Tuesday 19 February 2013

တွံတေးဆရာတော်ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကိုအားပေးလှူဒါန်းခြင်း

                      ကချင်ပြည်နယ်တွင်ဖြစ်ပွါူးနေသော
စစ်ပွဲများရပ်စဲပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက်
ငြိမ်းချမ်းရေးလမ်းလျှောက်ချီတက်နေကြရာ ဦးဆောင်အဖွဲ့ နှင့်ပြည်သူများ
၁၇. ၂. ၂၀၁၃ နေ့ လည်တွင် ခင်ဦးမြို့ သို့ ရောက်ရှိကြသည်။
ငြိမ်းချမ်းရေးလမ်းလျှောက်နေသူများကို ဖြတ်သန်းရာ လမ်းတလျှောက် လူထုက
ထောက်ခံအားပေးလျက်ရှိသည် အာဟာရကျွေးမွေးပြီး -
ကျန်းမာရေးပြုစုပေးလျက်ရှိသည်။ ကချင်စစ်ပြေးဒုက္ခသည်များအတွက်လည်း
အလှူငွေများလှူဒါန်းလျက်ရှိသည်။ ရွှေတွံတေးဆရာတော်သည် ခင်ဦးမြို့ သို
့ကြွရောက်ပြီး ငြိမ်းချမ်းရေးလမ်းလျှောက်နေသူများကို ထောက်ခံအားပေးပြီး
သင်္ကန်း ခေါက်ဆွဲ တီရှပ်နှင့် အလှူငွေများ လှူဒါန်းခဲ့သည်။
                         ရွှေတွံတေးဆရာတော်က..."
ငြိမ်းချမ်းရေးလမ်းလျှောက်တာအားပေးပါတယ် လူထုလည်းနေရာအနှံ့ ကသိရတယ် -
လိုလားထောက်ခံသူတွေလည်းပူးပေါင်းဆောင်ရွက်နိုင်တယ် - အခုလည်းနေ့ စဉ် ၁၀၀
လောက်ရှိတယ် -
မြို့ ကြီးတွေမှာဆိုပိုများတယ် - အစိုးရနဲ့ ကချင် ၂ဘက်အကြီးအကဲများ
ပြည်သူ့ ဆန္ဒကိုလေးစားပြီး ငြိမ်းချမ်းရေးချက်ခြင်းလုပ်စေချင်တယ်
စစ်ပွဲရပ်စေချင်တယ် ပြည်သူတွေဟာ မြေစာပင်ဖြစ်နေကြရတယ်  ပါဝါကြီးတဲ့သူ
လက်နက်များတဲ့သူက
သဘောထားပိုကြီးပေးရင် - ပိုလိုက်လျောပေးရင်အားလုံးအဆင်ပြေမှာပါ ရိုးသားပါ
- ပွင့်လင်းပါ - ယုံကြည်စွာနဲ့ အပြန်အလှန်
ငြိမ်းချမ်းရေးရယူနိုင်ကြပါစေလို့ ဆန္ဒပြုခဲ့သည်။
                          ရွှေတွံတေးဆရာတော်သည် မြန်မာ့ငြိမ်းချမ်းရေး
ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် ထိုင်း ကမ္ဘောဒီးယား စသည်တို့ တွင်နိုင်ငံတကာ
ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲများဆောင်ရွက်ခဲ့သည်။
           ငြိမ်းချမ်းပါစေ ကချင်မြေဟု ဆန္ဒပြုလျက်ဟောပြောခဲ့ပြီး
စစ်ပြေးဒုက္ခသည်စခန်းများသို့ လည်းသွားရောက်လှူဒါန်းခဲ့ပါသည်။

(ဆရာတော်အားအဝေးမှနေ၍ ကြည်ညိုစွာရှစ်ခိုးပါသည်။ ကျေးဇူးကြီးလှပါတယ်ဘုရား။)





--
http://www.burmaburo.blogspot.com

No comments:

Post a Comment