Tuesday 20 December 2011

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် သမိုင်းကြောင်းကောင်းသူများကိုသာဦးဆောင်စေသင့်
Posted: 18 Dec 2011 06:10 AM PST

ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ယူထားသည့် ဦးအောင်သောင်းနှင့် ဦးသိန်းဇော်
ပြည်ခိုင်ဖြိုးပါတီ၏ ရန်ပုံငွေများကို ထိန်းချုပ်ခွင့်ရထားသူ ဦးအောင်သောင်းသည် လတ်တလောဖြစ်
ပွားနေသည့် ရွှေညဝါဆရာတော်ကို မန္တလေးတိုင်း NLD ရုံးတွင် ငြိမ်းချမ်းရေးတရားဟောမှုကိစ္စနဲ့
ပက်သက်ပြီး ကျောင်းတိုက်မှ နှင်ထုတ်ရာတွင် နောက်ကွယ်မှ အဓိကပါဝင် ပတ်သက်နေသူ
 တစ်ဦးဖြစ်ကြောင်းသိရ

မြန်မာနိုင်ငံတွင် အမြန်လိုအပ်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် ပြည်ထောင်စု
အစိုးရဘက်မှ သမိုင်းကြောင်း ကောင်းသူများကို ဦးဆောင်စေသင့်ကြောင်း မြန်မာ့နိုင်ငံရေးအသိုင်း
အဝိုင်းက တစ်ညီတစ်ညွတ်တည်း ဆိုကြသည်။

ငြိမ်းချမ်းရေးတည်ဆောက်ရန် နှစ်ဦးနှစ်ဖက် ဆွေးနွေးရာတွင် နားလည်မှုအရင်းခံကာ ဆွေးနွေးရသည့်
အတွက် သမိုင်းကြောင်းကောင်းသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ နာမည်ပျက် မရှိသူများကို ဦးစားပေးရွေးချယ်သင့်ပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောကြားသည်။

"ငြိမ်းချမ်းရေးဆွေးနွေးတဲ့သူတွေဟာ ရိုးသားမှု မရှိဘူးဆိုရင် ရလဒ်ကောင်းတွေ မပေါ်လာနိုင်ဘူး"
ဟု ယင်းက ဆက်လက် ပြာကြားသည်။

လက်ရှိအချိန်တွင် အစိုးရသစ်အနေဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်များအဖြစ် တောင်သာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းနှင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့အား
တာဝန်ပေးထားသည်။

ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ယူထားသည့် ဦးအောင်သောင်းနှင့်
ဦးသိန်းဇော်တို့သည် တပ်မတော်အစိုးရ လက်ထက်တွင် အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းအား တိုက်ခိုက်
မှုနှင့် အကျင့်ပျက် လာဘ်စားမှုတို့တွင် အကြီးအကျယ်ပါဝင် ပတ်သက်နေသူများ ဖြစ်သည်ကို တွေ့ရှိရကြောင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍
လေ့လာသုံးသပ်နေသူ တစ်ဦးက ဆိုသည်။

"အရင်အစိုးရအဖွဲ့ဝင်တွေထဲမှာ လာဘ်စားတဲ့နေရာမှာ နာမည်ကြီးတဲ့သူတွေက လက်နက်ကိုင်
တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတော့ အစိုးရဖက်ကကို တစ်ဖက်နိမ့်နေပြီ။ ဆက်ပြောရရင် ဒီလိုလူတွေက နိုင်ငံအဆင့်ကိစ္စရပ်တွေ ကိုင်တွယ်နေတာက သမ္မတကြီးပြောပြောနေတဲ့ သန့်ရှင်းတဲ့အစိုးရ ဆိုတာကို ပြည်သူတွေ တစ်မျိုးထင်စရာ ဖြစ်နေတယ်" ဟု ယင်း၏အမြင်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ရန်ပုံငွေများကို ထိန်းချုပ်ခွင့်ရထားသူ ဦးအောင်သောင်းသည် လတ်တလောဖြစ်ပွားနေသည့် ရွှေညဝါဆရာတော်ကို မန္တလေးတိုင်း NLD ရုံးတွင် ငြိမ်းချမ်းရေးတရားဟောမှုကိစ္စနဲ့ပက်သက်ပြီး ကျောင်းတိုက်မှ နှင်ထုတ်ရာတွင် နောက်ကွယ်မှ အဓိကပါဝင် ပတ်သက်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က သာသနာရေးဝန်ကြီးဌာနတွင် ညွှန်ချုပ်အဖြစ်တာဝန်ယူခဲ့သူ ရဟန်းလူထွက်
ဦးအံ့မောင်နှင့် မဟနဆရာတော်တစ်ချို့ ပူးပေါင်းဆောင်ရွက်သည့် ယင်းကိစ္စရပ်တွင် ဦးအောင်သောင်းမှ လိုအပ်သည်များကို ပံ့ပိုးကူညီကြောင်း ယင်းတို့နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းက ထုတ်ဖော် ပြောကြားသည်။

"ဆရာတော်ကို NLD မှာ တရားဟောလို့ဆိုပြီး ကျောင်းတိုက်ကနှင်ထုတ်တာဟာ ဦးအောင်သောင်းရဲ့ မရိုးသားမှုနဲ့ နိုင်ငံရေး အကောက်ကြံမှုကို ဖော်ပြ နေတာပါ။ ဒီကိစ္စရပ်ကို ဦးဇင်းတို့တတွေ ပြေလည်
စွာဖြေရှင်းဖို့ ကြိုးစားရမှာပါ။ သူဆင်တဲ့ အကွက်ထဲကိုတော့ အရောက်မခံပါဘူး"ဟု ကြည့်မြင်တိုင်မြို့နယ်၊ သာဓု ကျောင်းတိုက်အတွင်းမှ သံဃာတစ်ပါးက မိန့်တော်မူသည်။

အစိုးရအဖွဲ့အတွင်း သမ္မတကြီး၊ စက်မှုဝန်ကြီးနှင့် ရထားပို့ဆောင်ရေးဝန်ကြီးတို့ ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးသမားများ နေရာရနေသော်လည်း ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ကဲ့သို့ ခေတ်နောက်ပြန်ဆွဲလိုသူများ၏ အန္တာရာယ်ကိုလည်း သတိပြုမိရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။

"သူ ဒီအကွက်ကိုဆင်တာက ရွေးကောက်ပွဲဝင်ဖို့ ပြင်နေတဲ့ NLD ကို အကျပ်ရိုက်စေနိုင်တယ်။ ဘုန်းကြီးကို ကျောင်းတိုက်က ဖယ်ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘုန်းကြီးတပည့်တွေ၊ နိုင်ငံရေးသမားတွေ ဆူဆူပူပူလုပ်ရင် ဖမ်းမယ်။ သူတို့တွေ အဖမ်းခံရရင် NLD ရဲ့ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်လည်း ပြောင်းသွားမယ်။ ဒီအထိ ရည်ရွယ်ပြီး လုပ်တာ"ဟု ယင်း နိုင်ငံရေးလေ့လာသူက
သုံးသပ်ပြသည်။

ပြည်တွင်းငြိမ်းချမ်းရေးကို အမြဲဂရုပြုတတ်သူ ရွှေညဝါဆရာတော်က ကျောင်းတိုက်မှ နှင်ထုတ်ခံရသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် မီဒီယာများအား သတင်းထုတ်ပြန်ပြီး၊ နိုင်ငံတော်သံဃာ မဟာနာယက အဖွဲ့သို့လည်း ဒီဇင်ဘာ ၁၅ ရက်နေ့စွဲဖြင့် လျှောက်ထားလွှာတစ်စောင် ပေးပို့လိုက်သည်။

ရွှေညဝါဆရာတော်နှင့်ပက်သက်သည့် ဦးအောင်သောင်း၏ လုပ်ဆောင်ချက်သည် သမ္မတကြီး
ဖော်ဆောင်နေသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစဉ်ကို ကြီးစွာအနှောင့် အယှက်ဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီတစ်ခု၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဆက်လက် ပြောကြားသည်။

"NLD ဝင်လာရင် သူနေရာပျောက်တော့မယ်လေ။ဒါကြောင့် သူကလွှတ်တော်ထဲကို NLD မဝင်လာ
ရအောင်ရယ်၊ သူ့ကိုယ်ကျိုးစီးပွား တိုးတက်အောင် ရယ်ကို လုပ်တာ၊ ဒီလို မရိုးသားမှုတွေလုပ်လေ၊ သူလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ပျက်ပြားလေပဲ"ဟု ယင်းက ဆိုသည်။၏

ဦးအောင်သောင်းသည် ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုတွင် အဓိကပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်လည်း သိသာသည့်
အကျိုးရလဒ်များ ရရှိခဲ့သည်ကို မတွေ့ရသည့်အတွက် ငြိမ်းချမ်းမှုဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပေးသင့်ကြောင်း ပြည်သူအများစုက ဆိုသည်။

"သူတို့လည်းဗျာ ဆယ်သက်စားမကုန်အောင် ချမ်းသာနေတာ၊ ဘာကြောင့် အေးအေးဆေးဆေး
မနေဘဲပြည်သူတွေကို ဒုက္ခဆက်ပေးနေတာလဲ မသိဘူး"ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

YC(KS)

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment