Thursday 17 January 2013

ဒီလိုလူတွေကြောင့် တိုင်းပြည်နံမည်ပျက်နည်းတမျိုး





Posted: 15 Jan 2013 08:27 AM PST
 
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပင်လောင်းမြို့၊ စင်းတောင်းကျေးရွာ အုပ်စု ၊ ထီတလိ ကျေးရွာ အနီး လျှိုအတွင်းရှိ ကျောက်လှိုဏ်ဂူ အတွင်း ၀ှက်ထားသော မူးယစ်ဆေးဝါးများနှင့် ဘိန်းချက်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ အား ဇန်န၀ါရီ ၁၂ ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် မူးယစ်တပ်ဖွဲ့မှတာဝန်ရှိသူများက ဖမ်းဆီးရရှိခဲ့ကြောင်း သတင်းရရှိသည်။

 ဖြစ်ပွားပုံမှာ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီး မူးယစ်အထူးတပ်ဖွဲ့ ၊ပင်လောင်းလှုပ်ရှားမှုအဖွဲ့မှ ရဲအုပ် သောင်းမြင့် ဦးစီးတပ်ဖွဲ့ဝင်များ၊ ပင်လောင်းရဲစခန်း စခန်းမှုး ရဲအုပ် တင်မောင်လေး ၊ ဥိးစီးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာ အုပ်စု၊ ထီတလိ ကျေးရွာနေ မျိုးဇော်ထိုက်၊ (၂၄) နှစ်၏ နေအိမ် အနောက်ဘက်လျှိုအတွင်းရှိ ကျောက်လှိုဏ်ဂူအတွင်း တွင် ဘိန်းချက်လုပ်နေကြောင်း သတင်းရရှိသဖြင့် သက်သေများနှင့်အတူ အဖွဲ့ နှစ်ဖွဲ့ခွဲပြီး မျိုးဇော်ထိုက်နေထိုင်သော နေအိမ် ၏အနောက်ဘက် ခန့်မှန်း ပေ ၁၀၀၀ အကွာအဝေးရှိ လျှိုအတွင်းရှိ ကျောက်လှိုဏ်ဂူ အတွင်းသို့ တစ်ပြိုင်နက် ၀င်ရောက်စီးနင်းရှာဖွေရာ မျိုးဇော်ထိုက် (၂၄) နှစ်(ဘ)ဦးသိန်းမောင် ၊ အောင်ထိုက် (၂၂) နှစ် (ဘ) ဦးမောင်တီး နှင့် ထွန်းလှ(၂၀) နှစ်၊ (ဘ)ဦးဟွန်း တို့ သုံးဦးအား လျှိုအတွင်းရှိ ကျောက်လှိုဏ်ဂူအတွင်းတွင် ဆာလာအိတ် (၆၃) အိတ် ဖြင့်ထည့်ထားသည့် ဘိန်းစိမ်း ကီလို အလေးချိန် ၉၁၂ ကီလို၊ ဘိန်းညို အလေးချိန် ၁၄ဒသမ ၂ကီလို၊ အမိုနီယမ်ကလိုရိုက် အလေးချိန် ၅ဒသမ ၅ ကီလို၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်ငွေ ၇၃၄၉၁၀၀၀၀ိ/ ကျပ်သိန်း ခုနှစ်ထောင့်သုံးရာလေးဆယ့်ကိုးသိန်းတစ်သောင်းကျပ် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဘိန်းချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ၊ဆက်စပ် ပစ္စည်းများနှင့် ဖမ်းဆီးရရှိမိသော မျိုးဇော်ထိုက်၊ ၂၄နှစ်၊ စင်းတောင်းကျေးရွာအုပ်စု၊ပင်လောင်းမြို့နယ်၊ အောင်ထိုက် ၂၂ နှစ် ၊ ထီတလိကျေးရွာ ၊ စင်းတောင်းကျေးရြွာအုပ်စု၊ ပင်လောင်းမြို့နယ် ထွန်းလှ ၂၀ နှစ် ၊ ထီရီးကျေးရွာ၊ ကျောက်တလုံး မြို့နယ်ခွဲ ၊တောင်ကြီးမြို့နယ် နေသူတို့သုံးဦးအား ပကင်လောင်းရဲစခန်းမှ ပြစ်မှု ပုဒ်မ(ပ) ၄/၂၀၁၃ မူးယစ်စိတ်ဥပဒေပုဒ်မ ၁၅/၁၉(က) ၊၂၀(က) /၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment