Sunday 9 October 2011



အကုန်ရောင်းတဲ့ မူဝါဒ (တရုတ်နိုင်ငံ၏ ပိုက်လိုင်းစီမံချက်ကြောင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်လာခြင်း)..

Posted: 09 Oct 2011 07:06 AM PDT

 

ကျောက်ဖြူရေနက်စီမံကိန်းနှင့် ဂတ်(စ်)ပိုက်လိုင်း စီမံကိန်းလက်မှတ်ရေးထိုးစဉ်က
အောက်မှာ ဆက်လက်ကြည့်ရှုပါရန်
ရေနံ၊ ဂက်(စ်) ပိုင်းလိုင်းသွယ်တန်းမှု စီမံကိန်း စတင်ဖွင့်လှစ်စဉ်က..

ကူမင်းရထားလမ်းစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ တရုတ်ပြည်အထိ သွယ်တန်းမည့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?b251ugebbi2ufe7
မှတ်တမ်းဖိုင်အတွက် ကိုညီညီအောင်အား ကျေးဇူးတင်ပါသည်....

မျိုးဆက်သစ်လူငယ်များ (Generation wave)ရဲ့ လေးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံ၊ သတင်း)

Posted: 09 Oct 2011 12:00 AM PDT

 မျိုးဆက်သစ်လူငယ်များ  (Generation wave)ရဲ့ လေးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် ဘဘဦးဝင်းတင်၊ မဖြူဖြူသင်းနှင့် ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊ လူငယ်ကွန်ယက်အသီးသီးမှ မျိုးဆက်သစ်လူငယ်များ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားများ စုစုပေါင်း ၄၀၀ဦးခန့်တက်ရောက်ကြပါတယ်..။ 

ဓာတ်ပုံများ အောက်မှာဆက်လက်ကြည့်ရှုပါရန်..


ပေးပို့ပေးတဲ့ ကောင်းစုလင်းအား ကျေးဇူးတင်ပါသည်...

(၄)နှစ်သား Generation Wave (သတင်း၊ ဆောင်းပါးရှင် အောင်မျိုးထွန်း)

Posted: 08 Oct 2011 11:18 PM PDT

(၄)နှစ်သား Generation Wave
(သတင်း၊ ဆောင်းပါးရှင် အောင်မျိုးထွန်း)

Generation Wave အဖွဲ့ရဲ့ (၄)နှစ်ပြည့်မွေးနေ့ အခမ်းအနားဟာ အေးအေးဆေးဆေး တည်ငြိမ်အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်။ ယောလုံချည်၊ ရှပ်အကျီင်္ အဖြူလေးတွေ တူညီဝတ်စုံ ၀တ်ဆင်ထားတဲ့ လူငယ်အများအပြားကို မြင်တွေ့ရတဲ့အခါ သူတို့အဖွဲ့ရဲ့အင်အားဟာ စုစုစည်းစည်းနဲ့ ကျစ်လျစ်စွာ တည်ရှိနေတယ်လို့ ခန့်မှန်းမိပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ၊ လူမှုအထောက်အကူပြုအဖွဲ့ဝင်များ၊ (၈၈) မျိုးဆက် ကျောင်းသားများနဲ့ နိုင်ငံရေးပါတီတချို့မှ ပုဂ္ဂိုလ်များ၊ စာပေအနုပညာရှင်တချို့ အပါအ၀င် အင်အား (၃၀၀) နီးပါး တက်ရောက် အားဖြည့်ကြပါတယ်။
GWဟာ ရွှေဝါရောင်တော်လှန်ရေးနဲ့ အတူ စတင်ပေါက်ဖွားခဲ့ပြီး တည်ထောင်သူ ၄ ဦးထဲက ၂ ယောက်ဟာတိုင်းပြည်ပြင်ပကို ရောက်ရှိနေပါတယ်။ ဖောင်ဒါတစ်ယောက်ဖြစ်တဲ့ ဟစ်ဟော့အဆိုတော် ဇေယျာသော်တစ်ဦးသာ ယခုအချိန်မှာ တာဝန်ယူဦးဆောင်နေရပြီး အခြားတစ်ယောက်ဟာဖြင့် အာဏာရအစိုးရရဲ့ နိုင်ငံရေး အကျဉ်းသားအဖြစ် သံတိုင်တွေနောက်မှာ တားဆီးချုပ်နှောင် ခံထားရဆဲ ဖြစ်ပါတယ်။

GW အဖွဲ့ဟာ မြေအောက်လှုပ်ရှားမှုများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တာကြောင့် မြန်မာ့နိုင်ငံရေးမှာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ရတဲ့ အတိုက်အခံ မျိုးဆက်သစ်အဖွဲ့လို့ ရေပန်းစား လူသိများခဲ့ပါတယ်။ အရင်စစ်အစိုးရရဲ့ အပြင်းအထန် နှိပ်ကွပ်မှုကို ခံခဲ့ရတာကြောင့် ဗီဒီယိုအင်တာဗျူးတွေ ပေးတဲ့အခါ သူတို့ရဲ့ မျက်နှာကို မဖော်ပြဘဲ မျက်နှာဖုံးစွပ်ပြီး ကင်မရာ အရိုက်ခံခဲ့ရတာကြောင့် ပိုမိုကျော်ကြားခဲ့ရပါတယ်။ ပြည်တွင်းမှာလည်း လှုံ့ဆော်ဆန့်ကျင်ရေး စာရွက်စာတမ်းများ၊ ဗီနိုင်းပိုစတာများကို ပြည်သူလူထုကြားထဲ ရဲရဲဝံ့ဝံ့ထိုးဖောက် ဖြန့်ချိခြင်းကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြပါတယ်။

ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေ၊ သမ္မတဦးသိန်းစိန်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု၊ အာဏာပိုင်တွေဘက်က လူထုအသံကို နာယူလာခြင်း စတဲ့ အခင်းအကျင်းများကြောင့်
GW အဖွဲ့ကို လူအများ ထင်မြင်နေကြဖြစ်တဲ့ မြေအောက်အဖွဲ့အစည်း အဖြစ်မှ ပေါ်ပေါ်ထင်ထင်နဲ့ အားလုံးမှ ရဲရဲတင်းတင်း ပူးပေါင်း ဆောင်ရွက်လာနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲလိုပါတယ်လို့ ကိုဇေယျာသော်က သူ့ရဲ့ဆန္ဒကို ပြောဆိုတာကြားရပါတယ်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်းလည်း GW နာမည်နဲ့ စာရွက်စာတမ်းများ လှို့ ဝှက်ဝေငှခြင်း၊ ဗီနိုင်းများ ကပ်၍ လှုံ့ဆော်ခြင်း၊ အွန်လိုင်းမှ GW အဖွဲ့များကို ကြားသိရခြင်း စတဲ့ နိုင်ငံရေးဆောင်ရွက်ချက်များ ဆက်တိုက် ပေါ်ပေါက်လာနေခြင်းများကြောင့် GWကို မြေပေါ်သို့ ထင်သာမြင်သာဖြစ်အောင် လုပ်ဆောင်ချိန် တန်ပြီလို့ လောလောဆယ် GWအဖွဲ့ကို တာဝန်ခံထားရသူ ကိုဇေယျာသော်က ဖွင့်ဟခဲ့တယ်လို့  သိရပါတယ်။

ဟစ်ဟော့အဆိုတော် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇေယျာသော်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခရီးစဉ်များမှာ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး လူ့အခွင့်အရေးနဲ့ မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွက် အတိုက်အခံ နိုင်ငံရေးလောကမှာ ထင်ရှားလာတဲ့ မျိုးဆက်သစ်လူငယ် တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။

အောင်မျိုးထွန်း
၉- ၁၀- ၂၀၁၁

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဟု ဦးရွှေမန်းပြောဆို...

Posted: 08 Oct 2011 11:45 AM PDT

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းနှင့် နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး
မစ္စတာ Espen Barth Eideတို့ တွေ့ဆုံပွဲ မှတ်တမ်းဓာတ်ပုံ..
ဓာတ်ပုံ..  ဒီမိုကောင်းကင်
သစ္စာသတင်းဂျာနယ်ပါ... ဦးရွှေမန်းပြောကြားချက်

နော်ဝေးသတင်းဋ္ဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုသွားတဲ့ ဦးရွှေမန်းရုပ်သံဖိုင်....
မူရင်းရုပ်သံ ဒီမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်... Click 
ကောင်းစုလင်းအား ကျေးဇူးတင်ပါသည်...
ဝမ်းမြောက်၊ ဝမ်းသာ ကြိုဆိုပါတယ်..။ သီတင်းကျွတ်အမှီ လွတ်ပေးမယ်လို့ ကြားသိရပါတယ်..။ တကယ် လွတ်ပေးမယ်ဆိုရင်တော့ နတ်လူ၊ သာဓုခေါ်ကြမှာပါ...
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment