Tuesday 15 November 2011


သံဃာတော်ငါးပါးဦးဆောင်ကာ မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင်သပိတ်မှောက်ဆန္ဒုပြ(ရုပ်/သံ)သတင်း

Posted: 14 Nov 2011 10:33 PM PST




နိုဝင်ဘာ ၁၅၊ ၂၀၁၁ နံနက် ၅ နာရီကျော်ခန့်မှ စတင်ပြီး မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန် တော်ကြီး တွင် သံဃာတော်ငါးပါးဦးဆောင်ကာ သပိတ်မှောက်လျက်ရှိသည်။

တောင်းဆိုချက်များကို ဗိမာန်တော်ကြီးအရှေ့ဖက်(လိပ်ကန်ဘက်ခြမ်း)တွင် ချိတ်ဆွဲထားပြီး ၄င်းတို့မှာ-
၁။ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now)
... ၂။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners)
၃။ လွတ်လပ်မှုကိုပေးပါ (We Want Freedom)
၎။ ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now)
တို့ဖြစ်သည်။

အဆိုပါသံဃာတော်များကို သိန်းစိန်အစိုးရတာဝန်ရှိသူများက မန္တလေးမြို့မှ မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသအစရှိသည့် ဆရာတော်ကြီးများကို ကြားခံထားကာ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

သပိတ်မှောက်သံဃာတော်များက ၄င်းတို့တောင်းဆိုထားသော အချက်များမရမချင်း ထိုဗိမာန်ထဲတွင်သာ ဆက်လက်နေထိုင်တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသံဃာတော်များသည် ၄င်းတို့နှင့်အတူ ရေ၊ ဆန်၊ စားစရာအချို့၊ ထမင်းပေါင်းအိုး၊ မီးစက်များကအစ တစ်ပါတည်းယူဆောင်ထားပြီး သံဃာတော်များ သပိတ်မှောက်သည်ကို လာရောက်အားပေးသော မန္တလေးလူထုကြီးကလည်း ဆရာတော်များလိုအပ်သည်ကို (ဓာတ်ဆီ(မီးစက်အတွက်)၊ စားစရာ၊ ရေစသဖြင့်) လှူဒါန်းလျက်ရှိပါသည်။

(နောက်ဆုံးကြားသိရသော သတင်းအရ ယနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ဖုန်းနှင့်တိုက်ရိုက်ဆွေးနွေးမည်ဖြစ်ကြောင်း ကြားသိရပါသည်။)

ဦးဆောင်ဆရာတော်အမည်မှာ (အထက်ပါ Video ထဲက ဟောပြောသည့် ဆရာတော်အမည်မှာ) ဦးသောပါက ဖြစ်ပါသည်။
Photo..Mg Ba Oo Facebook
ညိုကြီး(www.bigbbrown.blogspot.com)


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တနှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲ(အသံဖိုင်)

Posted: 14 Nov 2011 08:24 AM PST

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အသံဖိုင်



သတင်းစာဆရာများရဲ့ မေးမြန်းမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားမှု အသံဖိုင်

http://burmatoday.net


ငလျင်ဘေးကူညီကြတဲ့ ဗမာတွေရဲ့ စိတ်ဓါတ်

Posted: 14 Nov 2011 08:12 AM PST


ဂျပန်ရောက် မြန်မာနိုင်ငံသားများ စုပေါင်းပြီး ဆူနာမီ ငလျင်ဘေးသင့်ဒေသတွင် အကြီးမားဆုံး ပျက်စီးဆုံးရှုံးခဲ့သောMIYAKI ခရိုင်၊ yamaku chi မြို့ များမှာလုပ်အားပေး အပါအဝင် ၊ အဲ့ဒီဒေသက ဒုက္ခသည်တွေကလူသားချင်းစာနာထောက်ထားပြီး မြင့်မြတ်သောစိတ်ထားဖြင့် ကုသိုလ်သွားပြုကာ အားလုံးပေါင်း 28 ယောက်လိုက်ပါခဲ့ကြပါတယ်။မြန်မာ့ဒီမိုကရေစီ အဖွဲ့ အစည်း အသီးသီးမှ လုပ်အားပေး လိုစိတ်ဖြင့်ပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်.။ မြန်မာ့အရေးကို ထောက်ပံ့ကူညီနေသော ဂျပန်လူမျိုးများ MIYAKI ငလျင်ဒေသ သို့  တကာဒါနိုဘားဘား ဘူတာ BIC BOX ဘေးတွင် (13.11.2011) စနေနေ့  ည11နာရီ၃၀မိနစ်တွင်စုရပ်ကာလိုအပ်သည်များကိုအဖွဲ့ ခေါင်းဆောင်များမှ စီစဉ်ပြီး ည 12နာရီ 35မိနစ်တွင် ခရီးစတင်ထွက်ခဲ့ ကြပ်ါသည်။

ကားပေါ်တွင် ဦးဆောင်လိုက်ပါလာသော ဦးခင်အောင် ဦဌေးသစ်တို့ မှ ဒီကနေ့ ဂျပန်မှာ ရှိနေကြတဲ့မြန်မာ တွေ ကိုစကားပြောကြားခဲ့ ပါတယ်။နိုင်ငံရေးလှုပ်ရှားနေတဲ့သူတွေ နောက် အဓိက ဦးဆောင်နေတဲ့ သူတွေ က Miyagi Kan yamaku chi မြို့ သို့ တရက်သာ ခရိုင်တစ် ခုမှာသွားပြီးငလျင်ခိုလှုံရေးစခန်းမှာ မြန်မာတွေ သန့် ရှင်ရေးလုပ်အား ကုသိုလ် ပေးခဲ့ကြတယ်..

အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျှောင် မြန်မာရဟန်းတော်များ အဖွဲ့ချုပ်-ဂျပန်ဌာနခွဲ တာဝန်ခံ ဆုဂါမိုဆရာတော် ဦးဓမ္မဇောတိမှ ငလျင်ဒေသတွင်းဆုံးရှုံးသွားသော မိသားစုများ နှင့် လုပ်အားပေး လာရောက်ကြသောမြန်မာလူမျိုး များအားသြဝါဒကထာငါးပါး သီလ ပေးပြီး မေတ္တာ ဘာဝနာ တရားတော်ချီ့းမြငှ့် ပေးပြီး နောက်စက်ရုံဝန်းကျင်မှာဆူနာမီကြောင့်ကျန်နေတဲ့ ရွံ့ တွေ အလုပ်ရုံတွေကို သန့် ရှင်းရေးထပ်လုပ်ပေးခဲ့ ကြတယ် ပြီးတော့ လူနေအိမ်ခန်းတွဲနှင့် ရေမြောင်များကို သန့် ရှင်းရေး လုပ်အားပေး ခဲ့ ကြတယ် ရွံ့တွေ အမှိုက်တွေ ပစ္စည်းတွေ ကိုတက်ညီလက်ညီ နဲ့ လုပ်ခဲ့ကြတော့ အချိန်တို အတွင်းမှာဘဲ သန့် သန့် ရှင်းရှင်းနဲ့  ပြီးစီးခဲ့တဲ့အတွက်ကြောင့် သက်ဆိုင်ရာဂျပန်တွေက နှစ်ခြို က်ခဲ့ ကြပါတယ်။

ဒီဟာက ကျွန်တော်တို့ ဂျပန်မှာ ရှိတဲ့မြန်မာတွေရဲ့  အလုပ်ချိန် ငွေကြေး လုပ်အားကို စုပြီး အခက်အခဲ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီခဲ့တာဘဲ။ ကိုယ်တိုင်ကိုယ်ကျ မသွားရောက်နိုင်ဘဲ ဒီသွားရောက်တဲ့ သူ တွေ အတွက်အဆင်ပြေပြေ လုပ်ကိုင်နိုင်ဖို့ အတွက် အများကြီးဘဲ စတာတွေကိုပံ့ပိုးကူညီပေးခဲ့ ကြတယ်။ဒီလို ကိုယ်တိုင်ကိုယ်ကျ သွားပြီး လုပ်အားပေးကြတယ် ဒီလိုဘဲ ပစ္စည်းတွေသွားပြီး ဖြစ်မြောက်အောင်ကူညီပေးခဲ့ ကြ စီစဉ်ပေးခဲ့ကြတဲ့ ဂျပန်လူမျိုးတွေ အားလုံးတက်တက်ကြွကြွနဲ့ ညီညီညွတ်ညွတ်နဲ့ ဝိုင်းပြီးလုပ်ဆောင်ပေးကြတဲ့ အတွက်ကြောင့်မို့ လို့  အခက်အခဲတွေချောမောစွာနဲ့ ပြီးခဲ့တဲ့အတွက်ဂျပန်မှာနေတဲ့ဗမာတွေအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်ပါတယ် ဒါကြောင်မို့ လို့  ဂျပန်တွေ ဒုက္ခရောက်ခဲ့တဲ့အတွက်လုပ်ပေးရမယ်ဆိုတဲ့ကျွန်တော်တို့ ဗမာတွေရဲ့ အသိစိတ်ဓါတ်က သူများတိုင်းပြည်မှာ ဘယ်လောက်ဘဲနေနေ ဘယ်လောက်ဘဲကျန်ကျန် မပျောက်မပျက်ဘဲ ထိန်းသိမ်းနိုင်တဲ့ အရာ က ဂုဏ်ယူစရာလဲ ကောင်းတယ် ကျေနပ်အားရစရာလဲကောင်းပါတယ် ဒါတွေက ကျွန်တော်တို့ ဗမာတွေရဲ့ စိတ်ဓါတ်ပါဘဲ လို့  ကိုထွန်းဝေ မှ ပြောကြားခဲ့ ပါတယ်

ဗွီဒီယိုကို အောက် ပါ လင့်များတွင်မကြာခင် ရယူနိုင်ပါပြီ။

http://www.youtube.com/user/zayyar20283 ဗွီဒီယို ကိုထွန်းဝေ ကိုဌေးသစ်


N.L.D. ရုံးချုပ်တွင် ကျင်းပပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ

Posted: 14 Nov 2011 07:36 AM PST


၁၄-၁၁-၂၀၁၁ မွန်းလွဲ ၁း၀၀ နာရီတွင် N.L.D. ရုံးတွင် ကျင်းပပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲတွငိ ပြည်တွငိးပြည်ပသတင်းစာဆရာကြီးများ၏ မေးခွန်းများကိုဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဖြေကြားခဲ့ပါတယ်.......

ကျွန်မတို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတဲ့ အကြောင်းရင်းကတော့ ဒီတစ်နှစ်အတွင်းမှာ ဘာတွေ လုပ်ခဲ့တယ် ဆိုတာ မေးချင်မြန်းချင်တဲ့ မီဒီယာအုပ်စုတွေက အများကြီးဆိုတော့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့ပြီး ဆွေးနွေးတာက အခက်အခဲ ရှိလို့ အားလုံး စုပြီးတော့ သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်တာ ဖြစ်ပါတယ်။

အဲတော့ ကျွန်မတို့ အနေနဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာ စဉ်းစားရမှာက ဒီနှစ်အတွင်းကို ကျွန်မတို့ ဘာတွေ ဖြစ်မြောက်ခဲ့လဲ ဆိုတာကို အဓိကထားပြီးတော့ သိချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး အဖွဲ့အစည်း ဆိုတော့ နိုင်ငံရေးကိုတော့ ပထမ ဦးစားပေး ပြီးတော့ ပြောချင်ပါတယ်။

ကျွန်မတို့ နိုင်ငံရေးနဲ့ ပတ်သက်လို့ စပြီိး တည်ထောင်စဉ် ကာလတည်းက အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ ဒီမိုကရေစီ ရရှိရေးကို ဖြစ်မြောက်ဖို့ လုပ်မယ်ဆိုပြီးတော့ ကျွန်မတို့ မူချခဲ့တာပါ။ ဒီအတိုင်းပဲ ကျွန်မတို့ဟာ အနှစ်နှစ်ဆယ်လုံး ဒီလမ်းကို လျှောက်ခဲ့ပါတယ်။

အခုနှစ်မှာ ဆိုရင် ထူးထူးခြားခြား နိုင်ငံရေးဖြစ်စဉ် အနေနဲ့ ပြောရမယ်ဆိုရင် ကျွန်မနဲ့ သမ္မတကြီး ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံကြတဲ့ ရလဒ်အရ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အများ အခုဆိုရင် စိတ်ဝင်စား နေတာက NLD ဟာ ပြန်ပြီးတော့ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်မလား မတင်ဘူးလား၊ နောက်ပြီးတော့ ကြားဖြတ် ရွေးကောက်ပွဲ တွေမှာ ဝင်မလား မဝင်ဘူးလား ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်လို့ လွှတ်တော်က အပြောင်းအလဲ တစ်ခုလုပ်ပြီးတော့ သမ္မတကြီး ကလည်း လက်မှတ်ထိုး ပြီးပြီ ဆိုတော့ ၁၈ ရက်နေ့ကျရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအစည်းအဝေး ခေါ်ပြီးတော့ ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခု သတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စတွေကို မမေးပါနဲ့။ ကျွန်မက ၁၈ ရက်နေ့အထိ စောင့်ပါလို့ပဲ ပြောမှာပါပဲ။ အဲဒါမေးရင် မေးရကျိုး နပ်မယ် မထင်လို့ မမေးပါနဲ့။

တခြား နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ နိုင်ငံရေး အကျဉ်းသား။ ဒီနှစ် အတွင်းမှာ နိုင်ငံရေးအကျဉ်းသား အချို့လွတ်လာတာ ရှိပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်တွေမှာ ကျန်ရှိနေ သေးတဲ့ နိုင်ငံရေးသမားတွေ ရှိသေးတယ် ဆိုတာလဲ အများ သိပြီးသား ဖြစ်ပါတယ်။ ဒီနေ့တောင်မှ ထပ်ပြီးတော့ လွှတ်မယ် ဆိုတာကို ကျွန်မတို့ ကြားနေရပါတယ်။ အခုထိတော့ တိတိကျကျ ကျွန်မတို့ ဘာမှ မသိရသေးပါဘူး။ အခုထိတော့ ဒါ လွှတ်တော့မယ် လွှတ်တော့မယ်လို့ ပြောတာကိုပဲ ကျွန်မတို့ ကြားနေရတာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးဟာ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ သာမက ဒီမိုကရေစီ လိုလားတဲ့သူ အားလုံးရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

နောက်တစ်ခု ကတော့ ကျွန်မတို့ နိုင်ငံမှာ အခု အားလုံးအတွက် စိတ်ပူစရာ စိတ်မအေးစရာ ဖြစ်နေတာက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါပဲ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ ဝမ်းနည်းစရာ ကိစ္စ ဖြစ်ပါတယ်။

ကျွန်မ ဂျူလိုင်လ တုန်းကဆိုရင် သမ္မတကြီး ဦးသိန်းစိန်နဲ့ တိုင်းရင်းသား အဖွဲ့အစည်း အချို့ကို အိတ်ဖွင့်စာ ပေးပြီးတော့ ဒီတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ နောက်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ကျွန်မ တိုက်တွန်းခဲ့ပါတယ်။ ကျွန်မ အနေနဲ့ ဘယ်နေရာက ဖြစ်ဖြစ် ကူညီနိုင်ရင်လည်း ကူညီပါမယ်လို့ ကျွန်မ ပြောပါရစေ။ အခုလည်း ဒီအတိုင်းပါပဲ။ ကျွန်မ တစ်ယောက်တည်း အနေနဲ့ သော်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ သော်လည်းကောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တစ်နည်း တစ်နေရာက နေပြီးတော့ ကူညီနိုင်မယ် ဆိုလို့ရှိရင် ကျွန်မတို့က နေပြီး ဝင်ရောက် ပါဝင် ကူညီဖို့ အဆင်သင့် ဖြစ်ပါတယ် ဆိုတာ ကျွန်မ ထပ်မံပြီးတော့ ပြောချင်ပါတယ်။

ကျွန်မတို့ နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေ အပေါ်မှာ အခြေခံပြီး အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုလို့ ကျွန်မ မြင်တာကတော့ ဥပဒေစိုးမိုးရေး ကိစ္စပါ။ လူ့အခွင့်အရေးနဲ့ ပတ်သတ်ပြီးတော့ပဲ ဖြစ်ဖြစ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ပဲ ဖြစ်ဖြစ် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ် စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ပတ်သတ်လို့ပဲ ဖြစ်ဖြစ် ဥပဒေစိုးမိုးရေး မရှိလို့ကတော့ ကျွန်မတို့ဟာ သိပ်ပြီးတော့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးအကျဥ်းသား ဆိုတာကလည်း ဥပဒေစိုးမိုးတဲ့ နိုင်ငံတွေမှာ ရှိလေ့ရှိထ မရှိပါဘူး။

နောက် စီးပွားရေးနဲ့ ပတ်သက်လို့လည်း ရင်းနှီးမြှုပ်နှံမှုတွေ တကယ်ပဲ လာစေချင်တယ် ဆိုလို့ရှိရင် ဒီမှာလည်း ကျွန်မတို့က ဥပဒေစိုးမိုးရေး လိုပါတယ်။ လာပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားမဲ့သူ တွေက ­­ဒီနိုင်ငံမှာ ဥပဒေစိုးမိုးမှု ရှိ၊ မရ­­­­­­­ှိ ဆိုတာကို သေသေချာချာ ကြည့်ပြီးမှ သူတို့ ရင်းနှီးသင့်တယ်၊ မရင်းနှီးသင့်ဘူး ဆိုတာကို သေသေချာချာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ နိုင်ငံ တိုးတက်ရေး အတွက် လူတွေဟာ စိတ်လုံခြုံဖို့ ဆိုရင် ဥပဒေစိုးမိုးရေး ဆိုတာ ရှိရမယ်။ ဥပဒေ စိုးမိုးရေးက ဘာပေါ်မှာ မူတည်လဲ ဆိုတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် ရှိရမယ်။ တရားရေး မဏ္ဍိုင်ဟာ လွတ်လပ်ရမယ်။ သန့်ရှင်းရမယ်။ ဒီလို သန့်ရှင်းပြီးတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် မရှိလို့ကတော့ ကျွန်မတို့ နိုင်ငံမှာ ဥပဒေစိုးမိုးရေးက မရှိနိုင်ပါဘူး။

ဒါဟာ နိုင်ငံတစ်နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စလို့ ကျွန်မ မြင်ပါတယ်။ ဒီဟာဟာ ဒီမိုကရေစီ အတွက် မရှိမဖြစ် ရှိရမဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီမိုကရေစီအတွက် အဆောက်အအုံတွေ ခိုင်မာဖို့ဆိုတာ လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရေး မဏ္ဍိုင်ဟာ အဓိကပါပဲ။ အဲဒီတော့ အဲဒီဟာအတွက် ကျွန်မတို့ဟာ ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ် ဆိုတာလေး ကျွန်မ ပြောချင်ပါတယ်။

ကျွန်မတို့ အရင်နှစ်က ကျွန်မ ဒီလိုနေ့မှာပေါ့ ၁၄ ရက်နေ့မှာ ရုံးရှေ့မှာပြည်သူနဲ့ စကားပြောတဲ့ အခါမှာ ကျွန်မတို့ ဒီမိုကရေစီ ကွန်ယက်တစ်ခု ဖွဲ့စည်းဖို့ ပြောခဲ့ပါတယ်။ ဒီကွန်ယက် လာတော့ ကျွန်မတို့ အားရလောက်အောင် လုပ်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ပညာရေးဘက်မှာ ဆိုလို့ရှိရင် ကျွန်မတို့ တော်တော် အောင်အောင်မြင်မြင် ရှိပါတယ်။ တခြား ကျန်းမာရေး၊ လူမှုရေး လူသားချင်း စာနာတဲ့ နေရာတွေမှာလဲ ကျွန်မတို့ တော်တော် အောင်အောင်မြင်မြင် ရှိပါတယ်။

နောက်ပြီးတော့ ခုတစ်ခေါက် ဥပဒေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ရှေ့နေကွန်ယက် တွေကိုလည်း ဖွဲ့နိုင်ခဲ့ ပါတယ်။ ဒါဟာ ကျွန်မတို့ ဥပဒေစိုးမိုးရေး အတွက် အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို တိုးတက်မှုတွေ ရှိပေမဲ့ လုံလောက်သလား ဆိုတော့ ကျွန်မအနေနဲ့ လုံလောက်တယ် ဆိုတဲ့ စကားလုံးကို မသုံးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံလောက်ပြီ ကျေနပ်လောက်ပြီ ဆိုတဲ့ အဓိပ္ပါယ်က ထပ်ပြီးတော့ လုပ်ဖို့ မလိုတော့ဘူး ဆိုတဲ့ အဓိပ္ပါယ်လေး နည်းနည်း ရောက်လို့ ဖြစ်ပါတယ်။ ကျွန်မတို့ ထပ်ပြီး လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့လည်း တစ်ဖက်ကလည်း ဒီလို အပြုသဘော ဆောင်တဲ့ အမြင်နဲ့ မြင်ဖို့ လိုပါတယ်။

တိုးတက်ဖို့ ဆိုတာက အမြင်တွေကိုလည်း ပြောင်းလဲသင့်တဲ့ အချိန်မှာ ပြောင်းလဲရမယ်။ ကျွန်မတို့ဟာ ယုံကြည်ချက် ပေါ်မှာ အခြေခံ ပြီးတော့ စွန့်စားသင့်တဲ့ အချိန်မှာလည်း စွန့်စားရမယ်။ အဲဒီလို လုပ်မှသာလျှင် ကျွန်မတို့ လိုချင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကြီးက ပွင့်သွားမှာပါ။

ဒီတော့ မပွင့်သေးဘူးလား လို့ တစ်ချို့က ပြောမယ်။ ဒီလို ကျွန်မ ပြောခြင်းအားဖြင့် ဒီိမိုကရေစီ လမ်းကြီးက မပွင့်သေးဘူးလား လို့ ပြောတာလား ဆိုရင် ဒီလမ်းဟာ ပွင့်ပြီလို့ အားလုံးကနေ လက်ခံနိုင်တဲ့ အခြေအနေတော့ မရောက်သေးပါဘူး လို့ ကျွန်မ ပြောပါရစေ။ အဲတော့ ဒီအခြေအနေ ရောက်ဖို့ဟာ ကျွန်မတို့ အားလုံး ကြိုးစားဖို့ လိုပါတယ်။

The Voice Weekly
Video..Burma VJ Media Network


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment