Thursday 5 April 2012




Posted: 03 Apr 2012 10:31 AM PDT
၂၀၁၂ မတ်လက မြစ်ဆုံစီမံကိန်းအတွင်းမှ ယန္တယားများအား လာရောက်စစ်ဆေးနေတဲ့ တရုတ်ဝန်ထမ်းများ..
အများပြည်သူရဲ့ ဆန္ဒသဘောထားကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းလိုက်ပါပြီဆိုတဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က ကြေငြာချက်ကို လေ့လာ ဆန်းစစ်ရပါတော့မယ်။ ဒီကြေငြာချက်ဟာ ကျွန်တော်တို့ ပြည်သူတွေကို ပျက်ရယ်ပြုနေသလားပဲ..။ ပြီးခဲ့တဲ့ မတ်လဆန်းကတည်းက တရုတ်အင်ဂျင်နီယာတွေ ပြန်ရောက်နေကြောင်း ဒီမိုဝေယံဖေ့စ်ဘွတ်နဲ့ ဘလော့ဂ်မှာ အကြိမ်ကြိမ်ဖော်ပြခဲ့ပါတယ်...။ 

ယခုအထက်ပါ.. ကချင်ပြည်နယ်အစိုးရထံကို CPI ကုမ္ပဏီမှ အင်ဂျင်နီယာနဲ့ လုပ်သားဦးရေ (၅၀၀)အတွက် ကဒ်ပြားတွေ ထုတ်ပေးဖို့နဲ့ စက်ယန္တယား အစရှိတာတွေ ပြန်လည်တင်သွင်းဖို့ အခွန်ကင်းလွတ်စွာနဲ့ ဝင်ရောက်ခွင့်ပြုဖို့ မတ်လ(၂၈)ရက်နေ့ ရက်စွဲနဲ့ ကျွန်တော်ပြည်သူတွေ ရွေးကောက်ပွဲမှာ အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူပြီး နောက်ကျောကနေ တောင်းဆိုနေပါပြီ..။ ကဲကျွန်တော်တို့ ပြည်သူတွေ ဘာဆက်လုပ်ကြမလဲ.. ကျွန်တော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးပါ...။ အားလုံးဘက်ပေါင်းစုံက ဖော်ထုတ်၊ ကန့်ကွက်ကြပါ...။
ဒီမိုဝေယံ
မြစ်ဆုံ မတ်လဆန်းက မြင်ကွင်း ဓာတ်ပုံတွေပါ..။ အလျဉ်းသင့်သလို ထပ်မံဖော်ပြပါမည်။
ဓာတ်ပုံ ဒီမိုဝေယံ
ဒီမိုဝေယံမှ ဖော်ပြခဲ့တဲ့ မြစ်ဆုံဆည် သတင်းများ ပြန်ဖတ်ချင်ရင် ပို့စ်အောက်က Posted in
 မြစ်ဆုံဆည် သတင်းများကို နှိပ်ပြီး ပြန်ဖတ်နိုင်ပါတယ်..။
Posted: 03 Apr 2012 08:41 AM PDT
ရာမညခွပ်ဒေါင်းတွေရဲ့ ရွေးကောက်ပွဲ အကြိုစည်းရုံးခဲ့စဉ်က
လာမယ့် 5.3.2012 ရက်နေ့ မော်လမြိုင် လှိုင်နယ်မြေ အဖွဲ့ချုပ် အောင်နိုင်ရေးရုံးမှာ အမေစုနှင့် မော်လမြိုင်
 လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်တို့ အတွက် ဂုဏ်ပြုပွဲနဲ့ အဖွဲ့ချုပ်ခွပ်ဒေါင်းအား တခဲနက်(100%)
အပြတ်အသတ် မဲပေးကြကုန်သော လိုင်နယ်မြေ ပြည်သူလူထုအားြ
ပည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်မှ ကျေးဇူးတင်စကား ပြောကြားမည်ဖြစ်ပြီး အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် လှိုင်နယ်မြေ အောင်နိုင်ရေးရုံး၌ တနေကုန် သင်္ကြန်ထမင်းဖြစ် ဧည့်ခံကျွေးမွေးမည်
 ဖြစ်ပါသဖြင့် ကြွရောက်အားပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အောင်ဆန်းသွေး ပေးပို့သည်..
Posted: 03 Apr 2012 08:22 AM PDT
ဒုတိယမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်ရဲ့
လူမဆန်စွာ မီးပူဖြင့် အကပ်ခံရတဲ့ အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး

(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ဥဿာမြို့သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇ
 ... လမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏ အိမ်တွငှားနေသော ပဲခူးမြို့ ဒုတိယမြို့နယ်
တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင်
အသက်(၁၅)နှစ်အား မီးပူတိုက်တာ ကြာလို့ဆိုပြီး မီးပူဖြင့် ထိုးကပ်တာ ခံခဲ့ရကြောင်း သိရှိခဲ့ရပါသည်၊

မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှ မပြောပြရန် အမျိုးမျိုး
 ခြိမ်းခြောက် ထားသည့်အတွက် ဘယ်သူကို မပြောပြရဲခဲ့ပါ၊ နောက်(၅)ရက်ခန့်ကြာတွင်
ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို
ပတ်ဝန်းကျင်မှ လူများကတွေ့ရှိပြီး မေးမြန်းသောအခါမှ ၀မ်းနည်း ငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ ဒုတိယမြို့နယ်
 တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ " မီးပူတိုက်တာကြာတယ်၊ မီတာခကုန်တယ်"ဆိုပြီး ပြောဆိုကာ သူမ၏
လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်၊

ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သောလည်း သူမအနေဖြင့်
အိမ်ရှင်ဖြစ်သူမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမြို့ ၊
 ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့်
 သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊
 မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွားပြီးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး
 ကျောက်ကြီးမြို့ သိန်းတန်းရပ်ကွက်တွင် နေထိုင်ရာမှ ပဲခူးမြို့၊ ဥဿာမြို့သစ်၊
အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူသက်ဝင်းတို့ ငှားနေသော နေအိမ်တွင် အိမ်ဖော်
အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦးဖြစ်ပါသည်။

 သတင်း Rose Mary
Posted: 03 Apr 2012 08:02 AM PDT
ဧပြီလ(၂)ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် မီးရထား ဝန်ထမ်းအိမ်ယာ
မိသားစုများမှ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ရွေးကောက်အနိုင် ရခဲ့တဲ့ အဖွဲ့ချုပ် ကိုယ်စားလှယ် မဖြူဖြူသင်း
 အတွက် ဂုဏ်ပြုအောင်ပွဲခံပွဲ ပြုလုပ်ခဲ့ကြပါတယ်..။ မီးရထား ဝန်ထမ်းအိမ်ယာမှ မိသားစုများမှ
 စုပေါင်းပြီး စတုဒီတာ ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်..။
ဒီမိုကောင်းကင်၊ ဒီမိုဝေယံ..
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment