Thursday 19 January 2012




Posted: 18 Jan 2012 11:13 PM PST

ကျောင်းသားသမဂ္ဂသည် ကျောင်းသားထုကြား၌ အမြဲတမ်း တရားဝင်သည်။




Posted: 18 Jan 2012 10:59 PM PST
(The National မှ 16 Jan 2012 ရက်စွဲပါ "Myanmar's Lessons for political change" ခေါင်းကြီးပိုင်းကို yangonchronicleဘာသာပြန်ဆိုသည်)

အာဏာရှင်ကို ဆန့်ကျင်သောကာလရှည် တိုက်ပွဲတွင် ဇန်နဝါရီ ၁၃ ရက် သောကြာနေ့က အဓိကမှတ်တိုင်တစ်ခု အထင်ကရထွက်ပေါ်လာပြီး နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီ၍ လွတ်မြောက်လာခဲ့ပြီဖြစ်သည်။ ယင်းနိုင်ငံရေး အကျဉ်းသားများသည် ဒေသတွင်း တူနီရှား၊ အီဂျစ်၊ ဆီးရီးယား တို့မှ လတ်တလောတော်လှန်နေကြသူများ မပာုတ်ပဲ
မြန်မာနိုင်ငံမှ ကာလရှည်ကြာ တော်လှန်ရေးသမားများ ဖြစ်ပေသည်။ နှစ်ပေါင်းများစွာ စစ်ဖက်က အုပ်ချုပ်ခဲ့သော အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် စစ်မှန်သော အခွင့်အရေးကို နောက်ဆုံး၌
တွေ့ရှိသွားပြီ ဖြစ်သည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း
နောက်ဆုံး ထွက်ပေါ်လာသော အပြုသဘောဆောင်ရွက်မှုတစ်ခုဖြစ်သည်။ ၎င်းရွေးကောက်ပွဲများသည် ကနဦးတွင်
စစ်ဗိုလ်ချုပ်များ အာဏာဆက်လက်ရယူရန် စစ်ရာထူး စွန့်လွှတ်ခြင်း(သို့) တပ်မတော်အစိုးရ သစ္စာခံများနှင့်အစားထိုးခြင်းတို့ကိုသာ ဖြစ်ပေါ်စေမည်ပာု ရှုမြင်ခြင်းခံရသည်။

သို့သော် ထိုအချိန်မှစ၍ မီဒီယာတင်းကြပ်မှုကို လျှော့ပေးခြင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်လာခြင်း၊
နိုင်ငံရေးပါဝင်လှုပ်ရှားခွင့် ကြီးထွားလာခြင်းတို့ ထွက်ပေါ်လာခဲ့သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်တော့မည်ပာု ကြေညာလိုက်ပြီဖြစ်သည်။

တန်းတူရည်တူ အရေးကြီးသော်လည်း အလားတူ ကျယ်လောင်ခြင်းမရှိပဲ ထွက်ပေါ်လာသော သတင်းမှာ အစိုးရနှင့်
ကရင်လက်နက်ကိုင် အုပ်စုအကြား ကြာသပတေးနေ့က အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမှုပင်ဖြစ်သည်။ နိုင်ငံ၏
အရှေ့ပိုင်းတွင် အများစုနေထိုင်ကြသော ကရင်များသည် အကြီးဆုံး တိုင်းရင်းသားအုပ်စုများထဲမှ တစ်စုဖြစ်၍ ၁၉၄၈
လွတ်လပ်ရေးနောက်ပိုင်း ကမ္ဘာ့အကြာဆုံးပြည်တွင်းစစ်ပွဲကို တိုက်ခိုက်ဆင်နွှဲနေသည့် လက်နက်ကိုင် တပ်ဖွဲ့များကို
ပိုင်ဆိုင်ထားသည်။

ယခင်တပ်မတော်အစိုးရ၏ မရေတွက်နိုင်သော လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုများမှာ စစ်ဒဏ်ခံတိုင်းရင်းသားပြည်
နယ်များတွင် အထိန်းအချုပ်မဲ့ ဖြစ်ပွားခဲ့ပြီး အစုအပြုံလိုက်မုဒိန်းကျင့်ခြင်း၊ အဓမ္မခိုင်းစေခြင်းမှသည် ရွာများကိုအတင်းအကြပ်
ရွှေ့ပြောင်းခိုင်းခြင်း၊ စနစ်တကျ သတ်ဖြတ်ခြင်းများအထိ ပါဝင်သည်။ ၂၀ ရာစု၏ လူသိနည်းအရက်စက်ဆုံး ဖြစ်ရပ်များပာုပင်
ဆိုရလိမ့်မည်။ ကရင်လက်နက်ကိုင်များသည် မြန်မာအစိုးရ၏ ခေါင်းအမာဆုံးရန်သူများပာု သတ်မှတ်ခံရသော်လည်း
ကချင်တို့သည် ယခုတိုင်အတိအလင်း တိုက်ခိုက်နေကြဆဲဖြစ်သလို အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးထားကြသည့်
ချင်း၊ ရှမ်း၊ "ဝ" အဖွဲ့များကလည်း လက်နက်ကိုင်စစ်တပ်အသွင် လှုပ်ရှားနေကြဆဲပင်ဖြစ်သည်။

သောကြာနေ့က လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများထဲမှ လူသိများနိုင်ငံရေးသမားများက လက်ရှိအစိုးရ၏ ရည်ရွယ်ချက်များနှင့် ပြုပြင်ပြောင်းလဲပုံများအပေါ် သံသယမကင်းကြောင်း ထုတ်ဖော်ပြောကြားထားသည်။ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များကလည်း အလားတူ သံသယ ရှိနေကြဆဲပင်ဖြစ်သည်။ ၎င်းတို့စိုးရိမ်ပူပန်ကြသော အချက်မှာ
အာဏာချုပ်ကိုင်ထားဆဲ အကြီးအကဲပောာင်းက လက်ရှိ ပာန်ဆောင်ပြောင်းလဲပြမှုများကိုပင် ပြန်လည်ခေါက်သိမ်းရန်
ကြိုးစားနိုင်ဖွယ်ရှိခြင်း(သို့) အနည်းဆုံးအားဖြင့် နိုင်ငံရေးဖွဲ့စည်းပုံအသစ်တွင် ၎င်းတို့အတွက် အထူးဦးစားပေး
အခွင့်အလမ်းများ ရအောင် ဖန်တီးအားထုတ်နိုင်ခြင်းပင် ဖြစ်သည်။

သို့သော် အာမခံချက်ပေးထားပြီးသော နိုင်ငံရေးလွတ်လပ်ခွင့်များကို ပြန်လည်ရုတ်သိမ်းရန် ခက်ခဲပါလိမ့်မည်။ ဆယ်စုနှစ်များစွာ
ဖိနှိပ် အုပ်ချုပ်မှုနှင့် တငွေ့ငွေ့ပြည်တွင်းစစ်အပြီးတွင် ယခုအခါ စေ့စပ်ညှိနှိုင်းမှုများ၊ နိုင်ငံတကာ ဖိအားပေးမှုများ၊ ပက်ကျိ အရှိန်နှုန်းဖြင့် ပြုပြင်ပြောင်းလဲမှုများ လက်တွေ့ အထမြောက် ထွက်ပေါ်နေပြီပာု ယူဆရသည်။ ဆီးရီးယားတို့က ပဋိပက္ခနွံထဲသို့ တပာုန်ထိုးဝင်သွားချိန်တွင် မြန်မာတို့ကမူ ကျန်းမာ သန်စွမ်းသော လူ့အဖွဲ့အစည်းဆီသို့ တစ်လက်မခြင်းတိုးသွားလျက်ရှိသည်။ တစ်ယူသန်မောက်မာလွန်းသော တပ်မတော်အစိုးရပောာင်း၏ ခေါင်းဆောင်များကို ထိန်းကျောင်းနိုင်မည့် အကောင်းဆုံးနည်း
လမ်းမှာ ၎င်းတို့နှင့် ဆက်ဆံတွေ့ထိညှိနှိုင်းခြင်းပင် ဖြစ်ပေသည်။

Posted: 18 Jan 2012 07:55 AM PST
ဗိုလ်ချုပ်ကြီးခင်ညွန့် ခင်ဗျား

ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ တိုင်းပြည်မှာ တာဝန်အရှိဆုံး လူတွေထဲက တစ်ယောက် အဖြစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာ သိမ်းယူပြီးသည့်
အချိန်က စပြီး ၂၀၀၄ ခုနှစ်အထိ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ အဖြစ်ရော၊ အတွင်းရေးမှူး (၁) အနေနဲ့ရော ၀န်ကြီးချုပ်
အဖြစ်နဲ့ပါ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲလို တာဝန် ထမ်းဆောင်နေတဲ့ ကာလတွေက မှားယွင်းခဲ့တာတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။
အဲဒီထဲက ကျနော် အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေကို သတင်းအမှား အမြောက်အမြားကို အခြေခံပြီး မတရားသဖြင့် နှိပ်စက်
ညှဉ်းပန်းခြင်းနဲ့ မျှတသော တရားစီရင်ခြင်း မရှိဘဲ ထောင်သွင်း အကျဉ်းချ ထားတာကလည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

အဲဒီလို မတရားသဖြင့် အနှိပ်စက်ခံ၊ အကျဉ်းချခံရလို့ ဘ၀ပျက်သွားတဲ့ မိသားစုတွေ သာမက အခုချိန်အထိ အကျဉ်းထောင်ထဲမှာ
ဆက်ရှိနေသူတွေလည်း အများကြီး ရှိနေပါတယ်။ ဒီအထဲက ကိုသန်းဇော် (ခ) သန့်ဇော် တစ်ယောက်က နမူနာပါ။ သူ့လိုမျိုး
ဖြစ်ရပ်တွေ အများကြီး ရှိပါသေးတယ်။ ဒီ့အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့် အနေနဲ့ မှားယွင်းခဲ့ကြောင်း ၀န်ခံဖို့နဲ့ ကိုသန့်ဇော်
လွတ်မြောက်ဖို့ ၀ိုင်းဝန်း ကြိုးပမ်းပေးဖို့ လိုအပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမ္မတ ဦးသိန်းစိန်မှာလည်း တာဝန်ရှိပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ အဖွဲ့က
မှားယွင်းပြီး ဖမ်းခဲ့တဲ့သူတွေကို ပြန်လွှတ်ပေးပါတယ် ဆိုပြီး လွှတ်ပေးခဲ့တုန်းကလည်း ကိုသန့်ဇော် မပါဝင်ခဲ့ပါဘူး။ အဲဒီတုန်းက ပြန်လွတ်လာတဲ့သူတွေကို ဘယ်တာဝန်ရှိသူတွေကမှ တောင်းပန်မှုမျိုး မလုပ်ခဲ့သလို ပြန်လွှတ်ပေးလိုက်တဲ့
အတွက် ကျေးဇူးတင်ရ မလိုတောင် ပြောခဲ့တာတွေ ရှိပါတယ်။ ပြန်လွတ်လာသူတွေဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊
လူမှုရေး ဒုက္ခတွေ ဝေခဲ့တယ်။ ဘယ်တာဝန်ရှိသူကမှ လျော်ကြေးပေးတာမျိုး၊ ပြန်လည် ကုစားပေးခဲ့တာမျိုး မရှိခဲ့ဘူး။
ဒါဟာ မှားယွင်းကြောင်း သိတယ်ဆိုရင် အစိုးရတရပ် အနေနဲ့ လူသိရှင်ကြား တောင်းပန် ရမှာပါ။ နောက်ဆက်တွဲ အနေနဲ့ ထိုက်သင့်တဲ့ လျော်ကြေးတွေ၊ ပြန်လည် ကုစားမှုတွေ ပေးရမှာပါ။ ဒါ နိုင်ငံတကာ အစိုးရများရဲ့ ကျင့်ဝတ် ဖြစ်ပါတယ်။

မှားခဲ့တာကို 'မှားပါတယ်' လို့ ၀န်ခံ ပြောဆိုခြင်းဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါ။
ဒါမှ မဟုတ်ရင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အကောင်အထည် ဖော်နေပါတယ် ဆိုတာကို ပြည်သူတွေ ယုံကြည်ဖို့
အင်မတန် ခက်ပါလိမ့်မယ်။

ကိုသန့်ဇော်ရဲ့ ဖြစ်စဉ်ဟာ အစိုးရရဲ့ တာဝန် ပျက်ကွက်မှုတွေကို မီးမောင်းထိုးပြနေတဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ မှားယွင်းစွာ ဖမ်းဆီးခဲ့ကြောင်း ပေါ်လွင်နေတာတောင်မှ မတောင်းပန်တဲ့အပြင် အခုချိန်အထိ ဖမ်းဆီး ချုပ်နှောင်ထားတာဟာ အလွန်
ရှက်စရာကောင်းတဲ့ အပြုအမူ ဖြစ်သလို ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုလည်း ဖြစ်ပါတယ်။
နှိပ်စက် ညှဉ်းပန်းခြင်း မပြုရလို့ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေတွေက ပြဋ္ဌာန်းထားပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊
ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဦးသိန်းစိန်တို့ နှိပ်စက်ခြင်းတွေ ကျူးလွန်ခဲ့သူတွေအပေါ် အရေးယူတာမျိုး မလုပ်ဘဲ ကာကွယ်ပေးထားခြင်းဟာ နိုင်ငံတော်က နှိပ်စက်ညှဉ်းပန်းခြင်းကို မူဝါဒ ချမှတ်ပြီး ကျူးလွန်နေသလို ဖြစ်နေပါတယ်။
ဒီအတွက် တာဝန်ရှိပါတယ်။

အခု ကိုသန့်ဇော် ကိုယ်တိုင် ရေးခဲ့တဲ့ သူ့အမှုအကြောင်းကို ဖတ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးတို့ ဘယ်လောက် ရက်စက်ခဲ့တယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။

ကျွန်ုပ်၏ ဖြစ်စဉ်အကျဉ်း

နေ့စွဲ။ ။ ၃၁၊ ၇၊ ၉၅

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နံနက် ၄ နာရီခန့်မှာ ကျွန်ုပ်၏ ခြံဝင်းတံခါးကို ဖျက်ဆီးဝင်ရောက်ပြီး ဧည့်စာရင်း စစ်မည်ဟုဆိုကာ
အိမ်တံခါးကို ဖွင့်ခိုင်းပါသည်။ အိမ်တံခါးဖွင့်၍ ပေးပြီး ချက်ချင်းဆိုသလို ကျွန်ုပ်အား လက်ထိပ်ခတ်ပြီး အမျိုးသားထောက်
လှမ်းရေးမှ ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ကျွန်ုပ်၏ နေအိမ်နှင့် ခြံဝင်း အတွင်း တို့ကိုလည်း ကျွန်ုပ်ကို ခေါ်ဆောင်ပြီး နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် ပိုက်စိပ်တိုက် ရှာဖွေ ကြသည်ဟု နောက်မှ သိရပါသည်။

ကျွန်ုပ်အား ဖမ်းဆီးချိန်တွင် ကျွန်ုပ် သဘောပေါက်သည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနား ကိစ္စနှင့် လာမည့် ၁၉ ရက်နေ့ အာဇာနည်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်တွင် ဦးဆောင်မှု အခန်း၌ ပါဝင် ပတ်သက်ခြင်းကို သိရှိသွားသဖြင့် ဖမ်းဆီးခံရသည်ဟု ယူဆမိပါသည်။ သို့သော် ကျွန်ုပ်အား တင်ဆောင်သွားသည့် သံလျင်မြို့နယ်ရဲစခန်းမှ လင့်ရိုဗာ
ကားပြာလေးသည် တနေရာတွင် ခေတ္တရပ်ပြီး 'မိုးကျော်သူ' (၁၈ နှစ်) အား ဖမ်းဆီး လာသည်ကို တွေ့ရသောအခါ ကျွန်ုပ်
အဖမ်းခံရသည့်ကိစ္စမှာ ဇဝေဇဝါ ဖြစ်သွားရပါတယ်။ အဘယ့်ကြောင့်ဆိုသော် အာဏာဖီဆန်ရေး ပြုလုပ်မည့် အစီအစဉ်တွင်
သော်လည်းကောင်း၊ ကျွန်ုပ်၏ နိုင်ငံရေး လှုပ်ရှားမှုများတွင်သော် လည်းကောင်း၊ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
လုပ်ငန်းရေးရာ အသီးသီးတွင် လည်းကောင်း၊ ပါဝင်ပတ်သက်မှု (အတွင်းစည်း) မရှိသူ (သို့မဟုတ်) မသိသူတစ်ဦး ဖြစ်နေ
သည့်အပြင် 'မိုးကျော်သူ' ဆိုသော လူငယ်လေးမှာ ရိုးသားပြီး အိမ်၏ စားဝတ်နေရေးအတွက် ကျောင်းမှထွက်ကာ အလုပ်
လုပ်နေသူ တစ်ဦး ဖြစ်တာကြောင့် ဖြစ်ပါတယ်။ သေချာသည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနားတွင် အခမ်းအနားလာပြီး
တက်ရောက်သူအဖြစ် တစ်ကြိမ်သာ ကျွန်ုပ်နှင့် စကားပြောဖူးသူ ဖြစ်ပါတယ်။ ယခင် ဒီမှာ ကျင်းပသော စည်းဝေးပွဲများတွင်
လည်းကောင်း စည်းရုံးရေးလုပ်ငန်းများတွင် လည်းကောင်း ကျွန်ုပ် တစ်ကြိမ်မျှ မတွေ့ဖူးသူ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ
ကျွန်ုပ်ဖမ်းဆီးခံရခြင်း အကြောင်းရင်းမှာ စဉ်းစား မရနိုင်အောင်ပင် ဖြစ်နေပါတော့တယ်။ ထပ်ပြီး ခွဲခြမ်း စိတ်ဖြာကြည့်မယ်
ဆိုပါကလည်း ၁၂၊ ၇၊ ၈၉ ရက်နေ့ နေ့လယ်တွင် ကျွန်ုပ်တို့ သန်လျင်မြို့နယ်မှ ဒေါက်တာဝင်းနိုင်(MP)၊ ဦးမြင့်ဆွေ၊ ဦးခင်မောင်ဦး
(မခ) တို့ကိုသာလျှင် ဇူလိုင် ၁၉ ရက်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်ကို အနည်းငယ်သာ ပြောပြထားတာပဲ
ရှိပါတယ်။

ကျွန်ုပ်တို့ကို သန်လျင်ဘက်ကမ်းမှ သင်္ဘောဖြင့် ရန်ကုန်ဘက်သို့ မျက်နှာကို အဝတ်စည်း၍ ခေါ်ဆောင် သွားပါတယ်။
တနေရာအရောက်တွင် ဆင်းခိုင်းပြီး အခန်းငယ်တစ်ခု အတွင်းသို့ လူခွဲ၍ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို လက်ထိပ်ခတ်
သည့်အပြင် ဝါယာကြိုးများဖြင့်ပါ တကိုယ်လုံးကို ပတ်ပြီး ချည်နှောင်ထားပါသည်။ နောက် ကျွန်ုပ်ကိုမေးပါတယ်
"သန်လျင်ရေနံချက်စက်ရုံကို ခွဲတာ မင်းမဟုတ်လားတဲ့၊ ဘာမှ မငြင်းနေနဲ့တော့တဲ့၊ ဒီဗုံးကို ဘယ်က ရလဲ" တဲ့။ ကျွန်ုပ်
ခေါင်းနားပန်း ကြီးသွားရပါတယ်။ ကျွန်ုပ် တသက်တာတွင် မခံစားဖူးသော ထိတ်လန့် တုန်လှုပ်မှုကြီးကို တမုဟုတ်ချင်း
ခံစားလိုက်ရပါတယ်။ ကျွန်ုပ်လည်း ချက်ချင်းပင် လုံးဝ မဟုတ်ကြောင်း၊ လုံးဝ မသက်ဆိုင်ကြောင်း ပြန်လည် ချေပပါတယ်။
ချက်ချင်း ဆိုသလိုပဲ ကျွန်ုပ်၏ မျက်နှာဆီသို့ လက်သီးများဖြင့် မိတ်ဆက်လိုက်ကြပါတယ်။ လက်သီး ဆုကြေးများပင်
မကတော့ဘဲ ဝါယာကြိုးဖြင့် လည်းကောင်း၊ တုတ်များဖြင့် လည်းကောင်း ရိုက်နှက်ပါတော့တယ်။ ကျွန်ုပ်၏ မျက်နှာအား
အဝတ်စည်းထား၍ ဘယ်နှစ်ယောက်က ဝိုင်းပြီး ရိုက်နှက်နေသည်ကို မခန့်မှန်းနိုင်တော့ပါ။ နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် နှစ်ယောက်တစ်ဖွဲ့ ခွဲကာဖြင့် လည်းကောင်း၊ တစ်ယောက်
ချင်းဖြင့် လည်းကောင်း ကျွန်ုပ်အား နည်းမျိုးစုံဖြင့် နှိပ်စက်၍ ဗုံးဖောက်ခွဲကြောင်း အတင်းအဓမ္မ ဝန်ခံခိုင်းကြပါတယ်။ ကျွန်ုပ်လည်း သေချင် သေပလေ့စေတော့ အမှန်တရားပဲ၊ လုံးဝ ဝန်မခံဘူး ဆိုပြီး ကြိတ်မှိတ်ခံနေပါတယ်။ ကျွန်ုပ်သည်
၎င်းဗုံးကိစ္စတွင် လုံးဝ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း အချိန်နေရာ၊ သွားလာလှုပ်ရှားမှု အတိအကျကို အထောက်အထား
ခိုင်လုံစွာဖြင့် သက်သေ သက္ကာယများ ခိုင်လုံစွာဖြင့် မည်မျှပင် ထပ်တလဲလဲ ပြောပြသော်လည်း ကျွန်ုပ်ကို စစ်ဆေးနေသော ထောက်လှမ်းရေးများသည် အတင်းအဓမ္မပင် ဗုံးခွဲသည်ဟု ရိုက်နှက် ထိုးကြိတ်၍ ဝန်ခံခိုင်းသည်။ ၎င်းတို့
ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်မှုများထဲတွင် နှစ်ရက်တိတိ အစာမကျွေး၊ ရေမတိုက်ခြင်း၊ ဦးခေါင်းကို လုံးပတ် တစ်ကျပ်လုံးရှိ
တုတ်ထိပ်ဖျားဖြင့် အချက်ပေါင်း မြောက်မြားစွာ ရိုက်ခြင်း၊ မတ်တတ်ရပ် ခြေကားပြီး ဒူးကို ကွေးခိုင်း၊ ခြေဖျားထောက်ပြီး
ခြေဖနောင့်အောက်တွင် အပ် ထောင်ထားခြင်း၊ နှစ်ရက်တိတိ မတ်တတ်ရပ်ခိုင်းခြင်းနှင့် ကျွန်ုပ်၏ လိင်တံကို တုတ်ဖြင့်
ရိုက်နှက်ခြင်းတို့မှာ ကျွန်ုပ်အတွက် အရှင်လတ်လတ် ငရဲခန်းသို့ ရောက်နေသလို ခံစားရပါတယ်။ ၎င်းတို့ မည်မျှပင် နှိပ်စက်
သည်ဖြစ်စေ ကျွန်ုပ်သည် ကျွန်ုပ် လုံးဝ ကျူးလွန်ခြင်း မရှိသော သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ကွဲမှုကို ကျွန်ုပ် လုံးဝ
မလုပ်ကြောင်း အဖန်ဖန် ငြင်းဆိုနေပါတယ်။ ကျွန်ုပ်၏ နေအိမ်ကို ရှာဖွေရာတွင်လည်း အစိုးရဆန့်ကျင်ရေး စာရွက် စာတမ်း
တစောင်တလေသော် လည်းကောင်း ဖောက်ခွဲရေးပစ္စည်း တပိုင်းတစသော် လည်းကောင်း အလျဉ်း ရှာဖွေ တွေ့ရှိခြင်း မရှိကြပါ။
သို့သော်လည်း ကျွန်ုပ်အား အတင်းပင် ရိုက်နှက် ညှဉ်းဆဲ၍ ဝန်ခံခိုင်းနေပါတယ်။ ကျွန်ုပ်ထက် စော၍ အဖမ်းခံရသူ '+++'
(၂၂ နှစ်၊ NLD လူငယ်) ကို ကျွန်ုပ်၏ ရှေ့မှောက်သို့ ခေါ်လာပြီး +++ ထောက်လှမ်းရေးများက ပြောခိုင်းစေသည်မှ
…"ကိုသန်းဇော် အသား အနာမခံနဲ့တော့၊ ကျနော်တော့ ဝန်ခံလိုက်ပြီ်။ ခင်ဗျားလည်း ယောက်ျားပဲ ဟုတ်တယ်လို့ ဝန်ခံလိုက်တော့"
လို့ ပြောပါတယ်။ ကျွန်ုလည်း လွန်စွာ ဒေါသဖြစ်မိပြီးတော့ "မင်းလည်း မဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ မဟုတ်ဘဲနဲ့ ဘာကြောင့် ဝန်ခံရမှာလဲ"လို့ ပြောအပြီးမှာ ကျွနု၏ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့အပြားအပေါ် လက်သီးများ တုတ်များဖြင့် ထိုးကြိတ် ရိုက်နှက်
တာကိုလည်း ခံရပါတယ်။

++++ဟာ ဇူလိုင် ၇ ရက်နေ့ ဗုံးပေါက်ကွဲမှု မဖြစ်ခင်ကရော ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်မှာရော ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတုန်းကရော
ကျွန်ုပ်နှင့် အနီးကပ်ဆုံး အချိန်များစွာ ပါတီလုပ်ငန်းများ နိုင်ငံရေး လုပ်ငန်းများကို ကျွန်ုပ်၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်ခဲ့သူ
တစ်ဦး ဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာ အောက်ခြေစည်းရုံးရေးက အစ အတူတူ အနီးကပ်ဆုံး တွဲလာခဲ့သူ တက်ကြွသူတစ်ဦး
ဖြစ်ပါတယ်။ ချက်ချင်း သဘောပေါက်မိပါတယ်။ ထောက်လှမ်းရေးများဟာ ညီညီဦးကို ရိုက်နှက် ညှဉ်းပန်း၍ အတင်းအဓမ္မ
ဝန်ခံခိုင်းပြီး ကျွန်ုပ်အား ++++ ကဲ့သို့ ဝန်ခံစေရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်သည် ဆက်လက်၍ပင် ငြင်းဆန်ခဲ့ပါသည်။
မည်သို့ပင် ရိုက်နှက်စေကာမူ ကျွန်ုပ်သည် အခင်းဖြစ်ပွားချိန် ဇူလိုင် ၇ ရက်နေ့ မတိုင်မီ တစ ရက် နှစ်ရက်ကပင် N.L.D ဇူလိုင်လ
၇ ရက်နေ့ အခမ်းအနား အတွက် ရန်ကုန်တိုင်း NLD ရုံးတွင် အမှတ်တရ စာစောင်ထုတ်ဝေရေးကို ကျနော်က ဦးဆောင်၍ သန်လျင်မြို့နယ်အတွက် ဆောင်ရွက်နေကြောင်း ကျွန်ုပ်နှင့် အတူတူပင် ညီညီဦးလည်း ကျွန်ုပ်အနီးတွင် ရှိကြောင်း ၎င်းတို့ကို
အခမ်းအနား တက်ရောက်လာသူ ပါတီအဖွဲ့အစည်း ပေါင်းစုံမှ ပုဂ္ဂိုလ်များ သိကြသည့်အပြင် ကျွန်ုပ်တို့ ရုံးခန်း NLD ပတ်ဝန်းကျင်
မှ လူများလည်း သိကြောင်း စသည့် တိကျ သေချာ ခိုင်လုံသည့် အထောက်အထားများ ပြဆိုသော်လည်း ကျွန်ုပ်အား ညှဉ်းပန်း
နှိပ်စက်၍ အတင်းအဓမ္မ ဝန်ခံခိုင်းနေပါတယ်။ မရှေးမနှောင်းမှာပင် +++ ကို ခေါ်လာပြီး ကျွန်ုပ်ကို ထပ်မံ ပြောခိုင်းပါတယ်။ "ကိုသန်းဇော် ပြောလိုက်ပါတော့။ လုပ်တယ် ဆိုတာကို ကျနော်တော့ ပြောလိုက်ပြီ"ဟု မိုးကျော်သူက ငိုပြီး ပြောပါတယ်။
ကျွန်ုပ်၏ ရင်ထဲတွင် ဝမ်းနည်းခြင်း၊ စိတ်မကောင်းဖြစ်ခြင်း၊ ဒေါသထွက်ခြင်းတို့ ရောပြွန်းပြီး "+++ မင်းလည်း ဘာမှမလုပ်ဘူး။
ငါလည်း မဟုတ်ဘူး။ ငါတို့ထဲက ဘယ်သူမှ မလုပ်ဘူး။ ဒီကိစ္စ ငါတို့နဲ့ လုံးဝ မပတ်သက်ဘူး။ မင်းတို့ မဟုတ်ဘဲနဲ့ ဘာဖြစ်လို့
ဝန်ခံရတာလဲ" လို့ မဆိုင်းမတွဘဲ ပြန်ပြောလိုက်ပါတယ်။ ကျွန်ုပ်၏ ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာဒဏ်ချက်များ ဗရပွ
ဖြစ်နေပြီး ကျွန်ုပ်၏ မျက်နှာတပြင်လုံး သွေးချင်းချင်း ရဲနေပါပြီ၊ ဦးခေါင်းကလည်း ရေအိုးကို ခေါင်းတွင် စွပ်ထားပြီး မြင်းမိုရ်တောင်ကြီးကို ရေအိုးပေါ် ဖိထားသလို တင်းကျပ် လေးလံစွာ ခံစားနေရပါပြီ။

ကျွန်ုပ် ထပ်တလဲလဲ သက်ဆိုင်ရာများကို ပြောပါသည်။ သန်လျင် ရေနံချက် စက်ရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင်
ကျွန်ုပ်တို့ လုံးဝ မပါဝင် မပတ်သက်ကြပါ။ တရားခံ အစစ်အမှန်ကို ကြိုးစားပြီး စုံစမ်း ထောက်လှမ်းကြပါ။ ကျွန်ုပ်တို့မှာ တရားခံ
အစစ်အမှန်များ လုံးဝ အလျဉ်း မဟုတ်သည့်အတွက် ကျွန်ုပ်တို့လည်း နစ်နာသည်။ မြန်မာနိုင်ငံ ထောက်လှမ်းရေးအဖွဲ့
အရှက်တကွဲ ဖြစ်မယ်။ ကျွန်ုပ် တိုင်းပြည်ကို အလွန်ချစ်ပါသည်။ ရေနံချက်စက်ရုံကြီး ပေါက်ကွဲသွားအောင်နှင့် တခြား ပြည်သူ
လူထု နစ်နာစေမည့် အဖျက်လုပ်ငန်းများကို ဘယ်တော့မှ လုပ်ဆောင်မည် မဟုတ်ကြောင်း လှိုက်လှိုက်လှဲလှဲ ကျွန်ုပ်၏ ရင်တွင်းမှ ခံစားချက်များကို သေချာဂဏစွာ ပြောပြပါသော်လည်း ရိုက်နှက်၍သာ အတင်း ဝန်ခံခိုင်းနေပါသည်။

ကျွန်ုပ်အား စစ်ဆေး နှိပ်စက်မှုများ သုံးရက်ကြာသောအခါ +++ ကို ညသန်းခေါင်ယံတွင် ထပ်မံ၍ ကျွန်ုပ်၏ ရှေ့သို့ ခေါ်လာပြီး
ကျွန်ုပ်အား ဝန်ခံဖို့ တိုက်တွန်းပါတယ်။ +++ ၏ မျက်ဝန်းတွင်းမှာလည်း ကျွန်ုပ်အတွက် စိတ်မကောင်းခြင်းနှင့် ဝမ်းနည်းကြေကွဲမှု အရိပ်အရောင်များ မြင်နေရပါတယ်။ ကျွန်ုပ်ကတော့ စူးစူးရဲရဲပဲ သူ့ကို ပြန်ကြည့်တယ်။ ဒေါသဖြင့် သူ့ကို ပြန်ပြောတယ်။
"မင်း မဟုတ်ဘဲနဲ့ ဘာလို့ ဝန်ခံရတာလဲ မင်းပြောတာတွေ ဘာမှ မဟုတ်ဘူး" ကျွန်ုပ်၏စိတ်တွေ ထူပူနေပြီ အိပ်ခွင့်မပေးတာ၊
နားခွင့်မပေးတာ၊ အစာစားခွင့် မပေးတာ၊ ရေသောက်ခွင့်မပေးတာ၊ နည်းမျိုးစုံဖြင့် ရိုက်နှက်နေတာ၊ စနစ်တကျ ညှဉ်းပန်းနှိပ်
စက်နေတာ၊ သုံးရက်သုံးညရှိပြီ၊ +++ ပြောပုံကိုလည်းကြည့်ဦး "ကျွန်ုပ်အိမ်မှာ သူနဲ့ ကျွန်ုပ် ၆ ရက်နေ့ တညလုံး ဗုံးကို
ပြုလုပ်တပ်ဆင်တယ်" တဲ့။ "ကိုသန်းဇော် ဘာမှ ငြင်းမနေနဲ့တော့ အသားနာခံ မနေနဲ့တော့"တဲ့၊ "လုပ်ရဲရင် ခံရဲရမှာပေါ့" တဲ့။

ကျွန်ုပ် အပြတ်ငြင်းလိုက်တဲ့ အသံရဲ့နောက်ပိုင်း ကျွန်ုပ်မှတ်မိတယ်၊ ၁ဝ ယောက်လောက်က ကျွန်ုပ်ကို ၀ိုင်းရိုက်တယ်။
နံကြားထဲကို လက်သီးနဲ့ ထိုးတဲ့သူက ထိုးတယ် (ကျွန်ုပ်ကို အဲဒီအချိန်က မျက်နှာကို အဝတ် မစည်းထားဘူး) ကျွန်ုပ်
ခွေလဲသွားတယ်၊ လက်ထိပ်ကို နောက်ပြန်ခတ်ထားတယ်။ ကိုယ်ကိုလည်း လက်ထိပ် အပြင် ထပ်ပြီး ကြိုးနဲ့တုပ်ထားတယ်။
နာကြည်းမှု၊ ဝမ်းနည်းမှု၊ ဒေါသဖြစ်မှု၊ ပြန်လည်တုံ့ပြန်လိုမှု မခံမရပ်နိုင်ဖြစ်မှု၊ စိတ်ကြေကွဲ ယူကျုံးမရဖြစ်မှု စတာတွေဟာ ရောယှက်ပြင်းထန်စွာ ပေါက်ကွဲနေစဉ်မှာပဲ ကျွန်ုပ် အကြံတစ်ခု ရလာတယ်။ (ကျွန်ုပ်နှင့် ပတ်သက်သည်ဟု
ယူဆပြီး ဖမ်းဆီးထားသူတွေလည်း အယောက် ၂ဝ ကျော်နေပြီ) အဲဒါက ကျွန်ုပ်မဖြတ်ရင် ဒီကိစ္စပြီးမှာ မဟုတ်ဘူး။ အားလုံးက
အသား အနာမခံနိုင်ကြတော့ဘူး၊ တလေသံတည်း ဖြစ်ကုန်ပြီ ကျွန်ုပ်ဆီမှ ဂိတ်ဆုံးနေပြီး ကျွန်ုပ် တခုခု လုပ်ရတော့မယ်ပေါ့
သေမလား သို့မဟုတ် ပြန်တုံ့ပြန်မလား ဒါပဲ ရှိတော့တယ်။

ကျွန်ုပ် အကောင်းဆုံးဖြစ်မယ်လို့ ယူဆပြီး ပြန်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျွန်ုပ် ခွေပြီး လဲကျသွားတာကို နှစ်ယောက်က
ချုပ်ပေးတယ်။ ထိုးကြိတ်လိုက်၊ ရိုက်လိုက်ပေါ့။ ကျွန်ုပ် တစ်ခွန်းပဲ ပြောလိုက်တယ်။ "ခင်ဗျားတို့ ဖြစ်ချင်တာ ကျနော်ပြောမယ်"
ကျွန်ုပ်ကို ရိုက်နှက်တာ ရပ်သွားတယ်။ သူတို့မျက်နှာတွေ ပြုံးလာတယ်၊ ခက်ထန်နေတာက ကျွန်ုပ်ပေါ့။

ကျွန်ုပ်ကို ဗုံးပေးတဲ့သူက 'မိုးသီဟ' ဆိုသူ ကျောက်တံတားမြို့နယ် လမ်း ၄ဝ တွင် နေထိုင်သူ၊ ကျွန်ုပ်က လိပ်စာကို အိမ်နံပါတ်မှ
အစ အတိအကျ ပြောလိုက်တယ်။ ၎င်း မိုးသီဟသည် ၁၉၈၉ ဧပြီလ ၁ ရက်နေ့က တောခိုသွားတာက အစပေါ့၊ တနေ့ ကျွန်ုပ်ဆီ
ရောက်လာပြီး ဗုံးခွဲရန် လာရောက် ပြောဆိုကြောင်း၊ ကျွန်ုပ်ကလည်း လုပ်ပေးမည်ဟု ပြောပြီး လုပ်ပေးလိုက်ကြောင်းပေါ့၊
ထောက်လှမ်းရေးတွေက ချက်ချင်းပဲ မိုးသီဟ လိပ်စာအတိုင်း သွားဖမ်းတာပေါ့၊ မမိဘူးတဲ့ (ဘယ်မိမှာလဲ မိုးသီဟက ရှိမှ မရှိတာ၊
သူက တောထဲမှာပဲ။ မရှိတဲ့သူ၊ ဖမ်းလို့ မရမယ့် သူတွေကို ပြောရတာ။ မဟုတ်ဘဲနဲ့ ကိုယ်ပြောလို့ အဖမ်းခံရရင် သမိုင်းပျက်မှာပေါ့၊
သမိုင်းတော့ ဘယ်အပျက်ခံပါ့မလဲ) ထောက်လှမ်းရေးတွေ ပြန်ရောက်တော့ "မင်းပြောတာတွေ ဟုတ်တယ်။ ဒါပေမယ့် ဒီကောင်
တောခိုသွားပြီး ကတည်းက အိမ်ကို ပြန်မလာဘူး"တဲ့၊ အိမ်က ဓာတ်ပုံတချို့ကို သိမ်းဆည်း လာပြီး ထောက်လှမ်းရေးတွေက
ကျွန်ုပ်ကို ပြတယ်။ မိုးသီဟ အလှရိုက်ထားတဲ့ ပို့စကတ်ဆိုက် အဖြူအမည်းဓာတ်ပုံတွေ၊ ကျွန်ုပ်က "ဟုတ်တယ် အခု သူနဲ့တွေ့တာ
ဒီပုံစံအတိုင်းပဲ" ဆိုပြီး အသားနားဆုံး ပုံတစ်ပုံကို ညွှန်ပြလိုက်တယ်။

ကျွန်ုပ် ထင်ထားသည့်အတိုင်းပဲ နောက်နေ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းတွေထဲမှာ ပါလာပါတော့တာပါပဲ။
တကမ္ဘာလုံး သိကုန်ပြီပေါ့ ဒီသတင်းက အမှန်လား အမှားလား တကယ်လား လံကြုပ်လားဆိုတာ ဘန်ကောက် သတင်းစာ
ရှင်းလင်းပွဲက အဖြေပေးလိုက်တယ်။ မိုးသီဟက နိုင်ငံတကာ သတင်းထောက်တွေ သတင်းစာဆရာတွေကို ကျွန်ုပ်တို့
မဟုတ်ကြောင်း၊ NLD ကို သိက္ခာချခြင်း ဖြစ်ကြောင်းပေါ့။
မရှေးမနှောင်းတင်မှာပဲ KNU အဖွဲ့က ခေါင်းဆောင် စောဘိုမြကလည်း သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲသူမှာ မိမိတို့၏ လက်ချက် ဖြစ်ကြောင်း၊ NLD မှ လူငယ်များနှင့် လုံးဝ မပတ်သက်ကြောင်း၊ နိုင်ငံတကာသို့ လည်းကောင်း နဝတ သို့ လည်းေ
ကာင်း အသိပေး ကြေညာပါတယ်။ (ထိုအကြောင်းများမှာ အင်းစိန်ထောင်တွင်းရောက်မှ ကြားသိရခြင်းဖြစ်ပါတယ်။)

၁၇၊ ၇၊ ၈၉ နေ့မှာ ကျွန်ုပ်တို့ကို အင်းစိန်အကျဉ်းထောင်သို့ ပို့ပါတယ်။ ထိုနေ့တွင် ကျွန်ုပ်ကို ထားရှိရာ အထူးတိုက်ခန်းမှနေ၍
စောင်ဖြင့်အုပ်ပြီး အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို ထိုင်စေပြီးမှ အုပ်ထားသောစောင်ကို ခွာချလိုက်ပါတယ်။
ကျွန်ုပ်၏ရှေ့တွင် ပထမဦးဆုံးတွေ့ရှိသူမှာ တရားသူကြီးတစ်ယောက်ဖြစ် ပြီး (သူ့ကိုယ်သူ ကျွန်ုပ်အား မိတ်ဆက်ပေးသောကြောင့်
တရားသူကြီးမှန်း သိရပါတယ်) လက်ဝဲဘက်ဘေးတွင် အမျိုးသမီးနှစ်ယောက် တွေ့ရပါတယ်။ သူတို့သည် သက်သေများဟု
ပြောပါတယ်။ ကျွန်ုပ်၏ လက်ယာဘက်တွင် အဝေးထိန်း ဗွီဒီယိုကင်မရာတစ်ခု ထောင်ထားပြီး ၎င်းမှန်ဘီလူးက ကျွန်ုပ်အား
ချိန်ရွယ်ထားပါတယ်။ ၎င်းဗွီဒီယို ကင်မရာဘေးတွင် မြန်မာသတင်းစဉ် (သို့) ထောက်လှမ်းရေးမှဟု ယူဆရသော ကျွန်ုပ်အား ဓာတ်ပုံရိုက်ယူနေသည့် ဓာတ်ပုံကင်မရာသမားတစ်ဦးကို တွေ့ရပါတယ်။ ကျွန်ုပ်၏ရှေ့ နှစ်ပေခန့်အကွာ စားပွဲခင်း၏အောက်တွင်
အသံဖမ်း မိုက်ကရိုဖုန်း (Microphone) အပြာလေးကို တွေ့ရပါတယ်။ ၎င်းမှထွက်လာသော ဓာတ်ကြိုးသည် ကျွန်ုပ်၏
နောက်ကျော ဆယ့်နှစ်ပေခန့်အကွာရှိ တိတ်ခွေနှစ်ခွေထည့်ထားသော ကက်ဆက်ရီကော်ဒါ နှစ်လုံးဆီသို့ ဆက်သွယ်ထားကြောင်း တွေ့ရှိရပါတယ်။ ၎င်းအနီးအနားတွင် စစ်တပ်မှ အရာရှိအချို့ကိုလည်း ကျွန်ုပ် လှည့်ကြည့်သောကြောင့်
တွေ့ခဲ့ရပါတယ်။

တရားသူကြီးဆိုသူက သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျွန်ုပ်ကို ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးရန် ဖြစ်ကြောင်း
မပေးလိုပါက မပေးဘဲ နေလို့ရကြောင်း ပြောပါတယ်။ ကျွန်ုပ်သည် မဆိုင်းမတွပင် "ကျွန်ုပ်သည် ဖြောင့်ချက်ပေးရန် ဆန္ဒ
လုံးဝမရှိကြောင်း၊ ကျွန်ုပ်မှာ ကျန်းမာရေး မကောင်းကြောင်း၊ တရားရုံး ရောက်မှသာ အများရှေ့မှောက်တွင် ဖြောင့်ချက်ပေးမှာဖြစ်ကြောင်း" ပြောရာ တရားသူကြီးက ကျွန်ုပ်အား "စဉ်းစားပါဦး။ အခု တခါတည်း ဖြောင့်ချက်ပေးစေလိုကြောင်း" ပြောရာ ကျွန်ုပ်က "အနူးအညွတ် တောင်းပန်ပါကြောင်း၊ ဖြောင့်ချက်ပေးရန်
ကျွန်ုပ်တွင် လုံးဝ ဆန္ဒမရှိပါကြောင်း၊ စဉ်းစားပြီးမှ တရားသူကြီးမင်းအား ပြောခြင်းဖြစ်ကြောင်း" ပြောရာ တရားသူကြီးက
"ထပ်မံစဉ်းစားပါရန်" စဉ်းစားဖို့ ခဏ အချိန်ပေးလိုက်ပါတယ်။ အဲဒီအချိန်က နေ့လယ် ၁၂းဝဝ နာရီကျော် ဖြစ်ပါတယ်။

အဲဒါနဲ့ ထောက်လှမ်းရေးများဟာ ကျွန်ုပ်ကို စောင်ခြုံစေ၍ အပြင်သို့ခေါ်သွားပြီး တခြားအခန်းတစ်ခုထဲသို့ ခေါ်သွားပါတယ်။
ကျွန်ုပ်ကို ဆဲဆိုပြီး ဝိုင်းထိုးကြိတ်ကြတယ်။ ခြေထောက်တွေနဲ့ ဆောင့်ကန်တယ်။ စောင်ကို ခွာလိုက်ပြီး မျက်နှာကို
လက်သီးတွေနဲ့ ထိုးတယ်။ ကျွန်ုပ်အား စတင်ဖမ်းဆီး စစ်ဆေးနှိပ်စက်သော ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ အောင်သပြေ ရဲရိပ်သာမှ ထောက်လှမ်းရေးများပင် ဖြစ်ပါတယ်။ ကျွန်ုပ်လည်း ဖြောင့်ချက်
မပေးနိုင်ကြောင်း တရားရုံးရောက်မှ အမှန်အတိုင်း အများရှေ့မှောက်တွင် ပြောမည်ဖြစ်ကြောင်း အဖန်ဖန် တောင်းပန်
တိုးလျှိုး၍ ပြောပါတယ်။ အချိန်မှာလည်း တဖြည်းဖြည်း ညအချိန်သို့ ရောက်ရှိလာပါတယ်။ ရေဒီယိုမှ ည ၈ နာရီ ထိုးသည့်အသံ သတင်းကြေညာသော အသံကို ကြားနေရပါတယ်။ ကျွန်ုပ် ကောင်းစွာ ကြားနေသည်မှာ ၎င်းသတင်းတွင် စစ်ခုံရုံးများ
ဖွင့်လှစ်ခြင်းကို ကြေညာသံ ကြားရပါတယ်။ မရှေးနှောင်းတွင် နဝတ အတွင်းရေးမှူး(၁) ဦးခင်ညွန့်က သန်လျင်ရေနံချက်စက်ရုံ
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြောင်း ကြေညာသံကို ကြားနေရပါတယ်။ ထို့နောက် ချက်ချင်းပင် ထောက်လှမ်းရေးများက တခြား မကြားနိုင်သည့်နေရာကို ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်သည် ဖြောင့်ချက်
မပေးချင်၍ တမင် အချိန်ဆွဲနေလည်း မရပါ။ အတင်းအဓမ္မပင် ဖြောင့်ချက်ပေးခိုင်းပါသည်။ ကျွန်ုပ်၏ ရှေ့မှ ညီညီဦးနှင့်
မိုးကျော်သူ တို့ ဖြောင့်ချက်ပေးသွားကြောင်း ကျွန်ုပ်အား ပြပါတယ်။ ကျွန်ုပ် ဆက်လက်၍ပင် ငြင်းဆန်နေပါတယ်။ နှိပ်စက်မှု
ပြင်းထန်ပြီး မပေးလျှင် မရကြောင်း အဓမ္မ ပြုလုပ်ခိုင်းပါသည်။ အချိန်မှာ ည ၉ နာရီ ကျော်နေပါပြီ၊ ဖြောင့်ချက်ပေးမည့်
တရားသူကြီးနှင့် သက်သေဆိုသူ အမျိုးသမီးနှစ်ယောက်မှာ ကျွန်ုပ်က ဖြောင့်ချက် မပေးမချင်း စောင့်နေပါတယ်။
ထောက်လှမ်းရေးများသည် အတင်းအဓမ္မ အခန်းထဲ ဆွဲသွင်းပြီး ကုလားထိုင်တွင် အတင်းထိုင်စေ၍ ၎င်းတို့ အောင်သပြေရဲရိပ်
သာ စစ်ကြောရေးစခန်းတွင် လံကြုပ် ပြောခဲ့သည့် ဗုံးပေါက်ကွဲမှုအကြောင်း ပြောခိုင်းပါသည်။ ကျွန်ုပ်လည်း ဘာမှ
မတတ်နိုင်တော့ဘဲ စိတ်မပါ့တပါဖြင့် လည်းကောင်း မေးခွန်းများကို ပြန်လည် ဖြေဆိုခြင်းကို တုံဏှိဘာဝေ နေခြင်းဖြင့်
လည်းကောင်း ဂရုမထားသည့် ဟန်မျိုးဖြင့်လည်းကောင်း၊ ရှေ့နောက် မညီအောင် လံကြုပ် ဖြောင့်ချက်ကြီးကို ညသန်းခေါင်
၁၂းဝဝ နာရီအထိ ပြောခဲ့ရပါတယ်။

၂၇၊ ၇၊ ၈၉ နေ့ နံနက်ပိုင်းတွင် ကျွန်ုပ်အား တိုက်ခန်းဝင်း ရှေ့တံခါးမှ ထုတ်၍ ကားဖြင့် လာရောက်ခေါ်သွားပါတယ်။
အင်းစိန် အကျဉ်းထောင်ဘေးရှိ ခန်းမတစ်ခုသို့ ခေါ်သွားခြင်း ဖြစ်ပါတယ်။ ၎င်းနေရာတွင် ညီညီဦးနှင့် မိုးကျော်သူတို့ကို
တွေ့ရပါတယ်။ သူတို့နှစ်ယောက်ရော ကျွန်ုပ်ပါ လက်ထိပ်ခတ်ထားပြီး အတူ ထိုင်ခိုင်းထားပါတယ်။ ကျွန်ုပ်တို့၏ မျက်နှာများကို မဖုံးထားသည့်အတွက် ပတ်ဝန်းကျင် အားလုံးကို မြင်နေရပါတယ်။ တရားစစ်ဆေး ကြားနာဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။
ကျွန်ုပ်က အထင်ဖြင့် ညီညီဦးနှင့် မိုးကျော်သူတို့အား ယခု လုပ်နေသည်မှာ စစ်ခုံရုံးဖြစ်ကြောင်း ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း ပြတ်ပြတ်သားသား ပြောရန် အထပ်ထပ် မှာကြားပါတယ်။
သေချာပါတယ်။ စစ်ခုံရုံး ဖြစ်ပါတယ်။ ပြင်ဆင်ပြီးတာနဲ့ ကျွန်ုပ်တို့ သုံးဦးကို ၎င်းခုံရုံးစင်မြင့်ရှေ့တွင် ထိုင်စေပါတယ်။ ဒုတိယဗိုလ်မှူးကြီး အောင်ညွန့်(လေ) ဥက္ကဋ္ဌ ပြုလုပ်သော စစ်ခုံရုံး ဖြစ်ပါတယ်။

ကျွန်ုပ်တို့ကို ဗုံးဖောက်ခွဲသည်ဟု ဆိုကာ ထောက်လှမ်းရေးများက စာတတန် ပေတတန်ဖြင့် စစ်ခုံရုံး တရားသူကြီးများအား
ဖတ်ပြပြီး ကျွန်ုပ်တို့ တရားခံသုံးယောက်အား ပြင်းထန်သော ပြစ်ဒဏ်ပေးပါရန် ပြောပါသည်။ ကျွန်ုပ်တို့ကို စွဲဆိုထားသော
ပုဒ်မများမှာ ၃ဝ၂/၁ (ခ) ၃၄ ဟုလည်း တပ်ထားပါတယ်။ ၎င်းစွဲချက်များသည် ကျွန်ုပ်တင်မဟုတ် ကျွန်ုပ်တို့၏ ပါတီကိုပါ
စော်ကား သိက္ခာချခြင်း ဖြစ်ကြောင်း အဆိုပါ ဗုံးဖောက်ခွဲမှုတွင် ကျွန်ုပ်တို့နှင့် လုံးဝ မပတ်သက်ကြောင်း၊ ကျွန်ုပ်တို့ လုံးဝ
မဟုတ်ကြောင်း၊ ဗုံးဖောက်ခွဲမှု မဖြစ်သွားမီ နေ့များ၊ ဗုံးကွဲသည့် ဇူလိုင် ၇ ရက်နေ့နှင့် ဗုံးကွဲပြီး နောက်ပိုင်းအထိ ကျွန်ုပ်တို့
ဘယ်နေရာတွင် ရှိသည်၊ ဘယ်သူတွေနှင့် ရှိနေသည်၊ ဘယ်အချိန်တွင် ရှိနေသည် စသည်ဖြင့် တိကျ ခိုင်လုံသော အထောက်
အထားများ သက်သေများ ပြဆိုနိုင်ကြောင်း၊ ကျွန်ုပ်တို့အား စစ်ဆေးသော ထောက်လှမ်းရေးများသည် ကျွန်ုပ်တို့အား
အရွယ်ဖြင့် မလိုက်အောင် နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်မှုတို့ကို မခံမရပ်နိုင် ဖြစ်ခြင်းကြောင့် ထောက်လှမ်းရေးများ အလိုကျ
ပြောခဲ့ရကြောင်း ကျွန်ုပ်တို့တွင် လုံးဝ လုံးဝ အပြစ်မရှိပါကြောင်း နှစ်နာရီခန့် ကျွန်ုပ် လျှောက်လဲ ပြောဆိုခဲ့ပါတယ်။ ထိုအခါ
တရားသူကြီး ဥက္ကဋ္ဌ အောင်ညွန့်က ခေတ္တနားမည်ဟု အမိန့်ပေး၍ တရားစစ်ဆေးခြင်းကို နေ့လယ် ၁၁းဝဝ နာရီတွင်
ခေတ္တရပ်နားပါသည်။ ကျွန်ုပ်တို့အား ထောက်လှမ်းရေးများက အတင်းဆွဲဆောင့်၍ ကားပေါ်တင်ပြီး အင်းစိန်ထောင်တွင်း
သို့ ပြန်ပို့ပါတယ်။ ကားပေါ်တွင်လည်း အကန်ခံရပါသေးတယ်။

နေ့လယ် ၁းဝဝ နာရီတွင် ထပ်မံပြီး ထောက်လှမ်းရေးများက လာခေါ်၍ တရားရုံးသို့ ကားဖြင့်ပို့ပါတယ်။ ကျွန်ုပ်တို့အား
တရားရုံးစင်မြင့်ရှေ့တွင် ထိုင်ခိုင်းပြီး တရားရုံးအစီအစဉ်ကို စတင်ရာ တရားသူကြီးဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး အောင်ညွန့်(လေ)
က "တရားခံများ ဖြစ်ကြသော နံပါတ်(၁)တရားခံ မောင်သန်းဇော်၊ (၂) တရားခံ ညီညီဦး၊ (၃) တရားခံ မောင်မိုးကျော်သူ တို့အား
စစ်တရားခုံရုံး အမှတ်(၁)မှ အပြစ်ရှိသည်ဟု ယူဆသောကြောင့် အပြစ်ပေးမည် ဖြစ်သည့်အတွက် ဘာပြောချင်သေးလဲ" ဟု
မေးပါသည်။ ထိုအခါ ကျွန်ုပ်က စတင်ပြီး ၇၊ ၇၊ ၈၉ နေ့ ရေနံချက် စက်ရုံးဝန်းအတွင်း ဗုံးပေါက်ကွဲမှုအတွက် ကျွန်ုပ် လုံးဝပတ်
သက်ခြင်း မရှိကြောင်း ကျွန်ုပ်တို့ လုံးဝ မပြုလုပ်ကြောင်း၊ ကျွန်ုပ်တို့တွင် အပြစ် မရှိသည့်အတွက် အပြစ်ပေးစရာ မလို
အပ်ကြောင်း လုံးဝလွှတ်ပေးရန် လိုလားကြောင်း၊ ဓမ္မပါလ သြဝါဒတွင် "ပြစ်မှု ကျူးလွန်သော တရားခံ ဆယ်ဦး လွတ်သွားခြင်း
ထက် လုံးဝ အပြစ် မရှိသော သူတယောက်အား အပြစ်မပေးမိပါစေနှင့်"ဟု မိန့်ဆိုထားသည်ကို သတိပြုရန်၊ ကျွန်ုပ်တို့အား
တရားသေ လွှတ်ပေးပါရန် စသည့် အချက်များ အပါအဝင် အမှုကျူးလွန်ခြင်း မရှိသည့် သက်သေ အထောက်အထားများ ထုချေ လျှောက်လဲပါတယ်။ သို့သော်လည်း စစ်ခုံရုံးတရားသူကြီးသည် ကျွန်ုပ် အပါအဝင် ညီညီဦးနှင့် မိုးကျော်သူတို့ပါ
အပြစ်ရှိကြောင်း ယူဆသည်ဟု ဆိုကာ 'သေဒဏ်' အမိန့် ချမှတ်လိုက်ပါတယ်။

ကျွန်ုပ်၏ဖြစ်စဉ်မှာ 'သေဒဏ်' အပြစ် တစ်ခုတည်းတွင်သာ မကပါ။ ၅၊ ၉၊ ၈၉ နေ့တွင် ကျွန်ုပ်နှင့် ညီညီဦး အား လက်ကို
ကြိုးများဖြင့်တုပ်ပြီး အင်းစိန်ကြိုးတိုက်မှ နေ့လယ် ၁၁းဝဝ နာရီခန့်တွင် ခေါ်သွားပြီး၊ သံခြေကျင်းများ ခတ်စေပါသည်။
ထို့နောက် ကျွန်ုပ်တို့အား ခေါင်းစွပ်များစွပ်၍ ကားဖြင့် တနေရာသို့ ခေါ်ဆောင်သွားပါတယ်။ အဲဒီနေရာမှာ ယခင် 'သေဒဏ်'
ချမှတ်ခဲ့သော စစ်ခုံရုံးအမှတ်(၁)နေရာပင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့အား အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ ပြုလုပ်သည်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁)ဖြင့် တရားစွဲ
ဆိုခြင်းဖြစ်ပါသည်။

ဤအထက်ပါ အမှုတွင်လည်း ကျွန်ုပ်တို့ အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ မပြုလုပ်ကြောင်း ကြောင်း
ကျိုးဆက်နွယ်ပြီး အထောက်အထား ခိုင်လုံ ပြည့်ဝစွာဖြင့် တစ်ဦးချင်း အပြစ်မရှိကြောင်း အချိန်များစွာ လျှောက်လဲ ချေပ
သော်ငြားလည်း ကျွန်ုပ် အပါ အဝင်

မောင်ညီညီဦး (NLD လူငယ်တာဝန်ခံ သန်လျင်မြို့နယ်)
ဒေါက်တာထွန်းသူ (သန်လျင်မြို့နယ် ဖားကူးကျေးရွာ စည်းရုံးရေး NLD အဖွဲ့ဝင်)
မောင်အောင်ကျော်ဆန်း (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်ဌေးလွင် (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်ထွေးမောင် (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်အုံးဝင်း (သန်လျင်မြို့နယ် NLD လူငယ်)
မောင်စန်းအောင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်အောင်သန်း (သန်လျင်မြို့နယ် NLD လူငယ်)
မောင်မိုးကျော် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်နေလင်းစိုးရင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်အောင်နိုင် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်ဇော်ထွန်းသက် (သန်လျင်မြို့နယ် NLD လူငယ်)
မောင်သက်ခိုင် (ဗကသ၊ သုဝဏ္ဏမြို့နယ်)
မောင်အောင်အောင် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကော့မှူးမြို့နယ်)
မောင်မိုးသက် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကော့မှူးမြို့နယ်)

စုစုပေါင်း ၁၆ ယောက်အား ပုဒ်မ ၁၂၂(၁) နိုင်ငံတော်ပုန်ကန်မှုဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ထိုသို့ ပြစ်ဒဏ်များဖြင့် အင်းစိန်အကျဉ်းထောင် ကြိုးတိုက်ထဲတွင် ခါးသီးသော အတွေ့အကြုံများကို လက်သီးဆုပ်မပျက်
ရင်ကော့ခံစားရင်း ၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထောင်တွင်းမှ နိုင်ငံရေး တောင်းဆိုမှုများ သပိတ်တိုက်ပွဲများ
ပြုလုပ် ဖန်တီးသည်ဟု
ဆိုကာ သရက် အကျဉ်းထောင်သို့ သွေးရဲရဲ သံရဲရဲ အရိုက်အနှက် ကြမ်းတမ်းစွာ ပြုလုပ်၍ ကျွန်ုပ်အား လုံခြုံရေးအစောင့်များဖြင့်
၂၆၊ ၉၊ ၉ဝ
နေ့တွင် ပို့လိုက်ပါသည်။

ယခု ကျွန်ုပ်အား ၁/၉၃ဖြင့် သေဒဏ်မှ အနှစ် ၂ဝ၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်မှ ၁ဝ နှစ် စုစုပေါင်း ၃ဝ နှစ်သို့ ပြောင်းပေးလိုက်
ပါတယ်။

မည်သို့ မည်သို့ပင် ဆိုစေ အမှုနှစ်ခုလုံးတွင် ကျွန်ုပ်၌ ထင်ရှားစေသည့် စာရွက်စာတမ်း သဲလွန်စ ခိုင်လုံသည့် အထောက်အထား
တစုံတရာ စိုးစဉ်းမျှ မရှိဘဲနှင့် ပြစ်ဒဏ်များ အတင်းအဓမ္မ ချပြီး ယနေ့အချိန်အထိ အကျဉ်းထောင် တိုက်ခန်းအတွင်း လှောင်ပိတ်
ထားခြင်းကို အကျဉ်းချုံး၍ အစီရင်ခံ တင်ပြအပ်ပါတယ် ခင်ဗျား။ ။

မောင်သန်းဇော်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)

ကိုဘိုကြည်

တွဲဖက်အတွင်းရေးမှူး၊

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)http://www.burmavjmedia.net/?p=4567#.TxaHYFCP4x4.facebook

Posted: 18 Jan 2012 07:24 AM PST


ရွှေည၀ါဆရာတော်အား ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အခြားခေါင်းဆောင်များ လာရောက်ဂါရ၀ပြု အားပေးစကားပြောကြားနေစဉ်။
ရွှေည၀ါဆရာတော် စိတ်ခံစားမှုအပြည့်ဖြင့် ကြုံတွေ့နေရသော အဖြစ်အပျက်များအပေါ် မျက်ရည်ကျလျှက် ပြောကြားနေစဉ်။

ရွှေည၀ါကျောင်းတိုက်၊ ဗုဒ္ဓတက္ကသိုလ်မှ ပညာသင်ကြားနေသော သံဃာတော်များသည် ဆရာတော်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များတွေ့ဆုံခြင်းအား ငြိမ်သက်စွာ နားထောင်နေကြစဉ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ရွှေည၀ါဆရာတော်တို့ စုပေါင်းကာ အမှတ်တရဓာတ်ပုံရိုက်စဉ်။
ရွှေည၀ါဆရာတော် ဦးပညာသီဟအား မီဒီယာများမှ သံဃာ့မဟာနာယကအဖွဲ့နှင့် မနက်ဖြန်တွင် တွေ့ဆုံရမည့် အကြောင်းအား မေးမြန်းအင်တာဗျုးနေကြစဉ်။


ရွှေည၀ါဆရာတော်ဘုရားနှင့်အတူ ရပ်တည်ကြမည့်သူများအားလုံး နက်ဖြန်(၁၉.၁.၂၀၁၂) နံနက် ၁၀ နာရီတွင် ရွှေည၀ါကျောင်းတိုက်(ကြည့်မြင်တိုင်၊ နတ်စင်လမ်း)၌ စုရုံးကာ ကြားတောရလမ်းရှိ ရန်ကုန်တိုင်း သံဃာ့မဟာနာယကအဖွဲ့တည်ရှိရာနေရာသို့ သွားရောက် ကြမည်ဖြစ်ပြီး တချို့မှာလည်း ကြားတောရလမ်းတွင် နေ့လည်
၁၂ နာရီခွဲ၌ စုရုံးကာ ဆရာတော်ဘုရားနှင့်အတူ ရပ်တည်ပေးသွားကြမည့်အကြောင်း၊ ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်
သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Photo by : Oakkar Ko Ko Facebook

Posted: 18 Jan 2012 07:13 AM PST



You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment