Tuesday 8 May 2012

 



မသန်စွမ်းသူများကို ကူညီပေးရေး ရွှေမင်းသား ဖေါင်ဒေးရှင်း၏ နှစ်ပတ်လည်

အခမ်းအနားသို့ တက်ရောက်လာသော အမေစု၊ မင်းကိုနိုင် နှင့် ကိုကိုကြီး

Posted: 08 May 2012 12:07 AM PDT




ရွှေမင်းသား ဖေါင်ဒေးရှင်း နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်လာသော ၀န်ကြီးတစ်ဦးနှင့် နုတ်ဆက်နေသော အမေစု..

ရွှေမင်းသား ဖေါင်ဒေးရှင်းက လေးနှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ UMFCCI ခမ်းမမှာ ဒီနေ့လုပ်ခဲ့ပါတယ်။

မသန်စွမ်းများနဲ့အတူ ဒေါက်တာ အရှင်ဥာဏ္ဏိသရ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ နဲ့ ၀န်ကြီးအချို့
 တက်ရောက်ပါတယ်။

ရွှေမင်းသားဖေါင်ဒေးရှင်း တည်ထောင်တဲ့ ကိုမြတ်သူရ က ပြောတယ်။ဥပမာအနေနဲ့ သူ စူပါမားကတ်ကို သွားပြီး ကိုယ်
တိုင်ရွေးချယ် ဈေးဝယ်ချင်တယ်၊ ဒါပေမယ့် စူပါမားကတ်မှာက မသန်စွမ်းတွေ အတွက် အဆင်ပြေအောင် ၀င်ထွက်ပေါက်
 မလုပ်ထားပေးဘဲ လှေခါး သုံးထစ် လုပ်ထားတဲ့အတွက် ၀ှီးချဲယားနဲ့ သူတွေဟာ ၀င်မရဘူး။

အဲ့ဒီတော့ သူတို့ ခြေလက်မရှိသူတွေက မသန်စွမ်းတာလား၊ ရုပ်ဝထ္ထုပစ္စည်းတွေက မသန်စွမ်းတာလားတဲ့၊
အဲ့ဒီလှေခါး သုံးထစ်ကိုသာ ဖြုတ်လိုက်ရင် အားလုံးဝင်မရတော့ဘူး ဒီတော့ အားလုံးက မသန်စွမ်းတာလားတဲ့။
မသန်စွမ်းတွေအတွက် လုပ်ပေးထားတရင် အားလုံးနဲ့အတူ ဒီလိုနေရာတွေ သွားရောက်နိုင်မှာ ဖြစ်ကြောင်းပြောပြခဲ့တယ်။

အမေစုက မိန့်ခွန်းပြောတဲ့အခါ မသန်စွမ်း ဆိုတာက ခြေလက်မသန်တဲ့သူတွေကို ခေါ်သင့်သလား ခြေလက် မပြည့်စုံတဲ့သူတွေ
အတွက်ပါ သွားလာနိုင်အောင် မလုပ်ပေးနိုင်တဲ့၊ မစီစဉ်ပေးနိုင်တဲ့ ကျွန်မတို့ အားလုံးကို ခေါ်သင့်သလား လို့ မေးခွန်းထုတ်ခဲ့
ပါတယ်။ သူ့အနေနဲ့ မသန်စွမ်းတွေဆီကနေ သင်ယူစရာတွေ အများကြီးရှိသေးတယ်လို့ ပြောခဲ့ပါတယ်..
Zaw Lwin Win


ပြည်သူလူထုကို စော်ကားတဲ့ ဦးဌေးဦးသို့... ( ဟာဂျူလီ(ကသာ)၏ပေးစာ )

Posted: 07 May 2012 09:10 AM PDT


ဦးဌေးဦးခင်ဗျာ..

တစ်သက်နဲ့တစ်ကိုယ် ကြံ့ဖွံ့အပါအ၀င် ဘယ်အစိုးရကိုမှ အဆက်အသွယ်မလုပ်ဖူးခဲ့တဲ့ မောင်ဂျူ ဒီတစ်ခါတော့ အရှက်

အကြောက်အသာထားပြီး စာလွှာလေးပါးလိုက်ပါရစေ။ ဒီအပါတ် တွဲ(၃) အမှတ်(၆))ထုတ်တဲ့ လျှပ်တစ်ပြက်ဂျာနယ်မှာ

ဦးဌေးဦးပြောခဲ့တဲ့ စကားလေးကို နားခါးလွန်းလို့လည်း ဒီစာလေးရေးဖြစ်လိုက်တာပါ။ ဦးဌေးဦးပြောတာက

"Bi-electionမှာတော့ သူတို့ အကုန်ရတယ်။ သို့သော်လည်း ရပုံရနည်းတွေက လူထုကနေ ဘာကြောင့် ထည့်တယ်ဆိုတဲ့

ဥစ္စာတွေသည် waveကြောင့်လည်းဖြစ်နိုင်တယ်။ wave ဆိုတာ လှိုင်းကြီးပေါ့။ ဆူနာမီပေါ့။ အမြဲတမ်းဆူနာမီတော့ မရှိဘူး။

မဟုတ်ဘူးလား။ ဆူနာမီရှိရင်တော့ အကုန်လုံးပျက်ဆီးတာပဲ။ ဒါသူ့ကိုပျက်ဆီးတယ်လို့ ပြောတာမဟုတ်ဘူးနော်။

ပြည်သူလူထုကိုထင်မြင်ယူဆတာ။ ..........................."...တဲ့။

ဟုတ်ကဲ့ ဦးဌေးဦးက မဲပေးတဲ့လူထုတွေဟာ ဆူနာမီမုန်တိုင်းလို ရက်စက်တယ်လို့ဆိုလိုလိုက်ခြင်းဟာ ရိုးသားစွာမဲပေးတဲ့

လူထုအပေါ်မှာ မိုက်ရိုင်းပြလိုက်တဲ့ စကားလို့ယူဆပါတယ်။ ဆူနာမီမုန်တိုင်းဆိုတာဟာ လူသားတွေကို အသေဆိုးနဲ

့သေအောင်၊ အပြစ်မဲ့တဲ့လူသားတွေရဲ့စည်းစိမ်တွေကို ပျက်ဆီးအောင်၊ သားတစ်ကွဲ မယားတစ်ကွဲ ဘ၀တွေ အလဲလဲ

အပြိုပြိုဖြစ်အောင် တိုက်ခတ်ခဲ့တယ်ဆိုတာ လူ့အတွေးလူ့အခေါ်ရှိတဲ့သူတိုင်း သိကြပါတယ်။ ပိုရှင်းအောင်ပြောရရင်တော့

လူ့လောက၀န်းကျင်မှာ သဘာဝ အဇာတသတ်လို့ပဲပြောရမှာပါ။ အဲဒီလို အင်မတန်လူရွံ့မုန်းတဲ့ အမည်နာမနဲ့ မဲပေးတဲ့လူထု

ကို ဥပမာပေးလိုက်တာဟာ ဦးဌေးဦးတစ်ယောက် လူကြီးမဆန်မှုကိုပြလိုက်တာပဲလို့မြင်မိပါတယ်။ နောက်ပြီး ပြောရရင်

ဦးဌေးဦးဆိုတာဟာ ပါတီကြီးတစ်ခုရဲ့ အကြီးမြင့်ဆုံးခေါင်းဆောင်ပါ။

အဲဒီလို ပါတီတစ်ခုရဲ့ အကြီးအကဲက လူထုကိုဒီလို ထပ်တူပြပြောဆိုလိုက်တာဟာ လူထုကို စော်ကားတာ ချိုးဖဲ့တာဖြစ်လို့

မောင်ဂျူအနေနဲ့ ဦးဌေးဦးရဲ့ ဥပမာစကားကို ဆန့်ကျင်ပါတယ်။ ရှုံ့ချပါတယ်။ အထင်သေးပါတယ်။ ဒီစကားကို ဦးဌေးဦးက

မသိလို့ ခိုင်းနှိုင်းခဲ့တာလား။ သိသိကြီးနဲ့ကေးဝဋ်ပုဏ္ဏားလို အမာရွတ်မြင်တိုင်း အခဲမကြေလို့ပြောတာလားဆိုတာကတော့

ဦးဌေးဦး အသိဆုံးပဲဖြစ်ပါလိမ့်မယ်။

ဘယ်လိုပဲဆိုဆိုပါ။ မသိလို့ပါလို့ ဆင်ခြေပေး ရင်လည်း မောင်ဂျူတို့လူထုက ပြောစရာရှိပါတယ်။ ပါတီအကြီးအကဲ

တစ်ယောက်ဟာ ကိုယ်ခိုင်းနှိုင်းတဲ့ စကားလုံးရဲ့ အဓိပ္ပါယ် မသိလောက်အောင် ညံ့ဖျင်းနေသလားလို့ တွေးရမှာပါ။ တကယ်လို

့ သိသိကြီးနဲ့ပြောတာပါလို့ ဆိုခဲ့ရင်လည်း ခင်ဗျားအထင်သေးချိုးဖဲ့ခဲ့တဲ့ လူထုဟာ ခင်ဗျားတို့အပေါ်မှာလည်း ဘယ်သောအခါ

မှ ထောက်ခံမှာ မဟုတ်ပါဘူး။ အဲဒီလိုခိုင်းနှိုင်းမိုက်မဲပြတဲ့ ဦးဌေးဦးကို ခွဲစိပ်ဝေဖန်ပြရရင် ခုအချိန်အထိ ဦးဌေးဦးဟာ ကိုယ့်

အခြေအနေနဲ့ ကိုယ့်အဖွဲ့အခြေအနေကို ကိုယ် နားမလည်သေးတဲ့လူလို့ပဲ သုံးသပ်ရမှာပါ၊

ဒီတော့ဦးဌေးဦးကို စကားလေးတစ်ခွန်း လောက် လက်ဆောင် ပေးပါရစေ။ (လာတ်ထိုးတာ မဟုတ်ဘူးနော်) "လောကကြီးမှာ

ကိုယ့်ကိုကိုယ်ဘာမှန်းမသိတဲ့သူတွေဟာ လောကမှာ အညံ့ဖျင်းဆုံးဖြစ်လေသည်" ဆိုတဲ့စကားလက်ဆောင်လေးပါ။

ဦးဌေးဦး စာများများဖတ်ပြီး အတွေးအခေါ်အမြန်ပြည့်ဖြိုးနိုင်ပါစေ...။

ဟာဂျူလီ(ကသာ)

(ယခုဖော်ပြသော ပေးစာသည် သက်ဆိုင်ရာ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။)


CJ myanmar


ရွှေထီးဆောင်းခဲ့သောအတိတ်က မြန်မာနိုင်ငံ

Posted: 07 May 2012 08:52 AM PDT


အတိတ်ကို ပြန်လွမ်းနေခြင်းမဟုတ်ပါ.. ရွှေထီးဆောင်းခဲ့သော မြန်မာနိုင်ငံအား မခံချင်စိတ်ဖြင့် အားလုံး ပြန်လည်တူး
ဆွဖော်ထုတ်စေရန် ရည်ရွယ်ပါသည်

-ကျနော်တို့ အစွမ်းကုန် ကြိုးစားကြရင် မြန်မာနိုင်ငံကို ဆယ်နှစ် အတွင်းမှာ မှီစေရမယ်----
၁၉၅၉.ခုနှစ် စင်ကာပူ အကြိုလွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် ခေါင်းဆောင် လီကွမ်ယုပြောကြားချက်..။

၁၉၅၉-ခုနှစ် (ပါလီမန်ဒီမိုကရေစီခေတ်) ဖွင့်လှစ်ခဲ့သော ရန်ကုန်လေဆိပ်အား ဖွင့်လှစ်သူ သမ္မတကြီး မန်းဝင်းမောင်မှ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီအချိန်က ရန်ကုန်လေဆိပ်ဟာ အာရှမှာ (ဂျပန်နဲ့ ဟောင်ကောင်မပါ) အကြီးဆုံးလေဆိပ်ကြီးဖြစ်ပါတယ်။ ထိုအချိန်က Thai Airways မပေါ်သေးသလို Singapore ချန်ဂီလေဆိပ် မရှိသေးပါ..။

အဲဒီအချိန်က မြန်မာပြည်မှာ UBA လေကြောင်း (ယခု မြန်မာ့လေကြောင်းတွင်) DC-3 ဒါကိုတာ လေယာဉ် (၁၈-စီး) ဗိုင်းကောင့်(ပန်ကာ လေးလုံးတပ်) လေယာဉ်ကြီး (၄စီး) ရှိခဲ့သည်။ ဟောင်ကောင်လို ခရီးဝေးကို တိုက်ရိုက် ပျံသန်းခဲ့သည်။ Time Newsweek များတွင် UBA လေကြောင်းလိုင်းကြော်ငြာများ မရိုးနိုင်အောင်တွေ့ရသည်..။

စီးပွားရေးနှင့် ငွေကြေးခိုင်မာမှု..။
ကမ္ဘာ့ဘဏ်နှင့် ဆွစ်ဘဏ်များတွင် ငွေကြေးကိုအာမခံထားရှိသည့်အတွက် ကမ္ဘာ့ထင်ရှာသောမြို့တော်များရှိ လေဆိပ်များတွင် မြန်မာ့ငွေကြေးကို ၁၉၆၂ မတိုင်မီအထိ ပေါက်ဈေးဖြင့်တိုက်ရိုက်လဲလှယ်ခွင့်ရှိ..။ မြန်မာငွေဖြင့် ပေးချေနိုင်..။ (ဦးနေ၀င်းခေတ်တွင် နိုင်ငံတကာတွင် ကျပ်ငွေအာမခံထားမှုဖျက်သိမ်းပြီး အာမခံ ဒေါ်လာသန်းပေါင်းများစွာ ပြန်လည်ထုတ်ယူ)

ဆက်သွယ်ရေးကဏ္ဍ

၁၉၆၀ ၀န်းကျင်တွင် အော်တို တိုက်ရိုက်လှည့်ပြီး ခေါ်ဆိုသောဖုန်းကို ဂျပန်နှင့်အပြိုင် အာရှတွင် ပထမဆုံးအဖြစ် တပ်ဆင်ခဲ့..။

ပညာရေး
ဆေးတက္ကသိုလ်များမှဆရာဝန်ဖြစ်လာသူများနိုင်ငံတကာအသိအမှတ်ပြုဆရာဝန်ဖြစ်ချင်လျင်အင်္ဂလန်ဆေးကောင်စီကို ပေါင်စတာလင် ၃၅၀ သွင်းလျှင် မည်သည့်စာမေးပွဲမှ ဖြေစရာမလိုပဲ နိုင်ငံတကာအသိအမှတ်ပြု ဆရာဝန်ဖြစ်သည်..။ (ထိုစဉ်က နိုင်ငံတကာငွေလဲလှယ်နှုန်း တစ်ပေါင်- ဆယ့်ငါးကျပ်ခန့်) ဆေးတက္ကသိုလ်ပညာသင်များ..။ WHO / UNICEF / COLUMBO / ADB စသော scholarships များကို အလွယ်တကူဖြေဆိုနိုင်ကြသည်..။

(အတိတ်ကို ပြန်လွမ်းနေခြင်းမဟုတ်ပါ.။ ရွှေထီးဆောင်းခဲ့သော မြန်မာနိုင်ငံအား မခံချင်စိတ်ဖြင့် အားလုံး ပြန်လည်တူးဆွဖော်ထုတ်စေရန် ရည်ရွယ်ပါသည်..။)

By.Yan Aung


ဦးနေမျိုးဝေနှင့် လယ်သမားများ ဇေကမ္ဘာ ကုမ္ပဏီရုံးရှေ့ (ရွှေနံ့သာလယ်ကွင်းထဲမှာ)(ရုပ်/သံ)

Posted: 07 May 2012 08:36 AM PDT


တရားမဝင် ကျူးကျော်နေထိုင်သူ တိုင်းတပါးသားတို့၏ အန္တရာယ်က နိုင်ငံသစ်တည်ဆောက်ရေးကို အနှောင့်အယှက် ဖြစ်စေ

Posted: 07 May 2012 08:07 AM PDT

ဂရိရေပိုင်နက်ထဲကို လှေနဲ့ ခိုးဝင်လာကြတဲ့ အာဖဂန်နစ်စတန်များကို ဂရိ လူဝင်မှုကြီးကြပ်ရေးမှ မေးမြန်းနေပုံ။

တရားမဝင် ကျူးကျော်နေထိုင်သူ တိုင်းတပါးသားတို့၏ အန္တရာယ်က နိုင်ငံသစ်တည်ဆောက်ရေးကို အနှောင့်အယှက် ဖြစ်စေ၊လူ့အခွင့်အရေးတွေအကြောင်း ပြောတာပဲဖြစ်စေ၊ လူမျိုးရေးအကြောင်းတွေ ပြောတာပဲဖြစ်စေ၊ စီးပွားရေး ဆက်စပ်မှုအရပဲဖြစ်စေ၊ တိုင်းတပါးသားတွေက နိုင်ငံတွင်းကို တရားမဝင်လာရောက် ကျူးကျော်နေထိုင်မှုဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာ ဖြစ်ရုံမက မြန်မာနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။

ဒီလိုဖြစ်ပျက်နေတာတွေကြောင့် မြန်မာနိုင်ငံရဲ့ အစဉ်အလာ ဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုအပြင် ဘာသာရေး၊ ပညာရေး၊ လူမှုရေးတွေမှာလည်း ရှုပ်ထွေးပြီး မလိုလားအပ်တဲ့ ပြသာနာတွေ ရှိလာနိုင်ပါတယ်။ သွေးနှောပြီး လူမျိုးပျောက်စေတဲ့ကိစ္စွအထိ အဆုံးစွန် ဖြစ်သွားနိုင်တာကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

တကယ်တော့ ကနေ့ မြန်မာအစိုးရ အပါအဝင် နိုင်ငံသားတိုင်းဟာ နောင်လာနောက်သား မျိုးဆက်သစ်တွေ အပေါ်မှာ ပိုမိုကြီးမားလေးလံတဲ့ ပြဿနာတွေကို တတ်နိုင်သမျှ မထားရစ်ခဲ့ဖို့ တာဝန်ရှိနေပါတယ်။

ပြည်ပကနေ တရားမဝင် လာရောက် ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားနိုင်မယ့် အဓိက နည်းလမ်း (၄) မျိုးကို အကြမ်းအားဖြင့် အကြံပြုလိုက်ပါတယ်။

(၁) ပြည်ပကနေ ကျူးကျော်နေထိုင်သူတွေကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ တားဆီး အရေးယူပိုင်ခွင့် ရှိသလို အခြေအနေအရ လိုအပ်လာတဲ့အခါမှာ ပိုမိုတင်းကျပ်တဲ့ ဥပဒေကို ထပ်ဆင့်ပြဌာန်းခွင့်လည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လို့ပါပဲ။ ဒါပေမယ့် ဒီလို တားဆီးရုံနဲ့တော့ မလုံလောက်ပါဘူး။

(၂) လူ့အခွင့်အရေးနဲ့ လူမျိုးရေးကို ဗန်းပြပြီး တိုင်းတပါးသားတွေ ပြည်ပကနေ ကျူးကျော်လာနိုင်အောင် ကြားကနေ ကူညီ ဆောင်ရွက်ပေးနေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း မှန်သမျှကိုလည်း တင်းကျပ်တဲ့ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူဖို့ လိုအပ်ပါမယ်။ ကြားလူ မကူညီရင် ကျူးကျော်ဖို့ အခွင့်အလမ်းက သိသိသာသာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

အဲဒီလို ကြားခံ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာမြန်မာနိုင်ငံပြည်တွင်းမှာရှိရင်မြန်မာနိုင်ငံသားဟုတ်သည်ဖြစ် စေ၊ မဟုတ် သည်ဖြစ်စေ ကျောသားရင်သား မခွဲခြားဘဲ မြန်မာနိုင်ငံ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပြီး ပြည်ပမှာရှိရင် ဘယ်နိုင်ငံသားဖြစ်စေ နိုင်ငံတကာ သဘောတူညီချက်တွေအရ အရေးယူ သင့်ပါတယ်။

(၃) အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု အစရှိတာတွေကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပုံစံနဲ့ တိုက်ဖျက်ကြသလိုပဲ ပြည်ပကနေ တရားမဝင် ကျူးကျော်နေထိုင်တာတွေကိုလည်း နိုင်ငံတကာပုံစံနဲ့ တားဆီးနိုင်ဖို့အတွက် မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ ပိုမိုဂုဏ်ရှိစွာနဲ့ တက်တက်ကြွကြွ ပါဝင်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ အဖြစ်ချင်းတူ ကြုံတွေ့နေရတဲ့ အာဆီယံနိုင်ငံတွေ အပါအဝင် အမေရိကန်၊ ဂျပန်၊ သြစတြေလျ အစရှိတဲ့ နိုင်ငံတွေနဲ့ အတူတကွ ပူးပေါင်း တားဆီးနိုင်မှာ ဖြစ်ပါတယ်။

(၄) အဓိကကျတဲ့ နောက်ဆုံးတချက်ကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ထောက်ခံအားပေးမှု ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဒီအချက်ကို လိမ္မာပါးနပ်စွာ စီမံဆောင်ရွက်နိုင်ဖို့ လိုအပ်ပါမယ်။

လွင်အောင်စိုး
မေလ ၇ ရက် ၂ဝ၁၂ ခုနှစ်


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment