Tuesday 19 February 2013

လူမှန်နေရာမှန်





လူမှန်နေရာမှန်
သရ၀ဏ်(ပြည်) Ko Nyi
October 20, 2012 at 8:36pm near Yangon, Myanmar •


၂၀၀၆ ခုနှစ်နှစ်လည်ခန.်ကဖြစ်သည်။ ဥရောပတိုက်သား
ကမ္ဘာလှည်.ခရီးသည်တစ်ဦးကို ကျွန်တော် မြန်မာပြည်အနှံ.
ဧည်.လမ်းညွှန်အဖြစ်လိုက်ပါဝန်ဆောင်မှုပေးရသည် ။ ဧည်.သည်၏အမည်မှာ မစ္စတာ
ဂွမ်တာ(Gunter) ဖြစ်သည် ။ မစ္စတာဂွမ်တာသည် သည် ကျွန်တော်.မိတ်ဆွေ
မြန်မာမလေးမသင်္ဂီ နှင်.အိမ်ထောင်ကျပြီး နိုင်ငံခြားမှာနေသည် (
ဘယ်နိုင်ငံလဲဆိုတာတော. မပြောလိုတော.ပါ ) ။
ထိုသို.သွားလာလည်ပါတ်ကြရင်း တစ်နေ.တွင် နိုင်ငံခြားသားကြီးက
ထူးဆန်းသောစကားတစ်ခွန်းကို ဤသို.ပြောလာ၏ ။
" ညီညီ မင်းသိလား ၊ ငါတို.နိုင်ငံမှာ ရှိတဲ.မြန်မာသံအမတ်ကြီးက
အင်္ဂလိပ်စကားပြောရင် အမြဲတမ်းသုံးကြောင်းပဲပြောတယ် ၊ ပြီးရင် ဘာမှ
ဆက်မပြောတော.ဘူး "
" ဘာဖြစ်လို. သုံးကြောင်းပဲပြောတာလဲ " ဟု ကျွန်တော်ကမေးလျှင်
" သူက အင်္ဂလိပ်လို မပြောတတ်ဘူး ဒါ.ကြောင်. အလွတ်ကျက်ပြီးပြောတာ
၊သူကျက်လာတာ ပဲပြောတတ်တယ်၊ဥပမာ ကျွန်တော်ဟာ မြန်မာနိုင်ငံကသံအမတ်ကြီးပါ ၊
မြန်မာနိုင်ငံဟာ အရမ်းကို သာယာပါတယ် ၊ မြန်မာနိုင်ငံကိုလာလည်ဖို.ဖိတ်ခေါ
်ပါတယ် ။ အဲဒါပြောပြီးရင် ဘာမေးမေးဆက်မပြောတော.ဘူး " ဟုဖြေပါသည် ။
ကျွန်တော်သည် ကြားရသည်.သတင်းကိုမယုံသ ဖြင်. နိုင်ငံခြားသား၏ဇနီး
ကိုမေးကြည်.ရာ သံရုံးအသိုင်းအ၀ိုင်းနှင်.နီးစပ်သော မသိင်္ဂီ က
" ဟုတ်တယ် ကိုညီ ၊ ကျွန်မလဲ ပြောဖူးတယ် အင်္ဂလိပ် စကားမပြောတတ်တာ
ရှက်စရာမလိုဘူး ၊ ဒီလိုကြီးအလွတ်ကျက်ပြီးပြောနေတာမှ ရှက်ဖို.ကောင်းတာ ၊
အကောင်းဆုံးကတော. အနားမှာ စကားပြန်တစ်ယောက်ထားပြီး ပြောတာ
အကောင်းဆုံးပဲလို. ကျွန်မအကြံပေးဖူးတယ် ၊ ဒါပေမယ်. သံအမတ်ကြီးကလက်မခံဘူး
။ သူအင်္ဂလိပ်လိုမပြောတတ်လို.စကားပြန်ကနေတဆင်.ပြောနေရပါတယ်ဆိုတာ
နေပြည်တော်က လူကြီးတွေ သိကုန်မှာ ကို အရမ်းစိုးရိမ်နေတဲ.သဘောရှိတယ် ။
အဲဒါကြောင်. သံတမန်ဧည်.ခံပွဲတွေတက်ရင် ပြောရမယ်. စကားသုံးကြောင်းလောက်ကို
အလွတ်ကျက်တယ် ။ ဘယ်သူ.ကိုတွေ.တွေ. အဲဒိစကားပဲ ပြောတယ် ။ ကျက်ထားတာကုန်ရင်
ဘာမေးမေးဆက်မပြောတော.ဘူး ။ အဲဒါအမှန်ပဲ၊ သုံးကြောင်းကျက်
သံအမတ်ကြီးလို.တောင်တစ်ချို.ကခေါ်ကြတယ် "
အံသြကုန်နိုင်ရာသော် ဟုသာ ကျွန်တော်ရေရွတ်နိုင်ပါတော.သည် ။
ထိုသံအမတ်ကြီးယခုရှိသေးသလား၊မရှိတော.ဘူးလားမသိပါ။သံအမတ်တိုင်းထိုသို.
ဖြစ်မည်မဟုတ်သော်လည်း စစ်အစိုးရလက်ထက်က သံတမန်ရာထူးခန်.ထားမှုများသည်
ရာထူးနှင်.ထိုက်တန်သောပညာအရည်အချင်းအလိုက်ခန်.အပ်နိုင်မှုနည်းပါးခဲ.ပါသည်
။လူတစ်ယောက်ကို ချီးမြှောက်ချင်သောအခါ (သို.မဟုတ်)ပြည်တွင်းမှာ
မထားချင်တော.သောအခါ သံအမတ်ခန်.အပ်၍ ပြည်ပသို.စေလွှတ်လေ.ရှိရာ
သံအမတ်ရာထူးမှာ နယ်နှင်ဒဏ်ခံရသည်.အလားဖြစ်ပါသည် ။ မြန်မာပြည်တွင်
ကျွမ်းကျင်သော ပညာရှင်တွေမရှိ၍လား ဆိုတော. ဒုနဲ.ဒေးအပုံအပင်ရှိပါသည် ။
ဤနေရာတွင်ကိုယ်တွေ.ကြုံခဲ.ရသည်များကိုလဲပြောပြချင်ပါသည်။ ၁၉၈၇ တွင်
ကျွန်တော် ဆယ်တန်းအောင်ပါသည် ။ ၀ိဇ္ဖာ (မြန်မာစာ ) ဘာသာတွဲတွင်
ပဲခူးတိုင်းတွင် အမှတ်အများဆုံးဖြင်. ပထမရ၍ ရန်ကုန်တက္ကသိုလ် တွင်
နိုင်ငံတကာဆက်ဆံရေးပညာ ( International Relations ) ဘာသာရပ်အဓိကဖြင်.
၁၉၈၇ ဒီဇင်ဘာလတွင် စတင်ပညာဆည်းပူးခွင်.ရပါသည် ။ ထိုစဉ်က ၀ိဇ္ဖာ
ဘာသာရပ်များတွင် နိုင်ငံတကာဆက်ဆံရေးပညာ ( IR ) ဘာသာရပ်သည်
အမှတ်အမြင်.ဆုံးဖြစ်ပါသည် ။ စီးပွားရေးတက္ကသိုလ်ထက်ရော ၊ အင်္ဂလိပ်စာ မေဂျာ
ထက်ရော အမှတ်မြင်.ပါသည် ။ နယ်မှလာတက်သော ကျောင်းသားအများစုကို
အစိုးရကျောင်းဆောင်များတွင်ကျောင်းအိပ်ကျောင်းစားနေထိုင်ခွင်.ပြုသဖြင်.
ရန်ကုန်တက္ကသိုလ် (ပင်မ ) ၀င်းအတွင်းရှိ ပင်းယဆောင်တွင်
ကျောင်းဆောင်နေထိုင်ခွင်.ရခဲ.ပါသည် ။ ကျောင်းတက်တော. RC (2) ခေါ
်ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) တွင် နှစ်နှစ် ၊ ရန်ကုန်တက္ကသိုလ်
(ပင်မ)တွင် နှစ်နှစ်တက်ရပါသည် ။ ကျွန်တော်တို.သည်
နိုင်ငံတကာဆက်ဆံရေးပညာကျောင်းသားများတွင် စတုတ္ထ အသုတ် ( 4th Batch )
ဖြစ်ပါသည် ။
ထိုစဉ်က ( IR)ကျောင်းသားကျောင်းသူတော်တော်များများတွင်
ဘ၀ရည်မှန်းချက်များ မြင်.မြင်.မားမား ထားရှိခဲ.ကြပါသည် ။
ကျောင်းပြီးသွားသောအခါ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အလုပ်ဝင်ကာ သံအရာရှိ
အငယ်တန်းလေးတွေ ဘ၀မှ တစ်စတစ်စ မြန်မာနိုင်ငံကိုကိုယ်စားပြုသော
သံအရာရှိကြီးများဖြစ်အောင်ကြိုးစား ကြမည်ဟူသော လူငယ်များ၏ ရိုးရိုးသားသား
ဘ၀မျှော်လင်.ချက်များ ဖြစ်ပါသည် ။
ထိုသို.ကြီးမားသောမျှော်လင်.ချက်အလင်းရောင်များဖြစ်ထွန်းအောင်နိုင်ငံတော်မှ
စီစဉ်ဆောင်ရွက်ခဲ.တာဖြစ်သည် ။ ရန်ကုန်တက္ကသိုလ်တွင် နှစ်ပေါင်းများစွာ
ရပ်နားထားသော နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို ထိုစဉ်ကလမ်းစဉ်ပါတီ ဥက္ကဌကြီး
ကတော် ၊ ဆရာမကြီး ဒေါ်နီနီမြင်.က ၁၉၈၅ တွင် ပြန်လည်ဖွင်.လှစ်ကာ
အနာဂါတ်မြန်မာနိုင်ငံ၏ သံတမန်ရေး
လူ.စွမ်းအားအရင်းအမြစ်လိုအပ်ချက်ကိုဖြည်.ဆီးရန် ရည်ရွယ်ချက်ဖြင်.
တည်ထောင်သင်ကြားပေးခဲ.ခြင်းဖြစ်သည် ။
ကျွန်တော်တို.သည် ၁၉၈၇ ဒီဇင်ဘာလ၏ နှင်းမှုန်များနှင်.အတူ အဓိပတိလမ်းပေါ
်သို. စတင်ခြေချခွင်.ရပြီး နောက် သုံးလကြာသောအခါ
စက်မှုတက္ကသိုလ်ကျောင်းသားများနှင်. ကြို.ကုန်းရှိ
အရပ်သားလူငယ်များစကားများရန်ဖြစ်သည်ကို သက်ဆိုင်ရာမှ
အင်အားသုံးဖြိုခွင်းသည်မှ အစပြု၍ စက်မှုတက္ကသိုလ်ကျောင်းသား
ကိုဘုန်းမော်ကျဆုံးကာ ၁၉၈၈ အရေးအခင်းကြီး နှင်.ကြုံရပါတော.သည် ။
ထိုရှစ်လေးလုံး အရေးတော်ပုံကြောင်. မြန်မာ.ဆိုရှယ်လစ်လမ်းစဉ် အစိုးရ
အာဏာမှပြုတ်ကျသွားပြီး ပါတီဥက္ကဌ ဖြစ်သူ ဦးနေ၀င်းလည်း တရားဝင်
ရာထူးတွင်မရှိတော.ပါ ။ ဦးနေ၀င်းရာထူးတွင်မရှိတော.သောအခါ
မြန်မာနိုင်ငံ၏ထုံးစံအတိုင်း ဦးနေ၀င်း၏ ဇနီးဖြစ်သူ ဒေါ်နီနီမြင်.၏
လုပ်ပိုင်ခွင်.နှင်.သြဇာအာဏာများလည်း(တက္ကသိုလ် ပရ၀ုဏ်တွင် )
ကျဆင်းခဲ.ပါသည် ။ထိုအချိန်မှစ၍ ဒေါ်နီနီမြင်.နှင်.
နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပေါမောက္ခ
ဆရာကြီး၊ဆရာမကြီးများရည်မှန်းထားရှိသော သံတမန်လောကအတွက်
ကျွမ်းကျင်ပညာရှင်များမွေးထုတ်ရေး စီမံကိန်းသည် ချောင်ထိုးခံခဲ.ရပါသည် ။
ထိုစဉ်က နိုင်ငံတကာဆက်ဆံရေးပညာဌာနကို ရန်ကုန်နှင်.မန္တလေးတက္ကသိုလ်များတွင်
နှစ်စဉ် လူဦးရေ တက္ကသိုလ်တစ်ခုလျှင် တစ်ရာခန်.ခေါ်ပါသည် ။
ထိုလူတစ်ရာထဲတွင် ကျောင်းသား(၅၀) ကျောင်းသူ (၅၀) မျှတစွာခေါ်ပါသည် ။
ကျွန်တော်သည် IR အပါတ်စဉ် (၄) အဖြစ်စတင်တက်ရောက်ခဲ.ရာ စာများမှာ
အလွန်ခက်ခြင်း၊ အရေးအခင်းကြောင်. တက္ကသိုလ်များ နှစ်ရှည်ပိတ်လိုက်ခြင်း ၊
စာမေးပွဲကျရှုံး၍ ကျောင်းမှထွက်သွားခြင်း၊ အချို.မှာ ကွယ်လွန်သွားကြခြင်း
စသည်ဖြင်. နှုတ်လိုက်သောအခါ ၁၉၈၈ ၌မူလကလူ(၁၀၀) ရှိသော စာသင်သားများမှာ
၁၉၉၄ တွင်လူ(၆၀)ကျော် ခန်.သာ ဘွဲ.ရကြပါသည် ။
ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုသင်ကြားကြရပြီး
ကျွန်တော်တို.သင်ကြားခဲ.ရသောဘာသာရပ်များမှာ
- နိုင်ငံရေးသိပ္ဖံ ( ၈၈ အရေးအခင်းဖြစ်ပြီးသောအခါ ထိုဘာသာရပ်ကို
ဖြုတ်ပစ်လိုက်ပါသည် )
- အင်္ဂလိပ်စာ
- နိုင်ငံတကာဆက်ဆံရေးပညာ ( International Relations )
- နိုင်ငံတကာအုပ် ချုပ်ရေးပညာ ( International Administrations
)နောက်ပိုင်းဤဘာသာရပ်ကိုလည်းဖြုတ်လိုက်ပါသည်
-
- သံတမန်ကျင်.ထုံး ( Diplomacy )
- နိုင်ငံတကာဥပဒေ ( International Law )
- ပထ၀ီနိုင်ငံရေး ( Geopolitics )
- သမိုင်း( History )
- ဘောဂဗေဒ ( Economics ) တို.ဖြစ်ကြပြီး ရိုးရိုးဘွဲ.အတွက် လေးနှစ် (
ကျောင်းပိတ်ထားသောကာလများမပါ ) သင်ယူရပါသည် ။ဂုဏ်ထူးတန်းအတွက် ငါးနှစ် ၊
မဟာဘွဲ.အတွက် Thesis အပါအ၀င် ခြောက်နှစ် အပြင်းအထန် ကြိုးစားလေ.လာရပါသည်။
-

ကျောင်းပြီးသောအခါ ကျွန်တော်တို.သူငယ်ချင်း ၆၀ ကျော်တွင် နှစ်ယောက်သာ
နိုင်ငံခြားရေးဝန်ကြီးဌာနတွင်အလုပ်ရပါသည် ။ ထိုနှစ်ယောက်လုံး၏ မိဘများသည်
ထိုအချိန်က အစိုးရဌာနများတွင်ဧရာမရာထူးလက်ရှိများဖြစ်ကြပါသည်
။သူတို.တွေကတော.ကျောင်းမပြီးခင်ကပင် ကြိုကြိုတင်တင်အလုပ်ရကြပါသည်။
ကျန်လူများကတော.အလုပ်မရကြပါ။ကျွန်တော်တို.ထက်စော၍ ကျောင်းပြီးသော
ရန်ကုန်နှင်.မန္တလေးမှ B.A (IR ) ဘွဲ.ရများသည်လည်း
ဘွဲ.လက်မှတ်ကြီးများကိုကိုင်ကာ ဘာလုပ်ရမည်မသိပဲ ယောင်ချာချာဖြစ်နေကြပါသည်
။ ကျွန်တော်တို.လေ.လာသင်ကြားခဲ.သော ပညာများကိုလက်တွေ.အသုံးချရမည်.
အလုပ်အကိုင်နယ်ပယ်သည် မရှိသလောက်ကျဉ်းမြောင်းလှပါသည် ။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ အလုပ်ခေါ်သောအခါ
နိုင်ငံတကာဆက်ဆံရေးဖြင်.ဘွဲ.ရရမည် ဟု မခေါ်ပဲ
မည်သည်.ဘွဲ.ရမဆိုလျှောက်ထားနိုင်သည် ဟု ဆိုရာ နိုင်ငံခြားရေးဝန်ကြီးဌာန၌
ဓါတုဗေဒ၊ ရူပဗေဒ ၊ သင်္ချာ ၊ စိတ်ပညာ ၊ ကုန်ထုတ်ဓါတု ၊ စသည်ဖြင်.
နိုင်ငံတကာဆက်ဆံရေးနှင်. မည်သို.မျှ မသက်ဆိုင်သော သူများ သာ တွင်ကျယ်စွာ
အလုပ်ရကြလေ၏ ။ များသောအားဖြင်. နိုင်ငံခြားသံရုံးများတွင် အလုပ်ခန်.ရန်
ရာထူးလစ်လပ်သောအခါ လူသိရှင်ကြားခေါ်ယူလေ. မရှိသလောက်နည်းပြီး
လက်သိပ်ထိုးခေါ်ယူပြီး နီးစပ်ရာမှ ၀င်သွားသည်သာများသည် ။ တရားဝင်ခေ
ါ်ယူသောအခါတွင်လည်း
ကြိုတင်သတ်မှတ်ထားပြီးသူများရှိနေသကဲ.သို.ပလာစတာမရှိသော IR ဘွဲ.ရများမှာ
နောက်တွင်ကျန်ရစ်ခဲ.သည်သာများပါသည် ။နိုင်ငံခြားရေးဝန်ကြီးဌာနတွင်
ဝန်ထမ်းဘယ်နှစ်ယောက်ရှိပြီး ထိုဝန်ထမ်းများထဲတွင်
သက်ဆိုင်ရာဘာသာရပ်ဖြင်.ဘွဲ.ရထားသူဘယ်နှစ်ယောက်ရှိသလဲဆိုတာ
တရားဝင်စာရင်းပြုစုအချိုးချကြည်.လျှင်(
လွှတ်တော်မှာမေးခွန်းမေးကြည်.ခဲ.လျင် ) စာရေးသူပြောတာဟုတ်မဟုတ်
ပေါ်လွင်ထင်ရှားပေလိမ်.မည်။

ထိုအခါစိုးနိုင်ဆိုသော ခပ်ရွတ်ရွတ် သူငယ်ချင်ူး တစ်ယောက်က " စိုးနိုင်
B.A ( IR ) ကြံရည်ဆိုင် " ဟုဆိုကာ ပုသိမ်မြို.တွင် ယနေ.တိုင်
အအေးရောင်းချနေပါသည် ။သူငယ်ချင်းတစ်ယောက်ကလည်း သူ၏ဇာတိဖြစ်ရာ
ဝက်ထီးကန်မြို.သို.ပြန်ကာ စပါးပွဲစားလုပ်နေပါသည်။ ဂုဏ်ထူးတန်းဝင်၍
စာသိပ်တော်သော သူငယ်ချင်းတစ်ယောက်ကလည်း ပဲနွယ်ကုန်းသို.ပြန်ကာ ၀ါးဓနိ
ရောင်းစားနေပါသည် ။ ကျွန်တော်တို.လည်း နိုင်ငံတကာဆက်ဆံရေးဘွဲ.ရပြီးကာမှ
ဈေးသည် ၊ မူလတန်းကျောင်းဆရာ ၊ စာရေးစာချီ ၊ မလုပ်ကိုင်လိုတော.သဖြင်.
ကိုယ် တတ် ထားသောပညာနှင်.ဆိုင်ဆိုင်မဆိုင်ဆိုင် ရရာအလုပ်များဝင်လုပ်ရရာ
အချို. (အများစု ) မှာ ဧည်.လမ်းညွှန်များဖြစ်လာကြပါသည်(ဥပမာ
ကျွန်တော်ကိုညီညီ် ၊ ကိုရဲမြတ်ထွန်း (ဥက္ကဌ
(မြန်မာနိုင်ငံဧည်.လမ်းညွှန်အသင်း/မန္တလေး ) ၊
ခင်မြတ်မော်(ဂျာမန်ဘာသာဧည်.လမ်းညွှန်)၊ စန္ဒာဝင်း
(ပြင်သစ်ဘာသာဧည်.လမ်းညွှန်) စသည်ဖြင်. ။ အချို.မှာ ကျူရှင်ဆရာများ ၊
အချို.က ဂျာနယ်လစ် ၊ အချို.ကပုဂ္ဂလိကကျောင်းတည်ထောင်သူ (ဥပမာ ၊ ကိုရဲထွန်း
Horizon International School) အချို.က အကျိုးဆောင်အေဂျင်စီ ၊
အချို.ကနိုင်ငံရေးသမား (ဥပမာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုကိုကြီး)၊ စသည်ဖြင်. ( သံတမန်လောကမှအပ
)နယ်ပယ်အသီးသီးသို.ရောက်သွားကြပါသည် ။ယခုဆောင်းပါးသည် ကျွန်တော်တို.
အလုပ်လိုချင်၍ရေးသောဆောင်းပါးမဟုတ်ပါ ။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ
အလုပ်ခေါ်ခဲ.ပါလျှင်လည်းယခုအခါလုပ်ကိုင်လိုစိတ်မရှိကြတော.ပါ။နောက်တက်မည်.လူငယ်များ၏ရှေ.တွင်သာတက်လမ်းကိုပိတ်၍မရပ်ကြပါနှင်.ဟုဆိုလိုရင်းဖြစ်သည်

အခြားဌာနများတွင်လည်းထိုနည်းနှင်နှင်ဖြစ်ပါသည် ။ စက်ရုံတစ်ရုံ၏
စက်ရုံမှုးရာထူး ကို ခန်.အပ်ခံရသူမှာ မြန်မာစာဖြင်.ကျောင်းပြီးထားသော
စက်ရုံအတွေ.အကြုံလုံးဝမရှိသူတစ်ဦးဖြစ်သည် ။ သူ၏ တော်ကွက်မှာ
အလုပ်ခန်.ရာတွင်အဆုံးအဖြစ်အဖြတ်ပေးနိုင်သော ထိုဌာန၏ အမြင်.ဆုံး ပုဂ္ဂိုလ်
နှင်. တူဝမ်းကွဲတော်သည် ဟူသတတ်။ ထို.အတူ အစိုးရပိုင်ဟိုတယ်တစ်ခု၏
အထွေထွေမန်နေဂျာသည် ဟိုတယ်တွင် တစ်ခါမှမတည်းခိုဖူးသူ ၊ Department
ဘယ်နှစ်ခုရှိမှန်းမသိသူဖြစ်နေသည် ။ သူကမသိပဲအုပ်ချုပ်နေသဖြင်. F & B
department ( အစားအသောက် ချက်ပြုတ် ၊ ဧည်.ခံကျွေးမွေးရေးဌာန)မှ
ဝန်ထမ်းများက လုပ်ချင်သလိုလုပ်သည် ။ ဧည်.သည်စားရန် ကြက်သားဝယ်ရာတွင်
ကြက်များကို လိုတာထက်ပိုဝယ်ပြီး ၊ အပြင်တွင်ပြန်ရောင်းစားသည် ။
တစ်ခါကလည်း(ယခင် န၀တ /နအဖ လက်ထက်) မြန်မာနိုင်ငံသို. ကမ္ဘာလှည်.ခရီးသည်
များလာရောက်လည်ပါတ်ရာတွင် ပုဂ္ဂလိက ခရီးသွားကုပ္မဏီများနှင်.သာ
နိုင်ငံခြားသားများ လာရောက်လည်ပါတ်သော်လည်း နိုင်ငံတော်ပိုင်
မြန်မာ.ခရီးသွားလုပ်ငန်းဌာန ( Myanamr Travels and Tours )နှင်.ဆက်သွယ်၍
နိုင်ငံခြားသားများ မလာရောက်သည်.အကြောင်းနှင်.ပါတ်သက်၍ ၀န်ကြီးဌာန
တာဝန်အရှိဆုံးပုဂ္ဂိုလ်က ၀န်ထမ်းများကို
ပွင်.ပွင်.လင်းလင်းဝေဖန်အကြံပြုကြဖို.ဖိတ်ခေါ်သည် ။
" ပုဂ္ဂလိက ကုမ္မဏီတွေက ကားတွေကောင်းတယ် ၊ Air-con လဲ ကောင်းတယ်
ကျွန်တော်တို. ဌာနက ကားတွေက မကောင်းပါဘူး ၊ အဲကွန်းလဲမရတာများပါတယ်
ဒါ.ကြောင်. တိုးရစ်တွေက ပိုကောင်းတဲ.ဆီသွားတာပါ " ဟု
အရာထမ်းတစ်ယောက်ကအကျိုးသင်.အကြောင်းသင်.တင်ပြသည် ။ လူကြီးသည်
ခနနားထောင်နေပြီး တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင်.
" မဟုတ်သေးဘူး ကွ ၊ ဒီကောင်တွေ (တိုးရစ်များကိုဆိုလိုသည် ) ကို
ငါတွေ.ဘူးပါတယ် ။ လေးဘီးကားလဲစီးတာပဲ ၊ ဆိုက္ကားလဲစီးနေကြတာပဲ
အဲကွန်းမပါလို.မစီးဘူးဆိုရင် ဒါတွေလဲဘယ်စီးမလဲ
။မင်းတို.ပြောတာမဟုတ်သေးပါဘူး " ဟုဆိုကာ
အောက်ခြေမှပေးသောအကြံဥာဏ်ကိုပါယ်ချခဲ.၏ ။ အမှန်စင်စစ် ထိုပုဂ္ဂိုလ်သည်
ဇိမ်ခံခရီးသည် ( Package Tour ) နှင်. ကျောပိုးအိပ်လွယ်ခရီးသည် (
Foreign Independent Traveller / FIT ) ကိုခွဲမသိသဖြင်.
ဆိုက္ကားစီးသူနှင်. မာစီဒီးစီးသူကို အတူတူမှတ်ယူနေခြင်းမှာ
လုပ်ငန်းသဘောကိုနားမလည်ခြင်းဖြစ်သည် ။ သို.သော်
မည်သူမျှစောဒကမတက်ဝံ.ကြချေ။
စက်သုံးဆီဆိုင်များကိုပုဂ္ဂလိကသို.မပေးမီကလည်း မြန်မာတစ်နိုင်ငံလုံးတွင်
ဓါတ်ဆီဆိုင်ပိုင်ရှင်များ ၊ဆိုင်ဝန်ထမ်းများ တန်ခိုးထွားခဲ.ဘူးသည် ။
အခွန်ထမ်းပြည်သူများ၏ငွေဖြင်. လည်ပါတ်နေသော
နိုင်ငံတော်ပိုင်စက်သုံးဆီများကို သူတို.၏ဘိုးဘွားပိုင် ပစ္စည်းများသဖွယ်
စိတ်ထင်တိုင်း အလွဲသုံးပြီးအကျိုးအမြတ်ရယူ ခဲ.ကြသည်
။ထိုစက်သုံးဆီဆိုင်များတွင်လည်း အလုပ်သမားမှ အစ ၊ ဆိုင်မန်နေဂျာအဆုံး
အပြင်လူအ၀င်မခံပဲ ဆွေစဉ်မျိုးဆက် လက်ဝါးကြီးအုပ်မောင်ပိုင်စီးခဲ.ကြသည် ။
ဘွဲ.ရများအလုပ်လက်မဲ. ဖြစ်နေသောခေတ်ကြီးတွင် ပညာတတ်တတ်မတတ်တတ်
သူတို.နှင်.အမျိုးတော်သူများကို ဆွဲခန်.ဖြင်.နေရာပေးခဲ.ကြသည် ။

ဌာနများစွာတွင် ဌာနမှူး ၊ ဦးစီးမှုး ၊ညွှန်မှူး ၊ မန်နေဂျာ ဆိုသူများသည်
မိုးပေါ်မှ တဖွဲဖွဲကျလာလေ.ရှိသည် ။
အခွန်ရုံးမှအခွန်ဦးစီးမှူးဆိုသူတော်တော်များများသည်တပ်မတော်မှဆေးပင်စင်ဖြင်.အငြိမ်းစားယူထားသူများဖြစ်နေတတ်သည်။ဌာနတစ်ခုတွင်နှစ်ပေါင်းများစွာအနစ်နာခံကာလုပ်ကိုင်ဆောင်ရွက်လာသူများသည်လုပ်ငန်းကျွမ်းကျင်ပါလျက်
ရာထူးတက် ချိန်တွင် ဘယ်ကရောက်လာမှန်းမသိသော မိုးကျရွှေကိုယ်များ
ကနေရာဝင်ယူသွားပါက အလုပ်ခွင်တွင် ကြိုးစားလိုစိတ်မရှိတော.ပဲ
နိုင်ငံ.ဖွံ.ဖြိုးရေး အတွက်ထိခိုက်နိုင်သောကြောင်.
ရှောင်ကျဉ်ရမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မကြီး ဦးသိန်းစိန်ကလည်း၎င်း၏
နိုင်ငံတော်မိန်.ခွန်းထဲတွင်ထည်.သွင်းမှာကြားခဲ.ပြီးဖြစ်သည် ။
တစ်ခေတ်တစ်ချိန်က နားလည်တတ်ကျွမ်းသောသူများကို သူ.နေရာနှင်.သူ
အရည်အချင်းအလိုက်မခန်.ထားခဲ.သောကြောင်. ပြည်သူများကြားတွင် PH 7 / PH
8/PH 9 ညွှန်ကြားချက် ၊ Weather မကောင်းကပြင်ရန် မှာကြားချက် ၊
ကျွန်းပင်ကြီးက ကိုင်းပင်ကြီးကိုမှီနေသည် ဟုသော ကျွန်းကိုင်းမီ
ကိုင်းကျွန်းမီ စကားပုံရှင်းလင်းချက် ၊ စသည်တို.မှာ ကောလဟလလိုလို ၊
တကယ်အတည်လိုနှင်. ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်ခဲ.ရသည် ။
တကယ်တမ်း၌ မြန်မာနိုင်ငံ၏ပြသနာမှာ လူ.စွမ်းအားအရင်းအမြစ်
အလွန်.အကျွံရှားပါး၍ ဘယ်သူ.ကိုတာဝန်ပေးရမှန်းမသိဖြစ်နေသော ပြသနာမဟုတ် ၊
ကျွမ်းကျင်သူများရှိနေပါလျက်ဘေးဖယ်ထုတ်ကာ ငါနှင်.ငါသာ နှိုင်းစရာ ဆိုသော
(အမျိုးကိုလွန်စွာချစ်သည်.)မျိုးချစ်ပုဂ္ဂိုလ်များ၏ လက်သင်.ရာစားတော်ခေါ
်သော ပြသနာဖြစ်သည် ။
ယနေ.ခေတ်ဝယ် ရေပန်းအစားဆုံးသောမေးခွန်းဖြစ်သည်.
မြန်မာနိုင်ငံဘယ်တော.လောက် တိုးတက်မလဲ ၊ ဘယ်တော.လောက် အရှေ.တောင်အာရှ၏
ကျားတစ်ကောင်ဖြစ်မလဲဟူသောမေးခွန်းကို
အလွယ်ကူဆုံးဖြေရပါကသက်ဆိုင်ရာနယ်ပယ်အသီးသီးရှိနိုင်ငံ.ခေါင်းဆောင်များသည်
တိုင်းပြည်မျက်နှာကိုသာကြည်.ကာ
မြန်မာနိုင်ငံ၏ဌာနဆိုင်ရာတော်တော်များများဝယ်ကုတ်ကပ်နေရာယူထားသော
အရည်အချင်းမပြည်.သူမိုးကျရွှေကိုယ်များကိုထုတ်ပယ်၍
ကျွမ်းကျင်ပညာရှင်များကို လူမှန်နေရာမှန် ခန်.ထားနိုင်သောတစ်နေ.သည်
ဖွံ.ဖြိုးမှုလမ်းကြောင်းပေါ်သို. ပြန်ရောက်သော နေ.ဖြစ်သည်ဟု
ရဲရဲကြီးပြောနိုင်ပါကြောင်း ။ ။
https://www.facebook.com/konyi.tharawon/posts/499773220041862





--
http://www.burmaburo.blogspot.com

No comments:

Post a Comment