Monday 16 January 2012







ယနေ့ပြန်လည် လွတ်မြောက်လာတဲ့ အညတရသူရဲကောင်းဆုရှင် ဆရာတော်ဝိရသူအား ကြိုဆိုနေကြသည့် မစိုးရိမ် တိုက်သစ်မှ သံဃာထု။
Posted: 13 Jan 2012 05:57 AM PST
 လေယာဉ်ကွင်းမှ ကြွလာမည့် ဆရာတော်ဝီရသူ ကိုကျောင်းတိုက်အတွင်းမှ မျှော်နေသည့် မစိုးရိမ် တိုက်သစ်မှ သံဃာထု။
လေယာဉ်မဆိုက်မီ မျှော်နေတဲ့ မန္တလေး သံဃာထု ။
 ဤကဲ့သို့...ကြိုဆိုခဲ့သည်။
ကိုဝိုင်ကေကေ (Facebook)မှ...
Posted: 13 Jan 2012 05:00 AM PST
ဘလော့(ဂ်)ဂါတွေရဲ့ စံပြ ဘလော့(ဂ်)ဂါ နေဘုန်းလတ်ရဲ့ ဘားအံထောင်ရှေ့ မြင်ကွင်းဓာတ်ပုံများ...
ဓာတ်ပုံ Getty Images, Reuters
Posted: 13 Jan 2012 12:43 AM PST
 ဘားအံအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော ကိုနေဘုန်းလတ်(ဘလော့ဂါ)အား တွေ့ရစဉ်
၁ ကိုမင်းကိုနိုင်

၂ ဦးခင်ညွှန့်(ထောက်လှမ်းဟောင်း)

၃ ဦးကိုကိုကြီး

၎ ဦးခွန်ထွန်းဦး

၅ ကိုဋ္ဌေးကြွယ်

၆ ဘန်ဒိတ်ထွန်း

၇ မမီးမီး

၈ ဦးဂမ္ဘီရ

၉ မနီလာသိန်း

၁၀ ကိုဥာလင်း

၁၁ မသက်သက်အောင်

၁၂ ကိုဇော်ဇော်မင်း

၁၃ ကိုဂျင်မီ

၁၄ ကိုမျိုးအောင်နိုင်

၁၅ ကိုသန်းတင်

၁၆ ကိုလှမျိုးနောင်

၁၇ ကိုသက်ဇော်

၁၈ အံ့ဖွယ်ကျော်

၁၉ ဒေါက်တာ မင်းထွန်း

၂၀ ကိုဇေယျာ

၂၁ ကိုမြအေး

၂၂ ကိုသန်းတင်

၂၃ ကိုသက်ဇော်

၂၄ ကိုပြုံးချို

၂၅ ကိုဇော်သက်ထွေး

၂၆ မန္ဒနာမင်း

၂၇ ဦးညီပု

၂၈ ဦးစိုးင်းညွှန့်လွင်

၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)

၃၀ မင်းဟန်

၃၁ မဟန်နီဦး

၃၂၊ သန်စင်အောင်

၃၃ ၊ကျော်ကျော်နိုင်

၃၄ နန္ဒစစ်အောင်

၃၅ ၊ပြည့်ဖြိုးအောင်

၃၆ ဦးဘမြင့် ဒေါ်မာမာဦး

၃၇ ကိုကျော်စွာဋ္ဌေး

၃၈ ဒေါက်တာဝင့်သူ၊

၃၉ ကရင် စောနေထူး

၄၀စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်

၄၁ ဦးစိုင်းလှအောင်

၄၂ ကိုကျော်ဝင်း

၄၃ ကိုသီဟသက်ဇင်

၄၄ ဦးထွန်းညို

၄၅၊ ဦးပြည်ကျော်

၄၆ ဒေါက်တာသက်လွင်

၄၇ ကိုသန်းတင်(ခ)ကိုကြီးသန်း၊

၄၈ ကိုပြည့်ဖြိုးလှိုင်၊

၄၉ ကိုအောင်အောင်ကျော်၊

၅၀ ကိုဇေယျာဦး(ဧရာဝတီ)၊

၅၁ ဦးပုရစ်

၅၂ ၊စည်သူမောင်

၅၃ သန့်စင်မျိုး၊

၅၄ အောင်ဇော်ဦး

၅၅ ၊ကျော်ဝင်းဆန်း

၅၆ ၊မောင်မောင်လတ်

၅၇ ၊ဦးပြည်ကျော်

၅၈ ကို၊ကျော်မင်း

၆၀ စည်သူဇေယျ

၆၁ကျော်ကိုကို

၆၂၊ ကိုမောင်ကံ၊

၆၃ ကိုဇော်မင်းဦး

၆၄ ၊ကိုဇော်ဝင်း

၆၅ ကိုအောင်ကျော်ကျော်

၆၆ ကိုသူရစိုး

၆၇ မန်းဇော်ထွေး

၆၈ ကြည်စိုး

၆၉ ဇေယျာအောင်၊

၇၀ ကိုမျိုးမင်းသန်း

၇၁ ၊ဦးဝီရသူ

၇၂ ဒေါက်တာ တင်မင်းထွဋ်

၇၃ ရဲမြတ်ဟိန်း



၇၄ မျိုးကျော်ဇင်

၇၅ ကိုအောင်သူ

၇၆ အောင်ကျော်ဦး

၇၇ ကိုဝေလင်း

၇၈ ကိုမြင့်စိုး

၇၉ ကိုရဲမြင့်

၈၀ မျိးမင်းဇော်

၈၁ ကိုသီဟ

၈၂ ကိုညွှန့်အောင်

၈၃ ဦးအုန်းသန်း

၈၄ ကိုကျော်ဇင်လင်း

၈၅ ဒေါ် ၀င်းမြမြ

၈၆ မတင်တင်မြ၈၇ ဦါ်ဘမြင့်

၈၈ ဒေါက်တာဝင်းသူ

၈၉ ဆရာဇော်

၉၀ အောင်အောင်ရှဲ

၉၁ ဂျက်နက်ခိုင်

၉၂ကို ထွန်းထွန်းဦး

၉၃ ကိုထွန်းထွန်းနိုင်

၉၄ ကိုမြတ်ကို (GW)

၉၅ ကိုလှမျိုးဟန်(မြင်းခြံ NLD)

၉၆ ကိုညီညီဇော်

၉၇ ကိုသိန်းဇော်


၉၈အောင်ဇော်လတ်ထွန်း (ခ) ရှင်အဂ္ဂသီရိ

၉၉ ရှင်က္ကုဒ္ဇ (ခ) ကိုအေးသောင်း

၁၀၀ ရှင်မတ္တဏ္ဍု (ခ) ကိုမော်ကြီး

၁၀၁ ရှင်ဝါသ၀ (ခ) ကိုဝင်းမင်းထွန်း

၁၀၂ ရှင်ဇောတိက (ခ) ကိုဆွေခိုင်ဦး

၁၀၃ ကိုအောင်ကိုဝင်း (ခ) ကိုအောင်သီဟ

၁၀၄ ကိုအောင်ကိုလွင်

၁၀၅ ကိုမောင်စိုး (ခ) ကိုရာဇဏီ

၁၀၆ ကိုလှမျိုးနောင်

၁၀၇ ကိုဇွန်ပေါဒီဒီး(ခ) အဒီး

၁၀၈ ကိုကျော်ဌေး (ခ) ကိုဂျပန်ကြီး

၁၀၉ ကိုမောင်မောင်ဦး (ခ) ကိုမျိုးမင်း

၁၁၀ ကိုမင်းသူ (ခ) ကို

၁၁၁ ကိုသိန်းဝင်း

၁၁၂ မတင်မာဆွေ

၁၁၃ ဦးကောသလ (ခ) ဦးကျော်ဆန်း

၁၁၄ ကိုဟိန်းထက်(ခ) ဦးကောဝိဒ

၁၁၅ ဦးကောလာသ (ခ) ဦးမင်းအောင်

၁၁၆ ဦးခေမာစာရ (ခ) ဦးကျော်ရှိန်

၁၁၇ ဦးဥာနိသာရ (ခ) ဦးဇော်ဇော်

၁၁၈ ဦးပဏိန္ဒ (ခ) ဦးဖြိုးဝေ

၁၁၉ ကိုဆွေလွင် (ခ) ဦးစန္ဒိမာ

၁၂၀ ဦးဇာဂရ (ခ) သိန်းထိုက် (ခ) ကိုစိုင်း

၁၂၁ ဦးသောဘိတ (ခ) ကိုဇော်ထွန်း

၁၂၂ ဦးသီဟ (ခ) ဆန်းထွန်း

၁၂၃ ဦးသီဟအောင် (ခ) သန်းဝင်းအောင်

၁၂၄ ဦးသီလ၀ံသ (ခ) ၀င်းဗိုလ်

၁၂၅။ သိန်းဌေး (ခ) ဦးသုဇာတ

၁၂၆ ခင်ဇော်ဝင်း (ခ) ဦးဝိဇိယ

၁၂၇။ ၀င်းသိန်း (ခ) ဦးစာရိန္ဒ

၁၂၈ စိုးသိန်း (ခ) ဦးဇန္တိဘိဝံသ


ဆက်လက် ဖော်ပြပေးပါမည်။

ရွှေမြစ်မခ မီဒီယာ
Kyaw Ko Ko Interview by dvbradio
တောင်ကြီးထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ အင်တာဗျုး (DVB)

  သံလျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုနဲ့ မတရားစွပ်စွဲ ဖမ်းဆီးခြင်း ခံထားရတဲ့ အညတရသူရဲကောင်းဆုရှင် ကိုသန်းဇော်(ခ)သန့်ဇော် ယနေ့ သရက်ထောင်မှ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေး..

သရက်ထောင်မှာ သံလျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုနဲ့ မတရားစွပ်စွဲ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ အညတရ သူရဲကောင်းဆုရှင် ကိုသန်းဇော်(ခ) သန့်ဇော် ဟာယနေ့ သရက်ထောင်မှ လွတ်မြောက်လာသူများထဲမှာ ပါဝင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်..။ ထောင်ထဲမှာ နှစ်ပေါင်းများစွာ ဘဝတွေ ပေးဆပ်နေရတဲ့ ကိုသန့်ဇော် အမှုမှန် ပေါ်ပေါက်ပြီး ပြန်လည် လွတ်မြောက်နိုင်ဖို့အတွက် ထိုစဉ်က ဖမ်းဆီးထိန်းသိမ်းရာမှာ တာဝန်ရှိတဲ့ ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးအဖွဲ့ဝင်များမှ တာဝန်ယူ ဖြေရှင်းပေးပါရန် အထူးမေတ္တာ ရပ်ခံအပ်ပါတယ်..။

မတရားဖမ်ဆီး ထိန်းသိမ်းခြင်းခံထားရတဲ့ ကိုသန့်ဇော်အကြောင်း ပြန်ဖတ်ရန်.. http://www.demowaiyan.co.cc/2011/10/blog-post_5063.html
Posted: 12 Jan 2012 11:13 PM PST
ဒီမိုကရေစီ လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နောက် ဒုတိယအထင်ရှားဆုံး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့် အောင်လံရှိ ထောင်နှင့်ချီသော ပြည်သူများက ကြိုဆိုကြ

ဒီမိုကရေစီလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နောက် ဒုတိယအထင်ရှားဆုံး ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့်အောင်လံရှိ ထောင်နှင့်ချီသော ပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ယနေ့ နံနက်ပိုင်းတွင် သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော ၈၈မျိုးဆက်ေ
ကျာင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်မြို့မှ ဧရာဝတီမြစ်ကို ကူးကာေ
အာင်လံမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လာနေကြောင်း သတင်းရရှိပါသည်။ သရက်မြို့မှ ထွက်ခွာလာသော
ကိုမင်းကိုနိုင်အား ဧရာဝတီမြစ်ကမ်းဘေးတွင် ထောင်နှင့်ချီသော ပြည်သူများက ကမ်းလုံးပြည့်မျှ ကြိုဆိုခဲ့ကြကြောင်း
သိရှိရသည်။ ထို့အပြင် ပြည်သူအချို့သည် ဧရာဝတီမြစ်အတွင်း စက်လှေများဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။

"ကျွန်တော်တို့ တိုင်းပြည်မှာ အခြေအနေတွေအများကြီး ပြောင်းလဲလာပြီး လူတွေ ပျော်ပျော်ရွှင်ရွှင်
ရဲရဲဝင့်ဝင့်နဲ့ ကြိုဆိုနေကြတာကို တွေ့ရပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ တိုင်းပြည်အတွက် အများကြီး
လုပ်နိုင်မှာပါ" ဟု ထောင်ချီသော ပြည်သူများ၏ ကြိုဆိုမှုကို မြင်တွေ့ရပြီးနောက် ကိုမင်းကိုနိုင်က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်ထောင်မှ လွတ်မြောက်ပြီး မီဒီယာများနှင့်
တွေ့ဆုံစဉ်ကလည်း "ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။
သူရဲ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲေ
ဆာင်ရွက်ကြဖို့ပါပဲ။ ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး 
ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်း ရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ရေးခဲ့ပြီ ကျွန်တော်တို့ 
ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ
ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။ ရှေ့ဆက်ပြီး ဒီမိုကရေစီ အရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။
အခု ကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်မစဉ်စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ
နိုင်ငံရေး လုပ်တာမဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်ကလုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့
အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့ အစီအစဉ်မရှိဘူး။သို့သော် ဒီမိုကရေစီ
အရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ NLDနဲ့ကတော့
အရင်လိုပါပဲ။ လက်တွဲတော့မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။
ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။
Eleven ကရော ပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး
အခွေကြည့်ရတယ်လို့ Congratulation လုပ်လိုက်ပါနော်။  Appreciate လုပ်ပါတယ်လို့ " ဟု ပြောကြားခဲ့ပါသည်။
 
သရက်မြို့မှ ပြန်လည် ထွက်ခွာလာသော ကိုမင်းကိုနိုင်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ နေအိမ်(အမှတ်-၄၇၂/ခ၊
ဇာနည် (၁၃) လမ်းအထက်၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်)သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်းသိရသည်။
ကိုမင်းကိုနိုင် လွတ်မြောက်မှုကို စောင့်မျှော်ခဲ့ကြသော ပြည်သူများနှင့် မိတ်ဆွေများသည်
 ၎င်း၏နေအိမ်ရှေ့တွင် သွားရောက်စောင့်ဆိုင်း ကြိုဆိုကြရန် ပြင်ဆင် နေကြကြောင်းလည်း သိရှိရသည်။
(နောက်ဆုံးရသတင်းနှင့် ဓါတ်ပုံများကို ဆက်လက်ဖော်ပြပေးသွားပါမည် EMG)
သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်..
ဘူးသီးတောင် အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်
Posted: 12 Jan 2012 10:37 PM PST
 တောင်ငူထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင်
SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး 
(ဓာတ်ပုံ Messenger News Journal)
ဘူးသီးတောင်ထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ် (ဓာတ်ပုံ 7Days
News Journal)

အီးမေးလ်၊ ဒီဗီဘီနှင့် ဂျာနယ်များမှ သတင်းဓာတ်ပုံများ..
MIN KO NAING IN THEAT SPEECH by dvbradio 
ကိုမင်းကိုနိုင် အသံဖိုင်  (DVB)
ကိုမင်းကိုနိုင် ပြောကြားချက်

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း
ကျွန်တော် ၀ိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲဆောင်ရွက်ကြဖို့ပါပဲ။ ကျွန်တော်တို့
သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်းရှိအောင်
ကျွန်တော်တို့ အတတ်နိုင်ဆုံးရေးခဲ့ပြီ ကျွန်တော်တို့
ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။
အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။ ရှေ့ဆက်ပြီး 
ဒီမိုကရေစီအရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခုကျွန်တော် ဘုရာဖူးဦးမှာပါ။
ပါတီအနေနဲ့တော့ ကျွန်တော်မစဉ်စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။
ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်ကလုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့
လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့ အစီအစဉ်မရှိဘူး။

သို့သော် ဒီမိုကရေစီအရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။
NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။
ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။
Eleven ကရောပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကိုပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး
အခွေကြည့်ရတယ်လို့ Congratulation လုပ်လိုက်ပါနော်။ Appreciate လုပ်ပါတယ်လို့ "
ဟု သရက်ထောင်မှ လွတ်မြောက်လာသော ကိုမင်းကိုနိုင်မှ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။
NilarThein by dvbradio
မနီလာသိန်း အသံဖိုင် (DVB) 

Pandate by dvbradio
ဗန်းမော်ထောင်ကနေ လွတ်မြောက်လာတဲ့ ကိုပတ္တိထွန်းကို ဆက်သွယ်မေးမြန်းချက် (DVB)
8:40 Am

စစ်တွေအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၁၀ ဦး အနက် ၉ ဦး နှင့် ဘူးသီးတောင်
အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၁၀ ဦးအနက် ၉ ဦး လွတ်မြောက်မည်ဖြစ်ပြီး
ဘူးသီးတောင် အကျဉ်းထောင်မှ ကိုဌေးကြွယ်၊ ဦးထွန်းညို၊ ဦးပြည်ကျော် တို့ပါဝင်ကြောင်း သတင်းရရှိသည်။
ထို့အတူ စစ်တွေထောင်မှ ဒေါက်တာသက်လွင်၊
ကိုသန်းတင်(ခ) ကိုကြီးသန်း၊ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်(ဧရာဝတီ)၊ ဇေယျာဦး(ဧရာဝတီ)၊
ဦးပုရစ် တို့လည်း လွတ်မြောက်မည်ဟု သိရှိရသည်။

9:30 Am

စစ်တွေ အကျဉ်းထောင်မှ နံနက် ၉ နာရီ ၂၀ မိနစ်တွင် အကျဉ်သား စုစုပေါင်း (၁၇) ဦးလွတ်မြောက်ပြီး
ထိုအထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ (၈) ဦးပါဝင်ကြောင်း သိရပါသည်။ အဆိုပါ (၈) ဦးမှာ
ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ)ကိုကြီးသန်း၊ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်(ဧရာဝတီ)၊
ဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ်၊ ကျော်ဇင်ဝင်း၊ ဒေါပုံနေနေ တို့ဖြစ်ကြောင်း သိရပါသည်။

9:35 Am

ဘူးသီတောင် အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဖြစ်ကြသည့် ကိုစည်သူမောင်၊
ကိုသန့်ဇင်မျိုး၊ ကိုကျော်မင်း၊ ကိုထွန်းညို၊ ကိုဌေးကြွယ်၊ ကိုအောင်ဇော်ဦး၊ ကိုပြေကျော်၊ ကိုဝဏ္ဏပံသ၊
ကိုကျော်ဝင်းဆန်း၊ ကိုမောင်မောင်လတ် တို့သည် ယနေ့နံနက် ၇ နာရီတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

9:40 Am

အရှင်ဂမ္ဘီရ မြောင်းမြထောင်မှ လွတ်မြောက်လာပြီးပါက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ
မဂ္ဂင်ကျောင်းတွင် ရဟန်းခံမည်ဖြစ်ကြောင်း အရှင်ဂမ္ဘီရ၏မိခင် ဒေါ်ရေးက ပြောကြားခဲ့ပါသည်။ အရှင်ဂမ္ဘီရ ၂၀၀၇
နိုဝင်ဘာ (၄) တွင် အဖမ်းခံရပြီး ပုဒ်မ (၁၇)ခုဖြင့် ထောင်ဒဏ် (၆၈)နှစ် ကျခံထားရသူဖြစ်သည်။

"ယခုလို သတင်းကြားရတာ အများကြီး ၀မ်းသာပါတယ်။ အဖွားအသက်က (၆၂)နှစ် ပြည့်တာ့မယ်။
ထောင်ဝင်စာ တွေ့ခဲ့ရတဲ့ အကြိမ်တွေက အသက်ထက် မကတော့ပါဘူး။ အခု အဖွားရဲ့ သားနှစ်ယောက်တင်မက
နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးလိုက်ပြီ ဆိုလို့ လှိုက်လှိုက်လှဲလှဲ ၀မ်းသာပါတယ်။ အခုလို လွှတ်ပေးတာ
တစ်ကယ့် ဒီမိုကရေစီ ခြေလှမ်းကို စလှမ်းလိုက်ပြီလို့ ယုံကြည်ပါတယ်။" ဟု အရှင်ဂမ္ဘီရ၏ မိခင် ဒေါ်ရေးမှ ပြောကြားခဲ့ပါသည်။

အရှင်ဂမ္ဘီရ၏ အကို ဖြစ်သူ ဦးကျော်အောင်သည်လည်း တောင်ကြီးထောင်မှ လွတ်မြောက်မည်ဟု သိရသည်။

9:43 Am

မြင်းခြံထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မထက်ထက်အောင် အပါအ၀င် ၁၂ ဦး
လွတ်မြောက်လာသည်ဟု သိရသည်။

9:52 Am

ဦးခွန်ထွန်းဦးနှင့် ဦးဝင်းကိုတို့ တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာပြီဟု သတင်းရရှိပါသည်။

9:59 Am

ယခုအကြိမ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် နိုင်ငံတော်သမ္မတက
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ
နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်သည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ကြေငြာစာပါ
ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ သိရသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) တွင်
ဆိုထားသည်မှာ ' ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ
နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်းခံရသူ
သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၄င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို
ဆိုင်းငံ့ထားနိုင်သည် (သို့) ၄င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ်
အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်' ဟု ဖြစ်ပါသည်။ အကယ်၍
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်ပါက
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ (ခ) အရ ပေးရမည်ဖြစ်ပြီး ယင်းပုဒ်မ မပါရှိသောကြောင့်
သမ္မတကြီး၏ သဘောဆန္ဒဖြင့် ပေးခြင်းဖြစ်သည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၀၄ (ခ)မှာ ဆိုထားသည်မှာ ''
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်
ပေးပိုင်ခွင့်ရှိသည်'' ဟူ၍ဖြစ်ပါသည်။

10:10 Am

သရက်ထောင်မှ ကိုမင်းကိုနိုင် အပါအ၀င် (၇)ဦး လွတ်မြောက်လာသည်ဟု သိရှိရသည်။

10:20 Am

မုံရွာအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၅ ဦးအား နံနက် ၁၁ နာရီတွင် လွှတ်ခဲ့ကြောင်း သိရသည်။
၎င်းတို့မှာ ဦးလှထွေး(ခ) ဦးဝိလာသက္က၊ လာရန်းကျွရ်၊ ကိုကိုနိုင်(ခ) စူးရှ၊ ဒီငြိမ်းလင်းနှင့် နိုဘယ်လ်အေးတို့ ဖြစ်ကြောင်း
သိရသည်။
10:30 Am

လာရှိုးအကျဉ်းထောင်မှ ကိုမင်းဇေယျ၊ ကိုဇာနည်အောင်၊ ကိုနိုင်ဦး(ခ) ဦးနန္ဒ၀ံသ(မြင်းခြံစွန်းလွန်း)၊ ဦးမြင့်နိုင်၊
ကိုအောင်သန်းမြင့်(ခ) မဂ္ဂင်ဆရာတော် ဥူးက္ကန္ဒက၊ ကိုငွေစိုးလင်း၊ ကိုမင်းထွန်း၊ ကိုမြတ်လင်းထွဋ် နှင့် မဟန်နီဦးတို့
ယနေ့ ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

10:30 Am

ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) လွတ်မြောက်ကြောင်း သိရှိပါသည်။ ၄င်းနှင့်အတူ ဦးမြင့်ဇော်(ဗိုလ်မှုးချုပ်ဟောင်း)
လည်း လွတ်မြောက်ကြောင်း သိရှိရပါသည်။

10:37 Am

ဟင်္သာတ အကျဉ်းထောင်မှ ကိုစည်သူဇေယျနှင့် ဦးကိုကိုလေး အပါအ၀င် ၄ ဦး လွတ်မြောက်လာကြောင်း သိရသည်။

10:53 Am

ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) ၏ သားဖြစ်သူ ဦးဇော်နိုင်ဦး(ဗိုလ်မှုးဟောင်း) လွတ်မြောက်ကြောင်း သိရသည်။

11:07Am

ဟင်္သာတ အကျဉ်းထောင်မှ ဦးဟန်ဇော်နှင့် ဦးသက်ဟန်စိုး (ဗိုလ်မှုးဟောင်း) လည်း လွတ်မြောက်လာကြောင်း သိရှိရပါသည်။

11:11 Am
တောင်ငူ အကျဉ်းထောင်မှ ၂၄ ဦး လွတ်မြောက်ခဲ့ပြီး လွတ်မြောက်သူများထဲတွင် ယုံကြည်ချက်ကြောင့်
အကျဉ်းကျ ခံနေရသူများဖြစ်သည့် ဦးခွန်ထွန်းဦး (SNLD)၊ ဦးဝင်းကို (NKD)၊ ဇော်ဇော်မင်း (၈၈)၊
ဦးဝတုတ်၊ ဘီဘီဇီငြိမ်း၊ ဦးသန်းထိုက်အောင်၊ ကိုရဲကျော်သူ၊ ကိုမျိုးအောင်၊ ဖြိုးဇော်လတ်၊ ဒေါ်နော်လှ၊
ဒေါ်နော်ဆေး တို့ ပါဝင်ကြောင်း သိရသည်။

ဦးခွန်ထွန်းဦးမှ "နိုင်ငံတော် အစိုးရအနေနဲ့ ပြောင်းလဲချင်စိတ်ရှိလို့ ပြောင်းလဲလာတာ။ ကမ္ဘာမှာ ဒီမိုကရေစီစနစ်က 
စက်ဝိုင်းလို လည်နေတယ်။ အဲဒီ အပြောင်းအလဲ မြန်မာနိုင်ငံကို ရောက်လာတဲ့အတွက် ပြောင်းလဲလာတယ်လို့ မြင်တယ်။ နိုင်ငံအနေနဲ့
အရမ်းကြီး ကံဆိုးမှသာ ရှေ့ဆက်ဆိုးသွားနိုင်တယ်။ အခုလို အနေအထား အတိုင်းဆိုရင်တော့ ကောင်းလာမှာပါ။
ကျွန်တော့် အနေနဲ့ကတော့ ကျွန်တော့်ပါတီက ဗဟိုကော်မတီနဲ့ တွေ့ပြီးတော့ ဆွေးနွေးပြီးတော့မှ
ရှေ့ဆက် ဘာတွေ ဆက်လုပ်မယ်ဆိုတာ ပြောပါမယ်။ နိုင်ငံရေးကတော့
မပြီးသေးတဲ့အတွက် ဆက်လုပ်ရမှာပါပဲ။ နိုင်ငံရေးအကျဉ်းသား နည်းနည်းတော့ ကျန်နေသေးတယ်။
ဒါကိုအစိုးရအနေနဲ့ ဘယ်လိုဆက်လုပ်မယ် ဆိုတာတော့ မသိသေးဘူး" ဟုပြောကြားခဲ့သည်။

11:33 Am
(ဓာတ်ပုံ Messenger News Journal) ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နှင့် ဇနီး)
ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ချက်များအား အပြည့်အဝ ထောက်ခံကြောင်း ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) က ပြောကြားခဲ့သည်။
KHIN NYUNT FREE PRESS by dvbradio
ီးခင်ညွန့်နဲ့ တွေ့ဆုံခဲ့တဲ့ သတင်းထောက်တဦးမှ ပြောဆိုချက် (DVB)

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မှတ်ချက်စကား
"ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေကိုလည်း ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ
ရောက်သွားခဲ့လို့ ရှိရင်လည်း ပြောနိုင်၊ ဆိုနိုင်၊ ပြောရဲ၊ ဆိုရဲတဲ့သူတစ်ယောက်ဖြစ်တဲ့
အတွက်ကြောင့် ဒီထက်ပိုပြီး ကောင်းမွန်လာမှာပါ" (7Days News Journals)
(ဓာတ်ပုံ)
Posted: 12 Jan 2012 06:50 AM PST
မီးရထားဝန်ကြီး ဦးအောင်မင်း၊ KNU ဗိုလ်ချုပ်မူတူးဆေးဖော၊ စက်မှု(၂)ဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဦးခင်ရီတို့အား ဇွဲကပင်ဟိုတယ် ညစာစားပွဲမှာ တွေ့ရစဉ်.. (ဓာတ်ပုံ AP)

နှစ်ပေါင်း(၆၃)နှစ်အတွင်း အစိုးရနဲ့ KNU အကြား အပစ်အခတ် ရပ်စဲရေးအတွက် ပထမဦးဆုံး
သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်...။ KIAနဲ့လည်း အခုလို အမြန်ဆုံး
စေ့စပ်ညှိုနှိုင်းပြီး အမြန်အဖြေရှာနိုင်ပါစေ...။

ဒီနေ့ ၁၂.၁.၂၀၁၂ကတော့ မင်္ဂလာသတင်းတွေပါပဲ..။ မနက်ဖြန် ၁၃ရက်နေ့မှာလည်း
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ်တဲ့.. မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
လမ်းစတွေပါပဲ...။ အမိမြန်မာပြည်ကြီး အေးချမ်းသာယာပြီး အမြန်ဖွံ့ဖြိုးတိုးတက်ဖို့ေ
နရာတိုင်းမှာ ဒီလိုငြိမ်းချမ်းရေး မြင်ကွင်းတွေ မြင်တွေ့နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment