Wednesday 7 March 2012







Posted: 06 Mar 2012 11:09 PM PST



Posted: 06 Mar 2012 03:51 PM PST

မက်လ ၆ ရက်နေ့ ည ၁၀နာရီခွဲ အချိန်ခန့်တွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင်ဆရာတော် ဦးဂမ္ဘီရ အား အင်တာဗျူးလုပ်ရန်ရှိပါသဖြင့် လိုက်ခဲ့ပါရန် အထူးရဲတပ်ဖွဲ့ SB မှ ကားဖြင့်လာရောက် ခေါ်ဆောင်သွားပါသည်။ ထိုသို့ခေါ်ဆောင်သွားရာ၌ ၎င်းဧ။်အမဖြစ်သူရဲ့နေအိမ်ကနေ ခေါ်ဆောင်သွားခြင်းးဖြစ်ပြီး မနက်ဖြန်မနက် ပြန်ပို့ပေးမည်ဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ သိရပါသည်။

Posted: 06 Mar 2012 07:24 AM PST
Photo..Getty images


တပ်မတော်ဟာ နိုင်ငံရဲ့အခြေခံဖြစ်ရမယ်။ တပ်မတော်ဟာ အပေါ်ကစိုးမိုးချင်တဲ့ဆန္ဒတွေမရှိရဘူး။ အရင်ခေတ်ကဆိုရင် တပ်မတောကို ပြည်သူက အင်မတန်ချစ်တယ်။ တပ်မတော်သားတွေက ပြည်သူကို အားကိုးရတယ်။ ငါတို့ရဲ့ သူရဲကောင်းတွေလာပြီဆိုတဲ့စိတ်နဲ့ ရွာသူရွာသားတွေကအစ ၀ိုင်းအားပေးကြတယ်။ တပ်မတော်သားတွေက ပြည်သူတွေဆီက အဓမ္မယူတယ်ဆိုတာ မရှိဘူး။ တစ်ဖက်နဲ့ တစ်ဖ...က်အပြန်အလှန် ချစ်ခင်ကြတယ်။ တပ်မတော်ကို လေးစားကြတယ်။ အဲဒီတုန်းက အမျိုးသမီးလေးတွေဆိုရင် တပ်မတော်သားတွေနဲ့ အိမ်ထောင်ပြုချင်ကြတယ်။ ဗိုလ်ကတော်ဖြစ်ချင်လို့မဟုတ်ဘူး။ တပ်မတော်သားတွေကို ဖေးမချင်လို့။ ကျွန်မတို့ရဲ့ တပ်မတော်ကို ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တယ်။ ကျွန်မတို့ တပ်မတော်ကို ခေတ်မှီ တပ်မတော်ကြီးတစ်ခုဖြစ်စေချင်တယ်။ တိုင်းသူပြည်သားတွေကို ကာကွယ်ဖို့ပဲ မိမိတို့ အင်အားတွေကို သုံးရမှာ။ ဒါကြောင့် အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်က တပ်မတော်ကို အတိုက်အခံလုပ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ကျွန်မတို့က ကြိုဆိုပါတယ်။ တပ်မတော်သားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ပါလို့ ဆွယ်ပေးကြပါလို့လည်း ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည် ပုဗ္ဗသီရိမြို့နယ်လူထုအား ယခု ၁၀နာရီ ခွဲတိတိက ပြောကြားနေသော မိန့်ခွန်းမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)(7 days new journal)


(ဒေါ်အောင်ဆန်းစုကြည်က ဇဗ္ဗူသီရိမြို့နယ်လယ်ကွင်းပြင်တွင် ပြုလုပ်ခဲ့သော လူထုဟောပြော...ပွဲ၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
""ဒီမြို့နယ်မှာ အထူးသဖြင့် ၀န်ထမ်းတွေများတာကြောင့် ၀န်ထမ်းတွေနဲ့ပတ်သက်လို့ ကျွန်မပြောချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အဆင့်မြင့်ဖို့၊ တိုးတက်ဖို့ဆိုရင် ၀န်ထမ်းတွေအဆင့်မြင့်ဖို့၊ သိက္ခာရှိဖို့လိုတယ်။ အဆင့်မြင့်မြင့် သိက္ခာရှိရှိနဲ့ အလုပ်လုပ်နိုင်ဖို့ဆိုတာဟာ အုပ်ချုပ်မှုစနစ်၊ ဥပဒေရေးရာစနစ်အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ၀န်ထမ်းတွေရဲ့ဘ၀ဟာ လုံခြုံမှုမရှိဘူး။ လုံခြုံမှုနှစ်မျိုးမရှိဘူး။ တစ်မျိုးက လစာဝင်ငွေအရ လုံခြုံမှုမရှိဘူး။ တစ်မျိုးက ဥပဒေအရ လုံခြုံမှုမရှိဘူး။ အထက်အရာရှိမကြိုက်ရင် အလုပ်ကအချိန်မရွေးပြုတ်သွားနိုင်တယ်။ ဆင်းရဲမွဲတေမှုက လွတ်မြောက်ဖို့အတွက် ဥပဒေ စိုးမိုးရေးက တစ်စိတ်တစ်ပိုင်းပါဝင်တယ်။ အစိုးရဆိုတာ ပြည်သူကိုကာကွယ်ရမယ်။ ပြည်သူဘက်က ရပ်တည်ပေးရမယ်။ ပြည်သူကို လုံခြုံအောင်ထားရမယ်""

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment