Tuesday 6 March 2012






Posted: 05 Mar 2012 11:16 PM PST



ဟင်္သာတမြို့၊ မြန်မာ့ဆက်သွယ်ရေးရုံးဝင်းအတွင်း မိုက်ခရိုဝေ့ဗ်တိုင်အောက်တွင် မပေါက်ကွဲသေးသော ဗုံးတစ်လုံး ထပ်မံတွေ့ရှိ

ဟင်္သတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ဟင်္သတမြို့ခံများဆီမှ သိရသည်။
photo..Thxa Lay Hza

Posted: 05 Mar 2012 09:08 AM PST

ဦးအောင်သောင်း

ဦးသိန်းစိန်အစိုးရတက်ပီး ၆ လအကြာမှာ အရှုံးပေါ်နေတဲ့ စက်မှု(၁)၀န်ကြီးဌာနပိုင် စက်ရုံအတော်များများဟာ တချိန်က စက်မှုတစ်ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ရင်းနှီးတဲ့ ပုဂ္ဂလိက ကုန်သည်တစုလက် ရောက်ကုန်တယ်လို့ စုံစမ်းသိရပါတယ်။ ဦးအောင်သောင်းလက်ထက်မှာ အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေအတွက် ထိပ်ပိုင်းအရာရှိတွေ အစိုးရဘတ်ဂျက်ကို ဘယ်လိုအလွဲသုံးစားလုပ်ခဲ့သလဲဆိုတာ ဦးစိန်ကျော်လှိုင် က ခုလို သုံးသပ်ထားပါတယ်။

တကယ်တော့ နိုင်ငံပိုင် စိးပွားရေးလုပ်ငန်းအတော်များများဟာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ထဲက ပုဂ္ဂလိကပိုင် လွဲပြောင်းရေးအစီအစဉ်နဲ့ ရောင်းချခဲ့ပီး ဖြစ်ပါတယ်-- နိုင်ငံပိုင်အဆောက်အဦတွေ ဓါတ်ဆီဆိုင်တွေ သင်္ဘောာလိုင်းတွေ လေကြောင်းလိုင်းတွေ အကုန်လုံး စုစုပေါင်း အမျိုး ၃၀၀ ကျော် ရောင်းချခဲ့တာ ဖြစ်ပါတယ် ဒီလိုအချိန်မှာ ရောင်းချတဲ့ ငွေပမာဏက များပြားလွန်းတဲ့အတွက် ဗိုလ်ချုပ်တွေနဲ့ အဆက်အစပ်မရှိတဲ့ သာမန်လုပ်ငန်းရှင်တွေ မ၀ယ်နိုင်ဘဲ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးသူတွေသာ ၀ယ်နိုင်ပါတယ်

ဒါကြောင် အဲဒီနောက်ဆုံးအကြိမ် ရောင်းချခဲ့တဲ့ တန်ဘိုးကြီးတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေဟာ ဦးပိုင်ကုမ္ပဏီကြီးတွေကတဆင့် ဗိုလ်ချုပ်ကြီးဟောင်းတွေရဲံ ထိန်းချုပ်မှုအောက် ရောက်သွားတယ်- ဒါမှမဟုတ် ဗိုလ်ချုပ်ကြီးတွေရဲ့ မဟာမိတ် လုပ်ငန်းရှင်တွေလက်ရောက်သွားတယ်--ဒီမှာတင် ဗိုလ်ချုပ်လူထွက် လူတန်းစားလက်သစ်ဟာ မြန်မာနိုင်ငံမှာ ငွေကြေးဆိုင်ရာ သြဇာရှိသူတွေဖြစ်လာတယ်--အနောက်နိုင်ငံ ဆန်ရှင်တွေသာရုတ်သိမ်းခဲ့ရင် တိုးလာမဲ့ကုန်သွယ်မှုကနေ အကျိုးအမြတ်ရသူမဲ့သူတွေ ဖြစ်လာတယ် --ဒါကြောင့်လဲ ဦးသိန်းစိန်အစိုးရဘက်က ပြောင်းလဲမှုတွေလုပ်နေတာ ဖြစ်တယ်လို့ Reuters သတင်းဌာနက ထောက်ပြပါတယ်

ကနေ့ စက်မှုတစ်ဝန်ကြီးဌာန လက်အောက်ခံ ကျန်နေတဲ့ စက်ရုံတွေ ကြည့်ပြန်တော့လဲ တချိန်က၀န်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ရင်းနှီးခဲ့တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေလက် ရောက်ကုန်ပီလို့ စက်မှု့၁ စက်ရုံမှုးတဦးက ပြောပြပါတယ်

ဦးအောင်သောင်းနဲ့ ရင်းနှီးတဲ့ ရွှေသံလွင် ကုမ္ပဏီက စစ်တောင်းစက္ကူုစက်ကို လုပ်ကိုင်ခွင့်ရသွားတဲ့ပြင် မွန်ပြည်နယ်က စက်ရုံတွေ ရန်ကုန် မော်လမြိုင်လမ်းပိုင်းတလျှောက်က ဓါတ်ဆီဆိုင်တွေ လမ်းပြင်တာတွေပါ လုပ်ခွင့်ရသွားပါတယ်။ ဦးအောင်သောင်းရဲ့သားပိုင်တဲ့ IGE ကုမ္ပဏီက မန္တလေး စကျင်ကျောက်ပြားစက်ရုံကို တနှစ် ကျပ်ငွေ ၆၈သန်းနဲ့ ၅နှစ်စာချုပ်ပီးငှားထားပါတယ် ဆိုလိုတာက ဦးသိန်းစိန်အစိုးရ ၅ နှစ်သက်တမ်းအတွင်းမှာ ဒီစက်ရုံကို ဦးအောင်သောင်းရဲ့သားပိုင်တဲ့ IGE ကုမ္ပဏီက ငှားထားတဲ့ သဘော ဖြစ်ပါတယ်။

တဘက်ကပြန်ကြည့်တော့လဲ စက်မှုတစ်ဝန်ကြီးဌာနကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ သမတ ဦးသိန်းစိန်အစိုးရဘက်က ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဦးကျော်စွာခိုင်ကို စက်မှုတစ်ဝန်ကြီးပေးခဲ့ပေမဲ့ ကျန်းမာရေးကြောင့် နေရာပြောင်းပေးခဲ့ရပါတယ် နောက်ဆုံး စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်းက တွဲကိုင်နေရပီး ခုထိ ၀န်ကြီးသစ် မခန့်နိုင် ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရခေတ် ၁၀ တန်းမအောင်တဲ့သူတောင် စီးပွားကူးသန်းဝန်ကြီးဖြစ်နေချိန်မှာ ဘာကြောင့် စက်မှုတစ်ဝန်ကြီးခန့်ဘို့ကိစ္စ နှောင့်နှေးနေသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ် သေချာတာကတော့ စက်မှုတစ်ဝန်ကြီးဌာနလက်အောက် ကျန်ျနေတဲ့ စက်ရုံတွေအနက် တနှစ်ကို ကျပ်ငွေ သန်းတထောင်ရအောင် မရှာနိုင်တဲ့ စက်ရုံတွေ ဖျက်ပစ်မယ်လို့ ခေတ္တတာဝန်ယူထားတဲ့ စက်မှု၂၀န်ကြီး ဦးစိုးသိန်း မကြာခင်က နေပြည်တော် စက်ရုံမှုးအစည်းအဝေးမှာ ပြောသွားပါတယ်။

ရန်ကုန်က စက်ဘီးစက်ရုံဆိုရင် ဦးအောင်သောင်း လက်ထက်မှာ ခွက်ခွက်လန် ရှုးနေတဲ့ပြင် စက်ဘီးလက်ကျန်ကလဲ ကျပ်ငွေ သန်း ရှစ်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီမှာတင် ရန်ကုန်စက်ဘီးစက်ရုံကို ကျောက်ဆည် စက်ဘီးစက်ရုံနဲံပေါင်းမယ်လိွုှ့အစိုးရကို လိမ်ပြပီး ရန်ကုန်စက်ဘီးစက်ရုံတခုလုံးက ပစ္စည်းတွေကို ရန်ကုန် အုတ်ကျင်းမှာရှိတဲ့ ကြွေရည်သုတ်စက်ရုံအမှတ်(၂)က ဂိုဒေါင်ဟောင်းတွေထဲမှာ ဦးအောင်သောင်းလက်ထက်ထဲက ဖွက်ထားခဲ့တယ်လို့ အာအက်အေက စုံစမ်းသိရပါတယ် ကုန်ထုတ်လုပ်မှုရပ်ဆိုင်းပီး တရားမ၀င် ဖျက်သိမ်းထားတဲ့ ရန်ကုန်က စက်ဘီးစက်ရုံကိုလက်ညိုးထိုးပီး နိုင်ငံပိုင်ဘတ်ဂျက်တွေ ဘယ်လို မတရားသုံးခဲ့လဲဆိုတာ အတွင်းသိ စက်ရုံမှုးက ခုလို ရှင်ြးုပပါတယ်။

အဲဒီအချိန်က တာဝန်ရှိတဲ့ ဦးအောင်သောင်းတပည့် စက်မှုတစ် ဦးဆောင်ညွန်ကြားရေးမှုး ဦးအေးမောက်ဆိုတာ စစ်ဗိုလ်လူထွက်တဦးဖြစ်ပီး ၂၀၁၀ ရွေးကောက်ပွဲမှာ မလှိုင်မဲဆန္ဒနယ်က အမတ်ဖြစ်လာတဲ့ပြင် ကနေ့ နေပြည်တော်မှာ လွှတ်တော်တက်နေသူ ဖြစ်ပါတယ် ဇာတ်ပေါင်းတဲ့အခါ စက်မှုတစ်က စက်ရုံတခုလုံး တရားမ၀င် လက်စဖျောက်ခဲ့တဲ့ စက်မှုတစ်ဝန်ကြီးဟောင်း ဦးအောင်သောင်းက နေပြည်တော် လွှတ်တော် ဘဏ်များနဲ့ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးကော်မီတီမှာ ဥက္ကဌလာဖြစ်နေပီး ရန်ကုန်မှာ မရှိတော့တဲ့ စက်ဘီးစက်ရုံကိုအကြောင်းပြပီး အစိုးရဘတ်ဂျက်တွေ မတရားထုတ်ယူသုံးခဲ့တဲ့ ဦးအေးမောက်က စီမံကိန်းများနဲ့ ဘဏ္ဍာရေး ဖွံဖြိုးတိုးတက်ရေး ကော်မီတီမှာ အတွင်းရေးမှုး လာဖြစ်ပါတယ် အမတ် ဦးအေးမောက်ကို မေးမြန်းဘို့ အာအက်အေက ဆက်သွယ်ဘို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲံပါဘူး

အိန္ဒိယချေးငွေနဲ့ တည်ထားတဲ့ ရန်ကုန်စက်ဘီင်္းစက်ရုံဟာ ချေးငွေတောင် မကျေသေးချိန်မှာ တရားမ၀င်ဖျက်သိမ်းခံရတာကို လွှတ်တော်မှာ မေးခွန်းထုတ်ထုတ်သင့်တယ်လို့ စက်ရုံမှုးတဦးက ယူဆပါတယ်

ခုလိုမျိုး စက်မှုတစ်ဝန်ကြီးဌာနအနေနှဲ့ စက်ရုံတွေကို လူမသိ သူမသိ ခိုးကြောင်ခိုးဝှက် ဖျက်သိမ်းမယ်ဆိုရင် လွှတ်တော်အမတ်တွေနဲ ပဋိပက္ခဖြစ်လာနိုင်တယ်လို့ ရန်ကုန်မြို့က အန်ဒီအက် လွှတ်တော်အမတ် ဦးခိုင်မောင်ရီက ထောက်ပြပါတယ်။

စက်ရုံတွေ ဖျက်ဆီးတာ ပေါင်းစပ်တာလုပ်ပီး ခုလို စာရင်းဖျောက်တာကို ခုထိ ဘာလို့အရေးမယူနိုင် ဖြစ်နေသလဲ---ကြံ့ဖွံပါတီရံပုံငွေအတွက် စက်မှုတစ်ဝန်ကြီးဌာနတခုလုံး ခုတုံးလုပ် ငွေရှာပေးခဲ့တဲ့ ဦးအောင်သောင်း နောင်တချိန် အရေးယူမခံရအောင် အငြိမ်းစား ဗိုလ်ချုပ်မှုးကြီးသန်းရွှေက အကာအကွယ်ပေးတဲ့သဘောလားဆိုတာလဲ ဘယ်သူမှ အဖြေမပေးနိုင်တဲ့မေးခွန်းတွေ ဖြစ်နေကြောင်းပါ ခင်ဗျား

(အာအက်အေ ဥိးစိန်ကျော်လှိုင်၏ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)

Posted: 05 Mar 2012 08:11 AM PST

မတ်လ ၅ရက်နေ့ မနက် ၁၀နာရီကျော်ခန့်တွင် နွားထိုးကြီးမြို့နယ်တွင် ဟောပြောမှုပြုလုပ်ခဲ့ပြီး မိတ္ထီလာမြို့ရှိ အောင်မင်္ဂလာ ခန်းမတွင်လည်း ဟောပြောမှုခဲ့သည်။

ထို့နောက် ညနေ ၄နာရီကျော်တွင် နေပြည်တော်မြို့ရှိ Royal Kumudra Hotelတွင် ခေတ္တအနားယူ၍ ညနေ ၅နာရီခွဲခန့်မှစ၍ ဒက္ခိဏသီရိမြို့ နယ်ရှိ လမ်းပျဉ်းမနားကျေးရွာ အနီးမှကွင်းပြင်တစ်ခု၌ ဟောပြောပွဲပြုလုပ်ခဲ့သည်ဟု သတင်းများအရ သိရသည်။

"ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူတွေရဲ့ သြဇာလွှမ်းမိုးတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေမှာ ဘာဖြစ်သလဲဆိုတော့ တကယ်စဉ်းစား ကြည့်ရင် ပြည်သူတွေရဲ့ အင်အားက နည်းတာမဟုတ်ဘူး။ ပြည်သူမရှိရင် နိုင်ငံဆိုတာမရှိဘူး။ အဲဒါပါပဲ။ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူရှိမှ တည်နိုင်မယ်ဆိုတာ အမြဲမှတ်ထားပါ"ဟု နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ်မှ လမ်းပျဉ်းမနားကျေးရွာအနီးရှိ ကွင်းပြင်တစ်ခုတွင် ဟောပြောခဲ့သည့် မိန့်ခွန်းများထဲမှ ကောက် နုတ်ဖော်ပြခြင်းဖြစ်သည်။

ထို့နောက် ၎င်းသည် ဇဗ္ဗူသီရိမြို့တွင် ဟောပြောမှုထပ်မံပြုလုပ်ခဲ့ပြီး တက်ရောက်သည့် လူဦးရေ တစ်သိန်းကျော်ရှိသည်ဟု သိရှိရသည်။ ယင်း နောက် မတ်လ ၆ ရက်နေ့ မနက်ပိုင်းတွင်လည်း တောင်ငူမြို့နယ်ရှိ မိုင်ဒါကွင်း၌လည်း ပါတီစည်းရုံးရေးအတွက် လူထုဟောပြောပွဲပြုလုပ်မည်ဟုလည်း သတင်းများအရ သိရ သည်။(transparencymyanmar)

ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိ မြို့နယ် လမ်းပျဉ်းမနားရွာမကွင်း မိန့်ခွန်းပြောကြားစဉ်နှင့် ပောာကြားသောမိန့်ခွန်းကောက်နှုတ်ချက်´(Yangon press international)

"ဒီထဲမှာဆိုလို့ရှိရင် ဒက္ခိဏသီရိမြို့နယ်က ပြည်သူတွေဟာ အင်မတန်မှ ဘ၀ကိုရုန်းကန်ရပါတယ် အဲဒီတော့ကျွန်မကပြောတယ် ဘ၀တူတွေဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘယ်လောက်ရုန်းကန်ရ သလဲ ဆိုတာ အများသိပြီးသားဖြစ်ပါတယ် ။ အဲဒီတော့ ရုန်းကန်ရတဲ့လူခြင်း အတူတူတော့နားလည်မှုရှိတယ် ။ဘ၀မှာဘယ်လိုရုန်းကန်ရသလဲ ၊ဘ၀မှဘယ်လိုအခက်အခဲတွေနဲ့ တွေ့ရသလဲ။ ကျွန်မတို့အဖွဲ့ချုပ်မှာဆိုလို့ရှိရင်ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းနဲ့ ရပ်တည်တဲ့ နေရာမှာအနှစ် နှစ်ဆယ်ကျော်သွားပါပြီ။ ဒါကြောင့်မို့လို့ ကျွန်မတို့က ပြည်သူတွေရဲ့ဆင်းရဲနွမ်းပါးမှုကို တစ်ကယ့်ကို လက်တွေ့ကျကျ နားလည်တဲ့ အဖွဲ့ဖြစ်ပါတယ်လို့ ကျွန်မပြောပါရစေ"

"ကျွန်မတို့နိုင်ငံဟာ သယံဇာတတွေ အင်မတန်ချမ်းသာတဲ့နိုင်ငံပါ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံ လို့ပြောရင်တောင်မှ မှားမယ်လို့မထင်ပါဘူး။ဒါပေမယ့်လည်း တစ်ချိန်တဲမှာ ကျွန်မတို့ရဲ့ပြည်သူတွေဟာအရှေ့တောင်အာရှမှာအဆင်းရဲဆုံးပြည်သူတွေဘဲလို့ပြောလို့ရှိရင်လည်းမှန်မှာဘဲ"

"တစ်ခြားလူကို အားကိုးလို့မဖြစ်ဘူး ကိုယ့်ကိုယ်ကို အားကိုရမယ် ။ ဒီတော့ပြည်သူတွေကထင်တယ် ငါတို့ဒီလောက်တောင်အားနည်းနေတာ ၊တို့ဒီလောက်တောင်ဆင်းရဲနေတာ တို့မှာရှိစုလယ်တွေယာတွေ တောင် ပျောက်သွားပြီဆိုကတည်းက ဘယ်လိုလို့ကိုယ့်ကိုယ်ကို အားကိုနိုင်မှာလည်းလို့ အဲဒီလို တစ်ချို့က စိတ်ထဲမှာတွေးတယ်။ ဒါပေမယ့်ပြည်သူတွေမှာဘာဖြစ်လဲဆိုတော့ တကယ်စဉ်းစားကြည့်လို့ရှိရင် ပြည်သူတွေရဲ့အင်အားဆိုတာနည်းတာမဟုတ်ဘူး ။ပြည်သူမရှိရင် နိုင်ငံဆိုတာ မရှိနိုင်ဘူး အဲဒါဘဲ။ အမြဲမှတ်ထားပါ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူရှိမှ တည်နိုင်မယ်ဆိုတာအမြဲမှတ်ထားပါ"

"နိုင်ငံဆိုတာ ထောက်ထားတဲ့ပြည်သူရှိရင် ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး ဘယ်တော့မှ မမြင့်မားနိုင်လာနိုင်ဘူးဆိုတာ သေသေချာချာ စွဲစွဲမြဲမြဲ မှတ်ထားပါ´´
" ပြည်သူတွေရဲ့သြဇာလွှမ်းမိုးတဲ့စနစ်ဆိုတာ ဒီမိုကရေစီဘဲ ။ ဒီမိုကရေစီရဲ့အဓိပ္ပါယ်ဟာ ဒါပါဘဲ
"လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စကိုတော့ လုပ်နိုင်အောင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်စွာလုပ်ရမယ်။ အဲဒါဟာဘ၀မှာ တိုးတက်ချင်ရင် ဒီလိုဘဲလုပ်ရမှာဘဲ
photo..thihanwe,Gettyimages,7daysnewsjournal

Posted: 05 Mar 2012 07:26 AM PST
ရန်ကုန် မတ် ၂ ရက်။ ။နေပြည်တော်ဇမ္ဗူသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း၏ စည်းရုံးရေးခရီးစဉ်အတွင်း ဟောပြောပွဲသို့တက်ရောက်ကြသူ ရွာသားများ၏နေအိမ်ကို လျှပ်စစ်မီးသွယ်တန်းပေးမည်မဟုတ်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောဆိုကြောင်းကို တော်ဝင်နှင်းဆီတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စန္ဒာမင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဇမ္ဗူသီရိမြို့နယ်ရှိ အောင်ချမ်းသာကျေးရွာသို့ စည်းရုံးရေးဆင်းခဲ့ကြောင်း၊ ရွာတွင်နေထိုင်သူ လူ ၁၀၀ ခန့်တက်ရောက်နားထောင်ခဲ့ကြကြောင်း ၊အဆိုပါအောင်ချမ်းသာရွာသည် ယခုထိတိုင် မီးမရရှိသေးပဲ ရွာတွင် လျှပ်စစ်မီးလျှောက်ထားရေးအတွက် မီးလင်းရေးကော်မတီဖွဲ့ထားကြောင်း၊ ရွာရှိအိမ်များက တစ်အိမ်လျှင် ၂ သိန်းထဲ့ဝင်ကာ ရွာသားများက မီးရရှိရေးကို ကြိုးစားနေရဆဲသာဖြစ်ကြောင်း၊ ၂၁ ရက်နေ့က ဒေါ်စန္ဒာမင်း၏ ဟောပြေပွဲတက်ရောက်သူများ၏ အမည်စာရင်းကို မီးလင်းရေးကော်မတီအဖွဲ့က မှတ်သားကာ ထိုရွာသား များ၏အိမ်များအား မီးလင်းဖို့ဆောင်ရွက်ရာစာရင်းများက ထုတ်ပယ်လိုက်ကြောင်း ပြောသည်။ထို့အပြင် ရွာသားများထံမှ ကောက်ခံသော ငွေ ၂သိန်းသည် မီးတိုင်နှင့် မီးကြိုး ဖိုးသာဖြစ်ပြီး ထရန်စဖော်မာကို ပါတီတစ်ခုမှ လှူဒါန်းမှာဖြစ်ကြောင်း၊ ထိုပါတီမှ လှူဒါန်းသော ထရန်စဖော်မာမှနေ၍ မီးသွယ်တန်းရမည် ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟောပြောပွဲသို့ တက်ရောက်သောသူများကို မီးမပေးတော့ကြောင်း၊ ကျန်ရှိသူများကိုသာ မီးပေးမည်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောသည်ဟု ဒေါ်စန္ဒာမင်းကပြောသည်။

အထက်ပါကိစ္စနှင့်ပါတ်သတ်၍ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဒေါ်စန္ဒာကိုယ်တိုင် ထိုကျေးရွာသို့ သွားရောက်ပြီး မီးလင်းရေးကော်မတီဥက္ကဌနှင့် တွေ့ခွင့်တောင်းရာ အခြားတာဝန်ရှိသူနှင့်သာ တွေ့ခွင့်ရကြောင်း၊ ထိုသူမှ "မင်းတို့ကြိုက်တဲ့နေရာကိုတိုင်၊ ငါတို့က အထက်အထက် အမိန့်ပေးလို့လုပ်ဆောင်၇တာသာ ဖြစ်တယ်၊ ဒီမီးလင်းဖို့ပေးတာဟာ ငါတို့ပါတီကပေးတာ ဖြစ်တဲ့အတွက် မင်းတို့ NLD ထောက်ခံသူတွေကို မီးမပေးဘူး၊ ကြိုက်တဲ့နေရာကိုတိုင်" ဟုပြောသွားကြောင်း၊ ဒေါ်စန္ဒာမင်းအနေနှင့် ရွာသားများစုပေါင်း၍ အုပ်ချုပ်ရေးကော်မတီသို့ စာပို့တိုင်ကြားခြင်းဆောင်ရွက်ကြရန်၊ သူမ ကိုယ်တိုင်လည်း နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားကြောင်းနှင့် မီဒီယာမှနေ၍ ဆက်လက်ဖြေရှင်းမည် ဟုရွာသားများအားပြောဆိုခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတပြောကြားသော မိန့်ခွန်းနှင့်ပါတ်သတ်၍ မီဒီယာများမှမေးမြန်းမှုကို ဖြေကြားရာတွင် " အစိုးရအဖွဲ့အတွင်း အပျော့ဂိုဏ်းနှင့် အမာဂိုဏ်း ကွဲပြားနေခြင်းမဟုတ်ပဲ လူတစ်ဦးချင်းဆီ၏ အကျင့်စရိုက်၊ စိတ်နေစိတ်ထားကွဲပြားမှုကြော့င်သာ လုပ်ကိုင်ဖြေရှင်းပုံ ကွဲပြားခြင်းသာဖြစ်ကြောင်း" ဆိုသောစကားအရ ထိုလူတစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားများကြောင့်ပင် အောက်ခြေတွင် ထိခိုက်ကာ အခက်အခဲများကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ အထက်မှပုဂ္ဂို၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့က ဘယ်လိုပဲ ကတိများပေးနေစေကာမူ အောက်ခြေအဆင့်များ၏ မလျော်သြဇာ သုံးမှုများကြောင့် မြို့နယ်အဆင့် ခရိုင်အဆင့်များတွင် ချောမွေ့မှုမရှိပဲ အခက်အခဲများဖြစ်နေရကြောင်း ကိုရှင်းလင်းဖြေကြားသွားပါသည်။

Ko Ye Facebook

နေပြည်တော်မှ NLD ပါတီဝင်များ ပါတီဆိုင်းဘုတ်အား ကင်းစောင့်နေကြရ (စိစစ်ရေးပယ်သော သတင်း)

နေပြည်တော် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် တို့တွင်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဆိုင်းဘုတ်များအား ဓားဖြင့်ခုတ်ခြင်း၊ လှီးခြင်း ကိစ္စရပ်များဖြစ်ပေါ်နေကြောင်းကို မတ်လ ၂ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီးသောက်ဆိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ရှင်းလင်းပြောကြားသွားသည်။

ပထမဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးမင်းသူ ၀င်ရောက်ယှဉ်ပြိုင်မည့် ဥတ္တရသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး မြို့နယ်ရုံးရှိ ပါတီဆိုင်းဘုတ်အား ဓားဖြင့်ခုတ်သွားတာတွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ဦးမင်းသူက သက်ဆိုင်ရာ ရဲစခန်းတွင် တိုင်ချက်ဖွင့်ပြီး တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ကြောင်း၊ ဒုတိယဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် ၀င်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်စိတ်နန်ဒုံးကျေးရွာရှိ ရပ်/ကျေးရုံးခန်းဖွင့်လှစ်ထားသည့် ကိုအေးမင်းသန်း နေအိမ်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ရုံးခန်းဖွင့်လှစ်ထားချိန်တွင် ပါတီဆိုင်းဘုတ်အား ဓားဖြင့်လှီးသွားခြင်းဖြစ်ပြီး ၂၅ရက်နေ့မနက်တွင် သက်ဆိုင်ရာ ပတ္တာရဲစခန်းသို့ လူ ၄ဦးက သက်သေထွက်ဆို တိုင်ချက်ဖွင့်ထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဦးဖြိုးဇေယျာသော်က ဆက်လက် ရှင်းလင်းပြောကြားရာတွင် ယခုလောလောဆယ်တွင် တိုင်ချက်ဖွင့်ထားရုံ အခြေအနေသာ ဖြစ်ကြောင်း၊ အမှုဖွင့်သည့် အဆင့်သို့ မရောက်သေးကြောင်း၊ ကျေးရွာများတွင် ရပ်/ကျေး ပါတီဆိုင်းဘုတ် ထူထောင်ထားသူများအားလုံး ညပိုင်းတွင် ကိုယ့်ဆိုင်းဘုတ်ကို ကိုယ်တိုင် ကင်းစောင့် အိပ်နေရကြောင်း ရှင်းလင်းပြောကြားသည်။

" အခြေခံအဆင့်မှာရှိတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေအနေနဲ့လည်း အခုလက်ရှိမှာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ် ဆိုတာကို မျက်ခြေမပြတ်သင့်ဘူး လို့ ကျွန်တော်အသိပေးချင်ပါတယ်" ဟု ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်မှ ပြောကြားသွားပါသည်။

ကိုရဲ

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment