Wednesday 16 November 2011


ဆန္ဒပြသံဃာတော် ငါးပါး မစိုးရိမ်တိုက်ဟောင်းကျောင်းကို ရောက်ရှိ

Posted: 15 Nov 2011 08:16 AM PST


အခုနောက်ဆုံး အခြေအနေအရတော့ ဆန္ဒပြဆရာတော် ငါးပါးဟာ မစိုးရိမ်တိုက်ဟောင်းကျောင်းကို ရောက်ရှိသွားပြီဖြစ်ပြီး အဲ့ဒီဆရာတော်တွေရဲ့ လုံခြုံရေးအတွက်ကိုတော့ ကျောင်းတိုက်ဆရာတော်တွေက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

မန္တလေးမြို့ရဲ့ လုံခြုံရေးအခြေအနေကတော့ ထူးထူးခြားခြား လုံခြုံရေးချထားတာမျိုး မတွေ့ရပေမဲ့ လမ်းဆုံလမ်းခွ မီးပွိုင့်တွေမှာ ယာဉ်ထိန်းရဲမဟုတ်တဲ့ ရဲသားတွေနဲ့ အရပ်ဝတ်ရဲသားတွေ ချထားတာကိုတော့ တွေ့ရတယ်လို့ မန္တလေးမြို့ခံက ဆိုပါတယ်။

နေ့လယ်က ဆန္ဒပြနေတဲ့ ဗိမာန်တော်တဝိုက်ကိုတော့ လျှပ်စစ်မီးဖြတ်တောက်လိုက်တာကြောင့် ဆန္ဒပြသံဃာတော်တွေက မီးစက်နှိုးပြီး တရားဟောခဲ့ပါတယ်။ အဲဒီလို မီးစက်နှိုးဖို့အတွက် ပရိသတ်တွေက ဓါတ်ဆီ၊ ဒီဇယ်ဆီ ဝယ်ပေးကြတယ်လို့ သိရပါတယ်။

နေ့လယ်ခင်းက ဗိမာန်တော်အတွင်းသို့ ဓါတ်ဆီပုံးတွေကို အုတ်တံတိုင်းပေါ်ကနေ တင်ပေးနေတဲ့ လူငယ်ကို ဖမ်းဆီးဖို့ သူ့ရဲ့အိမ်ကို ထောက်လှမ်းရေးတွေက ညနေ ၅း၀၀ နာရီမှာ လာရောက်မေးမြန်းတဲ့အတွက် အခုဆိုရင် အဲဒီလူငယ်လေးက အိမ်မပြန်ရဲတော့ဘဲ ရှောင်တိမ်းနေရတယ်လို့ သတင်းရရှိပါတယ်။

By ဇာဏီ (BurmaVJ Media Network)


နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ သတင်း
Man.


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment