Saturday 5 January 2013





Posted: 29 Dec 2012 11:20 PM PST




"နောက်ဆိုလို့ရှိ ရင်ကျွန်မတို့က ဒီလှိုင်းကိုတစ်ဆင့်မြှင့်ပြီးတော့ သတင်းစာတစ်ခုလို ထုတ်စေချင်တာ၊ အခုလည်း ပုဂ္ဂလိကသတင်းစာတွေ လုပ်တော့မယ်ဆိုတော့ ဖြစ်စေချင်တယ်။ ဒီလှိုင်းကို သတင်းစာတစ်ခုအနေနဲ့ထုတ်ဖို့ ကြိုးစားတဲ့နေရာမှာ ကျွန်မတို့ပြည်သူတွေကလည်း ၀ိုင်းဝန်းပြီးတော့ ကူညီမစမယ်လို့ ယုံကြည်ပါတယ်။ အများရဲ့ကူညီမစမှုတွေရှိနေမှသာ ဒီလှိုင်းကို စာစောင်အဖြစ်ကနေ ပုဂ္ဂလိကသတင်းစာအဖြစ် ပြောင်းလဲနိုင်မှာပါ" ယယယဒေါ်အောင်ဆန်းစုကြည် ( ဒီလှိုင်းရုံခန်းသစ်ဖွဲ့ပွဲ မိန့်ခွန်းမှ ) (30-12-2012)

ဒီလှိုင်းဂျာနယ်အား နေ့စဉ်ထုတ် သတင်းစာအဖြစ်ထုတ်ဝေရန်စီစဉ်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီလှိုင်းဂျာနယ်ရုံးခန်းသစ်ဖွင့်ပွဲတွင် ပြောခြင်းဖြစ်သည်။

ဒီလှိုင်းဂျာနယ် ရုံးခန်းသစ် ပြောင်းရွှေ့ဖွင့်လှစ်ပွဲကို အမှတ်(၃၆၁)၊ မြေညီထပ်၊ ပုလဲသီရိတိုက်ခန်း၊ နတ်မောက်ရပ်ကွက်၊ တာမွေမြို့နယ် တွင်ကျင်းပပြုလုပ်ခဲ့သည်။

National League for Democracy
Posted: 29 Dec 2012 11:14 PM PST

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ က အသက် ၂၃ နှစ်အရွယ် ဆေးကျောင်း သူလေး တစ်ဦး ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက အမျိုးသား သူငယ်ချင်းတစ်ယောက်နဲ့ ရုပ်ရှင် ကြည့်ပြီး ပြန်လာပါတယ်။

ဘက်စ်ကားစီးပြန်ပေမယ့် ကားပေါ်မှာ လူသိပ်မရှိတော့ပါဘူး။ ဒါကို အခွင့်အရေးယူပြီး အမျိုးသား ၆ ဦးဟာ ဘက်စ်ကားပေါ်ပါလာ တဲ့ ဆေးကျောင်းသူတို့ ခရီးသည် နှစ်ဦးကို နှိပ်စက်ပါတယ်။ အမျိုးသမီး ဆေးကျောင်း သူကို နှိပ်စက်ရုံတင်မကပဲ ဝိုင်းဝန်း အဓ္ဓမ ကျင့်ခဲ့ ပါတယ်။ ယင်းနောက် နှစ်ဦးလုံးကို အမြန်မောင်းနေတဲ့ ဘတ်စ်ကားပေါ်က ပစ်ချခဲ့ပါတယ်။

ဒဏ်ရာဗလပွနဲ့ လူနှစ်ယောကို ဒေလီမြို့ ပေါ်က ဆေးရုံမှာ ကုသပါတယ်။ အမျိုးသမီးငယ်လေး
အခြေအနေမဟန်တော့ပါဘူး။ ပြည်တွင်း ဆရာဝန်များ ကယ်မနိုင်တော့တဲ့အခြေအနေမို့ စင်္ကာပူက Mount Elizabeth ဆေးရုံပေါ် တင်ပြီး ကုသပါတယ်။

ဆေးကျောင်းသူလေး အမျိုးသမီးမှာ ဒဏ်ရာအတော်များပါတယ်။ ကိုယ်တွင်း ဒဏ်ရာ၊ ပြင်ပ ဒဏ်ရာ၊ ဦးနှောက်ဒဏ်ရာ၊ စိတ်ဒဏ်ရာပေါင်း များစွာနဲ့ ကုသမှုခံယူခဲ့ပါတယ်။ မထူးခြားပါဘူး။ ဒီဇင်ဘာလ ၂၉ ရက် ရက်နေ့ မနက် အစောပိုင်းမှာပဲ ကွယ်လွန်သွားပါတယ်။

သူမ ရဲ့  သတင်းကြားရတဲ့ အိန္ဒိယပြည်သူများ ဒီတိုင်း ကြည့်မနေ တော့ ပါဘူး။ နယူးဒေလီမြို့ အပြင် ကျန်မြို့ ကြီး တွေမှာပါ အိန္ဒိယ ပြည်သူပေါင်း သန်းနဲ့ချီပြီး ဆန္ဒပြ ဆန့်ကျင်နေပြီ ဖြစ်ပါတယ်။ အိန္ဒိယအမျိုးသမီးတို့ရဲ့  ဘဝလုံခြုံမှုကို အပြည့်အဝ မပေးတဲ့ အစိုးရအား ဖြုတ်ချဖို့ အထိတောင် တောင်းဆိုပါတယ်။ အဓ္ဓမ ပြုကျင့်မှုများ၊ မတရားအနိုင်ကျင့်မှု များဟာ အိန္ဒိယမှာ အမြဲလိုလို ဖြစ်နေပေမယ့် ယခု ဖြစ်ပွားမှု ကတော့ တော်တော်ဆိုးရွားပြီး ကမ္ဘာသိ ဖြစ်သွား ရပါတယ်။ ကမ္ဘာ့သတင်း မီဒီယာများလည်း စောင့်ကြည့်လာပြီး အမျိုးသမီး လူ့အခွင့်အရေး အတွက် အိန္ဒိယ အစိုးရက ဘယ်လို ပြန်ပေးဆပ်မယ်ဆိုတာကို စောင့်ဆိုင်းလျက် ရှိပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Manmohan Singh လည်း စိတ်မကောင်းစွာနဲ့ပဲ ဆန္ဒပြ သူများ စိတ်တိုင်းကျဖြစ်လာဖို့ ကြိုးပမ်း ပေးနေပါတယ်။ လက်ရှိမှာ တရားခံ နဲ့ အဆက်အသွယ်ရှိတယ်လို့ ယူဆရတဲ့ တရားခံ ၆ ဦးကို ဖမ်းဆီး ရမိ ထားပြီး တရားခံများကို မကြာမီ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ပြောဆို ထားပါတယ်။

ဘယ်လို တရားစီရင်မှုလုပ်လုပ်၊ အပြစ်ပေးမှုလုပ်လုပ် သေသွား တဲ့ ဆေးကျောင်းသူကို အသက်ရှင်လျက်နဲ့ ပြန်မရနိုင်တော့ပါဘူး။ အသက်ရှင်ရင်တောင် ဘဝမရှင် တော့တဲ့ သူမဟာ ဘဝသေပြီးသား လူ ဖြစ် ပါတယ်။ နယူးဒေလီမြို့ ကြီးရဲ့  ညတွေမှာတော့ သူမအတွက် ဆုတောင်းပေး တဲ့ ဖယောင်းတိုင်များနဲ့ ထိန်လင်းလျက် ရှိကြောင်း သိရပါတယ်။
--
Ref:dm.co.uk
ရိုးရာလေး သတင်း
---
http://www.yoyarlay.com/international-news/asia/33629-idian-rape-suck



Aye Chan Mon
Posted: 29 Dec 2012 07:50 PM PST
Napaw campကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်လိုင်ဇာကို ထိုးစစ်ဆင်နေသည့် အစိုးရကြည်းတပ်ဖွဲ့များအား လေတပ် တိုက်လေယာဉ်များက အကြိမ်ကြိမ် ပစ်ကူပေး နေရသည်ဟု KIA ပြောခွင့်ရသူ ဦးလနန် က ဆိုသည်။

"ဒီလိုဗျ။ အလုံးအရင်းနဲ့ တက်လာတယ်။ သူတို့တပ်တွေကို ပိတ်ပြီး တိုက်တော့ လေကြောင်းအကူ ပေးရတဲ့ သဘော ပါဘဲ။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ မြစ်ကြီးနား - လိုင်ဇာ လမ်းပိုင်းမှာ ဂန်တောင်ယန်မှာ တစ်ပွဲ- ဘန်ဒေါင် -နန်ယာရဲ့ အရှေ့ ဘက် ဂန်ဒေါင်ဒုကျေးရွာ ဘက်မှာဖြစ်တယ်။ တိုက်ပွဲကြီး၂ ပွဲ ပေါ့ဗျာ။ နေ့လည်တစ်နာရီ ကျော်ကျော်မှာဖြစ်တယ်။ သူတို့က တိုက်လေယာဉ်နဲ့ ပစ်ခတ် နေပေမဲ့
ကျနော်တို့ဘက်က ထိခိုက်တာမျိုး မရှိဘူး ခင်ဗျ။" ဟု ဆိုသည်။

ယမန်နေ့ နေ့လည်က လေတပ်မှ ဗုံးကျဲ ချထားသော နေရာများသို့ ကြည်းတပ်က နေရာ ၀င်ယူနိုင်ရန် အမြောက်တပ်က တနေကုန် ပစ်ကူပေး နေခြင်း ဖြစ်သည်။
ဗန်းမော်- လိုင်ဇာ လမ်းကြောင်း အပါအ၀င် လဂျားယန် တ၀ှိုက် နေရာယူထားသည့် တပ်ဖွဲ့များအပြင် မြစ်ကြီးနား လိုင်ဇာလမ်းကြောင်းနှင့် စတန်ပါ - လိုင်ဇာ လမ်းကြောင်းများရှိ အစိုးရတပ်များကိုပါ KIA က တန်ပြန်တိုက်ခိုက်နေ ခြင်းဖြစ်သလို အစိုးရတပ်ဖွဲ့များ အထိနာပြီး ရှေ့တိုး၍ မရသဖြင့် လေကြောင်းအကူ ယူရခြင်းဖြစ်သည်ဟု KIA က ယူဆထားသည်။

KIO ဌာနချုပ် အနီး တိုက်ပွဲများ ဖြစ်ပွားနေသလို ယမန်နေ့ကမှ မြစ်ကြီးနားကို ရထားစင်းလုံးဖြင့် ရောက်လာ သော အစိုးရတပ်ဖွဲ့ တပ်မ ၁၀၁ မှ စစ်ကူများသည် ယနေ့တွင် ဂန်ဒေါင်ယန်ကို ရောက်ရှိလာခဲ့သည်ဟု KIA က ဆိုသည်။

"မနေ့က သူတို့ လေယာဉ်နဲ့ ပစ်ရှင်းခိုင်းထားတယ်။ အဲဒီနေရာမှာ သူတို့ စစ်ကြောင်းတွေ ဝင်လာတယ်။ အလွယ်တကူ ဝင်လာ တာပေါ့ဗျာ။ သူတို့ နေရာယူ ထားပြီး မနေ့ ညနေမှာ စပြီးတော့ မြေပြင်တိုက်ပွဲ စဖြစ်တယ်။ ဒီနေ့မနက်လဲ ဖြစ် တယ်။ ကျနော်တို့ တပ်ဖွဲ့တွေက နောက်ကနေ ဝိုင်းပြီးတော့ ပိတ်ဆို့လိုက်တဲ့ အခါမှာ ဒီလဂျားယန် ဘက်မှာ သူတို့ စစ်ကြောင်းတွေ ပိတ်မိကုန်တယ်။ အဲတာကြောင့် သူတို့ လေယာဉ်နဲ့ နေ့လယ်မှာ တကြိမ် ညနေပိုင်းမှာ တကြိမ် ပြန်လာပစ်ပေးတယ်။" ဟု ဆိုသည်။

အစိုးရ၏ အမြောက်တပ် ပစ်ကူများနှင့် လေယာဉ်ဗုံးကျဲမှုများသည် ထိရောက်မှုမရှိသလို ကြည်းတပ်များ သည်လည်း တိုက်ခိုက်ရေးစွမ်းရည်ထက် အင်အားအဆမတန် သုံးပြီး ဖိအားပေးသည့် နည်းကို အသုံးပြုနေ ရသည်ဟု စစ်ရေးအကဲခတ်များက ဆိုသည်။ သို့သော် ဖိအားပေးသလောက် မထိရောက်သဖြင့် နောက်ထပ်စစ်ကူများ ပို့ပေးနေရခြင်းဖြစ် ဖွယ်ရှိကြောင်း ပြောဆိုသည်။

လောလောဆယ်တွင် မြစ်ကြီးနား မြို့နယ်ရှိ ဧရာဝတီ မြစ်ကမ်းတလျှောက်တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ သွားလာခွင့်မပြုရန် အမိန့်ထုတ်၍ ရက်အကန့်အသတ် မရှိ ပိတ်ပင်ထားကြောင်း သိရသည်။

ရွှေဟင်္သာ သတင်း
Posted: 29 Dec 2012 07:40 PM PST

တိုင်းရင်းသားမောင်နှမများခင်ဗျား

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ပတ်သက်ပြီးဇန်န၀ါရီလ ၁ရက် ၂၀၁၃ခုနှစ် ညနေ ၂နာရီမှ ၅နာရီထိ
မဟာဗန္ဓုလပန်းခြံရှေ့မှာရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးလိုလားသူပြည်သူများက နှစ်သစ်ကူးငြိမ်းချမ်းရေးဆုတောင်းပွဲတခုပြုလုပ်သွားမှာဖြစ်ပါတယ်။သက်ဆိုင်ရာအာဏာပိုင်များထံကြိုတင်ခွင့်ပြုမိန့်တောင်းခံထားဆဲဖြစ်ပြီး၊ ခွင့်ပြုမိန့်ရမရဆိုတာကို ဆက်လက်အသိပေးဖော်ပြ သွားပါမယ်။ငြိမ်းချမ်းရေးလိုလားသူများပါဝင်ဆုတောင်းနိုင်ပါတယ်။

Dear All
Dedicating to the civil war in Kachin State, Burma,
A New Year Praying Campaign for peace will be
commemorated by peace loving people in Yangon.
Official permission to authorities was already applied and
still waiting for response. We will keep update about permission
as soon as we were informed. Any who love peace and do something
for war victims can join and pray with us.

Best Regards
Moe Thway
(Generation Wave)
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment