Wednesday 7 March 2012




Posted: 06 Mar 2012 11:26 PM PST
သင်ရိုးညွှန်းတမ်းများ ကျောင်းသားထုအား ပေးအပ်ရာတွင် မလုံလောက်မှုကို ကန့်ကွက်
ရှုံ့ချကြောင်း စက်မှုတက္ကသိုလ် ကျောင်းသားများကွန်ယက် ကြေငြာချက်
ထုတ်ပြန်ပါတယ်...။ စာအုပ်များပြည့်ပြည့်စုံစုံ ကျောင်းသားထုလက်ထဲ ချထားပေးခြင်းမရှိပါက လာမယ့် ဧပြီလ
၃၀ရက်နေ့မှာ ကျင်းပမယ့် ပထမနှစ်ဝက် စာမေးပွဲအားလည်း ပြင်းပြင်းထန်ထန် ကန့်ကွက် သပိတ်မှောက်မည်ဟု
 ဖော်ပြပါရှိသည်...။
Posted: 06 Mar 2012 12:47 PM PST
မတ်လ ၆ ရက်နေ့ မနက်၉နာရီ ၅၀မိနစ်ခန့်က ဟသာင်္တမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှု တစ်ခု
 ဖြစ်ပွားခဲ့ပြီး ဟင်္သာတ မိုက်ကရိုဝေ့ဖ်တိုင်အောက်၌ မပေါက်ကွဲသေးတဲ့ အခြားဗုံးတလုံးအား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ 

ပထမ ဗုံး အုပ်ချုပ်ရေးရုံးမှာ မပေါက်ကွဲခင်မှာ ဌာနဆိုင်ရာ အားလုံးအား ခရိုင်ရုံးအပေါ်ထပ်
အစည်းအဝေးခန်းမ၌ အစည်းအဝေး ခေါ်ထားတဲ့ အတွက်ကြောင့် ဗုံးပေါက်တဲ့အချိန် (နံနက် ၉ နာရီ ၅၀ မိနစ်) တဦး၊
 တယောက်မှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရှိရသည်..။
အဆိုပါဗုံးဟာ အုပ်ချုပ်ရေးဦးစီးဌာနရှေ့ ရေနုတ်မြောင်းထဲမှာ ပေါက်ကွဲခဲ့တာ ဖြစ်တဲ့အတွက် ကွန်ကရစ်စများ
 လွှင့်ထွက်ခဲ့ပြီး အုပ်ချုပ်ရေးဦးစီးဌာန အဆောက်အဦး အစည်းအဝေးခန်းမ အမိုးစွန်းများ အနည်းငယ် ပျက်စီးခဲ့ပါတယ်..။
အုပ်ချုပ်ရေးရုံး ဗုံးပေါက်ပြီး ၁၅ မိနစ်လောက် အကြာမှာတော့။ ဒုတိယမြောက် ဗုံးအား မိုက်ခရိုဝေ့် တိုင်အောက်က
 စက်ခန်း အ၀င် ရေမြောင်းထဲ၌ ဆက်သွယ်ရေး ၀န်ထမ်းအမျိုးသမီး တစ်ဦးက တွေ့ရှိခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်..။

ဒုတိယဗုံး တွေ့ရှိချိန်မှာတော့ အနီးအနား  ကိုက် ၁၀၀ အတွင်း နေထိုင်သူများအား အပြင်သို့ ထွက်ခိုင်းပြီး ဟင်္သာတမှ
 ခလရ ၁၈ တွင် ကျွမ်းကျင်သူများ မရှိသည့်အတွက် ကွင်းကောက် လေ့ကျင့်ရေးတပ်နှင့်
 ပုသိမ်တပ်များမှ လာရောက်သည့်အဖွဲ့များအား ခေါ်ဆိုခဲ့ရတယ်လို့ ဆိုပါတယ်..။  ကွင်းကောက် လေ့ကျင့်ရေးတပ်မှ
 ဗိုလ်မှူးကြီးနှင့် စစ်သည်လေးဦး၊ ပုသိမ်မှလည်း လာရောက်မည့် အဖွဲ့များအား စောင့်ဆိုင်းခဲ့ရပါသည်။

 ဗုံးစတင်ပေါက်ကွဲသည့် မနက် ၉နာရီ ၅၀ခန့်မှ ဒုတိယဗုံးအား ညနေ ၂ နာရီခွဲလောက်မှ ပုသိမ်အဖွဲ့
 မရောက်မှီ ကွင်းကောက်အဖွဲမှ ရောက်ရှိလာပြီး သဲအိတ်များ ကာရန်ကာ ဗုံးကို စနက်တံကို ဖြုတ်နိုင်ခဲ့ကြောင်း သိရှိရသည်...။

မပေါက်ကွဲပဲ တွေ့ရှိတဲ့ဗုံးနှင့်အတူ ဆက်သွယ်ရေး စကားပြောစက် တစ်လုံး၊ ဓါတ်ခဲ အေသုံးလုံး ၁၄လုံး၊ တီအမ်တီ
ယမ်းတစ်ထုတ်၊ တရုတ်လက်ပစ်ဗုံးတစ်လုံး အားသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါသည်..။
စကားပြောစက်မှာ အဝေးမှ နောက်တစ်လုံးအား လှမ်းဖောက်ခွဲရန်ဟု ယူဆရပြီး နှစ်ဆင့်ကွဲစေရန်
 ယမ်းနှင့် လက်ပစ်ဗုံးပူးထားကြောင်း ဒီမိုဝေယံမှ စုံစမ်းသိရှိရပါသည်..။

ယခင် နဝတ၊ နအဖ စစ်အစိုးရ လက်ထက်များ၌လည်း နိုင်ငံရေး အရှိန်မြင့်တက်လာချိန်များနဲ့ စစ်အစိုးရအား
တစုံတခုသော အကြောင်းကြောင်းကြောင့် လူထုမှ အာရုံစူးစိုက် လာချိန်များမှာ အချိန်ကိုက်ညီစွာပဲ
 ဗုံးများ မကြာခဏ ပေါက်ကွဲလေ့ရှိပါသည်...။ မကြာခဏဆိုသလို မိမိတို့အား ဆန့်ကျင်နေသည့် အဖွဲ့အစည်းများ
 လက်နက်ကိုင် အင်အားစုများအား ဗုံးပေါက်ကွဲပြီး မကြာမှီ နာရီပိုင်းအတွင်းမှာပင် စွပ်စွဲပြောဆိုခဲ့ပါတယ်...။

လက်သည်တရားခံ အစစ်အား ဖော်ထုတ်နိုင်ခြင်း မရှိသည့်အပြင် မကြာခဏဆိုသလို အချက်အလက်များ
 မှားယွင်းစွာ စွပ်စွဲပြောဆိုခဲ့ပြီး မိမိနှင့် အမြင်မတူသူများ၊ နိုင်ငံရေးတက်ကြွသူများနဲ့ အပြစ်မဲ့ ပြည်သူများအား
 အတင်းအဓမ္မ ဝန်ခံထွက်ဆို ခိုင်းကာ ထောင်သွင်း အကျဉ်းချထားခြင်း ခံနေကြရပါတယ်..။ ဥပဒေ၏
အကာအကွယ်ကို ရရှိခံစားရခြင်းမရှိပဲ ဗုံးဖောက်ခွဲသည်ဟူသော စွဲချက်ဖြင့် ဥပဒေမဲ့စွာ မတရား
ဖမ်းဆီးခေါ်ဆောင် ခံထားရသူများကတော့ ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ခင်ညွှန့် လက်ထက်
 ၁၉၈၉ခုနှစ်ကတည်းက ယနေ့တိုင် သရက်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုးသန်းဇော်(ခ) ကိုသန့်ဇော်၊
 ၂၀၀၈ ခုနှစ်အတွင်းက ဗုံးဖောက်ခွဲမှုပုဒ်မနဲ့ မတရား ဖမ်းဆီး အရေးယူခံနေရတဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ
 ကွန်ယက် HRDPမှဦးမြင့်အေး၊ ၂၀၁၀ ခုနှစ်က X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ခွဲမှုနဲ့ မတရားဖမ်းဆီးခံနေရတဲ့
ကိုဖြိုးဝေအောင် အစရှိသူတို့ဟာ သာဓကဖြစ်ရပ်တွေ ဖြစ်ပြီး ယနေ့ထက်တိုင် မတရားဖမ်းဆီး အကျဉ်းချထားခြင်း
 ခံနေရပါတယ်...။ ထိုအတူ ဗုံးဖောက်ခွဲမှုစွဲချက်နဲ့ မတရားဖမ်းဆီး ခံခဲ့ရကာ စစ်ကြောရေးနဲ့ အကျဉ်းထောင်မှာ
 ညှင်းပန်းနှိပ်စက်မှု ဒဏ်တွေကြောင့် ပြန်လည် လွတ်မြောက်လာပြီး ကိုးရက်အကြာမှာ သေဆုံးခဲ့ရတဲ့
 ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ အဖြစ်အပျက် တွေဟာလည်း ရင်နင့်ဖွယ် ဥပဒေမဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်...။

သတင်း.... ဒီမိုဝေယံ
Posted: 06 Mar 2012 10:09 AM PST
ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့မြန်မာစံတော်ချိန် ည(၁၀)နာရီခွဲက
 ရဲအထူးတပ်ဖွဲ့မှ ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားပါသည်...။ မနက်ဖြန် မနက် ပြန်လည်ပို့ပေးမည်ဟု ပြောဆို၍
 ဖမ်းဆီးခေါ်ဆောင် သွားပါသည်...။ အရှင်ဂမ္ဘီရအား ရဲမှူးဦးစိုးနိုင်နှင့် အဖွဲ့မှဖမ်းဆီး ခေါ်ဆောင်သွားစဉ် ကားပေါ်၌
အရှင်ဂမ္ဘီရအား ဆရာတော်ဦးဣသရိယမှ ဆက်သွယ်မေးမြန်းထားတဲ့ အသံဖိုင် ဖြစ်ပါတယ်..။

၂၀၀၇ခုနှစ် ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီဟာ  ပြီးခဲ့တဲ့ ဇန္နဝါရီလက ၁၃ရက်နေ့က
 ပြန်လည်လွတ်မြောက် လာပြီးနောက် ယခုတကြိမ်ဟာ ဒုတိယအကြိမ်မြောက် ထပ်မံ
 ဖမ်းဆီးခေါ်ဆောင် သွားမှုဖြစ်ပြီး ပြီးခဲ့တဲ့လ(၁၉)ရက်နေ့ကလည်း အစိုးရပိုင် သတင်းစာများမှ အရှင်ဂမ္ဘီရအား
 ဓမ္မစက်အစား အာဏာစက်ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်...။

 ၆ရက်နေ့ည ၁၀နာရီခွဲက အထူးရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဦးဂမ္ဘီရနဲ့ အင်တာဗျူး by demowaiyan
ဆရာတော် ဦးဣသရိယအား ကျေးဇူးတင်ပါသည်..။
Posted: 06 Mar 2012 08:05 AM PST
အမေစုနဲ့ နေပြည်တော်သားများ (ဓာတ်ပုံ Getty Images)
အမေနဲ့အတူ 
(ကဗျာရှင် နေပြည်တော်သား)

ပြည်သူတွေကြားက၊ ပြည်သူနဲ့ တစ်သားတည်းဖြစ်တဲ့ အမေ
မာဏေးတီတိ မာတာ
သားသမီးတွေ ကိုချစ်လို့၊ အမေ ခေါ်သတဲ့
သားသမီးတွေ ကလည်း ချစ်ပါရဲ့ အမေ …….

ဗိုလ်ချုပ်ရဲ့ သွေးမို့ပဲ ပြောပြော
လောကဓံ ကိုအန်တု ၊ ကျွန်တော်တို့ စံပြုရတဲ့အမေ
ကျွန်တော်တို့ အားလုံးအတွက်
တစ်နယ်ဝင် တစ်နယ်ထွက်နဲ့
ဒီမိုကရေစီ ခရီးဆက်ရင်း
မောပန်းနွမ်းနယ်နေတဲ့ အမေ့ပုံကိုကြည့်ပြီး
ကျွန်တော်တို့ ချစ်လိုက်ရတာ အမေရယ်……….

ပြည်သူတွေရှေ့က အမေ ရှိသလို
အမေ့နောက်မှာလည်း ပြည်သူတွေ အားလုံး ရှိနေတာပါပဲ
မျှော်လင့်ပါရဲ့ အမေ…….
ကျွန်တော်တို့ တိုင်းပြည်မှာလေ..
ဒီမိုကရေစီ ကောင်းကင်ကြီးအောက်က
လွတ်လပ်ခြင်း ပန်းတွေ ပွင့်တဲ့အခါများ
ဗိုလ်ချုပ်နဲ့ သူရဲကောင်းတွေ အတွက်ရည်စူး
အမေနဲ့သားတို့ ပန်းတစ်ပွင့်အတူ ခူးပါရစေ အမေ...

နေပြည်တော်သား
ပါလေးတီတိ ပီတာ= အလုံးစုံ စောင့်ရှောက်သောကြောင့် အဖေ
မာဏေးတီတိ မာတာ= သားသမီးတို့အပေါ် ချစ်မြတ်နိုးခြင်းကြောင့် အမေ

သီတဂူ ဆရာတော်ကြီး
တပေါင်းလပြည့် မန္တလေး အဖေနေ့ ဟောပြောပွဲ
Posted: 06 Mar 2012 07:29 AM PST
ဧပြီလ (၁)ရက်နေ့ရဲ့ အဖြေကို ကိုရင်လေးက ပြောပြနေလေသလား...
နေပြည်တော် ပုဗ္ဗသီရိ လူထုဟောပြောပွဲ မြင်ကွင်း...

ရေထိတဲ့ ပန်းများပမာ ပြုံးပျော် အားပေးနေကြတဲ့ လူထုပရိသတ်...
 
၂၀၁၀ရွေးကောက်ခံ တိုင်းရင်းသား လွှတ်တော်အမတ်များနဲ့ တရင်းတနှီး
ဓာတ်ပုံများ AP,Getty Images, Reuters
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment