On Sunday, April 27, 2014, <             @gmail.com> wrote:
မင်္ဂလာကြက်သရေအပေါင်းနှင့်  ပြည့်စုံလှပါတဲ့  Condor - လဒ လေကြောင်းလိုင်း
အဘိဓာန်ထဲရှာဖတ်ကြည့်ပါဗျာ ။ တောင်အမေရိကတိုက်မှာ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး လဒ (လင်းတငှက်) တဲ့ ။

ကံကောင်းချင်သူတွေ  ဒီ  Condor လဒ လေယာဉ်ပုံလှလှလေးတွေ လက်ဆောင်ပေးရင်  အိမ်ဦးခန်းထားချင်ကြသလား ။  
မသတီစရာ နာမည်ကြီး ။
      
လွန်ခဲ့တဲ့ ၃-နစ်ကျော်က ဥိးသိန်းစိန် တက်ခါစက ရွှေတိဂုံဘုရား လဒ နားခဲ့တယ် ။ အခုဆင်းခါနီး ဘိုင့်ဘိုင့်လုပ်ခါနီး
ရွှေတိဂုံဘုရားကို လဒလေကြောင်းက ဓါးနဲ့ ခွဲပြတယ် ။ စားပြတယ် ။ ဦိးသိန်းစိန်ရဲ့  လက်ရွေးစဉ်သံအမတ်က စားပြတာ

ဦးသိန်းစိန်မှာ တာဝန်မကင်းဘူး ။  ငြောင်းပေတော့ ။
ကမ္ဘာ့ အဓိက ဘာသာတရား ၅ - ခု ရှိရာမှာ (( ပေါ်ထွန်းလာသောသက္ကရာဇ်အစဉ်အလိုက်ဖေါ်ပြရလျှင် - ( ဂျူး ၊ ဟိန္ဒူ ၊ ဗုဒ္ဓ ၊
ခရိယန် ၊ အစ္စလမ် )) ။ ထိုဘာသာ ၅ ခုမှာ ကံနှင့်ကံ၏အကျိုးတရာတွေကိုဖေါ်ပြထားသော်လည်း ၊ ဗုဒ္ဓဘာသာ သင်ကြားမှုတွင်သာ
မိမိသည်သာလျှင် မိမိကံ၏အရှင်သခင် ၊ ဘယ်ဘုရားကမှပင် မပြုပြင်နိုင် မကယ်တင်နိုင်ဟု အတိအလင်းဆိုထားတာပါ ။

ကျန်ဘာသာအားလုံးတွင် တန်ခိုးတော်ရှင်  ဘုရားသခင်ကို ဦးပြဝတ်တွား ရှိခိုးလျှင် မိမိလုပ်ခဲ့သမျှ   အပြစ်တွေကို  ဗွီတိုတန်ခိုးနဲ့ 
ခြေဖျက်ပေးနိုင်တယ်လို့  ဆိုထား၏ ။
ထိုကြောင့် ထိုဘာသာဝင်တွေက တခုခုအမှားလုပ်ပြီး ဘုရားသခင်ထံဝပ်တွားခယလိုက်လျင် ရှစ်ခိုးလိုက်လျှင် ဗွီတိုအာဏာတန်ခိုးနှင့်

အပြစ်တွေပျောက် နိဗ္ဗာရောက်၏ ။  ဗုဒ္ဓဘာသာတွင်တော့  မိမိ၏ အလုပ် ( ကံ ) ကို ဘုရား ၊ သိကြား ၊ နတ်တွေက မပြုပြင်နိုင်   ။
ဗုဒ္ဓဘာသာကို ကျီးပေါင်းပင်လို တွယ်ကပ်ပြီး လိမ်ညာတုတ်နေတဲ့ ဘိုးတော်တွေ ၊ နတ်ကတော်တွေကတော့ ယတြာခြေပေးရင်
အပြစ်ကျေအောင်လုပ်ပေးမယ် ညာတုတ် ။ ပစ္စည်း ၊ ရွှေငွေ ညာတုတ် ။ အမှုအခင်းကြီးရင် လူကို စိတ်ဓါတ်ကျအောင် ဖြဲခြောက်ပြီး
လူကိုပါ ကြာကူလီရိုက်ကြတော့၏ ။ ကြာကူလီရိုက်ပြီး ဗွီဒီယိုရိုက်ကာ အကျပ်ကိုင်တဲ့ ဘိုးတော်တွေအထိ မိုက်မဲသူတွေက
အပြစ်ခြေပအောင်လုပ်ပေးမယ်ဆိုတာ ဦးဏှောက်မရှိသူတွေသာ ယုံကြတာပါ ။
ဗုဒ္ဓဘာသာ၏ သွန်သင်မှုတွင် မိမိ၏ကံကို မိမိသာလျင် ခြေဖျက်နိုင်သော နည်းလမ်းတစ်ခုသာရှိ၏ ။ သောတာပန် အနာဂမ် ဖြစ်လျှင်

အမိအဖသတ်သော ကံမျိုးကလွဲလျှင်  ကျန်ကံဆိုးများကို  ကျော်ဖြတ်နိုင်၏ ။
အဲဒီတော့ ဒီ ဂျာမန်တွေကို ကံတရား သွားဆွေးနွေးလို့ ကတော့ ကျွဲပါးစောင်းတီးပါဘဲ ။ ဝက်ကိုပုလဲ ကြဲသလိုပါဘဲ ။ ဝက်ဆိုတာ
ပုလဲတန်ဖိုးမသိ ဆန်ကွဲကြဲမှ လုယက်စားသောက်ကြတာ ။
တခြားမကြည့်ပါနှင့် ။ အသေးအမွှားပါ ။ အမေရိကန် လွန်းပျံယာဉ်အာကာသစီမံကိန်း ။ လွန်းပျံယာဉ် ၅-စီး ရှိတယ် ။ ၁-စီးက
Challenger ။ ၁-စီးက Columbia ။ ၂ စီးပျက်ကျတယ် ။ ၁၉၈၆ မှာ ချဲလင့်ဂျာ ။ စိန်ခေါ်သူ ပါ ။ လောကကြီးကို အားအားယားယား

စိန်ခေါ်တယ် ။  လောကကြီးမှာ  အနောက်တိုင်းပညာရှင်တွေ မသိတဲ့  ကံတရားတွေ တန်ခိုးအာဏိသင်တွေ ။ ပျက်ကျဖို့  စိန်ခေါ်မိလျှက်သား
ဖြစ်သွားတယ် ။
      
ကိုလံဘီယာ စိန်ခေါ်တာမဟုတ် ။ Christopher Columbus ဟာအမေရိကတိုက်ကို စတင်တွေ့ ရှိသူကို ဂုဏ်ပြုတာပါ ။ ဒီဂုဏ်ပြုမှုကို

အမေရိကတိုက်က ဌာနေတိုင်းရင်းသားတွေက  အသံပင်မကြားချင်ကြပါ ။  ဌာနေတိုင်းရင်းသားတွေထဲမှာ  ယခင်ရော  ယခုပါ  သူတော်စင်တွေ
ရှိကြပါတယ် ။  ဒီသူတော်စင်ကြီးတွေ  စိတ်ထိခိုက်အောင်  မိုးပေါ်က  ကိုလံဘတ်နဲ့  ပတ်ပြတော့ ( စော်ကားမှုပါဘဲ )  ၂၀၀၃ - ဖေဖေါ်ဝါရီမှာ 
ပျက်ကျရတာပါဘဲ ။  မဟုတ်ဘူးငြင်းချင်ရပါတယ် ။
မမြင်ရတဲ့ ကံတရားဆိုတော့ မှန်တယ်လို့ သက်သေမပြနိုင်ပေမဲ့ ပညာရှင်ဆိုတာ ဆင်ခြင်မှုပါ ။
အခု လဒ ဒီလေကြောင်းလိုင်းလေယာဉ်မှူးတွေ ရန်ကုန်ဆင်းအလာတိုင်း ရွှေတိဂုံကိုဖူးမြင်တွေ့ လေတိုင်း ငါကတော့ ရွှေတိဂုံကိတ်ကိုဝါးတုံးက

ဘယ်အပိုင်းကို  စားခဲ့တာဖြင့်  မြင်ယောင်နေကြမည်ဆိုလျှင်  မတွေးဝံ့စရာပါ ။  ဒီလူတွေ  မတွေးဘူးလို့     ဘယ်သူအာမခံနိုင်မလဲ ။
ကျုပ်ဟောမယ်ဗျာ ။ ဒီလေကြောင်းလိုင်း ဒေဝါလီ ခံရကိန်းရှိရင်ရှိ ၊ မရှိရင် သူကခေါ်သွားမဲ့ မြန်မာတွေ မနည်းဖူးနော် ။

ဒေဝါလီခံရတာကမှ တော်သေး ။  မလေးရှားလေကြောင်းလိုင်းလို  ခေါ်သွား ၊  လေယာဉ်တဝကြီး ဆီကုန်သည်အထိ စီးချင်ကြသူတွေ  
စီးကြဗျာ ၊  မတွေးဝံ့ပေါင် ။
ကျုပ်ကတော့ ကြောက်ကြောက် ။ အရေးကြီးနေလျှင်တောင် မစီးရေးချ မစီး ။
ကြည့်ကြသေးတာပေါ့ ၊ ဘယ်ပုဂ္ဂိုလ်တွေ စီးကြမလဲလို့  ။

--
http://www.burmaburo.blogspot.com
 
No comments:
Post a Comment