Tuesday 20 December 2011





ပွင့်လင်းလာသည့် နိုင်ငံရေးရာသီနှင့် ပညာရှင်များ၏အခန်းကဏ္ဌ




မြန်မာ့နိုင်ငံရေး ရာသီလဲ ပွင့်လင်းလာတာနဲ.အမျှ မူဝါဒတွေ ပြောကြ ဆွေးနွေးကြ ရေးကြတဲ့အခါ ပညာရှင်တွေ၏ အခန်း ကဏ္ဍတွေ ပိုပြီး အရေးကြီးလာပါသည်။

ရန်ကုန်တက္ကသိုလ်တွေ မန္တလေးတက္ကသိုလ်တွေ အပါအ၀င် ပြည်တွင်းရှိ ပညာရှင် ပါမောက္ခတွေဟာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်မှုအလိုက် မြန်မာပြည်၏ အရေးအရာတွေမှာ ပါဝင်ပြီး ထုတ်ဖော် ဆွေးနွေး ပြောဆို ရေးသားလာရင် အတော် အကျိုး များမည့်အရာတွေ ဖြစ်ပါသည်။

မြန်မာပြည်မှာ နေပြီး မြန်မာပညာရှင်တွေဖြစ်ကြတော့ မြန်မာ့အရေးတွေ မူဝါဒတွေ အခြေအ နေတွေကို ပြောကြ ဆွေးနွေးကြ ရေးကြတဲ့အခါ သီအိုရီ သဘောတရားတွေအပြင်
ယဉ်ကျေး မှု စိတ်ခံစားချက်နဲ.လူတွေ၏ စရိုက် လက္ခဏာတွေကိုပါ သိနေ နားလည်နေသူတွေ
ဖြစ်တော့ ပိုပြီး လက်တွေ.ကျကျ ပြောနိုင် ဆိုနိုင် မြင်နိုင်သူတွေ မဟုတ်ပါလား။ သီအိုရီတွေ သဘောတရားတွေကို စာအုပ်တွေ ကျမ်းတွေမှာ လေ့လာကိုးကား ဖတ်ရှုလို.ရရှိနိုင်ပေမည့် လူမျိုး
တမျိုး နိုင်ငံတခု၏ စိတ်ဓာတ်နဲ. စရိုက်
အကျင့်တွေကတော့ အဲဒီနိုင်ငံထဲမှာ နေတဲ့ နိုင်ငံသား တဦးလောက်တော့ အပြင်လူက ဘယ်လိုမှ
ယှဉ်ပြီး နားလည်နိုင်ဖို. မလွယ်ပါ။

ဒါကြောင့် မြန်မာ တက္ကသိုလ်တွေ ကောလိပ်တွေက တက္ကသိုလ်ဆရာတွေ ပညာရှင်တွေ ပါမောက္ခတွေ၏ မြန်မာ့ရေးရာတွေမှာ ပြောဆိုမှုတွေ သုံးသပ်မှုတွေဟာ လောလောဆယ်မှာ မရှိသလောက် ဖြစ်နေသေးတာမို. အဲဒီ ကွက်လပ်-Space လေးတွေကို ဖြည့်ဆည်းပေးနိုင်ရင်
နိုင်ငံနဲ. လူမျိုးအတွက် အကျိုးများမည့် အရာတွေ ဖြစ်ပါသည်။ အခုဆိုရင် တက္ကသိုလ်တွေက
 မြန်မာ ပညာရှင် ပါမောက္ခာတွေဟာ ဘေးမှာ ထိုင်ပြီး နှုတ်ဆိတ် နှုတ်ငြိမ်နေသလို ဖြစ်ပါသည်။
ဒီတော့ အစိုးရနဲ. အတိုက်အခံတွေ ပြောကြ ငြင်းကြတဲ့ မူဝါဒ ပေါ်လစီကိစ္စတွေလောက်ပဲ အများပြည်သူတွေက ကြားနေရပါသည်။ ဒါနဲ. မလုံလောက်ပါ။ မပြည့်စုံပါ နိုင်ငံတခုအတွက် စဉ်းစားကြတဲ့အခါ။ ပညာရှင်တွေ၏ အမြင်တွေ အယူအဆတွေကိုပါ ပြည်သူတွေက သိခွင့်ရမှ
Well-Informed ဖြစ်ပြီး Sound-Judgement တွေ လုပ်နိုင်မည် မဟုတ်ပါလား။ မဟုတ်ရင်
အပြောကောင်းပြီး လူကြိုက်များတဲ့သူတွေက အနိုင်ရပြီး တကယ့် ပေါ်လစီ Substance
အပိုင်းမှာ ထိခိုက်သွားစေပါသည်။ ပုဂ္ဂိုလ်ရေး-personal ထက် ပေါ်လစီ-policy အပိုင်းကို
ဦးစားပေးတဲ့ အလေ့အကျင့်တွေ ဖြစ်ဖို. အထူး လိုပါသည်။

ဒါမှလဲ မြန်မာနိင်ငံက ပညာရေး အဆောက်အဦး-Educational Institutions တွေဟာ
Intellectual Strength တွေ အား ကောင်းအောင် လေ့ကျင့် ပျိုးထောင်ရာဖြစ်သလို နိုင်ငံအတွက်
လိုအပ်တဲ့ မူဝါဒတွေ ပေါ်လစီ တွေကို လေ့လာ ရေးသား ပြောဆိုတဲ့အခါ အားကိုး အားထားရမည့် ဌာနကြီးတွေ မှီးငြမ်းရမည့် ဌာနကြီးတွေ ဖြစ်လာပါမည်။ တက္ကသိုလ်က ပညာရှင်တွေ
ပါမောက္ခတွေဟာ အလေးအနက်ထား နားထောင်ရမည့် Institutions တွေအဖြစ် လက်တွေ
.ဘ၀ မှာ မားမားမတ်မတ် ရပ်တည်နိုင်မည် ဖြစ်ပါသည်။ တချိန်တည်းမှာ တိုင်းပြည် ၏
ကိစ္စတွေကို ပြောကြ ဆိုကြတဲ့အခါ စနစ်တကျဖြင့် လေ့လာပြုစုပြီး မျှမျှတတနဲ. နိုင်ငံရေး
ဘက်လိုက်မှုမရှိ နိုင်ငံရေးအစွဲမရှိပဲ ပညာရှင်တွေ၏ အမြင်သက်သက်နဲ. တင်ပြ ဆွေးနွေး မှုတွေကို ပြည်သူတွေ သိခွင့် ရရှိမည် ဖြစ်ပါသည်။

တချိန်ကတော့ အကြောင်း အမျိုးမျိုးကြောင့် လက်ရှောင်နေတာ နောက်ကွယ်မှာ ဘာသိဘာ
သာနေခဲ့ရတာ မှန်သော်လဲ အခုတော့ ရာသီဥတုတွေ ပွင့်လင်းလာသလို ရှိတော့ ခြေလှမ်းတွေ စဖို. လိုပါသည်။
အခုတလော သတင်းတွေမှာ ကြားနေရတဲ့ အနုပညာရှင်တွေ၊ စာပေ ဂီတပညာရှင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ. လူသိထင်ရှား သွားလာ ဆက်ဆံပြီး လူမှုရေး
နိုင်ငံရေး ပညာရေး စတဲ့ကိစ္စတွေမှာ ထဲထဲ ၀င်ဝင် ပါလာတဲ့အရာဟာလည်း တနည်းပြောရရင်
ကောင်းတဲ့ အရာလို. ဆိုနိုင်ပါသည်။ အရင်က ဒါမျိုးကို အနုပညာရှင်တွေ စာပေ ဂီတနယ်က
လူတွေ စိတ်ရှိရင်တောင် မလုပ်ရဲပဲ အခြေအနေအရ မီးစင်ကြည့် က ခဲ့ရတာ မဟုတ်လား။
အခုတော့ နိုင်ငံတော် အစိုးရနဲ. ဒေါ်စုတို. ဆက်ဆံမှု ကောင်းလာတာနဲ.အမျှ ကျန်တဲ့ ပညာရှင် တွေလဲ ပြောင်ကျကျ ပါလာပြီး ကိုယ်နိုင်တဲ့ဖက်ကနေ ကူညီဖို. လက်တွေ. လုပ်ရဲခဲ့တာ ဖြစ်ပါသည်။ ဒါဟာ နိုင်ငံရေး ရာသီ ပွင့်လင်းလာလို.သာ ဖြစ်ပေါ်လာသည့်
တိုးတက်မှုလို. ဆိုရင် မှားမည် မထင်ပါ။

ဒီလိုပဲ မြန်မာ တက္ကသိုလ်တွေက ပညာရှင် ပါမောက္ခတွေဟာ မူဝါဒဆိုင်ရာတွေမှာ ပညာရှင် တွေဖက်ကနေ ဝေဖန် သုံးသပ် ထောက်ပြတာတွေကို လုပ်ပေးလာနိုင်ရင်
အစိုးရရော အတိုက်အတိုက်အခံ နိုင်ငံရေးသမားတွေပါ တလေးတစားနဲ. သတိထား
နားထောင်ရမည့် အမြင်တွေ ဖြစ်လာနိုင်ပါသည်။ ပညာရှင်တွေ ပီပီ ဘက်တဘက်ကနေ
ရပ်တည်တာ မဟုတ်ပဲ ပညာရှင်တွေ၏ ရှုဒေါင့်ကနေ ရပ်ပြီး မူဝါဒတွေ ပေါ်လစီတွေကို ဘာသာရပ်အလိုက် လေ့လာ သုံးသပ်ပြီး အကြံဥာဏ်တွေ ကောက်ချက်တွေ မှတ်ချက်တွေနဲ. ထောက်ပြတာ ဆွေးနွေးတာ ပြောဆိုတာ မျိုး ဖြစ်ရပါမည်။ ဒီလိုဆိုရင်
နိုင်ငံခြားကနေ လက်မဲချည်းတွေနဲ. နိုင်ငံရေးအစွဲတွေ ဖြင့် ဝေဖန် သုံးသပ် ထောက်ပြနေတဲ့
ပညာရှင်ဆိုတဲ့ ပညာရှင် မဆန်တဲ့ ဝေဖန်သံတွေ ဘေး ကိုရောက်သွားပါမည်။

လေထု ညစ်ညမ်းမှုတွေ နည်းပါသွားစေမည်။ နိုင်ငံရေး လေကောင်းလေသန်. တွေ ဖြစ်ကာ
ပြောကြ ဆိုကြတွေဟာလဲ တာဝန်ခံ တာဝန်ယူပြီး ကိုင်တိုင်ကိုယ်က အရေးကြီးတဲ့ ပညာရေး
ကဏ္ဍကို ဦးဆောင်ရွက်လွှင့်နေရတဲ့ ပဲ့ထိမ်းသမားတွေဖြစ်တာကြောင့် ဘာကိုပဲ ပြောပြော
ဘာကိုပဲ ရေးရေး သိက္ခာရှိစွာဖြင့် ပညာရှင်အဆင့်အတန်းနဲ.အညီ ပြောကြ ဆိုကြမည် ဖြစ်
ပါသည်။

အပြင်မှာ ရှိတဲ့ ပညာရှင်ဆိုသူတွေကတော့ ဘာမှ တာဝန်ခံစရာ Responsibility ယူစရာမရှိ
တော့ လမ်းဘေး စကားတွေနဲ. ပြောချင်တာတွေ ပြော အော်ချင်တာတွေ အော် နေကြသလို
ဖြစ်နေပါသည်။ တာဝန်ယူ တာဝန်ခံပြီး ပြောဆိုရမည့် ပြည်တွင်းက ပညာရှင်တွေကြတော့ ပြောတဲ့စကားတွေဟာ ပညာရှင်တွေ၏ ဂုဏ် သိက္ခာနဲ.အညီ
ပြောကြရ မည် မဟုတ်ပါလား။

ဒါကြောင့် မြန်မာပြည်၏ တိုင်းရေးပြည်ရာ အရေးကိစ္စတွေမှာ မြန်မာပြည်တွင်းက တက္ကသိုလ် တွေ ကောလိပ်တွေက ပညာရှင် ပါမောက္ခတွေ၏ ပါဝင်ဆွေးနွေးမှုတွေဟာ
နိုင်ငံရေး ရာသီ ပွင့်လင်းလာမှုနဲ.အညီ ပိုပြီး အသံတွေ မြည်လာတာကို ကြားချင် မြင်ခြင်
ဖြစ်စေချင်ပါသည်။






nyein chan ko ko

No comments:

Post a Comment