Saturday, 7 June 2014
Thein Than · Singaporeမီးဇာကုန်ဆီခမ်းနေတဲ့
စစ်ဘီလူးအမွေကို
နာဂစ်ဥပဒေနဲ့ အသက်ဆက်
မိုက်တွင်းနက်နက်တူး
ဖက်ဒရယ်တစ္ဆေကြီးပူးပြီးရင်း
ကယ်တင်ရှင်အရူးထ
ဗီဇကိုက မသန့်ပြန့်လေတော့ ......
ယတြာပဲ မှုတ်မှုတ်
ထုံးဖြူပဲ သုတ်သုတ်
သတိုးရုပ် မထွက်......
အမျိုးယုတ်ပျက်။
ဘာသာဘာဝ မိုက်မဲခြင်းတွေ
ပွက်လျှံအခိုးဝေလာခဲ့တိုင်း
စွမ်းအားရှင်လူ့ ဂျပိုးနဲ့ 
ပြည်ခိုင်ဖြိုးပဲ အာဏာပါးကွက်သားဖြစ်သွား။
အင်္ဂါရုပ်ပျက်နေတဲ့
အလုပ်သုံးပါးကံကို ရွှေပိန်းချလို့ ......
မိတ်ကပ် ဖို့ပေမယ့်
သစ်စေး မကောင်းလေတော့
လေတိုက်တိုင်းအပုပ်နံ့ တဝေေ၀နဲ့။
လာပြန်ပါပေါ့
၂၀၁၅ ရွေးကောက်ပွဲ
ကျွန်ဇာတ်သွင်းမယ့်ပွဲပေမို
လိုင်စင်ရ မဲသူခိုး
ဒိုင်စင်ပေါ်က မဲဓါးပြ
ဓါးတစစ အမိုက်ငင်
လူထုရင်ကိုခွဲ
ဒို့ အသည်း ဆွဲနှုတ်ဖို့ပြင်...
အာဏာပလ္လင်ပေါ် ဖွတ်တက်
ဗေဒင်မတွက်နဲ့ ငါ့အရှင်
ဒါ..ပြည်ဖျက်မယ့် အဆင် ။ ။
(မင်းကောင်းချစ်)
Friday, 6 June 2014
မုဒိမ်းမှုတွေပေါတယ် ထောတယ် ကုလားရှိရာ ဌာနေဝယ်
Jun 5, 2014
အသက် ၆၇ နှစ်အရွယ် မူဆလင်ကုလားကြီးက ၆ တန်းကျောင်းသူလေးကို ကြံစည်တဲ့အမှုကြီးပါ။
မနဒီဝင်းထွန်း(၁၁) နှစ်၊ (ဘ) ဦးနေဝင်းထွန်း (အမိ) ဒေါ်ချိုချိုဦး။ မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁၀) ရပ်ကွက်၊ မြရတနာလမ်းမှာနေပါတယ်။
ဒေါ်ချိုချိုဦးက အိမ်ထောင်နဲ့ ကွာရှင်းထားသူပါ။ တစ်အိမ်လုံးမှာမှ မိခင်ကြီးရယ်၊ ဒေါ်ချိုချိုဦး၊ သမီးလေးရယ် သုံးယောက်ပဲ ရှိပါတယ်။
မိခင်ကြီးရဲ့ ပင်စင်လစာကိုပဲ အမှီပြုနေရတာပါ။ အိုးပိုင်အိမ်ပိုင်မရှိ အိမ်ငှားနှင့်ပဲ နေနိုင်ကြတာပါ။
ဒေါ်ချိုချိုဦးက ဦးကာစင်အိမ်မှာ နှစ်လုံးထီ စာရင်းသွင်းပါတယ်။ လယ်ဂျာစာအုပ်ထဲ စာရင်းကူးရေးရတာပါ။ နေ့ခ တစ်ထောင်ကျပ် ရပါတယ်။
ဦးကာစင်(ခ) စိန်မောင်မြင့် အသက်(၆၇) ကလည်း ဒေါ်ချိုချိုဦးတို့နှင့် တစ်လမ်းတည်းမှာပဲ နေပါတယ်။
ကွမ်းယာဆိုင် ဖွင့်ထားတဲ့အပြင် နှလုံး သုံးလုံးလည်း ရောင်းပါတယ်။ မုဆိုးဖိုဖြစ်ပြီး အိမ်ထောင်သည် အိမ်ခွဲနေ သမီးတစ်ယောက်ပဲ ရှိပါတယ်။
အလုပ်ရှင်လည်းဖြစ်၊ အိမ်နီးချင်းလည်းဖြစ်လို့ တစ်မိသားစုလုံးနှင့် ခင်မင်ရင်းနှီးကြပါတယ်။
1.6.2014 ရက်နေ့ ည 8:30 နာရီမှာ TV ကြည့်ပြန်လာတဲ့ မြေးမြစ်အရွယ်ကျောင်းသူမလေးကို ဆိုင်ခန်းထဲ လက်စွဲခေါ်သွားပြီး မြန်မာဇာတ်ကား ပြပေးထားပါတယ်။ မုန့်ဖိုးသုံးထောင်ကျပ် ပေးထားပါတယ်။
စက်ဘီးသွားသိမ်းနေစဉ် ဆိုင်ခန်းကို တံခါးပိတ်ထားခဲ့ပြီး ပြန်လာတဲ့အခါ ဆိုင်တံခါးကို အတွင်းမှ သော့ခတ်ပစ်လိုက်ကာ ကျောင်းသူမလေးကို ဖက်လှဲလိုက်ပါတယ်။
ကာစင်က ခြေတစ်ဖက်မသန်တော့ ကလေးမလေးက ရုန်းထွက်နိုင်ခဲ့ပေမယ့် နှူးနှပ်ပွတ်သပ် တာတွေ နှိုက်တာ ကိုင်တာတွေ လုပ်တာကိုတော့ ခံလိုက်ရပါတယ်။
ဦးကာစင် သူ့ဆိုင်ကို အတွင်းထဲမှ မိုးကာများဖြင့် ကာရံထားလို့ လူရှိမှန်းသာသိရတာ။ ကြည့်လို့မမြင်ရပါဘူး။
ကလေးမလေးကို လက်စွဲခေါ်သွားတာမြင်ရလို့ လူတစ်ယောက်က ဒေါ်တင်မြ (၅၁) နှစ်ကို တိုင်ကြားပါတယ်။ ဒေါ်တင်မြက ရာအိမ်မှူး ကိုကျော်ကြီးကို တိုင်ပါတယ်။
ရာအိမ်မှူးက ကြည့်ခိုင်းရာ ကလေးမလေး ငိုယိုသံကြားရလို့ ပြန်ပြေးပြောရာမှ ဝိုင်ဖမ်းပြီး ရဲခေါ်အပ်လိုက်ကြ တာပါ။
အခင်းဖြစ်စဉ်မှာ မိခင်ဒေါ်ချိုချိုဦးက အိမ်မှာမရှိပါဘူး။
ကုလားကြီးကာစင်က ချဲရောင်းပေးတဲ့ ကောင်မလေးတွေကိုလည်း ကိလေသာအားပေး စိတ်ကြွလှုံ့ဆော်ကာား တွေပြဖူးတယ်လို့ ဆိုပါတယ်။
2.6.2014 မှာ မော်ကျွန်း မ.ဘ.သ က ကူညီထားပါတယ်။
ဦးဝီရသူကလည်း အမှုပြီးဆုံးသည်အထိ ကူညီမည့်အကြောင်းနှင့် လောလောဆယ်အတွက် ငွေတစ်သိန်း ကျပ်ထောက်ပံ့ဖို့ စီစဉ်နေပါတယ်။
အမှုအမှတ်(ပ)၇၀/၂၀၁၄
ပုဒ်မ (၃၆၅) (၃၅၄) နှင့် အရေးယူထားပါတယ်။
၃၇၆/၅၁၁ ဘာကြောင့် မပါတာလဲဆိုတာရယ်။
ချဲရောင်းတဲ့ ကုလားကြီးက ရဲနှင့် ကင်းပါ့မလားဆိုတာရယ်အတွက် နစ်နာသူလေးဘက်မှ စိုးရိမ်နေကြတဲ့ ရဟန်းသံဃာပြည်သူများရှိနေကြောင်းပါခင်ဗျာ။
သြော်…..ရွှေမြန်မာတို့များ
ကုလားမကို မုဒိမ်းကျင်တယ်လို့ကို မကြားဖူးဘူး။
ရွှေကုလားတို့ကျတော့ အဓိကရုဏ်းတွေ
ဖြစ်တတ်မှန်း သိရက်နှင့် မရှောင်ကြဘူးဗျ။
အဖြေတော့ ရှိလိမ့်မယ်ထင်တယ်နော။
စုံစမ်းရန်=
မ.ဘ.သ-09.49594204
မြို့နယ်မှူး-09.73029037
စခန်းမှူး-09.49272306
ဆရာတော်ဦးဝီရသူ fb စာမျက်နှာမှကူးယူတင်ပြသည်။
မှတ်ချက် ။ ။ ပြည်တွင်းရှိ မီဒီယာ ၊ စာနယ်ဇင်း အားလုံးက ဖုံးဖိပေးထားသည့်သတင်းဖြစ်သည်။
KNUခေါင်းဆောင်များအားNLDပါတီအတွင်းရှိဒေါ်စုအနီးကပ်လူယုံများက သေခါနီးသင်းချိုင်းခြေတစ်ဖက် ချပြီးကာမှ နိုင်ငံရေးသမား ဂိုက်ဖမ်းကြသူများ ဟု ဆို
Jun 5, 201Thursday, June 5, 2014
ဦးသိန်းစိန်အား နောက်သမ္မတ သက်တမ်းနောက်တစ်ခု ဆက်လက် ထမ်းဆောင်ရန် တိုက်တွန်းခဲ့သည့် သတင်းထွက်ပေါ်လာပြီးနောက် ကရင်တိုင်းရင်းသား ခေါင်းဆောင်များအား NLD ပါတီအတွင်းရှိ ဒေါ်စုအနီးကပ်လူယုံများက ၀ိုင်းဝန်းဆဲဆိုလျက် ရှိကြောင်း သိရသည်။
ယမန်နေ့က 7Day သတင်းစာမျက်နှာတွင် ဦးသိန်းစိန်နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံခဲ့သည့် သတင်းတက်လာခဲ့ကြောင်း၊ ယင်းသတင်းတွင် KNU ခေါင်းဆောင်များက ငြိမ်းချမ်းရေး ခိုင်ခိုင်မာမာ ဖြစ်စေရန် ဦးသိန်းစိန်အား နောက်ထပ်(၅)နှစ် သမ္မတ ဆက်လက်လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း၊ ထိုသို့ တောင်းဆိုခဲ့ခြင်းကြောင့် သမ္မတ လုပ်ချင်သည် ဟု နိုင်ငံတကာသိ ထုတ်ပြန်ကြေညာထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို KNU က မထောက်ခံ ဟု အတိအလင်း ထုတ်ဖော်ပြသလိုက်ခြင်းလည်း ဖြစ်ကြောင်း၊ ထိုသတင်းကြောင့် ဒေါ်စုနှင့် အနီးကပ်လူယုံ NLD အမာခံများက KNU ခေါင်းဆောင်များကို ပြင်းထန်စွာ ပုတ်ခတ်ဆဲဆိုခဲ့ကြကြောင်း သိရှိရသည်။
NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က "အဲဒါက ကရင်ခေါင်းဆောင်တွေ ဘာသဘောနဲ့ ပြောသလဲ မသိပါဘူး။ ကျွန်တော်တို့ ဥက္ကဌက သမ္မတဖြစ်ချင်တယ် ဆိုတာ ကမ္ဘာသိ ပြောကြားထားတာပါ။ ကရင်တိုင်းရင်းသားတွေက ဦးသိန်းစိန်ကို ထောက်ခံတယ် ဆိုရင်လည်း ထောက်ခံကြပေါ့။ ကျွန်တော်တို့ ဂရုစိုက်စရာ အကြောင်းမရှိဘူး။ NLD အနေနဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထောက်ခံမှု မရရှိလည်း ဂရုစိုက်စရာ မရှိပါဘူး။ ကရင်ပြည်နယ်မှာ NLD ပါတီ Landslide အနိုင်ရရှိမယ် ဆိုရင် ပြီးပြီပေါ့။ ကရင်ပြည်နယ်မှာ NLD ပါတီအနိုင်ရရင် ဒီခေါင်းဆောင်ဆိုတဲ့ လူတွေလည်း အသံထွက်နိုင်တော့မှာ မဟုတ်ပါဘူး" ဟု နေ့စဉ်ထုတ် သတင်းစာ တစ်စောင်ကို ယနေ့နံနက် လွှတ်တော်အစည်းအဝေး မစတင်မီ ပြောကြားသည်။
KNU မှ ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံလျှင်လည်း အရေးမကြီးကြောင်း၊ ဦးသိန်းစိန်ကို ထောက်ခံသည့် သဘောထားမှာ ယင်းတို့ သဘောထားသာ ဖြစ်ကြောင်း၊ NLD ပါတီအနေဖြင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရေးကို နည်းမျိုးစုံဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ အမေရိကန်၊ အီးယူနှင့် အနောက်နိုင်ငံများမှာ မိမိတို့ဘက်တွင် ရှိကြောင်း၊ ငွေကြေး နှင့် နည်းပညာ ကူညီထောက်ပံ့ပေးရန်လည်း အိုအိုင်စီနိုင်ငံများက ကမ်းလှမ်းလျက် ရှိကြောင်း၊ NLD ပါတီအနေဖြင့် စိတ်ပူ စရာ မလိုကြောင်း ယင်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အနီးကပ်လိုက်ပါနေထိုင်ခဲ့ပြီး မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူး၍ ဖြန့်ဝေပေးခဲ့သည့် ခွန်ခေါင် (ခေါ်) မောပြေ (ခေါ်) ခွန်ဒီးယမ်ကလည်း "မူတူးဟာ တစ်သက်လုံး စစ်သားလုပ်ခဲ့တဲ့ သူ။ သေခါနီး သင်းချိုင်းခြေတစ်ဖက်ချပြီးကာမှ နိုင်ငံရေးသမား ဂိုက်ဖမ်းပြီး သောက်တလွဲတွေလုပ်၊ သောက်တလွဲတွေ ပြော၊ မပေါင်းသင့်တဲ့ သူနဲ့ ပေါင်း၊ အာဏာဖျက်လို့ ပျက်စီးနေလိုက်တာ ရစရာကို မရှိတော့ဘူး။ စစ်ပဲ တိုက်တတ်ရင် စစ်ဗိုလ်အဖြစ်နဲ့ပဲ အေးအေး နေသင့်တယ်" ဟု လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
၎င်းအပြင် ကရင်ခေါင်းဆောင်များသည် ဦးနှောက်ရှိသူများ မဟုတ်ကြကြောင်း၊ နိုင်ငံရေးကိုလည်း ဘာတစ်ခုမှ နားလည်ကြသူများ မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်လျှင် ဒေါ်စုက ဆရာစား မချန် သင်ပေးမည် ဖြစ်ကြောင်း ယင်းက ဆိုသည်။
"ဒါ..ကျွန်တော်တို့ ကရင်တွေကို သက်သက်မဲ့စော်ကားတာပါ။ NLD ပါတီကလူတွေ အကျင့်က သူတို့ကို မထောက်ခံလျှင် ရန်သူ ဟု မှတ်ယူထားကြောင်း၊ ယခုကဲ့သို့ ကရင်တိုင်းရင်းသားများကို ဆဲဆို အပုပ်ချသည်မှာ လူကြီးလူကောင်း အကျင့် မဟုတ်ကြောင်း၊ NLD ပါတီ၏ စရိုက် အမှန်ကို ဖော်ပြနေကြောင်း နိုင်ငံရေးပါတီကြီးတစ်ခုအနေဖြင့် သဘောထားကြီး ပေးရန် လိုကြောင်ါး၊ ငါးစိမ်းသည်ရန်တွေ့သလို ပြောဆိုနေသည်မှာ အဆင်အတန်းကို ဖော်ပြနေခြင်း ဖြစ်ကြောင်း" ရွှေဂွမ်းမြို့နယ်မှ ကရင်တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ဆိုသည်။
သမ္မတ ဦးသိန်းစိန်ကို နောက်ထပ်သက်တမ်း ထမ်းဆောင်စေလိုသည့် KNU
- 05 June 2014 |
- By 7Day News
''အကြံပြုရတဲ့ အကြောင်းရင်း ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို သမ္မတကြီးက စတင်ဖော်ဆောင်တာဖြစ်တဲ့ အတွက် ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို စလယ်ဆုံး သမ္မတကြီးက အသိဆုံးဖြစ်တယ်။ သမ္မတကြီးက ဒုတိယ သက်တမ်းဆက်ပြီး ခေါင်းဆောင်မယ် ဆိုရင် ဒီငြိမ်းချမ်းရေးဟာ မလွဲမသွေရရှိမယ်လို့ ယုံကြည် တဲ့အတွက် ကျွန်တော်တို့ အကြံပြု တာဖြစ်ပါတယ်''ဟု မန်းငြိမ်းမောင်က ဆိုသည်။
''သမ္မတကြီးရဲ့ သဘော ထားကတော့ ကျွန်တော်က ကျန်းမာရေး မကောင်းဘူး။ ဒါပေမဲ့ တိုင်းပြည်က လိုအပ်လို့ ပြည်သူကတောင်းဆိုရင် ကျွန်တော် ဆောင်ရွက်ပါ့မယ်လို့ ပြန်ပြောတယ်''ဟု ဖဒိုမန်းငြိမ်းေ မောင်ကဆိုသည်။ ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် ၂၀၁၅ခုနှစ်အတွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ခိုင်မာပြီး နောက်ကြောင်း ပြန်မလှည့်နိုင်သည့် အခြေအနေတစ်ခု ထိရောက် အောင်ဆောင်ရွက်ပေး ပါဟုလည်း အကြံပြုခဲ့ကြောင်း သတင်း ရရှိသည်။
မွတ်စလင်ကုလားတွေရဲ့ လုပ်ကြံခြင်းကို ခံခဲ့ရတဲ့ ကိုကျော်စွာဝင်း (Peace Myanmar)
Thursday, June 05, 2014 Myanmar Express Group 5 comments
From : .. Myanmar National Network..မနေ့ညကပဲ ကိုကျော်စွာဝင်းတစ်ယောက် အပြင်ကနေ အိမ်အပြန် မနက် (၄း၀၀)နာရီကျော် အချိန်လောက်မှာ မွတ်စလင်ကုလားတွေရဲ့ ကြိုတင်ကြံစည်မှုအောက်မှာ ခေါင်းကွဲ အနာတရ အရိုက်အနှက်ခံခဲ့ရပါတယ်။ ဖြစ်စဉ်ကတော့ ဆင်မလိုက် အဝေးပြေး ကားမှတ်တိုင် အနီးမှာပါ။
ကိုကျော်စွာဝင်း တက္ကစီပေါ်ကဆင်းပြီး ဆေးလိပ်ဝယ် အိမ်ထဲပြန်ဝင်ဖို့ အလာမှာ မွတ်စလင် ကုလား လင်မယားနှစ်ယောက် ထိုင်နေကြတာကို တွေ့လိုက်ပါတယ်။ မွတ်စလင်ကုလားက ရင့်ရင့်သီးသီး ဆဲဆိုပြီး မင်းကို စောင့်ကြည့်နေတာ ကြာပြီလို့ ပြောတော့ ကိုကျော်စွာဝင်းက " ဟာ ဒုက္ခပဲ . . . ခင်ဗျား အေးအေး ဆေးဆေး နေစမ်းပါ။ ခင်ဗျားနဲ့ ကျုပ်နဲ့ ဘာဆိုင်လို့လဲ" လို့ ပြန်ပြောတဲ့အခါမှာ နေလို့မရဘူးကွ ဆိုပြီး ကုလားက အနားရောက်လာပါတယ်။ " ခင်ဗျားထိုးချင်လို့လား"လို့ ကိုကျော်စွာဝင်းက မေးလိုက်တဲ့အခါမှာ ကုလားက စထိုးလို့ သူတစ်ပြန် ကိုယ်တစ်ပြန် ထိုးကြ ကြိတ်ကြ ဖြစ်ခဲ့ပါတယ်။
မွတ်ကုလားရဲ့ မယားက ဘာမှ ထမလုပ်ဘူးလို့ ကိုကျော်စွာဝင်းက ပြောပါတယ်။ အဲဒီကုလားတွေဟာ သူတို့ ရပ်ကွက်ထဲမှာ မြင်တွေ့နေကြ မဟုတ်ဘူးဆိုတာလည်း ကိုကျော်စွာဝင်းက ပြန်ပြောပါတယ်။ သူနဲ့ ကုလား အပြန်အလှန်ထိုးနေစဉ်မှာပဲ နောက်ကုလားတစ်ယောက်က ၀င်ရိုက်ပါတယ်။ နှစ်ယောက်တစ်ယောက် ဖြစ်သွားပြီး ကိုကျော်စွာဝင်း လဲကျသွားပါတယ်။ ခေါင်းကို သံတုတ်နဲ့ ရိုက်ပြီး ဘယ်ဘက်ပုခုံးကိုလည်း သံတုတ်နဲ့ ရိုက်တာ တစ်ချက်ထိသွားပါတယ်။
အဲဒီလို ရိုက်ပြီးတဲ့အခါမှာ ကုလားတွေဟာ လမ်းပေါ်မှာ အသင့်ရပ်ထားတဲ့ ကားပေါ်ကို တက်ပြေးကြပြီး မောင်းထွက်သွားပါတယ်။ ကိုကျော်စွာဝင်း ကုလားကားကို လှမ်းကြည့်လိုက်သေးပေမယ့် ကားနံပါတ်ကိုလည်း မမြင်လိုက်ရတော့ပါဘူး။
အခု ကိုကျော်စွာဝင်း ကြည့်မြင်တိုင် အနောက်ပိုင်းဆေးရုံမှာ ရှိနေပါတယ်။ သူလမ်းကြောင်းနဲ့သူ လုပ်ခဲ့တဲ့တစ်လျှောက်မှာ ဒီတစ်ချီဟာ သင်ခန်းစာယူဖို့ အဆိုးဆုံးဖြစ်ရပ်လို့ ပြောပါတယ်။ ကိုကျော်စွာဝင်းမှာ သားငယ်လေး နှစ်ယောက်နဲ့ မိသားစု ရှိပါတယ်။ သူ့မိသားစုအတွက် သူစိုးရိမ်နေပါတယ်။
အကို အခုလောလောဆယ်မှာ အားမငယ်ဖို့ ၊ သူ့ကို ကျွန်တော် အားပေးစကား ဆိုလိုက်ပါတယ်။ ကျွန်တော်တို့ အမျိုးသားရေး ညီအစ်ကိုတွေဟာ ကိုယ့်ညီအစ်ကိုမောင်နှမတွေ ဖြစ်လာရင် ဘယ်တော့မှ သွေးမအေးပါဘူး။ ဒေါသတွေနဲ့ စိုးရိမ်ပူပန်နေရမယ့် ကိုကျော်စွာဝင်းအတွက် စိတ်ဓာတ်ခွန်အား ၊ လိုအပ်တဲ့ အကူအညီအတွက် ကျွန်တော်တို့တွေ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ အမျိုးသားရေး ညီအစ်ကို မောင်နှမများအားလုံးကို နှိုးဆော်လိုက်ပါတယ်။
--
http://www.burmaburo.blogspot.com
Unicef က ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခြင်းအား ပြန်လည်တောင်းပန်။
Published on: June 6, 2014
Written by:
သန်းလှိုင်(စစ်တွေ)
ဇွန် ၄ ရက်က မင်းသူရိယခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ Unicef ၏ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ Unicef က အခမ်းအနားတစ်ခုတွင် ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခဲ့ခြင်းအား ဇွန် ၅ ရက်တွင် ဌာနေကိုယ်စားလှယ် ကိုယ်တိုင် ပြန်လည်တောင်းပန်လိုက်ကြောင်း သိရသည်။
Unicef အဖွဲ့အနေဖြင့် ဇွန်လမှစတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ ကလေးငယ်များတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင်၊ ပညာရေးနှင့်အခြားသောကဏ္ဍတချို့အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းအား အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် အသုံးပြုမည့်အပိုင်းတို့အား ရှင်းလင်းပွဲတစ်ရပ်ကို ဇွန် ၄ ရက်တွင် အထွေထွေအုပ်ချုပ်ရေးဌာန ရုံးခန်းမဖြစ်သည့် မင်းသူရိယခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခန်းအနားတွင် ရခိုင်ပြည်နယ်တာဝန်ခံ နိုင်ငံခြားအမျိုးသမီးက ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းရေးသား ပြောဆိုခဲ့သည့်အတွက် ဒေသခံများက ကန့်ကွက်မှုများနှင့် ပြန်လည်မေးမြန်းမှုများကို ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။ ထို့အပြင် ယင်းကိစ္စနှင့် ပတ်သက်၍ facebook စာမျက်နှာများတွင်လည်း ရေးသားဖော်ပြလာခဲ့ကြကြောင်းလည်း သိရသည်။
ထို့ကြောင့် ပြည်နယ် ECC အဖွဲ့က Unicef အဖွဲ့အားခေါ်ယူကာ ယင်းသို့သုံးနှုန်းခဲ့ခြင်းနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြရာ ထိုဆွေးနွေးပွဲတွင် Unicef ဌာနယ် ကိုယ်စားလှယ်ကိုယ်တိုင် ပြန်လည်တောင်းပန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"အစည်းဝေးမှာ ရိုဟင်ဂျာဆိုတာကို သုံးနှုန်းခဲ့တာကို သိရတဲ့အတွက် ကျွန်တော်တို့ ECC အဖွဲ့က Unicef အဖွဲ့ကိုခေါ်ယူ တွေ့ဆုံခဲ့တယ်။ နိုင်ငံတော်က တရားဝင်အသုံးအနှုန်းမဟုတ်တာကို သုံးခြင်းဟာ သံတမန်ကျင့်ဝတ်ကို ချိုးတာဖြစ်တယ်။ ခင်ဗျားတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် မြန်မာကို မြန်မာလို့ပဲ သုံးရတယ်။ ဒါကြောင့် အစိုးရရဲ့ တရားဝင်အသုံးအနှုန်းကိုသုံးပါ။ နိုင်ငံတော်အစိုးရက မရှိပါဘူးလို့ ပြောထားတဲ့ အသုံးအနှုန်းဖြစ်တဲ့ ရိုဟင်ဂျာလို့ သုံးနှုန်းတာဟာ သံတမန်ကျင့်ဝတ်ကို ချိုးဖောက်တဲ့အပြင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို စော်ကားရာရောက်တယ်။ ဒီလိုမျိုးသာ ဆက်သုံးနေမယ်ဆိုရင် ၂၆-၂၇ နေ့တွေကလို ပြဿနာမျိုးထပ်ဖြစ်လာနိုင်တယ်။ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ပဋိ ပက္ခတွေရဲ့ အဓိကအချက်တွေထဲမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းလည်း ပါတယ်။ ဒါကြောင့်
ဒီလိုမျိုးသုံးစွဲတာကို မှားကြောင်းတောင်းပန်ဖို့နဲ့ နောင်ဆက်လက်မသုံးစွဲဖို့ တိုက်တွန်းတယ်လို့ ပြောခဲ့တယ်။ ဒီတော့ Unicef ကလည်း ပါဝါပွိုင့်မှာ မှားယွင်းစွာသုံးစွဲမိတာကို တောင်းပန်ပါတယ်။ နောက်လည်း မသုံးတော့ပါဘူးလို့ တောင်းပန်စကားဆိုတယ်"ဟု ECC အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသန်းထွန်း က ပြောပါသည်။
Unicef အဖွဲ့နှင့်တွေ့ဆုံရာတွင် INGO, NGO Watch Team မှ အဖွဲ့ဝင်များကိုလည်း ဖိတ်ကြားခဲ့ကြောင်း သိရသည်။ ယင်းအဖွဲ့သည် မေလအတွင်းက ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်ပြီး မြို့နယ်တိုင်းမှ လူမှုကွန်ရက်များပါဝင်ကြောင်း သိရသည်။
ECC အဖွဲ့နှင့် Unicef အဖွဲ့တို့ တွေ့ဆုံပြောဆိုခြင်းသို့ တက်ရောက်ခဲ့သူ INGO, NGO Watch Team မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုသူရိန်ထွန်းကလည်း "Unicef ကတော့ အဲဒီလိုမျိုး သုံးနှုန်းမိတာဟာ ကျွန်တော်တို့ သတိမထားမိလိုက်လို့ပါလို့ ပြောတယ်။ အဲဒီတစ်ခုတည်းမှာပဲ မှားပြီးပါသွားတာလို့ ပြောတယ်။ ကံကောင်းလို့ တိုက်ဆိုင်သွားတာလို့ ပြောတယ်။ ကျွန်တော်ကတော့ ပြောတယ်။ ဒီလိုအဖွဲ့အစည်းကြီးတစ်ခုက မစစ်ဆေးစရာအကြောင်း မရှိဘူး။ သိလျက်နဲ့လုပ်တာလို့ မြင်တယ်လို့ပြောတယ်။ အဲဒီအမှားကို ဝန်ခံဖို့လိုတယ်လို့ ပြောလိုက်တယ်။ အဲဒီမှာပဲ တက်ရောက်လာသူတွေရှေ့မှာပဲ ဒီလိုမျိုးသုံးနှုန်းမိတာ မှားပါတယ်လို့ ဝန်ခံတယ်။ နောက်နောင်လည်း ဒီလိုမျိုး မမှားအောင်လုပ်သွားမယ်လို့ Unicef အဖွဲ့ရဲ့မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainval က ဝန်ခံသွားတယ်"ဟုလည်း ပြောကြားခဲ့သည်။
မြန်မာ -ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် နှစ်နိုင်ငံ အလံတင်ဆွေးနွေးပွဲ ကျင်းပ။
Published on: June 6, 2014
ဇွန် ၅ ရက်က မောင်တောမြို့တွင် ကျင်းပသည့် နှစ်နိုင်ငံနယ်ခြားစောင့်တပ် အစည်းအဝေးသို့ တက်ရောက်လာသူများအား တွေ့ရစဉ်
မြန်မာ-ဘင်္ဂလားဒေ့ရှ် အလံတင် ဆွေးနွေးပွဲအား ဇွန် ၅ ရက် နံနက်ပိုင်းက မောင်တောမြို့ ဒေဝါနဒီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးမှာ ခြောက်နာရီ ကြာမြင့်ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကြားတွင်ရှိနေသော RSO လက်နက်ကိုင်အဖွဲ့ကို ပူးပေါင်းရှင်းလင်းရန် အဓိကအချက်အနေဖြင့် မြန်မာနိုင်ငံဘက်မှ တိုက်တွန်းမှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှသာ အဖြေရလဒ်ကို အတိအကျပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
လတ်တလောတွင် အကြောင်းမဲ့ပစ်ခတ်သည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်မှ စွပ်စွဲမှုပြုလုပ်ထားသော နယ်ခြားစောင့်တပ်ဖွဲ့အချို့ကို ယူနီဖောင်းဝတ်စုံများ သတ်မှတ်နိုင်ရန် တိုက်တွန်းမှုတစ်ရပ်အနေဖြင့် ပြုလုပ်ခဲ့သည်။
အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူးရဲမှူးချုပ် တင်ကိုကိုက "ကျွန်တော်တို့ခိုင်မာတဲ့ သတင်းအချက်အလက်တွေအရ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လက်နက်ကိုင်အကြမ်းဖက်နေတဲ့သူတွေ ရှိတယ်။ အဲဒီအပြင် သူတို့က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ အင်္ကျီအရောင်ဆင်တူတာတွေကို ဖန်တီးဝတ်နေကြပါတယ်"ဟု ပြောကြားခဲ့သည်။
နောက်ဆုံး နှစ်ဖက်ဆွေးနွေးခဲ့မှုများအရ ဒူးချီးရားတန်းဖြစ်စဉ်တွင် ဖမ်းဆီးရမိခြင်းမရှိသေးသော် ကျူးလွန်သူ အဓိကတရားခံများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ခိုလှုံနေကြောင်း၊ ပူးပေါင်းဖမ်းဆီးပေးရန် မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်း တစ်လျှောက်တွင် ပူးပေါင်းကင်းလှည့်ခြင်း၊ နယ်စပ်မှတ်တိုင်များ စစ်ဆေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်မည့်အစီအမံကို ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွန် ၅ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့တွင်ပြုလုပ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ တာဝန်ရှိသူများ၏ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်ရဲကို)
"ဘီဂျီဘီက သူတို့ဆီမှာ RSO မရှိဘူးလို့ပြောထားတယ်။ အဲဒီလိုဆိုရင် မြန်မာဘက်က လုံခြုံရေးရဲတပ်ဖွဲ့ လေးယောက် ကျဆုံးတာဟာ ဘယ်အဖွဲ့အစည်းက သတ်တာလဲဆိုတာကို ဘင်္ဂလားဒေ့ရှ်က အဖြေထုတ်ပေးရမယ်။ အခုကိစ္စက ဒီဘက်ကိုဝင်လာလို့ ပစ်ခတ်ကြပြီး ဖမ်းမရလိုက်ရင် သောင်းကျန်းသူတွေဖြစ်ပြီး ဖမ်းမိလိုက်ရင် ဘင်္ဂလားနယ်ခြားစောင့်တပ်ကလို့ ထုတ်ပြောတယ်။ ဒါဟာ မရိုးသားဘူး။ သောင်းကျန်းသူကို ဖော်ထုတ်ပေးရမယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဆွေးနွေးပွဲမှာအဖြေထုတ်ပေးရမယ်။ သူတို့လူလို့ အလောင်းတောင်းထားတာကို ပေးလိုက်ပြီ။ ကျွန်တော်တို့က အဲဒီအလောင်းဟာ ဘီဂျီဘီ ဟုတ်မဟုတ်ဆိုတာ အချက်လေးချက်နဲ့ အဖြေထုတ်လို့ရတယ်။ ဒါကတော့ နံပါတ် ၁ အခုဖမ်းမိတဲ့ အလောင်းမှာ ဝတ်ထားတဲ့ ယူနီဖောင်းမှာ ဘီဂျီဘီဆိုတဲ့ တံဆိပ်မပါ။ နံပါတ် ၂ ဘီဂျီဘီယူနီဖောင်းက အမည်းရောင် ပြောက်ကျားဝတ်စုံ ဝတ်တယ်။ အခုဖမ်းမိတဲ့အလောင်းမှာ အဝါရောင်ပြောက်ကျားဝတ်စုံ ဝတ်ထားတယ်။ နံပါတ် ၃ ဘီဂျီဘီဟာ မြန်မာနိုင်ငံကို ခိုးဝင်စရာမရှိဘူး။ အကြောင်းကြားပြီး ဝင်လာလို့ရတဲ့အနေအထား ရှိတယ်။ ဒါပေမဲ့ အခုနယ်စပ်ကို အကြောင်းမကြားဘဲ ခိုးဝင်လာတယ်။ နံပါတ် ၄ က အခုပစ်ခတ်မှုတွေမှာ လက်နက်ကြီးတွေ ပစ်ခတ်တာမရှိဘူး။RSO သောင်းကျန်းသူတွေမှာ လက်နက်ကြီးမရှိဘူး။ ဒါက သောင်းကျန်းသူဆိုတာကို သက်သေပြနေတာ ဖြစ်တယ်။ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက် က စစ်အင်ဂျင်နီယာတပ်ဖွဲ့က သုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်းသွားတဲ့ အဖွဲ့ဟာ ဘယ်အဖွဲ့လဲ။ သောင်းကျန်းသူမရှိဘူးလို့ ပြောထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာလုံခြုံ ရေးအဖွဲ့တွေကို ချုံခိုတိုက်နေတဲ့ ဘယ်အဖွဲ့ရှိနေလဲဆိုတာကို တာဝန်ယူဖြေရှင်းပေးရမယ်။
ဒေသခံတွေ စိုးရိမ်နေတဲ့ အချက်က RSO ဆိုတာ မောင်တောမှာရှိနေတဲ့ ဘင်္ဂါလီအကြမ်းဖက်သမားတွေ ဖြစ်တယ်။ သူတို့ဟာ တရားဝင်ဂိတ်က ခုနစ်ရက်ပတ်စ်ပို့နဲ့ ထွက်ပြီး စစ်သင်တန်းတက်တယ်။ နောက် ခိုးထွက်ပြီး ရက်ရှည် စစ်သင်တန်းတက်ပြီးသားတွေ ဖြစ်နေပြီ"ဟုမောင်တောမြို့ခံ ဝင်းသိန်းက ပြောပြသည်။
မြန်မာနိုင်ငံအမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို နှင့် ရဲအရာရှိများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး ခွန်ဒိုကာဖာရစ်ဟာဆန်နှင့် အရာရှိများတက်ရောက်ခဲ့ပြီး မေ ၂၈ ရက် ထိတွေ့မှုဖြစ်စဉ်တွင် မြန်မာလုံခြုံ ရေးတပ်ဖွဲ့မှ အသေဖမ်းဆီးရထားသည့် အလောင်းမှရရှိထားသည့် အမ်-၂၂ သေနတ် နှင့် ၎င်းသေနတ်ပါ ကျည်ဆန်များကို ပြန်လည်လွှဲပြောင်းမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ယခုတစ်ကြိမ် တွေ့ဆုံမှုအပါအဝင် ယခုနှစ်အတွင်း သုံးကြိမ်မြောက်ရှိခဲ့ပြီး ဆွေးနွေးမှုများမှာ အရာမထင်ဘဲ နယ်စပ်ပြဿနာနှင့် လူဝင်မှုကိစ္စရပ်များကို ထိရောက်စွာတားဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
တရုတ်ရင်းနှီးမြှုပ်နှံမှု အများအပြားရှိသည့် ရခိုင်ပြည်နယ်မှ ပါတီခေါင်းဆောင်သုံးဦးကို အာဏာရ တရုတ်ကွန်မြူနစ်ပါတီက ၁၀ ရက်ကြာ လေ့လာရေးခရီး ဖိတ်ခေါ်။
Published on: June 4, 2014
တရုတ်ရင်းနှီးမြှုပ်နှံမှု အများအပြားရှိသည့် ရခိုင်ပြည်နယ်ရှိ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်သုံးဦးကို အာဏာရ တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံသို့ ၁၀ ရက်ကြာ လေ့လာရေးခရီး လာရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။
ဖိတ်ကြားမှုကို တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားဆက်ဆံရေးဌာနက ပြုလုပ်ခြင်းဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဖွဲ့စည်းပုံအကြောင်းနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ တိုင်းရင်းသားများအပေါ် သဘောထားကို ရှင်းပြလိုခြင်းကြောင့်ဟု ဖိတ်ကြားစာတွင် ပါရှိကြောင်း ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်က ဆိုသည်။
ခရီးစဉ်မှာ ဇွန် ၁၆ ရက်မှ ၂၅ ရက်အထိဖြစ်ပြီး ရခိုင်အမျိုးသားပါတီမှ ပထမခေါင်းဆောင် ဦးအေးသာအောင်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးကျော်မြင့်၊ ဦးဦးလှစောတို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ကို အလည်အပတ် လေ့လာရေးခရီးစဉ်ဟုသာ ပြောကြားထားသော်လည်း အခွင့်အရေးရပါက ရခိုင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဟု ဦးအေးသာအောင်က ပြောကြားသည်။
"ယေဘုယျအားဖြင့်တော့ တရုတ်က ရခိုင်ပြည်နယ်ထဲမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်သွားမယ်" ဟု ၎င်းကဆိုသည်။
တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုကော်မတီဝင်များကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီး ၁၀ ရက် ဖိတ်ကြားခဲ့ပြီး NLD နှင့်ဆက်ဆံရေး တိုးမြှင့်မှုများ ပြုလုပ်သွားရန် ထည့်သွင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မေလအတွင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့က မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်ခရိုင်ညီလာခံ လေ့လာခြင်း အပါအ၀င် NLD ပါတီ၏ လုပ်ငန်းစဉ်များအပေါ် လာရောက်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ အနေဖြင့် ယခင်စစ်အစိုးရ လက်ထက်က အစိုးရပိုင်းနှင့်သာ ဆက်ဆံမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်နှင့် ကုန်သွယ်ခွင့် အများအပြား ရရှိခဲ့သည်။ သို့သော် ၂၀၁၀ နောက်ပိုင်း လက်ရှိအစိုးရ တက်လာပြီးနောက်ပိုင်းတွင်မူ အတိုက်အခံ အင်အားစုများကို ဆက်ဆံမှု ပြုလုပ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်းမှစကာ တိုင်းရင်းသားပါတီများ အပါအ၀င် နိုင်ငံရေးပါတီများကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ ဖိတ်ခေါ်ခဲ့သည်။ အင်အားကြီး အတိုက်အခံပါတီ NLD ကိုလည်း လေ့လာရေးခရီးစဉ် ငါးကြိမ်ဖိတ်ခေါ်ပြီးဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း၊ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ရေနံပိုက်လိုင်း စီမံကိန်း စသည်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ဒေသခံ တိုင်းရင်းသားများနှင့် မြေယာလျော်ကြေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများနှင့် ပတ်သက်၍ မပြေလည်မှုများ ရှိနေကြောင်းလည်း သိရသည်။
ဖိတ်ကြားမှုကို တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားဆက်ဆံရေးဌာနက ပြုလုပ်ခြင်းဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဖွဲ့စည်းပုံအကြောင်းနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ တိုင်းရင်းသားများအပေါ် သဘောထားကို ရှင်းပြလိုခြင်းကြောင့်ဟု ဖိတ်ကြားစာတွင် ပါရှိကြောင်း ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်က ဆိုသည်။
ခရီးစဉ်မှာ ဇွန် ၁၆ ရက်မှ ၂၅ ရက်အထိဖြစ်ပြီး ရခိုင်အမျိုးသားပါတီမှ ပထမခေါင်းဆောင် ဦးအေးသာအောင်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးကျော်မြင့်၊ ဦးဦးလှစောတို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ကို အလည်အပတ် လေ့လာရေးခရီးစဉ်ဟုသာ ပြောကြားထားသော်လည်း အခွင့်အရေးရပါက ရခိုင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဟု ဦးအေးသာအောင်က ပြောကြားသည်။
"ယေဘုယျအားဖြင့်တော့ တရုတ်က ရခိုင်ပြည်နယ်ထဲမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်သွားမယ်" ဟု ၎င်းကဆိုသည်။
တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုကော်မတီဝင်များကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီး ၁၀ ရက် ဖိတ်ကြားခဲ့ပြီး NLD နှင့်ဆက်ဆံရေး တိုးမြှင့်မှုများ ပြုလုပ်သွားရန် ထည့်သွင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မေလအတွင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့က မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်ခရိုင်ညီလာခံ လေ့လာခြင်း အပါအ၀င် NLD ပါတီ၏ လုပ်ငန်းစဉ်များအပေါ် လာရောက်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ အနေဖြင့် ယခင်စစ်အစိုးရ လက်ထက်က အစိုးရပိုင်းနှင့်သာ ဆက်ဆံမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်နှင့် ကုန်သွယ်ခွင့် အများအပြား ရရှိခဲ့သည်။ သို့သော် ၂၀၁၀ နောက်ပိုင်း လက်ရှိအစိုးရ တက်လာပြီးနောက်ပိုင်းတွင်မူ အတိုက်အခံ အင်အားစုများကို ဆက်ဆံမှု ပြုလုပ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်းမှစကာ တိုင်းရင်းသားပါတီများ အပါအ၀င် နိုင်ငံရေးပါတီများကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ ဖိတ်ခေါ်ခဲ့သည်။ အင်အားကြီး အတိုက်အခံပါတီ NLD ကိုလည်း လေ့လာရေးခရီးစဉ် ငါးကြိမ်ဖိတ်ခေါ်ပြီးဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း၊ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ရေနံပိုက်လိုင်း စီမံကိန်း စသည်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ဒေသခံ တိုင်းရင်းသားများနှင့် မြေယာလျော်ကြေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများနှင့် ပတ်သက်၍ မပြေလည်မှုများ ရှိနေကြောင်းလည်း သိရသည်။
--
http://www.burmaburo.blogspot.com
Wednesday, 4 June 2014
Sunday, 1 June 2014
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်များကြား အခြေအနေတင်းမာ
30 May 2014 09:12(+0630) (လွန်ခဲ့သော 10 နာရီ ခန့်က)
မေလ ၂၈ ရက် နံနက်က မြန်မာပိုင်နက်နယ်စပ်မှတ်တိုင် အနီးသို့ အ၀ါရောင်ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦးခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်လုံခြုံရေးစောင့်နေသည့် ခမရ(၃၅၂)က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ခိုးဝင်လာသော နှစ်ဦးအနက် တစ်ဦးကျဆုံးကာ သေနတ်တစ်လက်ကိုပါ မြန်မာစစ်တပ်က သိမ်းဆည်းနိုင်ခဲ့သည်။
''သူတို့က အ၀ါရောင်ယူနီ ဖောင်းသာဝတ်ထားပြီး ဘာတံ ဆိပ်မှ တပ်မထားဘူး။ ဘာပဲဖြစ် ဖြစ် နယ်စပ်ခြံစည်းရိုးအနားကို ခိုးဝင်လာတဲ့အတွက် ပစ်တာပါ။ နယ်စပ်လုံခြုံရေးအရ လုပ်ခဲ့တာ။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် က သူတို့တပ်ဖွဲ့ဝင်ပါလို့ အ ကြောင်းကြားတဲ့အတွက် မကျေ လည်မှုတွေတော့ဖြစ်နေတယ်'' ဟု နယ်ခြားစောင့် လုံခြုံရေးရဲတပ် ဖွဲ့မှ ဒုတိယရဲမှူးကြီးအဆင့်ရှိ ရဲ အရာရှိကပြောသည်။
မေလ ၂၉ ရက်တွင် မောင် တောနယ်စပ်၌ မြန်မာစစ်တပ်နှင့် RSO လက်နက်ကိုင်တပ်ဖွဲ့တိုက် ပွဲဆက်ဖြစ်ကာ RSO အဖွဲ့မှ သုံး ဦးကျဆုံးခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း မဟုတ်မှန်ကြောင်း မောင်တောနယ်စပ်လုံခြုံရေးအဓိက တာဝန်ယူထားသည့် အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ရင်းမှူး ဒုတိယရဲမှူးကြီး သီဟန်ကပြောသည်။
''ဒီနေ့ဘာမှ ဆက်မဖြစ် ဘူး။ နယ်စပ်တစ်လျှောက်တော့ စစ်တပ်ရော ရဲပါ လုံခြုံရေးကို အ ချိန်ပြည့်စောင့်နေပါတယ်''ဟု ဒု တိယရဲမှူးကြီး သီဟန်ကပြော သည်။
နှစ်နိုင်ငံနယ်ခြားစောင့်တပ်
ဖွဲ့ကြား မေလ ၂၁ ရက်က အလံတင်ဆွေးနွေးပွဲတွင် RSO တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မြန်မာတပ်ဖွဲ့
ဝင်လေးဦး ကျဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆွေးနွေးတောင်းဆိုစဉ် အခြေအနေတင်းမာမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
Author: အောင်ခိုင်၊ အောင်သစ်လွင်
7DAY DAILY
RSO သူပုန်တွေနဲ့ မြန်မာ ဘင်္ဂ္လား နယ်စပ်မှာ တိုက်ပွဲ ထပ်ဖြစ်
30 May 2014 05:32(+0630) (လွန်ခဲ့သော 13 နာရီ ခန့်က)
ဒီတိုက်ပွဲအတွင်း တစ်ဘက် နိုင်ငံက ဝင်ရောက် လာတဲ့ အာရ်အက်စ်အို မွတ်ဆလင်အဖွဲ့ဝင် တစ်ယောက်ကို လက်နက်တွေနဲ့ အတူ အသေ ဖမ်းမိ ခဲ့တယ်လို့ မောင်တောမြို့နယ်ရဲမှူးကြီးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။
ဖမ်းမိတဲ့ လက်နက် အမျိုးအစားက M22 ဖြစ်ပြီး ကျည်ကပ် ၄ ခုနဲ့ ကျည်ဆံ ၉၈ တောင့်ကို သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။
ခမရ ၃၅၂ ၊ စစ်ကြောင်း ၁ က ဗိုလ်ဇော်မိုးအောင် ဦးစီးတဲ့ အစိုးရ တပ်ဖွဲ့နဲ့ နာရီဝက် ကြာတိုက်ပွဲ ဖြစ်ခဲ့တာ လို့လည်း သူကပြောပါတယ်။
အခု ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ဒီလ အတွင်း တတိယ အကြိမ်မြောက် ဖြစ်ပြီး မေလ ၁၇ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ မြန်မာ အစိုးရ ဘက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဝင် လေးယောက် ကျဆုံးခဲ့ရပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာတဲ့ အတွက် နယ်စပ် တလျှောက်မှာ ဘင်္ဂ္လားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့တွေကို တိုးမြှင့် ချထားတာ တွေလည်း ရှိနေပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
![]() |
| RSO သူပုန်တွေက နယ်စပ် ဖြတ်ကျော် လာပြီး တိုက်ခိုက် |
မြန်မာသံအမတ်ကြီးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆင့်ခေါ်
(နိရဉ္စရာ- ၃၀ မေလ ၂၀၁၄) / မောင်အေးယင်းသို့ ဆင့်ခေါ်ပြီးနောက် မြန်မာတပ်ဖွဲ့၏ တိုက်ခိုက်မူကြောင့် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး နယ်စပ်တွင် ပျောက်ဆုံးနေမူနှင့် ပတ်သက်ပြီး ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ကန့်ကွက်စာ တစ်စောင်ကိုလည်း မြန်မာဘက်သို့ ပေးအပ်ခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြသည်။
မေလ ၂၈ ရက် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ နံနက်က မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ် မိုင်တိုင် (၅၂) အနီးတွင် မြန်မာလုံခြုံရေး တပ်ဖွဲ့တစ်ခုနှင့် BGB ( Border Guard Bangladesh) ဟု ခေါ်သော ဘင်္ဂလာဒေခ်ျ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့နှင့် ထိတွေ့ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး BGB အရာရှိ တစ်ဦးဖြစ်သူ မီဇာနူရ် ရာဟာမန် ပျောက်ဆုံးနေခဲ့သည်ဟု ဆိုသည်။
၎င်းအရာရှိအား မြန်မာဘက်မှ ဖမ်းဆီထားသည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယူဆထားပြီး အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးအပ်ရန် ဘင်္ဂလာဒေခ်ျ့ နိုင်ငံက မြန်မာသို့ တောင်းဆိုကြောင်း မြန်မာ သံအမတ်ကြီးအား ပြောဆိုသည်ဟု သိရသည်။
မြန်မာသံအမတ်ကြီးကမူ ယင်းကိစ္စအား သက်ဆိုင်ရာ မြန်မာအာဏာပိုင် တာဝန်ရှိသူများထံတင်ပြပြီး အမြန်ဆုံး ပြန်လည် အကြောင်းပြန်ကြားပေးမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။
အလားတူ ရန်ကုန်ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံးကလည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနအား ကန့်ကွက် စာတစ်စောင် ယမန်နေ့က ရေးသားပေးပို့ခဲ့ပြီး ယင်းဖြစ်စဉ်အား အမြန်ဆုံး စစ်ဆေးပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း ဘင်္ဂလားမြန်မာနယ်စပ် နယ်စပ်မှတ်တိုင် ၅၂ အနီးတွင် ပုံမှန် လုံခြုံရေးတာ ၀န် ထမ်းဆောင်နေသည့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို မြန်မာနယ်ခြားစောင့်တပ်မှ ပစ်ခတ်ခဲ့သည့် အတွက် ဘင်္ဂလာနယ်ခြားစောင့် အရာရှိဖြစ်သူ မီဇာနူရ် ရာဟာမန် ပျောက်ဆုံးနေကြောင်း ဘင်္ဂလာတာ ၀န်ရှိသူ များမှ ပြောဆိုသည်။
ပျောက်ဆုံးနေသည့် ဘင်္ဂလာနယ်ခြားစောင့်တပ် အရာရှိဖြစ်သူ မီဇာနူရ် ရာဟာမန်နှင့်အတူ အမ်း ၂၂ ရိုင်ဖယ် တစ်လက်နှင့်အတူ ကျဉ်ဆန် ၁၂၀ ပျောက်ဆုံးနေကြောင်းဆိုသည်။
မြန်မာ-ဘင်္ဂလာနယ်စပ်တွင် မေလ ၁၃ ရက်နေ့က တစ်ကြိမ်၊ ၁၇ ရက်နေ့က တစ်ကြိမ် ဘင်္ဂလာဒေခ်ျ့ နယ်မြေတွင် ခိုအောင်းနေသော လက်နက်ကိုင် မူဆလင် အဖွဲ့တစ်ခုနှင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် မြန်မာဘက်ကမှ ရဲတပ်ဖွဲ့ဝင် (၄) ဦးကျဆုံးခဲ့ရသော်လည်း လက်နက်ကိုင် အကြမ်းဖက် အုပ်စုများအား ခိုလုံခွင့်ပေးထားသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ အပေါ် မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာမှ လူသိရှင်ကြား တစ်စုံတစ်ရာ ကန့်ကွက်ခဲ့မူ မရှိကြောင်း သိရသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ တပ်ဖွဲ့တွေ အကြား တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို
(နိရဉ္စရာ- ၃၀ မေလ ၂၀၁၄)တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကို Bdnews24.com အပါအ၀င် ဘင်္ဂလာဒေခ်ျ့ အွိုင်လိုင်း သတင်းများတွင် ဖေါ်ပြသည်။
တိုက်ပွဲမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် နတ်ကျောက်ဆရီမြို့နယ် အနီးရှိ နယ်စပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အကျအဆုံး အထိအခိုက်ကို မသိရသေးကြောင်း BGB ဘင်ဒရိုဘင် ခရိုင် တပ်မှူး ဗိုလ်မှူးကြီး Col KM Saiful Islam က ပြောကြောင်း သတင်းများတွင် ဖေါ်ပြသည်။
ယင်းပြင် တိုက်ပွဲ ဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း၊ သို့သော်လည်း ဘင်္ဂလာဒေခ်ျ့မှ အရာရှိ တစ်ဦး ကျဆုံးသွားခြင်းအပေါ် မြန်မာဘက်သို့ ကန့်ကွက်ပြီးနောက် တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် အခြေအနေမှာ အထူးရှုတ်ထွေးနေကြောင်း၊ သတိထားရမည့် အခြေအနေလည်း ရှိနေကြောင်း ကော့စ်ဘဇားမြို့မှ ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
သို့သော်လည်း တိုက်ပွဲ ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး နိရဉ္စရာ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါ။
မူရင်းလင့်ကို အောက်တွင် ကြည့်နိုင်ပါသည်။
http://bdnews24.com/bangladesh/2014/05/30/bgb-trades-gunfire-with-myanmars-border-police
--
http://www.burmaburo.blogspot.com
ယနေ့ခေတ်ဆုံးမစာများ
ယနေ့ခေတ်တွင်လည်း ဆုံးမစာများကို အသုံးပြုနေဆဲပင်ဖြစ်သည်။
ဥပမာ-"ဟွာဝေးတရုတ်ဖုန်း အစုတ်ဆုံး နောင်တရမယ် တစ်သက်လုံး"၊
"MPT သုံးလျှင် သတိယှဉ် စိတ်ရှည်ဇွဲလှ လိုင်းမရ" ဟူသောဆုံးမစာများကို ခေတ်နှင့်အညီ ထွက်ပေါ်လာသည်။ ထို့ကြောင့် မြန်မာမှု မြန်မာ့ဓလေ့
ဆုံးမစာများကို ခေတ်အလိုက် ရှင်သန်နေစေရန် ရည်ရွယ်၍ အသိအလိမ္မာတိုးပွားစေရန် လက်လှမ်းမီသမျှစုစည်းဖော်ပြရသော်-
ဥပမာ-"ဟွာဝေးတရုတ်ဖုန်း အစုတ်ဆုံး နောင်တရမယ် တစ်သက်လုံး"၊
"MPT သုံးလျှင် သတိယှဉ် စိတ်ရှည်ဇွဲလှ လိုင်းမရ" ဟူသောဆုံးမစာများကို ခေတ်နှင့်အညီ ထွက်ပေါ်လာသည်။ ထို့ကြောင့် မြန်မာမှု မြန်မာ့ဓလေ့
ဆုံးမစာများကို ခေတ်အလိုက် ရှင်သန်နေစေရန် ရည်ရွယ်၍ အသိအလိမ္မာတိုးပွားစေရန် လက်လှမ်းမီသမျှစုစည်းဖော်ပြရသော်-
၁။ အိမ်ထောင်မှု ဘုရားတည် တက်တူးရယ် အမတ်မင်းလို ခက်တယ်ကွယ်ဟူသတတ်။
၂။ အမြန်လမ်းသုံး သတိထုံး ၁၀၀ ကျော်ရင် ဂျွမ်းပစ်ဦး
၃။ ကားကြပ်ရှောင်ကာ လမ်းကြောင်းသာ မြေပုံသိမှ ရောက်နိုင်တာ
၎။ ရှေ့ပြောနောက်ကြည့်သတိရှိ ဖွဘုတ်ပေါ်မှာ လူတွေသိ
၅။ အုပ်ချုပ်ရေးမှူးမကိုးကွယ် ဖုန်းတွေပေးမှ နာလိမ့်မယ်
၆။ လမ်းကြေးတောင်းလျှင် သတိယှဉ် ပါးရိုက်ခံမှ အမှန်မြင်
၇။ နာမည်ကြီးချင် ပါးရိုက်သင်
၈။ ဖွတ်ကိုလည်းမချော့နှင့် မွတ်ကိုလည်း မပေါ့နှင့်
၉။ အရက်ကောင်းသောက်ချင် တောကိုဝင်
၁၀။ MPT ရဲ့ ကျေးဇူးမဟာ မာဆတ်ရောက်မှ သိနိုင်တာ
၁၁။ လိုင်းကားလိုသတ္တိဖြင့် ဘဝခရီးကိုရှေ့ဆက်ပါ
၁၂။ ကျူပင်ခုတ်ကျူငုတ်မကျန် တောကိုခုတ်အမြစ်မချန်
၁၃။ ထောင်ကျမှလူရာဝင် စာမတတ်မှအကောင်ထင်
--
http://www.burmaburo.blogspot.com
ရှမ်းပြည်နယ် တောင်ပိုင်း မိုးနဲမြို့ တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သော မိန့်ခွန်းအပြည့်အစုံ နှင့် ဓါတ်ပုံများ…
ရှမ်းပြည်နယ် တောင်ပိုင်း မိုးနဲမြို့ တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သော မိန့်ခွန်းအပြည့်အစုံ နှင့် ဓါတ်ပုံများ…
၂၅-၁-၂၀၁၄ (စနေနေ့ မနက် ၁၁ နာရီ ၄၅ မိနစ်)
ကျွန်မတို့ရဲ့ တွေ့ ဆုံပွဲကိုလာပြီးတော့ အားပေးတဲ့ ကြိုဆိုတဲ့ ပြည်သူလူထု အား
လုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မအနေနဲ့  ဒီဒေသခံ ဘာသာစကားနဲ့ မပြောတတ်လို့လဲ
တောင်းပန်ပါတယ်၊ မိုင်းဆုန်းခ တော့ ပြောတတ်တယ်၊ ကျန်တာတော့ မပြောတတ်ဘူး။
အဲ့ဒီလောက်ပဲ ပြောတတ်လို့ တောင်းပန်ပါတယ်၊ ဒါပေမယ့် အဲ့ဒီလို စဉ်းစားတဲ့အခါမှာ
ကျွန်မတို့ နိုင်ငံက ကြည့်လို့ ရှိရင် အင်မတန်မှ ချမ်းသာတဲ့ နိုင်ငံပါ၊ ချမ်းသာတဲ့ နိုင်ငံဆို
တာက ကျွန်မ တခြားလူတွေ ပြောသလို သယံဇာတ ပစ္စည်းတွေကို ပြောနေတာ မဟုတ်
ပါဘူး၊ ကျွန်မတို့ရဲ့ သတ္တုတွေ၊ ကျွန်မတို့ ရဲ့ ကျောက်သံပတ္တမြားတွေ၊ သဘာဝဓာတ်ငွေ့ 
တွေကို ပြောနေတာ မဟုတ်ပါဘူး။ ကျွန်မတို့ ဟာ တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှု စုံ
လင်မှု့ အရ အင်မတန်မှ ချမ်းသာတဲ့ နိုင်ငံပါ၊

ကြိုဆို နှုတ်ဆက်ကြသော တိုင်းရင်းသူများ…
အခု ဒီမနက်ဆိုလို့ ရှိရင် နမ့်စန်က ထွက်လာတဲ့လမ်း ဒီလမ်းတိုတိုပေါ့နော် နမ့်
စန်က မိုးနဲ ဆိုတော့ ဒီလောက် ဝေးတဲ့ခရီးမဟုတ်ပါဘူး။ ဒါပေမယ့် ဒီခရီးတို အတွင်းမှာ
ဆိုရင်တောင်မှ တိုင်းရင်းသားပေါင်းစုံ၊ အင်မတန် မှ လှပတဲ့ဝတ်စုံ ပေါင်းစုံကို ကျွန်မတို့ 
တွေ့ ရတယ်၊ ဒါဟာ ကျွန်မတို့ ရဲ့ အင်အားပဲ၊ ကျွန်မတို့  နိုင်ငံထဲမှာ ဘာသာ အမျိုးမျိုး
ယဉ်ကျေးမှု အမျိုးမျိုး၊ တိုင်းရင်းသား အမျိုးမျိုးရှိတယ်ဆိုတာ၊ တကယ်တော့ အင်အားပဲ၊
ဒါပေမယ့် အင်အားဆိုတာ မှန်မှန်ကန်ကန် သုံးမှ အကျိုးပေးတယ်။ အင်အားဆိုတာ မ
မှန်မကန်တဲ့ နည်းနဲ့သုံးရင် အကျိုးမပေးဘူး။ ကျွန်မတို့ ရဲ့ အင်အား၊ ကျွန်မတို့ရဲ့ စုံလင်
တဲ့ ဘာသာတွေ ဘာသာစကား တွေ၊ ယဉ်ကျေးမှုတွေ၊ များပြားလှတဲ့ မတူတဲ့အမြင်တွေ
ဟာ တကယ်တော့ အင်အားဖြစ်နိုင်တယ်၊ ဒါတွေကို စုပေါင်းပြီးတော့ အဲ့ဒီထဲက အ
ကောင်းဆုံးတွေကို ကျွန်မတို့ ယူမယ်ဆိုရင် ဒါအင်အားပဲ၊

ကားလမ်းဘေးမှ စောင့်ဆိုင်းကြိုဆိုကပြသော တိုင်းရင်းသားအက ကို ကားပေါ်မှ ကြည့်ရှု့နေစဉ်…
ဒါပေမယ့် ဒီ မတူတာတွေပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့ အချင်းချင်း ရန်ဖြစ်
မယ်ဆိုလို့ ရှိရင် ဒါ အင်အား မဟုတ်တော့ဘူး၊ ဒါ အန္တရာယ်ဖြစ်လာတယ်၊ ကျွန်မတို့ အ
တွက် ထိခိုက်စရာဖြစ်လာတယ်၊ ဒါကြောင့်မို့ လို့  ကျွန်မတို့ ရဲ့ နိုင်ငံဟာ တိုင်းရင်းသား
ပေါင်းစုံနဲ့ ထူထောင်ထားတဲ့ ပြည်ထောင်စု ဖြစ်တဲ့ လျောက် သိပ်ပြီးတော့ ညီညွတ်ဖို့ လို
ပါတယ်၊ ညီညွတ်ရေး ရဖို့ ဆိုတာလဲ မလွယ်ပါဘူး။ ဘာဖြစ်လို့  လဲဆိုတော့ ကျွန်မတို့ 
မိတ်ဆွေ အချင်းချင်းတောင်မှ မိသားစုတစ်စု တည်းတောင်မှ သဘောချင်းမတူတာတွေ
ရှိတယ်၊ မတူတဲ့ အခါကျတော့ ကျွန်မတို့ ညီညွတ်မှု မရဘူး။

အမေအို တို့ စောင့်ဆိုင်းနှုတ်ဆက်…
ဘာမဟုတ်တဲ့ အရေးမကြီးတဲ့ မနက်ဖြန် အိမ်မှာ ဘာဟင်းချက်စားမလဲ ဆိုတဲ့
ကိစ္စတောင်မှ တခါတလေ မိသားစု အချင်းချင်း၊ သားသမီး အချင်းချင်း ရန်ဖြစ်ကြတယ်၊
တစ်ယောက်က တစ်မျိုး စားချင်တယ်၊ တစ်ယောက်က တစ်မျိုးစားချင်တယ်၊ ဟင်းက
လဲ ဒီတစ်မျိုးပဲ ချက်နိုင်မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် သဘောမတူပဲ ရန်ဖြစ်
ကြတာတွေရှိကြတယ်။ တစ်ချို့ ကျတော့ တစ်ချို့ မိသားစုတွေ ကျတော့၊ ဒီဟာတွေဟာ
မလိုအပ်ဘူးဆိုတာ နားလည်တယ်၊ ဒီနေ့ ဟင်းတစ်မျိုးချက်မယ်၊ နောက်နေ့  ဟင်းတစ်
မျိုး၊ သူနေ့ နဲ့ သူ သူဘာသာဆုံးဖြတ်၊ ဒီနေ့ဆိုလို့ ရှိရင် ကလေးအကြီးကို ဆုံးဖြတ်ပိုင်ခွင့်
ပေးမယ်၊ ကလေးအကြီး ဘာစားချင်လဲ ချက်ပေးမယ်၊ နောက်တစ်နေ့ ကျရင် အလတ်
စားချင်တာ ချက်ပေးမယ်၊ နောက်တစ်နေ့ကျ အငယ်စားချင်တာ ချက်မယ်၊ စသဖြင့် ပြေ
လည်အောင်လုပ်လို့ ရတယ်၊ အဲ့ဒီလို ပြေလည်အောင်လုပ်လို့  ရတဲ့ဟာမှာ အားလုံးအ
တွက်လဲ အကျိုးရှိတယ် ဟင်းပေါင်းစုံသွားတာပေါ့၊ နောက်မို့  လို့ ရှိရင် တစ်ယောက်ထဲ
ကနေပြီးတော့ သူ့  သဘောအရ သူ ကြိုက်တာပဲ ချက်နေမယ်ဆိုရင် ဟင်းတစ်မျိုးပဲ နေ့ 
တိုင်းနေ့ တိုင်း စားနေရတဲ့ အခါကျတော့ ငြီးငွေ့  တာသက်သက်ပေါ့၊ အဟာရလည်း မ
ပြည့်စုံဘူး။ အဲ့ဒီတော့ ကျွန်မတို့ အတွက် ဆုံးရှုံးတယ်၊

ဒေသခံတို့၏ လက်ဆောင် ချယ်ရီပန်း…
ဒီလိုပဲ ကျွန်မတို့ နိုင်ငံမှာဆိုလို့ ရှိရင် ကျွန်မတို့ ဗမာတွေဟာ လူများစုဖြစ်တယ်၊
ဒါပေမယ့် ဘယ်နေရာသွားသွား၊ ဘယ်မှာပဲ ကြည့်ကြည့်၊ ဗမာတွေရဲ့ စိတ်ဆန္ဒ အရပဲ
လုပ်မယ်ဆိုလို့ ရှိရင် ကျွန်မတို့ နိုင်ငံအတွက် မသင့်တော်ဘူး။ ကျွန်မတို့ အားလုံးဟာ
ညီမျှမှုရှိရမယ် ဒီ တန်းတူညီမျှမှုရှိမှသာလျှင်၊ ကျွန်မတို့ နိုင်ငံဟာ ညီညွတ်နိုင်မှာ၊ တန်း
တူညီမျှမှုမရှိပဲနဲ့ ညီညွတ်မှု မရနိုင်ဘူး၊ ဒါကြောင့် ပထမဦးဆုံးအနေနဲ့  ကျွန်မတို့ နိုင်ငံ
ညီညွတ်မှလည်း ချမ်းသာနိုင်မယ်၊ အဲ့ဒီတော့ ချမ်းသာဖို့ ဆို လို့  ရှိရင် တန်းတူညီမျှမှု ရ
အောင်ဘယ်လို လုပ်လို့ ရမလဲဆိုတော့ အခြေခံအားဖြင့် အခြေခံဥပဒေအရ ကျွန်မတို့ 
အားလုံးကို တန်းတူညီမျှမှုပေးရမယ်၊ အားလုံးကို တန်းတူညီမျှမှုပေးတဲ့ ဖွဲ့ စည်းပုံအခြေ
ခံဥပဒေ တစ်ခုကို ကျွန်မတို့ ရေးဆွဲရမယ်။ ဒီတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့  ပက်သက်
လို့ ၊ တချို့ကပြောတယ် မပြင်ပေးရင် ဘယ်နှယ့် လုပ်မလဲလို့ ပြောကြတယ်၊ မေးကြ
တယ်၊ အဲ့ဒီတော့ ကျွန်မ အမြဲပြောတယ်၊

လူထုခေါင်းဆောင်မှ ဒေသခံတို့၏ ပေးသော ချယ်ရီပန်းအား လက်ခံနေစဉ်

ညီညွှတ်စွာ စောင့်ဆိုင်းကြသော ဒေသခံများ…
တကယ်တော့ ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုတာဟာ၊ စာတမ်းတစ်ခုပါပဲ၊ လူတစ်
စုက ပြုထားတဲ့ စာတမ်းတစ်ခုပါပဲ၊ ကျွန်မတို့ရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကလည်း၊ စော
စောက ရှင်းပြသလိုပဲ လူတစ်စုကနေ ရေးဆွဲပြီးတော့ ပြည်သူလူထုကနေ တကယ့်စစ်မှန်
တဲ့ ဆန္ဒမပါပဲနဲ့ အတည်ပြုခဲ့တာပဲ၊ ဒါကြောင့် ကျွန်မတို့ အနေနဲ့ ဒါကို မပြောင်းနိုင်စရာ
အကြောင်း ဘာမှမရှိဘူး။ သို့ သော်ငြားလည်း ကျွန်မတို့ က အေးအေးချမ်းချမ်းနဲ့ ပြောင်း
ချင်တယ်။ ကျွန်မတို့  အမျိုးသားရင်ကြားစေ့ရေး ဆိုတဲ့မူပေါ်မှာအခြေခံပြီးတော့ ပြောင်း
ချင်တယ်။ အဲ့ဒီတော့ အမျိုးသားရင်ကြားစေ့ရေး ဆိုတာကို ကျွန်မ နဲနဲလေး ရှင်းပြပါရစေ၊
ကျွန်မတို့  ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စပြီးတော့ ထူထောင်ကတည်း
က ကျွန်မတို့ က အမျိုးသားရင်ကြားစေ့ရေးကို အရေးတကြီး ပန်းတိုင်တစ်ခုအနေနဲ့ ကျွန်
မတို့ လက်ခံခဲ့တယ်၊

ရင်သွေးများချီ၊ စာတန်းများကိုင်ကာ ထောက်ခံကြိုဆိုကြသည်…

တိုင်းရင်းသူများ၏ အလယ်တွင်…
ဘာဖြစ်လို့  အမျိုးသားရင်ကြားစေ့ရေးလို့ ပြောရလဲဆိုတော့ အဲ့ဒီတုန်းကဆိုလို့
ရှိရင် အုပ်ချုပ်တဲ့ အစိုးရနဲ့  ပြည်သူတွေကြားမှာ စိတ်ဝမ်းကွဲနေတယ်၊ တပ်မတော်နဲ့  အ
ရပ်သားတွေကြားမှာ စိတ်ဝမ်းကွဲနေတယ်၊ ကျွန်မတို့ တိုင်းရင်းသားတွေ အချင်းချင်းကြား
မှာလဲ စိတ်ဝမ်းကွဲနေတယ်၊ ဒီလို စိတ်ဝမ်းကွဲမှုတွေ အားလုံးကို ပြန်ပြီးတော့ ပြေလည်
အောင်လို့  ရင်ကြားစေ့ရေးလုပ်မှ ကျွန်မတို့ နိုင်ငံဟာ ရှေ့ ဆက်ပြီးတော့တိုးတက်နိုင်မယ်
ချမ်းသာနိုင်မယ် ဆိုတာဟာ စဉ်းစားလို့ ရှိရင် လူတိုင်း နားလည်နိုင်ပါတယ်၊ ဒါဟာလွယ်
လွယ်လေးပါ၊ ကျွန်မတို့ အချင်းချင်း မညီညွတ်လို့ရှိရင် ဘယ်လိုမှ မတိုးတက်နိုင်ဘူး၊
ကျွန်မတို့ ဘယ်လောက်ပဲ ချမ်းသာတဲ့ နိုင်ငံလို့ ပြောပြော၊ ပြည်သူလူထုက ကိုယ်ဆင်းရဲ
စိတ်ဆင်းရဲ နဲ့ နေရလိမ့်မယ်၊ ဒါကြောင့် ကျွန်မတို့ ဟာ ငြိမ်းချမ်းဖို့ လိုတယ်၊ ငြိမ်းချမ်းမှ
ပြည်သူတွေဟာ လုံခြုံ မှုရှိမယ်၊ လုံခြုံမှုရှိမှ မကြောက်မရွံ နဲ့ နေနိုင်မယ်၊ ကြောက် ရွံ့ ပြီး
နေရတဲ့ ဘဝဆိုတာက အင်မတန်မှ ပူလောင်ပါတယ်၊

အမျိုးသားရင်ကြားစေ့ရေးကို အဓိကထားကြောင်း မိန့်ကြား…
ကျွန်မတို့ ရှမ်းပြည်နယ်က ပြည်သူလူထုဆိုလို့ ရှိရင် ပြည်တွင်းစစ်ရဲ့ ဒဏ်တွေ
ကို ခံခဲ့ရတဲ့ ပြည်သူလူထုပါ၊ အေးအေးချမ်းချမ်း မနေရလို့ လုံလုံခြုံခြုံ မနေရလို့ ၊ဘယ်လို
ဒုက္ခတွေ ဖြစ်ခဲ့တယ် ဆိုတာကို ကျွန်မတို့ ထက် အများကြီး ပိုပြီးတော့ ဒီပြည်နယ်က
လူထုက သိပါတယ်။ အဲ့ဒါကြောင့်မို့ လို့  ဒီဒုက္ခတွေ ပပျောက်သွားအောင်လို့  ကျွန်မတို
စပြီးတော့ ခြေလှမ်းတွေ လှမ်းရတော့မယ်။ အခုငြိမ်းချမ်းရေး စကားတွေပြောနေကြတယ်၊
ငြိမ်းချမ်းရဖို့ ကြိုးစားနေကြတယ်၊ ဒါပေမယ့် ဘယ်လိုပဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်
လုပ်၊ ဘယ်လိုပဲ သဘောတူညီမှုတွေရှိရှိ၊ ဒီနိုင်ငံဟာ ဆက်ပြီးတော့ ငြိမ်းချမ်း ဖို့ ဆိုလို့ ရှိ
ရင် ဒီနိုင်ငံရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ ကျွန်မတို့  ပြည်ထောင်စုသားအများစုက လက်
ခံနိုင်တဲ့ ဥပဒေတစ်ခုလဲ ဖြစ်ရမယ်၊ အများစုကလက်မခံနိုင်တဲ့ ဥပဒေမျိုးဆိုလို့ ရှိရင် ဘယ်
လိုမှ ကျွန်မတို့ နိုင်ငံကို တည်ငြိမ်မှုပေး နိုင်မှာ မဟုတ်ဘူး၊ ရေရှည် ချမ်းသာမှုပေးနိုင်မှာ
မဟုတ်ဘူး။

ငြိမ်းချမ်းဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီး…
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အစကတည်းက ကျွန်မတို့ ဦးတည်ခဲ့တာ စစ်
မှန်တဲ့ ပြည်ထောင်စုဖယ်ဒရယ် မူကို အခြေခံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုဖယ်ဒရယ် ဆို
တဲ့စကားကို တချိန်တခါက ဆိုလို့ ရှိရင် ဒီနိုင်ငံမှာ မပြောရဲလောက်အောင် လို့  ပြည်သူ
တွေက ကြောက်ရပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ တချိန်တခါတုန်းက ဆိုလို့ ရှိရင် ဒီနိုင်
ငံကို အုပ်ချုပ်တဲ့ အစိုးရလုပ်တဲ့ ပုဂ္ဂိုလ်များဟာ ဖယ်ဒရယ်ဆိုတဲ့ စကားဟာ ခွဲထွက်ရေး
လို့  အဓိပ္ပာယ်ပေါက်တယ်၊ ဒါကြောင့်မို့ လို့  ဖယ်ဒရယ်ဆိုတဲ့ စကားကို သုံးတဲ့သူတွေက
ပဲ အပြစ်ရှိသလိုလို သူတို့ ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်မတို့ အဖွဲ့ ချုပ်က အစဉ်တစိုက်
ပြောခဲ့တယ်၊ ဖယ်ဒရယ် ဆိုတဲ့စကားဟာ ခွဲထွက်ရေးမဟုတ်ဘူး။ ဖယ်ဒရယ်ဆိုတာဟာ
အုပ်ချုပ်ရေး ပုံစံတစ်မျိုး၊ ဗဟိုအစိုးရနဲ့  ပြည်နယ်အစိုးရတွေ ကြားထဲမှာ သဘောတူညီမှု
အရ လုပ်ပိုင်ခွင့်တွေကို ခွဲခြားထားတဲ့ အုပ်ချုပ်ပုံ ပုံစံတစ်မျိုး ဒါပဲ၊

ဖယ်ဒရယ်သည် ခွဲထွက်ရေးမဟုတ်ကြောင်း မိုးနဲတွင် ပြောကြား…
အမေရိကန်ပြည်ထောင်စု ဆိုရင်လည်း ဖယ်ဒရယ် နိုင်ငံပဲ၊ ဆွစ်ဇလန် နိုင်ငံ
လည်း ဖယ်ဒရယ် နိုင်ငံပဲ၊ ညီညွတ်တဲ့နိုင်ငံတွေ တိုးတက်တဲ့ နိုင်ငံတွေ၊ ခွဲထွက်စရာ မရှိ
တဲ့ နိုင်ငံတွေ တချိန်တခါ တုန်းက အမေရိကန်ပြည်ထောင်စုမှာ ခွဲထွက်ရေးကိစ္စဖြစ်လာ
လို့  ပြည်တွင်းစစ်ကြီး ဖြစ်လိုက်တာဟာ သူတို့ နိုင်ငံအတွက် အင်မတန်မှ နစ်နာခဲ့တယ်၊
သူတို့ နိုင်ငံရဲ့ သမိုင်းမှာ အကြီးအကျယ်ဆုံး ပဋိပက္ခလို့ လဲ ပြောလို့ ရတယ်၊ ဒါပေမယ့်
ဖယ်ဒရယ် ဆိုတဲ့စနစ်ဟာ ပြည်သူတွေကနေပြီးတော့ ဘယ်အုပ်စုက နေမှာမှ ခွဲ မထွက်
ချင်အောင်လို့ သဘောတူညီမှုရအောင် လုပ်ထားတဲ့ စနစ်တစ်ခု ဖြစ်တယ်၊ ကျွန်မတို့ နိုင်
ငံ တိုးတက်ဖို့  ချမ်းသာဖို့ ဆိုတာ ပြည်သူလူထု အများစုက လိုလားမှဖြစ်နိုင်မှာ၊

ကားအတွင်းရှိ လူထုခေါင်းဆောင်အား ယခုကဲ့သို့ နှုတ်ဆက်ကြ…
ဒါကြောင့် ပြည်သူလူထု အများစု လိုလားတဲ့ ပုံစံနဲ့ ကျွန်မတို့ ရဲ့ နိုင်ငံကို ထူ
ထောင်ရမယ်၊ ကျွန်မတို့ ရဲ့ တိုင်းရင်းသား လူမျိုးစုများဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်
ဖြစ်စေ ကိုယ့်ရဲ့ အခွင့်အရေးတွေ အလုံအလောက်ရတယ်၊ ကိုယ်က လုံခြုံတယ်၊ ကိုယ့်
ရဲ့ အခွင့်အရေးတွေကို အစိုးရလုပ်သူများက မှန်မှန်ကန်ကန် နဲ့  ပြည့်ပြည့်ဝဝ ကာကွယ်
ပေးမယ်ဆိုတဲ့ သဘောထားရှိမှ၊ အဲ့ဒီ ယုံကြည်ချက်ရှိမှ ကျွန်မတို့ နိုင်ငံဟာ အေးချမ်းနိုင်
မှာ၊ ပိုက်ဆံ ရှိရုံနဲ့  မအေးချမ်းနိုင်ဘူး။ ဥပမာ အနေနဲ့  ပြောရမယ်ဆိုလို့ ရှိရင် ရွာလေး
တစ်ရွာမှာ အမြဲပဲ တချိန်လုံး ဓားပြ တွေ ထနေမယ်ဆိုလို့ ရှိရင် ပိုက်ဆံရှိတဲ့လူလဲ မလုံခြုံ
ဘူး၊ ပိုက်ဆံမရှိတဲ့လူလဲ မလုံခြုံဘူး။ တနည်းအားဖြင့် ပြောရရင် ပိုက်ဆံမရှိတဲ့လူကမှ ပို
လုံခြုံသေးတယ်၊ ဓားပြလာပြီး တိုက်စရာ အကြောင်းမရှိလို့ ၊ ပိုက်ဆံရှိတဲ့ လူကဆိုလို့ ရှိ
ရင် ဓားပြတွေရှိတဲ့ ရွာမှာ နေရတာမလုံခြုံဘူး။ ဒီတိုင်းပဲ ကျွန်မတို့ နိုင်ငံမှာ ဘယ်လောက်
ပဲ ရုပ်ပိုင်းအရ ချမ်းသာ ချမ်းသာ လုံခြုံမှုမရှိရင် ကျွန်မတို့  နိုင်ငံသူနိုင်ငံသားများဟာ အေး
အေးချမ်းချမ်း တည်တည် ငြိမ်ငြိမ်နဲ့ နေနိုင်မှာ မဟုတ်ဘူး။

ကြာကလပ် ဖြင့် ပန်းလက်ဆောင်…
ဒါကြောင့် ကျွန်မတို့ ဖွဲ့ စည်းပုံ အခြေခံဥပဒေဟာ အများကနေပြီးတော့ လက်
ခံနိုင်ပြီးတော့ နိုင်ငံကို တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊ ညီညွတ်မှု ပေးနိုင်မဲ့ ဥပဒေတစ်ခုဖြစ်ဖို့ လို
ပါတယ်။ အခြေခံအားဖြင့် ဒီလိုဥပဒေဆိုတာ ဘယ်လို ဥပဒေမျိုးလည်း၊ တရားမျှတတဲ့
ဥပဒေ မျိုးပဲ၊ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့  ကိုက်ညီတဲ့ ဥပဒေမျိုးပဲဖြစ် ရမယ်။ အဲ့ဒီလို
ဥပဒေမျိုး မဟုတ်လို့ ရှိရင် ရေရှည်မှာ ကျွန်မတို့  နိုင်ငံကိုအကျိုးပြု နိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့် အခု ကျွန်မတို့ ပြည်နယ်တွေမှာ အဓိကထားပြီးတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေ
နဲ့  ပက်သက်လို့ ရှင်းလင်းတာဟာ ကျွန်မတို့ လိုလားတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ
တချို့က ပြောနေသလို အများစု ဗမာတွေနဲ့ပဲ ဆိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ တိုင်းရင်းသား
အားလုံးနဲ့ ဆိုင်ပါတယ်၊ တနည်းအားဖြင့်ပြောရမယ်ဆိုရင်၊ လူနည်းစုတွေ အတွက် ပိုပြီး
တော့ အရေးကြီးတယ်လို့ တောင်မှ ကျွန်မတို့ ပြောလို့ ရတယ်။ ဘာဖြစ်လို့ လဲဆိုတော့
တရားမျှတမှု ဆိုတာဟာ အင်အားကြီးတဲ့လူနဲ့  အင်အားငယ်တဲ့လူကြားမှာ ညီမျှအောင်
လုပ်ပေးတဲ့ သဘောပါပဲ၊ အင်အားကြီးနေတဲ့လူက မညီမျှရင် သူ ရိုက်ရင် ရိုက်မှာပေါ့
သူက အင်အားကြီးနေတာကိုး၊ သူက အပေါ်စီးရနေတာကိုး၊ သို့ သော်ငြားလည်း အင်
အားနည်းတဲ့ လူအတွက်တော့ ညီမျှမှု မရှိရင် အင်မတန်မှ နစ်နာပါတယ်။ အင်မတန်မှ
ဘဝမှာ လုံခြုံမှုနည်းပါတယ်။

လူထုခေါင်းဆောင်၏ ကားရှေ့မှ ရှမ်းရိုးရာအက…
ဒါကြောင့် မှန်ကန်တဲ့ ဒီမိုကရေစီ စံနှုန်းစံထားနဲ့  ကိုက်ညီတဲ့ ဖွဲ့ စည်းပုံ အခြေခံ
ဥပဒေဆိုတာ တိုင်းရင်းသား လူနည်းစုတွေ အတွက် ပိုပြီးတော့တောင်မှ အရေးကြီးတယ်
လို့  ကျွန်မက ပြောချင်တာပါ။ ဒီဟာကိုလည်း ကျွန်မတို့  တိုင်းရင်းသားများ နားလည်
စေချင်ပါတယ်။ တချို့ တိုင်းရင်းသားများ၊ အဖွဲ့ အစည်းများက မြင်တာက အခုဖွဲ့ စည်းပုံ
အခြေခံဥပဒေ ပြုပြင်ပြောင်းလဲ ရေးနဲ့  ပက်သက်လို့ ဆိုရင် ကျွန်မတို့ အမျိုးသားဒီမိုက
ရေစီအဖွဲ့ ချုပ်က ကျွန်မကို သမ္မတ ဖြစ်စေချင်လို့  လုပ်နေတယ်လို့ ဆိုတဲ့ စွပ်စွဲချက်တွေ
လည်း ရှိပါတယ်။ အဲ့တော့ ဒါကိုလည်း ကျွန်မတို့ က ရှင်းရှင်းလေးနဲ့ ဖြေလို့ ရပါတယ်။
ကျွန်မတို့ ဟာ ဖွဲ့ စည်းပုံအခြေခံဥပဒေ တစ်ခုဆိုတာ ဘယ်ပုဂ္ဂိုလ်တစ်ဦးကို မှ ရည်ရွယ်
ပြီးတော့ ရေးရမဲ့ဟာ မဟုတ်ဘူး၊ အများ အတွက်၊ နိုင်ငံအတွက်၊ နိုင်ငံရဲ့ အနာဂတ်အ
တွက် ကြည့်ပြီးတော့ ရေးရမှာ၊ ကျွန်မကို သမ္မတ မဖြစ်စေချင်တာနဲ့ ဒီလို ပုံစံမျိုးရေး
တယ်ဆိုတာဟာ တကယ်တော့ အင်မတန်မှ သိက္ခာ မရှိဘူးလို့ပဲ ကျွန်မပြောချင်ပါတယ်။

ဖွဲ့စည်းပုံသည် မိမိအား သမ္မတ မဖြစ်ရန် ရည်ရွယ်ရေးဆွဲထားကြောင်း …
တနည်းအားဖြင့်တော့ ပြောလို့ ရှိရင်တော့ ကျွန်မ အခု လက်ရှိ တစ်ကမ္ဘာလုံးက
လူတစ်ယောက်ကို ဦးတည်ပြီးတော့ ရေးထားတဲ့ အခြေခံဥပဒေဆိုတာဟာ ကျွန်မတို့ 
နိုင်ငံမှာပဲ ရှိတယ်။ အဲ့တော့ ဒါဟာ ထူးခြားချက်ပေါ့နော်၊ ဒါပေမယ့် ဂုဏ်ယူစရာကောင်း
တဲ့ ထူးခြားချက်တော့ မဟုတ်ပါဘူး။ အဲ့ဒီတော့ ကျွန်မပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ဘယ်
သူ့ ကိုမှ ဦးတည်ပြီးတော့ သာမန် ဥပဒေ တွေတောင်မှ မဆွဲသင့်ဘူး၊ ဖွဲ့ စည်းပုံ အခြေခံ
ဥပဒေ တော့ ထားလိုက်တော့၊ ဒါပေမယ့် သာမန် ဥပဒေ တွေထဲမှာလည်း ကျွန်မ ကို ဦး
တည်ပြီးတော့ ပြောင်းခဲ့တာတွေလည်းရှိပါတယ်၊ ဒါပေမယ့် ထားလိုက်ပါတော့ ဒါတွေက၊
ဒါတော့ မဖြစ်သင့်ဘူး၊ မဖြစ်သင့်လို့  မဖြစ်ရအောင်လို့  ပြည်သူလူထုကနေပြီးတော့ ဝိုင်း
ပြီးတော့ ကျွန်မတို့ ကို ကူညီစေချင်တယ်၊ ကျွန်မတို့ရဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ ပြင်
ဆင်ခြင်တဲ့ အချက်တွေကို ပြည်သူလူထုတွေ လေ့လာလိုက်ပါ၊ ဒီဟာတွေကို ကျွန်မတို့ 
ကနေပြီးတော့ တရားဝင်ထုတ်ပြန် ထားတာပါ၊ အဖွဲ့ ချုပ်က ဘယ်အပိုင်းတွေကို ဘယ်
လို ပြောင်းချင်တယ်၊ ဘာကြောင့်ပြောင်းချင်တယ်ဆိုတာကို အားလုံး ကျွန်မတို့ ရှင်းရှင်း
လင်းလင်း တင်ပြထားပါတယ်။

တစ်ကမ္ဘာလုံးမှာ လူတစ်ယောက်ကို ဦးတည်ပြီးတော့ ရေးထားတဲ့ အခြေခံဥပဒေဆိုတာဟာ ကျွန်မတို့ နိုင်ငံမှာပဲ ရှိတယ်…
ပြည်သူတွေက အဲ့ဒါတွေကို လေ့လာပြီးတော့ ကျွန်မတို့ က ကျွန်မတို့ ရဲ့ ပါတီ
ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဒီဟာတွေကို ပြင်ချင်တာလား၊ နိုင်ငံရဲ့ အနာဂတ်ကို ကြည့်
ပြီးတော့ ပြင်ချင်တာလားဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပါ၊ ဆုံးဖြတ်ပြီးမှ ထောက်ခံပါ။
ကျွန်မတို့ ဟာ နားမလည်လို့ ထောက်ခံလိုက်တဲ့ထောက်ခံမှုမျိုးကို ကျွန်မတို့ မလိုချင်ပါ
ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အဲ့ဒီလို ထောက်ခံမှုမျိုးဟာ တကယ်တော့ တန်ဖိုးမရှိပါဘူး။
နားလည်ပြီးတော့ တကယ်သဘောပေါက်ပြီးတော့ တကယ့်ကို လိုလိုလားလားနဲ့ ထောက်
ခံတဲ့ ထောက်ခံမှုဆိုတာတော့ တန်ဖိုးဖြတ်လို့ မရပါဘူး။ ကျွန်မတို့ က အဲ့ဒီလို ထောက်
ခံမှုကိုပဲ အားကိုးပြီးတော့ အလုပ်လုပ်တဲ့ အဖွဲ့ ဖြစ်ပါတယ်။

နိုင်ငံ ရဲ့ အနာဂတ်အတွက် ဖွဲ့စည်းပုံကို ပြင်လို…
ကျွန်မတို့ ရဲ့ နိုင်ငံရေးပါတီဟာ ငွေရေးကြေးရေးအရလဲ မချမ်းသာပါဘူး၊ အများ
ကြီးလည်း ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဟာ အနှစ် ၂၀ ကျော် အနှစ် ၃၀ နီး
ပါး၊ နိုင်ငံရေး အတွေ့ အကြုံတွေ ရှိခဲ့လို့ ၊ ရင့်ကျက်မှုတော့ အတိုင်းအတာ တစ်ခု ရှိပြီလို့ 
ကျွန်မတို့ ပြောနိုင်ပါတယ်။ ကျွန်မတို့ အဖွဲ့ ချုပ် ကလည်း ခြောက်ပြစ်ကင်း သဲလဲစင် မ
ဟုတ်ပါဘူး၊ အားနည်းချက်တွေလည်း ရှိပါတယ်၊ တချိန်လုံး ကျွန်မတို့  ပြုပြင်ဖို့ ကြိုးစား
နေတာပါ။ ဒါကတော့ ကျွန်မတို့  ပါတီတင် မဟုတ်ဘူး၊ တစ်ကမ္ဘာလုံး ဘယ်မှာကြည့်
ကြည့် အင်မတန်မှ ရင့်ကျက်တဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာတောင်မှ နိုင်ငံရေး ပါတီများ
ဟာ နေ့ စဉ် နဲ့ အမျှ တစ်နှစ်နဲ့ တစ်နှစ်၊ ဆယ်စုနှစ်တစ်ခု နဲ့ ဆယ်စုနှစ်တစ်ခု ပိုပြီးတော့
ကောင်းအောင်လို့  ပိုပြီးတော့ နိုင်ငံရဲ့ လိုအပ်ချက်တွေနဲ့ ဆီလျော်အောင်လို့ ကြိုးစားပြီး
တော့ ပြောင်းလဲနေရတာဟာ ဒါဟာ သဘာဝကျပါတယ်၊လုပ်လဲ ဆက်ပြီးတော့ လုပ်ရမဲ့
ကိစ္စဖြစ်ပါတယ်၊

မိုးနဲမြို့ အဖွဲ့ချုပ်ရုံးရှေ့မှ ရှမ်းရိုးရာအက…
အခုဆိုလို့ရှိရင် နေကလည်း အင်မတန်မှ ပူလာပါပြီ၊ ပူလာပါပြီဆိုတော့ ကျွန်မ
တို့ ပြည်သူလူထုလည်း သိပ်ပြီးတော့ နေပူထဲမှာ ကြာကြာ ဒုက္ခ မခံရအောင် လို့ ကျွန်မ
တို့ ပထမ မေးခွန်းတွေယူပါ့မယ်၊ အများအားဖြင့် ဒီလို ပြည်သူလူထု တွေဆုံပွဲတွေလုပ်
တဲ့အခါမှာ ကျွန်မတို့ ရဲ့ ရှင်းပြချက်တွေ ကျွန်မတို့ ရဲ့ သဘောထားတွေနဲ့  ပက်သက်လို့ 
ပရိသတ်ထဲက မရှင်းလင်းတာရှိရင် ပိုပြီးတော့ သိချင်တာရှိရင် ပြန်ပြီးတော့ မေးခွန်းထုတ်
ဖို့  ကျွန်မတို့ အခွင့်အရေးပေးပါတယ်၊ အဲ့ဟာကလည်း အခွင့်အရေးဖြစ်သလို ပြည်သူ
တွေရဲ့ တာဝန်လို့ လည်း ကျွန်မ နားလည်စေချင်ပါတယ်၊ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မ
တို့ ရဲ့ ပြည်သူတွေက ဒီနိုင်ငံမှာ နိုင်ငံရေးအရ ဘာတွေဖြစ်နေလဲ ဆိုတာကို စိတ်ဝင်စား
ရမယ်၊ သိအောင်လို့ လုပ်ရမယ်၊ ဒါမှသာလျှင် ဒီနိုင်ငံမှာ တက်တဲ့ အစိုးရတွေကို ထိန်း
ချုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

နေအပူရှိန်ပြင်းသော်လည်း စောင့်ဆိုင်းကြိုဆို…
ပြည်သူတွေက ထိန်းထားနိုင်မှ အစိုးရတွေက လိမ္မာမှာနော်၊ အစိုးရတွေက သူ
တို့ ဘာသာ သူတို့ ထိုင်ပြီးလိမ္မာနေမှာ မဟုတ်ဘူး။ အဲ့ဒီတော့ ပြည်သူတွေက ထိန်းထား
နိုင်ဖို့ လိုတယ်၊ ထိန်းထားနိုင်ဖို့  ပြည်သူတွေက နိုင်ငံရေး အသိရှိဖို့ လိုတယ်၊ အထူးသ
ဖြင့် ကျွန်မက နိုင်ငံရေးထဲမှာ လူငယ်တွေနဲ့  အမျိုးသမီးတွေကို တက်တက်ကြွကြွ ပါဝင်
စေချင်တယ်၊ ဒီမှာလာတုန်းက ကျွန်မတို့ ကို အမျိုးသမီး ဆိုင်းအဖွဲ့ တွေက ကြိုဆိုတော့
ကျွန်မ သိပ်သဘောကျတာပဲ၊ အမျိုးသား ဆိုင်းအဖွဲ့  တွေကိုပဲ ကျွန်မတို့ တစ်လမ်းလုံး
တွေ့ ခဲ့ရတယ်၊ ဒါပေမယ့် မိုးနဲ လည်းရောက်ရော အမျိုးသမီး အဖွဲ့  တွေက နေပြီးတော့
တခါတည်း ဆိုင်းဝိုင်းနဲ့ ကြိုဆိုတဲ့ အခါကျတော့ ကျွန်မ သိပ်သဘောကျတယ်၊

ကားလာရာလမ်းတွင် စောင့်ဆိုင်းဖျော်ဖြေသော အမျိုးသမီးဆိုင်း…

မိန့်ခွန်းပြောကြားမှု့တွင် ပါဝင်သော အမျိုးသမီးဆိုင်းအဖွဲ့…
ဒီလိုပဲ ဖြစ်ရမယ် ကျွန်မတို့  အမျိုးသမီးတွေဟာ ဦးဆောင်တဲ့ နေရာမှာ ပိုပြီး
တော့ ပိုပြီးတော့ ပါလာရမယ်။ လူငယ်တွေလည်း ပါစေချင်တယ်၊ လူငယ်တွေက အနာ
ဂတ် အတွက် ကျွန်မတို့ ပြုစု ပျိုးထောင်ရမဲ့ အစည်းအဖွဲ့ တွေ ဖြစ်တာကြောင့် မို့ လို့  အ
ခုထဲက စပြီးတော့ အရည်အချင်းနဲ့  ပြည့်စုံအောင်လို့ ကြိုးစား စေချင်တယ်၊ ကျွန်မတို့ 
လည်း ဒါကြောင့်မို့ လို့  လူငယ်တွေနဲ့ ပက်သက်တဲ့ ဖွံ့ ဖြိုးမှု၊ အရည်အချင်းမြှင့်မှု အစီအ
စဉ်တွေကို တက်နိုင်သမျှ လုပ်နေတာ ဖြစ်ပါတယ်။ ပြီးတော့ မေးခွန်းမေးတဲ့ အထဲမှာ
လည်း အမျိုးသမီးတွေ နဲ့ လူငယ်တွေ ပါစေချင် ပါတယ်၊ ကိုယ့်ရဲ့ နိုင်ငံမှာ ဘာဖြစ်နေလဲ
ဆိုတာ တက်တက်ကြွကြွ နဲ့ သိချင်တဲ့စိတ်နဲ့  မေးကြပါလို့  ကျွန်မ အနေနဲ့ တိုက်တွန်း
ရင်းနဲ့ ကျွန်မတို့ ရဲ့ ပရိသတ်ကို ကျေးဇူးပြုပြီးတော့ နိဂုံးချုပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။

လူငယ် အမျိုးသမီးပျို များ…
--
http://www.burmaburo.blogspot.com
Subscribe to:
Posts (Atom)
















