါ။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်ထဲမှာ သူခိုးလည်း ရှိမှာဘဲ။မုဒိမ်းကျင့်တဲ့ကောင်လည်း ရှိမှာဘဲ။ ဒါဟာ အစၥလာမ္ဘာသာ၀င္မွမဟုတ္ပါဘူး။ အဲ
    ဒီအပေါ်မှာ လူမျိုးရေးနဲ့ ကပ်၊ ဘာသာရေးနဲ့ ကပ်ပြီးတော့ဖြေရှင်းကြရင် အဖြေမှန်တစ်ခုကို ဘယ်လိုမှ မရနိုင်ဘူး။ မွတ်စလင်တစ်ယောက်က၊ အစ္စလာမ်ဘာသာဝင်တစ်ယောက်က လူမျိုးမဟုတ်ဘူးခင်ဗျ။မွတ်စလင်တစ်ယောက်က ပြစ်မှုကျူးလွန်လို့ ရှိရင် တိတိကျကျအရေးယူပေးပါ။အဲဒီလိုဘဲ မွတ်စလင်မဟုတ်သောလူက ရာဇ၀တ်မှုကျူးလွန်ခဲ့လို့ ရှိရင်လည်းတိတိကျကျ အရေးယူပေးပါ။

    ရခိုင်တိုင်းရင်းသားတွေဘက်ကလည်း နစ်နာဆုံးရှုံးမှုတွေ အများကြီးဘဲ။
    သူတစ်ပြန်ကိုယ်တစ်ပြန် ဘယ်အချိန်ထိ လုပ်ကြမှာလဲ။ ဒါကိုလည်း
    အစိုးရကမသိကျိုးကျွံပြုပြီးတော့ လုံခြုံရေးအနေနဲ့ ပက်သက်ပြီးတော့
    ဘာမှ တာဝန်ယူမှုမရှိဘူးဆိုရင် ဒီပြဿနာကြီးက တဖြည်းဖြည်းနဲ့  ကြီးလာစရာမြင်တယ်။ပျောက်သွားဖို့ မမြင်ဘူး။ အဲဒီတော့ နှစ်ခုကိုသင့်မြတ်အောင်ဘယ်လိုလုပ်ကြမလဲ။

    လူမျိုးစုနှစ်ခုချကြတယ်။ ဟုတ်ပြီ၊ ဘယ်တော့အထိချကြမှာလဲ။ တစ်ယောက်နဲ့ တစ်ယောက်ကုန်တဲ့အထိ ချကြတော့မှာလား။ ဒါဟာ အမှန်တစ်ခုရလိမ့်မယ်လို့  မမြင်ဘူး။migrant ပြဿနာဟာ migrant နဲ့ ဘဲ ဖြေရှင်းရမှာဖြစ်တယ်။ တစ်ဘက်ကနိုင်ငံသားမဟုတ်တဲ့ ဖြေရှင်းရမယ့် ပြဿနာတွေရှိတယ်။ ဒါတွေက စနစ်တကျတစ်ဆင့်တစ်ဆင့် ဖြေရှင်းရမယ် ဖြစ်တယ်။ မုန်းတီးရေးနဲ့  လက်စားချေလိုမှုနဲ့ တစ်ဘက်နဲ့ တစ်ဘက်
    သတ်ဖြတ်မှုတွေနဲ့ မရဘူးလို့  ကျွန်တော်မြင်တယ်။

    ရာဇ၀တ်မှုမှာဘာသာ လူမျိုးဆိုတဲ့ တံဆိပ် မရှိပါဘူး။
    ရာဇ၀တ်မှုကျူးလွန်တဲ့သူဟာဘာသာပေါင်းစုံကလည်း ဖြစ်နိုင်ပါတယ်။ လူ့ အဖွဲ့ အစည်းမှာ အရင်ကလည်းရှိတယ်၊ အခုလည်းရှိတယ်၊ နောင်လည်း ရှိဦးမှာဖြစ်တယ်။ ရှိတိုင်းရှိတိုင်းမှာဘာသာရေးအခြေခံ၊
    လူမျိုးရေးအခြေခံတွေနဲ့  ဖြေရှင်းကြမယ်ဆိုရင်
    ဘယ်တော့မှ ကမ္ဘာကြီးကလည်း ငြိမ်းချမ်းမှာ မဟုတ်ပါဘူး။

    မြအေး


တတိုင်းပြည်လုံးကယ်တော်မူကြပါ ။
ဘိလပ်မြေအစားထိုး (pozolan) မှုန့်ထုတ်ဖို့အတွက် ပုပ္ပါးတောင်ကြီး အောက်ခြေကို စက်ကြီးစက်ငယ်နဲ့ မရပ်မနား တူးဖောက်ဖြိုဖျက်နေကြပေပြီ။
=
========================================
ပုပ္ပါးတောင်သည် နတ်တို့ပျော်စံရာနတ်တောင်
။

မြန်မာ့အနုစာပေစတင်ဖွဲ့စပ်ရာ ကဗျာတောင်။
ပရဆေးမျိုးစုံပေါက်ရောက်ရာ ဆေးတောင်။
ရှားပါးမျောက်မျိုးစိတ်နှင့် အခြားတိရစ္ဆာန်တို့ပေါက်ဖွားပျော်မြူးရာ သားပျော်တောင်၊ ကျေးပျော်တောင်။
မြန်မာ့ကိုးကွယ်ယုံကြည်မှုတို့ မြစ်ဖျားခံရာ အမြင့်တောင်။ အခေါင်တောင်။

ထိုတောင် ဤတောင် ကျုပ်တို့ယဉ်ကျေးမှုတောင်ကို ဘာမဟုတ်တဲ့ ဘိလပ်မြေအစားထိုး (pozolan) မှုန့်ထုတ်ဖို့အတွက် တောင်ကြီး အောက်ခြေကို စက်ကြီးစက်ငယ်နဲ့ မရပ်မနား တူးဖောက်ဖြိုဖျက်နေကြပေပြီ။ မကြာခင်မှာ တောင်ကြီးပြိုလဲသွားတော့မှာပါ။

မြန်မာ့ကိုးကွယ်ယုံကြည်မှုကြီးပြိုလဲသွားတော့မှာပါ။ အဓိဋ္ဌာန်ပြု တရားရှာသူတို့နေရာ ပျောက်သွားတော့မှာပါ။

ထိုစက်ရုံကို မြန်မာ့ယဉ်ကျေးမှုနဲ့ သယံဇာတတွေဖျက်ဆီးရာမှာ၊ မြန်မာ့အနာဂတ်ကို ချိန်းချောက်ရာမှာ၊ မြန်မာ့ဂေဟစနစ်ကို ဖျက်ဆီးရာမှာ၊ မြန်မာ့သွေးကြောတွေကို ခုတ်ထစ်ရာမှာ အလွန်နာမည်ကျော်တဲ့ လျှပ်စစ်ဝန်ကြီးဌာနကတည်တာပါ။

ဆည်တွေဆောက်ရာမှာ အဲဒီအမှုန့်တွေသုံးဖို့ပါတဲ့။ တနည်းအားဖြင့်ပြောရရင် ပုပ္ပါးတောင်ကို ဖျော်ပြီး ဆည်ဆောက်မလို့တဲ့။ တိုက်ဆောက် ကားစီးမလို့တဲ့။ တင်ဝင်းထွန်းကလဲ လက်ဖက်စိုက်ခင်းတွေနဲ့ အားဖြည့်ပါတယ်။ အဲဒီအတွက် သစ်မာတွေကို ဖျက်ဆီးပါတယ်။ စကားဝါ တွေလဲ ပါသွားမှာပေါ့။

တချို့လဲ နဂါးမောက်စိုက်ခင်းတွေဝင်လာတယ်။ အဲဒီစကား ငှက်ပျောတွေဖျက်ခံရတယ်။ ပုပ္ပါးရဲ့ဂေဟစနစ်တွေ ပျက်ရှာပြီ။ ကျောက်ပန်း တောင်းမြို့နဲ့ ရွာတွေကို ရေပေးနေတဲ့ ရေထွက်ပေါက်တွေလဲ လျော့နဲသွားပြီ။ လုံးလုံးကွယ်ပျောက် ရေဒုက္ခရောက်ကြတော့မယ်။

စိမ်းလန်းစိုပြေမှုတွေ၊ သဘာဝပတ်ဝန်းကျင်တွေ၊ ပုပ္ပါးတောင်ရဲ့အထိမ်းအမှတ်စကားဝါပင်တွေကုန်တော့မယ်လေ။ ပုပ္ပါးနတ်တောင်ဟာ အခေါင်မမြင့်နိုင်တော့။ စုံတောလဲမပြား၊ နံ့ရှားလဲမကြိုင်၊ အခါတိုင်လဲပွင့်တော့မယ်မဟုတ်။ အရပ်ကတို့ ကယ်တော်မူကြပါခင်ဗျာ။

နိုဝင်ဘာ ၂၃၊ ၂၀၁၂
မိုးမခ


ကိုရီးယာထုံး နှလုံးမူစို့........၇၈၆



ကိုရီးယားနိုင်ငံမှာ ၇၈၆ တွေကို ကောင်းကောင်း တော်လှန်ခဲ့ကြတယ်။

သူတို့တော်လှန်တဲ့နည်းက တုတ်တွေ ၊ ဒါးတွေ ၊ သေနတ်တွေမပါဘူး။

၇၈၆ တွေရောင်းတဲ့ဆိုင်တွေကို သူတို့တွေ အားမပေးကြပါဘူး။

သူတို့လူမျိုးတွေရောင်းတဲ့ဆိုင်မှာပဲအားပေးကြတယ်။

၇၈၆ တွေ ဘယ်လောက်ပဲဈေးချရောင်းရောင်းပါ။

သူတို့လူမျိုးတွေ ဘယ်လောက်ပဲ ဈေးတင်ရောင်းရောင်း သူတို့လူမျိုးတွေဆီမှာပဲ အားပေးကြတယ်။

ကြာတော့ ၇၈၆ တွေ နိုင်ငံထဲမှာ နေဖို့ ခက်ခဲလာကြတယ်။

စီးပွားရေးလုပ်လို့မရတော့ဘူး။ စားဖို့သောက်ဖို့ ခက်ခဲလာကြတယ်။

ဒါနဲ့ပြေးကရောပေါ့ ဗျာ။

အခုလည်း ကျွန်တော်တို့ ဒီနည်းကိုသုံးကြည့်သင့်တယ်ထင်လို့ share ပေးတာပါဗျာ . . . ။


What's Life?

Little Burmese Street Musicians