Friday, 26 October 2012


သင်္ချာဆရာတစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်း


ပုံမှာ မြင်တွေ့နေရတာကတော့ Anand kumar အမည်ရ သင်္ချာဆရာ တစ်ဦး ဖြစ်ပါတယ်။ 

တွက်ချက်ခြင်းကို ငယ်ငယ်လေးကတည်းက အထုံဝါသနာပါပြီး အတန်းပညာ အဆင့်တိုင်းမှာ သင်္ချာ အမှတ်အများဆုံး ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း သင်္ချာဘာသာရပ် အထူးပြုပြီး တက်ရောက်ရာ ဘွဲ့ရအောင်မြင်ခဲ့ပါတယ်။ Anand ရဲ့ ရည်မှန်းချက်က ကမ္ဘာကျော် သင်္ချာ ပညာရှင် တစ်ဦး ဖြစ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကိန်းဘရိတ်ခ်ျ တက္ကသိုလ်ကို ဆက်လျှောက်ပါတယ်။ Number Theory (Mathematical Spectrum , Mathematical Gazette) အစရှိသဖြင် ကိုယ်တိုင်ဖန် တီးပြီး လျှောက်လွှာမှာ သူ့ အရည်အချင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းကြောင့် ကိန်းဘရိတ်ခ်ျတက္ကိသိုလ်မှာ တက္ကသိုလ်တက်ခွင့်ပေး လိုက်ပါတယ်။

 ဝမ်းသာလို့မဆုံးတဲ့ Anand ဟာ ဖခင်နဲ့ တိုင်ပင်ပါတယ်။ Anand တို့ မိသားစုဟာ ဆင်းရဲပါတယ်။ တက္ကသိုလ် ဆက်တက်ဖို့ ငွေမရှိဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း ဆပွန်ဆာပေးမယ့် သူ တစ်ယောက်ယောက် များ တွေ့မယ်ဆိုတဲ့ မျော်လင့်ချက်နဲ့ လိုက်ရှာပါတယ်။ ကူညီမယ့်သူ မရှိပါဘူး။ နောက်ဆုံးတော့ တက္ကသိုလ်ဆက်တက်မယ့် အိပ်မက်ကို အဆုံးရှုံးခံလိုက်ရပါတယ်။ အဖေဖြစ်သူကလည်း ကွယ်လွန်သွားတဲ့အတွက် တက္ကသိုလ် ဆက်မတက်ဖြစ်ဖို့ ကြိမ်းသေသွားပါတယ်။ 

နောက်တော့ အမေနဲ့အတူ မုန့်ပြားသလပ် ရောင်းတဲ့ အလုပ်ပဲ လုပ်ကိုင် ပါတော့တယ်။ အပိုဝင်ငွေရရန်အတွက် လည်း ကလေးတွေကို သင်္ချာ သင်ပေးပါတယ်။ မုန့်ပြားသလပ် ရောင်းတဲ့ ရထားဘူတာဆီ ရောက်အောင် သွားရတဲ့ ခရီးက ၆ နာရီကြာပါတယ်။ သူ့မှာ သိပ်အချိန်မရပါဘူး။ လမ်းခရီးမှာ တက္ကသိုလ်စာကြည့်တိုက် တစ်ခုရှိပါတယ်။ တစ်ရက်ကို နာရီပိုင်းမျှအချိန်ပေးပြီး နေ့စဉ် ပုံမှန် သင်္ချာနဲ့ ဆိုင်တဲ့စာအုပ်တွေ ရှာဖတ်ပါတယ်။ စနေ၊ တနင်္ဂနွေ ကျတော့ သူနေတဲ့ မြို့ ငယ်တွင်းက စာကြည့်တိုက်တော်တော်များများကို သွားပြီး ရှာဖတ်ပါတယ်။ 

နောက်တော့ စိတ်ကူးတစ်ခု ရလာပြီး ရပ်ကွက်ထဲက အခန်းကျဉ်းတစ်ခုကို တစ်လ အိန္ဒိယရူပီ ၅၀၀ နဲ့ ငှားရမ်းပြီး ကိုယ်ပိုင် သိပ္ပံကျောင်းတစ်ခု ဖွင့်ပါတယ်။ ကျောင်းကို Ramanujam School of Mathematic (RSM) လို့ အမည် ပေးထားပါတယ်။ တစ်နှစ်အတွင်းမှာ ပဲ ကျောင်းသား နှစ်ယောက် ကနေ ၃၆ အထိတိုးလာပါတယ်။ သုံးနှစ်ကြာတဲ့အချိန်မှာတော့ ကျောင်းသား ဦးရေ ၅၀၀ အထိရှိလာပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်းရောက် တော့ ဆင်းရဲသားများအတွက် ကူညီဖို့ စိတ်ကူးရလာပါတယ်။ 

လခများများပေးမှ တက်နိုင်မယ့် သင်တန်းကျောင်း မတက်နိုင် တဲ့ ကျောင်းသားများကို ခေါ်ယူပြီး သင်ကြားပေးပါတယ်။ ၂၀၀၃ ခုနှစ်က စတင်လို့ Super 30 ပရိုဂရမ် စတင်ပေးပါတယ်။ Super 30 ဆိုတာ ကျောင်းရဲ့  သင်္ချာအတော်ဆုံး ကျောင်းသား ၃၀ ဖြစ်ပါတယ်။ ယင်း ၃၀ထဲမှာ သူတောင်းစား၊ အိမ်ခြေမဲ့၊ အမှိုက်ကောက်သမား အစရှိသဖြင့် ဆင်းရဲနှုံချာတဲ့ ကလေးတွေတောင် ပါဝင်လာပါတယ်။ တစ်နှစ်အတွင်းမှာပဲ သူမွေးထုတ်ပေးတဲ့ စူပါ ၃၀ ဟာ အိန္ဒိယနိုင်ငံရဲ့  အတော်ဆုံး သင်္ချာကျောင်းသားများ ဖြစ်လာခဲ့ပါတယ်။ လူတန်းစားကွာဟပေမယ့် ဥာဏ်ရည်ပိုင်းဆိုင်ရာမှာ အိန္ဒိယတို့ မြင့်မားတယ်ဆိုတာကို Anand မှ သက်သေပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တော့ ယင်း စူပါ ၃၀ ဟာ ကမ္ဘာ့ သင်္ချာအတော်ဆုံး စာရင်းတွေ အထိတောင် ပါဝင်လာပါတယ်။ 

ဒါကြောင့် သူ စစ်ပေးတဲ့ စူပါ ၃၀ စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူဟာ ၅၀၀၀ နဲ့အထက်အထိ ရှိလာပါတယ်။ သူမွေးထုတ်ပေးတဲ့ ကလေးအားလုံးကို အိန္ဒိယ နည်းပညာ တက္ကသိုလ်ဝင်ခွင့်ရအောင် ပို့ဆောင်ပေးပါတယ်။ စူပါ ၃၀ စာရင်းမပါလည်း သင်ပေးသမျှကျောင်းသားတိုင်းကို အိန္ဒိယရဲ့ အကောင်း ဆုံး တက္ကသိုလ်များသို့ အများစု ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ဒါကြောင့် အိန္ဒိယပြည်တွင်းရှိ အစိုးရတက္ကသိုလ်နဲ့ ပုဂ္ဂလိက ကျောင်းများက သူ့ကို လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ သူ ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ ကျောင်းမှာပဲ ဆက်လက်သင်ကြားပါတယ်။ လူဦးရေတိုးလာတဲ့အတွက် အခန်းချဲ့ ရပြီး ဒီအတွက် အခြား အလုပ်တွေပိုလုပ်ခဲ့ပါတယ်။ ဆင်းရဲသားအများစုကို သင်ပေးရတဲ့အတွက် လခ မယူပါဘူး။ လူတန်းစားပေါင်းစုံတက်ရောက်လာတဲ့အတွက် အချို့ ကို အိန္ဒိယမှာ အသက်သာဆုံး လခနဲ့ သင်ကြားပေးပါတယ်။ 

သူ့ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်များကြောင့် ကိန်းဘရိတ်ခ်ျတက္ကသိုလ် ဟာ ကျောင်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပေမယ့် Anand ငြင်းဆန်လိုက် ပါတယ်။ အခြား ဥရော နိုင်ငံကြီးမှ ပုဂ္ဂလိကအစိုးရကျောင်းများလည်း သူ့ကို ဖိတ်ခေါ်ပေမ့် ငြင်းဆန်ခဲ့ပါတယ်။ သူသင်ကြားပေးတဲ့ ကျောင်းဟာ အိန္ဒိယနိုင်ငံ က အခြေခံလူတန်းစား များအတွက်ကော အကျိုးဖြစ်ထွန်းစေ တာမို့ ဖြစ်ပါတယ်။ 


BBC, Newsweek , Time တို့မှ လာရောက်အင်တာဗျူးမှုများ ပြုလုပ်ပါ တယ်။ အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် Anand ရဲ့ လုပ်ဆောင်ချက်ကို လေးစားပြီး သဝန်လွှာများပေးပို့ခဲ့ပါတယ်။ အကူအညီ လိုအပ်ရင် အချိန်မရွေးတောင်းနိုင်တယ်လို့ ဆိုထားပေမယ့် Anand မယူခဲ့ပါဘူး။ စူပါ ၃၀ စာရင်းဝင် ကျောင်းသားများထံလည်း သမ္မတအိုဘားမား မှ ဂုဏ်ပြု စာလွှာများ ပေးပို့ခဲ့ပါတယ်။ Discovery ရုပ်သံလှိုင်းမှလည်း Anand ရဲ့ ကျောင်းကို တစ်နာရီစာ ပရိုဂရမ်ရိုက်ကူးပြီး ထုတ်လွင့်ပြသခဲ့ပါတယ်။ 

သူဖွင့်လှစ်သင်ကြားပေးတဲ့ကျောင်းဟာလည်း ကမ္ဘာ့ ရှေ့ ဆောင် လမ်းပြ ကျောင်း ၄ခုစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူကိုယ်တိုင်ဟာလည်း Time မဂ္ဂဇင်းမှာ ရှေ့ ဆောင်လမ်းပြ ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်လာ ခဲ့ပါတယ်။ ဧပြီလ ၂၀၁၁ မှာတော့ ဥရောပ Focus မဂ္ဂဇင်းက Anand ကို ကမ္ဘာ့ စံပြပုဂ္ဂိုလ်တစ်ဦးလို့ ဂုဏ်ပြုသတ်မှတ်ပေးခဲ့ပါတယ်။ အိန္ဒိယအဆိုးရ မှလည်း အမြင့်ဆုံး လူမူထူးချွန်ဆုများ ချီးမြင့်ခဲ့ပါတယ်။ 

ကိန်းဘရိတ်ခ်ျ တက္ကသိုလ်တက်ခွင့်ဆုံးရှုံးခဲ့ရပြီး မုန့်ပြားသလပ် ရောင်း ရာကနေ ကမ္ဘာ့စံပြ ပုဂ္ဂိုလ်ဖြစ်လာတဲ့ Anand kumar ဟာ သာမန် အရပ်သားတစ်ဦးဖြစ်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ ပညာအရည်အချင်းကို တစ်နည်း မဟုတ် တစ်နည်းနဲ့ ဖော်ထုတ်ပြသနိုင်တဲ့အတွက် ကမ္ဘာက စံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။ စာဖတ်သူတို့လည်း ဒီလို ပုဂ္ဂိုလ် တို့အကြောင်းကို လေ့လာဖတ်ရှုပြီး အားတက်လာစေရန်ဆန္ဒနဲ့ ဘာသာပြန် ဖော်ပြပေးလိုက်ရပါတယ်။

အောင်ခမ်း (International news for myanmar)
Ref: Douknow

--
You received this message because you are subscribed to the Google Groups "Share from HYDE" group.
To post to this group, send email to hydegroup@googlegroups.com.
To unsubscribe from this group, send email to hydegroup+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/hydegroup?hl=my.


VOA Interview with Ko Ko Gyi (19-10-2012)

Protest for Rakhine Problem



Bangladesh blames Muslim Rohingyas for temple attacks

Mon, 1 Oct 2012 10:25 GMT
Source: reuters // Reuters

Bangladesh's Home Minister Mohiuddin Khan Alamgir (3rd L) visits a burned temple in Cox's Bazar, Bangladesh, September 30, 2012. REUTERS/Stringer
By Anis Ahmed
DHAKA, Oct 1 (Reuters) - Bangladesh accused Muslim Rohingya refugees from Myanmar on Monday of involvement in attacks on Buddhist temples and homes in the southeast and said the violence was triggered by a photo posted on Facebook that insulted Islam.
Thousands of Muslims went on a rampage in Buddhist areas of Bangladesh near the border on Saturday, setting ablaze more than a dozen temples and monasteries and at least 50 homes. Property was looted, including statues of the Buddha.
"The attacks on temples and houses in Buddhist localities in Ramu and neighbouring areas in Cox's Bazar (district) were perpetrated by radical Islamists," Home Minister Mohiuddin Khan Alamgir told reporters in Dhaka.
"Rohingyas and political opponents of the government were also involved in the attacks."
He described the attacks as a "premeditated and deliberate attempt" to disrupt communal harmony.
It was one of the worst sectarian attacks in Bangladesh, spreading fear throughout the Buddhist minority.
Police said violence spread to the port of Chittagong, where at least two temples were vandalised. But police drove the attackers away and tightened security around Buddhist areas.
Police said they arrested nearly 170 people on suspicion of vandalism and an investigation was ordered into the violence.
Rohingyas were involved in a week of rioting with Buddhist Rakhines across the border in Myanmar last June and aid agencies say they bore the brunt of a government crackdown to halt the violence.
Rohingyas are not included in any census in multi-ethnic Myanmar and have no citizenship. Bangladesh does not accept them and pushed back out to sea refugees fleeing that unrest.
Police said the latest attacks were launched after Muslims found a Facebook photo of a burned Koran, allegedly posted by a young Buddhist man who was taken into safe custody by police. The Facebook account was closed.
Leaders of the Buddhist community, which makes up less than 1 percent of Bangladesh's population of 150 million, accused unidentified activists of sowing discord.
"The situation has been under control since Sunday but we are adding forces to vulnerable areas to ensure the peace is kept," said Serajul Haque Khan, top civil administrator of the Chittagong division.
Many Bangladeshi Muslims have taken part in protests in recent days against a film made in California and deemed insulting to Islam.
Though most Rohingyas were turned back from Bangladesh during last June's violence, local residents accuse some of infiltrating the country and teaming up with Islamists.
Prime Minister Sheikh Hasina, attending the U.N. General Assembly in New York, called for tough measures to prevent further attacks on minority communities, state media reported. (Additional reporting by Ruma Paul; Editing by Ron Popeski)





ဒီလိုဆိုမကောင်းဘူးလား

လျှာတစ်ခုဟာ အရသာအစုံကိုခံစားနိုင်သလို ခံစားမှုအစုံကိုလဲ ပေးနိုင်ပါတယ်။ ဒါကြောင့် နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေဆိုတဲ့ စကားပုံပေါ်လာတယ် ထင်ပါရဲ့။ ဒီလျှာဖျားကထွက်တဲ့ နှုတ်စကားကြောင့် မိမိကို ချစ်ခင်သူတွေများလာတယ်။ မုန်းသူတွေလဲများလာတတ်တယ်။ ကူညီသူတွေများလာတတ်သလို ရန်လိုသူတွေလဲများလာတတ်ပါတယ်။ နှုတ်စကားကြောင့် ကြားရသူတွေကို စကားရဲ့ အနက်အဓိပ္ပါယ် အတိုင်းအတာပေါ်မူတည်ပြီး ချစ်သူ၊ မုန်းသူ၊ လိုသူ၊ မလိုသူ ကွဲပြားလာတတ်ပါတယ်။
တစ်ခါတစ်လေကိုယ်က ဒီလိုမရည်ရွယ်ပေမယ့် ဒီလိုဆိုဖြစ်ခဲ့လို့ မပြီးနိုင်တဲ့ရှင်းလင်းချက်တွေနဲ့ ရန်ငြှိုးတွေဖွဲ့၊ အာဃာတတွေဖြစ်ပြီး စိတ်မချမ်းမြေ့စရာတွေကြုံကြရတယ်။ ဒါကြောင့်လဲ ကြမ်းကျွံရင် နှုတ်လို့ရတယ်။ စကားကျွံရင်နှုတ်လို့မရဘူးဆိုတဲ့ ဆိုရိုးလဲ ပေါ်ပေါက်လာတာ ဖြစ်နိုင်ပါတယ်။
ချိုသာတဲ့စကားပြောရင် ပီတိဖြစ်တယ်။ မမှန်စေဦးတော့။ ကိုယ့်အကြောင်း တော်ကြောင်း၊လှကြောင်း စသဖြင့် ချီးမွမ်းရင် ပီတိဖြစ်တယ်။ ညံ့ကြောင်း၊ ရုပ်ဆိုးကြောင်းကြားရင်ဖြင့် ဒေါသထွက်တတ်ကြတယ်။
ကျွန်မလွယ်လွယ်တွေးမိသလောက်ကို ပြန်ပြောပြရရင်  စကားအမျိုးအစား(၄)မျိုး ရှိပါတယ်။
၁။    မိမိအကျိုးရှိပြီး သူတပါးအကျိုးမရှိသောစကား
၂။    သူတပါးအကျိုးရှိပြီး မိမိအကျိုးမရှိသောစကား
၃။    မိမိကော၊ သူတပါးကော အကျိုးမရှိသောစကား
၎။    မိမိကော၊ သူတပါးကော အကျိုးရှိသောစကား

မိမိကို မုန်းတဲ့သူအရေအတွက်၊ မိမိနှင့် မတည့်သည့်သူအရေအတွက်များနေလျှင် မိမိက နံပါတ်(၁)နှင့်(၃)ကို အမြဲလို ပြောနေမိလို့ ဖြစ်ပေလိမ့်မည်။ မိမိဘာသာ ပြန်သုံးသပ်၍ ဆင်ခြင်မိပါက ထိုသို့ပြောခြင်းကို ရှောင်ရှားခြင်းဖြင့် မုန်းတဲ့သူနည်းလာလိမ့်မည်။
မိမိကို ချစ်သူခင်သူများပါက မိမိသည် နံပါတ်(၂)နှင့် (၄)တို့ကို ပြောနေဖြစ်သောကြောင့် မိမိကိုယုံကြည်လေးစားသူ ပိုများခြင်းဖြစ်ကြောင်း ဆန်းစစ်မိကာ ထိုစကားကိုဆောင်ထားဖို့ မမေ့တော့ပေ။
ကျွန်မတို့ အများစု ပြောနေမိသော စကားများမှာ နံပါတ်(၁)၊ (၃) နှင့် (၄)တို့ ဖြစ်သည်။ နံပါတ်(၂)ကို တမင်ရည်ရွယ် ပြောဆိုလုပ်ကိုင်မည့်သူရှားပြီး နံပါတ်(၁)ကို တမင်ရည်ရွယ် ပြောဆိုလုပ်ကိုင်နေသူ များသည်။ မျှတသူများက နံပါတ်(၄)ကို ပြောကြပြီး အရည်မရ၊ အဖတ်မရစကားဆိုတာ နံပါတ်(၃)ကို ပြောခြင်းဖြစ်သည်။
သူမကောင်းတာ လုပ်တာမှန်တယ်။ သူမကောင်းတာလုပ်မှန်းလဲ လူတိုင်းသိတယ်။ ဒါပေမယ့် မကောင်းတာလုပ်တဲ့သူတစ်ယောက်ကို မင်းမကောင်းတာလုပ်နေတယ်လို့ တိုက်ရိုက်ကြီးသွားပြောရင် အသာတကြည်လက်ခံသူ၊ လက်ဆွဲနှုတ်ဆက်ပြီး အမှားထောက်ပြလို့ ကျေးဇူတင်သူ၊ ချက်ချင်းပြုပြင် ပြောင်းလဲလိုက်သူမျိုးဆိုတာ အတော်ရှားသည်။
မကောင်းတဲ့သူကို မကောင်းဘူးဟုသွားပြောလျှင် အများဆုံးကြားရသည့်စကားက မင်းကောဘယ်လောက်ကောင်းလို့လဲ။ ကိုယ့်ဘာသာကောင်းအောင်နေ စသဖြင့် အငေါ်တူးစကားတွေက ပိုများသည်။ ဒါဘာကြောင့်လဲဆိုလျှင် မကောင်းသူကို မကောင်းဘူးဟု တိုက်ရိုက်သွားပြောပါက မှန်နေပေမယ့် သူ့နားထဲကန့်လန့်ဝင်သွားပြီး သူ့စိတ်ထဲသွားစူးနေသဖြင့် နာလိုခံခက်ဖြစ်စေသည်။
ဆရာ တပည့်၊ မိဘနှင့်သားသမီး၊ မောင်နှမ၊ ညီအစ်မ၊ ဆွေမျိုး၊ သူငယ်ချင်း၊ လင်မယား၊ သမီးရည်းစား၊ တစိမ်း ဘယ်လို ပတ်သက်နေပစေ။ ဘယ်လိုအဆင့်မြင့်သူက ဘယ်လိုအဆင့်နိမ့်သူကို ပြောပြော၊ ဘယ်လိုပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ်ကိုပြောပြော မှန်နေလဲ လက်ခံနားထောင်ချင်သူက ရှားပါသည်။ ပြောလွန်းပါက အရွဲ့တိုက်ရင်းဖြင့် မှားတဲ့ဘက်ကို ပိုပိုရောက်သွားတတ်သည်။ ထို့ကြောင့် ပြောတတ်ဖို့လိုပါသည်။
မှားတဲ့သူတစ်ဦးကို မှားတယ်လို့တိုက်ရိုက်မပြောဘဲ ဒီလိုလုပ်ရင်ပိုမှန်မလားလို့ သူ့မေးကြည့်သင့် မေးရင်းဖြင့် သူ့သဘောထားကို ဦးစားပေးလိုက်လျှင် ခုနက မှားတယ်ဟု တိုက်ရိုက်ပြောလိုက်တာထက်စာရင် ကိုယ့်အကြံဥာဏ်ကို ပိုနားထောင်လိုစိတ် ရှိလာမည်။ (ဒါက သဘောထားသိပ်မခက်ထန်သူ၊ အမှားကိုစလုပ်မိရင်း အမှန်ပြင်ဖို့လဲ အာသီသရှိသေးသူအတွက်ပါ။)
သူဒီလိုလုပ်လိုက်၊ ပြောလိုက်လို့ တပါးသူဘယ်လိုခံစားသွားရတယ်။ ဘယ်လိုဖြစ်သွားတယ်ဆိုတာ သက်သေ သာဓကတွေနဲ့ ပြောပြီး သူသာဒီလိုမလုပ်ခဲ့ရင်၊ မပြောခဲ့ရင်ဆိုတဲ့အသိ သူ့ဆီရောက်အောင်ထည့်ပေးရမှာပါ။ (ဒါက သဘောထားခက်ထန်ပေမယ့် သူများစကားကို နားထောင်နိုင်သေးသူ၊ စကားဝိုင်းက ကျောခိုင်းလှည့်ထွက်မသွားသူမျိုးအတွက်ပါ။)
သူများဘာပြောပြော နားပိတ်ထားပြီး ပြောခွင့်လဲမပေး၊ ဆွေးနွေးခွင့်လဲမပေးတဲ့သူမျိုးတွေကိုတော့ သူပြောချင်ရာသာ ပြောခွင့်ပေးထားလိုက်ပါ။ ဖက်ပြိုင်မပြောနေပါနဲ့။ သူတစ်ယောက်တည်း ပြောခွင့်ပေးထားလိုက်ခြင်းဖြင့် သူတစ်ယောက်တည်းပြောနေရပါလား၊ ထောက်ခံသူ၊ ရှုံ့ချသူမရှိပါလား လို့ သိလာတဲ့အချိန်မှာ ခဏတော့တိတ်သွားပါလိမ့်မယ်။ သင့်ကိုသူပြောတာဟုတ် မဟုတ်၊ သဘောတူ မတူ မေးခွန်းမေးပြီး သင့်နှုတ်ဖွင့်အောင် ပြောလာပါလိမ့်မယ်။ သူ့ကိုသာ ဆက်ပြောခိုင်းပါ။ ဘယ်လောက်တစ်ယောက်တည်း ပြောနိုင်မလဲ၊ ဘယ်လောက် တစ်ယောက်တည်း လုပ်နိုင်မလဲ သည်းခံလိုက်ပါ။(ဒါအခက်ဆုံးအလုပ်ပဲ။) ဒါပေမယ့် ဒီနည်းကလွဲပြီး သူနဲ့ဆက်ဆံရေးအဆင်ပြေမယ့်နည်း၊ သူ့ယုံကြည်ချက်ကို သူ့ဘာသာမှန် မမှန် သံသယဖြစ်အောင်လုပ်တဲ့နည်း မရှိသလောက်ရှားလို့ပါ။ သူများဘာပြောပြော လက်မခံတဲ့သူတစ်ယောက်ဟာ သူကိုယ်တိုင်က ဒါမှားနေသလားဆိုတဲ့အတွေး  မ၀င်လာသရွေ့ သူများကို ပြောခွင့်၊ အကြံပြုခွင့် မပေးပါဘူး။ ဒီလိုအမှားလုပ်နေတဲ့သူကို သူ့အမှားကိုလဲ မရှုံ့ချ၊ သူလုပ်နေတာကိုလဲ မထောက်ခံတဲ့သူအရေအတွက် များသထက်များအောင်၊ သူ့ကိုယ်သူ တစ်ယောက်တည်း တစ်ဘက် ဖြစ်နေပါလားလို့ ခံစားရအောင် ဖယ်ထားလိုက်ခြင်းက သူများတွေ အနာအသက်သာဆုံးနဲ့ အလွယ်ဆုံးနည်းဖြစ်နေပါတယ်။ သူကိုယ်တိုင်က တစ်ယောက်တည်း ပြောနေရ၊ လုပ်နေရတာကို ငြီးငွေ့လာတဲ့တစ်နေ့ သင်ပြောခွင့်၊ ရှင်းပြခွင့်၊ အကြံပေးခွင့် ရလာမှာပါ။ အဲဒီလို သင်ပြောခွင့်၊ ရှင်းပြခွင့်၊ အကြံပေးခွင့်ရလာချိန်မှာ အခွင့်အရေးကို ကောင်းကောင်းအသုံးချပါ။း နံပါတ်(၄) စကားမျိုးကို ဦးစားပေးပြောပြီး အကြောင်းအကျိုးတွေကို ထိထိမိမိ သက်သေ၊ သာဓကတွေနဲ့ပြောပါ။ ထိုသူနှင့် သင်တကယ်အဆင်ပြေလိုလျှင် အဲဒီအချိန်မှာ သူဟာ နံပတ်(၁)နှင့်(၃) စကားတွေချည်းပြောသူဟု မစွပ်စွဲမိပါစေနှင့်။
လျှာဖျားက ထွက်လာသောစကားဖြင့် အချင်းချင်းအမုန်းကင်းပြီး သူရော၊ ကိုယ်ရော အကျိုး ဆထက်တပိုး တိုးတက်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း …….
အမှုန်

မိုးမခ မီဒီယာ - MoeMaKa News & Media: Maung Swan Yi - To Bogyoke Kyaw Zaw

မိုးမခ မီဒီယာ - MoeMaKa News & Media: Maung Swan Yi - To Bogyoke Kyaw Zaw: ကွယ်လွန်သူ ဗိုလ်ချုပ်ကျော်ဇော သို့ မောင်စွမ်းရည်၊ အောက်တိုဘာ ၁၄၊ ၂၀၁၂ ပြည်သူ့ ကျော်ဇော၊ ဘကျော်ဇောအတွက် နှုတ်ဆက်ကဗျာ ပူဇော်ပါ့အ...

ဖတ်သင့်တဲ့ ဆောင်းပါးတပုဒ်မို့  ဒေါင်းမာန်ဟုန်မှကူးယူဖေါ်ပြပါသည်။

သောကြာနေ့၊ အောက်တိုဘာလ ၂၆၊ ၂၀၁၂

  လည်ပြန်လှည့်မကြည့်ချင်တော့ပါ ..နေဘုန်းလတ်

ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီခရီးစဉ်ကို နောက်ပြန်လှည့်သွားမှာတကယ်ကိုပဲ စိုးရိမ်ကြတယ်ဆိုရင်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အရေးပေါ်ကာလဆိုင်ရာ ပြဠာန်းချက်များဆိုတဲ့ အခန်း (၁၁) ကိုတော့ နည်းနည်းဖြစ်ဖြစ် လေ့လာကြည့်ကြစေချင်ပါတယ် ...။

ပုဒ်မ ၄၁၂၊ (က) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေတစ်ခုတွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်ခုတွင်ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ်တစ်ဒေသတွင်ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊ ထိုသို့ပေါ်ပေါက်ရန်လုံလောက်သော အကြောင်းရှိကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့် ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်သည်။

(ခ) ပုဒ်မခွဲ(က)အရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး တို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီ ထုတ်ပြန်ကြေညာနိုင်သည်။ ယင်းသို့ ထုတ်ပြန်ကြေညာချက်ကို
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အမြန်ဆုံးတင်ပြ အတည်ပြုချက်ရယူရမည်။

ပုဒ်မ ၄၁၃။ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် -
(က) အရေးပေါ်အခြေအနေကြေညာချက် အကျိုးသက်ရောက်သည့်နယ်မြေဒေသအတွင်း မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များ၊ နယ်ဘက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များက တည်ဆဲဥပဒေများနှင့် အညီ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်နိုင်သည်။

(ခ) နိုင်ငံတော်သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်။ ယင်းစစ်အုပ်ချုပ်ရေး အမိန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း သတ်မှတ်ပေးရမည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေခြင်းပြုနိုင်သည်။

ဒါက အရေးကြီးတဲ့ ပုဒ်မ ၄၁၂ နဲ့ ၄၁၃ တို့ကိုပဲ ထုတ်နှုတ်ပြထားတာပါ ...။ သေချာသဘောပေါက် ချင်တယ်ဆိုရင်တော့ အခန်း ၁၁ တစ်ခန်းလုံးမှာပါတဲ့ ပုဒ်မ (၄၁၀) ကနေ ပုဒ်မ (၄၃၂) အထိကို သေချာလေ့လာရမှာပါ ...။ ပုဒ်မ ၄၁၂ ပုဒ်မခွဲ(ခ) မှာ Bold လုပ်ပြထားတာတွေကိုကြည့်မယ်ဆိုရင် ... လူပုဂ္ဂိုလ်ငါးဦးရဲ့ သဘောတူညီချက်နဲ့ အရေးပေါ်အခြေအနေထုတ်ပြန်လို့ရနေတာကို တွေ့ရပါလိမ့်မယ်။ တစ်ခုရှိတာက တိုင်းပြည်တည်ငြိမ်အေးချမ်းနေရင်တော့ ... အရေးပေါ်အခြေအနေထုတ်ပြန်ဖို့ ခက်ပါလိမ့်မယ်။ အဲဒီ့တော့ ကျနော့်အမြင်အရ ကျနော်တို့ အားလုံး စိုးရိမ်နေကြတဲ့ နောက်ပြန်လှည့်သွားမယ့် အခြေအနေတစ်ခုကို ... ပြန်ရောက်ချင်နေတဲ့သူတွေရှိမယ်ဆိုရင် သူတို့ရဲ့ ပထမဆုံး အလုပ်က တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင်၊ ဆူဆူပူပူတွေဖြစ်အောင် လှုံ့ဆော်ရမယ့်အလုပ်ပါပဲ ...။ ဒါမှလည်း ... ပုဒ်မ ၄၁၂ ပုဒ်မခွဲ(က) အရ ... အရေးပေါ်အခြေအနေကြေညာနိုင်မှာပါ ... အဲဒီ့အခါမှာ တိုင်းပြည်ရဲ့အုပ်ချုပ်ခွင့်အာဏာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) စစ်ဘက်အာဏာပိုင်တစ်ဦးဦး လက်ထဲကို ပြန်ရောက်မှာပါ။ ပြည်နယ်တစ်ခုခု၊ တိုင်းဒေသကြီးတစ်ခုခု ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုခုမှာ ဖြစ်တဲ့ ပြဿနာတွေကို အဲဒီ့ဒေသတွေမှာတင်မဖြေရှင်းနိုင်ပဲ တစ်နိုင်ငံလုံးအတိုင်းအတာကူးစပ်လာပြီး ... မငြိမ်မသက်မှုတွေ တစ်နိုင်ငံလုံးမှာ ပေါ်ပေါက်လာပြီဆိုရင်တော့ ... အဲဒီ့အခြေအနေဟာ နောက်ပြန်ဆုတ်ချင်နေသူတွေ အကြိုက်ဖြစ်သွားမှာပါပဲ။

သမ္မတလဲ အဲဒီ့အချိန်ရောက်မှတော့ ဘာမှ တတ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဖဆပလ ခေတ်တုန်းက ဝန်ကြီးချုပ်ဦးနုဟာ တိုင်းပြည်ကို ဦးနေဝင်းလက်ထဲ ဒီလိုပဲ ထိုးအပ်ခဲ့ရဖူးပါတယ် ...။ သွေးထိုးလှုံ့ဆော်မှုတွေ ဘယ်လောက်ပဲများများ ... ပြဿနာတွေကို တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကူးစပ်မလာအောင်ဝိုင်းထိမ်းဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ အခုလက်ရှိပြဿနာ တွေနဲ့ပတ်သက်ပြီးတော့လဲ ... မွတ်ဆလင်တွေ၊ ရခိုင်တွေ၊ ကချင်တွေ၊ ဗမာတွေ ဆိုတာကို ခဏထားလိုက်ပြီး ကျနော်တို့ တကယ်စည်းခြားရမှာက အကြမ်းဖက်သမားနဲ့ ငြိမ်းချမ်းရေးလိုလားသူ လို့ထင်ပါတယ် ...။

တကယ်လို့များ ကိုယ်က သိသိနဲ့ ဖြစ်စေ မသိလိုက်ဘဲ ဖြစ်စေ ပြဿနာကို ပိုမိုကြီးထွားလာစေဖို့ သွေးထိုးလှုံ့ဆော်မိသူတွေ ဖြစ်မှန်းမသိ ဖြစ်နေခဲ့ကြမယ် ဆိုရင် အဲဒီ အဆင့်ကနေပြီး ... ပြဿနာကို တကယ်ပြေလည်သွားအောင် ဖြေရှုင်းပေးနိုင်ကြသူတွေဆိုတဲ့ အဆင့်ကို တက်လှမ်းနိုင်ကြပါစေ။

နေဘုန်းလတ်

မြန်မာ့ရိုးရာသုံးခဲ့တဲ့လူမျိုး ၁၀၁ ပါး




ကုလားဆိုတဲ့စကားဟာ မြန်မာ့ရိုးရာသုံးခဲ့တဲ့လူမျိုး ၁၀၁ ပါးထဲမှာလည်းပါတာဘဲ။ မြန်မာသတ္တ၊ မွန်လေးဝနဲ့ ကုလား ၆၀၊ ရှမ်း ၃၀ တဲ့။
 
 မြန်မာသတ္တ၊
 
၁။ မြန်မာ၊
၂။ ပြူ၊
၃။ တောင်သူ၊
၎။ ကမ်းယံ၊
၅။ ယော၊
၆။ ရခိုင်၊
၇။ ထားဝယ်။
 
 မွန်လေးဝ
 
၁။ မွန်သီ ၊
၂။ မွန်နံ ၊
 ၃။ မွန်ညံ့၊
၎ ။မွန်အား။
 
 ကုလား ၆၀
 
၁။သူရဲ
၂။ပူရန္တေ
၃။အာသံ
၅။ပန်းသေး
၆။ပရိကရား
၇။ဘင်္ဂလာ
၈ ။ကုလားဖြူ
၉။ဘုရင်ဂျီ
၎။ရေသူ
၁၀။ဘာလီ
၁၁။သီဟိုဠ်
၁၂။သိန်း
၁၃။စန္ဒာ
၁၄။မောပါ
၁၅။ဒေကို
၁၆။နောထို
၁၇။ဝေရာ
၁၈။မစ္ဆိမာ
၁၉။ဘောဒ
၂၀။သုတ္တံ
၂၁။စင်းကြန်
၂၂။ဦးပြဲ
၂၃။ဇိနပတ္တံ
၂၄။ပူရဲ
၂၅။သင်းတွဲ
၂၆။ဘိလပ်
၂၇။မရမံ
၂၈။ကလံ
၂၉။ကလယ်
၃၀။ပြင်သစ်
၃၁။ဟေရတယ။
၃၂။ဗရာဏသီ
၃၃။အင်္ဂလိပ်
၃၄။လဟုံ
၃၅။ဒုဒလီ
၃၆။မဒရပ်
၃၇။အင်ကျယ်
၃၈။ကရှုး
၃၉။ဗသျှူး
၄၀။ခလာသီ
၄၁၊အာရပ်
၄၂။အာရမ္မဏီ
၄၃။တပသီ
၄၄။ပသီ
၄၅။ဥတ္တရာ
၄၆။လတ္တီကာ
၄၇။စေတုတ်
၄၈။သတ္တတန်
၄၉။ရတိ
၅၀။ဘိန်းနီ
၅၁။မက္ကတိ
၅၂။တူလီ
၅၃။ဟော်ရတယ
၅၄။ဇဝိ
၅၅။ဘုရင်ဂျီ
၅၆။ရ မ္လ
၅၇။အော်လံတေး
၅၈ ။အော်လံတစ်
၅၉။ရစ်ပလစ်
၆၀။ကုလား
 
 ရှမ်း ၃၀
 
၁။လင်း
၂။သက်
၃။ချင်း
၎။ဂုဏ်
၅။ရင်း
၆။ကတူး
၇။မြုံ
၈။အကျော်
၉။ဂင်
၁၀။ရှိန်
၁၁။ဝဇာ
၁၂။ယူအူ
၁၃။ကရင်
၁၄။ကချင်
၁၅။မနော
၁၆။မျက်နှာမည်း
၁၇။ကသည်း
၁၈။ရေမီးထွက်
၁၉။ကရက်
၂၀။လဝ
၂၁။လင်း
၂၂။ပန်းလောင်
၂၃။တရက
၂၄။ယွန်း
၂၅။ရှမ်း
၂၆။လဝိုက်
၂၇။တရုတ်
၂၈။ယိုးဒယား
၂၉။တနဲ
၃၀။ဓနု
 
 


တရားဥပဒေစိုးမိုးမှူ



အခုတလော .... facebook ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရေးသားထားတဲ့ စာတစ်ချို့ ဖတ်လိုက်ရပါတယ်... အဓိက ကတော့ ... ကချင်စစ်ပွဲ ... ရခိုင်ပြည်နယ် ဆူပူမှု နဲ့ ..... ကြေးနီတောင် ဆန္ဒပြပွဲများ မှာ ၀င်မပါလို့
ဆိုတဲ့ အမြင်နဲ့ ရေးသားကြပါတယ်..... တစ်ချို့ ကလည်း ၈၈ က ကိုမင်းကိုနိုင်ကို ဇန်းတင်သလိုလို နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုကြပါတယ်..... ပြောနိုင်ပါတယ်....
လူတိုင်းမှာ အမြင်တွေ ကွဲလွဲခွင့် ရှိနေမှာပါပဲ ...... ဒီတော့ ကျွန်တော့ အမြင်ကိုလည်း တင်ပြလိုက်ပါတယ်....

အဲဒိလို ... ယခု မျက်မှောက်မြန်မာ့ အရေးမှာ အထင်ကရဖြစ်တဲ့ ကချင်စစ်ပွဲတွေ.... ရခိုင်ပြည်နယ်က ဘင်္ဂလီ အရေးတွေနဲ့ ... ကြေးနီတောင် ဆန္ဒပြမှုများ မှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ပေးခဲ့ဘူး ... ပြည်သူဘက်က မရပ်တည်ဘူးလို့ ပြောနေတာ ဟာ ... ဒေါ်စု ပြောနေတဲ့ Rule of Law ကို နားမလည်လို့ ပါပဲ ..... တရားဥပဒေ စိုးမိုးရေးဆိုတဲ့ စကားရဲ့ ကျယ်ဝန်းမှုကို မသိလို့ သာ ပြောနေခြင်းဖြစ်ပါတယ်......

တရားဥပဒေ စိုးမိုးရေးဆိုတဲ့ စကားလုံးကို ... မြန်မာ ပြည်မှာ ကြားနေရတာ ကြာပါပြီ... ကျွန်တော့ တစ်သက်ပါပဲ .... ဒါပေမယ့် တကယ်တန်းဘာကို မှ အကောင်အထည်မဖော်နိုင်ခဲ့တော့ ..... လူတွေ စိတ်ဝင်စားမှုနည်းတာလည်း ဖြစ်နိုင်ပါတယ်.... အရင် အာဏာရှင် အစိုးရ နှစ်ဆက်လုံး မှာလည်း ပြောခဲ့ဖူးတာပါပဲ .... သူတို့ ချမှတ်ခဲ့တဲံ နိုင်ငံရေး ဦးတည်ချက်လေးရပ်မှာတောင်. ..တစ်ချက်အဖြစ်ထည့်ထားပါသေးတယ်... ဒါပေမယ့် ဘာမှ ဖြစ်မလာတော့ ... လူတွေလည်း စိတ်မ၀င်စားဘူးပေါ့လေ.....

တရားဥပဒေ စိုးမိုးရေး ဆိုတာ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ ပထမဆုံး လှမ်းရမယ့် ခြေလှမ်းပါပဲ ...... ဒီမိုကရေစီဆိုတာ .. ပြည်သူ အုပ်ချုပ်တဲ့ စနစ်ပါ... ပြည်သူ ကရေးဆွဲ .. ထောက်ခံထားတဲံ ဥပဒေ တစ်ရပ် စိုးမိုးနိုင်မှသာ ... ဒီမိုကရေစီနိုင်ငံဖြစ်ပါမယ်....တရားဥပဒေမှာ အကုန်ပါဝင်ပါတယ်..... နိုင်ငံရေး စီးပွားရေး ... လူမှုရေး .. ပတ်သက်သမျှ အားလုံး အတွက် ပြဌာန်းထားတဲ့ ဥပဒေ တိုင်းဟာ တရားဥပဒေမှာ အကျုံးဝင်ပါတယ်.... ဒါတွေကို နိုင်ငံ တစ်ခု မှာ တိကျသေချာစွာ လိုက်နာဆောင်ရွက်နိုင်မှ...... ကျွန်တော်တို့ လှမ်းချင်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုဆီကို သွားနိုင်ပါလိမ့်မယ်... ဥပဒေ မရှိ ... ဥပဒေ မစိုးမိုး ... နိုင်တဲ့ နိုင်ငံဟာ ပရမ်းပတာ ဖြစ်တတ်ပါတယ်...

ဒီတော့ ဥပဒေ ဆိုတာ ကိုလည်းရှင်းပါမယ်... ဥပဒေဆိုတာ ... အထက်အစိုးရ... သို့ မဟုတ် အာဏာရလူနည်းစု တစ်ခု ရဲ့ ထုတ်ပြန် မိန့်မဟုတ်ပါဘူး ... ကျွန်တော်တို့ ပြည်သူများ ကနေ ရေးဆွဲတင်ပြထားပြီး ပြည်သူတွေ က ထောက်ခံ ထားတဲ့ ဥပဒေကို ဆိုလိုပါတယ်.....

အခုလက်ရှိမြန်မာ နိုင်ငံမှာပြဌားန်ထားတဲ့ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ပဲ ကြည့်ရင်.. ပြည်သူထောက်ခံထားတာ မဟုတ်ပါဘူး ..... လူနည်းစု တစ်ခုကနေရေးဆွဲအတည်ပြုထားတဲံ ဥပဒေသာဖြစ်ပါတယ်.... သူတို့ ဘာကြောင့် အတည်ပြု နိုင်ခဲ့တာလဲ .... ဒါဟာ တရားဥပဒေ မစိုးမိုးလို့ ပါပဲ .... ဒီမိုကရေစီနိုင်ငံတစ်ခုဆိုရင်..... ပြည်သူ့ ထောက်ခံမှုနဲ့ .. ပြည်သူ့ ဆန္ဒ နဲ့ သာ ... ဥပဒေ တစ်ခုကို အတည်ပြုနိုင်ရမယ်..... ဥပဒေ အထက်မှာ ရှိနေတဲံ ပုဂ္ဂိုလ်များကြောင့်သာ .... ဒီ ဖွဲ့စည်းပုံကို ကျွန်တော်တို့ လက်ခံခဲ့ရတယ်.....

ဒီလောက်ဆို .. တရားဥပဒေ စိုးမိုးရေး ဆိုတဲ သဘောကို လိပ်ပတ်လည်လောက်ပြီထင်ပါတယ်.... အတိုချုံးဆိုရင်တော့ ... ပြည်သူတွေ အုပ်ချုပ်တဲံ စနစ်တစ်ခုမှာ ... ပြည်သူအများရေးဆွဲတဲ့ ဥပဒေ ဟာ တည်တံ့ရမယ် စိုးမိုးရမယ်..... ဒါမှ တိုင်းပြည် အနာဂတ်ဟာ ပြည်သူ လက်တွင်းမှာရှိပါလိမ့်မယ်....

ပထမတစ်ချက် ကချင်စစ်ပွဲနဲ့ တရားဥပဒေ ပတ်သက်ပုံကိုပြောပါမယ်...

ကချင်စစ်ပွဲမှာ .... အချက်နှစ်ချက်ကြောင့် သာ မငြိမ်းချမ်းသေးတာဖြစ်တယ်... နံပါတ် တစ်... သမ္မတ ကြီး ရဲ့ အပြစ်အခတ် ရပ်ဆဲ ပါပြီ ဆိုတဲ့ စကားဟာ .... ကာချုပ်ရဲ့ ကျည်ဆန်လောက် အရာမရောက်ခြင်းနဲ့ ...... နံပါတ်နှစ်.... တိုင်းရင်းသားများ ဘက်မှ အစိုးရအပေါ် အယုံ အကြည် မဲ့ လာခြင်းတို့ ကြောင့် သာ ဒီစစ်ပွဲ မရပ်သေးတာ ပါ....

ဒီတော့ သမ္မတကြီး ဆိုတာ နိုင်ငံခေါင်းဆောင်ပါ..... ဖွဲ့စည်းပုံ အခန်းသုံးမှာ ပါဝင်သလို ... နိုင်ငံတော်သမ္မတသည် နိုင်ငံသားအားလုံး ၏ အထွဋ် အထိတ် ဖြစ်စေရမည် ဆိုတာ ကို .... နံပါတ် တစ် အချက်က ရိုက်ချိုးလိုက်တာပါပဲ ..... ကာချုပ်က သမ္မတစကားကို အရာမရောက်သလို လုပ်သွားပါတယ်...... ဒါဟာ တရား ဥပဒေ မစိုးမိုးလို့ ပါပဲ ...... ဖွဲ့ စည်းပုံဥပဒေ အတိုင်းသာဖြစ်ရင်.. သမ္မတ ရဲ့ စကားသာ အတည်ဖြစ်ရပါမယ်....... ဒါပေမယ့်ဖြစ်မလာခဲ့ပါဘူး ... ဥပဒေ ထက် ကျည်ဆန်က အစွမ်းပိုထက်သွားပါတယ်......

အဲဒါရဲ့ အကျိုးဆက်ကတော့ ဒုတိယအချက်ပါပဲ ..... ဥပဒေ မှ မစိုးမိုးနိုင်တဲ့ နောက်တော့ .. တိုင်းရင်းသားများ က ဒီအစိုးရစကားကို ယုံပါတော့မလား .. KIA ဘက်က ရော ... ယုံကြည်မှုရှိပါတော့မလား .... မရှိနိုင်တော့ ပါဘူး ..... ဒီအစိုးရကို လည်း မယုံ ဒီဥပဒေကိုလည်း မယုံကြည်မှတော့ ..... ဘယ်လိုလာပြီး ငြိမ်းချမ်းရေး... ညှိနှိုင်းရေးဆိုတာ ရှိလာနိုင်ပါတော့မလဲ ...... ဒီတော့ ကချင်အရေး ရဲ့ အဓိက အချက်ဟာ တရားဥပဒေ မစိုးမိုးလို့ ဖြစ်နေရတယ် ဆိုတာ ငြင်းစရာကို မရှိပါဘူး ........

ဒီတော့ ... ရခိုင်အရေးကို ဆက်သွားပါ့မယ်.....

ရခိုင်အရေးမှာတော့ အချက်သုံးချက်ပါဝင်နေပါတယ်..... တစ်အချက်.... မသီတာထွေးလူသတ်မှုဖြစ်ဖြစ်ခြင်းသာ .. ဒီအမှုကို တရားဥပဒေအတိုင်း ဆောင်ရွက်လိုက်နိုင်မယ်ဆို .... တောင်ကုတ် ကိစ္စဟာ ဆက်ဖြစ်လာစရာမရှိပါဘူး ... တောင်ကုတ်ကိစ္စမဖြစ်တော့ ရင်.... ဒီဘင်္ဂလီတွေ အစဆွဲထုတ်စရာ အတော်ရှာရခက်သွားပါလိမ့်မယ်...ဒါပမေယ့် ကျူးကျော်ချင်သူက တော့ အစကို မရ အရ ဆွဲထုတ်မှာပါပဲ ....... ဒီတော့ ကျူးကျော်ချင်သူဆိုသူတွေ.... တိုင်းရင်းသား လိုချင်သူတွေကို တစ်ချက်ကြည့်ရအောင်..... ဒါက ဒုတစ်ရ အချက်ပေါ့...

ဖြစ်သွားတဲ့ ဆူပူမှုမှာ ပါဝင်သူအများစု ဟာ ... နိုင်ငံသားမှတ်ပုံတင်ကိုင်ထားကြသူတွေပါ...... ဒါအပြင်အခု ရန်ကုန်တိုင်းဒေသကြီးထဲမှာ တွေ့တဲ့ ဘင်္ဂလီများဟာလည်း မြန်မာစကားသာမတတ်တယ်.... မှတ်ပုံတင်တော့ ကိုင်ထားကြတာပါပဲ .... ဒီတော့ ဒီမှတ်ပုံတင်တွေဘယ်က ရသလဲ ..... ရှင်းပါတယ်... လူဝန်မှုကြီးကြပ်ရေး ကနေ ထွက်လာတာပေါ့ ..... ၂၀၁၀ မှာတုန်းက ပါတီအနိုင်ရရေး အတွက်မှတ်ပုံတင်ပေါင်းများစွာ ထုတ်ပေးခဲ့တယ်လို့ လည်း ပြောသူက ပြောပါတယ်....ဒါဟာလည်းဖြစ်နိုင်တာပါပဲ .... ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်... မောင်းတောမြို့ က ဦးရွှေမောင်ဟာ .. အကောင်းဆုံး သက်သေပါပဲ ..... ဘယ်လိုပဲဖြစ်ဖြစ် .. အခု လောလော ဆယ်... ဒီ ဆူပူသူတွေ လက်ထဲ မှာ နိုင်ငံသားမှတ်ပုံတင်ရှိနေရင် .... သူတို့ မှာ အခြေခံနိုင်ငံသားအခွင်အရေး အရ ဘာမှ သွားလုပ်လို့ မရပါဘူး ..... ဒီတော့ မှတ်ပုံ တင်တွေ များစွာ ထွက်လာတာဟာ .... တရားဥပဒေ မစိုးမိုးလို့ ... နိုင်ငံတော် အဆင့် စီမံခန့်ခွဲမှုညံ့ဖျင်းလို့ ..... ဆိုတာ ငြင်းစရာမရှိပါဘူး .... ကျူးကျော်သူတွေ အတွက် အကြီးဆုံး တံခါးကို ဖွင့်ပေးခဲ့တာ ... သူတို့ ပဲကိုး .......

တတိယ အချက်ကတော့ .... အခု အခြေအနေ ငြိမ်းအေးသွားပြီလို့ မဆိုနိုင်ပေမယ့် ..... ဆူပူမှုတွေ နည်းပါးသွားတဲ့ ကာလမှာ .... စစ်ဆေးရေးကို .... ဆောင်ရွက်သင့်နေပေမယ့် .... ဘယ်သူမှ တုတ်တုတ် မလှုပ်ကြပါဘူး ....ခိုးဝင်လာသူတစ်ယောက်မှ မရှိလို့ မဖမ်းပါဘူး ဆိုတော့ .. ခိုးမ၀င်ပဲ နိုင်ငံသားကတ်ပြားကိုင်ပြီး ဆူပူနေတဲ့ .. လူတွေ ကျတော့ မဖမ်းတော့ ဘူးလားလို့ မေးစရာရှိလာပါတယ်...... တရားဥပဒေ အတိုင်း အရေးယူသင့်တဲ့ ဟာကို အရေးကို ယူရမှာပါ...... ဖမ်းထားပါတယ် ဆိုတဲ့ လူဦးရေဟာ .. ဆူပူအကြမ်းဖက်မှု မှာ ပါဝင်ခဲ့တဲ့ ဦးရေနဲ့ ယှဉ်လိုက်ရင်... ဆင့်ပါးစပ် နှမ်းပက်သလောက်သာ ရှိသေးတာမို့ .... ဘာမှ အသုံးမကျတဲ့ စုံစမ်းစစ်ဆေးရေး ဟာ .. ရခိုင်ပြည်နယ်က ပြည်သူများ အတွက် ဘာအကာအကွယ်မှ မပေးနိုင်ခဲ့ပါဘူး ..... ဒါဟာ တရားဥပဒေ အတိုင်း မလိုက်နာ မဆောင်ရွက်လို့ ... မစိုးမိုးလို့ ဆိုတာ ငြင်းချင်လို့ ကို မရပါဘူး ....

ဒီတော့ ရခိုင် အရေးဟာ အစကနေ .. အလယ်.. အခု ဆုံးခါနီးတိုင်အောင်ကို ဘာ တရားဥပဒေ စိုးမိုးမှု မှ မရှိလို့ အဓိက ဖြစ်ခဲ့တယ်ဆိုတာ သိသာနိုင်ပါတယ်......

ကြေးနီတောင် အရေးကို ပြောပါမယ်....

ကြေးနီတောင် ဟာ ဦးပိုင်ရယ်. .အစိုးရ ရယ်.... တရုတ်ဝမ်ဘောင်COMPANY ရယ်ပေါင်းလုပ်ကြပါတယ်.... အစိုးရက ကမြတ်အများ ဆုံး ယူပါတယ်... ပြီးရှု.. ဦပိုင်က ငွေကြေးတစ်ပြားမှ စိုက်ထုတ်ခြင်းမရှိပဲ .... အမြတ်ယူပါတယ်.... တရုတ် Company က ငွေကြေးအကုန်စိုက်ထုတ်ပြီး .. အမြတ်ကို အနည်းဆုံးရပါတယ်...... ဒီကြေးနီတောင်ကို .... ဒီကုမ္ပဏီနဲ့ အပြိုင် .. တောင်ကိုရီးယား နဲ့ ဂျပန်ကုမ္ပဏီများ က ပါ ၀င်ယောက် ယှဉ်ပြိုင်ပြီး Project လုရာက တရုတ်က ရသွားတယလို့ .... ဆိုပါတယ်....

ဒီတော့ နိုင်ငံတော်ပိုင်မြေကို ထုခွဲရောင်းချလိုက်တာဟာ .... နိုင်ငံတော်နေ ပြည်သူရဲ့ ဆန္ဒ ပါပါသလား ဒါကို အဓိက စမ်းစစ်ရပါမယ်.... ပါခဲ့တယ်ဆိုရင်တောင်မှ..... ဒီလောက်အထိ အခြေအနေဆိုးလာနိုင်တယ်ဆိုတာမသိလို့သာ ... အသိပညာနည်းပါးတဲ့ တောသူတောင်သားတွေ မို့ သာ ခံလိုက်ရတာဖြစ်ပါတယ်.... စီမံကိန်းတစ်ခု လုပ်မယ်ဆို ... ဒီစီမံကိန်း ရဲ့ ကောင်းခြင်းဆိုးခြင်းတို့ ကို ..... အဲဒီ နယ်မြေကြ့ပည်သူတွေကို ချပြရပါမယ်.... အမှန်အတိုင်းချပြရပါမယ်..... ဒါတွေကိုရော .. အစိုးရက လုပ်ဆောင်ခဲ့ပါသလား .....မင်းတို့ လယ်တွေပေါ်ကိုတော့ ... မြေဖို့ မှာပါကွာလို့ အစကတည်းကပြောခဲ့ရင်... ဘယ်လယ်သမားက မှ လက်ခံမှာ မဟုတ်ပါဘူး ... ဒါဟာ ပြည်သူကို နားလှည့် ပါးရိုက်လုပ်တာပါပဲ .......

နိုင်ငံတော်ပိုင်မြေကို ပြည်သူမသိပဲ နားလှည့် ပါးရိုက်လုပ်ပြီးရောင်းတယ် ဆိုမှတော့ ... ဒါဟာ ... တရားဥပဒေ ကိုလက်တစ်လုံးခြားလုပ်တာနဲ့ ဘာထူးပါသလဲ .... ဒါဟာ တရားဥပဒေ အထက် မှာ ဘယ်သူတွေ ရှိနေသေးသလဲ ဆိုတာ လက်ညှိုးထိုးပြလိုက်တာ ပါပဲ ....

ဒီကြားထဲ ဆန္ဒပြသူများကို ဖမ်းဆီးပြီး ရဲများ က နှိပ်စက်နေတာ ဟာ လည်း ရဲတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မပါဝင်ပါဘူး ....... ဒါလည်း တရားဥပဒေ အတိုင်းမလုပ်လို့ ပါပဲ ......

ဒီတော့ ကြေးနိတောင် ဆန္ဒပြမှု ရဲ အဓီက တရားခံဟာ တရားဥပဒေ မစိုးမိုးလို့ ပြည်သူတွေ ခံစားလိုက်ရတယ်ဆိုတာ အသိသာကြီးပါပဲ .....

ဒီတော့ အဓိက အရင်း အမြစ်ကြိးဖြစ်တဲ့ ဒိ တရားဥပဒေ စိုးမိုးရေး ဆိုတာကို ... ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ဦးရွက်ပြုပြီး လွှတ်တော်ထဲက နေ... ကြိုးစားဆောင်ရွက်နေတာ ဟာ ... ဒီအရေး သုံးခုလုံး ကို တစ်ပြိုင်နက် ရှင်း နိုင်အောင်.... ဒီအရေးတွေ အပြင် နောင် အနာဂတ် မြန်မာ နိုင်ငံတော်မှာ .... အစဉ်သဖြင့် တရားဥပဒေ စိုးမိုး လာနိုင်အောင်... ပြည်သူတွေ မတရား သဖြင့် ခံစားနေရတဲ့ ဘ၀ကနေလွတ်မြောက်အောင် အမျှော်အမြင်ရှိရှိဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်......

ဒါအပြင်. .. ကိုမင်းကိုနိုင်ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာလည်း ... ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ... ကိုယ်ဖြစ်ချင်တာတွေ တစ်ထိုင်တည်း မဖြစ်လို့ အပြစ်မတင်သင့်ကြောင်း ..... သူတို့ ၈၈ မျိုးဆက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကိုသာ ၀န်းရံပေးသွားမှာဖြစ်ကြောင်းနဲ့ ... ဒေါ်စု အခုလက်ရှိရောက်နေတဲ့ နေရာဟာ .. အခက်အခဲများစွာရှိကြောင်းတို့ ကို ပြောခဲ့ပါတယ်.......

ဒိတော့ အဓိပ္ပါယ်က ရှင်းရှင်းလေးပါပဲ ... ဒေါ်စုက ... လွှတ်တော်တွင်းကနေ အမတ်တစ်ယောက် အနေနဲ့ တိုက်ပွဲ ၀င်နေချိန်မှာ ... ပြင်ပ အခြေခံလိုအပ်ချက်တွေကို ၈၈ က လိုက်လံဖြည့်ဆည်းရင်... နိုင်ငံတော် တိုးတက်ရေး အတွက် ဟန်ချက်ညီညီရွေ့ လျားနေကြတာပါပဲ .....

ကဲဒီလောက်ဆို ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်နေသူများလည်း နားလည်လောက်မယ်ထင်ပါတယ်...... ရောမမြို့ကြီးကို တစ်ရက်တည်းနဲ့ တည်လို့ မရနိုင်သလိုပါပဲ ... ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ဒီမိုကရေစီ နိုင်ငံတော် ကြီးတစ်ခု အတွက်.... သင့်တင့်လျှောက်ပတ်သော အချိန် ကာလ လိုအပ်ပါလိမ့်မယ်..... ဦးတည်ချက်များ တူနေကြပြီပဲလေ... ဘာလို့ အတင်းလိုက်တိုက်နေမလဲ ...... တကယ်တန်း တရားဥပဒေ စိုးမိုး တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်လာတော့မှ ပဲ .. အချင်းချင်း တိုက်ကြခိုက်ကြစေချင်ပါတယ်.. ဒီကြားထဲ ပွဲလန့်တုန်းဖျာခင်းချင်သူများက လည်း ခွေးတိုးပေါက်က ပန်းကုန်းစွတ်ပြီးဝင်လာကြပါသေးတယ်...... အခြေအနေတွေဟာ... စောင့်ကြည့်နေရမယ့် အချိန် ... နိုင်ငံအတွက် အလုပ်လုပ်ရမယ့် အချိန်ပါ.... ကိုယ် အင်တာနက်ပေါ်မှာ တိုးတက်အောင်လုပ်နိုင်ရင်လုပ်.... ဒါဟာလည်း ကိုယ့်နိုင်ငံတိုးတက်မှု အတွက်ပါပဲ .......

ဒိတော့ Rule of Law ဆိုတဲ့ စကားသုံးလုံး အတွက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုန်းကန်နေမှု ဟာ .ဘယ်လောက်အရေးကြီးနေသလဲ .. ခက်ခဲနေသလဲ ဆိုတာ ..... အမေစု ဘာလဲ ဘယ်လဲ ဆိုသူတွေ အတွက်ဒီဆောင်းပါးက .. အဖြေ ကောင်းကောင်း တစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.....

လင်းလွန်းညို
Photo credit Zaw Win

credit to FB
http://www.facebook.com/photo.php?fbid=175656375904747&set=a.120486168088435.20789.100003811585215&type=1&ref=nf

Thursday, 25 October 2012

ဒီမိုကရေစီ ဖတ်စာ






Democracy Reader

9 OCTOBER 2012

ဒီမိုကရေစီ ဖတ်စာ

ဒီမိုကရေစီဆိုတာ

၁၉၈၈ ခုနှစ်နောက်ပိုင်း ကျွန်တော်တို့ဆီမှာ "ဒီမိုကရေစီ"ဆိုတဲ့ ဝေါဟာရက အတော်တွင်ကျယ်လာခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး လွှတ်တော်များ ပေါ်ပေါက်လာတော့ ဒီမိုကရေစီ ရပြီလို့ လူအများစုက ထင်မြင်ယူဆနေကြပါတယ်။
ပထမဆုံးအချက်က ဒီမိုကရေစီဟာ ဟင်းရွက်ကန်စွန်းလို ရော့အင့် ဆိုပြီး ပေးလို့ ယူလို့ ရတဲ့ အရာမဟုတ်ပါဘူး။ အဲဒါကို သဘောပေါက်ဖို့ သိပ်ကို အရေးကြီးပါတယ်။ တကယ်တော့ ဒီမိုကရေစီဆိုတာ နိုင်ငံရေး စနစ်တစ်ခုသာ ဖြစ်ပါတယ်။
"စနစ်"ဆိုတဲ့ ဝေါဟာရက အရေးကြီးပါတယ်။ စနစ်တစ်ခုတည်းမှာ အဲဒီ့စနစ်ကို လှုပ်ရှားလည်ပတ်နေစေတဲ့ ဆိုင်ရာ ဆိုင်ရာ အစိတ်အပိုင်းတွေ အစုံလိုက် အတွဲလိုက် ပါဝင်နေပါတယ်။ အင်ဂျင်တစ်လုံးရဲ့ လည်ပတ်မှု စနစ်ကို နမူနာဆောင်မယ်ဆိုရင် ပထမဆုံးက ဓာတ်ဆီအင်ဂျင်လား၊ ဒီဇယ်အင်ဂျင်လား၊ ဓာတ်ငွေ့အင်ဂျင်လား ဆိုတာက စပြောရတော့မှာပါ။ ဓာတ်ဆီစနစ်နဲ့ အင်ဂျင်ဆိုရင် အဲဒီ့ အင်ဂျင်"စနစ်" လှုပ်ရှား လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေဟာ ဒီဇယ်အင်ဂျင်နဲ့ မတူနိုင်တော့ပါဘူး။ အလွယ်ပြောရရင် ဒီဇယ်အင်ဂျင်မှာပါတဲ့ နော်ဇယ်တွေ၊ ဖှလန်ဂျာတွေ၊ ပန့်တွေက ဓာတ်ဆီအင်ဂျင်အတွက် ဘယ်လိုမှ အသုံးမတည့်တော့ဘူး။ အသိသာဆုံးကတော့ ဓာတ်ဆီအင်ဂျင်စနစ် လည်ပတ်ဖို့ ဒီဇယ် ထည့်မောင်းလို့ မရဘူးပေါ့။ အဲဒါဟာ စနစ်ရဲ့ သဘောပါ။
ဒါ့ကြောင့် မပြတ်တမ်း လှုပ်ရှား လည်ပတ်နေနိုင်စွမ်း ရှိမှသာလျှင် စနစ်တစ်ခု အောင်မြင်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဒါဖြင့် ဒီမိုကရေစီဆိုတဲ့ "စနစ်"ကရော…
အထက်က ပြောခဲ့သလို ရော့၊ အင့်ဆိုပြီး ပေးလိုက်လို့ မရဘူးဆိုတာကို စာဖတ်သူ လူကြီးမင်း လက်ခံနိုင်လောက်ပြီ ထင်ပါတယ်။
ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားနေပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင်မှ အဲဒီ့စနစ်ကြီး ထဖောက်တာတွေ ရှိပါတယ်။ ပြောလက်စ နမူနာ ဖြစ်တဲ့ အင်ဂျင်စနစ် နမူနာနဲ့ ပြောရင် ဆီပြတ်တာတွေ၊ မီးပျောက်တာတွေ၊ ဆီထဲမှာ ချေးပါလာလို့ စက်သေမလို ဖြစ်တာတွေ၊ သေသွားတာတွေမျိုးပေါ့။ သည်တော့ စနစ်တစ်ခုကို နှစ်သက် လက်ခံတယ်၊ သဘောကျတယ်ဆိုရင် အဲဒီ့ စနစ် အရှိန်မပျက် မှန်မှန် လည်ပတ်နေအောင် မွမ်းမံထိန်းသိမ်းပြီး လိုအပ်တဲ့ လောင်စာများ မပြတ်ဖြည့်တင်းသွားဖို့ လိုအပ်တယ်ဆိုတာကိုလည်း သတိထားဖို့ လိုပါတယ်။

တန်ရာ တန်ရာ

ဒီမိုကရေစီ စနစ်တစ်ခု အရှိန်မပျက် မှန်မှန်လည်ပတ်နေအောင် မွမ်းမံ ထိန်းသိမ်းရာမှာ အုပ်ချုပ်သူ လူတန်းစားမှာတင် တာဝန်ရှိတာ မဟုတ်တော့ပါဘူး။ တခြား စနစ်တွေနဲ့ မတူတာက ဒီမိုကရေစီဆိုတာဟာ "အုပ်ချုပ်မှု အာဏာသည် လူထုထံမှ သက်ဆင်းသည်"ဆိုတဲ့ အခြေခံ သဘောတရားအပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီစနစ်တစ်ခု အရှိန်မပျက် လက်ပတ်နေရေးအတွက် တာဝန်ရှိသူဟာ အစိုးရတစ်ရပ်လည်း မဟုတ်ဘူး၊ နိုင်ငံရေး ပါတီတစ်ခုလည်း မဟုတ်ဘူး၊ ခေါင်းဆောင်တစ်ဦးတစ်ယောက်လည်း မဟုတ်ဘူး၊ စာနယ်ဇင်းလည်း မဟုတ်ဘူး၊ သတင်းမီဒီယာလည်း မဟုတ်ဘူး၊ အရပ်သား လူ့ဘောင်လည်း မဟုတ်တော့ပါဘူး။ အဲဒါတွေ အားလုံး ပါဝင်နေတဲ့၊ အဲဒါတွေ အားလုံးထဲမှာ ပါဝင်ပတ်သက်နေတဲ့ "လူထု" (ဝါ) နိုင်ငံသားများ အားလုံးမှာ တာဝန်ရှိပါတယ်။
ဆိုရိုးစကား တစ်ခုရှိတယ်။ မြန်မာလိုကတော့ "တန်ရာ တန်ရာ"ဆိုတဲ့ ဆိုရိုးဟာ အင်မတန် တွင်ကျယ်ပါတယ်။ မဖောက်မပြန် မပြောင်းလဲဘဲ တည်မြဲနေတဲ့ လောကရဲ့ နိယမ ဓမ္မတရားတွေအနက်မှာ အဲဒီ့ "တန်ရာ တန်ရာ"ဆိုတဲ့ တရားလည်း ပါပါတယ်။ တန်ရာ၊ တန်ရာကို ဘုရားဟောနဲ့ ပါဠိလို ရေးရင်တော့ "သဗ္ဗေသတ္တာ ကမ္မသကာ"ပေါ့ ခင်ဗျာ။ သတ္တဝါ မှန်သမျှ မိမိတို့ရဲ့ (မနောကံ၊ ဝစီကံ၊ ကာယကံဆိုတဲ့) ကံ စီမံရာအတိုင်းသာ ဖြစ်ကြစမြဲပါတဲ့။ အရပ်စကားနဲ့ ပြောရင်တော့ သတ္တဝါတိုင်းဟာ သူတို့ တွေးမြင်၊ ပြောဆို၊ ပြုမူတဲ့အတိုင်းသာ ဖြစ်လာမှာပါလို့ ပြောရမှာပါ။ သူဌေးဖြစ်ချင်တဲ့ စိတ်အတွေး (မနောကံ)ရှိတဲ့သူက သူဌေးဖြစ်ရေးကိုပဲ တစ်ရံမလပ် တွေးနေမှာပါ။ သည်အတွက် သူပြောဆိုတဲ့ စကားတွေ သူလုပ်တဲ့ အလုပ်တွေမှာလည်း သူဌေးဖြစ်ရေးအတွက် ဦးစားပေးနေတာတွေသာ ဖြစ်လာမှာပါပဲ။ ပညာရှင်ဖြစ်ချင်သူကလည်း အလားတူပါပဲ။
သည်နေရာမှာ သူများ သုံးစွဲ ခံစားနေတာကို ကြည့်ပြီး "သူ့လို ဖြစ်ချင်လိုက်တာ၊ သူ့လို ချမ်းသာချင်လိုက်တာ၊ သူ့လို တတ်ကျွမ်းချင်လိုက်တာ"ဆိုတဲ့ ခဏပန်း စိတ်ကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒီ့စိတ်ကတော့ သူသူ ကိုယ်ကိုယ် လူတိုင်း ဖြစ်စမြဲပါ။ အဲဒီ့စိတ်က "တစ်ရံမလပ်"ရှိနေပြီး ကိုယ်ဖြစ်ချင်တာနဲ့အညီ ပြောဆို ပြုမူနေသူများသာ ဖြစ်ချင်တဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်သွားကြတာကို သတိချပ်ဖို့ လိုပါတယ်။
လူ့ဘောင်တစ်ခုမှာ ဘယ်စနစ် ထွန်းကားမလဲဆိုတာဟာလည်း အလားတူပါပဲ။ အဲဒီ့ လူ့ဘောင်မှာ မှီတင်းနေထိုင်ကြသူ လူအများစုရဲ့ စိတ်နှလုံးက ဘယ်လိုရှိသလဲ၊ အဲဒီ့ လူအများစုရဲ့ ကံသုံးပါးကလည်း ဘယ်လိုမျိုး အများဆုံး ဖြစ်နေသလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်ပါတယ်။ သည်မှာလည်း "တန်ရာ တန်ရာ"သာ ဖြစ်လာမှာပါပဲ။ သိုးဆောင်းစကားမှာတော့ ဒါနဲ့ပတ်သက်တဲ့ ဆိုရိုးက အတိအကျကို ရှိတယ်။ "လူတွေဟာ သူတို့နဲ့ ထိုက်တန်တဲ့ အစိုးရ (စနစ်)ကိုသာ ရစမြဲပါ"တဲ့။

အားလုံးရဲ့ တာဝန်

ဒီမိုကရေစီ စနစ်နဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။
ခက်တာက ကျွန်တော်တို့တွေမှာက ဒီမိုကရေစီ အလေ့အကျင့်တွေနဲ့ ဝေးနေခဲ့တာ နှစ်ပေါင်း ၅၀ ရှိခဲ့ပါပြီ။ ပြောရတာ သိပ်တော့ မကောင်းဘူး၊ ကျွန်တော်တို့ရဲ့ မိသားစု ဘဝ၊ ကျောင်းနေဘဝတွေမှာလည်း ဒီမိုကရေစီ အလေ့အထက လုံးလုံး မရှိဘူး။ မြန်မာ့သမိုင်း အစဉ်အဆက် တစ်လျှောက်လုံးမှာလည်း တစ်သွေးတစ်သံ တစ်မိန့်နဲ့သာ အသားကျ ယဉ်ပါးနေခဲ့ရတဲ့ လူ့ဘောင် ဖြစ်နေတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။
အဲဒီ့အနေအထားမှာ ကျွန်တော်တို့အားလုံးအနေနဲ့ လုပ်ရမှာက ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ အမူအကျင့်၊ အလေ့အထတွေ လူအများကြားမှာ စိမ့်ဝင်ပျံ့နှံ့လာအောင် ဆောင်ရွက်ကြဖို့လိုသလို တစ်ဦးချင်းစီကလည်း ရှေ့ကနေ စံပြအဖြစ် ဒီမိုကရေစီအလေ့အထတွေ နေရာတိုင်းမှာ ပြသ သွားကြဖို့ လိုအပ်ပါလိမ့်မယ်။ ဒါဟာ ပါတီ နိုင်ငံရေး ကိစ္စမဟုတ်ပါဘူး။ ဒါ့ကြောင့် နိုင်ငံရေးသမားတွေမှ လုပ်ဆောင်ရမယ့်အရာ မဟုတ်ပါဘူး။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ရှစ်တန်သော အရပ်မျက်နှာမှာ နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း လုပ်ဆောင်ရမှာပါ။ အဲ… ဒီမိုကရေစီ စနစ်ကို တကယ်လည်း နှစ်သက် မြတ်နိုး တန်ဖိုးထားတယ်၊ တကယ်လည်း ယုံကြည်တယ်၊ တကယ်လည်း သည်နိုင်ငံမှာ အဲဒီ့ "စံနစ်"ထွန်းကားလာစေချင်တယ်ဆိုရင်ပေါ့ခင်ဗျာ။
ဒါဖြင့် ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ အမူအကျင့်တွေ၊ အလေ့အထတွေက ဘာတွေလဲလို့ မေးစရာ ပေါ်လာပါလိမ့်မယ်။ 

ဒီမိုကရေစီ အမူအကျင့်များ

ပညာရှင်တွေရဲ့ အလိုအရ ဒီမိုကရေစီ အမူအကျင့် ဆယ်ရပ်ရှိပါတယ်။ အဲဒါတွေကို အမှတ်စဉ် ထိုးပြီး တင်ပြဆွေးနွေးသွားပါရစေ။
(၁) နိုးကြားတက်ကြွမှု - ပါဝင်ဆောင်ရွက်လိုစိတ်၊ ပါဝင် ပြောဆို ဆွေးနွေးလိုစိတ်တွေ ရှိနေကြဖို့ ဆိုလိုပါတယ်။ ဘယ်ကိစ္စမှာမဆို အမြဲတစေ နိုးကြားတက်ကြွစွာ ပါဝင် ဆောင်ရွက်ချင်နေဖို့ မိသားစုများထဲမှာ၊ မူလတန်း၊ အလယ်တန်းအရွယ် ငယ်ဘဝကတည်းက ပျိုးထောင် လေ့ကျင့်ပေးထားလို့ ရတဲ့ အမူအကျင့် ဖြစ်ပါတယ်။ ကလေးတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ကိစ္စမျိုးတွေမှာ ကလေးတွေလည်း ပါဝင်ဆောင်ရွက်ခွင့်၊ သူတို့လေးတွေရဲ့ ဆန္ဒ၊ သဘောထားလေးတွေကို ချေချေငံငံ တင်ပြ ဆွေးနွေးခွင့်တွေ ပေးထားတာ၊ သူတို့ကို လေးလေးစားစား နေရာပေးတာများဟာ တက်ကြွတဲ့ နိုင်ငံသားတွေအဖြစ် နေတတ်ထိုင်တတ်အောင် လေ့ကျင့် ပျိုးထောင်ပေးရာ ရောက်ပါတယ်။ သူတို့လေးတွေကို လေ့ကျင့်ပေးရုံသာ မကဘူး၊ လူကြီးတွေကိုယ်တိုင်ကလည်း သည်အကျင့်တွေ ကိုယ့်မှာ မရှိရင် ရှိလာအောင် သတိထား ကျင့်ကြံ နေထိုင်သွားရမှာ ဖြစ်ပါတယ်။ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်၊ အားနာလို့ လိုက်လျောတာမျိုးတွေ၊ မကောင်းတတ်လို့ သည်းခံနေတာမျိုးတွေကို ရှောင်ကြဉ်ပြီး ကိုယ်နဲ့၊ ကိုယ်ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ နိုးနိုးကြားကြားနဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တာ၊ တင်ပြပြောဆိုတာတွေ လုပ်ကြဖို့ ဖြစ်ပါတယ်။
(၂) မျက်စိကြီး နားကြီးမှု - ဒါကတော့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လူ့ဘောင်နဲ့ ပတ်သက်တဲ့ အရေးအရာတွေမှာ ပညာရှင်တစ်ယောက်လို မဟုတ်သည့်တိုင် အခြေခံ သိသင့်တာတွေ ခိုင်ခိုင်မာမာ သိနေဖို့ အားထုတ်ထားရမှာပါပဲ။ အခု ကျွန်တော် တင်ပြနေတဲ့ ဒီမိုကရေစီအကြောင်း အခြေခံလောက်ကို သိထားတာမျိုးပေါ့။ ဒီမိုကရေစီဆိုတာ မိုးပေါ်က ကျလာတာမဟုတ်ဘူး၊ တစ်ဦးတစ်ယောက်က အားထုတ်ရုံနဲ့ လူ့ဘောင်တစ်ခုလုံး ဒီမိုကရေစီ အသီးအပွင့်တွေကို ဆွတ်ခူး စားသုံးနိုင်မှာ မဟုတ်ဘူးဆိုတာလောက်ကို သိထားရပါမယ်။ အလားတူပဲ မဲပေးတာရဲ့ အကျိုးသက်ရောက်ပုံ၊ ဝင်ရောက် ယှဉ်ပြိုင်တဲ့ နိုင်ငံရေး ပါတီတွေရဲ့ ဖွဲ့စည်းပုံတွေ၊ ရပ်တည်ချက်တွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ အချက်အလက်တွေကို ခြုံငုံ သိရှိထားဖို့ လိုပါတယ်။ လောလောဆယ် ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အလေ့လာသင့်ဆုံးကတော့ အခွင့်အရေးတွေမှာ တာဝန်တွေပါ ပူးတွဲ ပါဝင်နေတယ်ဆိုတာသာ ဖြစ်တယ်လို့ မြင်မိပါတယ်။ ဒီမိုကရေစီမှာ မိမိတို့ရဲ့ သဘောထားကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိတာတော့ မှန်တယ်။ ဒါပေမယ့် တစ်ဖက်သားကို လေးလေးစားစားနဲ့ ချေချေငံငံ ဖော်ထုတ်ရမယ့် တာဝန်လည်း ပူးတွဲပါနေတယ် ဆိုတာမျိုးပေါ့။
(၃) ကိုယ်စွမ်းကိုယ်စ – ဗီဇအရရော ပတ်ဝန်းကျင်အခြေအနေရဲ့ ပုံသွင်းမှုကြောင့်ပါ ကျွန်တော်တို့ အာရှသား အတော်များများမှာ "ဘာသိ ဘာသာ"စိတ်ဓာတ်တွေ အတော် များနေတတ်ကြပါတယ်။ "နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ပါဘူးကွာ"တို့၊ "ကြက်မတွန်လို့ မိုးမလင်းပါဘူး"တို့၊ "အများညီရင် ဤလည်း ကျွဲဖြစ်သွားတာပါပဲ"ဆိုတဲ့ လက်လျှော့ထား၊ ပေယျာလကံထား ထားတတ်တဲ့ ဉာဉ်တွေက ကျွန်တော်တို့ဆီမှာ အုံနဲ့ ကျင်းနဲ့ ရှိနေပါတယ်။ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ ဖြစ်လာဖို့အတွက် အဲသလိုမျိုး စိတ်တွေအစား ကိုယ်က နှမ်းတစ်လုံးသာ ဖြစ်သည့်တိုင် ဆီထွက်လာအောင် ပံ့ပိုးပေးနိုင်တဲ့ ကိုယ်စွမ်းကိုယ်စတွေ ရှိနေတယ်ဆိုတာကို နှစ်နှစ်ကာကာ လက်ခံယုံကြည်ထားဖို့ လိုပါတယ်။ မှန်ပါတယ်။ နှမ်းတစ်လုံးနဲ့တော့ ဆီမဖြစ်ပါဘူး။ သို့ပေမယ့် နှစ်အလုံးပေါင်းများစွာ စုစည်းသွားတဲ့အခါ ဆီဖြစ်တာလည်း မလွဲပါဘူး။ ရတနာရှိရာ ရတနာ စုသလိုပဲ နှမ်းလုံးများရှိရာ နှမ်းတစ်လုံးက အစပြုခဲ့တဲ့ နမူနာတွေဟာ လူ့ဘောင်တိုင်းမှာ ရှိပါတယ်။ နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ပါဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ဘေးထွက် ထိုင်နေစတမ်းသာဆိုရင် လျှပ်စစ်မီးတွေ၊ လေယာဉ်တွေ၊ ကွန်ပျူတာတွေ၊ ပါလေရာဖုန်းတွေ၊ အင်တာနက်တွေ ပေါ်ပေါက်လာမှာ မဟုတ်သလို လူ့ယဉ်ကျေးမှုကလည်း ကျောက်ခေတ်ဘဝက တက်လာမှာ မဟုတ်ပါဘူး။ အလားတူပဲ၊ အဲဒီ့ နှမ်းတစ်လုံး စိတ်ဓာတ်နဲ့သာ နေခဲ့ကြမယ်ဆိုရင် သက်ဦးဆံပိုင် ဘုရင်စနစ်၊ မြေရှင် ပဒေသရာဇ်စနစ်၊ ကိုလိုနီနယ်ချဲ့စနစ်တွေဟာလည်း ဆက်လက် ရှင်သန် ဖွံ့ဖြိုးနေခဲ့မှာပါ။ အဲဒီ့စိတ်မျိုးတွေ မရှိဘဲ မိမိရဲ့ ကိုယ်စွမ်းကိုယ်စကို ယုံကြည်ခဲ့ကြတဲ့ "နှမ်း တစ်လုံး"များစွာရဲ့ အားထုတ်မှုကြောင့်သာ လူ့ဘောင်က စဉ်ဆက်မပြတ် ခရီးတွင်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်စွမ်းကိုယ်စကို ငုပ်စေမယ့် အသိအမြင်များကို ပယ်ရှားပြီး ကိုယ်စွမ်းကိုယ်စ တိုးပွားမယ့် အသိအမြင်များကို ကိုယ်တိုင်လည်း ပျိုးထောင်၊ ကိုယ့်နောက်က မျိုးဆက်တွေကိုလည်း လေ့ကျင့်ပေးသွားရပါ လိမ့်မယ်။
(၄) အတိုက်အခံအမြင်များ၊ အတိုက်အခံ ပါတီများနဲ့ လူနည်းစုများ ရဲ့ အမြင်များကို သည်းခံနိုင်စွမ်း - သည်အချက်ကတော့ အားနာနာနဲ့ ပြောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ မြန်မာ တိုင်းရင်းသားတိုင်းမှာ အလိုအပ်ဆုံး ဒီမိုကရေစီ အမူအကျင့်လို့ ဆိုရမတတ်ပါပဲ။ ကျွန်တော်တို့က ကိုယ်နဲ့ မတူရင် ရန်သူလို့ အောက်မေ့တတ်တဲ့ အကျင့်ကြီးက အရိုးထဲ၊ သွေးသားထဲမှာ စွဲမြဲနေမိတတ်ကြပါတယ်။ ဒီမိုကရေစီ အမူအကျင့်မှာကျတော့ အဲဒီ့စိတ်နဲ့ မကိုက်ဘူး။ ကိုယ်နဲ့မတူရင် ရန်သူ၊ ကိုယ်နဲ့ ဆန့်ကျင်ဘက်အမြင် ရှိတဲ့သူတွေကို ရန်သူ၊ ကိုယ့်ကို အတိုက်အခံလုပ်သူကို ရန်သူလို့ သဘောထားခြင်းဟာ "အာဏာရှင်ဆန်တဲ့" သဘောထားသာ ဖြစ်ပါတယ်။ အဲတော့ ဒီမိုကရေစီစနစ်ကို ပုံမှန် လည်ပတ်နေစေချင်တယ်ဆိုရင် ကွဲပြားတဲ့ အမြင်အမျိုးမျိုးကို သည်းခံနိုင်စွမ်း ရှိဖို့လိုပါတယ်။ သူ့အမြင်ကို ကိုယ်လက်မခံနိုင်သည့်တိုင် သူ့မှာလည်း ကိုယ်နဲ့ မတူတဲ့ အမြင်တစ်ခု ရှိနိုင်ကြောင်း အသာတကြည် နားလည် လက်ခံပေးတတ်ဖို့ လိုပါတယ်။ သည်ကိစ္စမှာလည်း မိသားစုတွင်း၊ ကျောင်းတွင်း၊ သေးငယ်တဲ့ အခြား လူမှု အဖွဲ့အစည်းများအတွင်းမှာ ဖြည်းဖြည်းချင်း လေ့ကျင့်သွားရမယ့် အမူအကျင့်တစ်ရပ်ပါပဲ။ လက်ချောင်းတွေ အတိုအရှည် မညီကြသလို လူတွေဖြစ်နေတာနဲ့အမျှ သဘောထားချင်း တစ်ထပ်တည်းဖြစ်ဖို့က မိသားစုထဲမှာတောင် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါကို နားလည်ပြီး ဆန့်ကျင်ဘက်အမြင်တွေ၊ အတိုက်အခံတွေကို သည်းခံပေး၊ နားထောင်ပေး၊ ထည့်သွင်းစဉ်းစားပေးတတ်တဲ့ အမူအကျင့်က ဒီမိုကရေစီစနစ် အတွက် မရှိမဖြစ် လိုအပ်လှပါတယ်။ နောက်တစ်ချက်က လူနည်းစုကိစ္စပါ။ ဒီမိုကရေစီစနစ်ကို ဝေဖန်သူတွေ ထောက်စရာ ရှိနေတာက ဒီမိုကရေစီဟာ အများရဲ့ သဘောဆန္ဒကို ဦးစားအပေးလွန်သွားပြီး အနည်းစုရဲ့ သဘောဆန္ဒကို ပစ်ပယ်ထားတတ်တယ်ဆိုတဲ့ အချက်ပါပဲ။ မှန်ပါတယ်။ သိပ်ကြီးမားတဲ့ အန္တရာယ်ပါပဲ။ ဆိုကြပါစို့၊ ပါတီကြီးတစ်ခုကို အများက လှိုက်လှိုက်လှဲလှဲ သဘောကျတယ်၊ သည်အတွက် ရွေးကောက်တင်မြှောက်လိုက်တယ်၊ လွှတ်တော်မှာလည်း အဲဒီ့ ပါတီကြီးကသာ အမတ်အများစု နေရာတွေကို ရယူလိုက်နိုင်တယ်ဆိုရင် အဲဒါဟာ တစ်ပါတီစနစ် ဖြစ်သွားပါတော့မယ်။ နိုင်ငံရဲ့ အရေးအရာတွေကို အဲဒီ့ တစ်ပါတီတည်းရဲ့ ဆုံးဖြတ်ချက်၊ အဲဒီ့တစ်ပါတီတည်းရဲ့ အမြင်၊ အဲဒီ့တစ်ပါတီတည်းရဲ့ သဘောဆန္ဒနဲ့သာ ကိုင်တွယ်သွားတော့မှာလည်း ဖြစ်ပါတယ်။ အဲဒါဆိုရင် တစ်ပါတီအာဏာရှင်စနစ်ဖက် မလွဲမသွေ ယိမ်းယိုင်သွားတော့မှာပါ။ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတယ်ဆိုသော်လည်းပဲ လူနည်းစုတွေအတွက် အခွင့်သာစရာအကြောင်းလည်း လုံးဝ မရှိတော့ပါဘူး။နောက်တစ်ချက်က လမ်းသစ်ဖောက်ရင် လူကြိုက်နည်းတယ်ဆိုတဲ့ အချက်ကိုလည်း မမေ့သင့်ပြန်ဘူး။ပြောင်းပြန်ပြောရင် လူကြိုက်နည်းတိုင်း လွဲနေတယ်လို့ မဆိုနိုင်ဘူးပေါ့။ အဲတော့ လူကြိုက်နည်းသူတွေ၊ လူနည်းစုတွေကို နေရာပေးနိုင်၊ သူတို့ရဲ့ အမြင်တွေ၊ သဘောဆန္ဒတွေကို ထုတ်ဖော် ပိုင်ခွင့် ပေးနိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဖြောင့်ဖြောင့်တန်းတန်း လျှောက်နိုင်သွားမှာလည်းပဲ ဖြစ်ပါတယ်။
(၅) အစွန်းမရောက်မှု - ဘယ်အရာပဲဖြစ်ဖြစ် အလွန်အကျွံဆို မကောင်းမှန်း လူတိုင်းသိပါတယ်။ ဒါပေမယ့် အယူဝါဒနဲ့ ပတ်သက်လာရင်၊ ယုံကြည်ချက်နဲ့ ပတ်သက်လာရင် တချို့လူတွေဟာ ငါယုံကြည်တာမှ အမှန်၊ ငါ သက်ဝင်တာမှ အမှန်ဆိုပြီး ဆန့်ကျင်ဘက်အမြင်တွေကို လက်မခံတတ်တော့ပါဘူး။ အဲသလို အစွန်းရောက်လွန်းသွားရင် ဒီမိုကရေစီက အတော်ကြီး ပြဿနာတက်လာနိုင်ပါတယ်။
ဒီမိုကရေစီ အလေ့အကျင့် မရှိတဲ့ လူ့ဘောင်တွေမှာ ဒါက အတော် ပြဿနာကြီးတယ်။ ပါးစပ်က ဒီမိုကရေစီလို့ အမြှုပ်ထွက်အောင် အော်နေပေမယ့် ကိုယ်ယုံတာမှ အမှန်၊ တခြားသူတွေ ယုံကြည်တာဆိုရင် နေရာ မပေး၊ သိပ်ဆန့်ကျင်လွန်းရင် နှိပ်ကွပ်နေသမျှ အဲဒါ ဒီမိုကရေစီမဟုတ်ဘူးဆိုတာ လူတိုင်း လက်ခံနိုင်ပါလိမ့်မယ်။ သို့ပေမယ့် လူတိုင်းဟာ အစွန်းရောက်ဖို့ လွယ်တတ်နေပြန်တယ်။ အဲဒါလေးက ဒီမိုကရေစီ စနစ် ရှင်သန် နေဖို့အတွက် အင်မတန် အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။
(၆) လက်တွေ့ကျပြီး ပြောင်းလွယ်ပြင်လွယ်ရှိမှု - သည်အချက်ကလည်း အပေါ်က အစွန်းမရောက်မှုနဲ့ ဆက်စပ်နေပါတယ်။ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်ဆိုတာမျိုးက ဘယ်လောက် လက်တွေ့ကျသလဲ ဆိုတာ စဉ်းစားရမှာပေါ့။ ရည်မှန်းချက်က ကောင်းတယ်။ ဒါပေမယ့် လက်တွေ့ မကျဘူး။ အာရှမှာတောင် ကိုယ်က ခံဘက်က ရှိနေသေးလျက်နဲ့ ကမ္ဘာကြီးအထိ တက်လွှမ်းဖို့ကြံတော့ ရယ်စရာကြီး ဖြစ်နေမှာပေါ့။ ဒါက မြင်သာတဲ့ ဥပမာကို ပေးတာပါ။
အယူအဆတွေ၊ ဝါဒတွေ ဘယ်လောက်ကောင်းကောင်း လက်တွေ့ မကျရင် ခရီးမပေါက်နိုင်ဘူး။ ကောင်းမြတ်လှသော အယူဝါဒကြီးများ ခရီးမပေါက်တဲ့အပြင် ဗုံးဗုံးလဲသွားရတဲ့ သာဓကတွေ ကမ္ဘာပေါ်မှာ ရှိပါတယ်။ အဲဒါဟာ လက်တွေ့မကျလို့ပဲ၊ ပြင်လွယ်ပြောင်းလွယ် မရှိခဲ့လို့ပါပဲ။
လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ဆည်းကပ်ကိုးကွယ်ကြတယ်။ ဒါ အမှားမဟုတ်ဘူး။ ဒါပေမယ့် သူလုပ်သမျှ အကုန်မှန်တယ်၊ သူသာ အသိ၊ သူသာ အတတ်၊ သူပြောသမျှ အဟောဝတ အောက်မေ့နေရင် အဲဒါ လက်တွေ့ မကျနိုင်တော့ဘူး။ ကိုယ်ကိုးကွယ်ယုံကြည်တဲ့သူဟာ ဘုရား၊ ရဟန္တာလား။ အလုံးစုံကို ထိုးထွင်း သိမြင်နိုင်တဲ့ သဗ္ဗဉုတ ရွှေဉာဏ်တော် နဲ့ ပြည့်စုံနေသူလား။ သည်လောက်တော့ ဆင်ခြင်နိုင်စွမ်း ရှိဖို့ လိုပါတယ်။ လက်တွေ့ကျကျ ဆင်ခြင်တယ်ဆိုတာ အဲဒါမျိုးပါ။ အဲသလို သိပ်ကို ဗောင်းတော်ညိတ် စိတ်တော်သိလုပ်လွန်းရင် ဘယ်သူမဆို ငါနှင့် ငါသာ နှိုင်းစရာလို့ အောက်မေ့ကုန်ပြီး အာဏာရှင်တွေ ဖြစ်ကုန်တတ်တယ်ဆိုတာ ကို ဆင်ခြင်တတ်မှုကလည်း လက်တွေ့ကျတာပါ။
ဒီမိုကရေစီရဲ့ အကြီးဆုံး အန္တရာယ်က အဲဒါပဲ။ အထူးသဖြင့် ကျွန်တော်တို့တွေလို ဒီမိုကရေစီနဲ့ ဘယ်တုန်းကမှ အသားမကျခဲ့ကြသူတွေအတွက် တစ်ဖက်ကို အနင်းလွန်၊ တစ်ဖက်ကို အပင်းလွန်သွားမိတတ် ကြတယ်။ အပြစ်တော့ မဆိုသာဘူး၊ ပေဘဝမှာ နေခဲ့ရတာ ကြာတောင့် သိပ်ကြာသွားတဲ့ လူ့ဘောင်တွေမှာ ဒါမျိုး သိပ်ဖြစ်တတ်တယ်။
ဒါပေမယ့် လက်တွေ့ကျကျ မဆင်ခြင်တတ်ရင် ဆီပူအိုးထဲကနေ မီးထဲကျတဲ့ ဘဝတွေ ရောက်ကုန်တတ်တာကို အားလုံး သဘောပေါက်ဖို့ အလွန်လိုပါတယ်။ 
လက်တွေ့ကျကျ ဆင်ခြင်တတ်လာတဲ့အခါမှာ အလိုလို ပြောင်းလွယ် ပြင်းလွယ်လာတော့မှာပါ။ ဘယ်ဟာကိုမှ လှေနံဓားထစ် မအောက်မေ့ကြတော့မှာမို့ သည်အချက်က အထူးရှင်းစရာ လိုမယ် မထင်ပါဘူး ခင်ဗျား။
(၇) အပေးအယူလုပ်ချင်တဲ့စိတ်၊ အပေးအယူလုပ်ပြီး ညှိယူတဲ့အပေါ်မှာ ယုံကြည်မှု - ပြောရင်တော့ သည်အချက်တွေဟာ တစ်ခုနဲ့ တစ်ခု သံကြိုး ကွင်းဆက်လိုပဲ ဆက်စပ်နေပါတယ်။ ဒီမိုကရေစီမှာ သဘောထားတစ်ခုတည်းနဲ့ ကိစ္စမပြတ်ဘူး။ ဒီမိုကရေစီဟာ တစ်သွေး၊ တစ်သံ၊ တစ်မိန့်စနစ် မဟုတ်ဘူး။ ဒီမိုကရေစီဟာ မတူကွဲပြားမှုတွေကို အသာတကြည် လက်ခံနိုင်စွမ်း၊ ဆန့်ကျင်ဘက် အမြင်တွေကို နေရာပေးနိုင်စွမ်းရှိတဲ့စနစ်ပါ။ အလွယ်ဆုံးစကားလုံးနဲ့ ပြောရရင် ဒီမိုကရေစီဟာ "သဘောထားကြီးတဲ့ စနစ်"ပါ။ သဘောထားမမှန်သူတွေ၊ သဘောထားသေးသိမ်သူတွေဟာ ဒီမိုကရေစီနဲ့ မအပ်စပ်ဘူး။
သဘောထားကြီးရင် အပေးအယူလည်း လုပ်နိုင်လာပါလိမ့်မယ်။ သူလည်း ကျေနပ်၊ ကိုယ်လည်းအဆင်ပြေ၊ ကိုယ်လည်း စိတ်ချမ်းသာ၊ သူလည်း စိတ်အထာကျမယ့် နည်းလမ်းကို ရွေးလို့ရတယ်ဆိုတာကို ယုံကြည်နေမှ ဒီမိုကရေစီစနစ် ရှင်သန်နိုင်ပါတယ်။ သူဖြစ်ချင်တာချည်းပဲ အကုန်လိုက်လျော အလျှော့ပေးဖို့ မလိုအပ်သလို ကိုယ်ဖြစ်ချင်တာ မဖြစ်ရရင်ပဲ ဒေါသတွေထွက်၊ စိတ်တွေကောက်နေရမှာမျိုး မဟုတ်ဘူး။
တောင်အာဖရိကနိုင်ငံက နိုင်ငံရေး အသွင်ပြောင်းမှုမှာ သည်အချက်ကို အတော် အလေးအနက် ထားခဲ့ကြတယ်။ လူဖြူတွေကချည်း ကြီးစိုးထားတဲ့ နိုင်ငံရေးအာဏာကို နယ်(လ်)ဆယ်(န်) မယ်(န်)ဒဲလားနဲ့ အာဖရိကန် နိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်တို့က အပေးအယူနည်းနဲ့ ဖြေရှင်းခဲ့ကြတာ အထင်အရှားပါပဲ။ အတိတ်က ကိစ္စတွေကို တာဝန်ရှိသူတွေဘက်က ဝန်ခံပေးပါ၊ ဒါဆိုရင် အားလုံးကို သင်ပုန်းချေပေးမယ်ဆိုတဲ့ အပေးအယူကို သူတို့ ကိုင်စွဲခဲ့ကြတယ်။ တစ်ဆက်တည်းမှာပဲ အတိတ်က ဘာမတရားမှုတွေပဲ လုပ်ခဲ့လုပ်ခဲ့ သင်ပုန်းချေပေးမယ်၊ ဒါပေမယ့် အနာဂတ်မှာတော့ တရားတာကိုပဲ ရှေ့ရှုကြေးဆိုတာကိုလည်း သူတို့ရဲ့ အပေးအယူထဲမှာ ထည့်သွင်းခဲ့ကြတယ်။
သည်အချက်ဟာ အပေးအယူလုပ်ချင်တဲ့စိတ် ရှိကြောင်း ပြသခဲ့ရာ ရောက်သလို အပေးအယူ လုပ်ပြီး ညှိနှိုင်းယူရင် ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံခဲ့တာ အထူးပြောစရာ မလိုဘူး။ ဒါပေမယ့် တစ်ဖက်ကလည်း အမှတ်စဉ် ၆ မှာ ဖော်ပြထားတဲ့ လက်တွေ့ကျကျ ဆင်ခြင်သုံးသပ်နိုင်စွမ်းနဲ့လည်း သက်ဆိုင်နေတယ်။ လူဖြူတွေ မတော်မတရား လုပ်ခဲ့တာတွေကို ပြောရင် သမိုင်းနဲ့ ချီပြီး ပြောလို့ရတယ်။ သွေးစွန်းခဲ့တာတွေလည်း တစ်ပုံတစ်ပင်။ အာဏာကို အလွဲသုံးစားလုပ်ပြီး မတရား ရယူပိုင်ဆိုင်ထားတွေလည်း လက်ညှိုးထိုးမလွဲ။
ဒါတွေကို သင်ပုန်းမချေနိုင်သမျှ နိုင်ငံရေး ပြေလည်မှု မရနိုင်ဘူး ဆိုတာကို သူတို့ မြင်ခဲ့ကြတယ်။ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေကို သူတို့ လက်တွေ့ကျကျ မြင်နိုင်ခဲ့ကြတယ်။ လူမှန်သမျှ ဘယ်သူမှ အပြစ်ဒဏ် မခံချင်ဘူး။ လူမှန်သမျှ ကိုယ့်ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကာကွယ်ချင်ကြတယ်၊ လူမှန်သမျှ ကိုယ့်ကို ရန်ပြုလာမယ်လို့ ယူဆသူမှန်သမျှကို အသက်ပေးပြီး တိုက်ခိုက်ချင်တယ်။ ဒါဟာ လူတိုင်းပဲ။ အဲတော့ ကိုယ်တွေအပေါ် မတရားခဲ့သူတွေနဲ့ အပေးအယူ မလုပ်သမျှ ကိုယ်လိုချင်တဲ့လမ်းကြောင်းပေါ် မရောက်နိုင်ဘူး။ အဲဒီ့ လမ်းကြောင်းပေါ် မရောက်ရင် ဘယ်သူနာမလဲ၊ တစ်ပြည်လုံးပဲ ထိခိုက်နစ်နာမယ်။ တစ်ပြည်လုံးရဲ့ အကျိုးစီးပွားကို လက်တွေ့ကျကျ စဉ်းစားမယ်ဆိုရင် ဟိုမောင်တွေအတွက် ဂယ်ပေါက်ပေးမှ ဖြစ်မယ်။ သည်အခါမှာ သူ့ဘက်ကလည်း နည်းနည်းလျှော့၊ ကိုယ့်ဘက်ကလည်း နည်းနည်းလျှော့ဆိုတဲ့ လမ်းကြောင်းကို သူတို့ ရွေးခဲ့ကြပါတယ်။
(၈) ဟောပြောတင်ဆက်ရာမှာ ချေငံဖွယ်ရာမှု - ပြောရတာ တော်တော်ခက်တယ်။ လူထုရဲ့ အကြိုက်ကို လိုက်ပြီး လူထုကို ဖျားယောင်းတတ်တဲ့ ခေါင်းဆောင်တချို့က ဟောတဲ့ ပြောတဲ့အခါ အားနဲ့ မာန်နဲ့၊ ဒေါနဲ့ မောနဲ့၊ ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းနဲ့ ပြောတတ်ကြတယ်။ လူထုဆိုတာကလည်း သူတို့ ကြည်ညိုမိပြီဆိုရင် ဘာနဲ့မှ တားမရတော့ဘူး။ အဲဒီ့လူ လုပ်သမျှ အဟောဝတ ကောင်းလေစွချည်းပဲ မှတ်တတ်တဲ့ သဘာဝနဲ့။
အကောင်းဆုံးနမူနာကတော့ ကမ္ဘာကျော် ဖက်ဆစ်အာဏာရှင် ဟစ်တလာပါပဲ။ ဟစ်တလာ အာဏာရလာတာဟာ အဲသလို ပြောတတ် ဆိုတတ်လို့ပါ။ သူက ဘယ်တော့မှ ချေချေငံငံ မပြောဘူး။ အသံပြာပြာနဲ့ ဒေါမာန်ပါပါ ပြောတာချည်းပဲ။ အဲဒီ့အချိန်က ဂျာမန်လူထုကလည်း စီးပွားရေး ချွတ်ခြုံကျနေတဲ့အချိန်။ အဲတော့ သူ့နောက်ကို တန်းစီပြီး ပါကုန်တော့တာပေါ့။ အမြော်အမြင်ရှိတဲ့ စာနယ်ဇင်းဆရာတွေက ဟစ်တလာ အဟုတ်မဟုတ်မှန်း သိတယ်။ သတိပေးတယ်။ ဒါပေသည့် မရဘူး။ လူထုက ဟစ်တလာမှ ဟစ်တလာ လုပ်ခဲ့ကြတဲ့အတွက် နောက်ဆုံးမှာ သူရော သူ့ပါတီပါ အာဏာရသွားတယ်။
ခွက်ခွက်လန်ကုန်တော့ လူထု ဘာမှ မတတ်နိုင်တော့ဘူး။ လူထုကို ကောင်းကောင်း နှိပ်ကွပ်ထားလိုက်ပြီလေ။ စောစောတုန်းက သတိပေးခဲ့ သူတွေခမျာလည်း အသတ်ခံရသူ ခံရ၊ ထွက်ပြေးရသူ ပြေးရနဲ့။ ဆိုးချက်က ကမ်းကုန်။
အဲတော့ ဟောပြောတင်ဆက်တဲ့အခါ၊ အကျယ်တဝင့်ပြောတဲ့ ဆိုတဲ့ အခါမှာ ချေငံဖွယ်ရာမှုကို ပြောရင် တချို့နိုင်ငံရေးသမားတွေက မဲ့ကောင်း မဲ့ကြလိမ့်မယ်။ တချို့ဟောပြောသူတွေကလည်း ကြိုက်ကြမှာ မဟုတ်ဘူး။ အတူ ဟောဖူးသူ တစ်ယောက်ကိုဆို စာနာစိတ်နဲ့ သတိတောင်ပေးဖူးတယ်။ သူက ဟောပြောနေတာ မဟုတ်ဘူး၊ အော်ဟစ်နေတာ။ သူ့လည်ချောင်းက အတော် ကွဲနေပြီ။ အသံကလည်း အဲလောက် ကုန်းကုန်းအော်ထားတော့ ကြာလေ ပြာလေဖြစ်နေပြီ။ နောက်ထပ် ငါးနှစ်လောက်သာ အဲဒီ့ပုံအတိုင်း ဆက်အော်နေလို့ကတော့ သူ့လည်ချောင်းကို အသစ်လဲရတော့မယ့် သဘောရှိတယ်။ ဒါ့ကြောင့် သတိပေးမိတယ်။ ခေါင်းတော့ညိတ်သွားပါရဲ့။ သို့သော် အော်မြဲ အော်နေတာပဲ။ သို့သော် အဲဒီ့ ရှင်အာပြဲကိုမှ ဝက်ဝက်ကွဲ အားပေးတဲ့ ပရိသတ်ကလည်း မနည်းဘူး။ အဲဒီ့လူ လည်ချောင်း မကွဲကွဲအောင် ချောက်တွန်းနေသလိုပဲ။
အမှန်တော့ ဒီမိုကရေစီဆိုတဲ့ စနစ်ဟာ ယဉ်ကျေးတဲ့ လူ့ဘောင်မှာ ထွန်းကားတဲ့ စနစ်ပါ။ အော်ဟစ် ဆဲဆို မောင်းမဲနေတာဟာ အာဏာရှင်စနစ်ပါ။ အဲလောက်လေး မြင်ရင်ကို ဟောပြောတင်ပြတဲ့အခါ၊ အကျယ်တဝင့် ပြောရဆိုရတဲ့အခါမှာ ချေငံဖွယ်ရာဖို့ လိုတယ်ဆိုတာကို လက်ခံနိုင် ကြပါလိမ့်မယ်။
(၉) တခြားသူများအပေါ် ယုံကြည်မှု - တခြားသူတွေဆိုတာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ တခြားသူတွေကို ယုံကြည်ဖို့ပါပဲ။ တိုင်းပြည်ကို ကောင်းစေချင်တဲ့ စိတ် ငါတို့မှာ ရှိသလို သူတို့မှာလည်း ရှိတယ်ဆိုတာ လောက်ကလေးကိုတော့ အဖျင်းဆုံး ယုံကြည်ထားဖို့ လိုတာပါ။ ခံယူချက်တွေ၊ ချဉ်းကပ်ပုံတွေ၊ လုပ်နည်း လုပ်ဟန်တွေ ကွဲပြားနေမှာကတော့ ရှေ့ ပိုင်းမှာ အဖန်ဖန်တင်ပြခဲ့သလို လူတွေပီပီ အများအပြား ရှိနေမှာပါပဲ။ သို့သော် ဘယ်သူ့မှာမှ တိုင်းပြည်အပေါ် စိတ်ယုတ်မာ မရှိဘူးဆိုတာလောက်ကို နားလည်ခံယူပေးနိုင်ဖို့၊ ယုံကြည်ပေးနိုင်ဖို့ လိုပါလိမ့်မယ်။
ယုတ်စွအဆုံး၊ အထက်မှာ နမူနာပြခဲ့တဲ့ ဖက်ဆစ်အာဏာရှင် ဟစ်တလာတောင်မှ သူ့တိုင်းပြည်ကို ပျက်စေချင်တဲ့ စေတနာဇောအဟုန်နဲ့ လျှောက်လုပ်ခဲ့တာ မဟုတ်မှာတော့ သေချာပါတယ်။ သူယုံကြည်တာ၊ သူခံယူတာ အလွဲကြီး လွဲနေတာ၊ သူ့လုပ်ပုံကိုင်ပုံတွေ အလွဲကြီး လွဲနေတာကြောင့် နောက်ဆုံးမှာ သူတင်မက သူ့တိုင်းပြည်ပါ အထိနာသွားခဲ့ရတာပါ။
သည်နေရာမှာ သူအာဏာမရခင်အခြေအနေက သူနဲ့ အတိုက်အခံတွေ၊ သူ့ကို ဝေဖန်သူတွေ၊ အမှန်ကို မြင်နိုင်သူတွေရဲ့ သဘောထားက အရေးကြီးပါတယ်။ အဲဒီ့လူတွေ အားလုံးက သူ့ကို "ပြည်ဖျက်မယ့်သူ"လို့ မြင်ထားကြတယ်။ တစ်နည်းအားဖြင့် သူ့စေတနာကို မယုံကြည်ခဲ့ကြဘူး။ သည်တော့ သူ့ကို အတိုက်အခံ၊ အကြောက်အကန် ပြောကြတယ်၊ ငြင်းပယ်ခဲ့ကြပါတယ်။ အတိုက်အခံဖြစ်သွားကတည်းက သူကလည်း တစ်ဖက်ကို မယုံကြည်တော့ဘူး။ မယုံကြည်တော့ ပြောသမျှ နားမဝင်နိုင်တော့ဘူး။ သူ့ကို နှိပ်ကွပ်တာ၊ သူ့ကို နေရာမပေးတာ၊ သူ့ကို အပြတ်ရှင်းဖို့ ကြိုးစားနေကြတာလို့ပဲ မြင်ပြီး သူက ပြန်ရန်လိုလာပါတော့တယ်။
တစ်ဖက်မှာလည်း သူ အာဏာရအောင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ လုပ်ခဲ့တယ်။ အာဏာရတဲ့အခါမှာတော့ သူ မယုံကြည်ခဲ့သူတွေ၊ သူ့ကိုလည်း မယုံကြည်သူတွေကို အပြတ်ရှင်းပစ်ပါတော့တယ်။
ဒါက ဒုတိယကမ္ဘာစစ်မတိုင်မီက ဆိုးရွားလွန်းတဲ့ နမူနာပါ။ မကြာသေးခင်က တောင်အာဖရိကမှာကျတော့ အဲဒီ့ ယုံကြည်မှုကို ပေးခဲ့ကြတယ်။ ရာစုနဲ့ချီပြီး အုပ်ချုပ်ခဲ့သူတွေအပေါ်မှာ အတိုက်အခံ လူမည်း အင်အားစုက ယုံကြည်မှုပြခဲ့ကြတယ်။ ယုံကြည်မှုဆိုတာ တစ်လမ်းသွား မဟုတ်ဘူး။ ကိုယ့်ကို ယုံစေချင်ရင် ကိုယ်ကလည်း သူ့ကို နှစ်နှစ်ကာကာ ယုံကြည်မှဖြစ်မယ်ဆိုတာကို သူတို့ ကောင်းစွာ သဘောပေါက်တယ်။ သမိုင်း သင်ခန်းစာတွေလည်း သူတို့မှာ အများကြီး ရခဲ့ကြပြီးသား။ သည်တော့ နောက်ဆုံးမှာ ယုံကြည်ပေးတဲ့နည်းနဲ့ ချဉ်းကပ်နိုင်ခဲ့ကြတဲ့အတွက် ကနေ့ တောင်အာဖရိကနိုင်ငံမှာ နှစ်ပေါင်းများစွာ ကြီးစိုးနေခဲ့တဲ့ အသားအရောင်ခွဲခြားပြီး နှိပ်ကွပ်မှုကြီး တစ်စတစ်စ အဆုံးသတ်သွားတာ တစ်ကမ္ဘာလုံး မျက်မြင်ပါပဲ။
(၁၀) အာဏာပိုင်တွေအပေါ် ထိုက်သင့်တဲ့ သံသယစိတ် ထားရှိနိုင်စွမ်း - ဒါကလည်း ဒီမိုကရေစီမှာ အင်မတန် အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။ အာဏာပိုင်တို့ ပြောသမျှ အကုန် ဟုတ်နေတယ်၊ ဒါ့ကြောင့် အာဏာပိုင် စေသမျှ လိုက်နာမယ်ဆိုတာမျိုးလည်း မဖြစ်သင့်ဘူး။ အဲသလို မဖြစ်သင့်တဲ့ နည်းတူပဲ၊ အာဏာပိုင်တွေ လုပ်သမျှ ဘာဆို ဘာမှ မကောင်းဘူး၊ အကုန် ငြင်းပယ်ရမယ်၊ ဆန့်ကျင်ရမယ်၊ မယုံကြည်ထိုက်ဘူးဆိုတဲ့ စိတ်မျိုးလည်း မမွေးမှ ဒီမိုကရေစီစနစ် ရှင်သန် လည်ပတ်နိုင်မှာ ဖြစ်ပါ တယ်။
ထိုက်သင့်တဲ့ သံသယ ထားနည်းကတော့ ကိစ္စရပ်တိုင်းမှာ မေးခွန်းထုတ်တတ်ဖို့ပါ။ ဘခြောက်လုံး မေးခွန်းပေါ့။ ဘယ်သူ၊ ဘယ်မှာ၊ ဘယ်တော့၊ ဘာ့ကြောင့်၊ ဘယ်လို၊ ဘာဆိုတဲ့ မေးခွန်းတွေ ထုတ်ရတော့မှာပါ။ ဥပမာ ဆိုကြပါစို့။ အာဏာပိုင်က ယာဉ်ကြောကို တစ်ခုကို ပိတ်လိုက်တယ်။ ဘယ်သူ့ အကျိုးအတွက် ပိတ်တာလဲ။ ဘယ်လောက်ကြာကြာ ပိတ်မှာလဲ။ ဘာကြောင့် ပိတ်တာလဲဆိုတဲ့ မေးခွန်းမျိုးတွေ ထုတ်ခြင်းဟာ ထိုက်သင့်တဲ့ သံသယနဲ့ ချဉ်းကပ်တာပါ။ သည်အခါမှာ အာဏာပိုင်က သည်မေးခွန်းကို ဖြေတယ်။ လူထုအကျိုးအတွက် ပိတ်တာပါလို့ ပြောတယ်။ ဒါ ဟုတ်ရဲ့လား။ လူထုအတွက် တကယ်ရော အကျိုးရှိရဲ့လားဆိုတာ ဆန်းစစ်ဖို့လည်း တာဝန်ရှိပါတယ်။ ဒါမှ ထိုက်သင့်တဲ့ သံသယထားတာ ဖြစ်လာပါလိမ့်မယ်။
သည်လို မေးခွန်းတွေ ထုတ်ခြင်းဟာ လက်ခံခြင်း၊ ငြင်းပယ်ခြင်း ဘောင်ထဲမှာ မပါဝင်တော့ပါဘူး။ ဖြစ်သင့် ဖြစ်ထိုက်ခြင်း ရှိမရှိကို ဝေဖန် ဆန်းစစ်ရာ ရောက်လာပါတယ်။ သည်အခါမှာ ဒီမိုကရေစီစနစ်က ဖွံ့ဖြိုး ရှင်သန်လာတော့မှာ မလွဲတော့ပါဘူး။
နိဂုံး
ဒီမိုကရေစီစနစ်တစ်ရပ် အရှိန်မပျက် ရှင်သန်လည်ပတ်နေအောင် မောင်းနှင်ပေးနိုင်မယ့် သည်စနစ်ရဲ့ အဓိက သရုပ်လက္ခဏာဆယ်ရပ်ကို တင်ပြ ဆွေးနွေးခဲ့တာပါ။
မြန်မာလို ရေးသား တင်ပြခဲ့တာဖြစ်ပေမယ့် တကယ်တမ်းမှာ ကျွန်တော်ပြုစုထားတာ မဟုတ်ပါဘူး။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်နဲ့ နိုင်ငံရေးနဲ့က အဝေးကြီးပါ။ ဒါတွေကို သိလည်း မသိလှပါဘူး။ ပိုဆိုးတာက ကျွန်တော့်အသက် ၅၅ နှစ်တာ အတွင်းမှာ ၅၃ နှစ်လောက်က ဒီမိုကရေစီဆိုတာ လုံးသလား၊ ပြားသလားတောင် မြည်းစမ်းခွင့်မရတဲ့ စနစ်အောက်မှာ နေခဲ့ရတာ။
သို့ပေမယ့် ၁၉၈၈ ခုနှစ်က စတင်ပြီး အနောက်နိုင်ငံ သံရုံးတွေမှာ အလုပ်ဝင်ခဲ့ရတယ်။ နိုင်ငံရေးကိစ္စတွေကို စူးစမ်းရတဲ့ အလုပ်တွေ လုပ်ခဲ့ ရတယ်။ သည်အခါမှာ မျက်လုံးလည်း အထိုက်အလျောက် ပွင့်လာပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး အလှည့်အပြောင်းတစ်ခု ပေါ်ပေါက်လာတယ်။ သည်အခါမှာ ကျွန်တော်တို့တွေ ဘုမသိ ဘမသိတွေ ဖြစ်နေတာကို ရိပ်စားမိကြတဲ့သူတွေက ကျွန်တော်တို့ သိမြင် လာအောင် ကူညီပံ့ပိုးပေးတာတွေ ရှိလာတယ်။ အဲဒီ့ ကူညီပံ့ပိုးမှုတွေကို အတွင်းကျကျ ပါဝင် ပတ်သက်ခွင့် ကြုံလိုက်တဲ့အခါ ဒါတွေကို ရေးတေးတေး မြင်လာရပါတော့တယ်။ စာတွေလည်း လျှောက်ဖတ်ဖြစ်လာတယ်ပေါ့။
အဲဒီ့ကမှ ကျွန်တော် သိလိုက်၊ မှတ်လိုက်မိတာလေးတွေကို ပြန် ဖောက်သည်ချလိုက်တာပါ။ သည်အခါမှာ ဘာသွားတွေ့ရသလဲဆိုရင် အလေ့အကျင့် လိုတယ် ဆိုတာကြီးကို သွားမြင်ရပါတယ်။ ဒီမိုကရေစီစနစ် ရှင်သန်စေချင်ရင် ငယ်ဘဝတည်းက အလေ့အကျင့် ရထားဖို့ လိုတယ်ဆို တာကို ကျွန်တော် ယုံကြည်နေမိခဲ့တာတော့ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ တစ်နည်းပြောရရင်း မိသားစုတွင်း ဒီမိုကရေစီက အခြေခံပါ။ မိသားစုထဲမှာတောင်မှာ ဒီမိုကရေစီ အလေ့အကျင့်တွေ မရှင်သန် မထွန်းကားဘဲနဲ့ နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားစေချင်လို့ မရပါဘူး။ အဲသလောက်ကို ရိုးစင်းပါတယ်။ ကျောင်းတွင်း၊ ကိုယ်နေထိုင်ရာ အိမ်နီးချင်း ဝန်းကျင်အတွင်း၊ ကိုယ့်ရပ်ရွာအသိုင်းအဝိုင်းအတွင်းများမှာလည်း ဒီမိုကရေစီ အလေ့အကျင့်တွေ ရှင်သန်နေဖို့ လိုပါတယ်။
အစမှာ ပြောခဲ့တဲ့ စကားကိုပဲ ပြန်ကောက်ပါရစေ။ ဒီမိုကရေစီဆိုတာ ဟင်းရွက်ကန်စွန်း မဟုတ်ပါဘူး။ ရော့၊ အင့်ဆိုပြီး တစ်ယောက်ယောက်က ယူပေး၊ ကမ်းပေးလို့ ရတာမျိုး မဟုတ်ပါဘူး။ အရှိန်မပျက် လည်ပတ်နေတဲ့ စနစ်တစ်ခုသာ ဖြစ်ပါတယ်။ အဲဒီ့ စနစ် အရှိန်မှန်မှန်နဲ့လည်ပတ်ဖို့အတွက် ကျွန်တော်တို့ အားလုံး အလုပ်လုပ်ကြရမှာပါ။
ဘာအလုပ် လုပ်ရမှာလဲ။ သည် ဒီမိုကရေစီ အလေ့အထတွင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ၊ ကျွန်တော်တို့ ကြားမှာ စိမ့်ဝင်ပျံ့နှံ့နေ အောင် ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ပါပဲ။
မလုပ်ချင်လည်း နေပါ။ ပြဿနာ မရှိပါဘူး။ မလုပ်ရင် မခံစားရရုံ အပြင် ပိုမရှိပါဘူးလေ။ တန်ရာတန်ရာ ရကြမှာပဲ မဟုတ်ပါလားခင်ဗျာ။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ဝ၁၁၀၁၂)
(The Thanlwin Times ဂျာနယ်မှာ လေးပတ်ခွဲပြီး ဖော်ပြခဲ့တာကို တစ်စုတစ်စည်းတည်း ဖော်ပြလိုက်တာပါ။)

Posted: 23 Oct 2012 04:56 PM PDT

Posted: 23 Oct 2012 09:25 AM PDT






















မော်တော်ကားအသစ်များ တင်သွင်းခွင့်ပြုပြီးနောက်ပိုင်းဖြစ်ပေါ်လာသည့် ရန်ကုန် ယဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန်
 ဂျပန်ကားကုမ္ပဏီလီမိတက် (JCCL) မှ နည်းပညာကူညီဆောင်ရွက်မှုများပြုလုပ်နေကြောင်းသတင်းရရှိသည်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲရဲ့ ရလဒ်အဖြစ် ဂျပန် Company က ပါဝင်ဆောင်
ရွက်ခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့လယ်သို့ ၀င်ထွက်ရာလမ်းကြောင်းများတွင် ကားအရေအတွက် တွက်ချက်သိရှိနိုင်ရန် အာရုံခံ
ကိရိယာများချထားခြင်း၊ မီးပွိုင့်ယဉ်ကြောပိတ်ဆို့မှုရှိ မရှိ၊ ယဉ်ထွက်ခွာနှုန်းများတိုင်းတာခြင်းလုပ်ငန်းများကို ဂျပန်နည်းပညာရှင်
များကိုယ်တိုင် မြေပြင်စစ်ဆေးမှုလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေကြသည်။

စမ်းသပ်စစ်ဆေးမှုများကိုမကြာမီသက်ဆိုင်ရာတာဝန်ရှိသူများထံသို့တင်ပြနိုင်မည်ဖြစ်ပြီး၊လက်တွေ့ ဆောင်ရွက်သည့်အပိုင်းများ
ကို မြန်မာအာဏာပိုင်များက ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ဝေဖန်
သူများက ရန်ကုန်မြို့ယဉ်ကြောပိတ်ဆို့ရခြင်းမှာ ကားအစီးရေ အလွန်အမင်းများပြားလာခြင်းကြောင့် မဟုတ်ပဲ၊ ကားစီးရေနှင့်
ကား Parking အချိုးအစားမလုံလောက်ခြင်း၊ စည်းကမ်းမဲ့ ယဉ်ရပ်နားမှုများ၊ ဘတ်စ်ကားလိုင်းများ၏ စည်းကမ်းမဲ့မှုများကြောင့်
 ဖြစ်ကြောင်း ဝေဖန်ထောက်ပြကြသည်။ "အဓိကက ကားရပ်နားရာနေရာတွေကို စနစ်တကျမဖန်တီးပေးနိုင်တာပါ။ မြို့ထဲယဉ်အသွားအလာများတဲ့နေရာတွေကိုကားရပ်နားရာနေရာအဖြစ်ခွင့်ပြုထားတာတွေကို
 ပြန်ကြီးကြပ်သင့်တယ်။ ကားအသွားအလာများတဲ့ ကုန်သည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်းတွေမှာ ကားParking လေ
လံပေးထားတဲ့ကိစ္စတွေကို တိုင်းဒေသကြီးအစိုးရက ပြန်စိစစ်သင့်တယ်။

ဘတ်စ်ကားလိုင်းတွေကြောင့် ကားပိတ်ရတဲ့ကြားထဲမှာ ကားParking ထိုးတဲ့ပြဿနာက တော်တော် ဆိုးတယ်။ ကားလမ်းက
 ၄ လမ်းသွားတာဆိုတယ်၊ ညာဘက်က ဘတ်စ်ကားလိုင်း၊ ဘယ်ဘက်ခြမ်းမှာက ကား Parking က နှစ်ထပ်ရပ်ထားတာဆိုတော့
 သွားစရာလမ်းက တစ်လမ်းလောက်ပဲရှိတော့တယ်။ ပြီးရင် ကားတွေကလည်း စည်းမဲ့ကမ်းမဲ့ရပ်ထားတာ ကိုယ်သွားချင်တဲ့နေ
ရာနဲ့ အနီးဆုံးဖြစ်ချင်တော့ Parking လွတ်လွတ် မလွတ်လွတ် ရပ်သွားတာပဲ။ Parking စောင့်တဲ့ ပုဂ္ဂလိကလေလံသမားတွေက
လည်း ဘာမှ ထိန်းသိမ်းမှုလုပ်နိုင်တာမဟုတ်ဘူး။

ကားများများရပ်လေ သူတို့ပိုက်ဆံရဖို့လောက်ပဲသိတာ။ ရပ်ချင်သလိုရပ် ဘာမှမပြောဘူး။ တစ်ခါတစ်လေ ရပ်ထားတဲ့ကားပြန်
ထွက်ဖို့ကို လမ်းပိတ်ပြီးတောင် ကားတားထားလိုက်သေးတယ်။ ဒါတွေကို တိုင်းဒေသကြီးအစိုးရက မသိကြဘူးလားမသိဘူး။
သူတို့တွေက လေလံကနေ ပိုက်ဆံရဖို့လောက်ပဲသိတယ်။ ပြည်သူတွေ ဘယ်လိုခက်ခက်ခဲခဲ သွားလာနေကြလဲဆိုတာမသိဘူး။
 ပြီးတော့ ကားပိုင်ရှင်တွေကိုယ်တိုင်ကလည်း အတ္တကြီးတယ်။ ကိုယ်အဆင်ပြေရင် သူများဘာဖြစ်ဖြစ်ပဲ။ ကားကို ဈေးကြီးပေးပြီး
ဝယ်ထားတော့ လမ်းလေးတောင်ဆင်းမလျှောက်ချင်ကြတော့ဘူး။

လမ်းလျှောက်ရမှာကိုတောင် ဂုဏ်ငယ်သလိုထင်နေကြတာ။ သူများနိုင်ငံတွေမှာဆို ကားParking တွေသီးသန့်ထားတယ်။ ပြီးမှ
သွားချင်တဲ့နေရာကို လမ်းလျှောက်သွားရတာ။ အုပ်ချုပ်သူကော၊ ပြည်သူတွေပါ စည်းကမ်းလိုက်နာဖို့ကောင်းတယ်။ ဂျပန်မက
လို့ သိကြားမင်းဆင်းကူတောင်စိတ်ဓာတ်တွေ အောက်တန်းကျပြီးအတ္တကြီးနေကြရင်ယဉ်ကြောပိတ်ဆို့မှုတွေ ပြေလည်နိုင်မှာ
မဟုတ်ဘူး" ဟု နေ့စဉ် ယဉ်ကြောပိတ်ဆို့မှုဒဏ်ခံစားနေရတဲ့ ရုံးဝန်ထမ်းတစ်ဦးက ဝေဖန်ပြောကြားသွားပါတယ်။

People Development for Knowledge

Posted: 23 Oct 2012 09:09 AM PDT























သမ္မတကြီးပြောကြားခဲ့သောပြည်သူလူထုကသာလိုလားပါက ဒုတိယသက်တမ်းကိုထမ်းဆောင်သွားမည်ဟူသောပေါ်ပြူလာန
ယူးစ် ၏ မေးခွန်းအပေါ်"နောက်သက်တမ်းမှာအရွေးချယ်ခံချင်တဲ့မည်သူမဆိုအားလုံးကနေမျှမျှတတအခြေခံပေါ်ကနေ
 ရွေးချယ်နိုင်အောင်လို့ ကြိုးစားပေးစေချင်တယ်။ အကုန်ပြင်ရမှာပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက တရားမျှတမှုမှမရှိတာ။
 တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင်လုပ်ချင်စိတ်မရှိသင့်ဘူးလို့ဒီလိုပဲမြင်တယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က
 ပြန်လည်ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် လွှတ်တော်အမတ်များပေါ်တွင်သာမူတည်ကြောင်း သမ္မတကြီး၏ပြောကြားချက်အပေါ် "
တကယ် ဒီမိုကရေစီလိုလားတဲ့သူတိုင်းမှာ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတွေကို ပြင်ဆင်ဖို့က ကိုယ့်တာဝန်ပဲလို့မှတ်ယူရပါမယ်။ နောက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးကဖွဲ့စည်းပုံအခြေခံဥပဒေညီလာခံရဲ့ဥက္ကဋ္ဌမ
ဟုတ်ဘူးလား"ဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ဖြေကြားခဲ့သည်။

"နိုင်ငံရေးအရ မလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီး ဖမ်းနိုင်သောဥပဒေ များကို ဖျက်သိမ်းရမည် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
"

နေပြည်တော် အောက်တိုဘာ ၂၃ ရက် ယနေ့ကျင်းပသောပြည်သူ့လွှတ်တော် အစည်းအဝေးတွင်တင်သွင်းမည့် ပုသိမ်မဲဆန္ဒ
 နယ် မှဦးဝင်းမြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)က"၁၉၇၅ခုနှစ်တွင်ပြည်သူ့လွှတ်တော်ဥပဒေအမှတ်၃အဖြစ် ပြဌာန်းခဲ့သော နိုင်
ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပယ်ဖျက်ပေးပါရန် အဆိုတင်သွင်းမည် ဖြစ်ရာ "' အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "လူတွေရဲ့အခွင့်အရေးတွေကို
ကန့်သတ်တဲ့ ဥပဒေဆိုရင် အားလုံးဖျက်သိမ်းရမှာပဲ၊ပုဒ်မ ၁၀ တင် မဟုတ်ဘူး ပုဒ်မ ၅ လည်းရှိသေးတယ် ၊နောက်ပြီးတော့ ၁၇
 ပေါ့၊ စသဖြင့် နိုင်ငံရေးအရ ကိုယ်မလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီးတော့ ဖမ်းနိုင်တဲ့ဥပဒေ မှန်သမျှပယ်ဖျက်သင့်တယ်လို့
 ယူဆ ရမှာပဲ" ဟု ယနေ့ နံနက်ပိုင်းက လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ် ပြောသည်။

ပေါ်ပြူလာဂျာနယ်မှ

ရခိုင်ပဋိပက္ခပြန်ဖြစ်လာသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုကို "စိုးရိမ်မှုကတော့ရှိတာပေါ့။ ဒါပေမယ့် ဒီလိုဖြစ်လာမယ်ဆိုတာကတော့မှန်းလို့ရပါတယ်။အမေအမြဲပြောတယ်။ရခိုင်ပြည်နယ်ဟာအဓိကကတော့ ပြဿနာတွေဖြစ်လို့ရှိ ရင်မြန်မြန်ဆန်ဆန် ဒီပြဿနာတွေကို ပပျောက်သွား အောင် ဥပဒေစိုးမိုးရေးရှိရမယ်လို့။ တချို့ဒီဟာကိုမကျေနပ်ကြဘူး။
ဟိုလူ့အပြစ်ပြော ဒီလူ့အပြစ်ပြော ပြောချင်ကြတယ်။ ဒီလိုအပြစ်ပြောနေလို့လည်း ဒီပဋိပက္ခတွေက ချုပ်ငြိမ်းသွားမှာမဟုတ်ဘူး။

ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုလူမျိုးစုနှစ်စု ဘာသာမတူတဲ့သူတွေကြားထဲမှာ ပဋိပက္ခဖြစ်တယ်ဆိုတာ ဟာ နေ့ချင်းညချင်းဖြေရှ
င်း လို့မရပါဘူး။ လပိုင်းနဲ့လည်း မရဘူး။ ဒါကအချိန်ယူရမယ်။ ဒီကြားထဲမှာအပူချိန်လျော့သွားအောင်လို့ ဒေါသတွေလျော့
သွားအောင်လို့ တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ အကြမ်းဖက်မှုတွေမဖြစ်အောင်လို့ တာဆီးဖို့ပိတ်ပင် ဖို့ဆိုတာ ဒါဥပဒေထိန်းသိမ်းရေးတာာဝန်ယူထားတဲ့သူတွေက လုပ်ရမယ့်ကိစ္စပဲ။ ဒါတွေထပ်ထပ်ပြီးဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြေလည်အောင်လုပ်မှာလဲ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါသည်။

တက္ကသိုလ်ဆီးနိတ်များတွင် ကျောင်းသားသမဂ္ဂပါဝင်ခွင့်ကိစ္စနှင့်ပတ်သက်၍လွှတ်တော်တွင် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရရန်
 ဆောင်ရွက်ရန် မည်သို့ဆောင်ရွက်ရန် အစီအစဉ်ရှိပါသလဲမေးခွန်းကို "ကျောင်းသားသမဂ္ဂဆိုတာ ရှိကို ရှိရမယ်။ တက္ကသိုလ်ဆို
တာ ဘ၀အတွက်ပြုပြင်ပေးတဲ့ဘ၀အတွက် လူငယ်တွေကိုပြင်ဆင်ပေးတဲ့နေရာ ပဲ။

အဲဒီတော့တက္ကသိုလ်ကနေထွက်သွားပြီးတော့ပိုပြီးတော့ကျယ်ဝန်းတဲ့လူ့အဖွဲ့အစည်းထဲရောက်သွားပြီဆိုရင်ဒီလိုသမဂ္ဂကိစ္စတွေ၊ အဖွဲ့အစည်းကိစ္စတွေနဲ့ယဉ်ပါးနေရမယ်။ ကျောင်းသားများစုဝေးရာ ကျောင်းသားသမဂ္ဂဖွဲ့တာကို ကြောက်တယ်၊ မနှစ်မြို့ဘူးဆိုတာက ကြောက်တဲ့မနှစ်မြို့တဲ့သူတွေရဲ့ အားနည်းချက်သာဖြစ်တယ်။ ကျောင်းသားတွေရဲ့အားနည်းချက်မဟုတ်
ဘူး။ အန်တီကတော့ လွှတ် တော်မှာ အမြဲတမ်းတိုက်တွန်းသွားမှာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြောကြား-

Eleven media group

Posted: 23 Oct 2012 08:24 AM PDT
တချိန်က သိပ်ရိုင်းတယ်လို့ နာမည်ကြီးခဲ့တဲ့ ဂျပန်တွေက ဒီနေ့ခေတ် မျက်နှာစာမှာ တွေ့သလောက်ကတော့ .ယဉ်ကျေးပါတယ်
လို့ ကိုယ့်ဘာသာ သတ်မှတ်ထားတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ .. လုပ်ရပ်တွေထက် ယဉ်ကျေးတာကို တွေ့ရတယ်။

ဂျပန် ဧကရာဇ်က ဒုတိယ ကမ္ဘာစစ်မှာ သူအမှားတွေ ကျူးလွန်ခဲ့ပါတယ်လို့ တောင်းပန်တယ်။

ဂျပန်ဝန်ကြီးချုပ် အဆက်ဆက်က သူတို့ တိုင်းပြည်မှာ ပေးအပ်ထားတဲ့ တာဝန်ကို ကျေအောင် မလုပ်နိုင်လို့ တိုင်းပြည်ကို
 တောင်းပန်ပြီး .. ရာထူးက ဆင်းပေးတယ်။

ဖူကူယားမားစက်ရုံကထွက်တဲ့ညှူကလီးယားအဆိပ်သင့်မှုတွေကြောင့်လူတွေဒုက္ခရောက်ရတာ၊အိမ်ယာ ပြောင်းရွေ့ရတာတွေ
အတွက် စက်ရုံတာဝန်ရှိသူတွေက ပြည်သူကို ဦးညွတ်ခတွားပြီး တောင်းပန်တယ်။
ဟိုတယ်ဝန်ထမ်းအားကိုယ်ထိလက်ရောက်စော်ကားခဲ့မှုအပေါ်ကျူးလွန်ခဲ့သူဂျပန်နိုင်ငံသားမှ ၀န်ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေပေးအပ်(Photo..Popular Myanmar News Journal)

အခု မြန်မာပြည်မှာလည်း ဂျပန်က ဟော်တည် ဧည့်ဝန်ထမ်းကို ရိုက်မိတဲ့အတွက် .. လျှော်ကြေးပေးပြီး ဦးညွတ်တောင်းပန်ဖို့ ဝန်မလေးခဲ့ဘူး။

တရုတ် ဂျပန် ကျွန်းအငြင်းပွားမှု ပြဿနာဖြစ်နေပြီး .. တရုတ်ပြည်က ဂျပန်စက်ရုံတွေ၊ ဂျပန်လူမျိုးတွေကို တရုတ်တွေက
 ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေချိန်၊ တရုတ် စစ်တပ်က ပင်လယ်ပြင်မှာ ဂျပန်ကို စစ်ရေး လေ့ကျင့်ပြနေချိန်မှာ ... တရုတ်
သင်္ဘောတစ်စင်း မီးလောင်လို့ ဒုက္ခရောက်နေတာကို .. ဂျပန်ကနေ အရေးပေါ် ကယ်ဆယ်ပေးခဲ့ပြီး တရုတ် သဘောင်္သား ၆၄
 ယောက် အသက်ဘေးက လွတ်ခဲ့ရတယ်။

ကျွန်တော်တို့ မြန်မာတွေ .. အဲဒီလို အမှားကို လူသူရှေ့ဝန်ခံခဲ့တဲ့ သမိုင်း ..ဒီနေ့အထိ မရှိသေးဘူးလို့ ထင်ပါတယ်။ ကိုယ့်ရန်ဘက်
က လူဖြစ်ပေမယ့် .. လူသားချင်း အတူတူ လိုအပ်ရင် ကူညီကယ်တင်မယ်ဆိုတာမျိုး လက်ရှိကာလတွေမှာ ထင်ထင်ရှားရှား မတွေ့ဖူးသေးဘူး။

(ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်တွေ ပြန်ထွက်တော့ မြန်မာတွေက ဂျပန် စစ်သားတချို့ကို အိမ်တွေမှာ ပုန်းအောင် အစာကျွေးပြီး ကူညီကယ်တင်ခဲ့တယ်ဆိုတဲ့ တဆင့်စကားတော့ ကြားဖူးပါတယ်။ တချိန်တုန်းက ရှေးမြန်မာတွေပါ။ ဒီနေ့မှာ အဲဒီလို လုပ်နိုင်ပါ့မ
လား။ အမုန်းတရား ရှေ့တန်းတင်တာကိုပဲ တွေ့နေရတတ်လို့ပါ။)

မြန်မာပြည်က အာဏာရှင် အဆက်ဆက်ကတော့ တောင်းပန်တာ မတွေ့ရဘူး။ လက်ရှိတာဝန်ရှိသူတွေက ကျွန်တော်/ကျွန်မတို့ အသုံးမကျလို့ တိုင်းပြည်စီမံခန့်ခွဲမှု ညံ့လို့ ပြည်သူတွေ ဆင်းရဲရတာပါလို့ တစ်ခါမှ ဝန်မခံဘူး။ အလိုက်တသိ ရာထူးက ထွက်တာ မရှိသေးဘူး။ (ငါ့လောက် ဘယ်သူမှ မသိဘူးလို့ ပြောတဲ့လူပဲ ရှိတယ်။)

အိမ်ယာတွေ ဇွတ်ပြောင်းခိုင်းလို့ ဒုက္ခရောက်နေသူတွေကို တရားဥပဒေနဲ့ အညီ တိုင်းပြည်တိုးတတ်ဖို့ လုပ်နေရတာပါလို့
 ဇွတ်ပြောတဲ့ ခရိုနီတွေပဲ ရှိတယ်။

တစ်ယောက်နဲ့တစ်ယောက် တရားတဘောင် ရင်ဆိုင်လို့ .. အနိုင်အရှုံး တရားရုံးက ဆုံးဖြတ်ပေးပြီးလို့ သတ်မှတ်ပြီးရင် ..
၂ ဘက်လုံး အညိုးအတေး မထားဘဲ .. နားလည်၊ ခွင့်လွှတ်၊ တောင်းပန်ကြတာမျိုး .. လူထုကြားထဲမှာလည်း မတွေ့ဖူးဘူး။

ကျွန်တော်တို့ .. လူယဉ်ကျေးတွေ ဖြစ်ဖို့ ... ဂျပန်တွေကို အတော်များများ အတုယူရပါဦးမယ်လို့ သုံးသပ်မိပါတယ်။

Ko Htike Facebook

Posted: 23 Oct 2012 08:01 AM PDT
ထောင်တစ်သက်လွတ်ရက်မရှိ လင်္ကျာထွန်းကိုမမေ့ကြနဲ.တဲ့ ထိုစာလေးကိုဖတ်ပြီး ကျွန်တော်ရင်ထဲမှာနာကျင်သွားခဲ့ရပါတယ်။ ဘာလို.လဲဆိုတော့ လင်္ကျာထွန်းကို စွပ်စွဲခဲ့တဲ့ ပုဒ်မမျိုးနဲ. ကျွန်တော်လည်းသေဒဏ်ကျခဲ့ဖူးလို့ပါပဲ။

ဒါပေမယ့် ခုကျွန်တော်ကအပြင်မှာ ၀ါသနာပါတဲ့ အလုပ်တွေကို မမောတမ်းလုပ်ကိုင်နေတဲ့အချိန် လင်္ကျာထွန်းကတော့ သာယာဝတီထောင်ထဲမှာအချိန်ကာလတွေကိုအထီးကျန်ဖြတ်သန်းလျက်ရှိပါတယ်။ကိုယ်ချင်းစာနာစိတ်နဲ.လင်္ကျာထွန်း
အကြောင်းတွေးမိတဲ့ အခါ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုအရေးတော်ပုံကြီးမှာသူပါဝင်လှုပ်ရှားခဲ့တဲ့ ပုံရိပ်တွေကို ပြန်ပြီးမြင်ယောင်လာပါတယ်။

၁၉၇၂ ခုနှစ်၊ ဧပြီလ (၅) ရက်နေ.မှာမွေးဖွားခဲ့တဲ့ လင်္ကျာထွန်းဟာ ၁၉၈၈ ခုနှစ်မှာ (၁၆) နှစ်သာသာပဲရှိပါသေးတယ်။ ဒါပေမယ့် ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီး ဆောင်ရွက်ခဲ့တဲ့အတွက် ၁၉၈၉ ခုနှစ်မှာပဲ ပုဒ်မ ၅(ည)၊ ၁ရ(၁)တွေနဲ. ထောင်ဒဏ် (၅) နှစ် အပြစ်ပေးခံခဲ့ရပါတယ်။

လင်္ကျာထွန်းဟာ ထောင်ထဲမှာ ဘာသာဗေဒကို စိတ်ဝင်စားခဲ့ပြီး အထူးသဖြင့် အင်္ဂလိပ်စာ၊ ပြင်သစ်ဘာသာတွေကိုလေ့လာခဲ့ပါ တယ်။ ၁၉၉၆ ခုနှစ် အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပြီး ဟော်တယ်နဲ.ခရီးသွားများဌာနမှာဘာသာပြန်အလုပ် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အလုပ်ကအဆင်ပြေပေမယ့် စစ်ဖိနပ်အောက်က သူ.တိုင်းပြည်ကိုမချိတင်ကဲကြည့်ရင်း ဒီမိုကရေစီအရေး ဆက်လက်လှုပ်ရှားဆောင်ရွက်နေသူတွေနဲ. ပြန်လည်ချိတ်ဆက်လှုပ်ရှားခဲ့ပါတယ်။

လင်္ကျာထွန်းဟာ ဗကသကျောင်းသားတွေဖြစ်တဲ့ ကိုအောင်ဒင် ( Burma Canpaign USA )၊ ကိုခင်လှိုင် (ခ) ကိုဖိုးဆောင်း၊ ဆက်နိုင်အောင် ( ဦးလှရွှေ၏သား )၊ သုတအောင် (ကွယ်လွန်)၊ ကျော်ဇော ( ကဗျာဆရာကြည်ဦး၏သား ) တို.နှင့်ပူးပေါင်းပြီး လက်တွဲလှုပ်ရှားခဲ့တာပါ။ ၁၉၉၈ မှာ စစ်အုပ်ချုပ်ရေးကာလတလျှောက် အခွင့်အရေးတွေနစ်နာခဲ့ရတဲ့ ကျောင်းသားထုအတွက် " ကျောင်းသားထုအခွင့်အရေး ကာကွယ်မှုကော်မတီ " ကို ဖွဲ.စည်းပြီး လှုံဆော်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

အဲဒီနောက် ABSDF တပ်ရင်း ၂၀ရ ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့တဲ့ မင်္ဂလာတောင်ညွှန်.သား ကိုသိန်းနဲ.ခင်မင်ရင်းနှီးရာကနေ ပြည်တွင်းကျောင်းသားလှုပ်ရှားမှု အရှိန်မြှင့်တင်ဖို. ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ သို.သော်လည်း လင်္ကျာထွန်းဟာ ပြည်တွင်းမှာ ဖေါက်ခွဲဖျက်ဆီးရေးတွေလုပ်ဖို.ဆိုပြီး ဆွေးနွေးတိုင်ပင်ခဲ့တာ မရှိပါဘူး။ ၁၉၉၈ ခုနှစ် မတ်လမှာတော့ လင်္ကျာထွန်း
ဟာ ပြည်တွင်းမှာအကြမ်းဖက်သူတွေနဲ.တိုင်ပင်ပြီး ဖောက်ခွဲဖျက်ဆီးရေးတွေလုပ်ဖို. ကြံစည်တယ်ဆိုပြီး စစ်ထောက်လှမ်းရေးရဲ. ဖမ်းဆီးခြင်းကိုခံခဲ့ရပါတော့တယ်။

ဒီအမှုမှာ လင်္ကျာထွန်းဟာ ကိုသိန်း၊ ခင်လှိုင်(ခ)ဖိုးဆောင်းနဲ.အတူ နိုင်ငံတော်ပုန်ကန်မှု ၁၂၂(၁) နဲ. သေဒဏ်အပြစ်ပေးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန်.ကြောင့် သေဒဏ်ကနေ ပယ်ဖျက်ထားခဲ့ပေမယ့် ယခုအချိန်ထိတော့ ထောင်တစ်သက်လွတ်ရက်မရှိပြစ်ဒဏ်ကို ခံနေရဆဲဖြစ်ပါတယ်။

လင်္ကျာထွန်းတစ်ယောက် ထောင်ထဲမှာ (၁၅) နှစ်ကျော်နေထိုင်ပြီးတဲ့ အချိန် သူ.အမှုတွဲတွေလည်း လွတ်မြောက်သွားကြပြီ။ သူနဲ.အတူ သေဒဏ်ကျထားတဲ့ ခင်လှိုင်လည်း အပြင်ပြန်ရောက်သွားပါပြီ။ သာယာဝတီထောင်ထဲမှာ လင်္ကျာထွန်း နဲ. ကိုသိန်းသာ ကျန်ပါတော့တယ်။ ယနေ.အချိန်အထိ သားပြန်လာမယ့်လမ်းကို စောင့်မျှော်နေသူကတော့ အသက် (၈၅) နှစ်ရှိပြီဖြစ်တဲ့ မိခင်ကြီး ဒေါ်ရီ ဖြစ်ပါတယ်။ ဒေါ်ရီ ရဲ.ကျန်းမာရေး အခြေအနေကလည်း ဆိုးဝါးနေပါပြီ။ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးတိုင်း သူ.သားပါမလာတဲ့အတွက် မိခင်တစ်ယောက်ရဲ.ရင်မှာ နာကျင်ထိခိုက်ခံစားခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။

သားရဲ.ထောင်ဝင်စာကို လေဖြတ်သွားပြီးကတည်းက သွားမတွေ.နိုင်တော့တဲ့အတွက် ခုတော့ လင်္ကျာထွန်းရဲ. အကိုကြီးကပဲ ပုံမှန်သွားတွေ.နေရပါတယ်။ လင်္ကျာထွန်းရဲ. ထောင်တွင်း ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်လျက်ရှိပါတယ်။ သူဝါသနာပါတဲ့ ဘာသာဗေဒတွေကိုလည်း ဆက်လက်ပြီးလေ့လာဆည်းပူးလျက်ရှိပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် နိုင်ငံရေးဖိနိုပ်မှုများကြောင့် ကံဆိုးပြီးသေဒဏ်ကျခဲ့တဲ့ လင်္ကျာထွန်းဟာ အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်ကို အကောင်အထည် ဖော်နေတာ အစစ်အမှန်ဆိုရင် လွတ်မြောက်ဖို. အချိန်တန်နေပါပြီ။ ၁၉၈၈ က ၁၆ နှစ်သား လူငယ်တစ်ယောက်ဟာ ၂၀၁၂ ခုနှစ်မှာမြန်မာနိုင်ငံရဲ. ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးဖို. အချိန်တန်နေပါပြီ။

အသက် (၈၅) နှစ်အရွယ် မိခင်ဘေးမှာလည်း ခြေဆုပ်လက်နယ်ပြုလုပ်ခွင့်ကို သားတစ်ယောက်အနေနဲ. အခွင့်အရေးရသင့်နေပါပြီ။ ဆက်လက်ပေးမယ့် လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ လင်္ကျာထွန်းနံမည်ကို တွေ.ရရင် ကျွန်တော်တို.အားလုံး ကိုယ်ချင်းစာနာစိတ်နဲ. ပျော်ကြရမှာ သေချာပါတယ်။

အနာဂတ်မြန်မာအမျိုးသားတွေရဲ. စည်းလုံးညီညွှတ်မှုအလားအလာကို အားရကျေနပ်မိမှာအမှန်ပါပဲ။ ခုလို အခြေအနမှာတော့ ထောင်တစ်သက်လွတ်ရက်မရှိ လင်္ကျာထွန်းကို အားလုံးမမေ့ကြပါန.ဲလို.ပဲ တိုက်တွန်းလိုက်ချင်ပါတယ်။

( ဇော်သက်ထွေး )

လင်္ကျာထွန်း၏မိခင် ဒေါ်ရီက နိုင်ငံတော်သမတထံပေးသောစာ ------------------------------------------------------------------ သို.
ဦးသိန်းစိန်
သမတကြီး
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ကျွန်မအမည်မှာ ဒေါ်ရီဖြစ်ပါသည်။ အသက် (၈၅) နှစ်ရှိပြီး ထောင်တစ်သက်လွတ်ရက်မရှိ ကျခံနေရသော မောင်လင်္ကျာထွန်း မိခင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို.နယ်၊ (၁၅) လမ်း၊ အမှတ်-၁၁၆ ( ၃လွှာ )၊ ၀ဲခန်းတွင်နေထိုင်သည့် ဗမာလူမျိုး ဗုဒ္ဓဘာသာကိုးကွယ်သူတစ်ဦးဖြစ်ပါသည်။

အမေအို၏သား မောင်လင်္ကျာထွန်းသည် အရွယ်နှင့်မမျှသော ပြစ်ဒဏ်များကို ခံခဲ့သည်မှာ ယခုလက်ရှိအချိန်အထိဖြစ်ပါသည်။ သားနှင့်ပတ်သက်သောစွပ်စွဲချက်များသည် မမှန်ကန်ပါလို. အမေ့အနေဖြင့် ကျမ်းသစ္စာပြုနိုင်ပါသည်။ အမေ၏သားငယ်ကို ၁၉၉၈ ခုနှစ်ကဒုတိယအကြိမ်ဖမ်းဆီးပြီးခံခဲ့ရပါသည်။ ၄င်းတို.စွပ်စွဲသောအရာများတွင် အမေ့၏သားငယ်အတွက် တဖက်သတ်စွပ်စွဲချက်များသာ ဖြစ်ပါသည်။

သားငယ်ကို သေဒဏ်ချပြီး(၃)လအကြာမှ သိရပြီး၊ရှေ.နေငှားခွင့်မရှိ၊ မည်သည့်တရားရုံးကပင် အမိန်.ချသည်ကို မသိရှိခဲ့ရဘဲ ထိုကဲ့သို.ကြီးမားသည့် ပုဒ်မကြီးများနှင့်လူငယ်တစ်ယောက်၏ဘ၀ ယနေ.ထိတိုင်အောင် ဆုံးရှူံးခဲ့ရပါသည်။

မောင်လင်္ကျာထွန်းကို ပထမအကြိမ် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးပြီး နယ်စပ်ဖြတ်ကျော်မှု နှင့် ပုဒ်မ ၁ရ(၁)၊၅(ည) နှင့် ထောင်ဒဏ် (၅) နှစ်ချမှတ်ခဲ့ပြီး၁၉၉၆ ခုနှစ်တွင် လွတ်လာပြီး ၄င်းဘ၀အတွက် စာကြိုးစားပြီး ဟိုတယ်နှင့်ခရီးသွားဌာနတွင် ဘာသာပြန်အလုပ်ကိုလုပ်ကိုင်ပြီးနေချိန်တွင်၁၉၈၉ ခုနှစ်တွင် ထပ်မံဖမ်းဆီးပြီး ယခုကဲ့သို. သေဒဏ်ချမှတ်ခဲ့ပါသည်။

သူ.ကို အမေတို. ပထမဦးဆုံးထောင်ဝင်စာသွားတွေ.ချိန်တွင် သူပြောခဲ့သောစကားကို အမေ့တစ်သက်မေ့လို.မရပါ။ " အဖေနှင့်အမေ ကျွန်တော်ကိုယ်ကျွန်တော်မယုံဘူး။ ကျွန်တော်ဘာမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော်ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ပါ။ သူတို. မတရားစွပ်စွဲခဲ့တာပါ။ အမှန်တရားဆိုတာကျွန်တော်တို.နိုင်ငံမှာမရှိတော့ပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတာလည်း မရှိတော့ဘူးလား "ဟူသော စကားဖြစ်ပါသည်။

ယခုအချိန်တွင် သားငယ်လေးက သာယာဝတီထောင်ထဲမှာ သူတတ်တဲ့ စာတွေဖတ်၊ စာမတတ်တဲ့သူတွေကို စာသင်၊ ဘာသာရေးတွေဖိဖိစီးစီးလုပ်၊ဂိုလ်အင်ကာတရားစဉ်တွေကိုလည်း အကြိမ်ကြိမ်ဝင်ပြီး လွတ်မယ့်ရက်ကို မသိတဲ့ထောင်တစ်သက်
ကို ရင်ဝယ်ပိုက်ပြီးစောင့်မျှော်နေသည်မှာ အမှန်ပဲ။

ယခု ပြည်သူ.လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သားလွတ်မြောက်ရေးအတွက်ကူညီနိုင်မည်ဟု မျှော်လင့်ပြီး အမေ့သားလည်း သူတတ်သည့်စာပေတို.နှင့် တိုင်းပြည်ကို အုတ်တစ်ချပ်သဲတစ်ပွင့်ပမာကူညီခွင့်ပြုပေးနိုင်ပါစေ။သား မောင်လင်္ကျာထွန်းကပြောပါသည်။ သူ.ဘ၀ တစ်စိတ်တစ်ဒေသ ဟာ ထောင်တွင်းတွင်သာကြီးပြင်းခဲ့ပြီးပညာမသင်နိုင်ခဲ့ပေ။ သူအမြဲတမ်း သူ.ရဲ.စာဖတ်စာရေးဝါသနာကြောင့် သူလေ့လာဖတ်
ရှူမှု ကို ထောင်တွင်းတွင်သာပြုလုပ်နိုင်ပေမယ့်ထောင်တွင်းမှလည်း သူ.ထက်ပညာတတ်တွေ တွေ.ခဲ့ပြီး သူတို.ဆီကအလွတ်မခံ သင်ကြားမှတ်ယူနေသူတစ်ယောက်ဖြစ်ပါသည်။

အမေ့အနေဖြင့် သားမောင်လင်္ကျာထွန်းတစ်ယောက်ပင် မဟုတ်ဘဲ သားကဲ့သို. ယုံကြည်ချက်ရှိသော အကျဉ်းသားများ အားလုံးလည်း ပြန်လည်လွတ်မြောက်စေလိုပါသည်။ အားလုံးဝိုင်းဝန်း၍ ကူညီပေးပါရန် မေတ္တာစေတနာဖြင့် တောင်းဆိုပါသည်။ သားငယ်၏အမှုတွဲဖြစ်သူ ကျောင်းဆရာ ဦးခင်လှိုင်(ခ)ဦးဖိုးဆောင် သေဒဏ်နှင့် ထောင်ဒဏ် (၁၄)နှစ် ကျခံရသောသူသည် နိုင်ငံတော်သမတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၂ ခုနှစ်၊ဇန်န၀ါရီလ(၁၃)ရက်နေ.ကလွတ်မြောက်လာသည့် အကျဉ်းသားထဲတွင် ပါဝင်ခဲ့သည်ကိုလည်း ကြားသိရှိခဲ့ရပါသည်။ ထို.ကြောင့် အမေ့အနေဖြင့်လည်းသားအတွက် မသေခင်ပြန်လည်ဆုံဆည်း မည် ဟု များစွာမျှော်လင့်ပါသည်။

ရိုသေလေးစားစွာဖြင့်
ဒေါ်ရီ
၁၂/ကတတ (နိုင်) ၀၀၄၀၅၃
အမှတ်-၁၁၆/ ၃ ထပ် (၀ဲခန်း)၊ (၁၅) လမ်း
လမ်းမတော်မြို.နယ်၊ ရန်ကုန်တိုင်းဒေသကြီး။


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610