Thursday 5 April 2012
Posted: 04 Apr 2012 12:19 AM PDT
မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်) စတင်ဖြန့် ချီ
ထွန်းဝေ၊
အကြိမ် ၂၀ မြောက် အစဉ်လာမပျက် ဂျပန် မှ မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ စတင်ဖြန်
၂၀၁၂ ခုရဲ့ မြန်မာပြည် သင်္ကြန် အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင် ရန် အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အား
စု မှ နှစ်စဉ် ကျင်းပနေကြ ဂျပန်နိုင်ငံရှိ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက်
 မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုထောက်ခံအားပေးနေသေ မိဘပြည်
သူများအတွက် စိတ်သောက ကင်းဝေး နိုင်စေရန် နှင့် ဒုက္ခ အပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ် ချက် ဖြင့် အစဉ်လာမပျက်
 တနှစ်တခေါက် အတို့ အထိ ရိ စရာ လေးများနှင့် မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်
သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ၊၊
ယခု နှစ်သံချပ်များကို ကိုမျိုး သန့် ၊ကိုသောင်းတို့ မှစီစဉ်ပြီး၊ကိုမျိုးသန့် ၊ကိုသောင်း၊ ခင်ငြိမ်းဆွေ နှင့် ကိုထွန်းဝေတို
 ကို ဂုဏ်ပြုခြင်း ၅။ အခန်းပြောင်းတေးသံ ၆။ညီညွတ်ရေး ၇။ရန်ပွဲတွေ၇ပ် ၈။ ကုန်ဈေးနှုန်း ၉။သံချပ်ဆင်ဆာ ၁၀။ ဂျပန်မှ
 အပြန်ခရီး ၁၁။ မဟော်သဓာ သားတရားစီရင်ခန်း ၁၂။ကမ္ဘာမကြေ စသည့် တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ 
မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှု့ နိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီ
ယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။
မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ်ဧပြီလတွင်ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ဧပြီ ၁၅ ရက် 
 တွင်ကျင်းပမည် ဟု မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောကြားခဲ့ပါသည်။
 မြန်မာပြည်အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့် ဝေေ၀ဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထား
သည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက် စာမျက်နှာ များတွင် ဗွီဒီယို ဖြင့်တစ်ဝကြီး ကြည့်
 ရှု့နိုင်ရန်စီစဉ်လျက် ရှိပါသည်။ယခုနှစ် တိုကျို သင်္ကြန်ပွဲတော်တွင် လည်း မင်္ဂလာဒိုးမှအဖွဲ့ ဝင်
 များဖြင့် ခြိမ့် ခြိမ့် သဲ ဖျော်ဖြေမည်ဖြစ်ပြီး ဦးမျိုး သန့်  090 9241 4960 နှင့် ၊ ကိုထွန်းဝေ 080 3099 1503
 kotunwai@gmail.com , tunwai.jp@gmail.com တို့ ကို ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်း သိရှိရပါတယ်။
ဗွီဒီယို.ရိုက်ကူးတည်းဖြတ် ကိုဇေယျာအောင်
အသံဖိုင် ဒေါင်းလော့ယူရန် …http://soundcloud.com/htay-naing/01-1
ကျန်ရှိနေသော ဖိုင် 2ခု အား ဆက်တင်ပေးပါမည် …၊၊
Posted: 03 Apr 2012 10:03 AM PDT
တင်္နလာနေ့တွင် စတင်အသက်ဝင်သော နိုင်ငံခြားငွေလဲလှယ်နှုန်းစံချိန်သစ်(ကန်တစ်ဒေါ်လာလျှင် ပျမ်းမျှ၈၁၈ကျပ်)အား
 မှောင်ခိုဒေါ်လာဈေးသည်များမှ ဂရုမပြုပဲ ဆက်လက် ရောင်းဝယ်ဖောက်ကားလျက် ရှိကြောင်း သိရသည်။ ရန်ကုန်မြို့ တရားဝင် ငွေကြေးလဲလှယ်နှုန်းပေါက်ဈေးအား စီးပွါးရေးဘဏ်အချို့မှ တင်္နလာနေ့တွင် စာရင်းပြုစုခဲ့ရာ ဘဏ်များဘက်မှ
 ပျမ်းမျှကန်တစ်ဒေါ်လာလျှင် ၈၁၁ကျပ်နှင့် ဝယ်ယူခဲ့ပြီး ၈၂၅ကျပ်နှင့် ရောင်းချခဲ့ကြောင်း သိရသည်။
သို့ရာတွင် မှောင်ခိုဒေါ်လာဈေးသည်များက ဘဏ်ပိတ်ချိန် ၃နာရီ နောက်ပိုင်းတွင် ကျပ်၇၈၀ကျပ်ထိ ဈေးနှိမ်ဝယ်လျှက်ရှိကြောင်း
 ဆိုသည်။ အချို့ဈေးသည်များအနေနှင့် မူဝါဒသစ်အား အမှန်တကယ် မသိရှိဟု ဝန်ခံကြသော်လည်း၊ အချို့ဈေးသည်များကမူ
 သိလျက်နှင့် ဘဏ်ပိတ်ပြီ ဟုအော်ဟစ် ဝယ်ယူကြကြောင်း ဆိုသည်။
ကမ္ဘာလှည့်ခရီးသွားတစ်ဦးက တစ်ဒေါ်လာ ၈၅၀ကျပ်နှင့် လမ်းဘေးတွင်အရောင်းအဝယ်ဖြစ်သွားကြောင်း ကြားသိရသဖြင့်
သွားရောင်းရာ ထိုဈေးနှင့် မရတော့ကြောင်းပြောသဖြင့် ဒေါသထွက်ခဲ့ရကြောင်း ဆိုသည်။ ဂျာမဏီမှ အခြားခရီးသွားတစ်ဦးကမူ
 ဈေးနှုန်းသစ်အား သိရှိသော်လည်း ကျပ်ငွေလည်းပြတ် ဘဏ်ပိတ်ချိန် ပါဖြစ်သဖြင့် ၇၈၀နှင့်ရောင်းချခဲ့ရကြောင်း၊ ၁၀ကျပ်ပိုရဖို
့ပင် နေပူထဲ ကုန်းကျော်တံတား ဖြတ်ရမည် ဖြစ်ကြောင်း အခက်အခဲအား ပြောပြသည်။
ထိုကဲ့သော အခြေအနေနှင့် အချိန်အခါအပေါ်အပါ် အမြတ်ထုတ်တတ်သူများ ကမ္ဘာနိုင်ငံအနှံ့အပြားတွင် ရှိကြသော်လည်း၊ အဆိုပါဖြစ်ရပ်များမှာ မြန်မာနိုင်ငံ၏ငွေကြေးနှင့်ရင်းနှီးမြုတ်နှံမှု ဈေးကွက် မည်၍မည်မျှ အတွေ့အကြုံနုနယ်
မတည်ငြိမ်သေးကြောင်း မီးမောင်းထိုးပြသကဲ့သို့ ရှိသည်။ အချိန်အတိုင်းအတာ တစ်ခုတွင် မြန်မာ့စီးပွါးရေး ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သလို မှောင်ခိုဒေါ်လာဈေးသည်များ၏ အမြတ်အစွန်းလည်း နည်းပါးလျော့ကျလာမည်မှာ သံသယဖြစ်ဖွယ်
မရှိပေ။ သို့သော် လက်ရှိအချိန်အခါတွင်မူ နိုင်ငံခြားသားများ အနေဖြင့် မှောင်ခိုငွေကြေးဈေးကွက်အား ဆက်လက်အားထားနေ
ရဦးမည့် အနေအထားဖြစ်ကြောင်း သုံးသပ်တင်ပြထားသည်။
Patrick Barta၏ The World Street Journal/South East Asia Real Time " ပါ
 Myanmar traders thumb noses at new Forex plan" အားဆီလျော်အောင် အတိုချုံးဘာသာပြန်သည်
MMCPမှ boedawgyi
Posted: 03 Apr 2012 09:50 AM PDT
၃-၄-၂၀၁၂ နေ့လည် ၂ နာရီက မင်္ဂလာတောင်ညွန့်မှကြားဖြတ်ရွေးကောက်ပွဲအနိုင်ရရှိခဲ့သော မဖြူဖြူသင်းနှင့်
 တောင်ညွန့်မှအဖွဲ့ဝင်လူငယ်များ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ တိုင်တည်သစ္စာပြုကာ စုဝေးပြီး မဖြူဖြူသင်းအောင်နိုင်မှု့ကို
ဂုဏ်ပြုခဲ့ကြသည်။
Political Prisoner
Posted: 03 Apr 2012 09:37 AM PDT
အခု ဧပြီ ၁ ရက်၊ ည ၇နာရီခွဲအချိန်မှာ ဝန်ထမ်းအများဆုံးရှိတဲ့ နေပြည်တော်မှာကို ၄နေရာထဲက ရေတွက်ပြီးတဲ့ ၃နေရာလုံးမှာ NLD အနိုင်ရတော့ ဝန်ထမ်းတွေရဲ့
တာဝန်ကျေမှုနဲ့ သတ္တိကို လေးစားမိလို့ ဒီကာတွန်းလေး ရေးဖြစ်တာပါ။
ကာတွန်း။ ။ အော်ပီကျယ်
Posted: 03 Apr 2012 09:23 AM PDT
NLD ၏ အောင်ပွဲ နှင့် F.F.S.S ၏ ပေးဆပ်မှု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဲစွယ်စည်းရုံးပွဲကို မတ်လ(၂၉)ရက်နေ့တွင် အနုပညာရှင်များ သည် မဲပညာပေးစည်းရုံးရေး
 ခရီးစဉ်နှင့် ဖျော်ဖြေရေးခရီးစဉ်တို့ကို စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပုလဲမြို့တွင် လာရောက်ဖျော်ဖြေနေချိန်တွင် စစ်ကိုင်း
တိုင်း၊ ၀င်းကုန်းရွာရှိ ပြည်သူပြည်သားအပေါင်းတို့သည် ရွာလုံးကျွတ်သွား ရောက် အားပေးကြည့်ရှု့နေစဉ် ၀င်းကုန်းရွာ
 တစ်ရွာလုံးနီးပါး နေ့လည် (၂း၁၅)နာရီတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့သည်။ ရွာလုံးကျွတ်မီးလောင်ကျွမ်းရာတွင် အိမ်ခြေ
(၁၅၀)မီးလောင်ကျွမ်းခဲ့ပြီး ၊လူဦးရေ(၁၀၀၀)ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာ
သည် အလောင်းတော်ကဿဖ တောင်ခြေတွင် တည်ရှိပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် သောက်ရေသုံးရေအ
လွန်ရှားပါးသော ဒေသဖြစ်သည်။ ပုလဲမြို့မှ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ခဲ့သော်လည်း မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်
ဖို့ အခက်အခဲများ အများအပြားကြုံတွေ့ခဲ့ရပြီး တစ်ရွာလုံးနီးပါး လောင်ကျွမ်းခံခဲ့ရခြင်း ဖြစ်ပါသည်။
ထိုသတင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေး၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှု များအပြင် နွေရာသီ အင်္ဂလိပ်စာ
သင်တန်းအား ကလေးငယ်(၈၀၀)ကျော်ခန့်ကို သင်ကြားပေးနေရသော အချိန် ကာလလည်းဖြစ်နေသလို သတင်းမီဒီယာများမှ
လည်း ရွေးကောက်ပွဲ ကိစ္စရပ်များကိုသာ အသားပေးတင်ပြနေခြင်း ကြောင့် မတ်လ(၃၁)ရက်နေ့ မှ ရွာလုံးကျွတ်နီးပါး မီးလောင်
မှုသတင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့ ကြားသိခဲ့ရသည်။
ထို့ကြောင့် ထိုသတင်းကို ကြားလျှင်ကြားခြင်း မတ်လ (၃၁)ရက်နေ့ ညနေ ရွှေစင်စင်္ကြာံခရီးသွား မော်တော်ယာဉ်ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အသင်းသား ဒေါ်ခင်ထားထားအောင်(ပျားလီ) နှင့် ဦးအောင်စိုး တို့နှစ်ဦးအား မီးဘေးကယ်
ဆယ်ေ
ရး ထောက်ပံ့အလှူငွေ သိန်း(၅၀၀၀၀၀၀ိ/-)ကျပ် (ကျပ်သိန်းငါးဆယ်တိတိ)ကို မီးဘေးဒုက္ခသည်များကို ကူညီထောက်ပံ့ရန်
အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အရေးပေါ်ဆုံးဖြတ်ချက် ချပေးခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အသင်းသား ဒေါ်ခင်ထားထားအောင်(ပျားလီ)နှင့် ဦးအောင်စိုးတို့ နှစ်ဦးတို့သည် ပထမဦးစွာ
 ယင်းမာပင်မြို့ပေါ်ရှိ NLD ရုံးသို့ ဧပြီလ (၁)ရက်နေ့ နံနက်(၈း၀၀)နာရီတွင် ရောက်ရှိခဲ့ ကာ ယင်းမာပင် NLD မြို့ခံဖြစ်သူ
 ဒေါ်ကြည်ကြည်မာ၊ ကိုဇော်မြင့်၊ ကိုဟိန်းနေအောင်၊ ကိုကျော်လင်းအောင် ၊ ကိုထွန်းမြင့်ချို တို့အကူအညီဖြင့် ယင်းမာပင်မြို့မှ မိုင်(၃၀)အကွာတောင်ခြေတွင်ရှိသော ၀င်းကုန်းရွာသို့ ဆိုင်ကယ် များဖြင့် သွားရောက်ခဲ့ရာ နေ့လည် (၁၁း၀၀)နာရီ အချိန်တွင်
 သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓမြတ်စွယ်တော်ပွား တစ်ဆူကို တည်ထားကိုးကွယ် ထားရှိသည်။ ၀င်းကုန်းရွာ တစ်ရွာလုံး မီးလောင်ကျွမ်းခဲ့
 သော်လည်း သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတည်းသာ မီးဘေးမသင့်ခဲ့ခြင်းသည် သီရိလင်္ကာဗုဒ္ဓမြတ်
စွယ်တော်၏ တန်ခိုးတော်ကြောင့်လားတော့မသိချေ။ ယင်း သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် မီးဘေးဒုက္ခသည် လူဦးရေ
 (၁၀၀၀)အား ကူညီစောင့်ရှောက်ကျွေးမွေးကာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည်။ ဆရာတော်ကြီးအား ဦးတိုက်ကာ
 မီးဘေးသင့် မိသားစုဝင်များအား တစ်အိမ်ထောင်လျှင် အလှူငွေ (၃၀၀၀၀ိ/-)ကျပ်လှူဒါန်းခဲ့ကာ သီရိမင်္ဂလာဘုန်းတော်ကျောင်း
တိုက် ဆရာတော်အား အလှူငွေ (၅၀၀၀၀၀ိ/-)ကျပ် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် နေ့ထူးနေ့မြတ်များ၊ အစိုးရရုံးပိတ်ရက်များ နှင့် ယခုကဲ့သို့ မဲဆန္ဒပေးပွဲ နေ့ရက်များပါမကျန် မြန်မာပြည်သူလူထုတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး နှင့် ရန်သူမျိုးငါးပါးဒဏ်ကို ခံစားရေ
သာ ဒုက္ခသည်များအား မိမိတို့နိုင်သလောက် လူစွမ်းအား၊ ငွေအင်အား တို့နှင့်တကွ ဗြဟ္မာစိုတရားလေးပါး ကိုလက်ကိုင်ပြုကာ အစဉ်ထာဝရ ပေးဆပ်နေဆဲပင်ဖြစ်တော့သည်။ အချုပ်ဆိုရသော် ဧပြီလ (၁)ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အောင်ပွဲခံသည့်နေ့ဖြစ်သလို နာရေးကူညီမှုအသင်း (ရန်ကုန်) (F.F.S.S)၏ ပေးဆပ်
မှုနေ့တစ်ရက် ဆိုလျှင်လည်းမမှားချေ။
ကိုကျော်သူ
Posted: 03 Apr 2012 08:58 AM PDT
ကြားဖြတ်ရွေးကောက်ပွဲကတော့ ပြီးပါပြီ။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေး ရွေးချယ်လို့ ရပါသေးတယ် တဲ့။ ဟုတ်ပါတယ်၊ ဒီလို မဲပေးဖို့အတွက်
 အွန်လိုင်းပေါ်တော့ တက်ရပါမယ်။
TIME မဂ္ဂဇင်းအွန်လိုင်းက ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ပွဲ လုပ်နေပါတယ်။
ရွေးချယ်ရမယ့် လူစာရင်းကို http://www.time.com/time/specials/packages/completelist/0,29569,210... မှာ ကြည့်ပါ။
အမေစုဆီမဲပေးချင်တယ်ဆိုရင်တော့ http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2109619,00.html Definitelyပြီးရင်submmitပေါ့
စာရင်း အောက်ဆုံးကနေ ရေတွက်ရင် ၁၃ ဦးမြောက်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နာမည်ရဲ့ အထက် ၁၀ ဦးမြောက် ပုဂ္ဂိုလ်ကတော့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ဖြစ်ပါတယ်။ သမ္မတကြီးက မြန်မာပြည်ရဲ့ ဂေါ်ဘာချော့ဗ် ဖြစ်နိုင်မလားလို့ မိတ်ဆက်စာမှာ ရေးထားပါတယ်။
အခုဆိုရင်အမေစုဟာ နံပါတ်၁၂ နေရာကိုရောက်လာပါပြီ..အမှတ်စာရင်းတရိပ်ရိပ်တက် နေပေမယ့်လေဒီဂါဂါကိုကျော်ဖို့မဲ၂၀၀၀လောက်လိုနေပါသေး
တယ်..အားပေးလိုက်ကြပါအုံး
ဦးသိန်းစိန်ရဲ့ အယောက် ၂၀ လောက် အကွာမှာတော့ အင်ဂျလီနာဂျိုလီ၊ ဘရက်ပစ်တို့ လင်မယား ကို တွေ့ရမှာပါ။
TIME မဂ္ဂဇင်းက အဆိုပြုစာရင်းမှာ ရွေးချယ်စရာ ၂၀၀ ရှိပါတယ်။
လာမယ့် သောကြာနေ့ မတ်လ(၆)ရက်နေ့မဲရုံပိတ်ပါမယ် တဲ့။ အဲဒီအခါ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန်တို့ကို ကမ္ဘာတလွှား TIME မဂ္ဂဇင်း ပရိသတ်က ဘယ်လို သဘောထားလဲ၊ မဲပေးထားသလဲ ဆိုတာ ပိုတွေ့ရမှာပါ။
လက်ရှိ မဲပေးဆဲကာလမှာလည်း ရလဒ်တွေ သိနေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့သြဇာရှိပုဂ္ဂိုလ်အဖြစ် သတ်မှတ်သူ
24859ဦး ရှိပြီး မသတ်မှတ်သူ1245 ဦး ရှိနေပါတယ်။
ဒီတော့ ထောက်ခံမဲ ပေးနိုင်သလို ကန့်ကွက်မဲလည်း ပေးနိုင်တယ် ဆိုတော့ ကမ္ဘာတလွှား စာဖတ်သူတွေအတွက် ပျော်ပျော်ကြီး မဲပေးနိုင်ပြီပေါ့။ ကြိုက်ရင်ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူးပေါ့။
Posted: 03 Apr 2012 08:43 AM PDT
"၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ ပြောခဲ့ကြတာတွေ ဖတ်ရတယ်။ ရွေးကောက်ပွဲပြီးရင် လျှပ်စစ်မီး အချိန်ပြည့်ပေးနိုင်မယ်။ အကြိမ်ကြိမ် ပြောခဲ့ကြတာတွေ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာတဲ့အတွက် လူထုကပိုပြီး မကျေမနပ် ဖြစ်လာကြတာပေါ့။ မီးပျက်လို့ မီးစက်တွေနှိုးရ၊ ကြာလာတော့ အဲဒီမီးစက်...သံတွေ ကြားရဖန်များတော့ လူက ရူးတောင် ရူးချင်လာတယ်။ ကတိတွေကို အလွယ်တကူ မပေးကြပါနဲ့။ လူထုအတွက်၊ ပြည်သူလူထုအတွက် လုပ်ပေးနိုင်တာတွေကို ပြောကြပါ။
လုပ်ပေးနိုင်ပါတယ် ပြောပြီး ဖြစ်မလာရင် ပြည်သူလူထုက ဒေါသထွက် ရပါတယ်။ နောက်တစ်ခုက ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း မြင်အောင် ပြောကြပါ။ ကျွန်တော်တို့လည်း ဖတ်ခဲ့ရတာပဲ။ ရဲရွာကြီးပြီးသွားရင် ဘယ်လို ဘယ်လို၊ ပေါင်းလောင်းက ဘယ်လို ဘယ်လို။ ကိုယ့်နိုင်ငံမှာတင် မသုံးနိုင်ဘဲ ပိုနေလို့ရောင်းချရတာက ဘယ်လိုဘယ်လို။ တကယ်တန်း လက်တွေ့မှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာတောင် မီးကို လုံလောက်အောင် မပေးနိုင်သေးဘူး။ ထွက်လိုက်တဲ့ ရေအားလျှပ်စစ်တွေ၊ သဘာဝဓာတ်ငွေ့တွေ၊ စွမ်းအင်တွေ ထွက်နေပေမယ့် ရန်ကုန်မြို့မှာတင် လျှပ်စစ်မီးက မလုံလောက်ဘူးဆိုတော့ အဲဒီရေအားလျှပ်စစ်တွေ၊ သဘာဝဓာတ်ငွေ့တွေ၊ စွမ်းအင်တွေက ဘယ်တွေရောက်သွားလဲ ဆိုတာ နားမလည်နိုင်ဘူး။ ပြောနေတာတွေကို အဓိပ္ပာယ်ဖွင့်လို့တောင် မရတော့ဘူး"
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး
Posted: 03 Apr 2012 08:22 AM PDT
Dear Our Beloved People
We congratulate to NLD party and our Co-founder
Zay Yar Thaw for their victory on April 1 at the
by election.Please kindly see in attached file for
details information.
Moethway
Executive Committee
External Affairs
Generation Wave
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
No comments:
Post a Comment