Sunday 9 October 2011

အင်္ဂလန်ရဲများ ဖယ်ရှားပစ်ခဲ့ရသော Online ပေါ်မှ တက္ကသိုလ်အတု






အင်္ဂလန်ရဲများ ဖယ်ရှားပစ်ခဲ့ရသော Online ပေါ်မှ တက္ကသိုလ်အတု

Somerset County Council မှ စုံစမ်းစစ်ဆေးမှု့ များပြုလုပ်ပြီး 'Glastonbury University' အမည်ဖြစ် လွှင့်တင်ထားသော ၀က်ဆိုက်အတုကိုဖြစ်ရှားပစ်ခဲ့ရသောဖြစ်စဉ်တစ်ခု အင်္ဂလန်နိုင်ငံတွင်ဖြစ်ပွားခဲ့ကြောင်း အင်္ဂလန်လူဝင်မှု့ ကြီးကြပ်ရေး UKBA မှသတင်းထုတ်ပြန်ချက်ကို ကိုးကား၍ CROWN Education မှတာဝန်ရှိသူတစ်ဦးမှပြောကြားကြောင်းသိရသည်၊၊

ပစိဖိတ်အနောက်ဖက်ကမ်းခြေဒေသတွင်ရှိသောနိုင်ငံမှ ကျောင်းလျှောက်ထားမည့် ကျောင်းသားများကို ပစ်မှတ်ထား ဟန်ရှိသော အဆိုပါ ၀က်ဆိုက်လွှင်တင်ထားသော တက္ကသိုလ်အတုကို ကျောင်းသားတစ်ယောက်မှ "Glastonbury University" မှဘွဲ့ အတွက် လျှောက်ထားလိုကျောင်း လျောက်လွှာလက်ခံရရှိခဲ့သည့် လန်ဒန်ရှိတက္ကသိုလ် တစ်ခုမှအ ကြောင်း ကြားခဲ့ခြင်း ဖြစ်သည်၊၊  

"FaceBook မှာတော့ https://www.facebook.com/pages/Glastonbury-University/120587314663947 အဲဒီ လင့်ခ်မှာ ရှိနေပါသေးတယ်၊၊ မြန်မာနိုင်ငံကကျောင်းသူကျောင်းသားတွေသတိထားဖို့ပါ၊၊ အခုလို Information Technology အရမ်းတိုးတက်လာနေတဲ့ အချိန်မှာ ဒီလိုအဖြစ်ပျက်မျိုးတွေကိုလည်းကျွန်တော် တို့မြန်မာနိုင်ငံက ကျောင်းသူ ကျောင်းသားတွေ သတိထားဖို့လိုပါတယ်၊၊ အက်တာနက်ဝက်ဆိုက် တွေကိုပဲအားကိုးပြန် ရင်လည်း အခုလို အဖြစ်အပျက်မျိုးတွေနဲ့တွေကြုံရနိုင်ပါတယ်၊၊  အတွေ့ အကြုံရှိတဲ့ကျွမ်းကျင်တဲ့ ပညာရေးအတိုင်ပင်ခံ တွေဆီမှာ လည်း မေးမြန်းဆက်သွယ် အကြံဥာဏ်ရယူစေခြင်ပါတယ်၊၊ နောက်ပြီးမိမိဆက်သွယ်လိုတဲ့ တက္ကသိုလ်ကို သံသယ ရှိတယ်ဆိုရင်အလွယ်ဆုံးနည်းလမ်းတစ်ခုကတော့ http://en.wikipedia.org/wiki/List_of_schools_in_England ဆိုတဲ့ နေရာမှာ ရှာဖွေကြည့်နိုင်ကြောင်း" CROWN Education မှ ပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြော ကြားသည်၊၊

Somerset Council တာဝန်ရှိသူမျာမှ အဆိုပါဆိုက်၏ ဒိုးမိန်း ကို စုံစမ်းစစ်ဆေးမှု့ များပြုလုပ်ခဲ့ပြီး Metropolitan ရဲအရာရှိ များမှ ၄င်းဝက်ဆိုက်ကိုဖယ်ရှားပစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်၊၊

နိုင်ငံရပ်ခြားရှိ ကုမ္မဏီတစ်ချို့ နှင့် Florida FBI တို့ မှပါ  ပါဝင်စုံစမ်းစစ်ဆေးပေးခဲ့ရပြီး ဖေါ်ပြပါ ၀က်ဆိုက်တွင် ဖေါ်ပြထား သော အဆောက်အအုံ၏ ပုံမှာ University of Leicester မှပိုင်ဆိုင်သော စာကြည့်တိုက်၏ပုံဖြစ်ကြောင်းသိရကာ၊ ၀က်ဆိုက်တွင်ဖေါ်ပြထားသော လိပ်စာမှာလည်း မြို့ လယ်ရှိ အခန်းလွတ်ရုံးခန်း တစ်ခန်းဖြစ်နေကြောင်း သိရသည်၊၊



No comments:

Post a Comment