Thursday 18 April 2013

မဟာပညာကျော် သို့ မဟုတ် တောင်ပံမဲ့  ပျံသန်းလေသူ




ခင်ဗျားဘယ်တုန်းကခရစ်ယာန်ဖြစ်သွားတာလဲ။

  ယခုကိုဦးညွန့် မောင်၏ နောက်သို့  ဆရာဦးစောဖြူ လိုက်ပါသွားချေပြီ ။ ယခင်က မဟာသင်္ကြန်ရက်များတွင် အတူတကွ ဥပုဉ်စောင့်ခဲ့ သော သူနှစ်ယောက် ကောင်းကင်ဘုံတနေရာမှာ တွေ့ ဆုံနိုင်ကြတော့မည်ထင်သည် ။

 ဗုဒ္ဓဘာသာမှာ နတ်ဘုံ၊ ဗြဟ္မာဘုံဆိုတာတွေရှိပေမဲ့ " ကောင်းကင်ဘုံ"တော့မရှိပါဘူး။


2013/4/12 sandar thuria <ark.sandarthuria@gmail.com>
မဟာပညာကျော် ဆရာဦးစောဖြူ
             သို့ မဟုတ်
တောင်ပံမဲ့  ပျံသန်းခဲ့ လေသူ

ယခုနှစ်မဟာသင်္ကြန်ကို အကြမ်းဖက်သမားတို့ ရန်မှ လွပ်ကင်းပြီး အတာရေဖြင့် ပိတောက်များ ဖွေးဖွေးလှုပ်ကာ ပျော်ရွှင်ဖြတ်သန်းကြပါစေဟု ကျွန်တော်တို့  မေတ္တာပို့ ဆုတောင်းနေကြသည် ။ သမ္မတကြီးဦးသိန်းစိန်မှပင် သူ၏ သင်္ကြန်မိတ်ဆက် ပြည်သူများသို့  မေတ္တာစကားပါးရာတွင်လည်း ယင်းအချက်ကို တကူးတက ထည့်သွင်းရေးသား ဖေါ်ပြထားသည်ကို တွေ့ ရသည် ။ ဂျပန်နိုင်င်ငံသို့  ဒေါ်အောင်ဆန်းစုကြည် မထွက်ခွာမှီ ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်ရှေ့၌ မဟာသင်္ကြန် အပျော်ကို ခံစားကြည့်ရှုနေခဲ့ သည် ။ မဟာသင်္ကြန်ကား ဗုဒ္ဒဘာသာဝင်တိုင်းရင်းသားလူမျိုးတို့ အတွက်ပါမက မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော နိုင်ငံခြားသားများပင် အတာရေဖြင့် ပက်ဖြန်းပျော်မြူး နေကြသည် ။ ရခိုင်ပြည်နယ်မှ လှပျိုဖြူများကား ဘုရားကျောင်းကန်သို့  ရေသပ္ပယ်ပူဇေါ်ရန် အလှချင်းပြိုင်လို့  စီတန်းလမ်းလျှောက် သွားနေကြသည်ကို မြင်တော့ ဇါတိချက်ကြွေ မွေးရပ်မြေကား သင်္ကြန်ကျပြီဟေ့ ဆိုပြီး ရင်ထဲလှိုက်ကာ ခံစားရဖြစ်သည် ။
    တချိန်က ခုလို မဟာသင်္ကြန်တွင် ကျွန်တော်တို့ သည် ဘုန်းကြီးကျောင်းများတွင် ကုသိုလ်ယူ ဥပုဉ်စောင့်ကာ အတာသင်္ကြန်ရက်ကို ဖြတ်သန်းခဲ့ ကြသည် ။ ကိုယ့်အိုးကိုယ့်အိမ် မိသားစုနှင့် သားကြီးသမီးကြီးတွေ ရှိနေပြီး မိမိတို့ အရွယ်က ဘုန်းကြီးကျောင်းသွားရမည့်အရွယ်မို့  အတာကာလ သင်္ကြန်ကျချိန် ကျွန်တော်တို့ မှာ ဘုန်းကြီးကျောင်း၌ ထာဝစဉ်ဥပုဉ်စောင့် သွားရတော့သည် ။ မှတ်မှတ်ရရ ပြောရလျှင် ကျွန်တော်-ဦးညွန့် မောင်- ဆရာဦးစောဖြူတို့ သုံးဦးသားမှာ များသောအားဖြင့် သင်္ကြန်ရက်တွင် အတူတကွ ဥပုဉ်စောင့်ဖြစ်တာကများသည် ။  ဥပုဉ်စောင့်ဖြစ်တာကချည်း အတူတကွလား ဆိုသည်မှာ မဟုတ် ။ အမျိုးသားရေး-နိုင်ငံရေးကိစ္စ ဆွေးနွေးသည့် အကြောင်းအရာများတွင်လည်း နှစ်ပေါင်းများစွာ လက်တွဲ အတူရှိနေခဲ့ ကြသူများဖြစ်သည် ။
    ကုန်ခဲ့ သောနှစ်တွေထဲမှာ ကိုဦးညွန့် မောင် ကွယ်လွန်ခဲ့ သည် ။ ရန်ကုန်မှာ အတူတူ နေထိုင် ရင်းနှီးစားသောက်နေခဲ့ သော ကိုညွန့် မောင်နှင့် ဆရာဦးစောဖြူမှာ သူကွယ်လွန်မည့်အချိန်ထိ ဆရာဦးစောဖြူက အနားမှာ ရှိနေခဲ့ သည်ကို သိရှိခဲ့ သည် ။ မကွယ်လွန်မှီ တပါတ်တွင် ကျွန်တော်၏ အဆက်အသွယ်တဦးကို ကိုဦးညွန့် မောင်အား သွားရောက်တွေ့ ဆုံပေးပါရန် အကူအညီ တောင်းခံခဲ့ သည် ။ သူသွားသည့်အခါ ကိုညွန့် မောင် အိမ်မှာမရှိ ။သည်လိုနှင့် အမျိုးသမီးတဦးကို ထပ်မံစေလွှတ်ခဲ့ သည် ။ သူမလည်း ယင်းသို့ ပင် ။ နောက်ဆုံးမှာ ကျွန်တော်၏ ပထမဆက်သွယ် ခိုင်းခဲ့ သူ မိတ်ဆွေက ဦးညွန့် မောင်ဆုံးနေပြီဖြစ်၍ ယခုဆေးရုံသွားရတော့မည်ဟု သတင်းပေးတော့ ကျွန်တော့်မှာ ချာလပါတ်လည်ထွက်သွားခဲ့ ရသည် ။ ဦးညွန့် မောင်၏ ကုတင်ဘေးနားတွင် ဆရာဦးစောဖြူ ရှိနေသည်ကိုမြင်တော့ သူတို့ အတူတူ ရှိနေသည်ဘဲဆိုကာ စိတ်အေးခဲ့ ရသည် ။
  ယခုကိုဦးညွန့် မောင်၏ နောက်သို့  ဆရာဦးစောဖြူ လိုက်ပါသွားချေပြီ ။ ယခင်က မဟာသင်္ကြန်ရက်များတွင် အတူတကွ ဥပုဉ်စောင့်ခဲ့ သော သူနှစ်ယောက် ကောင်းကင်ဘုံတနေရာမှာ တွေ့ ဆုံနိုင်ကြတော့မည်ထင်သည် ။ ကျွန်တော်တို့  အတူတကွ ရင်းနှီးချစ်ခင်နေထိုင်ခဲ့ သည့်အကြောင်းကို အစချီကာ ယခုလို ရေးသားပြောနေသည်မှာ စင်စစ် အလွမ်းသည်နေမိခြင်းဖြစ်ပါသည် ။  ဆိုရလျှင် ဆရာဦးစောဖြူကွယ်လွန် အနိစ္စရောက်ခြင်းကို ကျွန်တော်သိရ၍ ၀မ်းနည်းကြောင်းစာတစောင် ရေးလိုက်ရုံနှင့် ပြီးပြည့်စုံပါသည်ဟု ပြော၍ရသည် ။
     သို့ လင့်ကစား ကျွန်တော်အနေဖြင့် ဆရာဦးစောဖြူ ကွယ်လွန်ခြင်းကို ယင်းလောက်မျှနှင့် မတင်းတိမ်ဝံ့ ။ ဆက်လက်ခံစား ပိုင်ခွင့် ရှိနေလိုသေးသည် ။ ဆက်လက်ပြောပိုင်ခွင့် ရှိချင်သေးသည် ။ ကျွန်တော်၏၀မ်းနည်းမှုကို ဖေါ်ပြချင်သေးသည် ။ အကယ်၍ ကျွန်တော်သာ ရန်ကုန်မှာ ရှိနေမည်ဆိုပါက ကျွန်တော့်လက်ပေါ်မှာ ဆရာဦးစောဖြူ ကွယ်လွန် ရမည်ဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ ၏ ရင်းနှီးချစ်ခင်မှုသည် အတိုင်းအတာတခုအထိ ကြီးမားခိုင်မာစွာ တည်တန့် အနယ်ထိုင်ခဲ့ ကြပါသည် ။
    စီးပွါးရေးတက္ကသိုလ်မှ ဘွဲ့ ရကျောင်းသား တဦးဖြစ်သူ ဆရာဦးစောဖြူမှာ စင်စစ်အားဖြင့် ဆယ်တန်းကျောင်းသားများကို ပြသနေသော အင်္ဂလိပ်စာပြ ကျူရှင်ဆရာတဦး လုံးဝမဟုတ်ချေ ။ စီးပွါးရေးတက္ကသိုလ်ကျောင်းဆင်းမို့  လုပ်ငန်းခွင်ဝင်လာသောအခါ ဆရာဦးစောဖြူမှာ မြို့ နယ်စီမံကိန်းမှူးဘ၀ဖြင့် ကျောက်ဖြူမြို့ မှာ တာဝန်ထမ်းဆောင်နေခဲ့ ရသည် ။ မဆလခေတ်တလျှောက်လုံးတွင် ဆရာဦးစောဖြူမှာ မြို့ နယ်စီမံကိန်းမှူး ဘ၀ဖြင့် ရာသက်ပန်ရှိလေမည်ဟု မည်သို့ အခါမျှ မထင်ခဲ့ ဟု သူပြောပြတတ်သည် ။  ရန်ကုန်တက္ကသိုလ်မှာ ရခိုင်ကျောင်းသားတဦးဖြစ်သော ဆရာဦးစောဖြူကား ရခိုင်တန်ဆောင် တာဝန်ခံတဦးအဖြစ် ကော်မီတီတာဝန်ကို အပြည့်ထမ်းဆောင်ခဲ့ သူဖြစ်ရာ ယင်းအချိန်ကပင် သူ့ မှာ မဆလအစိုးရကို လက်မခံသောသူဖြစ်နေလို့ ဟု ဆိုသည် ။
    မြို့ နယ်စီမံကိန်းဘ၀ဖြင့် ကြာကြမနေခဲ့ ရဘဲ နိုင်ငံရေးမှုဖြင့် ထောင်ကျခဲ့ ပြီးမှ ဆရာဦးစောဖြူမှာ လူမှန်နေရာမှန် ဘ၀ကို ရောက်ခဲ့ ရသည်ဟု သူ့ ဘ၀ကို ချစ်မြတ်နိုးစွာဖြင့် တခုပ်တရ ပြောသည်ကို မှတ်မိနေသည် ။ ယင်းအချိန်၌ ကျောက်ဖြူမှာ ပထမအိမ်ထောင်ကျခဲ့ ပြီး သမီးလေးတဦးထွန်းကားခဲ့ သည် ။ ထောင်ထွက်နိုင်ငံရေးသမားဖြစ်သော ဆရာဦးစောဖြူမှာ စစ်တွေမြို့ သို့  တကိုယ်တော်ထွက်ခွာလာခဲ့ သည် ။ ကျွန်တော်တို့ နှင့် တွေ့ သောအခါ ဆယ်တန်းကျူရှင်ဆရာဘ၀ဖြင့် ရပ်တည်ရန် ကြိုးစားယူရသည် ။ အမျိုးသမီးမှာ အစပိုင်းခါ ကျောက်ဖြူမှ လိုက်လာပြီး စစ်တွေမြို့ တွင် လာရောက်နေထိုင်သည် ။ စီးပွါးရေးအဆင်ပြေမှု မရှိ၍ သူမပြန်သွားလေသည်လား မပြောတတ်။ ပြီးတော့ အမျိုးသမီးက ကျောက်ဖြူမှာသာ လုပ်စားကိုင်စား စီးပွါးရေးကျွမ်းကျင်သူမို့  ပြန်လည်သွားခဲ့ သည် ။
  ဆရာဦးစောဖြူကား သူ့ ဘ၀ကို တယောက်ထဲ ဖြတ်သန်းတော့သည် ။ ကျူရှင်ဆရာဘ၀မှာ သူသည် အထီးကျန်စွာဖြင့် ရပ်တည်ရသည် ။ RIT- ကျောင်းသား ဆရာ ဦးအောင်ကျော်လှနှင့် ပူးပေါင်းပြီး ကျောင်းဖွင့်မည်ဆိုတော့ ကျွန်တော်တို့  နာမည်ရွေးချယ်ကြသည် ။ ကိုညွန့် မောင်-ကိုအောင်ကျော်လှနှင့် ဆရာဦးစောဖြူတို့ မှာ  ကိုညွန့် မောင်တို့  မိသားစုဖွင့်ထားသော စစ်တွေမြို့  လမ်းမကြီးရှိ သဇင်စားသောက်ဆိုင်တွင် အင်္ဂလိပ်စာ-သင်္ချာကျူရှင် ကျောင်းအတွက် နာမည်ရွေးချယ်ပွဲကား ပျော်စရာကောင်းသည် ။ ရခိုင့်တန်ဆောင်အတွင်းရေးမှူး တဦးဖြစ်ခဲ့ သော ဆရာဦးစောဖြူသည် သူ့ ရင်ထဲမှာ ကိန်းဝပ်နေပြီးသော အမည်နာမတခုကို သူပြမည့် ကျူရှင်ကျောင်းနာမည်အဖြစ်  ရွေးချယ်တင်ပြတော့သည် ။ ၄င်းကျောင်းနာမည်ကား မဟာပညာကျော် ကျူရှင်ကျောင်းတည်း ။။။
  မဟာပညာကျော်ကျူရှင်ကျောင်းကား မောလိပ်ရပ်ကွက်မှာ ဖွင့်သည် ။  စာသင်ခုံတွေ ကျောင်းဆိုင်းဘုတ်တွေ စနစ်တကျ ခင်းကျင်းရသည်ကို အမှတ်ရနေမိပါသည် ။ ယင်းကျောင်းမှာ အင်္ဂလိပ်စာပြ သင်္ချာစာပြကောင်းသော ဆရာဦးစောဖြူနှင့် ကိုအောင်ကျော်လှတို့  နှစ်ဦးကြောင့် ဆယ်တန်းကျောင်းသားလေးတွေ အောင်ချက်ကောင်းခဲ့ သည် ။ သို့ သော် ကျန်းမာရေးမကောင်းသော ကိုအောင်ကျော်လှမှာ ရုတ်တရက် မကြာခင်ကွယ်လွန်သွားခဲ့ ရသည် ။ ကျူရှင်ဆရာဘ၀ဖြင့် အသက်မွေးကျောင်းနေသော ဆရာဦးစောဖြူမှာ လက်ရုန်းတဖက်ပြုတ်သွားရ၍ နောက်ထပ်မဟာပညာကျော်ကျူရှင်ကျောင်းကို ဆက်လက်မဖွင့်နိုင်တော့ ။ သည်အခါ မင်းဂံရပ်ကွက်မှာ ရွက်လှမြိုင်စာပေ အငှားဆိုင်တွင် အင်္ဂလိပ်စာကျူရှင်ကို ဆက်၍ဖွင့်ရတော့သည် ။
   မင်းဂံရပ်ကွက်သည် မြို့ ပြင်ရပ်ကွက်ဖြစ်သည် ။ လူတန်းစားဆင်းရဲသူများ နေထိုင်ဖြစ်သည့် ရပ်ကွက်သစ်ဖြစ်သည် ။ ထို့ ကြောင့်ဆရာဦးစောဖြူမှာ ကျူရှင်လစာကို နည်းနည်းလေးယူကာ ပြသသည် ။ ယင်းသို့ ပညာဒါနပြုရသည်ကို ဆရာဦးစောဖြူမှာ ပိုမိုနှစ်သက်ခံမုင်သည်ဟု ပြောပြသည် ။ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲပြုလုပ်တော့ အမ်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်မှ ၀င်ရောက်အရွေးခံခဲ့ သည် ။ ရွေးကောက်ပွဲတွင် မနိုင်ခဲ့  ။ ယင်းမင်းဂံကျောင်းမှ အစပြုကာ ဒုတိယအိမ်ထောင်ကို ပြုပြန်တော့ ပြန်လည်၍တခါ အိမ်ထောင်သည်ဘ၀နှင့် တည်ငြိမ်လေပြီလားဟု ထင်ရသည် ။ သို့ သော် ဆရာဦးစောဖြူဘ၀ကား ဒုတိယအိမ်ထောင်ဘ၀မှပင် သေကွဲကွဲကာ အထီးကျန်ဘ၀ ရောက်သွားရပြန်သည် ။
  အင်မတန်အေးဆေး တည်ငြိမ်သော ဆရာဦးစောဖြူဘ၀ကား မတည်ငြိမ်လွန်းမှန်း ဖြစ်နေသည်ကို ကျွန်တော်နှင့် ကိုညွန့် မောင်တို့  မကြာခဏ ပြောဖြစ်ကြသည် ။ သို့ သော် ဆရာဦးစောဖြူသည် သူ၏ဘ၀ကို ကြံြံ့ကံ့ခံကာ ရပ်တည်ခဲ့ သည် ။ မိုးများသောစစ်တွေမြို့ တွင် ကျူရှင်ပြရာမှ ပြန်လာသောဆရာဦးစောဖြူမှာ အခြားသူများလို မိသားစုသိုက်သိုက်ဝန်းဝန်း ရှိရာသို့  ပြန်သွားနိုင်သူမဟုတ်ခဲ့  ။ ကျွန်တော်တို့ ရှိရာသို့ လာပြီး အမောပြေစကား ပြောတတ်သည် ။ ကျွန်တော်တို့ နှင့် အမောပြေစကား ပြောသည်ဆိုခြင်းမှာ နိုင်ငံရေးစကားများသာဖြစ်ပါသည် ။
    ၁၉၉၀-ခုနှစ်တခုလုံးတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်မှ နိုင်ငံရေးစကားပြောပြီး တချိန်လုံးကျွန်တော်တို့ နှင့်အတူ လက်တွဲ လှုပ်ရှားနေခဲ့ သောသူမှာ ဆရာဦးစောဖြူ တဦးတည်းသာရှိသည်ဟု ပြောရလျှင် မလွန်ဟုထင်သည်  ။ ရသေ့တောင်လွှတ်တော်ကိုယ်စားလှယ် ဦးသာနိုးကို ပြည်ပသို့ ထွက်ခွါစေပြီး နိုင်ငံရေးလှုပ်ရှားရန် ဆွေးနွေးထွက်ခွာစေလွှတ်သူမှာ ဆရာဦးစောဖြူဖြစ်သည် ။  ကျွန်တော်တို့ နိုင်ငံခြားသို့ ထွက်ခွါလာသည့်နောက်ပိုင်း ဆရာဦးစောဖြူတို့  ကိုဦးညွန့် မောင်တို့ မှာ ရခိုင်ပြည်နယ်၌ တပါတီဖြစ်ရေးကို ဦးတည်ကာ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီကို ဖွဲ့ စည်းရန်ကြိုးပမ်းခဲ့ ကြသည်ဟုသိရသည် ။ တချိန်က ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်တွင် ဗဟိုကော်မီတီတဦးဖြစ်ပြီး အမ်းမြို့ နယ်လွှတ်တော်ကိုယ်စားလှယ် လောင်းတဦးအဖြစ် ရွေးချယ်ခံခဲ့ သူ ဆရာဦးစောဖြူမှာ မည်သည့်အကြောင်းကြောင့် ရခိုင်ပြည်နယ်၌ တပါတီဖြစ်ရေးကို ဦးဆောင် ဖွဲ့ စည်းခဲ့ သလဲ ။ ရှင်းနေပါသည် ။ တသက်တာလုံးနိုင်ငံရေး ရေစီးကြောင်း၌ မျောပါလွင့်နေသော သူတဦးအဖို့  ရခိုင်ပြည်နယ်၏ နိုင်ငံရေးကံကြမ္မာအရ တပါတီသာဖြစ်သင့်သည်ဟု အမြင်ကို ရှိနေ၍ဖြစ်သည် ။ ဆရာဦးစောဖြူသည် တောင်ပံမဲ့ ပျံသန်းလေသူ တဦးဖြစ်နေသော်လည်း နိုင်ငံရေးကံကြမ္မာ လမ်းကြမ်းကြီးကို ဖြတ်လျှောက်သည့်အချိန်မှာကား ရခိုင်ပြည်သူ တရပ်လုံးနှင့် အတူလက်တွဲ လျှောက်နေသူ လျှောက်ခဲ့ သူဖြစ်သည် ။ ထို့ ကြောင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတွင် မင်းပြားမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ရွေးချယ်ခံ အနိုင်ရခဲ့ ခြင်းဖြစ်သည် ။
    ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ပြီးနောက် ဆရာဦးစောဖြူနှင့် စကားပြောဖြစ်ရပါသည် ။ ရခိုင်တိုင်းရင်းသားတိုတးက်ရေးပါတီမှာ ရခိုင်ပြည်နယ်၌ လွှတ်တော်ကိုယ်စားလှယ်-၃၄-ဦး ရွေးကောက်တင်မြှောက်ခြင်းခံရသည် ။ ဒုတိယသမ္မတအဖြစ် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ရွေးကောက်တင်မြှောက် ယှဉ်ပြိုင်စေခြင်း ခံရသေးသည် ။ ရခိုင်လူမျိုးတို့ ၏ ရခိုင်ပြည်တွင် တပါတီမူရှိသင့်ကြောင်းကြောင့် ဆရာဦးစောဖြူမှာ ကျေနပ်နှစ်သိမ့် ပါသည်ဟု ပြောပြဖူးသည် ။ ကျွန်တော်၏ နိုင်ငံရေးအပေါင်းအသင်းများကို မှတ်မှတ်ရရ သတင်းမေးသလို ပျောက်ဆုံးနေသော နိုင်ငံရေးမိတ်ဆွေများကို ရှာဖွေရန်လည်း ပြောပြရှာသည် ။ ကျွန်တော်တို့ နှင့် နိုင်ငံရေးဆွေးနွေးလှုပ်ရှားခဲ့ သော တချို့ မှာ ယခုအချိန်ထိ ဘယ်မှာရှိနေမှန်း မသိသူများစွာ ရှိနေသည် ။ ထို့ ကြောင့် သူက သတင်းမေးခြင်းဖြစ်သည် ။ ကံကောင်းချင်တော့ ဆရာဦးစောဖြူမှာ သူ၏တဦးတည်းသော သမီးလေးနှင့် ရန်ကုန်မှာ အတူနေထိုင်ကြပြီဟု ကြားသိခဲ့ ရသည် ။ သို့ ဖြစ်၍ ကျွန်တော် စိတ်အေးချမ်းမြေ့ ခဲ့ ရသည် ။ ကုန်ခဲ့ သည့် တနှစ်လောက်က ဦးအောင်စိန်သာ မှာ လွှတ်တော်ညီလာခံတက်ယင်း ကွယ်လွန်ခဲ့ ရသည် ။ ယင်းအချိန်ကလည်း ကျွန်တော့်မှာ ဆရာဦးစောဖြူ၏ ကျန်းမာရေးကို ဂရုစိုက်ရန် အသိပေးမှာကြားခဲ့ ဖူးသည် ။ အသိပေးခဲ့ ခြင်းကြောင့်လားမသိ ။ လွှတ်တော်ကအပြန် ကားပေါ်မှာပင် သတိလစ်ပြီး ဆေးရုံသို့ တင်ပို့  ကုသခဲ့ ရသေးကြောင့် တခါက ပြောပြကြသည် ။
    ခေတ်ပညာတတ် နိုင်ငံရေးသမားတဦးဖြစ်သော ဆရာဦးစောဖြူမှာ အနေအထိုင်အင်မတန်မှ ရိုးစင်းသူဖြစ်သည် ။  တခါက အင်္ဂလိပ်စကားကို အရက်မူးမှ ပြောတတ်သော သူတဦးက  သဒ္ဒါမမှန် ၀ါကျမမှန် ပြောနေရာ  ဆရာဦးစောဖြူမှာ ပြုံး၍ နေရှာသည် ။ ကျွန်တော့်မှာ ပြောနေသူကိုယ်စား ရှက်လွန်းမက ရှက်လာ၍ ယခုထိုင်စကားပြောနေသည့်သူများမှာ အင်္ဂလိပ်စာကျူရှင်ပြသူများနှင့် အင်္ဂလိပ်စကားကို ဂရမ်မာနားလည်သူများဖြစ်ကြောင်း ပြောဆိုလွှတ်လိုက်ရဖူးသည် ။ ဆရာဦးစောဖြူကား လူတဖက်သားကို မည်သည့်အခါမှ နစ်နစ်နာနာ မပြောဖူး ။ လူသားတဦး၏ ရိုးသားဖြူစင်မှုကို ကွယ်လွန်ချိန်မှာမှ ပြောသည့်အခါ မှန်ကန်မှု မရှိထင်သည် ။ သက်ရှိထင်ရှား ရှိနေသည့်အချိန်တွင် ပြောကြားမှ မှန်ကန်ုမှု ရှိသည် ။  ဆရာဦးစောဖြူသည် သူ့ ဘ၀မှာ နိုင်ငံရေးလောက၌ ငွေကြေးအရ အရှုပ်အရှင်း မရှိသူဖြစ်သည် ။ မိန်းမလိုက်စားမှု မရှိသူုဖြစ်သည် ။  သူချစ်သော နိုင်ငံရေးလောကမှာ မှဲ့ တပေါက်မစွန်းအောင် နေထိုင်ပြခဲ့ သူဖြစ်သည် ။ ခုတော့ သူချစ်သော နိုင်ငံရေးလောကမှ တောင်ပံမဲ့ စွာ ပျံသန်းနေခဲ့ ရာက အတောင်အလက်စုံစွာ သူ့ဘ၀မှ ကြောခိုင်းထွက်ခွာပျံသန်းသွားလေပြီ ။ ယနေ့ ဧပြီလ-၁၂-ရက် ၂၀၁၃-ခုနှစ် ညဥ့်--၁၁-နာရီတွင် ရန်ကုန်မြို့  သင်္ကန်းကျွန်းဆေးရုံ၌ ကွယ်လွန်သွားပြီဟု သိရသည် ။ ကျန်ရစ်မိသားစုနှင့် အတူ ၀မ်းနည်းခံစားရဖြစ်ပါသည်  ။ ကောင်းရာသုဂတိ ဘုံဘ၀သို့ လားပါလေ ဟု မဟာသင်္ကြန် အတာကာလ ကျရောက်ချိန်မှာ ဆုတောင်းရုံမှ အပ ကျွန်တော့်မှာ မည်သို့ မျှ ပြောနိုင်သည့်စွမ်းအား မရှိပါလေခြင်း ။

ခိုင်အောင်ကျော် ( နယူးယောက် )






--
http://www.burmaburo.blogspot.com

No comments:

Post a Comment