Wednesday 18 January 2012







Posted: 18 Jan 2012 05:26 AM PST

ယနေ့ ရွှေညဝါဆရာတော်ကြီးအား သွားရောက် တွေ့ဆုံ ဂါရဝပြုခဲ့ကြတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်
များရဲ့ ပုံရိပ်တွေပါ...။ အမှန်တရားအတွက် ပြတ်ပြတ်သားသား ရပ်တည်ကြမယ့် ကျွန်တော်တို့ရဲ့ နောင်တော်များပါ။

ဓာတ်ပုံ ဒီမိုဝေယံ.. ဆက်လက်ဖော်ပြပေးပါမယ်....။


သတင်း.. ဒီမိုဝေယံ
အဆိုပါနေ့၌ အမှန်တရားအတွက် အောက်ပါ တိုက်တွန်း နှိုးဆော်ချက်ကိုလည်း လက်ခံရရှိထားပါတယ်..
ဗုဒ္ဓသာသနာတော်အတွက် ရွှေည၀ါဆရာတော်ကို ကူညီကြ

လွတ်လပ်ခွင့်ကို လိုလားသူများ၊ နိုင်ငံရေးနိုးကြား တက်ကြွသူများနှင့် ဗုဒ္ဓဘာသာဝင်များခင်ဗျာ
ရွှေည၀ါဆရာတော်ကို အရေးယူရန် အမိန့်ချမှတ်မည့် (၁၉-၁-၂၀၁၂) ကြာသာပတေးနေ့ မွန်းလွဲ ၁ နာရီတွင်း
ဗဟန်းမြို့နယ် ကြားတောရလမ်း တိုင်းသံဃာ့နာယက ရုံးရှေ့သို့ လာရောက်ကြ၍ ဆရာတော်ဖက်မှ ထောက်ခံ
အားပေးကြပါရန် အသိပေး နှိုးဆော်လိုက်ရပါသည်။ ဆရာတော် ဦးပညာသီဟအား
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရေစက်ချ သြ၀ါဒဟောကြား သည်ကို
ပုံကြီးချဲ၍ သာဓုကျောင်းတိုက်မှဖယ်ရှားရန် သံဃာ့မဟာနာယကအဖွဲ့မှ စီစဉ်နေခြင်းဖြစ်ပါသည်။
ဆရာတော်၏ အမှန်တရားလုပ်ရပ်အတွက် ကူညီကြပါခင်ဗျာ၊

ကျေးဇူးတင်စွာဖြင့်
ကြယ်နီ
ပြီးခဲ့တဲ့ သောကြာနေ့က အသနားခံစာအား ပယ်ချစာ..

Posted: 17 Jan 2012 09:47 AM PST
ဂုဏ်မယှဉ်နိုင်သည့် ဂုဏ်ကြီးရှင်ကြီးများ... 
(ဆောင်းပါးရှင် အရှင်ဥက္ကဋ္ဌ)
ဆောင်းပါးပေးပို့ပေးတဲ့ အရှင်ဥက္ကဋ္ဌအား  ကျေးဇူးတင်ပါသည်...။
Posted: 17 Jan 2012 09:28 AM PST
မြန်မာပြည်ရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေနေ အရပ်ရပ်အား ပြောင်မြောက်သော စကားလုံးများနဲ့
ဖတ်ရှုသူရဲ့ အတွေး မြင်ကွင်းထဲမှာ ကွက်ကွက် ကွင်းကွင်းမြင်နိုင်အောင် ဖော်ကျူး ရေးသားနိုင်တဲ့
ဆရာနေရဲနီ လွန်ခဲ့တဲ့ ကိုးရက်ခန့်က ပေးပို့ထားတဲ့ ဝေဿန္တရာ၊ ဒီမိုကရေစီနှင့် ဆင်ဖြူတော်ကဗျာမှ ဆင်ဖြူတော်
အပိုင်း (၂)အား ဆက်လက် ဖော်ပြပေးလိုက်ပါတယ်..။ ကဗျာနောက်ကျမှ ဖော်ပြဖြစ်တဲ့အတွက် ကဗျာရှင်
ဆရာနေရဲနီအား အထူး တောင်းပန်အပ်ပါသည်....။
ဆင်ဖြူတော် အပိုင်း(၂)
(ကဗျာရှင် နေရဲနီ)

အမှားကြာလျှင် အမှန်ဖြစ်၏။
အမှန်စင်စစ်လာသော် မှားသည်ထင်၏။
ကျိုးကြောင်းပြ ရှင်းပြသည့်အခါ
မှန်သည်ကို သိသော်လည်း
အမှားနှင့် အံဝင်ဂွင်ကျနေပြီဖြစ်သောကြောင့်
အမှန်တရားကို လက်မခံချင်ကြ။
အကြောင်းပြချက်ကလည်းရှင်း၏။

ရှေးထုံးကိုလည်း မပယ်နှင့်
ဈေးသုံးကိုလည်းမလွယ်နှင့်
ရှေးထုံးပယ်တော့လွဲတတ်သည်။
ဈေးသုံးလွယ်တော့မွဲတတ်သည်။ ဟူ၍ပြန်လည်ချေပကာ
သူများပြောသမျှ အဟုတ်ထင်၍
ကိုယ်တိုင်က စဉ်းစားဆင်ခြင် ညဏ်ကင်းမဲ့စွာဖြင့်
ဘုရားဆောင်ပေါ်တင်၍ကိုးကွယ်နေကြသော
အသုပ်စုံဗုဒ္ဓသာသနာသည်
မဆလ န၀တ နအဖ ခေတ်တို့၌ ပို၍ထွန်းကားလာခဲ့၏။
အဘယ့်ကြောင့်ဆိုသော်
ပြည်သူတို့သည် ကျပ်တည်း ဆင်းရဲလွန်းသောကြောင့်
အားကိုးရာကိုရှာကြ၏။
ဤသည်ပင်လျှင် ပွဲလန့်ဖျာခင်း မျက်မှန်စိမ်းတပ်လိုသူတို့အတွက်
အခွင့်အရေး တစ်ရပ်ဖြစ်ခဲ့လေ၏။

ဝေဿန္တရာဇာတ်တွင် ပါဝင်သူတို့သည်
သူ့နေရာနှင့်သူ အလောင်းအလျာများ ဖြစ်ကြ၏။
ပစ္စယဆင်ဖြူသည်ကား မည်သည့် အလောင်းလျာမျှမဟုတ်။
မြန်မာ့သမိုင်းတွင်
ပုဂံခေတ် အနော်ရထာ ကျန်စစ်သား အလောင်းစည်သူ စသော
မင်းများလက်ထက်တွင် ဆင်ဖြူရှိသည်ဟူ၍မတွေ့မိ။
များပြားလှသော ကျော်စွာမင်းများလက်ထက်တွင်
နာမည်တူ များလှသောကြောင့်
တစ်စီးရှင် နှစ်စီးရှင် ငါးစီးရှင်ဟူ၍
ဆင်ဖြူအကောင်အရေအတွက်ကိုအမှတ်ထား၍
အမည်ကို ခွဲခြားမှတ်သားကြသည်။

အင်းဝခေတ်တွင် သတိုးမင်းဖျား နှင့်
တိုင်းသူပြည်သားတို့အပေါ်၌ စိုးရိမ်ကြောင့်ကျရှိလှသော
လယ်တွင်းကိုးခရိုင်ကို စိမ်းလန်းစိုပြေစေခဲ့သော
သာလွန်မင်း လက်ထက်တို့တွင်လည်း
ဆင်ဖြူအထောက်အထားများ မတွေ့ရ။
မြန်မာနိုင်ငံတော်အား အရှေ့တောင်အာရှတွင်
အကြီးဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သော
ဘုရင့်နောင်နှင့် အလောင်းမင်းတရားလက်ထက်တို့တွင်လည်း
ဆင်ဖြူအကြောင်းမတွေ့ရ
ကုန်းဘောင်ခေတ်တွင်
ဆင်ဖြူရှင်မင်းဟူ၍ မင်းတစ်ပါးပေါ်သော်လည်း
ဆင်နှင့်ပတ်သတ်သောထူးခြားချက်မတွေ့ရ။

ဘိုးတော်ဘုရားလက်ထက်၌
နောင်အနှစ် ၅၀ ကြာသော် ဆွတ်ဆွတ်ဖြူမည့် ဆင်ဖြူအကြောင်းကို
ဦးပေါ်ဦး၏ စကားအရသိရသည်။
လွတ်လပ်ရေးရပြီးနောက်
ဖဆပလခေတ်တွင် ကချင်ပြည်နယ်မှ ဆင်ဖြူတစ်ကောင်ပေါ်ထွန်းခဲ့သည်။
ထိုအချိန်မှစသော ပြည်တွင်းစစ်သည်လည်း ယနေ့တိုင်မရပ်သေး။
နအဖခေတ်နှင့် ကြံ့ဖွတ်အစိုးရ လက်ထက်တို့တွင်
ဆင်ဖြူ အတော်တော်များများ ပေါ်ထွန်းခဲ့သည်။
တဟုန်းဟုန်းတောက်လောင်နေသော ပြည်တွင်းစစ်မီးကိုလည်း
ယနေ့ထက်တိုင် မငြိမ်းသတ်နိုင်သေး။
ပြည်သူပြည်သားတို့၏ စားဝတ်နေရေး ဆင်းရဲတွင်းသည်လည်း
မဟာအ၀ီစိငရဲသို့ပင် ကျော်လွန်၍နေချေပြီ။

ဖြူသည် မဲသည် ဆိုသည်ထက်
ဆင်ဆိုသည်မှာ တိရိစ္ဆာန်ဖြစ်၏။
လူထက်ပို၍ မမြတ်နိုင်။
မယုံသော် အနင်းခံကြည့်ပါလား ဟူသည့်
ဆရာကြီး ဒေါက်တာသန်းထွန်း၏ စကားသည်မှန်၏။

လူတို့သည် အလုပ်မရှိသည်ဖြစ်၍ ပျင်းရိငြီးငွေ့သော်
ယောင်္ကျားတို့သည်ကျောခင်း၍အိပ်၏။
မိန်းမတို့သည်ကားခြေဆင်းကာသန်းရှာရင်းအတင်းပြောကြ၏။
ထို့ထက်ပိုသော်
ရေ၌ပျော်ပိုက်သော ငါးကိုဖမ်း၍
မှန်လှောင်ကန်၌ထည့်ကာ အလှကြည့်ကြ၏။
စီးပွားရေးသမားတို့က
ဤသည်ကား တိုက်ငါး ဤသည်ကား ရွှေငါး
ဤသည်ကား လပ်ကီးဖစ်ရှ် ဟူ၍ အမည်အမျိုးမျိုးတပ်ကာ
ဈေးအမျိုးမျိုးဖြင့် စီးပွားရှာကြ၏။

လပ်ကီးဖစ်ရှ် ၀ယ်မွေးသောသူစီးပွားတက်မတက်တော့မသိ
ရောင်းသော သူသည်ကားဧကန် စီးပွားဖြစ်၏။
ထို့အတူ ကောင်းကင်၌ပျံသောငှက်
တော၌ကျင်လည် ကျက်စားသောသတ္တ၀ါတို့အားလည်း ထိုနည်းနှင်နှင်။
မိမိတို့ကျင်လည်ရာ အရပ်ဒေသမှနေ၍
ဖမ်းဆီးခြင်းခံရ၍ လှောင်ချိုင့်အတွင်း ထည့်၍သွင်းကာ
မည်မျှအရသာရှိသော အစာတို့ကို ကျွေးမွေးစေကာမူ
မည်သို့မျှ ပျော်ပိုက်မည် မဟုတ်ကြောင်းကို
လူတို့သည် ကိုယ်ချင်းစာ၍ တွေးကြည့်နိုင်ပါသည်။

စိတ်အစဉ်သည်လည်း အမြဲညစ်နွမ်းနေပြီး
စကားသာပြောတတ်ပါက မကောင်းသောမေတ္တာတို့ကို
နှုတ်မှ တတွတ်တွတ် ရွတ်ဆိုကာ
နေ့စဉ်အမြဲပို့သ နေမည်မျာအမှန်ပင်။

တော၌ကျင်လည် ကျက်စားသောဆင်ကို
ဖမ်းဆီးပြီးသကာလ လှောင်ချိုင့်အတွင်း အတင်းသွင်းကာ
ရှေ့နောက်ထူး အသွယ်သွယ်ခတ်၍
ဤကားဆင်ဖြူ ဤကားဆင်မဲတည်း။
လူ့ဘုန်းကံ တောက်သောကြောင့် ဆင်ဖြူပေါ်ရသည်။
ဆင်ဖြူ့ဘုန်းကံကြောင့် လူတို့ပြည် အေးချမ်းသာယာပေလိမ့်မည် ဟူ၍
အညမည ဖြစ်စဉ်ကို လုပ်ဇာတ်ခင်း၍ပြသော်
မတရားသဖြင့် ဖမ်းဆီးချုပ်နှေင်ခြင်းခံရသော
ဆင်ဖြူဟု ဆိုသောသတ္တ၀ါသည်
အကယ်၍ စကားသာပြောတတ်မည်ဆိုပါက....

ငါသည်ရှေးကံ အကြောင်းတရားကြောင့်
မဲသောအလေ့ရှိသည့် ဆင်မျိုးနွယ်တွင်
ဖြူဝင်းသော အဆင်းနှင့်ဖြစ်လာရသည်။
ထိုအဆင်းကြောင့်
လူတို့၏ မတရားဖမ်းဆီး ချုပ်နှောင်ခြင်းကို ခံရသည်။
သူတို့လိုချင်သော ပုံစံမရမချင်း
ငါ့အား အမျိုးမျိုးသော နှိပ်စက်ခြင်းဖြင့် နှိပ်စက်၏။
လူတို့၏ပယောဂကြောင့် ငါ၏မိဘဆွေမျိုးများနှင့်လည်း ဝေးကွာခဲ့ရပြီ။
လူတို့ ကျွေးသောအစာတို့သည် အရသာရှိသော်လည်း
တောမှကြမ်းတမ်းသော သဘာဝအစာကိုသာ ငါလွမ်း၏။
ငါ၏လွတ်လပ်ခြင်းတို့သည်လည်း ဆိတ်သုဉ်း၏။
သူတကာထက်ထူး၍ ဆင်ဖြူ ဖြစ်ရသည်မှာ ကံဆိုးပေစွတကား.....
ဟူ၍ငြီငြူ နေပေလိမ့်မည်။
သတ္တ၀ါမှန်သမျှ မိမိတို့၏မွေးရာပါ လွတ်လပ်ခွင့် ဆုံးရှုံးပါက
မည်သို့ခံစားရမည်ကို ကိုယ်ချင်းစာ၍ သိနိုင်ပါသည်။

ဆင်ဖြူ ပေါ်ထွန်းသောကြောင့်
ရတနာရွှေမိုးငွေမိုးများ ရွာလိမ့်မည် အထင်ရှိကာ
ကောင်းကင်သို့သာ မော့နေပါက
လည်ပင်းညောင်းခြင်းသာ အဖတ်တင်လိမ့်မည်။
ပဒေသာပင်မြေမှ ပေါက်မည်အထင်ရှိကာ
မြေကြီးသို့သာငုံ့နေပါက
ဇာတ်ကျိုးခြင်းသာ အဖတ်တင်လိမ့်မည်။
တိုင်းပြည်သည်ကားတိုးတက်လာမည် မဟုတ်ပေ။

နေရဲနီ
ယခုတလော အင်တာနက်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာများမှာ ရေပန်းစားနေပြီး
ဦးခင်ညွန့်အကြောင်း ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးသားထားတဲ့ သူ့အလှည့် ကိုယ့်အလှည့် ကဗျာနှင့်
ဆရာနေရဲနီရဲ့ ယခင်ကဗျာများ ပြန်ဖတ်လိုလျှင် ပိုစ့်အောက်မှ နေရဲနီကဗျာများအား နှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်...။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment