Monday 16 January 2012







မနေ့က သရက်မြို့မှာ ပြည်သူလူထုအား ဟောပြောခဲ့တဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ သရက်မြို့မှ မြင်ကွင်းဓာတ်ပုံ..
Posted: 14 Jan 2012 05:15 AM PST
မနေ့က သရက်မြို့ပြည်သူလူထုရဲ့ တောင်းဆိုချက်ကြောင့် သရက်မြို့အကျဉ်းထောင်မှ ပြန်လည်
လွတ်မြောက်လာတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ တရားဟောပြောပေးခဲ့တဲ့ မြင်ကွင်းဓာတ်ပုံတွေပါ...

ဓာတ်ပုံ ... ဇော်တူး၊ ဒီမိုဝေယံ...၊
Posted: 13 Jan 2012 11:49 AM PST
လွတ်အဓိဋ္ဌာန်

၁၂.၁.၂၀၁၂ ကြာသာပတေးနေ့ နံနက်(၅)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇနီးဖြစ်သူ
ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း သား/သူတို့အား ကချင်ပြည်နယ်၊
ဗန်းမော်မြို့ရှိ စစ်ဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ လှူဒါန်းမှုများပြုရန်အတွက် သွားရောက်
ပို့ဆောင်ခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အလုပ်များ မအားလပ်သည့် ကြားမှ
အဓိဋ္ဌာန်ခရီး ထွက်လိုပါသဖြင့် ပြည်မြို့ရှိ ရွှေပေါက်ပင်ဆရာတော်ကြီးထံ အသင်းသား(၃)ဦးနှင့် အတူ ခရီးထွက်ခဲ့ပါသည်။

၁၃.၁.၂၀၁၂ သောကြာနေ့ နံနက်(၅)နာရီအချိန်တွင် ဆရာတော်ကြီးနှင့်အတူ သစ်သီးဆွမ်း
ဆက်ကပ်လှူဒါန်းခြင်း အဓိဋ္ဌာန်တင်ခြင်းတို့ကို မြတ်စွာဘုရားထံ လျှောက်ထားပြီးနောက်
ပြည်မြို့ သရေ ခေတ္တရာမြို့ဟောင်းရှိ ဘောဘောကြီးရှေးဟောင်းဘုရားထံသွားရောက်၍ အဓိဋ္ဌာန်ပုတီး (၁၀၈)
ပတ် စိတ် ပြီးသည့်နောက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသော နိုင်ငံရေးအကျဉ်းသားများ
အားလုံးနီးပါး လွှတ်ပေးလိုက်သည်ဟု မင်္ဂလာသတင်းကောင်းကို ကြားသိခဲ့ရသည်။
မိမိ၏ အဓိဌာန်အတိုင်း နေ့လည်ပိုင်းတွင် ပြည်မြို့ဝန်ချတောင်ဘုရားတွင် အဓိဋ္ဌာန်ကျင့်စဉ် ပုတီး (၁၀၈) ပတ်အား
သွားရောက်၍ ကျင့်ခဲ့သည်။

ညနေပိုင်း (၅း၀၀) နာရီခန့်တွင် သရက်အကျဉ်းထောင်မှ လွတ်မြောက်လာသော ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင် တစ်ယောက် အောင်လံမြို့သို့ ရောက်နေကြောင်း၊ မကြာမီ အချိန်အတွင်း ပြည်မြို့၊
ရွှေပေါက်ပင်ကျောင်းရှိ ကျွန်တော့်ထံသို့ ၀င်ရောက်မည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့်
ည (၈း၀၀ )နာရီအချိန်တွင်
တတိယအကြိမ် အဓိဋ္ဌာန်ကျင့်စဉ်အား ရွှေပေါက်ပင် ကျောင်းဝင်းအတွင်းရှိ ရွှေရန်ပြေြ
မတ်စွာဘုရားရှေ့မှောက်တွင် ကျင့်ကြံအားထုတ်၍ ပုတီး (၁၀၈) ပတ် ပြီးစီးသည်နှင့် (၉း၀၀)
နာရီအချိန်တိတိတွင် ကိုမင်းကိုနိုင်တို့အဖွဲ့ ရွှေပေါက်ပင်ကျောင်းဝင်းအတွင်းသို့ ၀င်ရောက်လာခဲ့သည်။
ကိုမင်းကိုနိုင်အား ပြည်မြို့မှ လူမှုကူညီရေးအဖွဲ့များ၊ အကျဉ်းသားဟောင်းများ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များဖြင့် စည်ကားစွာ လိုက်လံပို့ဆောင်ခဲ့ကြသည်။
ကိုမင်းကိုနိုင်အား ဦးကျော်သူမှ အဓိဌာန်ဝင်စဉ် ၀တ်ဆင်ထားသော အတွင်းတီရှပ်အား ဖွင့်လှစ်ပြရာ "လွှတ်
… ယုံကြည်ချက် အကျဉ်းသား" တီရှပ်အကျီအား "လွှတ်" ဟူသောစာသားမှ ဟတ်ထိုး အက္ခရာအား ဆေးဖြူပိတ်ထား၍
"လွတ်" ဟူသော စာသားဖြစ်နေ၍ အားလုံးမှ ၀မ်းသာအားရစွာဖြင့်
သြဘာပေးခဲ့ကြသည်။ ထို့နောက် ရွှေပေါက်ပင်ဆရာတော်ကြီးအား ဦးကျော်သူနှင့်အတူ သွားရောက်ဖူးမြော်ကြပြီး
ဆရာတော်ကြီးမှ ငါ့လောဘ၊ ငါ့မောဟ၊ ငါ့ဒေါသ၊ ငါ့မာန ငါ့ကိုပြန်၍ နှိပ်စက်တတ်သည်" ဟူ၍ သုံးကြိမ်သုံးခါ
ရွတ်ဆို၍ ဆုံးမသြ၀ါဒစကား ပြောကြားခဲ့သည်။ ကိုမင်းကိုနိုင်တို့အဖွဲ့အား "ကျန်းမာပါစေ .. ချမ်းသာပါစေ"
ဟူသော အားပေးကြွေးကြော်သံတို့သည် ပြည်မြို့တစ်ခွင် ညဦးယံအား ထိုးခွဲ၍ ပဲ့တင်ထပ်သွားတော့သည်။

ထိုညတွင် ကိုမင်းကိုနိုင်တို့အဖွဲ့တို့သည် ဦးကျော်သူတို့နှင့်အတူ ရွှေပေါက်ပင်ကျောင်းတိုက်တွင် အိပ်စက်အနားယူကာ
၁၄.၁.၂၀၁၂ စနေနေ့ နံနက် (၆း၀၀) နာရီအချိန်တွင် ရန်ကုန်သို့ ခရီးဆက်ကြမည် ဖြစ်ကြသော်လည်း
ဦးကျော်သူသည်ကား အဓိဋ္ဌာန်ကျင့်စဉ် (၃)ရက်ပြည့်သည်အထိ ပြည်မြို့၊ ရွှေပေါက်ပင် ကျောင်းတိုက်တွင်
ဆက်လက်၍ ကျင့်ကြံ အားထုတ်သွားမည် ဖြစ်သည်။ အချုပ်ဆိုရသော် သည်တစ်ချိန် သည်တစ်ခါ
အဓိဋ္ဌာန်ကျင့်စဉ် ကျင့်ကြံအားထုတ်သော ဦးကျော်သူ၏ အဓိဋ္ဌာန်ကျင့်စဉ်အား "လွတ်" အဓိဋ္ဌာန်ကျင့်စဉ်
ဟု အမည်နာမ တပ်လိုက်ချင်တော့သည်။

FFSS (နာရေးကူညီမှုအသင်း ရန်ကုန်)

၁၃ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံမှာ တရားပွဲများ ဟောပြောပြသခဲ့ပြီး ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာတဲ့ ရွှေညဝါဆရာတော်ကြီးနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီတို့ ရန်ကုန်လေဆိပ်မှာ တွေ့ဆုံစဉ်..
(ဓာတ်ပုံ.. 7 Day News Journal)



Posted: 13 Jan 2012 09:47 AM PST
အင်းစိန်
အင်းစိန်
ရန်ကုန်လေဆိပ်
မနီလာသိန်းကို လမ်းတွင်ကြိုကြစဉ်
ကိုဝင်းမော် လေဆိပ်ရောက်လာစဉ်
ကိုဇော်သက်ထွေးလေဆိပ်ရောက်လာစဉ်
ယနေ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားများအား နိုင်ငံရေး အကျဉ်းသားဟောင်းများမှ သွားရောက်ကြိုဆိုတဲ့ မြင်ကွင်း ဓာတ်ပုံများ..


ဓာတ်ပုံ ပေးပို့ပေးတဲ့ Red Star Burma အားကျေးဇူးတင်ပါသည်...။
Posted: 13 Jan 2012 06:26 AM PST
ကိုမင်းကိုနိုင် သရက်မှ အောင်လံမြို့သို့အသွား စက်လှေပေါ်တွင် ကြိုဆိုသူများနှင့် တွေ့ရစဉ်
ကိုမင်းကိုနိုင်က အောင်လံမြို့ ကမ်းနားလမ်းနှင့်ဘုရားလမ်းထောင့်တွင် လူထုသို့စကားပြောနေစဉ်။
ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာသော ဦးကိုကိုကြီး
ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး (အသံဖိုင် DVB)
ကိုဋ္ဌေးကြွယ်
ဘန်ကောက်မှ ပြန်လည်ကြွရောက်လာသော ရွှေညဝါဆရာတော်နှင့် ကိုဂျင်မီတို့ ရန်ကုန်လေဆိပ်မှာ တွေ့ဆုံစဉ်..
ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသော ကိုမြအေးအား တွေ့ရစဉ်
ကိုပြုံးချိုအားတွေ့ရစဉ်
ကိုပြုံးချို (အသံဖိုင် DVB)
ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက် ရှိလာသော မနီလာသိန်း
ကိုမင်းကိုနိုင်မှ အကျဉ်းကျခံနေရစဉ် ရေးဆွဲထားသော ပန်းချီကားများကို ပြည်သူများအား ပြသနေစဉ်။
ကိုမင်းကိုနိုင်အား အောင်လံမြို့တွင် ကြိုဆိုနှုတ်ဆက်ကြသူများ
ဓာတ်ပုံများ 7 Day News Journal နှင့် EMG
ဒီငြိမ်းလင်း(ယာအစွန်-မျက်မှန် တပ်ထားသူ)၊ နိုဘယ်အေး၊ ကိုကိုနိုင်၊ လားရန်ထွန်း၊ ဦးဝိလာသက္က (ခ)ဦးလှထွန်း (ယာမှဝဲအစဉ်လိုက်) တို့ကို မုံရွာအကျဉ်းထောင်မှ လွတ်မြောက်လာပြီး ကြိုဆိုသူများ၏ ပန်းနှင့်ပန်းကုံး၊သပြေခက်တို့နှင့်တွေ့
ရစဉ်
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment