Thursday 17 January 2013

ဥပဒေအထက်တွင်ရှိနေသေးသော သူများ





    Posted: 15 Jan 2013 08:04 AM PST

    တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေ မှုများအကြောင်းပြောပါမယ်။ ရှင်းလင်း ပါမယ်ဆိုမှ အခမ်းအနားမစခင်လေးမှာ ပဲ တော်ဝင်နှင်းဆီခြံဝန်းထဲအထိလာပြီး တရားဥပဒေကိုပြောင်ပြောင်တင်းတင်း စိန်ခေါ်သွားသူတစ်ယောက်ကတော့ ရိုး ရိုးလေးသိန်းနိုင်ရယ်လို့အမည်ရှိတဲ့ သူဌေး တစ်ယောက်ပါပဲ။ တော်ဝင်နှင်းဆီဆိုတာ နိုင်ငံတော်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း မှု ခရီးစဉ်ကြီးအတွက် တရားဥပဒေစိုးမိုး ရေးတရားမျှတမှုတန်းတူညီမျှမှုဖော်ဆောင် ရေးမီးမောင်းတွေထိုးပြနေတဲ့ ဘူမိနက် သန်တစ်ခုဖြစ်ပါတယ်။ အရပ်ဘက်လူ့အဖွဲ့ အစည်းမျာရဲ့ အောင်မြေဆိုရင်လည်း မမှားပါဘူ။ အခုဖြစ်သွားတဲ့ဖြစ်စဉ်ဟာ ခရိုနီတချို့ရဲ့ အသွင်ကူးပြောင်းမှုကိုလည်း မစင်ဘင်ဘုတ်နဲ့ သုတ်လူးသွန်းပက်လိုက် သလိုတစ်ဖက်ကလည်း လူထုလူတန်းစား အသီးသီးကိုစော်ကားလိုက်တာဖြစ်ပါတယ်။

    ဖြစ်စဉ်ကိုအသေးစိတ်တင်ပြရမယ်ဆို ရင် ၁၃.၁.၂၀၁၃ နေ့မှာ ညနေ ၃း၀၀ နာရီမှ ၆း၀၀ နာရီအထိ ကျင်းပပြုလုပ် ရန် စီစဉ်ထားတဲ့ တရားဥပဒေစိုးမိုးရေး ကို စိန်ခေါ်နေမှုများ သတင်းစာရှင်းလင်း ပွဲမကျင်းပခင်အချိန်လေးမှာ အစော်ကား ခံလိုက်ရတာဖြစ်ပါတယ်။ ဒီပွဲကို စီစဉ်သူ များက MDCF (Movement for Democracy Current Force) ၂၀၀၇ ကုန် ဈေးနှုန်းကျဆင်းရေးအဖွဲ့နဲ့ အလုပ်သမား သမဂ်္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော် မတီအဖွဲ့တို့ဖြစ်ပြီး ကိုထင်ကျော်ဆိုသူက တော့ တရားမျှတမှုအတွက်ထာဝရတိုက် ပွဲဝင်ရင်း ၂၀၀၇ မှာ စွမ်းအားရှင် ထောက်လှမ်းရေးတွေက သိန်းကြီးဈေး ရှေ့မှာအကြမ်းဖက်ဖမ်းဆီးခံခဲ့ရတဲ့တလော ကလည်း လက်ပံတောင်းအရေးအတွက် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော် ခဲ့သူဖြစ် ပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လ အတွင်းက ကျိုက်ထီးရိုးတောင်မှာဖြစ်ပေါ်ခဲ့တဲ့ အခွန် အခမတရားမှု၊ ဂေါပကအဖွဲ့ရဲ့ အဂတိ လိုက်စားမှုများကိုဒေသခံများရဲ့ဆန္ဒထုတ် ဖော်မှုအတွက် ကိုထင်ကျော် ဦးဆောင် တဲ့ MDCF အဖွဲ့ကကူညီဆောင်ရွက်ခဲ့ပါ တယ်။

    အခုကျင်းပမယ့်သတင်းစာရှင်းလင်း ပွဲကိုတောင်ကျိုက်ထီးရိုးက ဈေးသည်တွေ အမှန်တရားအတွက်ရင်ဖွင့်ဖို့ရောက်ရှိလာ ကြပါသေးတယ်။ ရိုးရိုးလေးသိန်းနိုင်နဲ့ အဖွဲ့ကားမောင်းဝင်လာတဲ့အချိန်မှာ ကိုထင်ကျော်ဟာ တော်ဝင်နှင်းဆီခြံဝန်း ရဲ့ ကားပါကင်မြေကွက်အတွင်းမှာ လမ်းလျှောက်ရင်းဆေးလိပ်ထွက်သောက် နေမိတာဖြစ်ပြီး သူရဲ့ အဖွဲ့သားတွေက ခန်းမအတွင်းမှာ အခမ်းအနားပြင်ဆင်နေ ကြစဉ်ဖြစ်ပါတယ်။ အုပ်စုလိုက်ရိုးရိုးလေး သိန်းနိုင်အဖွဲ့ကကားကိုအပြင်းမောင်းနှင် ၀င်ရောက်လာပြီး ရိုးရိုးလေးသိန်းနိုင်ကိုယ် တိုင်က "မင်းလားကွ ထင်ကျော်ဆိုတာ" လို့ပြောပြီးမှ သူ့နောက်လိုက်များနဲ့ ၀ိုင်း ၀န်းထိုးကြိတ်ခြင်း ထီးနဲ့ ရိုက်ခြင်းတို့ကို ရမ်းကားစွာပြုလုပ်ရင်းရိုးရိုးလေးသိန်းနိုင် ဆိုတာငါပဲကွလို့ကြွေးကြော်ပါတယ်။ မိနစ်အနည်းငယ်အတွင်း စက်နှိုးထားတဲ့ ကားပေါ် ပြန်ခုန်တက်ကြပြီး မီဒီယာများ၊ ကျိုက်ထီးရိုးမှ ဈေးသည်များ အဖွဲ့အစည်းများကိုသက်သေထားကာ ဗဟန်းရဲစခန်းမှာ ကိုထင်ကျော်ကအမှုဖွင့် လိုက်ပါတယ်။

    သည်အဖြစ်ကြောင့် တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်မှုတစ်ခုထပ်တိုးသွား ပြီဖြစ်ကြောင်း မီဒီယာများကို အသိပေး ရင်း "အခုဖြစ်သွားတာက ရှင်းပါတယ်ဗျာ။ ဥပဒေအထက်မှာ ဘယ်သူတွေရှိနေသလဲ ဆိုတာလက်တွေ့ ပြသသွားတာပါပဲ"လို့ ကိုထင်ကျော်က ပြောကြားလိုက်ပါတယ်။

    ဇော်မြင့်
    The Honew weekly
    Posted: 15 Jan 2013 07:39 AM PST

    (The New York Times မှ 14 Jan 2012 ရက်စွဲပါ Thomas Fuller ၏ Myanmar Fighting Edges Toward China ကိုဘာသာပြန်ဆိုသည်)

    မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်သူပုန်အုပ်စုနှင့် အစိုးရစစ်တပ်အကြား တိုက်ခိုက်မှုများက အိမ်နီးချင်း တရုတ်နိုင်ငံ တွင်းသို့ ကူးစက်ပျံ့နှံ့မည့်အနေအထားသို့ ခြိမ်းခြောက်ရောက်ရှိနေကြောင်း လက်နက်ကိုင်အဖွဲ့များကပြောကြားသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရရှိသော သတင်းများအရ နယ်စပ်ဒေသ လိုင်ဇာမြို့တွင် အမြောက်များဖြင့်ပစ်ခတ်ခံရမှုကြောင့် လူသုံးဦးသေဆုံးကြောင်းသိရသည်။

    မြန်မာစစ်တပ်သည် လတ်တလော ရက်သတ္တပတ်များအတွင်း ကချင်ပြည်နယ်ကျပ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် ကြိုးပမ်းနေသော ကေအိုင်အေ တပ်ဖွဲ့၏ ဌာနချုပ်ရှိရာ လိုင်ဇာသို့ ထိုးစစ်ဆင်မှုများ အပြင်းအထန်ပြုလုပ်လျက်ရှိသည်။

    ကေအိုင်အေမှ အရာရှိတစ်ဦးဖြစ်သူ Awng Jet က တယ်လီဖုန်းမှတစ်ဆင့်ပြောကြားရာတွင် "တနင်္လာနေ့နံနက်အစောပိုင်း အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် ခရစ်ယာန်သာသနာပြုအဖွဲ့ဝင်တစ်ဦးနှင့် ကျောင်းသားတစ်ဦးအပါအဝင် အရပ်သားသုံးဦးသေဆုံးကြောင်း" ပြောကြားသည်။

    ကချင်ပြည်နယ်မှ အခြားသော သတင်းရင်းမြစ်များကမူ ဒဏ်ရာဖြင့်သေဆုံးနေသူများ၏ ရုပ်အလောင်းများပါရှိသည့် ဓာတ်ပုံများကို ဖြန့်ဝေခဲ့ကြသည်။

    မြန်မာအစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရဲထွဋ်က အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ သံသယရှိကြောင်း ၎င်း၏ Facebook စာမျက်နှာတွင်ထုတ်ဖော်ပြောဆိုပြီး ယင်းကိစ္စကို လွတ်လပ်စွာ အတည်ပြုရန်လိုအပ်ကြောင်း ဆိုသည်။

    မြန်မာအစိုးရစစ်တပ်က သူပုန်များကိုတိုက်ခိုက်ရာတွင် လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည့်အချိန်မှစ၍ ကချင်သူပုန်များနှင့် စစ်တပ်အကြား တိုက်ခိုက်မှုများပြင်းထန်လာသည်။ ယခင်က ကေအိုင်အေတို့ ထိန်းချုပ်ခဲ့သော မဟာဗျူဟာတောင်ကုန်းတစ်ခုကို ယခုအခါစစ်တပ်က သိမ်းယူထားပြီဖြစ်သည်။ ယင်းတောင်ကုန်းကို သိမ်းယူလိုက်နိုင်သဖြင့် အစိုးရစစ်တပ်သည် လိုင်ဇာနှင့် နီးကပ်သည့် နေရာသို့ရောက်ရှိသွားသည်။

    ကေအိုင်အေနှင့် စစ်တပ်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပယ်ပျက်သွားကာ ယခုကဲ့သို့ စစ်မက်ပဋိပက္ခများဖြစ်ပေါ်လာမှုသည် ပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီဖော်ဆောင်ရန်ကြိုးပမ်းနေသော သမ္မတဦးသိန်းစိန်အစိုးရအတွက် ကြီးမားသောအနှောက်အယှက်ကြီးတစ်ခု ဖြစ်စေသည်။ နှစ်ပေါင်း ၁၇ ကျော်ကြာရယူနိုင်ခဲ့သော ယင်းအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ သမ္မတဦးသိန်းစိန်အစိုးရအာဏာရရှိလာပြီး လပိုင်းမျှအကြာ၊ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် ပယ်ပျက်သွားခဲ့သည်။

    ကချင်သူပုန်များအား ဆက်လက်တိုက်ခိုက်သွားရန် မြန်မာစစ်တပ်၏ ဆုံးဖြတ်ချက်မှာ အန္တရာယ်ကြီးမားသော ကိစ္စတစ်ခုလည်းဖြစ်နေသည်။ အကြောင်းမှာ တိုက်ခိုက်မှုများဖြစ်ပွားနေသည့် နေရာဒေသများမှာ တရုတ်နိုင်ငံနှင့်ထိစပ်လျက်ရှိပြီး နယ်စပ်ဒေသပြဿနာများစွာကို ဖြစ်ပေါ်စေနိုင် သောကြောင့်ဖြစ်သည်။ ထို့ပြင် စစ်တပ်၏ဆုံးဖြတ်ချက်သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရယူမည်ဟု ဆိုထားသည့် သမ္မတဦးသိန်းစိန်အစိုးရ၏ သဘောထားနှင့်လည်း ဆန့်ကျင်ဘက်သဖွယ်ဖြစ်နေသည်။

    တရုတ်နိုင်ငံကမူ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း နယ်စပ်ဒေသသို့ တပ်ဖွဲ့များအနည်းငယ်စေလွှတ်ကာ လေ့လာမှုများ ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံပိုင်မီဒီယာကမူ ယင်းနယ်စပ်ဒေသကို တည်ငြိမ်မှုမရှိသောနေရာဟု ရေးသားဖော်ပြသည်။ အဆိုပါ နယ်စပ်ဒေသသို့ သွားရောက်ခဲ့သူ ဓာတ်ပုံဆရာတစ်ဦးအဆိုအရ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀ ခန့် ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

    တိုက်ပွဲများဖြစ်ပွားနေသည့် နေရာများမှာ တောတောင်ထူထပ်ပြီး ကချင်တိုင်းရင်းသားတို့၏ ဇာတိမြေတွင်ဖြစ်ရာ ၎င်းတို့အနေဖြင့် အလွယ်တကူပင်သွားလာလှုပ်ရှားနိုင်သည်။

    လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံနေရာအနှံ့တွင် တိုက်ပွဲများ၊ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့သော မြန်မာစစ်တပ် အနေဖြင့်မူ ကေအိုင်အေတို့လောက် နယ်မြေအနေအထားကို သိရှိပုံမရပေ။ သို့အတွက်ကြောင့် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု အချို့သော လေ့လာဆန်းစစ်သူများက ဆိုသည်။ လေကြောင်းထိုးစစ်ဆင်မှုများပြုလုပ်ရာတွင် အသုံးပြုသည့် ရဟတ်ယာဉ်တစ်စင်းမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ပျက်ကျခဲ့ရာ ပိုင်းလော့နှစ်ဦးနှင့် အရာရှိတစ်ဦးသေဆုံးခဲ့သည်။ ကချင်သူပုန်များက ရဟတ်ယာဉ်ကို ၎င်းတို့ပစ်ချ ခဲ့ကြောင်း ပြောဆိုသော် လည်း အစိုးရက အင်ဂျင်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    တရုတ်တောင်ပိုင်း ယူနန်ပြည်နယ်မှ စစ်ဘက်နှင့် အစိုးရအရာရှိကြီးများက နယ်စပ်ဒေသတစ်လျှောက် အခြေအနေကို အနီးကပ်စောင့်ကြည့် လေ့လာလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာကရေးသားဖော်ပြသည်။

    တရုတ်နိုင်ငံပိုင် Global Times သတင်းစာက နယ်စပ်ဒေသ Nabang မြို့မှ ကွန်မြူနစ်ပါတီ ဒုတိယအကြီးအကဲ Shang Haifeng ၏ ပြောကြားချက်ကို ကိုးကားဖော်ပြရာတွင် "အဆိုပါမြို့ကျပ် ယူနန်စစ်ဌာနချုပ်ရုံးဖွင့်လှစ်ထားပြီဖြစ်သည်" ဟု ဆိုသည်။

    Wuhan စီတီတွင်ထုတ်ဝေသော Changjiang Daily သတင်းစာရေးသားချက်အရ ကချင်ပြည်နယ်တွင်း စစ်မက်ပဋိပက္ခများမှာ ပြင်းထန်လာလျက်ရှိပြီး ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် လိုင်ဇာနှင့် ကပ်လျက်ရှိသည့် Nabang မြို့သို့ လက်နက်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ အဆိုပါလက်နက်များကျရောက်သည့် နေရာတွင် နေထိုင်သော တရုတ်နိုင်ငံသားများအား အခြားနေရာများသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ယင်းသတင်းစာကဆိုသည်။

    ကချင်ပြည်နယ်တွင်း အခြေအနေအရပ်ရပ်ကို တရုတ်နိုင်ငံက ကိုင်တွယ်ဖြေရှင်းမှုများမှာ ရှုပ်ထွေးမှုများကို ပိုမိုဖြစ်ပေါ်စေသည်။ အကြောင်းမှာ ကချင်တိုင်းရင်းသားများသည် နယ်စပ်ဒေသ နှစ်ဖက်စလုံးတွင်နေထိုင်ကြသောကြောင့်ဖြစ်သည်။ Nabang မြို့တွင် နေထိုင်သော ကချင်တိုင်းရင်းသား ထောင်ပေါင်းများစွာတို့သည် မကြာသေးခင်ရက်ပိုင်းက နယ်စပ်ဒေသဂိတ်သို့ စုဝေးရောက်ရှိလာပြီး မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကို ကန့်ကွက်ဆန္ဒပြကြကြောင်း လိုင်ဇာဒေသသို့ရောက်ရှိနေသူ ဓာတ်ပုံဆရာ Ryan Roco ကပြောသည်။ မြန်မာနိုင်ငံဘက်မှ ကချင်တိုင်းရင်းသား ၂၀၀၀ ကျော်ခန့်လည်း အဆိုပါဆန္ဒပြရာနေရာသို့ စုဝေးရောက်ရှိလာကာ စည်းလုံးညီညွတ်မှုရှိပုံကို ဖော်ပြခဲ့သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

    မစ္စတာ Roco ပေးပို့သော အီးမေးလ်ထဲတွင် လိုင်ဇာနှင့် Nabang အကြား နယ်စပ်ဒေသသို့ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀ ကျော် ခန့်ရောက်ရှိလာသည်ဟု ဆိုသည်။

    လက်ရှိအနေအထားတွင် တရုတ်နိုင်ငံထဲသို့ ဒုက္ခသည်များ အစုလိုက်အပြုံလိုက်ဝင်ရောက်လာမည့် အရေးကိစ္စကို တရုတ်အစိုးရက စိုးရိမ်ပူပန်လျက်ရှိနေသည်ဟု ယူဆရသည်။ ယမန်နှစ်က တိုက်ခိုက်မှုများပြီးဆုံးသွားချိန်တွင် တရုတ်အာဏာပိုင်များက ကချင်ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ဖိအားပေးစေလွှတ်ခဲ့သည်။

    ကချင်ပြည်နယ်တွင်း ဖြစ်ပွားသော စစ်မက်ပဋိပက္ခကြောင့် လူထောင်ပေါင်းများစွာ ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး ရာနှင့်ချီ၍ တစ်နှစ်အတွင်း သေဆုံးခဲ့ရသည်။

    ကချင်ပြည်နယ်မှရရှိသော သတင်းပေးပို့ချက်များအရ ယခုလိုပစ်ခတ်တိုက်ခိုက်မှုများကြောင့် မြန်မာဗဟိုအစိုးရအပေါ်ထားရှိသည့် ကချင်အရပ်သားတို့၏သဘောထားများ ပိုမိုတင်းမာလာလျက်ရှိသည်။ ကချင်တိုင်းရင်းသားများထုတ်ဖော်လျက်ရှိသော ရန်ငြိုးဖွဲ့မှုများနှင့် ဒေါသများက တိုင်းရင်းသားပြန်လည်စည်းလုံးရေးအတွက် မျှော်လင့်ချက်များကို ထိခိုက်ပျက်စီးစေလျက်ရှိသည်။

    ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးများအဖွဲ့မှ Coordinator ဖြစ်သူ Moon Nay Li က ကချင်သူပုန်များကို စစ်တပ်က လိုက်လံ တိုက်ခိုက်နေသည့်အချိန်မှစ၍ သူမအနေဖြင့် မြန်မာအစိုးရအပေါ် ယုံကြည်မှုများစွာလျော့ကျသွားကြောင်းပြောဆိုသည်။

    "မြန်မာနိုင်ငံထဲက ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျွန်မတို့ဘယ်လိုယုံကြည်ရမှာလဲ" ဟု ၎င်းက မေးခွန်းထုတ်သည်။

    ကချင်တိုင်းရင်းသားများသည် မြန်မာအစိုးရအပေါ်သာမက ယခင်စစ်အစိုးရအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမျက်ဒေါသထွက်လျက်ရှိသည်။

    ယမန်နှစ်က ကချင်အဖွဲ့အစည်း ၂၃ ခုမှ ဒေါ်အောင်ဆန်းစုကြည်သို့ အိတ်ဖွင့်ပေးစာတစ်ပေးပို့ခဲ့ရာကျပ် Moon Nay Li လည်းပါဝင်ခဲ့သည်။

    ယခုအခါ ပါလီမန်လွှတ်တော်အမတ်တစ်ဦးဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ဗမာတိုင်းရင်းသားဖြစ်ပြီး ကချင်စစ်မက်နှင့်ပတ်သက်၍ အနည်းငယ်မျှသာ ထုတ်ဖော်ပြောဆိုထားသည်။
    Yangon chronicle
    Posted: 15 Jan 2013 07:30 AM PST

    ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး၏ ဖိတ်ကြားချက်အရ ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇန်န၀ါရီလ ၁၅ ရက် ) ညနေ ၃း ၃၀ နာရီက ဗြိတိန်သံအမတ်ကြီး Stephen Lillie အပါအ၀င် သံရုံးတာဝန်ရှိသူများဖြစ်ကြသော Thomas Phipps နှင့် Steph Lysaght တို့နှင့် မနီလာမြို့ရှိ ဗြိတိန်သံရုံးတွင် တစ်နာရီခွဲကြာ တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံကြရာတွင် ဗြိတိန်သံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများက နိုင်ငံတကာ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ဗြိတိန်နိုင်ငံ၏ ကူညီပံ့ပိုးပေးခဲ့မှုများကို ရှင်းလင်းပြောဆိုခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများက သိလိုသည်များကို မေးမြန်းခဲ့ကြသည်။

    ယနေ့ မွန်းလွဲပိုင်း ၁၂း၃၀ နာရီကလည်း (BMFI) Balay Mindanao Foundation မှ ဥက္ကဋ္ဌဖြစ်သူ Mr. Kaloy Manlupig နှင့် တွေ့ဆုံခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိနိုင်ရေး ကြိုးပမ်းမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

    ဆွေးနွေးပွဲအပြီးတွင် ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာ သမ္မတ၏ အကြံပေးဖြစ်သူ ပါမောက္ခ Mirian Ferrer နှင့် တွေ့ဆုံပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေသော Moro Islamic Liberation Front (MILF) နှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေပုံများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
    မနက်ဖြန် (ဇန်န၀ါရီလ ၁၆ ရက်) နံနက်အစောပိုင်းတွင် ၈၈မျိုးဆက်ကျောင်းသားများသည် ဖိလစ်ပိုင်နိုင်ငံ Cotabato မြို့သို့ ဆက်လက်ထွက်ခွာကြမည်ဖြစ်ပြီး လက်ရှိလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Moro Islamic Liberation Front (MILF) အဖွဲ့မှ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် သွားရောက်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

    88 Generation Students

    You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610



    --
    http://www.burmaburo.blogspot.com

    No comments:

    Post a Comment