Thursday 7 April 2011

မှော်ဘီတပ်ကို ရန်ကုန်တိုင်းတပ်ဖွဲ့ ၀င်ရောက်ပစ်ခတ်

ယနေ့ (၇.၄.၂၀၁၁)နေ့မှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်
အခြေချ အမှတ် (၄) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် လက်အောက်ခံ
တိုက်ကြီးမြို့နယ် အခြေစိုက်ခမရ (၇၀၉)၊ (၇၁၀) တပ်ရင်းတွေနဲ့
ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အထူးတပ်ရင်းတွေ
တိုက်ပွဲ ဖြစ်ပွားတယ်လို့ BBC မြန်မာဌာနရဲ့ စာမျက်နှာဖော်ပြ
ထားပါတယ်။




မတရား ၀င်ရောက် တိုက်ခိုက်ခံရတဲ့ ခမရ (၇၀၉)၊ (၇၁၀)
တပ်ရင်းတွေဟာ ...
(၁) နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရေး၊
(၂) စစ်မှုထမ်းဟောင်း ဥပဒေကို ပြင်ဆင်ပြီး လစာ တိုးပေးရေး၊
(၃) နိုင်ငံအတွင်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်း
ပေးရေး၊
(၄) ပြည်သူတွေ ထောက်ခံတဲ့ အစိုးရမျိုး ပြန်လည်ဖွဲ့စည်းပေးရေး၊

အထက်ပါ အချက် (၄)ချက်ကို လွန်ခဲ့တဲ့ (၁.၄.၂၀၁၁)နေ့
က စကခမှူး ဗိုလ်မှူးကြီး အောင်သီဟ ကတဆင့် ရန်ကုန်တိုင်း
တိုင်းမှူးထံ တင်ပြ တောင်းဆိုရကစပြီး တင်းမာမှုတွေ စတင်
ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

အဲဒီတင်းမာမှုကြောင့် ယနေ့ (၇.၄.၂၀၁၁)နေ့ နံနက်ပိုင်းမှာ
ရန်ကုန်တိုင်း အထူးတပ်ဖွဲ့ဝင်တွေ အတင်း အဓမ္မ ၀င်ရောက်ပြစ်ခတ်
မှုကြောင့် ခမရ (၇၀၉)နဲ့ (၇၁၀) ဖက်မှ တစ်ဦး သေဆုံးပြီး တစ်ဦး
ဒဏ်ရာရတယ်လို့ သိရပါတယ်။

(ဒီသတင်းကို မည်သူမဆို ထပ်ဆင့်ကူးယူ ဖော်ပြနိုင်ပါတယ်၊
ခွင့်တောင်းခံဖို့ လုံးဝ မလိုပါ၊ အရေးဟဲ့ဆိုရင် အွန်လိုင်းပေါ်မှာ
မြန်မာဖောင့်က အမျိုးမျိုး။)

No comments:

Post a Comment