Tuesday 8 May 2012







၂၀၁၂ ဧပြီလ(၁၈)ရက်က တရုတ် (CPI) ကုမ္ပဏီရဲ့ မြစ်ဆုံဆည် စီမံကိန်း ဝါဒဖြန့် ရုပ်သံဖိုင်နှင့် ၂၀၁၂ခုနှစ် မြစ်ဆုံဆည် စီမံကိန်း နောက်ဆုံးရ ဓာတ်ပုံများ..

Posted: 07 May 2012 10:34 AM PDT

 မြစ်ဆုံဆည် စီမံကိန်းဝင်းအတွင်း ဝန်ထမ်းအိမ်ယာများ ၂၀၁၂ မတ်လ ၆ရက်နေ့မြင်ကွင်း
 မြစ်ဆုံဆည် စီမံကိန်းဝင်းအတွင်း ၂၀၁၂ မတ်လ ၆ရက်နေ့မြင်ကွင်း
 မြစ်ဆုံဆည် စီမံကိန်းဝင်းအတွင်း ၂၀၁၁နိုဝင်ဘာလ ၁၃ရက် မြင်ကွင်း..
 မြစ်ဆုံပတ်ဝန်းကျင် ရွှေတူးဖော်ရေး လုပ်ငန်းများ ပွဲတော်ကြီးအလား... ၂၀၁၁နိုဝင်ဘာလ ၁၃ရက်
ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်ပဲ ဆိုတာပဲ မြင်ချင်ပါတယ်..။ 
ဘယ်သူ့အတွက်လဲ CPI အတွက်ဆိုရင်တော့... 
(မြစ်ဆုံဆည် စီမံကိန်းမှ လုံခြုံရေး စစ်သားများ) (၂၀၁၁ဒီဇင်ဘာလ ၃ရက်)

ယခုနှစ် ဧပြီလက CPIရဲ့ မြစ်ဆုံစီမံကိန်း ဝါဒဖြန့် from Demo Waiyan on Vimeo.

မြစ်ဆုံဆည် စီမံကိန်းကို ယခုထက်တိုင် လက်မလျှော့နိုင်သေးသည့် တရုတ် (CPI) ကုမ္ပဏီရဲ့ ဝါဒဖြန့်ရုပ်သံဖိုင်.. (KDNG)

ဖော်ပြပါ ဗီဒီယိုဟာ ၂၀၁၂ ခုနှစ် ဧပြီလ၊ ၁၈ရက် နေ့ အောင်မြင်သာစံပြကျေးရွာတွင် ကျင်းပသော တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)နှင့် မြစ်ဆုံရေကာတာကြောင့် အတင်းအကြပ် ပြောင်းရွှေ့ခံရသည့် တန်ဖဲရွာသားများ တွေ့ဆုံသည့် အစည်းအဝေးအား မှတ်တမ်းတင်ရိုက်ကူးထားသည့် အကြောင်းဖြစ်ပါသည်။

ရုပ်သံ (KDNG) http://www.kdng.org/bur/
(မြန်မာပြည်သူတွေရဲ့ အသံကို လျစ်လျူရှုမယ် ဆိုရင်တော့ ဖြစ်ပေါ်လာမည့် ပြသနာများသည် တရုတ်CPI ကုမ္ပဏီ၏ တာဝန်သာ ဖြစ်ပါကြောင်း)

ဓာတ်ပုံ... ဒီမိုဝေယံနှင့် ဝိုင်းတော်သားများ..

သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ဓာတ်ပြား(၂၂)ချပ်အား ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီသို့ လှူဒါန်း..

Posted: 07 May 2012 09:02 AM PDT

သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ ဖြစ်သည့် သမိုင်းဝင် ဓါတ်ပြား (၂၂) ချပ်အား စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှ ဓာတ်ပြားပိုင်ရှင် မိသားစုမှ ရေဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တဆင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီသို့ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

သတင်း၊ ဓာတ်ပုံ ကိုသန်းကျော်ဝင်း
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment