| 
 
Posted: 27 Dec 2012 07:51 AM PST 
ပညာရေးနိမ့်ကျလို့ နိုင်ငံမတိုးတက်ရတာလို့ ဒေါ်စု ပြောကြား၊ ရန်ကုန်တက္ကသိုလ်ကနေ စတင်မည်ဟု ဆို ယနေ့ မွန်းလွဲတစ်နာရီအချိန်တွင် ပြည်သူ့ရင်ပြင်၌ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးရန်ပုံငွေပွဲတွင် အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က မိမိတို့နိုင်ငံတွင် သဘာဝအနေအထားကြောင့် ဆင်းရဲခြင်းမဟုတ် ပဲ စနစ်ကြောင့်သာ ဆင်းရဲနေခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ "အားလုံးကသိပါတယ် ကျွန်မတို့နိုင်ငံက ဆင်းရဲတယ်ဆိုတာကို သိပါတယ် ၊ သဘာဝအရဆင်းရဲတာ မဟုတ်ပါဘူး၊ စနစ်ကြောင့်ဆင်းရဲတယ်ဆိုတာ အများကြီး သိနေပြီးသားဖြစ်ပါတယ် ၊ စနစ်ကိုပြောင်း ဖို့ဆိုတာပညာလိုတယ်။ ပြောင်းချင် တိုင်းပြောင်းလို့မရဘူး၊ ပြောင်းပုံပြောင်းနည်းကလည်း လိုပါတယ်။ အဲ့ဒီလိုပြောင်း ပုံပြောင်းနည်း မှန်ကန်ဖို့ဆိုတာဟာကျွန်မတို့ရဲ့ပြည်သူတွေဟာ ပညာတတ်ဖို့လိုတယ် ဆိုတာ ကျွန်မ ခဏခဏပြောနေတဲ့ကိစ္စ ၊ပညာဆိုတာ ကျောင်းမှာနေတဲ့ ကလေးတွေအတွက်တင်မဟုတ်ပါဘူး၊ ကလေးလူကြီးမရွေး အားလုံးအတွက်ဖြစ်ပါ တယ်လို့ ပြောချင်ပါတယ် " ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ပညာရေးနှင့်ပတ်သက်၍ အဓိကထားပြောကြားခဲ့သော ၎င်း၏မိန့်ခွန်းတွင်မိမိတို့နိုင်ငံအား တိုးတက်စေချင်ကြောင်း ၊မိမိတို့ပြည်သူလူထုအားအဆင့်မြင့်စေချင်ကြောင်း ၊ ယခုကဲ့သို့ပညာရေးကွန်ရက်များထူထောင်နေရုံနှင့် မပြီးပဲ အားလုံးကကြိုးစားကြဖို့လိုအပ်ကြောင်းနှင့် ပြည်သူလူထုအားလုံးပညာရှိပါကမိမိတို့နိုင်ငံအတွက် မည်သည့် စိတ်ကွက်မှုများရှိမည် မဟုတ်ကြောင်း ထပ်မံပြောကြားသွားခဲ့သည်။ ထက်နောင်နောင်(မြန်မာ့ခောတ်)  |  
| 
 
Posted: 27 Dec 2012 07:25 AM PST 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် (၂)နှစ်ပြည့် ရန်ပုံငွေပွဲတော် ဖွင့်ပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ ပြခန်းသို့ ဆရာတော်အရှင်ဆန္ဒာဓိကမှ ကြွရောက်ကြည့်ရှုအားပေးစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရက်လုပ်ထားသော သိုးမွှေးအကျီကို ယခုလက်ရှိအချိန်အထိ ကျပ် သိန်း ၃၄၀ ဖြင့် ဈေးအမြင့်ဆုံးပေးထားသည်။(Photo..မြန်မာ့ခောတ်) AGB ဘဏ်က သိန်း ၇၀၀လှူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် ၂နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်တွင် အလှူငွေကျပ်သိန်း ၁၃၀၀ပေးအပ်နေသည့် Sky Net မှ ဒါရိုက်တာတစ်ဦးဖြစ်သည့် မမီးမီးကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ) Photo..DVB TV News.7Day News Journal  |  
| You are subscribed to email updates from dawnmanhon  To stop receiving these emails, you may unsubscribe now.  |  Email delivery powered by Google | 
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
--
http://www.burmaburo.blogspot.com









No comments:
Post a Comment