Wednesday 11 April 2012








ရန်ကုန်ရှိ သင်္ကြန်မဏ္ဍပ်များတွင် မိုင်းအတွက် တစ်နေ့နှစ်ကြိမ်စစ်မည်

Posted: 11 Apr 2012 12:23 AM PDT

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးကော်မတီမှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်တွေမှာ

မိုင်းအန္တရာယ် ကင်းရှင်းစေရေးအတွက် စစ်ဆေးမှုတွေကို နံနက် ၅ နာရီ တစ်ကြိမ်နဲ့ ညနေ ၆ နာရီ နောက်ပိုင်း တစ်ကြိမ်ဖြင့် တစ်နေ့ ၂ ကြိမ်

စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေး အတွက် CCTV ကင်မရာနှင့် လုံခြုံရေးဝန်ထမ်းများ ထားရှိဖို့ ညွှန်ကြားထားကြောင်း သိရသည်။

CCTV ကင်မရာ တပ်ဆင် ရာမှာတော့ မဏ္ဍပ်ကြီး များမှာ Still CCTV ကင်မရာ ၃ လုံးနဲ့ ဒုန်း CCTV ကင်မရာ ၁ လုံး တပ်ဆင်ရမှာ ဖြစ်သလို

မဏ္ဍပ်လတ် မှာတော့ Still CCTV ကင်မရာ ၂ လုံး၊ ဒုန်းကင်မရာ ၁ လုံး တပ်ဆင် သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ CCTV ကို Monitor နဲ့

မှတ်တမ်းတင် ထားပြီး ထိုမှတ်တမ်း တင်ထားတဲ့ Record များကို နေ့စဉ် အစိုးရအဖွဲ့သို့ တင်ပို့ရမှာ ဖြစ်တယလို့ သိရပါတယ်။

ဒါ့အပြင် လုံခြုံရေး ၀န်ထမ်းများ ကိုလည်း မဏ္ဍပ်ကြီးမှာ အနည်းဆုံး ၁၅ ယောက်နဲ့ မဏ္ဍပ်လတ် မှာတော့ အနည်းဆုံး ၁၀ ယောက် ထားရှိရမှာ ဖြစ်ကြောင်း သိရသည်။

Source : MRTV4


ရန်ကုန်ရှိ သင်္ကြန်မဏ္ဍပ်များတွင် မိုင်းအတွက် တစ်နေ့နှစ်ကြိမ်စစ်မည်

Posted: 11 Apr 2012 12:23 AM PDT

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးကော်မတီမှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်တွေမှာ

မိုင်းအန္တရာယ် ကင်းရှင်းစေရေးအတွက် စစ်ဆေးမှုတွေကို နံနက် ၅ နာရီ တစ်ကြိမ်နဲ့ ညနေ ၆ နာရီ နောက်ပိုင်း တစ်ကြိမ်ဖြင့် တစ်နေ့ ၂ ကြိမ်

စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေး အတွက် CCTV ကင်မရာနှင့် လုံခြုံရေးဝန်ထမ်းများ ထားရှိဖို့ ညွှန်ကြားထားကြောင်း သိရသည်။

CCTV ကင်မရာ တပ်ဆင် ရာမှာတော့ မဏ္ဍပ်ကြီး များမှာ Still CCTV ကင်မရာ ၃ လုံးနဲ့ ဒုန်း CCTV ကင်မရာ ၁ လုံး တပ်ဆင်ရမှာ ဖြစ်သလို

မဏ္ဍပ်လတ် မှာတော့ Still CCTV ကင်မရာ ၂ လုံး၊ ဒုန်းကင်မရာ ၁ လုံး တပ်ဆင် သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ CCTV ကို Monitor နဲ့

မှတ်တမ်းတင် ထားပြီး ထိုမှတ်တမ်း တင်ထားတဲ့ Record များကို နေ့စဉ် အစိုးရအဖွဲ့သို့ တင်ပို့ရမှာ ဖြစ်တယလို့ သိရပါတယ်။

ဒါ့အပြင် လုံခြုံရေး ၀န်ထမ်းများ ကိုလည်း မဏ္ဍပ်ကြီးမှာ အနည်းဆုံး ၁၅ ယောက်နဲ့ မဏ္ဍပ်လတ် မှာတော့ အနည်းဆုံး ၁၀ ယောက် ထားရှိရမှာ

ဖြစ်ကြောင်း သိရသည်။

Source : MRTV4


ဒေါ်အောင်ဆန်းစုကြည်နဲ့NLDအောင်နိုင်ရေးအတွက် စည်းရုံးဝန်းရံပေးကြခဲ့တဲ့ အနုပညာရှင် တွေကို

အကြောင်းပြချက်မရှိဘဲ သင်္ကြန်မှာ ဖျော်ဖြေခွင့်တွေ ပိတ်လိုက်

Posted: 10 Apr 2012 04:44 PM PDT


မီးမီးခဲနဲ့ ဘရိတ်ကီ ကမအူပင် NLD အောင်နိုင်ရေးမှာ ပါဝင် ဖျော်ဖြေ ခဲ့လို့ ဖြစ်တယ်လို့သာသိရပါတယ် တိကျတဲ့အကြောင်းပြချက် မသိရပါဘူး .
.သီချင်းလည်းတိုက်ပြီး အားလုံးအဆင်သင့် ဖြစ်ပြီး ဒီနေ့ညနေမှ Banလုပ်လိုက်တယ် လို့ ကဗျာဘွဲ့မှူးဆီမှ သိရပါတယ် .... လင်းလင်း ကိုလည်း
 အားလုံးသေချာပြီးမှ ဒေါ်စုကို ဝန်းရံ တဲ့ အတွက် ခေါ်လို့မရဘူးဆိုပြီး cancel ပြန်လုပ်သွားတယ် လို့ သိရပါတယ် .. ဖျော်ဖြေ ရေးမဏ္ဍပ် တွေကို
 ဖိအားပေး ထားပု...ံရပါတယ်.. ထလော့မြန်မာ သီချင်းကိုဆိုတဲ့ နေဇော် ကို လည်း စရံ ပေး ပြီးမှ ပြန်ဖျက်သွား တယ်လို့ ဆိုပါတယ်.. သျှီ ကိုလည်း
ထိုနည်းတူ.. ထူးအယ်လင်းကတော့ သူ ဖျော်ဖြေခွင့်မရဘူးဆိုတာကိုဒီနေ့ ညနေ DVBကနေပြောသွားတာ ကြားလိုက်ရပါတယ်... ကဗျာဘွဲ့မှူး
 ကတော့ ခရီးသွားမှာ မို့မသိပါဘူး..

အနဂ္ဂရယ် ကျမရယ်ကတော့ မဆို ဖြစ်ပါဘူး.. ဆိုရင်လည်း ပိတ်မှာတော့ သေချာသလောက်ပါပဲ ..main targets တွေလေ
၂၀၁၀ တုန်းက မဖြူဖြူသင်း ရဲ့ တောင်ဒဂုံက ဝေဒနာသည်တွေ ကိုသွားအားပေးလို့ဆိုပီး လူမှုရေးလုပ်တာတောင် ပိတ်သေးတာပဲ ..လူတွေ
သိပ်မသိလိုက် ပေမဲ့ ('၈၈ တော်လှန်ရေးနှင့် စွန့်လွှတ်ခြင်း' 'ခွပ်ဒေါင်းဝိဥာဉ်'စတဲ့ သီချင်းများကြောင့် ) ဟိုးအရင် စစ်အစိုးရလက်ထက် ကတည်း
ကလည်း ကျမက ပိတ်ခံနေကြပါပဲ မဆန်းတော့ပါဘူး....
အခုချိန်မှာတော့ ကိုယ်ယုံကြည်ရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရသင့်ပြီ လို့ထင်ပါတယ် ဒါပေမဲ့...........( သံသာဝင်းရဲ့ facebook)
ဒေါ်အောင်ဆန်းစုကြည်နဲ့NLDအောင်နိုင်ရေးအတွက် စည်းရုံးဝန်းရံပေးကြခဲ့တဲ့ အချို့သောအနုပညာရှင် တွေကို အကြောင်းပြချက်မရှိဘဲ
 သင်္ကြန်မှာ ဖျော်ဖြေခွင့်တွေ ပိတ်လိုက်ကြောင်း... စည်းရုံးရေးမှာပါဝင်ခဲ့သူတစ်ဦးဖြစ်သူ သံသာဝင်းရဲ့ facebook မှာရေးသားထားပါတယ်။

ကျမ တို့အတွက်တော့ ရိုးနေပါပြီ ..ခဏခဏ ပိတ်ခံရလွန်းလို့ .....ဒါပေမဲ့
အရင်စစ်အစိုးရ လက်ထက်တုန်းက ဒီလိုဥပဒေမဲ့ လုပ်ချင်တိုင်း လုပ်လို့ရပေမဲ့ အခုလိုdemocracy ဖော်ဆောင် နေပါပြီ ဆိုတဲ့ အရပ်သားအစိုးရ
လက်ထက်မှာ ဒီလို အကျင့်စိတ်တွေ ရှိ နေသေးဒါကိုကြည့်ခြင်းအားဖြင့် သူတို့တွေမပြောင်းလဲသေးဘူးဆိုတာ သက်သေပြလိုက်တာဘဲ....
လွှတ်တော်ထဲကိုတောင် ဝင်ရောက်တော့မဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကိုဝန်းရံပေး သူတွေကို လက်မခံနိုင်တာဟာဒေါ်အောင်ဆန်းစုကြည်
ကိုလက်မခံနိုင်သေးတာဖြစ်တယ်လို့ယူ ဆပါတယ် အပြင်းအထန်ကန့်ကွက်ပါတယ်


ကျမသိရသလောက် မီးမီးခဲ ထူးအယ်လင်း ဘရိတ်ကီ လင်းလင်း တို့ဖြစ်တယ်လို့ရေးသားထားပါတယ်။

source..Trues journal, thantharwin

True News ဂျာနယ်


စသုံးလုံးရုံးပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့ မနန်းဝိုးဖန်း သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုဖွင့် တိုင်ကြားလို့ မရဖြစ်နေ

Posted: 10 Apr 2012 09:52 AM PDT


ပြီးခဲ့တဲ့ ၂၄ ရက်နေ့ မနက် ၅ နာရီလောက်က အိမ်ခြံမြေကိစ္စတွေနဲ့ပတ်သက်ပြီး ၃ ရက်တိုင် နေရောညပါ စစ်ဆေးခံရအပြီး ...စသုံးလုံးရုံး ၅ ထပ် တိုက်ကနေ ပြုကျသေဆုံးနေတာတွေ့ရတဲ့ အသက် ၁၉ နှစ်အရွယ် ရှမ်းအမျိုးသမီး မနန်းဝိုးဖန်သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုဖွင့်တိုင်ကြားလို့ မရဖြစ်နေတာပါ။ ဧပြီလ ၆ ရက်နေ့က ကျောက်တံတားမြို့နယ်ရဲစခန်းမှာ မနန်းဝိုးဖန်းရဲ့ ဖခင် ဦးအိုက်ခမ်းက တရားလိုအဖြစ် မတရားချုပ်နှောင်မှု ပုဒ်မ ၃၄၁ နောက်တခါ လူသတ်မှု ပုဒ်မ ၃၀၂ စတဲ့ ပုဒ်မတွေနဲ့ အထူးစုံစမ်းစစ်ဆေးရေးက တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ပေးဖို့ အမှုဖွင့် တိုင်ကြားခဲ့တာလို့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်နန်းထွေးမှုံက ပြောပါတယ်။

ဒီလိုတိုင်ကြားခဲ့ပေမယ့် ကျောက်တံတားမြို့နယ်ရဲစခန်းက သေမှုသေခင်းအနေနဲ့ အမှုဖွင့်ထားပြီးဖြစ်သလို ဌာနတွင်း ခုံရုံးဖွဲ့စစ်ဆေးမှု ပြုလုပ်နေပြီဖြစ်တာကြောင့် အမှုကို လက်မခံခဲ့တာလဲဖြစ်ပါတယ်။ ဒါကြောင့် တရားလိုဘက်က အမှုမှန်ပေါ်ပေါက်ရေးဆက်လက်တင်ပြပေးဖို့ တောင်းဆိုတာကြောင့် တိုင်းရဲမင်းကြီးထံ မြို့နယ်ရဲခန်းက တင်ပြခဲ့ပါတယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဒေါ်နန်းထွေးမှုံက ပြောပါတယ်။ ဒီလိုတင်ပြခဲ့ပေမယ့် တရားဥပဒေစိုးမိုးရေအရ သက်ဆိုင်ရာက လူတစ်ယောက်ကို ဖမ်းဆီစစ်ဆေးခွင့်ရှိတယ်ဆိုတဲ့ ဥပဒေပါပြဌာန်းချက်အရ ပြစ်မှုမမြောက်တာကြောင့် အမှုကို လက်မခံနိုင်ကြောင်း တိုင်းရဲမင်းကြီးက မှတ်ချက်ပေးပြောဆိုခဲ့တာတာတွေကိုလည်း တရားလွှတ်တော်ရှေ့နေ ဒေါ်နန်းထွေးမှုံက ရှင်းပြပါတယ်။

ဒီလို အမှုကို တရားဥပဒေစိုးရေးမှာ အဓိက တာဝန်ရှိတဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိပုဂ္ဂိုလ်တွေက အမှုမှန်ပေါ်ပေါက်အောင် မလုပ်ဆောင်ပေးတာကြောင့် တရားလိုတွေဘက်ကတော့ နိုင်ငံတော် သမ္မတအပါအ၀င် ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းတို့ဆီကိုပါ စာရေးတိုင်ကြားထားတယ်လို့လည်း မနန်းဝိုးဖန်ရဲ့ ဖခင် ဦးအိုက်ခမ်းက ပြောပါတယ်။

ကျပ်ငွေ သိန်းပေါင်း ၅ ထောင်မကတဲ့ တန်ဘိုးရှိတဲ့ အိမ်ခြံမြေကိစ္စတွေနဲ့ပတ်သက်ပြီး အသက် ၁၉ နှစ်အရွယ် ရှမ်းအမျိုးသမီး မနန်းဝိုးဖန်းကို စသုံးလုံးရုံးမှာ မတ်လ ၂၁ ရက်နေ့စတင်ပြီး နေရောညပါစစ်ဆေးခံပြီး မတ်လ ၂၄ ရက်နေ့ မနက် ၅ နာရီလောက်မှာ စသုံးလုံးရုံး ၅ ထပ် တိုက်ကနေ ပြုတ်ကျသေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး ပြည်တွင်းထုတ်သတင်းဂျာနယ်အချို့က ရေးသားဖော်ပြဖို့ ကြိုးစားခဲ့ပေမယ့်လည်း စသုံးလုံးအာဏာပိုင်တွေဘက်က သတင်းထောက်တွေကို ခြိမ်းခြောက်ဖိအားပေးတာတွေလည်း ရှိခဲ့ဖူးပါတယ်ခင်ဗျာ။

အံ့ဘုန်းမြတ် (dvb)


ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ထပ်မံ၍သရုပ်ဆောင်သစ်ခေါ်ယူရန် သတင်းထုတ်ပြန်

Posted: 10 Apr 2012 09:31 AM PDT


၂၀၁၂ ခုနှစ် ဧပြီလ 10 ရက်တွင် ကျင်းပပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ၁၁/၂၀၁၂ အစည်းအဝေး ဆုံးဖြတ်ချက် အရ သရုပ်ဆောင်သစ်ထပ်မံ ခေါ်ယူရန် သတင်းထုတ်ပြန်ချက်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့


စက်မှုမြို့ စီမံခန့် ခွဲရေးကော်မတီ(ရွှေပြည်သာစက်မှုမြို့)ကသင်္ကြန်မဏ္ဍပ်ထိုးဖို့စက်ရုံတွေဆီကနေ ငွေကြေးထည့်ဝင်ဖို့အကြောင်းကြားစာပေးပို့

Posted: 10 Apr 2012 09:10 AM PDT

စက်မှုမြို့ စီမံခန့်ခွဲရေးကော်မတီ(ရွှေပြည်သာစက်မှုမြို့) ကသင်္ကြန်မှာမဏ္ဍပ်ထိုးပြီး ရေကစားဖို့ ရန်ကုန် မြောက်ပိုင်း ခရိုင်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီရဲ့ ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင်မှာရှိတဲ့ စက်ရုံတွေဆီ ကနေ ငွေကြေးကူညီထည့်ဝင်ဖို့ စက်မှုမြို့ စီမံခန့် ခွဲရေးကော်မတီ(ရွှေပြည်သာစက်မှုမြို့)က သင်္ကြန်မဏ္ဍပ်ထိုးဖို့ စက်ရုံတွေဆီကနေ ငွေကြေးထည့်ဝင်ဖို့အကြောင်းကြားစာပေးပို့ စက်ရုံတွေကိုအကြောင်းကြားစာ ပေးပို့လာပါ တယ်။ ငွေကြေးထည့်ဝင်ဖို့ အကူအညီတောင်းတာလို့ခေါင်းစဉ်တပ်ထားပေမဲ့စက်ရုံအကြီးစားဆို ၅ သိန်းကနေ ၃သိန်းကြား၊ စက်ရုံ အလတ်စားဆို ၃သိန်းကနေ၂သိန်းကြား၊အငယ်စားဆို၂သိန်းကနေ၁သိန်းကြား ငွေကြေးထည့်ဝင်ရမယ် လို့ အကြောင်းကြားစာထဲမှာဖေါ်ပြထားပါတယ်။

သင်္ကြန်၅ရက်စာအသုံးစရိတ် ၅၆၅ သိန်းပြည့်မီဖို့ စက်ရုံတွေကမဖြစ်မနေ ထည့်ဝင်ရမဲ့ သဘောမျိုး အကြောင်းကြား စာ မှာတွေ့ ရပါတယ်။ ဒါကူညီခိုင်းနေတာမဟုတ်ပါဘူး။ဓါးပြတိုက်နေတာပါ။

စက်မှုဇုံဖွံ့ ဖြိုးရေးအတွက်လဲမဟုတ်ပဲသင်္ကြန်မှာသက်ဆိုင်ရာလူကြီးမင်းများနဲ့ ယင်းတို့ နှင့် ပတ်သတ်သူများ မြူးတူးပျော်ပါးဖို့ ငွေကြေးထည့်ဝင်ရမယ် ဆိုတာ ဘယ်လိုနည်းနဲ့ မှ မဖြစ်သင့်ပါဘူး။

မဖြစ်မနေ လုပ်ရမယ်ဆိုရင်လဲ တခြားသူများလုပ်သလို ရံပုံငွေ ကိုယ့်ဘာသာရှာ၊ လက်မှတ်ရောင်းပြီး ရတဲ့ဝင်ငွေနဲ့ မဖြစ်ဖြစ်အောင် လုပ်သင့်ကြောင်းပါ။

အရင်အကျင့်တွေမပျောက်ပဲ တခုခုဆိုတခြားသူများကိုအနိုင်ကျင့် အတင်းအကျပ်လုပ်တဲ့စရိုက်ဟာ ခေတ်နဲ့မလျော်ညီတော့ ပါလို့ သက်ဆိုင်ရာလူကြီးမင်းများအား ပြောကြားလိုပါတယ်။



Win Thaw Nyein


မြေကြီးကို (ကလိ)ထိုးရုံမျှ နှင့် စိုက်နိုင်သောသစ်ပင်များ

Posted: 10 Apr 2012 09:03 AM PDT



နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လစဉ်လတိုင်း ကျင်းပလျှက်ရှိသော မြန်မာစာပေဟောပြောပွဲတစ်ရပ်အား ၂၀၁၂ ခုနှစ်၊ ဧပြီလ ၈ ရက်၊ (တနင်္ဂနွေနေ့) နေ့လည် (၁း၀၀)နာရီ အချိန်တွင် ၁၃/က ဗိုလ်မှူးဗထူးလမ်း၊ ၄၂ရပ်ကွက် မြောက်ဒဂုံမြို့နယ်တွင် ကျင်းပခဲ့ပါသည်။ ဒဿမအကြိမ်မြောက် မြန်မာစာပေဟောပြောပွဲတွင် ဆရာအော်ပီကျယ် သည် " ကူ၍တွန်းပေးပါ " ဟူသောခေါင်းစဉ် ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ စာပေချစ်မြတ်နိုးကြသော လူငယ် လူရွယ်များ အတွက် ဟောပြောသွားခဲ့ပါသည်။

" ဇွန်ပန်းရုံအနီး …

လှည်းဘီး…နွံ ထဲကျွံနေသည်

လေးလွန်း၍ … မတွန်းနိုင်ဘူးလား

ပြိုင်တူတွန်း၍… ရွှေ့နိုင်သည်။ "

ဟူသောကဗျာအား ရွတ်ဆို၍ ကျွန်ပ်တို့မြန်မာနိုင်ငံတော်သည် ရေ၊ မြေ၊ သယံဇာတ ပေါကြွယ်ဝပါသောကြောင့် ဇွန်ပန်းကဲ့သို့မွှေးကြိုင်၍နေပါသဖြင့် လူငယ်လူရွယ်များတို့သည် ဇွန်ပန်း ရနံ့အားခံစား၍ နေနေကြသည်ကို တွေ့နေမြင်နေရသဖြင့် ထိုကဲ့သို့မနေကြဘဲ နွံ့နစ်နေသောလှည်းဘီးအား ပြိုင်တူ တွန်း၍ ရွှေ့နိုင်ကြောင်း၊ အခြားပြည်ပနိုင်ငံများဖြစ်သော စင်္ကာပူနိုင်ငံ၊ ဒူဘိုင်း(UAE)နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ တို့သည် အပင်စိုက်ရာတွင် ရေများလည်းအပင်သေ၊ ရေနည်းလည်းအပင်သေ သဖြင့်ခက်ခဲစွာ ပညာရှင်များနှင့် ဂရုတစိုက် စိုက်ပျိုး၍ စိုပြေလှပမှုကို ရယူနေရကြောင်း၊ မြန်မာနိုင်ငံသည် သစ်ပင်၊ ပန်းပင်စိုက်ရာတွင် မြေကြီးအား (ကလိ) ထိုး၍ စိုက်ရုံမျှလောက်နှင့် အပင်ပေါက်နိုင်ကြောင်းဟာသဥာဏ်နှောကာပြောကြားသွားခဲ့ပါသည်။

ဆက်လက်၍ မိမိတို့ နေထိုင်ရာမြန်မာနိုင်ငံ၏ မြေကြီးအောက်ခြေတွင် သယံဇာတများသည် ထုထည်၊ ကုဗ မည်မျှရှိသည် မည်မျှထွက်သည်ကို လူငယ်လူရွယ်များမသိရှိကြဘဲ အိမ်နီးချင်းနိုင်ငံများက သိရှိကြ၍ တန်ဖိုးနည်း ပေးဝယ်ခြင်းအားခံရပြီး တိုင်းပြည်မည်မျှနစ်နာသွားသည်ကို မသိကြကြောင်း၊ ထိုကဲ့သို့နွံ့ထဲနစ်နေသည်ကို မြန်မာ လူငယ်လူရွယ်များသည် မသိကြကြောင်း၊ ထိုသို့သိရန် နည်းပညာ၊ ဗဟုသုတ၊ ပညာ၊ လူမှုဆက်ဆံရေး သိဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ တိမ်ကောခဲ့သောမြစ်များ နှင့် မြစ်တစ်စင်းသေရင် ရေစုတ်စက် တစ်သိန်းလောက်နှင့် လည်း ပြန်စုတ်၍မရနိုင်ကြောင်း၊ ယနေ့ခေတ်သည် ဒီမိုကနေစီခေတ်ဖြစ်သဖြင့် လူငယ်လူရွယ်များသည် သိအောင်လုပ်သင့်ကြောင်း၊ ထို့ကြောင့်မြစ်များ မတိမ်ကောစေရန် လူငယ်လူရွယ်များအား မိမိတို့၏ မိခင်မြန်မာပြည်ကြီးအား နွံ့ထဲသို့မနစ်မြုပ်စေရန် နှလုံးသားနှင့်မစဉ်းစားဘဲ ဦးနှောက်ဖြင့်စဉ်းစားကာ "ကူ၍တွန်းပေးပါ" ဟူ၍ ခေါင်းစဉ်ဖြင့် မျှဝေဟောပြောသွားခဲ့ပါသည်။

နာရေးကူညီမှုအသင်းရှိ သင်းသား/သူ လူငယ်လူရွယ်များအား နာရေးကူညီမှုလုပ်ရာတွင် ယုံကြည်မှု(Trust)၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ အုပ်ချုပ်တတ်မှု တို့ သည်အရေးကြီးကြောင်း နာရေးမှမဟုတ်ဘဲ မည်သည့်အသင်း အဖွဲ့တွင်မဆို ၄င်းအရာများမရှိပါဘဲနှင့် ပါဝင်လာပါက မအောင်မြင်မပေါက်ရောက်နိုင်ကြောင်း ပြောကြားသွား ခဲ့ပါသည်။ မည်သည့်ခေါင်းဆောင်မှ မြတ်စွာဘုရားလောက် ခွင့်လွတ်မှု၊သည်းခံမှုအပြည့်မရှိနိုင်ကြောင်း၊ ကိုယ်ကိုယ် တိုင်တောင် မှန်ကြည့်ပြီး ကဲ့ရဲ့ကာအမြင်ကတ်နေကြောင်း၊ ထို့ကြောင့် ဖြည့်ဆည်း၍ နားလည်ပေးကြကာ ခရီးဆက် သင့်ကြောင်းကို ဝေမျှသွားခဲ့ပါသည်။ ခေါင်းဆောင်က တစ်၊ နှစ်၊သုံး… "တွန်း" ဟုဆိုရာတွင် တွန်းတဲ့သူနည်းပါတယ် ထို့ကြောင့်ညီညွတ်ဖို့လိုပါကြောင်း၊ မြန်မာများသည် သနားကြင်နာတတ်သည်၊ သို့သော် ညီညွတ်ဖို့ရန် လိုအပ်ပါသည်။ ဒီမိုကရေစီအကြောင်းသိအောင်ကြိုးစားကြပါရန်လည်းတိုက်တွန်းသွားခဲ့ပါသည်။

"ကျွန်းတုံးတစ်တုံးကိုတွန်းရာတွင် ခိုတဲ့သူပါရင်လေးပါတယ် ၊ တစ်ပြိုင်နက်တည်းမတွန်းရင်လေးပါတယ်၊ ဦးနှောက်အသိဥာဏ်မရှိရင်လေးပါတယ်" ဒါ့ကြောင့် ကူ၍တွန်းပေးကြပါဟု ဆရာအော်ပီကျယ်မှ သတိပေးပြောကြား သွားခဲ့ပါသည်။

ထို့ကြောင့် ဆရာအော်ပီကျယ်ဧ။် " ကူ၍တွန်းပေးပါ " ဟူသောစာပေဟောပြောပွဲသည် ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများ၊ မျိုးဆက်သစ်လူမှုရေး ခေါင်းဆောင်များအတွက် တန်ဖိုးမဖြတ် နိုင်သော အတွေးအခေါ်များ၊ အသိဥာဏ်များ တိုးပွားလာစေကာ ရှေ့ဆက်လျှောက်ရမည့် အနာဂါတ် ဒီမိုကရေစီ နိုင်ငံတော်ကြီးအတွက် များစွာအထောက်အပံ့ကောင်းများ ရရှိစေကာ ပြည်သူပြည်သားအားလုံး စည်းလုံး ညီညွတ် စွာဖြင့် သယံဇာတပေါကြွယ်ဝသော ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးအား ကာကွယ်၊ စောင့်ရှောက်၊ ထိန်းသိမ်း ကြရန် အရေးကြီးပါကြောင်းသိရှိလိုက်ရပါတော့သည်။

ကိုကျော်သူ


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment