Tuesday 6 March 2012






လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆ရက်နေ့မနက်ပိုင်း နေပြည်တော် စည်းရုံးရေးခရီးစဉ်များ..
Posted: 05 Mar 2012 10:41 PM PST
ပြည်သူအများစုက ဥပဒေဆိုတာ ငါတို့ကို နှိပ်စက်ဖို့လို့ထင်နေကြတယ်။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ဖို့ဖြစ်ပါတယ်။
ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲကနေ ၀င်ပြီးတော့ လွှတ်တော်အတွင်းက ပြည်သူတွေကို
အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်း ရေး၊ ပြည်သူကို အနှောက်အယှက်ဖြစ်တဲ့ ဥပဒေတွေကို
ဖယ်ရှားရေးကို လုပ်ဆောင်မှာဖြစ်ပါတယ်။ (ဇေယျာသော်ကို မဲပေးကြပါလို့ ပြောချင်ပါတယ်).... (ပေးပါမယ်-လူထုများ)။

(ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဗ္ဗသီရိမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးဇေယျာသော်အား စင်မြင့်ထက်တွင် ယခု
 ၆.၃.၂၀၁၂ နံနက် ၁၀ နာရီ ၂၀ မိနစ်က တွေ့ရစဉ်)

ဓာတ်ပုံ- ဥက္ကာကိုကို

ဒေါ်အောင်ဆန်းစုကြည်အား စောင့်ဆိုင်းနေကြသော ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်မှ လူထုအား ယခုနံနက်
၁၀ နာရီ ၅ မိနစ်ကတွေ့ရစဉ်။ ဒေါ်အောင်ဆန်းစုကြည် ကွင်းအတွင်း ၀င်ရောက်
လာနေပြီဖြစ်သည်။ လူပေါင်း နှစ်သောင်းကျော်ရောက်ရှိနေကြ သည်။

ဓာတ်ပုံ- ဥက္ကာကိုကို (7 Day News)
ဒေါ်အောင်ဆန်းစုကြည်အား တေးသီချင်းများသီဆိုကာ ကြိုဆိုနေကြသော ပုဗ္ဗသီရိမြို့နယ်မှ လူထုအား ယခုတွေ့ရစဉ်။
 သူတို့သည် နံနက်ခြောက်နာရီကတည်းက ရောက်နေခြင်းဖြစ်သည်။  လိုချင်တာ ဒီမိုကရေစီ။
 လူထုကောင်းစားရေး စံနစ်ကို ဖော်ဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဟာ ဒေါ်အောင်ဆန်းစုကြည်...
 ဟု ညီညာစွာ အော်ဟစ်နေကြသည်။ ဇေယျာသော်... နိုင်ရမည်။ အမေစုကို ထောက်ခံလို့.. ဇေယျာသော်ကို
 မဲပေးစို့... ဟူ၍ ဆက်လက် အော်ဟစ်နေသည်။ သူတို့အားလုံးသည် ဇေယျာသော်အား မဲပေးကြမည်ဖြစ်ကြောင်း
 ပြောနေကြသည်။ ဗိုလ်ကြီးဟောင်းကိုနေမျိုးဇင် စင်ရှေ့သို့ရောက်လာရာ ပျော်ရွှင်စွာ ၀ိုင်းဝန်းအားပေးနေကြသည်။

ဓာတ်ပုံ- ဥက္ကာကိုကို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြသည် နေပြည်တော်ရှိ ဥတ္တရသီရိမြို့ လူထုဟောပြောပွဲကို
 နံနက် ၈း၃၀ တွင်စတင်ခဲ့သည်။ ဟောပြောပွဲတွင် ရွေးကောက်ပွဲ
ဥပဒေနှင့်ပတ်သက်သော အကြောင်းအရာများကို ဟောပြောခဲ့သည်။ လူထုကို ရွေးကောက်ပွဲ၌ မဲဆွယ်ရာတွင်
 မည်သည့် အဖွဲ့ကို မဲမပေးလျှင် မီးဖြတ်မည်ဆိုသည်မှာ
တရားဥပဒေအရ မလွတ်ကင်းကြောင်း ဟောပြောခဲ့သည်။ ဟောပြောပွဲကို သောင်းချီသော
 ပြည်သူများ တက် ရောက်နားထောင်ခဲ့ကြသည်။ (NLD)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်များမှာ
 တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ယနေ့(၆.၃.၂၀၁၂)ရက် နံနက် ၇ နာရီဝန်းကျင်က နေပြည်တော်ရှိ
 ရွိုင်ရယ် ကုမုဒြာဟိုတယ်တွင် တွေ့ဆုံစဉ်။

ဓာတ်ပုံ-သီဟ (7 Day News Journal)
Posted: 05 Mar 2012 10:58 AM PST
မသူတော့် ကြောက်တွေး
(ကဗျာရှင် နေရဲနီ)
အင်း....ဘယ်လိုဖျက်ဖျက်
မပျက်တဲ့အပြင် တို့လုပ်အမျှ အဖျက်တရား
သူတို့အတွက် ကောင်းကျိုးတွေအဆင့်ဆင့်ဝေဖြာလို့
ကောင်းချီးသြဘာသံတွေ သောသောညံနေတာ
တလောကလုံး ပြုံးပျော်နေလိုက်ကြတာ။

ပုသိမ်မှာလည်း မုန့်ဟင်းခါး
ပိဿာ ၆ဝဝ အလကားဖြစ်တဲ့အပြင်
အဆာပြေအတွက်ကျေးဇူးတင်ပါတယ်ဆိုပြီး
ငေါ့တော့တော့ ပြောလိုက်သေးတယ်။

တက္ကသိုလ်ကျောင်းတွေကို
စာမေးပွဲနဲ့ ညစ်တွန်းတွန်းတာတောင်
နာမည်ပျက်တာဘဲ အဖတ်တင်တယ်။

ဖျာပုံမှာ ကွင်းမငှားလိုက်တာလည်း
မှားတာဘဲ။
ငှားလိုက်ရင် လာတဲ့ပရိတ်သတ်နဲ့
ကျပ်ညပ်ပြီး တခုခုဖြစ်ရင်
အပြစ်ရှာလို့ရသေးတယ်။
ခုတခါ မန္တလေးမှာ
ဗထူးကွင်း မငှားလိုက်မိတာလည်း
မှားတာဘဲ။
ကွင်းမရတော့ မြို့ပြင်ထွက်ပြီး
အောင်ပင်လယ်ကို သွားကြတာ
အောင်နိမိတ်တွေ ဆောင်ပြီး
အောင်အတိတ်တွေ တပွေ့တပိုက်နဲ့
အောင်အရပ်ကို မရောက်ရောက်အောင်
တွန်းပို့ လေသလားဆိုပြီး
တို့ကိုတွေ့ရင် ကြည့်တဲ့ အကြည့်တွေက
မထေ့တထေ့ ပြုံးစေ့စေ့နဲ့
မှိုရတဲ့ မျက်နှာလိုလို
ခံရခက်လိုက်တာ။

ကွင်းသာငှားလိုက်ရင်
လာတဲ့ပရိတ်သတ် ကြက်ပျံမကျ
အိုးပစ်မကွဲ စပါးခင်းလို
လူပင်လယ်ကြီးဖြစ်နေတာ
သိန်းကျော်တဲ့ ဒီလူအုပ်နဲ့
ကျပ်ညပ်ပြိး တခုခုဖြစ်ရင်
ပြဿနာရှာလို့ရသေးတယ်။
ဒီကြားထဲ
လတပေါင်းနွေခေါင်ခေါင်
ပူပူအိုက်အိုက်ချွေးသံတလုံးလုံးနဲ့
ဖြစ်နေရမယ့်အချိန်မှာ
ဒီအမျိုးသမီး လာမယ့်နေ့ကျမှ
မစွေ မစဲ မဖွဲ မသဲ ရွာတဲ့မိုး
လေပြေညှင်းလေးတောင်ပါသေး။
ပေါက္ခရဝဿ မိုးတဲ့
တင်စားနေလိုက်ကြတာ။
ဆံတစ်ပင်တင်း ငါ့မဲသူလု
အူနု ဆင်နင်းသလို
ခံရခက်လိုက်တာ။
တကယ်တော့
ငါ့မဲဆိုတာ အစကတည်းကမရှိတာ
ငါတို့က မတရားသိမ်းပိုက်ထားတာ။
သူကလုတာ မဟုတ်ဘူး။
မေတ္တာဖြူတဲ့ သူ့ဘက်ကို အလိုလိုပါသွားတာ။

လာတဲ့ ပရိတ်သတ်ကိုလည်း ကြည့်ပါဦး
ဘုန်းကြီး ရဟန်း ဦးဇင်း သာမဏေ မယ်သီလရင်
ကပ္ပိယ ကျောင်းစောင့်ပါမကျန်
အဖိုးအဖွား လူကြီးလူငယ်
ပျိုပျိုရွယ်ရွယ် ကျောင်းသူကျောင်းသား
ဘုစုခရုတွေ ပါမကျန်
ပါးပြင်မှာ ဒေါင်းအလံတွေကပ်ပြီး
ဒေါင်းပဝါ ခေါင်းမှာစည်းပြီးတော့ ပြုံးပျော်နေလိုက်ကြတာ
အဲဒီအထဲမှာ
ဦးဇင်းပေါက်စတွေနဲ့ ကိုရင်တွေတောင် ပါသေး။
ဒီလိုမှန်းသိ အဲဒီနေ့ကို အထူးအချိန်ပို ဆိုပြီး
ကျောင်းဖွင့်ခိုင်းပါတယ်။
ဒီကြားထဲ ပြောနေကြတာက
ရေဘူးနဲ့ ထီး ဖိနပ်မပါရင်
နွေအခါမှ သိမယ်။
နွေခေါင်ခေါင် လတပေါင်းမှာ
အမေစုလာမယ့်နေ့
ရေဘူးနဲ့ ထီးဆောင်စရာမလို
သူ့အလိုလို မိုးရွာလိမ့်မယ်တဲ့။

စစ်ကိုင်းမှာတော့
တနင်္ဂနွေနေ့ကို အစိုးရရုံးတွေ ဖွင့်လိုက်တယ်။
နောင်ခါလာ နောင်ခါဈေး
နောင်ကျမှ ကြည့်ရှင်းမယ်။
လူမုန်းခံနေရတာချင်း
အတူတူ
မထူးဇာတ် ခင်းတော့မယ်။
ဒါတောင် စစ်ကိုင်းမှာကြိုတဲ့လူထု
စစ်ကိုင်းတံတား ကျိုးမလားလို့တောင် ထင်ရတယ်။
တံတားဘေး မြစ်ကမ်းစပ်သဲပြင်မှာ
ပင်နီနဲ့ လူထု
ဒေါင်းအလံ တလူလူလွှင့်ပြီး
ဒေါင်းပ၀ါ ခေါင်းမှာစည်းပါလို့
ပြုံးပန်းတွေ ဝေဝေဆာဆာနဲ့
ပြုံးပျော်နေလိုက်ကြတာ
ဧရာဝတီမြစ်ကမ်း
ပြိုမလားလို့တောင် ထင်ရတယ်။

သီတဂူ ဆရာတော်ကြီးကို
ကပ်သီးကပ်ဖဲ့ ဒကာတစ်ယောက်က မေးဘူးတယ်။
ဘုရားပွင့်လို့ ဒေဝဒတ်တို့ သားအဖနဲ့
စိဉ္ဇမာနတို့ မြေမြိုခံရတာ
ဘုရားသာမပွင့်ခဲ့ရင် သူတို့တွေမြေမြိုခံရမှာ မဟုတ်ဘူး တဲ့
ဆရာတော်ကြီး ပြန်မိန့်ပုံက
ဘုရားမပွင့်လည်း သူတို့တွေ မြေမြိုခံရမှာဘဲတဲ့
ဘာကြောင့်လဲဆိုတော့
သူတို့တွေဟာ စိတ်ကောင်းမရှိတဲ့အပြင်
မကောင်းတဲ့စိတ်တွေ မွေးခဲ့ကြလို့တဲ့။
ပေပင်၊ ဝါးပင်၊ ငှက်ပျောပင်တို့ဟာ
အသီးကြောင့် သေကြရသလို
သူတို့ဟာလည်း
သူတို့ မကောင်းမှုကံတွေက အကျိုးပေးသွားကြတာ။

ဒါပေမဲ့ တစ်ခုတော့ရှိတယ်
ဒေဝဒတ်ဟာ နောင်တရမိတဲ့ အချိန်မှာ
မြေမြိုခံရတာ။
ငါတို့လည်း နောင်တ မရမိအောင်ကြိုးစားမယ်။
နောင်တရတဲ့နေ့ မြေမြိုခံရလေမလား မသိဘူး။
နောင်တမရမိအောင် ကြိုးစားမယ်။

ဆားသည် ငန်သော အရာရှိသော်ငြားလည်း
ဟင်းအိုးထဲ ရောက်သော်
ဟင်း၏အရသာကို ပို၍ပေါ်လွင်စေ၏။

ဖြူစင်သော မေတ္တာတရား ထားရှိကြကုန်သော
အမေစုနှင့် ပြည်သူလူထုအပေါ်
ဣဿာမစ္ဆရိယ မနာလိုဝန်တိုစိတ် ကြီးမားသောသူတို့၏
အမျိုးမျိုးသော အနှောင့်အယှက် ဘေးအပေါင်းသည်ကား
ဟင်းအိုးထဲ ရောက်သော ဆားကဲ့သို့
ကောင်းကျိုးအဆင့်ဆင့်ကို ဖြစ်ထွန်းစေပြီး
အမေစုနှင့်ပြည်သူတို့၏ မေတ္တာတရားကို
ပို၍ပို၍ ခိုင်မြဲစေခဲ့လေပြီတကား။
အမေစုနှင့် ပြည်သူသည်ကား
တသွေးတည်း တသားတည်း
အပြုံးမပျက် ပန်းပန်လျှက်ပင်တည်း

အထက်ပါ ကဗျာကိုဖတ်၍
သူတော်ကောင်းတို့ ပီတိပွား၍
မသူတော်တို့ အခါမနှောင်းခင်
နောင်တ တရား ရကြပါစေ။

နေရဲနီ
သီတဂူဆရာတော် တရားကောက်နှုတ်ချက်ကို ဧကရာဇ်မင်းကြီး၏ နိဂုံး တရားတော်၌ နာယူနိုင်ပါသည်။
ဓာတ်ပုံများ AP,Reuters,Demo Waiyan
Posted: 05 Mar 2012 09:44 AM PST
ပညာရေးရန်ပုံငွေ ကျပ်သိန်း(၄၀) ဧရာဝတီတိုင်း နာဂစ်ဒေသများသို့ လှူဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်မှ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ
 လှူဒါန်းမှု တတိယခရီးစဉ်အဖြစ် ဖေဖေါ်ဝါရီလ (၂၄၊ ၂၅ ၊ ၂၆၊ ၂၉) နေ့များတွင် ဧရာဝတီတိုင်း အတွင်းရှိ
နာဂစ်မုန်တိုင်းဒါဏ် ခံစားခဲ့ရသော အောက်ပါမြို့နယ်(၄) မြို့နယ်သို့ တစ်မြို့နယ်လျှင် ငွေကျပ် ဆယ်သိန်းစီ
(၁၀၀၀၀၀၀ိ/) စုစုပေါင်း ကျပ်သိန်းလေးဆယ် (၄,၀၀၀,၀၀၀/ိ) ဗာလာစာအုပ်ဒါဇင်(၅၀၀)နှင့် ဘောလ်ပင်၊
 ပေတံများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ကြပါသည်။
(၁) မိုးညိုကျေးရွာ( မူလတန်း ) အခမဲ့ပညာသင်ကျောင်း( ဘ/က)၊ ဘိုကလေးမြို့ ။
(၂) အလယ်ရေကျော်ကျေးရွာ၊ ( မူလတန်းလွန် ) အခမဲ့ပညာသင်ကျောင်း(ဘ/က)၊ မော်လမြိုင်ကျွန်း။
(၃) မဂူကျွန်းကျေးရွာ၊ (အလယ်တန်း) အခမဲ့ပညာသင်ကျောင်း( ဘ/က)၊ ကန်ကြီးထောင့်မြို့ နယ်။
(၄) မြရောင်ချည်(ဘ/က) မူလတန်းကျောင်း၊ အခြားလေးကျေးရွာနှင့် ဗလသုခ(ဘ/က)အလယ်တန်း
 ကျောင်း၊ ကြက်ဖမွေးစောင်း ကျေးရွာ ၊ ဖျာပုံမြို့ နယ်။

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပညာရေးရန်ပုံငွေ ကျပ်သိန်း(၄၀) ရခိုင်ပြည်နယ်သို့ လှူဒါန်း..

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ပညာရေးကွန်ရက်မှ ပြည်ထောင်စုတိုင်းရင်းသာများ ပညာရေးရန်ပုံငွေ
 လှူဒါန်းမှု စတုထ္တခရီးစဉ်အဖြစ် မတ်လ ( ၂၊ ၃၊ ၄ )နေ့ များတွင် ရခိုင်ပြည်နယ် အတွင်းရှိ အောက်ပါမြို့ နယ်
 (၂) မြို့နယ်သို့ ကျပ်သိန်းလေးဆယ်(၄,၀၀၀,၀၀၀/ိ) ဗာလာစာအုပ်ဒါဇင် (၅၀၀)နှင့် ဘောလ်ပင်၊ ပေတံများကို
 ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။
(၁) အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊(၁၀) တန်း အခမဲ့ပညာဒါန၊ မြေပုံမြို့ အလှူငွေကျပ် တစ်ဆယ်သိန်း (၁,၀၀၀,၀၀၀ိ/)
(၂) သာသနာ့အလင်းရောင်( ဘ /က)မူလတန်း၊ အခမဲ့ပညာပညာဒါနကျောင်း၊ မင်းပြားမြို့ ။
အလှူငွေကျပ် သိန်းသုံးဆယ် (၃,၀၀၀,၀၀၀ိ/)

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
https://picasaweb.google.com/109255525006943086316/GuLYTC


Posted: 05 Mar 2012 09:15 AM PST

ဟင်္သာတမြို့  GTC ကျောင်းသူ ၊ ကျောင်းသားများမှ ကျောင်းကားနှင့် စာသင်ခန်းခုံများ လုံလောက်မှု မရှိခြင်းအပေါ် 
ဧရာဝတီတိုင်းဒေသကြီး တိုင်းဝန်ကြီးချုပ်အား အသိပေးတိုင်ကြားခြင်း


ကျွန်တော်ကတော့ ဟင်္သာတ GTC မှကျောင်းသားတစ်ဦးပါ ကျွန်တော်တို့ ကျောင်းကိုနေစဉ် ပြေးဆွဲပေးနေတာ ဟင်္သာတ - ရန်ကုန်ပြေးဆွဲပြေးနေတဲ့ ကား(၃)စီးကို မ .ထ.သမှ စီစဉ်ဆင်ပေးပြီး ကျောင်းသား/သူ စုစုပေါင်း အယောက် ၁၀၀၀ခန့်အား ကိုလူ ၆၀ လောက်သာ ဆန့်သည့် ကား(၃) စီးသာ စီစဉ်ပေးပါတယ်။ ရထားစီစဉ်ပေးပေမယ့်လည်း တွဲ(၂)တွဲသာ ပါတဲ့အတွက် လူမဆန့်လို့ အမိုးပေါ်ပါမကျန် ခိုစီးရတယ် အင်မတန် အန္တာရယ်များပါတယ်။ ကား ကျတော့လည်း ကျောင်းသား၊ ကျောင်သူတွင်မက ဆရာ၊ ဆရာမ ရုံးဝန်ထမ်းများပါ တက်စီးရပါတယ်။ ကားခကျတော့ အသွားတစ်ယောက်ကို (၂၀၀) အပြန်တစ်ယောက်ကို (၂၀၀)ပေးရပြီး ပိုက်ဆံမပေးချင်လို့ မဟုတ်ပါ။ ကားကို တစ်စီးနှင့်တစ်စီး(၇) ပေလောက်သာ ကွာပြီးအရှိန်နဲ့ မတရားမောင်းတော့ ရှေ့ကားက တစ်ခုခုဖြစ်လို့ ဘရိတ်အုပ်လိုက်ရင် မတွေးရဲစရာပါ.. အလွန်အန္တရာယ် များလှပါတယ်..။ ကားမဆန့်လို့တွယ်စီးရတဲ့ ကျောင်းသားများအတွက် အလွန်အန္တာရယ် ရှိပါတယ်။

တခါတလေ ကားမဆန့်လို့ မိန်းခလေးတွေတောင် တွယ်စီးရတဲ့ အဖြစ်တွေ ကြုံတွေ့နေရပါတယ်..။ ကျောင်းက
ဟင်္သာတမြို့ပေါ်က (၆)မိုင်လောက် သွားရပြီး ဖြေးဖြေးမောင်ဖို့ ကားဆရာတွေကို ပြောလို့ကတော့ တမင်ရွဲ့ပြီး
 စာမေးပွဲရက်တွေမှာ ဆိုရင် တလိမ့်ချင်း အရွဲ့တိုက်ကာ ပုံမှန် မိနစ် (၂၀) လောက်မောင်းရတဲ့ ခရီးကို (၄၅) မီနစ်လောက်
ကြာအောင် ပညာပြမောင်းပါတော့တယ်။ တစ်ခါတလေ ကားအသေးလေးတွေ စီစဉ်ပေးတယ် တစ်ခါတလေ ကားမရလို့
ကုန်းလမ်း သယ်ယူပို့ဆောင်ရေးမှ ထုံးသယ်တဲ့ ကားများကို ချပေးပါတယ်။ စာသင်ခန်းေ
ရာက်တော့လည်း ခုံတစ်တန်းကိုလူ(၆) ယောက်ထိုင်ရပြီး ကြပ်ကြပ်ညပ်ညပ်ဖြင့် စာသင်ရပါတယ်။ ကျောင်းကို
ဖယ်ရီကားတွေ ရှိပါသော်လည်း ကျွန်တော်တို့လို ငွေကြေးမတတ်နိုင်တဲ့ ဆင်းရဲတဲ့ ကျောင်းသားများအဖို့တော့
တစ်လကို ၂၀၀၀၀ ပေးပြီး ဖယ်ရီကား မစီးနိုင်ပါ။
အဆိုပါ ကျောင်းသားတွေရဲ့ အခက်အခဲ ကိစ္စတွေကို ဧရာဝတီ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် သိရှိစေရန်
ကျွန်တော်တို့ GTC ကျောင်းသူ၊ ကျောင်းသားများမှ တင်ပြအပ်ပါတယ်။ ကျွန်တော်တို့ မဖြစ်နိုင်တာကို မတောင်းဆိုပါ
 ကျောင်းရှိ စာသင်ခန်းများ၌ စာသင်ခုံများ အလုံအလောက် ချပေးရန်နှင့် ကျောင်းကြိုပို့
ကားများကို အလုံအလောက်ချပေးရန် တောင်းဆိုအပ်ပါသည်..။ အလကားစီးတာမှ
မဟုတ်ပဲ ပိုက်ဆံပေးစီးတာ ဖြစ်တဲ့အတွက် ကျောင်းကားများ စီးရေ အလုံအလောက် ချပေးပါရန်နှင့်
ယင်းကိစ္စအား အမြန်ဆုံး ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

 ကျောင်းကိစ္စတွေ အတွက် ဒီတကြိမ်တော့ ၀န်ကြီးဦးစိုးမြင့်အား မလွှတ်စေလိုပါ။ ယခင် ကျောင်းမှာ
 အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေတဲ့အတွက် အကြောင်းကြားစဉ် တခေါက် လာကြည့်ပါတယ်..။
ဒီလိုလာကြည့်တဲ့ အတွက်ကျောင်းသား၊ ကျောင်းသူတွေကတော့ ပျော်လို့၊ ကျောင်းကို ပြင်ဆင်ဖို့ လာကြည်တယ်ပေါ့။
  ပြီးတော့မှ သူကကျောင်းအုပ်ကြီးတွေ ဧည့်ခံတာကိုစားပြီး ပြန်သွားပါတယ်..။ မည်သို့မျှ ဆောင်ရွက်ပေးခြင်း
မရှိခဲ့ပါ။ ယခုကျောင်းကား ကိစ္စအားလည်း ဝန်ကြီးချုပ်မှ စီစဉ်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဟသာင်္တ GTC ကျောင်းသား ကျောင်းသူများ....



Posted: 05 Mar 2012 05:58 AM PST
လူပြောများနေတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ၊ လူထုခေါင်းဆောင်ရဲ့ ဟောပြောပွဲ


NLD ပါတီစည်းရုံးရေးဟောပြောပွဲ တက်ရောက်သူများကို ဇမ္ဗူသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာ မီးလင်းရေးကော်မတီမှ မီးမပေးဟု ဆို
(စိစစ်ရေးပယ်သော သတင်း)

ရန်ကုန် မတ် ၂ ရက်။ ။နေပြည်တော်ဇမ္ဗူသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း၏ စည်းရုံးရေးခရီးစဉ်အတွင်း ဟောပြောပွဲသို့တက်ရောက်
ကြသူ
ရွာသားများ၏နေအိမ်ကို လျှပ်စစ်မီးသွယ်တန်း ပေးမည်မဟုတ်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောဆိုကြောင်းကို တော်ဝင်နှင်းဆီတွင်
 ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စန္ဒာမင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၂၁
ရက်နေ့က ဇမ္ဗူသီရိမြို့နယ်ရှိ အောင်ချမ်းသာကျေးရွာသို့ စည်းရုံးရေးဆင်းခဲ့ကြောင်း၊ ရွာတွင်နေထိုင်သူ လူ ၁၀၀
 ခန့်တက်ရောက် နားထောင်ခဲ့ကြကြောင်း ၊အဆိုပါ အောင်ချမ်းသာရွာသည် ယခုထိတိုင် မီးမရရှိသေးပဲ
ရွာတွင် လျှပ်စစ်မီးလျှောက်ထားရေးအတွက် မီးလင်းရေးကော်မတီဖွဲ့ထားကြောင်း၊ ရွာရှိအိမ်များက တစ်အိမ်လျှင်
 ၂ သိန်းထဲ့ဝင်ကာ ရွာသားများက မီးရရှိရေးကို ကြိုးစားနေရဆဲသာဖြစ်ကြောင်း၊ ၂၁ ရက်နေ့က ဒေါ်စန္ဒာမင်း၏ ဟောပြေပွဲတက်ရောက်သူများ၏ အမည်စာရင်းကို မီးလင်းရေးကော်မတီအဖွဲ့က
မှတ်သားကာ ထိုရွာသားများ၏အိမ်များအား မီးလင်းဖို့ဆောင်ရွက်ရာစာရင်းများက ထုတ်ပယ်လိုက်ကြောင်း ပြောသည်။
ထို့အပြင် ရွာသားများထံမှ ကောက်ခံသော ငွေ ၂သိန်းသည် မီးတိုင်နှင့် မီးကြိုး ဖိုးသာဖြစ်ပြီး ထရန်စဖော်မာကို
ပါတီတစ်ခုမှ လှူဒါန်းမှာဖြစ်ကြောင်း၊ ထိုပါတီမှ လှူဒါန်းသော ထရန်စဖော်မာမှနေ၍ မီးသွယ်တန်းရမည်
 ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟောပြောပွဲသို့ တက်ရောက်သောသူများကို မီးမပေးတော့ကြောင်း၊
ကျန်ရှိသူများကိုသာ မီးပေးမည်ဟု ကျေးရွာမီးလင်းရေးကော်မတီက ပြောသည်ဟု ဒေါ်စန္ဒာမင်းကပြောသည်။

အထက်ပါကိစ္စနှင့် ပါတ်သတ်၍ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဒေါ်စန္ဒာမင်းကိုယ်တိုင် ထိုကျေးရွာသို့
သွားရောက်ပြီး မီးလင်းရေးကော်မတီဥက္ကဌနှင့် တွေ့ခွင့်တောင်းရာ အခြားတာဝန်ရှိသူနှင့်သာ တွေ့ခွင့်ရကြောင်း၊
 ထိုသူမှ "မင်းတို့ကြိုက်တဲ့နေရာကိုတိုင်၊ ငါတို့က အထက်အထက် အမိန့်ပေးလို့ လုပ်ဆောင်ရတာသာ
 ဖြစ်တယ်၊ ဒီမီးလင်းဖို့ပေးတာဟာ ငါတို့ပါတီကပေးတာ ဖြစ်တဲ့အတွက် မင်းတို့ NLD ထောက်ခံသူတွေကို 
မီးမပေးဘူး၊ ကြိုက်တဲ့နေရာကိုတိုင်" ဟုပြောသွားကြောင်း၊ ဒေါ်စန္ဒာမင်းအနေနှင့် ရွာသားများစုပေါင်း၍
အုပ်ချုပ်ရေးကော်မတီသို့ စာပို့တိုင်ကြားခြင်းဆောင်ရွက်ကြရန်၊ သူမ ကိုယ်တိုင်လည်း နေပြည်တော်ရွေးကောက်ပွဲ
 ကော်မရှင်သို့ တင်ပြထားကြောင်းနှင့် မီဒီယာမှနေ၍ ဆက်လက်ဖြေရှင်းမည် ဟုရွာသားများအားြေ
ပာဆိုခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ပြောကြားသော မိန့်ခွန်းနှင့်ပါတ်သတ်၍ မီဒီယာများမှ မေးမြန်းမှုကို ဖြေကြားရာတွင်
 "အစိုးရအဖွဲ့အတွင်း အပျော့ဂိုဏ်းနှင့် အမာဂိုဏ်း ကွဲပြားနေခြင်းမဟုတ်ပဲ လူတစ်ဦးချင်းဆီ၏ အကျင့်စရိုက်၊
 စိတ်နေစိတ်ထား ကွဲပြားမှုကြော့င်သာ လုပ်ကိုင်ဖြေရှင်းပုံ ကွဲပြားခြင်းသာဖြစ်ကြောင်း" ဆိုသောစကားအရ
ထိုလူတစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားများကြောင့်ပင် အောက်ခြေတွင် ထိခိုက်ကာ အခက်အခဲများကြုံတွေ့နေ
ရခြင်းဖြစ်ကြောင်း၊ အထက်မှပုဂ္ဂို၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့က
 ဘယ်လိုပဲ ကတိများပေးနေစေကာမူ အောက်ခြေအဆင့်များ၏ မလျော်သြဇာ သုံးမှုများကြောင့်
 မြို့နယ်အဆင့် ခရိုင်အဆင့်များတွင် ချောမွေ့မှုမရှိပဲ အခက်အခဲများ ဖြစ်နေရကြောင်း ကိုရှင်းလင်းဖြေကြားသွားပါသည်။
ကိုရဲ
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လူထုခေါင်းဆောင်ရဲ့ ဟောပြောပွဲမှာ ပြည်သူနဲ့ ဝန်ထမ်းအပါအဝင် သိန်းနဲ့ချီတက်ရောက် 
ကြတယ်လို့ သိရှိရပါတယ်...
နေပြည်တော်မှ NLD ပါတီဝင်များ ပါတီဆိုင်းဘုတ်အား ကင်းစောင့်နေကြရ 
(စိစစ်ရေးပယ်သော သတင်း)

နေပြည်တော် ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် တို့တွင်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီဆိုင်းဘုတ်များအား ဓားဖြင့်ခုတ်ခြင်း၊ လှီးခြင်း ကိစ္စရပ်များဖြစ်ပေါ်နေကြောင်းကို မတ်လ
၂ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီးသောက်ဆိုင်တွင်ြ
ပုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးဖြိုးဇေယျာသော်က ရှင်းလင်းပြောကြားသွားသည်။

ပထမဖြစ်စဉ်မှာ ကိုယ်စားလှယ်လောင်း ဦးမင်းသူ ၀င်ရောက်ယှဉ်ပြိုင်မည့် ဥတ္တရသီရိမြို့နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး
 မြို့နယ်ရုံးရှိ ပါတီဆိုင်းဘုတ်အား ဓားဖြင့်ခုတ်သွားတာတွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ဦးမင်းသူက သက်ဆိုင်ရာ
 ရဲစခန်းတွင် တိုင်ချက်ဖွင့်ပြီး တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ကြောင်း၊ ဒုတိယဖြစ်စဉ်မှာ
ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် ၀င်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်တွင်ြ
ဖစ်ပွားခြင်းဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်စိတ်နန်ဒုံးကျေးရွာရှိ
ရပ်/ကျေးရုံးခန်းဖွင့်လှစ်ထားသည့် ကိုအေးမင်းသန်း နေအိမ်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ
၂၄ ရက်နေ့ ည ရုံးခန်းဖွင့်လှစ်ထားချိန်တွင် ပါတီဆိုင်းဘုတ်အား ဓားဖြင့်လှီးသွားခြင်းဖြစ်ပြီး ၂၅ရက်နေ့မနက်တွင်
သက်ဆိုင်ရာ ပတ္တာရဲစခန်းသို့ လူ ၄ဦးက သက်သေထွက်ဆို တိုင်ချက်ဖွင့်ထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဦးဖြိုးဇေယျာသော်က ဆက်လက် ရှင်းလင်းပြောကြားရာတွင် ယခုလောလောဆယ်တွင်
တိုင်ချက်ဖွင့်ထားရုံ အခြေအနေသာ ဖြစ်ကြောင်း၊ အမှုဖွင့်သည့် အဆင့်သို့ မရောက်သေးကြောင်း၊
 ကျေးရွာများတွင် ရပ်/ကျေး ပါတီဆိုင်းဘုတ် ထူထောင်ထားသူများအားလုံး ညပိုင်းတွင် ကိုယ့်ဆိုင်းဘုတ်ကို ကိုယ်တိုင်
ကင်းစောင့် အိပ်နေရကြောင်း ရှင်းလင်းပြောကြားသည်။

" အခြေခံအဆင့်မှာရှိတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေအနေနဲ့လည်း အခုလက်ရှိမှာ နိုင်ငံတော်သမ္မတကြီး 
ကိုယ်တိုင် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ် ဆိုတာကို မျက်ခြေမပြတ်သင့်ဘူး လို့
 ကျွန်တော် အသိပေးချင်ပါတယ်" ဟု ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်မှ ပြောကြားသွားပါသည်။

ကိုရဲ
ယူနီဖောင်းတွေထဲမှာ ခွပ်ဒေါင်းတွေ အများကြီးရှိပါတယ်..။ ဝန်ထမ်းတွေ ဘဝအခြေခိုင်မာဖို့အတွက်
မဲပေးတဲ့ နေ့ရောက်ရင် ယူနီဖောင်းကို မေ့လိုက်ပါ ခွပ်ဒေါင်းကို ခြစ်လိုက်ပါ..
... အမှန်တရားအတွက် သက်သေပြလိုက်ပါ...။

နေပြည်တော်က ကျောင်းယူနီဖောင်းနဲ့
အမေ့မြေးတဦးက သက်သေပြနေပြီနော်...
(ပုံ Getty Images)
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment