Tuesday 30 July 2013

စင်ကာပူရှိ မွတ်စလင်တို့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာအကြောင်း တစေ့တစောင်း





စင်ကာပူရှိ မွတ်စလင်တို့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာအကြောင်း တစေ့တစောင်း

Created on Sunday, 28 July 2013 01:56
Written by သတင်းအယ်ဒီတာအဖွဲ့
AddThis Social Bookmark Button
T-28-7
စင်ကာပူတွင် အိမ်ထောင်ရေးဆိုင်ရာ ဥပဒေကို အက်ဥပဒေနှစ်ရပ်ဖြင့် အုပ်ချုပ်သည်။ ယင်းဥပဒေနှစ်ရပ်မှာ Administration of Muslim Law Act (AMLA) တွင် အကျုံးဝင်သည့် Muslim Marriages Act (1966) နှင့် အမျိုးသမီး ပဋိညာဉ် (Women's Charter) တို့ဖြစ်သည်။ မွတ်စလင်တို့၏ လက်ထပ်ထိမ်းမြားမှုကို အမျိုးသမီး ပဋိညာဉ်ကို အုပ်ချုပ်သည့် Civil Registry (ROM) နှင့် Registry of Muslim Marriages (ROMM) တို့က ထုံးတမ်းနှင့်ညီအောင် ပြုလုပ်ပေးသည်။
မွတ်စလင်တို့နှင့် သက်ဆိုင်သော Administration of Muslim Law Act (AMLA) သည် မွတ်စလင် ရေးရာများကို စည်းမျဉ်းစည်းကမ်းများ ချမှတ်ရန်နှင့် စင်ကာပူတွင် မွတ်စလင်တို့နှင့် ဆက်နွှယ်သည့် ရေးရာများကို အကြံပြုရန်အတွက် ကောင်စီတစ်ခု ဖွဲ့စည်းရန်နှင့် ရှာရီရာ တရားရုံး တည်ထောင်ရန်တို့အတွက် သက်ဆိုင်သည့် ဥပဒေဖြစ်သည်။
ဥပဒေအရ မွတ်စလင် တစ်ဦးသည် လူပျိုပေါက် ဖြစ်လာချိန်တွင် လက်ထပ်ထိမ်းမြားနိုင်သည်။ ထို့ပြင် သတို့သမီးသည် လက်မထပ်ရသေးသော တစ်ကိုယ်ရေ တစ်ကာယ အမျိုးသမီးဖြစ်သည်နှင့် မွတ်စလင်ဥပဒေအရ တရားဝင်ဖြစ်သော အုပ်ထိန်းသူ '၀ါလီ' က လက်ထပ်ထိမ်းမြားမှုကို သဘောတူခွင့် ပြုပေးရသည်။ ယင်းဝါလီသည် ဖခင်၊ အစ်ကို၊ မိခင်ဘက်မှ အဘိုး၊ ဦးလေး (ဖခင်နှင့် ညီအစ်ကိုတော်သူ) ဖြစ်မည်ဖြစ်ပြီး၊ မိန်းကလေးသည် လက်ထပ်ထိမ်းမြားခြင်း မပြုနိုင်သည့် ကလေးဖြစ်ပါက မိခင်ဖြစ်သူက အလ္လာ၏ နာမတော်ဖြင့် ကြေညာပေးရမည် ဖြစ်သည်။
ထို့ပြင် ဖခင်ဖြစ်သူသည် အသက်ရှင်လျက် ရှိနေကြောင်း မသိနိုင်တော့လျှင် ဖြစ်စေ၊ အဝေးတစ်နေရာ ရောက်နေလျှင်ဖြစ်စေ၊ ဒေသဆိုင်ရာ အုပ်ချုပ်သူ တစ်ဦးကလည်း အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ပေးနိုင်သည်။ ဖခင်ဖြစ်သူသည် စင်ကာပူရှိ မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိဘဲ အသက်ရှင်လျက် ရှိနေသေးလျှင် မှတ်ပုံတင်ရုံးက တရားဝင်လျှောက်လွှာကို သတင်းစာများတွင် ထည့်သွင်းပြီး ဆင့်ခေါ်နိုင်သည်။ ယင်းဆင့်ခေါ်စာကို Muslim Court for the Marriage က သဘောတူခွင့် ပြုပေးရမည်ဖြစ်သည်။ ဆင့်ခေါ်လွှာသည် ရက်ပေါင်း ၃၀ အတွင်း အကျုံးဝင်သည်။
သတို့သမီးသည် မွတ်စလင်ဘာသာပြောင်း တစ်ဦးဖြစ်လျှင်၊ မိသားစုအတွင်း တစ်ဦးတည်းသော ဘာသာပြောင်းသူဖြစ်လျှင် အုပ်ထိန်းသူ မလိုအပ်ပေ။
စင်ကာပူတွင် လက်ထပ်ထိမ်းမြားခြင်းကို တရားဝင် အတည်ဖြစ်အောင် ဆောင်ရွက်ပေးရာ၌ မှတ်ပုံတင်သူ မှတ်ပုံတင် အရာရှိကဖြစ်စေ၊ လက်ထပ်ထိမ်းမြားခြင်းကို တရားဝင် ဆောင်ရွက်ခွင့် လိုင်စင်ရရှိထားသူကဖြစ်စေ ဆောင်ရွက်ပေးရသည်။
လက်ထပ်ထိမ်းမြားခြင်းကို တရားဝင်အောင် ပြုလုပ်ပေးရာ၌ တင်းကျပ်သော ပြဋ္ဌာန်းမှုများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းစည်းမျဉ်းများတွင် သတို့သား၊ သတို့သမီး စုံညီရှိရမည်ဖြစ်ပြီး အမျိုးသား မွတ်စလင် သက်သေနှစ်ဦး (သို့မဟုတ်) အမျိုးသမီး မွတ်စလင်သက်သေ လေးဦး (မိသားစုနှင့် မသက်ဆိုင်သူ) တို့ရှိရန် လိုအပ်ကြောင်း ပါဝင်သည်။ အုပ်ထိန်းသူ၊ အုပ်ချုပ်သူ အကြီးအကဲနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတို့ ရှိရမည်ဖြစ်သည်။
လက်ထပ်မင်္ဂလာ အခမ်းအနား ကုန်ကျစရိတ်အတွက် သတို့သမီး၏ မိသားစုကို လက်ဆောင်မဖြစ်မနေ ပေးရမည်ဖြစ်သည်။ (စင်ကာပူဒေါ်လာ ၂၀၀ ထက်မနည်းပေးရန် သတ်မှတ်ထားသည်) ယင်းလက်ဆောင်သည် သဘောတူညီချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဇနီးဖြစ်သူ၏ ကုန်ကျစရိတ်များနှင့် ယင်းပမာဏသည် ညီမျှရမည်ဖြစ်သည်။
လက်ထပ်ထိမ်းမြားခြင်း မှတ်ပုံတင်မှုကို ဆောင်ရွက်နေစဉ် သက်သေမှလွဲလျှင် တက်ရောက်သူ အားလုံးသည် (ROMM) ရုံးတွင် လျှောက်လွှာကို လာရောက်လက်မှတ် ရေးထိုးရမည်ဖြစ်သည်။ သတို့သားသည် လက်ထပ်ထိမ်းမြားရန်အတွက် လျှောက်လွှာနှင့် ကြေညာသဘောတူညီမှုတို့ကို လက်မှတ်ရေးရပြီး လက်ထပ်ထိမ်းမြားမှုကို တရားဝင် ဖြစ်လာစေရန် ဆောင်ရွက်ရမည် ဖြစ်သည်။ တရားသူကြီး၊ ခါဒီက မေးမြန်းရာတွင် အစ္စလာမ္မစ်ဆိုင်ရာ ဗဟုသုတများနှင့် ပတ်သက်၍ ကျေနပ်သည်အထိ ဖြေကြားနိုင်ရမည် ဖြစ်သည်။
သတို့သား၊ သတို့သမီးစုံတွဲသည် အသက် (၂၁) နှစ် အရွယ်ရှိရမည် ဖြစ်သော်လည်း မိဘများ၏ သဘောတူညီချက်ဖြင့် ခွင့်ပြုပါက ၁၆ နှစ်အရွယ်လည်း လက်ထပ်ထိမ်းမြားနိုင်သည်။ အသက် ၁၆ နှစ်အောက် သတို့သမီးအတွက် အထူးခွင့်ပြုချက် လိုအပ်မည်ဖြစ်သည်။
လက်ထပ်မည့် သတို့သား၊ သတို့သမီး စုံတွဲသည် ခန့်အပ်ထားသူ တစ်ဦးက ပို့ချမည့် လက်ထပ်ထိမ်းမြားခြင်း အတိုင်ပင်ခံသင်တန်း Marriage Conselling Course ကို တက်ရောက်ရမည် ဖြစ်သည်။ ယင်းသင်တန်းက ထုတ်ပြန်ပေးသော လက်မှတ်သည် သုံးနှစ်သာ အကျုံးဝင်သည်။ အမျိုးသမီး တစ်ဦးသည် အိမ်ထောင်ရှိဆဲ ဖြစ်ပါက ကွာရှင်းလက်မှတ်ရှိရန် လိုအပ်မည်ဖြစ်ပြီး ယင်းလက်မှတ်သည် လက်မထပ်မီ ရက် ၉၀ သက်တမ်း ရှိရမည်ဖြစ်သည်။ သတို့သားတွင် အသက်ရှင်လျက် ဇနီးမယား ရှိပါက ဇနီးမယားကို ထောက်ပံ့နိုင်ရန်အတွက် ဘဏ္ဍာရေး ပြည့်စုံကြောင်း သက်သေအထောက်အထား ပြရန်လိုအပ်မည် ဖြစ်သည်။ ထို့ပြင် နောက်ထပ်အိမ်ထောင်မပြုမီ ရှိဆဲဇနီးမယား အားလုံး၏ သဘောတူ ခွင့်ပြုချက်လည်း လိုအပ်မည်ဖြစ်သည်။ အမျိုးသားတစ်ဦး အနေဖြင့် သက်ရှိထင်ရှား ဇနီးလေးဦးအထိ ယူခွင့်ရှိသည်။
လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်ခြင်းကို (ROM) ရုံးတွင် (သို့မဟုတ်) ၀က်ဘ်ဆိုက်တွင် သွားရောက်မှတ်ပုံတင်ရန် သတို့သား၊ သတို့သမီး နှစ်ဖက်စလုံးက ရက်ရွေးချယ်ရမည်ဖြစ်ပြီး မွတ်စလင် လက်ထပ်ထိမ်းမြားခြင်း မှတ်ပုံတင်မှု ဆောင်ရွက်ပြီးနောက် ၂၁ ရက်အတွင်း၊ သုံးလအတွင်း အရပ်ဘက် မှတ်ပုံတင်မှုကို ဆောင်ရွက်ရမည် ဖြစ်သည်။
ထို့နောက် သတို့သား၊ သတို့သမီးသည် လက်ထပ်ထိမ်းမြားခြင်း မှတ်ပုံတင်ကို လိုင်စင်ရ လက်ထပ်ထိမ်းမြားခြင်း ဆောင်ရွက်ပေးသူထံသို့ ယူဆောင်သွားရမည် ဖြစ်သည်။ လိုင်စင်ရ လက်ထပ်မင်္ဂလာ ဆောင်ရွက်ပေးသူသည် ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်ပြီး တရားသူကြီး (သို့မဟုတ်) ရပ်ရွာခေါင်းဆောင်များလည်း ဖြစ်နိုင်သည်။
စင်ကာပူတွင် မွတ်စလင် အမျိုးသားတစ်ဦးနှင့် မွတ်စလင် မဟုတ်သူတို့ လက်ထပ်ခြင်းကို ခွင့်မပြုပေ။ မွတ်စလင် မဟုတ်သော သတို့သမီး အနေဖြင့် ဘာသာပြောင်းရန်အတွက် သင်တန်းတက်ရောက် ရမည်ဖြစ်သည်။ တွေ့ဆုံမေးမြန်းသူများက သတို့သား အနေဖြင့် ဘာသာပြောင်းလာသူ သတို့သမီးကို ဇနီးမယားအဖြစ်နှင့် မွတ်စလင် တစ်ဦးအဖြစ် လမ်းညွှန်နိုင်ရန်အတွက် ပြည့်စုံကြောင်းလည်း မေးမြန်းကြမည် ဖြစ်သည်။ မွတ်စလင်မဟုတ်သော သတို့သမီးသည် လက်ထပ်ထိမ်းမြားရန်အတွက် ဘာသာပြောင်း သင်တန်းများ တစ်နှစ်ရောက်ပြီးမှသာ လက်ထပ်ထိမ်းမြားခွင့် ရရှိမည်ဖြစ်သည်။
စင်ကာပူတွင် မွတ်စလင် လက်ထပ်ထိမ်းမြားခြင်းမှလွဲလျှင် အခြားဘာသာဝင်များ ဘာသာခြားအချင်းချင်း လက်ထပ်ထိမ်းမြားမှုအတွက် ကန့်သတ်ချက် မရှိပေ။ မွတ်စလင်နှင့် ဂျူးတို့ လက်ထပ်မှုအတွက် လျှောက်ထားမှုတွင် သီးခြားစည်းမျဉ်းများ ရှိနိုင်သည်။
စင်ကာပူတွင် နိုင်ငံခြားသားများ လက်ထပ်ရန်အတွက် လူ့စွမ်းအား ၀န်ကြီးဌာနထံမှ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပြီး ယင်းခွင့်ပြုချက် မရခဲ့ပါက နောင်တစ်ချိန် ယင်းခွင့်ပြုချက် လိုအပ်လာပါက နိုင်ငံခြားသားများသည် နေရပ်ပြန်ပို့ ခံရနိုင်ပြီး စင်ကာပူသို့ နောက်တစ်ကြိမ် ၀င်ရောက်ရန် တားမြစ်မှုကို ခံရမည် ဖြစ်သည်။ ထို့ပြင် တိမ်းရှောင်သူ စာရင်း၌လည်း ထည့်သွင်းခံရမည် ဖြစ်သည်။
မွတ်စလင် လက်ထပ်ထိမ်းမြားမှုက လိင်တူချင်း လက်ထပ်မှုကို ခွင့်မပြုပေ။ လူတစ်ယောက် အနေဖြင့် အမျိုးသား အင်္ဂါနှင့် အမျိုးသမီးအင်္ဂါ နှစ်မျိုးစလုံးဖြင့် မွေးဖွားလာပါက အပြောင်းအလဲ ဆောင်ရွက်ရမည် ဖြစ်သည်။
စင်ကာပူတွင် ပြီးခဲ့သည် ဆယ်နှစ်အတွင်း ကွာရှင်းပြတ်စဲရန် လျှောက်ထားမှု နည်းပါးလာပြီး လက်ထပ်ရန် လျှောက်ထားမှု မြင့်တက်လာခဲ့ကြောင်း စာရင်းအင်းဌာနက နောက်ဆုံးထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ၂၀၁၂ ခုနှစ်က စင်ကာပူတွင် လက်ထပ်ရန် မှတ်ပုံတင် လျှောက်ထားမှု ၂၇၉၃၆ ရှိခဲ့သည်။ မွတ်စလင် လက်ထပ်မှု မြင့်တက်ခဲ့ပြီး ၂၀၀၂ ခုနှစ်က လက်ထပ်မှု မှတ်ပုံတင် လျှောက်ထားမှု စုစုပေါင်းတွင် မွတ်စလင်လက်ထပ်မှုက ၄၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ရာခိုင်နှုန်း ၇၀ အထိ မြင့်တက်ခဲ့သည်။ မွတ်စလင်တို့၏ ကွာရှင်းရန် လျှောက်ထားမှုသည် လက်ထပ်ပြီး ငါးနှစ်အတွင်း လျှောက်ထားမှုနှင့် လက်ထပ်ပြီး ငါးနှစ်မှ ကိုးနှစ်အတွင်း လျှောက်ထားမှုသည်  ၂၈ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ဘဏ္ဍာရေး ပြဿနာနှင့် လက်ထပ်ပြီးနောက် အိမ်ထောင်ရေး ကိစ္စများသည် မွတ်စလင်တို့ ကွာရှင်းမှုတွင် အဓိက အကြောင်းအရင်းနှစ်ခု ဖြစ်ခဲ့သည်။
Ref:Wikipedia




--
http://www.burmaburo.blogspot.com

သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းအပေါ် ဥပဒေကြောင်း အခြေခံမှ သုံးသပ်ချက်





သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းအပေါ် ဥပဒေကြောင်း အခြေခံမှ
 သုံးသပ်ချက်
ဒီနှစ်ကုန်ရင် နိုင်ငံရေးအကျဉ်းသားတွေတစ်ယောက်မှ မကျန်စေရပါဘူးလို့ ဥရောပခရီးစဉ်မှာ နိုင်ငံ တော် သမ္မတဦးသိန်းစိန်က ကတိပေးပြောဆိုပြီး ၂ ရက်အကြာ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဒုက္ခသည်စခန်းက ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့နယ်တရားရုံးက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
 
ဦးဘရန်ရှောင်ကို ထောင်ဒဏ်ချမှတ်သည့် ညနေပိုင်းတွင် မြေသိမ်းခံ တောင်သူများအရေးတက်ကြွ လှုပ်ရှားသူ ဒေါ်ဘောက်ဂျာကို ဖမ်းဆီးခဲ့သည်။  ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင် လှုပ် ရှားသူများကို အပြစ်ရှာ၊ ထောင်ချောက်ဆင် ဖမ်းဆီးအရေးယူခဲ့သည့်ပုံစံဖြင့်ပင် ပုဒ်မများတပ်ကာ ဒေါ်ဘောက်ဂျာ ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
၅ ရက်အကြာ ဇူလိုင်လ ၂၃ ရက်နေ့တွင် သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ကချင်ပြည် နယ် ဒုက္ခသည်စခန်းမှ ဦးဘရန်ရှောင် အပါအဝင် အခြားနိုင်ငံရေးအကျဉ်းသား အယောက် ၇၀ ကို  လွှတ်ပေးခဲ့ သော်လည်း ဒေါ်ဘောက်ဂျာ လွတ်မြောက်ခြင်း မရှိသေးပေ။
သမ္မတဦးသိန်းစိန်၏ အရပ်သားအသွင်ယူ အစိုးရသစ် တက်လာသည့် နောက်ပိုင်း လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့်  နိုင်ငံရေးနှင့် အခြားအကျဉ်းသားပေါင်းများစွာကို အလီလီလွှတ်ပေးခဲ့ပြီးဖြစ်သော်လည်း အဆိုပါ လွတ်မြောက်ခဲ့ပြီးသော နိုင်ငံရေးအကျဉ်းသားအများစုသည် ယခင်ဝန်ကြီးချုပ်ဦးသိန်းစိန်နှင့် ယခု သမ္မတ ဦးသိန်းစိန် လက်ထက်တွင်ပင် ဖမ်းဆီး အရေးယူ၊ ထောင်သွင်းအကျဉ်းချထားသူများသာ ဖြစ်သည်။
သမ္မတဦးသိန်းစိန်လက်ထက်၌ နိုင်ငံရေးအကျဉ်းသား မည်မျှပင် လွှတ်ပေးစေကာမူ ဒီမိုကရေစီ ရေးနှင့် လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်လှုပ်ရှားသူများနှင့် ဦးဘရန်ရှောင်ကဲ့သို့ သာမန်နိုင်ငံ သားများကို အပြစ်ရှာ၊ ထောင်ချောက်ဆင် မတရားဖမ်းဆီးအရေးယူခံရခြင်းမှ အကာအကွယ်ပေးနိုင်သည့် ဥပဒေပြဌာန်း ပေးရန်လို သည်။ မတရားဖမ်းဆီး အရေးယူခံရပြီးနောက် ဘ၀နစ်နာဆုံးရှုံးသွားသူများ အနေဖြင့် ထိုက်သင့်သည့် လျော်ကြေးများ ခံစားနိုင်ရေးအတွက်လည်းကောင်း၊ မတရားဖမ်းဆီးမှု ပေါ်လွင် ထင်ရှားပါက ယင်းသို့  မတရားပြုမူသူများကို အရေးယူနိုင်ရေးအတွက်လည်းကောင်း၊  ယင်းဥပဒေတွင် ထည့်သွင်းပြဌာန်း ရပါမည်။ ထို့ အပြင်နှိပ်စက်ညှဉ်းပန်းခြင်းမှကာကွယ်သည့် ဥပဒေတရပ်ကို မလွဲမသွေ ပြဌာန်းရန် လိုသည်။
 
သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တို့က နိုင်ငံတော်နှင့် ယှဉ်သော ကတိစကားများကို ထားရှိနေသော်လည်း ဦးဘရန်ရှောင်အား ထောင်ဒဏ် ၂ နှစ် စီရင်ခဲ့သော မြစ်ကြီး နားမြို့နယ် တရားသူကြီး ဦးထူးမြင့် နှင့် ၄င်းအား ဖမ်းဆီးခဲ့သော အမှတ် ၁ ရဲစခန်းမှ ဒု ရဲအုပ် ကျော်မျိုးနိုင်၊ ဖမ်းဆီးထားစဉ် ညှင်းပန်းနှိပ်စက်ခဲ့သော စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)နှင့် ဗိုလ်ကြီး ကျော်စွာလင်း တို့အား တစ်စုံတရာ အရေးယူအပြစ်ပေးခြင်း မရှိပေ။ မတရားမှုသည် တောက်လျှောက်ပင် ဖြစ်ပေါ်လျှက်ရှိသည်။ စတင်ဖမ်းဆီးခံခဲ့ရချိန်မှစ၍ ဦးဘရန်ရှောင်အပေါ် မတရားညှင်းပန်းနှိပ်စက် မှု ပေါင်းစုံကျူးလွန်မှုများအပေါ် မည်သို့ မျှပြန်လည်ဖေါ်ထုတ်အရေးယူဆောင်ရွက်ခြင်းမပြုခဲ့၊ မပြုသေးသော်လည်း ဦးဘရန်ရှောင်ကို ပြန်လွှတ် ပေးသည့်အတွက်ပင် လွှတ်ပေးသူအာဏာပိုင်များကို ကျေးဇူးတင်ရမည့် ပုံမျိုး အချိုးခံရလျှက်ရှိသည်။ ဤသို့ ပြုမူ နေသမျှ ကာလပတ်လုံး မည်သည့် အခါတွင်မျှ ငြိမ်းချမ်း၊ လွတ်လပ်၊ တရားမျှတ၊ တိုးတက်ဖွံ့ဖြိုးသည့် ဒီမိုကရေစီ နိုင်ငံမဖြစ်နိုင်ပေ။
တရားရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ အကျဉ်းထောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံထိန်းတပ်ဖွဲ့ စသည်တို့သည် ဒီမိုကရေစီနိုင်ငံသို့ ပြောင်းလဲနေပါသည်ဟု ကြွေးကြော် နေသော သမ္မတဦးသိန်းစိန် အစိုးရ၏ လူထုဖိနှိပ်ရေးယန္တရားများအဖြစ်သာ အခိုင်အမာ ဆက်လက် တည်ရှိနေသည်။ ဤယန္တယားများအား လူထုအခွင့်အရေးကာကွယ်ရေး ယန္တယားများဖြစ်လာစေရေး အတွက် အမြန်ဆုံးပြုပြင်ပြောင်းလဲ တည်ဆောက်ရန် တောင်းဆိုသည်။
 
 အထက်ဖော်ပြပါ တရားရုံးများ၊ နိုင်ငံတော်လုံခြုံရေး အဆောက်အအုံများကို ပြုပြင်ပြောင်းလဲမှုမပြု၊ ပြည်သူလူထုအား မတရားဖမ်းဆီးအရေးယူခြင်း မပြုလုပ်နိုင်အောင် ဥပဒေပြဌာန်း၍  အကာအကွယ်မပေး၊  နှိပ်စက်ညှဉ်းပန်းခြင်းမှကာကွယ်သည့် ဥပဒေ မတည်ရှိ၊ မတရားဖမ်းဆီးအရေးယူနိုင်သည့် တည်ဆဲဥပဒေများကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းလည်း မရှိသေးပါဘဲလျှက် သမ္မတဦးသိန်းစိန် အစိုးရက နိုင်ငံရေးအကျဉ်းသား ပေါင်းများစွာကို လွှတ်ပေးခြင်းမှာ ပြည်သူလူထုနှင့် နိုင်ငံတကာ ခေါင်းဆောင်များကို လိမ်ညာခြင်း၊ မျက်လှည့်ပြခြင်းသာ ဖြစ်ကြောင်း၊ ဖမ်းလိုက်လွှတ်လိုက် သံသရာသည် မည်သည့်အခါတွင်မျှ အဆုံးသတ်မည် မဟုတ်ကြောင်းနှင့်၊ တဘက်က သရဲမွေးကာ ပရောဂ ၀င်ရောဂါရစေပြီး အခြားတဘက်က ဆေးဝါးကုသပေးကာ ငွေကြေးရှာဖွေစားသောက်သည့် မှော်ဆရာနှင့် အလားသာန်တူသည့် အုပ်ချုပ်မှုအောက်တွင်   အပြစ်ကင်းမဲ့ သော နိုင်ငံသားများကျရောက်လျှက်ရှိကြောင်း သုံးသပ်သည်။
 
အသေးစိပ်သိလိုလျှင်ဆက်သွယ်ရန်
ဦးအမ်နော်မိန်း (ရှေ့နေ)  ဖုံး  ၉၅ (၀) ၉ ၄၇၀၀ ၅၀၉၉
ဥပဒေအထောက်အကူပြုကွန်ယက်                                     နေ့ စွဲ။ ဇူလိုင်လ (၂၇) ရက် ၂၀၁၃ ခုနှစ်




--
http://www.burmaburo.blogspot.com

ဒေါင်းမာန်ဟုန်





 



Posted: 26 Jul 2013 08:38 PM PDT
VOA ဦးအောင်ခင်, ကိုဇော်ဝင်းလှိုင်

အနှစ် (၂၀) ကျော် မြန်မာပြည်ကို ကြီးစိုးပြီး ချမ်းသာကြွယ်ဝလာတဲ့ စစ်အုပ်စုကို ကမ္ဘာက လက်ခံနိုင်အောင် ဒီမိုကရေစီ ပြုပြင်ရေး လုပ်တာဆိုတဲ့ အမြင်ကို လေ့လာသူ အတော်များများ လက်ခံကြပါတယ်။ ဦးသိန်းစိန်အစိုးရရဲ့  ပြုပြင်ရေးကို စစ်အုပ်စုရဲ့  နိုင်ငံရေးမျက်လှည့်အဖြစ် ရှုမြင်ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားအများအပြားလွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလုပ်ခွင့်ပြုတာရယ်၊ စာပေစီစစ်ရေး ရုတ်သိမ်းလိုက်တာရယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးတာရယ်၊ နိုင်ငံခြားမှာ ခိုလှုံနေတဲ့ မြန်မာပြည်သားတွေကို ပြန်လာခွင့်ပြုတာရယ် စတာတွေကိုကြည့်ပြီး ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြုကြပါတယ်။

ဦးသိန်းစိန်ကို ဆုချီးမြှင့်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ ပေးတာရှိသလို နိုဘလ်ငြိမ်းချမ်းရေးဆုပေးဖို့ အမည်တင်သွင်းသူ ရှိပါတယ်။ တေးသံရှင် ကိုမွန်းအောင်နဲ့အဖွဲ့ကတော့ ဦးသိန်းစိန်ဟာ နိုဘလ်ဆုနဲ့ မထိုက်တန်ဘူးဆိုပြီး နော်ဝေမှာ ကန့်ကွက်နေပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ကချင်စစ်ပွဲပြန်ဖြစ်တာမို့ ပြည်တွင်းတမျိုး ပြည်ပတမျိုး လုပ်တာဆိုပြီး မယုံသင်္ကာ ဖြစ်သူများလာပါတယ်။ အခု အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းအများစုဟာ စစ်အစိုးရလက်ထက်က သဘောတူခဲ့တဲ့ စီမံချက်တွေဖြစ်လို့ စစ်အုပ်စုရဲ့  အကျိုးစီးပွားကို အရပ်သားအစိုးရပုံစံနဲ့ ဆက်လက်မြှင့်တင်နေတာလို့ ရှု့ မြင်ကြပါတယ်။

ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရေးဆွဲခဲ့တဲ့ နိုင်ငံရေးလမ်းညွှန်အတိုင်း လုပ်နေတာလို့ ယူဆသူတွေထဲမှာ ထိုင်းအခြေစိုက် မြန်မာ့ရေးရာ ဝါရင့်အကဲခတ် Bertlin Lintner ဟာ ရှေ့ တန်းက ပါဝင်ပါတယ်။ မိမိသမ္မတဖြစ်လာအောင် အကွက်ဆင်ပေးတဲ့ ဦးသန်းရွှေရဲ့ အမိန့်ကို ဦးသိန်းစိန် နာခံနေတုန်းပဲလို့ ဆိုပါတယ်။ လွတ်လပ်စွာ ဦးဆောင်လုပ်ကိုင်တဲ့နေရာမှာ ဦးသိန်းစိန်ဟာ အလွန်အားနည်းတယ်လို့ ဇူလိုင်လ (၉) ရက်နေ့ ဆောင်းပါးမှာ Bertlin Lintner က သုံးသပ်ပါတယ်။ ဒီအတိုင်းဆိုရင် မိမိကိုယ်တိုင် အကွက်ဆင်ပြီးပထုတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲရောက်လာအောင် လုပ်တာကို ဦးသန်းရွှေက ခွင့်ပြုတဲ့သဘော ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် အခြေခံဥပဒေမှာ ဟန့်တားထားတာဟာလည်း ဦးသန်းရွှေရဲ့  လက်ချက်လို့ ယူဆကြပါတယ်။

ဒါကြောင့် အငြိမ်းစားဗိုလ်ချုပ်ကြီးသန်းရွှေရဲ့  သြဇာအာဏာအရှိန်အဝါ ဘယ်လောက်ကျန်ရှိနေတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးလွတ်လပ်မှု ဘယ်လောက်ရှိတယ်ဆိုတာနဲ့ တိုင်းတာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအကြား ကွာဟမှုကြီးမားလာပြီး ဒေါ်အောင်ဆန်းစုကြည် ဦးရွှေမန်းဘက်က ရပ်တည်တာကို စိုးရိမ်စရာအဖြစ်၊ Berkeley တက္ကသိုလ် အာရှရေးရာ သုတေသီ ကိုမင်းဇင် က Foreign Policy စာစောင်မှာ ဇူလိုင် (၁၀) ရက်နေ့က ရေးပါတယ်။ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ (၁၈) ရက်နေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်တာကိုကြည့်ရင် ရင်းနှီးမှု အတိုင်းအတာကို ခန့်မှန်းနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူလို သဘောထား မှားတယ်လို့ ဦးရွှေမန်း ပြောတာဟာ ဦးသန်းရွှေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အာရုံမစိုက်ဘဲ ဗိုလ်ချုပ်ဟောင်းတွေရဲ့  အာဏာပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေတာကို ပညာတတ်အသိုင်းအဝိုင်းနဲ့ စီးပွားရေးလောကမှာ အံ့သြနေကြတယ်လို့ ကိုမင်းဇင် က ဆိုပါတယ်။ ဦးသန်းရွှေ ခန့်အပ်ထားတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့  ရပ်တည်ချက်ကို မသိနိုင်သေးပေမယ့် စစ်အာဏာသိမ်းနိုင်မယ့် အလားအလာကို ကိုမင်းဇင် က တွေးပူနေပုံရပါတယ်။ ဥပဒေပြုလွှတ်တော်မှာ အစိုးရလုပ်ရပ်ကို ဝေဖန်တာဟာ ဝါရင့်ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်ရိုးလုပ်စဉ်ပါ။ ဒါပေမဲ့ သမ္မတဖြစ်ချင်တဲ့ ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌက ကြံ့ဖွံ့အစိုးရရဲ့  လုပ်ဆောင်ချက်ကိုဝေဖန်ပြီး သမ္မတဖြစ်ချင်တဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာမိတ်လုပ်တာဟာ အထူးအဆန်းလို ဖြစ်နေပါတယ်။ တနည်းဆိုရင်တော့ ကြံ့ဖွံ့နဲ့ NLD ပါတီပူးပေါင်းတော့မယ့် အလားအလာလို ဖြစ်နေပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့  အသွင်ကူးပြောင်းရေးကို အယုံအကြည်မရှိသူထဲမှာ ADB အာရှဖွံ့ဖြိုးရေးဘဏ်က အမျိုးသမီးဥပဒေပညာရှင် ကာလမကွီးနီး Kala Mulqueeny လည်း ပါဝင်ပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ အရှေ့ အာရှ ကမ္ဘာ့စိးပွားရေးညီလာခံမှာ ဦးဆောင်ဆွေးနွေးခဲ့တဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။ စစ်အုပ်စုကြီးစိုးတာကို ပြည်တွင်းပြည်ပမှာ အသိအမှတ်ပြုဖို့ ရည်ရွယ်တဲ့ ပြုပြင်ရေးဖြစ်တာမို့ အကန့်အသတ်ရှိနေတာလို့ သူကဆိုပါတယ်။ ဦးသိန်းစိန်ဟာ အခြေခံဥပဒေကို ပြင်ဆင်လိုသူ မဟုတ်ဘူးလို့လည်း မကွီးနီက မြင်ပါတယ်။ ဦးသိန်းစိန်ဟာ ပြုပြင်ရေးသမားဖြစ်နိုင်ပေမယ့် စစ်အုပ်စု (သို့မဟုတ်) ဦးသန်းရွှေအုပ်စု ခွင့်ပြုသလောက်သာ ပြုပြင်ရေးလုပ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းနဲ့ လက်တွဲဖို့ ဆုံးဖြတ်တာဖြစ်ပုံရပါတယ်။

စစ်အစိုးရလုပ်ခဲ့တဲ့ စီးပွားရေးပြဿနာတွေကို ဖြေရှင်းဖို့ ဦးသိန်းစိန်အစိုးရကို တာဝန်ပေးတာသာဖြစ်လို့ စစ်အုပ်စု ဆက်လက်ကြီးစိုးနေမှာ ဖြစ်ပါတယ်။ စစ်အုပ်စုကြီးစိုးရေးအတွက် ရေးဆွဲထားတဲ့ ပြင်ဆင်ရခက်ခဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ဆုံး ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီ ပြုပြင်ရေးကို စနိုင်ပါလိမ့်မယ်။ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရင်တော့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့  နိုင်ငံရေးမျက်လှည့်ကိုသာ ဆက်လက်မြင်တွေ့ရဖွယ်ရှိတယ်လို့ ပြောရပါလိမ့်မယ်။

VOA
Posted: 26 Jul 2013 10:06 AM PDT

၈၈၈၈ ငွေရတုနှစ်ပတ်လည်အချိန်အခါသို့ နီးကပ်လာသည်နှင့်အမျှ အများစုက ထိုခမ်းနားစိတ်လှုပ်ရှားစရာ အဖြစ်အပျက်များကိုပြန်လည်သုံးသပ်ကာ (မျက်မှောက်နိုင်ငံရေး အပြောင်းအလဲများအတွက်) ၈၈၈၈ လှုပ်ရှားမှု၏ အနက် သက်ရောက်မှု နှင့်ထိရောက် အရေးပါမှုတို့ကို ပြန်လည်ဆန်းစစ်လာကြပေသည်။ အများစုမှာ ၈၈၈၈ လှုပ်ရှားမှုကို မှတ်မိရန် သို့မဟုတ် ဂရုပြုအလေးမူမိရန် လွန်စွာငယ်ရွယ်နေကြပေသေးသည်။ သို့သော် ယနေ့ မြန်မာနိုင်ငံရှိ လူ တိုင်းလူတိုင်း ၏ဘဝများသည် ထိုကျောင်းသားလှုပ်ရှားမှု၏ရလဒ်ကြောင့် တစ်မျိုးတစ်ဖုံကွဲပြားခဲ့ပြီဆိုသည်မှာမူ သံသယ ဖြစ်ဖွယ်မရှိပါချေ။ ၈၈ ကျောင်းသားများသည် မြန်မာနိုင်ငံကိုထာဝရပြောင်းလဲစေခဲ့ပြီ။ သို့ရာတွင် မြန်မာ့နိုင်ငံရေး သမိုင်းတွင် သမိုင်းဝင်အခန်းကဏ္ဍဍမှ ပါဝင်ခဲ့ဖူးသူတစ်ဦးကို ထိုခေတ်အခါက လူအများကအမှတ်ရဆဲရှိနေပါသေး သည်။ ထိုသူမှာ တိုးရစ်ဗီဇာဖြင့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရန်ကုန်သို့ တစ်ကြိမ်မက တိတ်တဆိတ်ဝင်ရောက် လာကာ ဘီဘီစီရေဒီယိုအစီအစဉ်အတွက် ၈၈၈၈ လှုပ်ရှားမှုသတင်းများကို တင်ဆက်ပေးခဲ့သူ ခရစ္စတိုဖာဂန်းနက်စ် စChrisopher Gunnessပင်ဖြစ်ပါသည်။

သူ၏သတင်းပေးပို့ချက်များကို သန်းနှင့်ချီသောမြန်မာနိုင်ငံသားများက ခုံမင်မက် မောစွာနားထောင်ခဲ့ကြပြီး ၈၈၈၈ လှုပ်ရှားမှု၏ အသက်သွေးကြောသဖွယ် အရေးပါခဲ့လေသည်။

သူသည် ၁၉၈၈ နောက်ပိုင်း ၂၅ နှစ်လုံးလုံးပြည်ဝင်ခွင့် တားမြစ်ခံထားရသော နာမည်ပျက်စာရင်းတွင် ပါဝင်ခဲ့သဖြင့် မြန်မာနိုင်ငံသို့ထပ်မံရောက်လာနိုင်ခြင်းမရှိခဲ့ပါ။ သို့ရာတွင် ယခုအခါ ကုလသမဂ္ဂဌာနတစ်ခုတာဝန်ဖြင့် ဂျေရုစလင်သို့ရောက်ရှိနေသော ခရစ္စတိုဖာဂန်းနက်စ်ကို ပဲ့တင်သံက ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ယခုဖော်ပြမည့် အင်တာဗျူးမှာ ပဲ့တင်သံဂျာနယ်သို့ သူ ထုတ်ဖော်ပြောပြသည့် သူ တစ်ကိုယ်ရည်ပုဂ္ဂလိကဖွင့်ဟချက်ပင်ဖြစ်ပါသည်။

မေး။ ၁၉၈၈ မှာ မြန်မာနိုင်ငံကို ဘာလို့လာခဲ့တာလဲ။ ဘယ်တုန်းက ရောက်ခဲ့တာလဲ။
ဖြေ။ ကျွန်တော် မြန်မာနိုင်ငံကို ၁၉၈၈ ဇူလိုင် ၂၂ ရက်မှာလာခဲ့တာပါ။ အကြောင်းကတော့ ဗိုလ်ချုပ်ကြီးနေဝင်းက မဆလပါတီညီလာခံကို extraordinary အထူးညီလာခံဆိုပြီး ခေါ်လိုက်လို့ ဖြစ်ပါတယ်။ ဒါကို နည်းနည်းထူးဆန်း တယ်လို့ထင်တယ်။ ရှေ့ပိုင်းမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကလည်း ရှိနေတော့ ကျွန်တော်နဲ့ဘီဘီစီက အယ်ဒီတာက မြန်မာနိုင်ငံမှာ တစ်ခုခုထူးထူးခြားခြား ကြီးကြီးကျယ်ကျယ်ကိစ္စဖြစ်လာတော့မယ်လို့ ခံစားရတယ်။ ၁၉၈၇ သြဂုတ် တုန်းက အဲဒီစက်ဆုပ်ဖွယ်အာဏာရှင်ကပဲ နိုင်ငံပိုင်ရေဒီယိုနဲ့တီဗီမှာ အမှားတွေ လုပ်ခဲ့ဖူးပါတယ် လို့ ဝန်ခံထားတာ လည်း ရှိတယ်လေ။ သူက ဘယ်လိုများနှိမ့်ချနိုင်တာပါလိမ့်။ ၁၉၈၇ စက်တင်ဘာ မှာကျတော့ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်တွေကို တရား မဝင်ကြေညာခဲ့တာမှာ သာမန်လူအများစုက အတော်ကြီးထိခိုက်ခဲ့ရတယ်။ အဲဒီအချိန်မှာ တပ်မတော်ကတော့ ကြီးပွားနေပြီလေ။ လူတွေက ဒေါသထွက်နေချိန်မှာ လက်နက်မဲ့ကျောင်းသားတွေ အပေါ် မတ်နဲ့ဇွန်လမှာ လူသတ်သမားဆန်ဆန် သတ်ဖြတ်နှိပ်ကွပ်ခဲ့တဲ့ လုံထိန်းတွေကိုမုန်းလာကြပါတယ်။ အဲ့ဒီကိစ္စ တွေအတွက် အစိုးရရဲ့တရားဝင်စုံစမ်းရေးကော်မတီက ထုတ်ပြန်ပေးတာတွေကလည်း မျှော်လင့်ထားတဲ့အတိုင်း မှင်ဖြူ အုပ်ပေးလိုက်သလိုပဲမို့ လူထုရဲ့မခံချင်စိတ်တွေ ပိုမိုကြီးထွားလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးနေဝင်းထံပေးတဲ့ ဦးအောင် ကြီးရဲ့သူမတူစာတစ်စောင်ကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ဖို့တောင်းဆိုထားတာပါ။ အဲဒီဖြစ်ရပ်တွေက လန်ဒန်မှာရှိတဲ့ ကျွန်တော့်အလုပ်စားပွဲကနေကြည့်တော့ အပြောင်းအလဲရဲ့အနံ့အသက်ကို ရသလိုဖြစ်ပြီး ရန်ကုန်ကို လူကိုယ်တိုင် ရောက်တဲ့အခါမှာတော့ သက်သေထူပြီးဖြစ်နေပါတယ်။ အကြောက်တရားနဲ့စက်ဆုပ်ရွံ့ရှာမှုတွေဟာ ရန်ကုန်လေ ထုထဲမှာ ဖမ်းဆုပ်ကိုင်တွယ်လို့တောင် ရနေသလိုပါ။ ဒါပေမဲ့ ကျွန်တော်ရော ဘယ်သူကမှ ဒီ အမေ့ခံမြေ ပေါ်မှာ အပြောင်းအလဲလေပြေကနေ အပြောင်းလဲတကာ့အပြောင်းလဲဆုံး ဟာရီကိန်းမုန်တိုင်းကြီးဖြစ်လာတော့မယ်လို့ ဘယ် လိုသိနိုင်ခဲ့မှာပါလိမ့်။

မေး။ ၁၉၈၈ မှာ ခရစ္စအတွက် အရေးအကြီးဆုံးအခိုက်အတန့်က ဘယ်အချိန်ပါလဲ။
ဖြေ။ စက္ကန့်နဲ့အတိအကျကို ပြောနိုင်ပါတယ်။ ၁၉၈၈၊ ၈ လပိုင်း၊ ၈ ရက် နံနက် ၈ နာရီ ၈ မိနစ်ပါပဲ။ အဲဒီနေ့က မြန်မာနိုင်ငံအတွက် အမျိုးသားရေးဆိုင်ရာကိုယ်ပိုင်အနက်ဖွင့်နိုင်ခဲ့တဲ့အချိန်လို့ဆိုရမှာပါ။ (moment of national self definition) အဲဒီအချိန်မှာ မြန်မာနိုင်ငံက လူထုကသူ့တို့အနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ဖို့ နှစ်ပေါင်းများစွာ အိပ်မက်မက်ခဲ့ရတာတွေ တကယ်ဖြစ်လာနိုင်ချေရှိတယ်လို့ သဘောပေါက်ခဲ့ရပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ ၇ ရက်ပဲ ဗီဇာရတာမို့ ဘင်္ဂ္လာဒေ့ရှ်ကို ထွက်သွားခဲ့ရပြီး မြို့တော် ဒက်ကာ မှာရှိတဲ့ ရှရင်တန်ဟော်တယ်မှာပဲ ဘီဘီစီရုံးခန်း သဘောထားပြီး မြန်မာနိုင်ငံသတင်းတွေကို ပြင်ဆင်ထုတ်လွှင့်ခဲ့ရပါတယ်။ ၈ ရက် ၈ လ၊ ၈၈ မှာ ကျွန်တော်ဟာ မြန်မာပြည်မှာတုန်းက ချိတ်ခဲ့တဲ့လူတွေနဲ့ အချိန်အတိအကျချိန်းထားတာမို့ ဖုန်းဆက်ဖို့စောင့်ရင်း စိတ်တွေ လှုပ်ရှားနေခဲ့ပါတယ်။ ဒီလှိုင်းတွေတက်လာသလိုကို စိတ်လှုပ်ရှားခဲ့ရတာကိုမှတ်မိနေပါတယ်။ အထွေထွေသပိတ်ကြီးစတော့ ရန်ကုန်မြို့ရဲ့ လမ်းများပေါ်မှာနဲ့ မြို့ရွာအသီးသီးရဲ့လမ်းတွေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့လူတွေ သန်းနဲ့ချီပြီး ပြည့်နှက်နေခဲ့တယ်လေ။ မြန်မာ့လူထုဟာသူတို့ရဲ့ကိုယ်ပိုင်ပန်းတိုင်အတွက်ချီတက်တဲ့ခေတ်ကို ရောက်သွားသလိုပါပဲ။

မေး။ ၁၉၈၈ နဲ့ပတ်သက်ရင် ဘယ်အရာကို မျက်စိထဲမှာ ခုထိ တိတိကျကျ မြင်ယောင်နေသေးလဲ။
ဖြေ။ ဒီနေ့ထိ ကျွန်တော့်ခေါင်းထဲမှာ ဝဲလည်လှည့်နေသေးတာကတော့ မြန်မာ့လူထုရဲ့သူရသတ္တိ၊ တီထွင်ဉာဏ်နဲ့ ဟာသဉာဏ်တွေကို ထင်ဟပ်တဲ့ပုံရိပ်သွင်တွေအများကြီးပေါ့။ နောက်တစ်ခုကတော့ တိုင်းရင်းသားဒေသ တစ်ခုက အသက်ခပ်ကြီးကြီးရှေ့နေတစ်ယောက်ရဲ့ရဲရင့်လှတဲ့အင်တာဗျူးအဖြေတွေပေါ့။ (သူ့ခွင့်ပြုချက်မယူနိုင်လို့ နာမည်မဖော်ပြနိုင်ပေမယ့် သူ့ကို တကယ်ကျေးဇူးတင်နေပါတယ်) ပြီးတော့ စစ်တပ်ကအာဏာသိမ်းတဲ့ အချိန်မှာ ကျွန်တော်က အမေရိကန်သံတမန်တစ်ယောက်နဲ့ ဖုန်းလိုင်းပေါ်မှာရှိနေခဲ့တယ်။ SLORC ဆိုတဲ့ အတိုကောက်ဝေါဟာရကို စကြားကြားချင်းပဲ ကျွန်တော့်ခေါင်းထဲမှာ (အင်္ဂ္လိပ်ဝေါဟာရ Slaught လို ) အသံထွက်တဲ့အတိုင်း အနက်မှာ သတ်ဖြတ်နှိပ်ကွပ်မယ့်သဘောကို ပက်ပက်စက်စက်ကြီး ထင်ဟပ်တဲ့အတိုကောက်စကားလုံးပါလားလို့ တွေးမိပါတယ်။ အဲဒီအတိုကောက်ရဲ့ဖွင့်ဆိုချက် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဆိုတာမှာလည်း နိုင်ငံရေးလော်မာမှု သမိုင်းတစ်လျှောက်မှာ အင်မတန်ရှေ့နောက်မညီကမောက်ကမတွဲဘက်ထားတဲ့စကားစုဆိုတာမျိုးခံစားရပါတယ်။

မေး။ ကျောင်းသားဘယ်နှစ်ယောက်နဲ့ တွေ့ခဲ့ပါလဲ။ ခုထိမှတ်မိနေတဲ့သူ ဘယ်သူတွေရှိပါလဲ။ ဘာလို့မှတ်မိနေတာပါလဲ။သူတို့နဲ့ပတ်သက်ပြီး ခရစ္စကို ဆွဲဆောင်နိုင်ဆုံးကဘာဖြစ်မလဲ။ သူတို့ရဲ့တက်ကြွနေတဲ့ စိတ်တွေလား၊ ပုန်ကန်လိုနေတဲ့စိတ်တွေလား၊ ဒါမှမဟုတ် သူတို့ရဲ့လှုပ်ရှားမှုအစီအစဉ်စီစဉ်မှုတွေလား။
ဖြေ။ ကျောင်းသားဘယ်နှစ်ယောက်နဲ့တွေ့ခဲ့လဲဆိုတာတော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် စုစုပေါင်းတော့ အယောက် ၂၀ မကျော်ဘူးထင်ပါတယ်။ အဲဒီတုန်းက လူအတော်များများဟာ ဘီဘီစီနဲ့စကားမပြောချင်ကြတာနားလည်ပေးနိုင်စရာပဲလေ။ ဒါပေမယ့်အုပ်စုတစ်စုကတော့ သူတို့ရဲ့သတ္တိ၊ ဒေါသ၊ အစွမ်းအစတွေကြောင့် ကျွန်တော်နဲ့စကားပြောဖို့ ပေါ်ထွက်ခဲ့ပါတယ်။ ရန်ကုန်Strand ဟိုတယ်မှာတည်းနေတုန်း တစ်နေ့တော့အိပ်ခန်းပြန်ရောက်ချိန် ခေါင်းအုံးအောက်မှာ စာတစ်စောင်တွေ့ခဲ့ရပါတယ်။ စာထဲမှာ ဟိုတယ်အပြင်ဘက်နေရာတစ်ခုမှာ ဘယ်အချိန်အတိအကျ ကားနဲ့ လာခေါ်မယ်ဆိုတာပါပါတယ်။ အဲဒီလိုနဲ့ သူတို့ချိန်းတဲ့အတိုင်း ကျွန်တော်လိုက်သွားခဲ့ပါတယ်။ ကျွန်တော်မှတ်မိတာကတော့ ရန်ကုန်တက္ကသိုလ်ရဲ့အခန်းတစ်ခုထဲ ရောက်သွားပါတယ်။ ကျောင်းသားတွေက အသံတိုးတိုးနဲ့ပဲသူတို့ခံစား ရသမျှနှိပ်စက်ဖိနှိပ်မှုတွေကိုပြောပြပါတယ်။ ကျွန်တော့်ကို အဓိကအံ့အားသင့်စေခဲ့တာကတော့ သူတို့ရဲ့အပြစ်မဲ့မှုနဲ့ လက်နက်ကိုင်တပ်မတော်သားတွေနဲ့ယှဉ်လိုက်ရင် ကိုယ်ခန္ဓာကြံ့ခိုင်မှုလုံးဝအားနည်းလွန်းနေတဲ့ သူတို့ရဲ့ပုံပန်းသဏ္ဍဍာန် တွေပါပဲ။ ကျောင်းသားတစ်ယောက်က ကျွန်တော့်ကိုတော်လှန်ရေးကို ဘယ်လိုလုပ်ရမလဲလို့မေးတော့ ကျွန်တော်က သူတို့တွေ တော်တော်လေး ရိုးအကြသေးတာပဲလို့ တွေးမိခဲ့ပါတယ်။ သတင်းထောက်တစ်ယောက်အနေနဲ့ သူတို့ကို မြင်မိတာကတော့ လှုပ်ရှားမှုထဲမှာနှစ်မြှုပ်ပြီး သတ္တိလည်းရှိ၊ စိတ်ဓာတ်လည်းပိုင်းဖြတ်ထားကြသလို မျှော်လင့်တာတွေက
လည်း တကယ့်ကိုစံပြဖြစ်လွန်းသလို ထူးဆန်းတာက အကောင်းလည်းမြင် လွန်းနေပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာတော့ လူသတ်တပ်မတော်ကြီးနဲ့ ရင်ဆိုင်နေတဲ့ သူတို့အတွက်အရမ်းကာရောကို စိုးရိမ်ကြောက်လန့်ခဲ့တာပါ။

မေး။ ၁၉၈၈ ကျောင်းသားလှုပ်ရှားမှုကို ဘယ်လိုထင်ပါသလဲ။ မြန်မာ့ သမိုင်းအတွက် အရေးပါတဲ့လှုပ်ရှားမှုလား။ ဒါမှမဟုတ်သိပ်အရေးပါခဲ့တာ မျိုးမရှိလို့ထင်လား။
ဖြေ။ ကျွန်တော်ကတော့ ဒီလှုပ်ရှားမှုဟာ မြန်မာ့သမိုင်းသာမက အာရှဒေသတွင်းသမိုင်းမှာပါဖျောက်ဖျက်လို့မရအောင် လုံးဝဥဿုံအရေးပါတယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေဟာ ဒီလှုပ်ရှားမှုကနေအခြေတည်ခဲ့တာပါ။ ကျောင်းသားတွေနဲ့ ၈၈ လှုပ်ရှားသူအားလုံးဟာ မြန်မာနိုင်ငံမှာဒီမိုကရေစီ၊ လူ့ဂုဏ်သိက္ခာကြွယ်ဝချမ်းသာတဲ့ အနာဂတ်ကို အာမခံနိုင်သွားအောင် သူတို့ရဲ့ဘဝတွေကိုရင်းခဲ့ကြပါတယ်။ အသက်တွေကို နှင်းခဲ့ကြပါတယ်။ အပြောင်းအလဲဟာ ပြီးပြည့်စုံတဲ့အနေအထားကို မရောက်သေးပေမယ့် နောက်လာတဲ့မျိုးဆက်ဟာ ၁၉၈၈ လှုပ်ရှားမှုမျိုးဆက် အပေါ်မှာ ကျေးဇူးတွေအများကြီးတင်ရှိနေတာပါ။ သူတို့ကတကယ့်သူရဲကောင်းတွေပါ။ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့သတ္တိနဲ့လူ့ဂုဏ်သိက္ခာတွေဟာ အားကျစရာအတုယူစရာဖြစ်ရတဲ့အတွက်ကိုပဲမေ့လို့မရနိုင်ပါဘူး။ ကမ္ဘာ့အနေအထားကိုကြည့်ပြီး အာရှမှာရှိခဲ့တဲ့စစ်အေးနိဂုံးကို သုံးသပ်ကြည့်မယ်ဆိုရင် ၈၈ မျိုးဆက်ကျောင်းသားထုကြီးဟာ ၂၀ ရာစုမှာရော မြန်မာ့သမိုင်းမှာပါ နေရာမှန်တစ်ခုအခိုင်အမာရသင့်တယ်လို့ ကျွန်တော်မြင်ပါ တယ်။ ဒီ ၁၉၈၈ လှုပ်ရှားမှုဆိုတာ တရုတ်ပြည်တီယန်မင်လှုပ်ရှားမှုထက် ၁ နှစ်စောပြီး အင်ဒိုနီးရှားက ဆူဟာတိုကိုဖြုတ်ချတဲ့လှုပ်ရှားမှုထက် ၁၀ စုနှစ်တစ်ခုလုံးလုံး စောတယ်ဆိုတာကို မမေ့ကြပါနဲ့။ ၈၈ လှုပ်ရှားမှုနဲ့ ကျောင်းသားထုဟာ အာရှနိုင်ငံရေးမှာကို သမိုင်းဝင်ခြေရာတစ်ခု၊ လမ်းတစ်လမ်းဖောက်ထွက်ခဲ့တာပါ။ ၁၉၈၆ ခုနှစ်ကဖိလစ်ပိုင်မှာမားကို့စ်ကို ဖြုတ်ချခဲ့တာ ပြည်သူ့အာဏာနဲ့ဆိုတာ မှန်သင့်သလောက်မှန်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ မားကို့စ်နဲ့သူ့ရဲ့ခရိုနီတွေကို တွန်းချခဲ့တာ စူပါပါဝါဖြစ်တဲ့ အမေရိကလို့ဆိုရမှာပါ။ အဲဒါနဲ့ယှဉ်ရင် မြန်မာဟာဘယ်သူနဲ့မှလည်း အချိတ်အဆက်မရှိခဲ့ပါဘူး။ မဆလစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ရုန်းကန်လှုပ်ရှားမှုဟာတကယ်တော့ အထီးကျန်လှုပ်ရှားမှုပါ။ ကြိုတင်ကြံစည်ပြင်ဆင်ခဲ့ တာမျိုးလည်းမရှိခဲ့ပါဘူး။ အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေနဲ့အရေးယူတဲ့အချိန်မှာ အာဆီယံနဲ့တရုတ်လို အိမ်နီးချင်းတွေက အာဏာရှင်အစိုးရကို ဝိုင်းအားပေးခဲ့ကြတာမျိုးပဲရှိတာမို့ ဘယ်သူ့အကူအညီမှ ဟုတ်တိပတ်တိမရခဲ့တဲ့ ၈၈ ကျောင်းသားလှုပ်ရှားမှုဟာ သူရဲကောင်းဆန်တယ်လို့လည်းပြောလို့ရပါတယ်။ ဒါကြောင့် ကမ္ဘာနဲ့အဝန်းက အာဏာရှင်တွေရဲ့ ထုံးစံအတိုင်းထိတ်လန့်ဖွယ်တုံ့ပြန်မှုတွေအပါအဝင် အခက်အခဲမှန်သမျှကိုတောင့်ခံခဲ့ရတဲ့ ဒီလှုပ်ရှားမှုဟာအာရှမှာရှိတဲ့ ဖိနှိပ်ခံလူထုကို ရိုက်ခတ်ခဲ့ပါတယ်။ သူ့နိုင်ငံရဲ့အာဏာရှင်ကိုအံတုပြီး နိုင်ငံအနာဂတ်အပြောင်းအလဲကိုလည်း ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ ကမ္ဘာ့စစ်အေးခေတ်ဟာ ဥရောပမှာစတင်ပြီးဆုံးခဲ့တာမဟုတ်ဘဲ အာရှမှာဦးစွာ ပြီးဆုံးခဲ့တာပါ။ အဲဒီစစ်အေးနိဂုံးမှာ ၈၈ ကျောင်းသားလှုပ်ရှားမှုဟာ ရှေ့တန်းတစ်နေရာကပါပါတယ်။ ဒီလိုပြောတာ မြှောက်ပင့်ပြောသလို လေကျယ်သလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကအဲဒီလိုကိုယုံကြည်ပါတယ်။

မေး။ ၁၉၈၈ လှုပ်ရှားမှုမှာ ကျောင်းသားတွေရဲ့အခန်းကဏ္ဍဍကို ဘယ်လိုမြင် သလဲ။ ဦးနု၊ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်စတဲ့ခေါင်းဆောင် တွေနဲ့ယှဉ်ရင်ကျောင်းသားခေါင်းဆောင်ဆိုသူတွေက နယ်ရုပ်လေးတွေ လောက်ပဲဖြစ်ခဲ့လား။ ဒါမှမဟုတ်ဘာတွေဖြစ်ခဲ့လဲ။
ဖြေ။ ကမ္ဘာရဲ့ဒီနေ့အခြေအနေကို လှည့်ပတ်ကြည့်ရင်တောင် နိုင်ငံရေးအပြောင်းအလဲအခန်းကဏ္ဍဍကို အသိအမှတ်မပြုဘဲနေဖို့မဖြစ်နိုင်ပါဘူး။ လူကြီးနိုင်ငံရေးသမားတွေဆိုတာကတော့ လူငယ်ကျောင်းသားတွေထွင်ခဲ့တဲ့ နိုင်ငံရေးခြေရာလမ်းတစ်လျှောက် သူတို့ကိုယ်တိုင် မလျှောက်နိုင်ချိန်မှာ ဆက်ပြီးတက်လျှောက်ပေးဖို့ ဖြစ်လာတာမျိုးရှိပါတယ်။ ၁၉၈၈ မှာ ကျောင်း သားတွေရဲ့ခေါင်းဆောင်မှုမှာ အဓိကသော့ချက်လိုဖြစ်တဲ့ လက္ခဏာသွင် ပြင်ကတော့ သူတို့ရင်ဆိုင်ရတဲ့ကြမ်းတမ်းနှိပ်စက်မှုကြောင့် တစ်ခြားလှုပ်ရှားမှုတွေနဲ့ ကွဲပြားခြားနားလွန်းသလို ရုတ်တရတ်ပေါ်ထွက်လာတာမျိုး လည်းဖြစ်ပါတယ်။ ပြီးတော့ကောင်းကောင်းလည်း အနက်မဖွင့်ထားနိုင် ပါဘူး။ (ဘယ်လိုလှုပ်ရှားမှုမျိုးပါလို့ ဖွင့်ဆိုရှင်းပြဖို့ခက်တာမျိုးပေါ့။ ဒါ လည်း တကယ့်ကိုအမှန်ပါ) တကယ်တော့ အဲဒီလိုဖြစ်တာကိုက ကျောင်းသားတွေကို ပိုပြီးထိထိရောက်ရောက်စွမ်းနိုင်စေခဲ့တယ်လို့ဆိုရမှာပါ။ (ရယ်စရာလိုတော့ ဖြစ်မှာပေါ့။) ဒါကြောင့်ပဲ ဒီလှုပ်ရှားမှုကြီးကရပ်လို့မရတော့တာလေ။ မြန်မာ့ကျောင်းသားတွေမှာ ခေါင်းဆောင်အစုအဖွဲ့ဆိုတာ အတည်တကျအာဏာပိုင်ဖွဲ့စည်းပုံမျိုး လုံးလုံးမရှိဘဲ အချိန်ရဲ့လိုအပ်ချက်နဲ့အမျှ ပြောင်းလဲနေပါတယ်။ ဒါ့အပြင် ပထဝီအနေအထားအလိုက်လဲ ပြန့်ကျဲ ပြီး စုစည်းဖို့ခက်ပြန်ပါတယ်။ ဒီနေရာမှာ ကိုယ်ချစ်ရတဲ့သူတွေ၊ သူငယ်ချင်း တွေကို ခွဲခွာပြီး လှုပ်ရှားမှုဆက်လက်အသက်ဝင်အောင် နယ်စပ်ကိုထွက်ခွာ လာခဲ့တဲ့ မိုးသီးဇွန်တို့လို ကျောင်းသားတွေကိုလည်း ထည့်တွက်ရပါမယ်။ ၈၈ ကျောင်းသားတွေဟာ နယ်ရုပ်လေးတွေလိုဖြစ်ခဲ့လား ဆိုတာကတော့ ဘယ်သူ့ရဲ့နယ်ရုပ်ဖြစ်ရမှာလဲ။ ဘယ်သူကမှ သူတို့ကိုအဲဒီလိုပြောနိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့တွေ့နေရတဲ့ အပြောင်းအလဲတွေဟာ သူတို့ကပဲစခဲ့တာပါ။ အခုထိလည်း သူတို့ဟာအကြံသစ်၊ ဉာဏ်သစ်တွေကို သယ်ဆောင်နေပါတယ်။ မြန်မာ့လက်ရှိနိုင်ငံရေးဘဝမှာပေါ်ထွက်လာတဲ့ အပြန်အလှန်ထိန်းကျောင်းမှုဆိုတာကိုလည်း စောင့်ကြည့်ထိန်းကျောင်းပေးနေပါတယ်။ (ချက်စ်စကားနဲ့ပြောရင် ချက် နေပါတယ်ပေါ့) ကျွန်တော်ကတော့ သူတို့ရဲ့ လှုပ်ရှားမှုကို တကယ့်ကိုခမ်းနားစွာမြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင်တော့ ၁၉၈၈ ဇူလိုင်လ ကျွန်တော် ရန်ကုန်မှာရှိစဉ်တုန်းက သူဟာ လူထုမြင်ကွင်းထဲကို မရောက်လာခဲ့သေးပါဘူး။ နောက်တစ်လအကြာ ရွှေတိဂုံမိန့်ခွန်းပြောတော့မှ သူကလူထုကြားကိုရောက်လာတာပါ။ ဒါပေမယ့် သူဟာ ရုတ်တရတ်ထဖြစ်လာတဲ့ လှုပ်ရှားမှုကနေပါရာက အစီအစဉ်တကျဖြစ်ပြီး စုစည်းတဲ့နိုင်ငံရေးလှုပ်ရှားမှုကြီးအဖြစ် ကူး ပြောင်းရာမှာ အရေးပါတဲ့အခန်းကဏ္ဍဍက ပါဝင်ခဲ့တာကိုတော့ ငြင်းလို့ မရနိုင်ပါဘူး။ ဦးနုနဲ့ ဦးအောင်ကြီးတို့လိုလူကြီးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်လိုပါပဲ။ ပြည်တွင်းလှုပ်ရှားမှုအနေအထားကနေ ပြည်ပကပါ စိတ်ဝင်စားသွားအောင်၊ အရောင်ပိုထွက်လာအောင် ကူညီရာမှာအရေးပါခဲ့ပါတယ်။

မေး။ ကျောင်းသားတွေဟာ ၈၈မှာ တကယ့်ခေါင်းဆောင်အစစ်တွေဆိုရင် ဘယ်သူက ၈၈၈၈ ဆိုတာကို ဦးဆောင်ခဲ့လဲ။ ကိုမင်းကိုနိုင်လား၊ ကိုကိုကြီးလား၊ ကိုမင်းဇေယျလား၊ ကိုဋ္ဌေဌးကြွယ်လား။
ဖြေ။ ၁၉၈၈ လှုပ်ရှားမှုကို ဘယ်သူက ဦးဆောင်ပါတယ်လို့ ပြောဖို့တော့ခက်ပါတယ်။ ကျွန်တော်အမြင်ကတော့ လှုပ်ရှားမှုဟာ သူ့ အလိုလိုပေါ်ထွက်လာပြီး ခေါင်းဆောင်မှုဟာ အကောင်အထည်သဘောထက် လှိုင်းအရွေ့သဘော ဆန်ပါတယ်။ ခေါင်းဆောင်တွေ အများကြီးပေါ်ထွက်ခဲ့ပြီး အားလုံးဟာ အရေးကြီးတဲ့အခန်းကဏ္ဍဍတွေမှာ သူမတူ အရေးပါခဲ့ပါတယ်။ အဲဒီလိုဖြစ်လို့ကို လှုပ်ရှားမှုကထိရောက်ခဲ့တာလို့ ပြောရမလိုပါပဲ။ မြန်မာ့တပ်မတော်ဟာ ဆယ်စုနှစ်ပေါင်းများစွာ တော်လှန်ပုန်ကန်သူတွေကိုနှိမ်နင်းခဲ့ပါတယ်။ စစ်တပ်မှာ အမြဲတမ်းမှန်တဲ့ အမှန်တရားတစ်ခုကတော့ နောက်ဆုံးစစ်ပွဲ တွေကို ဗိုလ်ချုပ်တွေကိုယ်တိုင် တိုက်တယ်ဆိုတာပါ။ ဒါပေမဲ့ ၁၉၈၈ မှာတော့ ကိုယ်ဘာသာကျေနပ်နေတဲ့ မြန်မာ့အာဏာရှင်အစိုးရ ဟာ ရုတ်တရက်ဆိုသလိုရန်သူ အသစ်တစ်မျိုးကိုရင်ဆိုင်လာရပြီး သူတို့ဘာသာသူတို့ အရှုံးမရှိနိုင်လို့ တွေးထင်မှု တွေနဲ့တိမ်းမူးလာပြန်ပါတယ်။ ဒီရန်သူအသစ်ကတော့ တစ်ချိန်လုံးပြောင်းလဲနေတာပါ။ အမျိုးစုံပုံကလည်း အသင်္ခ࿿ျအေနန္တပေါ့။ မြို့ပေါ်က ပညာတတ်လူတန်းစားတွေလေ။ သူတို့ကို စိတ်ဓာတ်တကြနေပြီး သေသေချာချာလည်း မထင်ရှားပေမယ့် စိတ်တူကိုယ်တူ လူငယ်တွေစုဖွဲ့ထားတဲ့ အုပ်စုက ဦးဆောင်ပါတယ်။ သူတို့အားလုံးကို တောရောမြို့ပါလူထုကြီးက အပြည့်အဝအားပေးပါတယ်။ ဒါကြောင့် ဒီလို ကျောင်းသားခေါင်းဆောင်တွေပေါ်ထွက်လာတဲ့အခါ သွေးကြီးသလောက် လူထုအရေးကြောင့်ကြမဲ့တဲ့ စစ်တပ်ဟာတွေဝေစပြုလာပါတယ်။ ဒီလိုပေါ်ထွက်လာတာဟာ မတော်တဆပဲ ဖြစ်လာတာလား။ သေချာစီမံခဲ့တာများလားရယ်လို့ပေါ့။ ဒီလိုပြောနိုင်ဖို့ ကျွန်တော့်မှာ သက်သေတွေအများ ကြီးပဲရှိပါတယ်။ ဥပမာ ဦးစိန်လွင်ဟာ သမ္မတအဖြစ် ၁၈ ရက်ပဲလုပ်ပြီး ရာထူးကဖယ်ရှားခံလိုက်ရတာဟာ စစ်တပ်အနေနဲ့ယောက်ယက်ခတ်လာတာကို ပြတာ။ အော်ကြီးဟစ်ကျယ်နဲ့ရွေးထုတ်ခန့်လိုက်ပြန်တဲ့ ဒေါက်တာ မောင်မောင်ကလည်း စစ်အစိုးရမတက်ခင် အချိန်ပိုင်းလေးပဲခံလိုက်ပြန်တာ ပါ။ စစ်တပ်မှာကျောင်းသားတွေ ခေါင်းဆောင်တဲ့ဆန္ဒပြမှုကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ အရိပ်အမြွက်လေးတောင် သေချာမသိခဲ့ပါဘူး။ အဖြစ်အပျက်တွေပေါ်လာတိုင်း သူတို့ရွေ့သမျှတွေကလည်း မှားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့လှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တဲ့ကြီးကြီးငယ်ငယ်၊ ကျားမ မရွေးအားလုံးကို သူတို့ရဲ့ အံ့မခန်းသတ္တိတွေအတွက်အမှတ်ရနေမှာပါ။

မေး။ ၁၉၈၈ မှာတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဍကိုရော ဘယ်လိုမြင်ပါသလဲ။ အဲဒီအချိန်က သူ့အပေါ်ပထမဆုံးနဲ့နောက်ဆုံးအမြင်ကို ပြောပြပေးပါလား။
ဖြေ။ ၁၉၈၈ လှုပ်ရှားမှုတွေ တစ်ဝက်ကျိုးတဲ့အထိ သူက အတိုက်အခံရယ်လို့မဖြစ်လာခဲ့သေးပါဘူး။ ဒါပေမယ့် သူ့ရဲ့အခန်းကဏ္ဍဍက ရေတွက်လို့ရနိုင်တာမျိုးမဟုတ်သလို အခုထိလည်းဆက်ပြီးရှိနေပါသေးတယ်။ သူက အရင်ကရောအခုပါ ထူးချွန်ထင်ရှားလွန်းခဲ့တဲ့ပြယုဂ်တစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော်သူနဲ့လူချင်းမဆုံခဲ့ဖူးသလို သူနဲ့ပတ်သက်တဲ့သတင်းလည်း မတင်ဆက်ဖူးသလောက်ပါပဲ။ သူ့အခန်းကဏ္ဍဍက လှုပ်ရှားမှုတွေကိုကျောင်းသားတွေက စတင်လုပ်ဆောင်ပြီးနောက်ပိုင်းမှ စတင်လာတာ ဖြစ်ပါတယ်။

မေး။ ၂၀ဝ၇ လှုပ်ရှားမှုထက်စာရင် ၁၉၈၈ လှုပ်ရှားမှုမှာ လူထုပိုပြီးပါခဲ့တဲ့ အပေါ်ရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ၂၀ဝ၇ တုန်းက ကျွန်တော် မြန်မာပြည်မှာမဟုတ်လို့ဖြေရတော့ ခက်ပါတယ်။ ၂၀ဝ၇ မှာ လူထုက စစ်အစိုးရရဲ့ နေရာကွက်ကျားပေမဲ့ အချိန်ပြည့် ဆက်တိုက်ခံရလွန်းလို့ ကြောက်ရွံ့နေကြပြီဖြစ်ပါတယ်။ မန္တလေးမှာ ဖြစ်ခဲ့တာတို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်ဆံတာတို့ကနမှုနာပေါ့။ ဒါပေမယ့် ၈၈ ကိုပဲပြောပြော ၂၀ဝ၇ ကိုပဲကြည့်ကြည့် အဓိကကျတဲ့အချက်ကတော့ ငယ်ငယ်ကြီးကြီး မြန်မာလူထုကြီးတစ်ရပ်လုံးက တစ်ခြားနိုင်ငံကလူထုတွေခံစားနေရသလို ဒီမိုကရေစီနဲ့စီးပွားရေး ဆိုင်ရာအခွင့်အရေးတွေကိုရရှိဖို့နဲ့လွတ်လပ်ခွင့်ရဖို့ အင်မတန်မှလိုချင်ဆန္ဒရှိနေကြတာပါပဲ။ မြန်မာလူထုဆိုတာလူသားမျိုးနွယ်အားလုံးနဲ့ ဘာမှမကွာခြားပါဘူး။ သူတို့ခံစားခဲ့ရတာက နှစ်ကာလအလွန်ရှည်ကြာလှပါပြီ။ ကျွန်တော် သူတို့ကြွယ်ဝပြီး သိက္ခာလည်းရှိ၊ ငြိမ်းလည်းငြိမ်းချမ်းတဲ့အနာဂတ်ရှိစေချင်လှပါပြီ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့အဲ့ဒီအနေထားအလို့ငှာကြိုးစားခဲ့ကြတော့ ၁၉၈၈ သူရဲကောင်းများကိုမမေ့သင့်ပါဘူး။

မေး။ ၈၈၈၈ လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ ခရစ္စရဲ့ခံစားချက်နဲ့ အတွေ့အကြုံကိုခပ်ကျဉ်းကျဉ်းပုံဖော်ပြရရင်ဘယ်လိုဖြစ်မလဲ။
ဖြေ။ ပထမဆုံးတော့ ၁၉၈၈ မှာ ကျွန်တော့်ကို အဖိုးမဖြတ်နိုင်လောက်အောင် ကူညီပေးခဲ့ရာက ထောင်ကျခဲ့ရသူတွေ၊ လွတ်လပ်ပြီးကျန်သူတွေ၊ သေဆုံးခဲ့သူတွေ၊ ရှင်ကျန်သူတွေအားလုံး အားလုံးကိုကျေးဇူးတင်သလို လေးစားဂုဏ်ပြုကြောင်း ပြောပါရစေ။ သူတို့မပါဘဲနဲ့ကျွန်တော်ဘာဆို ဘာမှလုပ်နိုင်ခဲ့မှာမဟုတ်ပါဘူး။ ၁၉၈၈ က အဖြစ်အပျက်တွေကို ကျွန်တော် တင်ဆက်နိုင်ခဲ့တယ်ဆိုတာ မြန်မာလူထုတွေက ကျွန်တော့်ကို သူတို့ရဲ့ဘဝနဲ့လွတ်လပ်မှုတွေ အထိခိုက်ခံပြီး အင်တာဗျူးပေးခဲ့ကြ၊ သုံးသပ်ချက်တွေပြောပေးခဲ့ကြတာကြောင့်ပါ။

အထူးသဖြင့် ရခိုင်လူမျိုးစကားပြန်တစ် ယောက်ဟာ တစ်နေ့ကို ၁၈ နာရီနှုန်းနဲ့ သုံးလတိုင်တိုင် ကျွန်တော်နဲ့အလုပ်အတူလုပ်ပေးခဲ့ပါတယ်။ သူ့ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ၈၈ လှုပ်ရှားမှုမှာ သူ့အခန်းကဏ္ဍဍ ဘယ်လောက်အထိ ကြီးမားတယ်ဆိုတာ သူ့ဖာသာသိနေတဲ့ အရှေ့ကြယ် ကိုရောပေါ့။ သူတို့ရဲ့ကျေးဇူးကိုတော့ ဟိုတုန်းကတည်းကရော အခုထိပါမမေ့နိုင်ပါဘူး။ နောက်တစ်ချက်ကတော့ စစ်အစိုးရက လုပ်ကြံခဲ့တဲ့ ဒဏ္ဍဍာရီဖြစ်တဲ့ခရစ္စတိုဖာဂန်းနက်စ်ကြောင့် ၈၈ လှုပ်ရှားမှုဖြစ်လာရတယ်ဆိုတာကို ပယ်ဖျက်စေချင်ပါတယ်။

ဒီစွပ်စွဲမှုကို ကြည့်ရင် အတွေ့အကြုံမရှိသေးတဲ့ အသက် ၂၀ ကျော်သတင်းထောက် တစ်ယောက်က လူထု ၄၅ သန်းကို ကြွလာအောင် လုပ်ခဲ့တယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာဘဲ။ တကယ့်အကြောင်းအရင်းကနေလည်း သွေဖီစေပါ တယ်။ တကယ်တော့ အဂတိလိုက်စားပြီး ရုန်းရင်းကြမ်းတမ်းလှတဲ့ ဗိုလ်ချုပ်ကြီးများကို ၂၆ နှစ်ကြာအောင် ဒေါသထွက်နေခဲ့တဲ့ လူထုဟာ ပေါက်ကွဲ လုဖြစ်နေခဲ့တာကြောင့်ပါ။ ကျွန်တော် လုပ်ခဲ့သမျှအားလုံးကတော့ အခြေ အနေကို အမှန်အတိုင်းတွေ့မြင်နိုင်အောင် မှန်ထောင်ပြလိုက်တဲ့သဘောပါပဲ။ တကယ့်သူရဲကောင်းတွေကတော့ သူတို့တွေ့မြင်ရတဲ့အရာတွေအပေါ်မှာ ရုတ်ချည်းဆိုသလို သတ္တိရှိရှိ စိတ်ဆုံးဖြတ်ချက်ပိုင်ပိုင်လုပ်ဆောင်ခဲ့ကြတဲ့ မြန်မာလူထုပါပဲ။ ကျွန်တော်က ဘာသာရေးကိုင်းရှိုင်းသူမဟုတ်ပေမယ့် သမ္မာကျမ်းစာထဲက အကြောင်းတစ်ကြောင်းကို သတိရမိပါတယ်။ သင် ဟာ အမှန်တရားကို သိရမယ်။ အမှန်တရားက သင့်ကို လွတ်လပ်စေမယ် ဒီစကားက ၁၉၈၈ မှာရော အခုအထိပါ မြန်မာနိုင်ငံအတွက် မှန်ပါတယ်။ နောက်ဆုံးကတော့ မြန်မာလူထုဟာ သူတို့နည်းသူတို့ဟန်နဲ့သူတို့ ၁၉၈၈ အဖြစ်အပျက်တွေကို ကိုင်တွယ်ဖြေရှင်းသွားမှာပါ။ လူသားသိက္ခာနဲ့ တရားမျှတမှုဆိုတာ ခွဲခြားလို့ရတာမှ မဟုတ်တာပဲ။ ကျွန်တော့်မှာ မြန်မာလူထုဟာ သူတို့ကိုယ်ပိုင်သိက္ခာနဲ့ တရားမျှတမှုရရှိအောင် ဘယ်လိုရှာသင့်ပါတယ်ဆိုတဲ့ ဆေးညွန်းတော့ မရှိပါဘူး။ ဒါပေမယ့် မြန်မာလူထုမှာသာ သိက္ခာမရှိဘူးဆိုရင် ကျွန်တော်တို့ လူသားအားလုံးရဲ့သိက္ခာဟာလည်း နိမ့်ကျနေဦးမှာပဲဆိုတာကိုတော့ ကျွန်တော် သံသယ မရှိပါဘူး။

ပဲ့တင်သံဂျာနယ်မှ ကူးယူဖော်ပြပါသည်။
Posted: 26 Jul 2013 09:20 AM PDT
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် ( ၁၀ / ၂၀၁၃ )

၁၃၇၅ ခုနှစ် ၊ ဝါဆိုလပြည့်ကျော် ၄ ရက်

( ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ ၂၆ ရက် )

၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ အေးချမ်းသာယာ၍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို စည်းလုံးညီညွတ်စွာဖြင့် အားကြိုး မာန်တက် တည်ဆောက်လျက်ရှိပါသည်။

၂။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားအားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့်ဘာသာတို့ကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိသည်။

သမိုင်းစဉ်တစ်လျောက် မတူညီသော ဘာသာဝင်များအကြား စည်းလုံးညီညွတ်စွာ သဟဇာတ ဖြစ်ဖြစ် နေထိုင်လျက်ရှိပါသည်။

၃။ ၂၀၁၂ ခုနှစ်၊ မေလက ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရာဇဝတ်ပြစ်မှုတစ်ခုအပေါ် အခြေခံ၍ လူမှုအသိုက်အဝန်းနှစ်ခုအကြား ဇွန်လနှင့် အောက်တိုဘာလတို့တွင် ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များသည် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများအတွက် များစွာစိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ် များ ဖြစ်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်၊ မတ်လတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ဈေးဝယ် သူချင်း အချင်းများရာ၌ အုပ်စုချင်းအကြမ်းဖက်လုပ်ရပ်များနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

၂၀၁၃ ခုနှစ်၊ မေလတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် လည်း ဆူပူသည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။

၎။ မြန်မာနိုင်ငံတော်အစိုးရသည် ဤဖြစ်စဉ်များ၊ အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရန် နှင့် တရားဥပဒေစိုးမိုးရေးကို အချိန်တိုအတွင်း ပြန်လည်ထိန်းသိမ်း ဆောင်ရွက်ခဲ့ပါသည်။

ဤသို့ ဆောင်ရွက် ရာတွင်လည်း အင်အားအလွန်အကျွံသုံးစွဲခြင်းမပြုရန် သတိကြီးစွာဖြင့် ဆောင်ရွက်ခဲ့သလို အကြမ်းဖက်မှု ကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ တားဆီးဆောင်ရွက်ခဲ့ပါသည်။

ဥပဒေချိုးဖောက်သူများ ကိုလည်း မည်သည့်လူမျိုးနှင့် ဘာသာဝင်မဆို ခွဲခြားခြင်းမပြုဘဲ ကျူးလွန်သည့် ပြစ်မှုအတိုင်းအတာအရ ဥပဒေနှင့်ညီညွတ်သော ပြစ်ဒဏ်များ ချမှတ်အရေးယူခဲ့ပါသည်။ ဖမ်းဆီး အရေးယူမှု၊ ပြစ်ဒဏ်ချမှတ်မှုများ၊ စစ်ဆေးဆဲ ပြစ်မှုများကိုလည်း သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

၅။ မြန်မာနိုင်ငံတော်အစိုးရသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ အိုင်အင်ဂျီအိုများ၊ အင်ဂျီအိုများနှင့် ပူးပေါင်း၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူများအား ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့ပါသည်။ စေတနာရှင် နိုင်ငံအသီးသီး၏ အစိုးရများမှတစ်ဆင့် ထောက်ပံ့ကူညီမှုများကိုလည်း နှစ်ဖက်အသိုက်အဝန်းသို့ မျှတစွာ ထောက်ပံ့ဖြန့်ဝေပေးခဲ့ပါသည်။

ရခိုင်ပြည်နယ်တွင် ပြည်ထောင်စုအစိုးရက တာဝန်ယူဆောက်လုပ် ပေးသော လူနေအဆောက်အဦ လုံးချင်းအိမ် (၉၆၀) လုံး ဆောက်လုပ်ရန်အနက် (၉၄၅)လုံး ဆောက်လုပ် ပြီးစီးပြီး၊ တဲတန်းလျား (၁၄၄၃) လုံး ဆောက်လုပ်ရန်အနက် (၁၄၁၃)လုံး ဆောက်လုပ်ပြီး၍ ဒုက္ခသည် များအား နေရာချထားပေးပြီးဖြစ်ပါသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ယူသော အဆောက်အဦ လုံးချင်းအိမ် (၂၈၂) လုံး ဆောက်လုပ်ရန်အနက် အားလုံးဆောက်လုပ်ပြီးစီးပြီး၊ တဲတန်း လျား (၉၃၇) လုံး ဆောက်လုပ်ရန်အနက် (၅၃၈)လုံး ဆောက်လုပ်ပြီးစီးပြီးဖြစ်ပါသည်။

အိုးမဲ့အိမ်မဲ့ ဖြစ်သူ များအား ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးများကိုလည်း ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၆။ ဗုဒ္ဓဘာသာနှင့် မူဆလင်ဘာသာဝင်များအကြား ယုံကြည်မှုနှင့် သဟဇာတဖြစ်မှုတို့သည် မြန်မာပြည်သူများ အကြား ရေရှည်တည်ငြိမ်အေးချမ်းမှုအတွက် အရေးကြီးကြောင်း မြန်မာနိုင်ငံ နိုင်ငံတော် အစိုးရနှင့် လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသီး သီးမှ ခေါင်းဆောင်များက ကောင်းစွာသိမြင်သလို အလေးထားဆောင်ရွက်နေသည့် ကိစ္စရပ်လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ရှိသကဲ့သို့ အပြန်အလှန် ယုံကြည်လေးစားမှုနှင့် နားလည်စာနာသည်းခံမှုများရှိရန်လည်း လိုအပ်သည်။

ထို့ပြင် ဘာသာရေးအစွန်းရောက်သည့် ရန်လိုမုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားရန် နှင့် ဘာသာရေးပဋိပက္ခများ ကြီးထွားအောင် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူများကို ဝိုင်းဝန်း ဆန့်ကျင်သွားရန်လည်း လိုအပ်ပါသည်။

၇။ ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၌ တည်ငြိမ်မှုများ ပြန်လည်ရရှိနေပြီ ဖြစ်သော်လည်း ပြည်တွင်း ပြည်ပမှ အချို့အဖွဲ့အစည်းများက မြန်မာနိုင်ငံအတွင်း ဘာသာရေးခွဲခြားမှု၊ လူမျိုးရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ပုံဖော်စွပ်စွဲမှုများ ပေါ်ပေါက်လျက်ရှိပါသည်။ ထိုသို့သော ပုံဖော်စွပ်စွဲမှု များကြောင့် ပြဿနာများ ပို၍ ရှုပ်ထွေးသွားစေနိုင်မည်ကို သတိပြုသင့်ပါသည်။

၈။ တိုင်းရင်းသားပြည်သူလူထုများ၊ နိုင်ငံသားများအားလုံး လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ ငြိမ်းချမ်း ညီညွတ်စွာဖြင့် သမိုင်းစဉ်တစ်လျောက် ဂုဏ်သိက္ခာမြင့်မားစွာနေထိုင်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစဉ်အလာကို စောင့်ထိန်းလျက် အနာဂတ်ကာလတွင်လည်း ယင်းသို့ ညီညွတ်စွာ နေထိုင်သွားရေးကို ရှေးရှုဆောင်ရွက်သွားကြရမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နိုင်ငံရေး၊ စီးပွားရေး၊ စနစ်သစ်တစ်ရပ် အား အောင်မြင်စွာတည်ဆောက်နိုင်ရေးကို နိုင်ငံသားတိုင်း၏ အဓိကတာဝန်အဖြစ် ခံယူကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

၉။ နိုင်ငံတော်အစိုးရသည် လူမျိုးဘာသာ မခွဲခြားဘဲ အထက်ပါဖြစ်စဉ်များကြောင့် ထိခိုက်နစ်နာခဲ့သူ များအား ပြန်လည်နေရာချထားရေး၊ ပုံမှန်ဘဝသို့ ပြန်လည်ထူထောင်ရေး၊

ရေရှည်တည်တံ့ ခိုင်မြဲသော သဟဇာတဖြစ်မှု၊ ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းနိုင်ရေးအတွက် စေတနာရှင်နိုင်ငံများ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းမှ စေတနာရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့
Posted: 26 Jul 2013 08:57 AM PDT
တောင်ကိုရီးယားနိုင်ငံ Manhae ဖောင်ဒေးရှင်းမှ ပေးအပ်သော ငြိမ်းချမ်းရေးဆုကို ကျန်းမာရေးကြောင့် ဆရာကြီး ဒဂုန်တာရာ ကိုယ်တိုင်သွားရောက် လက်ခံမယူနိုင်ကြောင်း ဆရာကြီး ၏ တူမဖြစ်သူ မသင်းမြတ်စနီ်္ဒက ဇူလိုင်လ (၂၃)ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။

ယခုအချိန်တွင် ဆရာကြီး၏ ကျန်းမာရေးအခြေအနေသည် သင့်တင့်သော အခြေအနေတွင် ရှိကြောင်း၊ Manhae ဖောင်ဒေးရှင်းမှ ဆရာကြီးကို ငြိမ်းချမ်းရေး ဆုပေးရန် အကြောင်းကြားစာကို ဇွန်လအတွင်း လက်ခံရရှိပြီးဖြစ်ကြောင်း၊ အဆိုပါ ငြိမ်းချမ်းရေးဆုလက်ခံရန် အကြောင်းကြားစာကို ဆရာကြီးကိုယ်တိုင်ဖတ်၍ ၀မ်းသာကြောင်း၊ နိုင်ငံတကာ အသိအမှတ်ပြုမှုကို လေးစားကြောင်းတို့ကို ဆရာကြီးက ပြန်လည်ပြောကြားခဲ့ကြောင်း၊ ဆုတံဆိပ်ယူရန် ဆရာကြီးကိုယ်စား တောင်ကိုရီးယား နိုင်ငံသို့ ငြိမ်းချမ်းရေးဆု သွားရောက်လက်ခံယူမည်ဟု ၄င်းက ပြောသည်။

ဆရာကြီး ဒဂုန်တာရာသည် ၁၉၅၀ပြည့်နှစ်များတွင် စာရေးဆရာအသင်း ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ကမ္ဘာငြိမ်းချမ်းရေးကွန်ဂရက်တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုအချိန်တွင် ဆရာကြီးသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေတ်ပြိုင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို တာရာမဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့သည်။ ထို့နောက် ကိုယ်တိုင်ရေးသားခဲ့သော ""နိုင်ငံရေးတွင် မုန်းသူမရှိ၊ ချစ်သူသာရှိဆိုသော"" နိုင်ငံရေး အတွေးအခေါ်စာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည့်နည်းတူ တိုင်းရင်းသား ညီအစ်ကိုများနှင့်ဖြစ်ပေါ်နေခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို ထိရောက်စွာ ကိုင်တွယ်မဖြေရှင်းနိုင်ခဲ့သော ခေတ်အဆက်ဆက် အစိုးရများကို တစိုက်မတ်မတ်ကန့်ကွက်ခဲ့သူ တစ်ဦးဖြစ်သည်။

""ယနေ့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်တွေကို နိုင်ငံတကာက အသိအမှတ် ပြုလက်ခံထားတဲ့ ခေါင်းဆောင်တွေက လက်ချိုးရေလို့ရတယ်။ ဆရာကြီးကို နိုင်ငံတကာက အသိအမှတ်ပြုလက်ခံခဲ့တာကို မြန်မာနိုင်ငံ တစ်မျိုးသားလုံးကိုယ်စား ကျေးဇူးတင်တယ်""ဟု ဟံသာဝတီ ဦးဝင်းတင်က ပြောသည်။

အဆိုပါ ဆုပေးပွဲကို တောင်ကိုရီးယားနိုင်ငံ Kangwon ပြည်နယ် Bek dam ဘုရားကျောင်း တွင် သြဂုတ်(၁၂)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဆရာကြီးဒဂုန်တာရာ အသက် (၉၅) နှစ်ကျော်ခန့်ရှိပြီး ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် မိသားစုဝင်များနှင့်အတူ နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုကို ၁၉၉၁ ဒီဇင်ဘာ ၁၀ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့ပြီး ၂၀၁၃ခုနှစ် ဧပြီလ ၂၂ရက်တွင် International Crisis Group နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆုပေး အပ်ခဲ့ရာ ယခုတောင်ကိုရီးယားနိုင်ငံ Manhae ဖောင်ဒေးရှင်းမှ ဆရာကြီးဒဂုန်တာရာကို ပေးအပ် သည့် ငြိမ်းချမ်းရေးဆုသည် မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသောဆုအဖြစ် တတိယ မြောက်ရရှိခြင်းဖြစ်သည်။

Myanmartandawsint Newspaper
Posted: 26 Jul 2013 08:54 AM PDT
သန်လျင် နည်းပညာတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် ဗီဒီယိုတွင်ပါဝင်သူ နှစ်ဦးနှင့်မိသားစုများကို တွေ့ဆုံကာ ၎င်းဗီဒီယိုဖိုင်ကို ပရိုဂျက်တာဖြင့် ပြသခဲ့သည့်အတွက် နှစ်ဖက် မိသားစုဝင်များအပေါ် ထိခိုက်စေခဲ့သဖြင့် ပါမောက္ခချုပ်အား နုတ်ထွက် ခိုင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှပြောသည်။

ပါမောက္ခချုပ် ဆရာမကြီးသည် ခန်းမအတွင်း ကျောင်းသားတချို့ခေါ်ယူကာ နှစ်ဖက်မိဘများနှင့် ကာယကံရှင်နှစ်ဦးရှေ့တွင် ၎င်းဗီဒီယိုဖိုင်ကို ပရိုဂျက် တာဖြင့် ပြသခဲ့ပြီး ယခုတစ်ကြိမ်ကို ကျောင်းသားအားလုံး နမူနာယူရန် ပြောကြားခဲ့ကြောင်း၊ နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားလျှင် ကျောင်းမှ ထုတ်ပယ်သွားမည် ဖြစ်ကြောင်း စသည်ဖြင့် လုပ်ဆောင်ခဲ့သဖြင့် နှစ်ဖက် မိဘများအပေါ် သိက္ခာကျစေခဲ့သည့်အတွက် နုတ်ထွက်ခိုင်းထား ခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါဖြစ်ရပ်များအပေါ် အတည်ပြုချက်ရရှိစေရန် သန်လျင်နည်းပညာ တက္ကသိုလ်သို့ သွားရောက် မေးမြန်းခဲ့ရာ ပါမောက္ခချုပ်နှင့် တွေ့ဆုံခွင့်မရရှိဘဲ အတည်ပြုပြန်လည်ဖြေကြားမှုများကိုလည်း ကျောင်းတွင်းရှိ ဆရာ/ဆရာမ များက ပြန်လည် ငြင်းပယ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှ ပညာရေးဝန်ကြီးဌာန အနေဖြင့် GTC ကျောင်းအပေါ် ထူးခြားသည့် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန် ထားခြင်း မရှိသေးကြောင်း၊ ယခုကြားသိရသည့် ဖြစ်စဉ်များသည် မှန်ကန် ကြောင်း၊ ၎င်းကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းဆရာ တစ်ဦးက ထိုကဲ့သို့ ပြောပြ ခဲ့ကြောင်း စသည်ဖြင့် အစိုးရရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးတွေ ဒီကိစ္စကို ငြင်သာစွာ ကိုင်တွယ်ဖြေရှင်းသင့်တယ်။ အဲဒီ ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေကိုလည်း လေးစားလိုက်နာသင့်တယ်။ ဒီလိုမျိုးအဖြစ်အပျက်တွေဟာ ဒီဟာတစ်ခုတည်း ပေါ်ပေါ်တင်တင်ကြီး ထွက်ပေါ်လာခဲ့တာ၊ အဲဒီလိုဖြစ်နေခဲ့တာ ဘယ်လောက်ဖြစ်နေကြတယ်ဆိုတာ မခန့်မှန်းနိုင်ဘူး၊ ကျွန်တော်တို့ အမျိုးသမီးတွေကလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက် တန်ဖိုးထားဖို့ လိုအပ်တယ်""ဟု တက္ကသိုလ်များ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင် က ပြောသည်။

နည်းပညာတက္ကသိုလ်တွင် ပါမောက္ခချုပ် ဆရာမကြီးနုတ်ထွက်ခြင်း သတင်းသည် မှန်ကန်ကြောင်း၊ သို့သော် ပရိုဂျက်တာဖြင့် ပြသခြင်းကို ၎င်းတို့အနေဖြင့် မသိရှိကြောင်း စသည်ဖြင့် GTC ကျောင်းသားတချို့နှင့် ဆရာများ က ပြောကြားခဲ့သည်။

အင်တာနက်စာမျက်နှာတစ်ချို့နှင့် facebook စာမျက်နှာများပေါ်တွင် သန်လျင်နည်းပညာ တက္ကသိုလ်ကျောင်းခန်းမဆောင်အတွင်း ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့၏ မဖွယ်မရာ ရုပ်သံဖိုင်များပျံ့နှံ့ခဲ့ပြီး အဆိုပါသတင်းနှင့်အတူ နောက်ဆက်တွဲသတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ယခု GTC ကျောင်းသား/သူ နှစ်ဦး၏ ဖြစ်ရပ်အပါအ၀င် အင်တာနက် တွင်ဖြန့်ဝေခဲ့သော နာမည်ကြီးအနုပညာရှင်များ၏ လိင်ဆက်ဆံမှု ဗီဒီယိုဖိုင်များကို ဖြန့်ဝေသူတို့အား သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် များရှိသော်လည်း ယင်းဥပဒေများအတိုင်း ဖော်ထုတ်အရေးယူမှုမရှိဘဲ ဒေါက်တာ ဆိတ်ဖွားကဲ့သို့ လွှတ်တော်အပေါ် အင်တာနက်မှတစ်ဆင့် ဝေဖန်သူကိုမူ အားသွန်ခွန်စိုက် ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်ခဲ့ခြင်း တို့သည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ ယခုကဲ့သို့ မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးနေသူများအား ဖော်ထုတ်အရေးယူမှု မပြုလုပ်ခြင်းသည် မြန်မာအမျိုးသမီးများ၏ အနာဂတ်အတွက် ရင်လေးဖွယ်ရာ ဖြစ်နေကြောင်း ကို မြန်မာ့လူ့အဖွဲ့ အစည်းနှင့်နိုင်ငံရေးအသိုင်းအ၀ိုင်း၊ မီဒီယာအသိုင်း အ၀ိုင်းတို့က မေးခွန်းထုတ်နေကြခြင်းဖြစ်သည်။

ယခုကဲ့သို့ မေးခွန်းထုတ်မှုများနှင့် မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာကိုထိခိုက်စေသည့် ဗီဒီယို၊ ဓာတ်ပုံတို့ကို အင်တာနက်တွင် ဖြန့်ဝေနေသူများအား ရှာဖွေဖမ်းဆီးဖော်ထုတ်ရန် တာဝန်ရှိ အစိုးရမှ ကြိုးပမ်းဆောင်ရွက် နေပြီဖြစ်ကြောင်း သတင်းရရှိမှု မရှိသေးပေ။

Myanmartandawsint Newspaper
Posted: 26 Jul 2013 08:27 AM PDT
(The Associated Pressမှ 25 July 2013 ရက်စွဲပါ " Myanmar Parliament Panel considers Changing Constitution, Could allow Suu Kyi to be President" သတင်းကို ဘာသာပြန်ဆိုသည်)

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာစေမည့် အခြေခံဥပဒေပြောင်းလဲပြင်ဆင်ရေးကို သုံးသပ်ရန်အတွက် မြန်မာလွှတ်တော်က ကြာသပတေးနေ့တွင် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပါသည်။ ယင်းသို့ ပြောင်းလဲမှုတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရလာဖွယ် ရှိသည်ဟုလည်း သိရှိရသည်။

၎င်း ၁၀၉ ဦးပါ ကော်မတီတွင် NLD နှင့်ပြည်ခိုင်ဖြိုးအပါအဝင် ပါတီအားလုံးမှ ကိုယ်စားလှယ်အမတ်များနှင့် တပ်မတော် ကိုယ်စားလှယ်များ ပါဝင်သည်။

လက်ရှိ အခြေခံဥပဒေသည် တပ်မတော်သားကိုယ်စားလှယ်များကို လွှတ်တော်တွင် နေရာများစွာ ပေးထားခြင်း၊ သမ္မတလောင်းစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အကျုံးမဝင်အောင် ကန့်သတ်ပိတ်ပင်ထားခြင်း တို့ကြောင့်ဒီမိုကရေစီနှင့် မကိုက်ညီဟု NLD ပါတီက သတ်မှတ်ထားသည်။တိုင်းရင်းသားပါတီများကလည်း ၄င်းတို့၏ ပြည်နယ်များတွင် ဝန်ကြီးချုပ် နေရာများကို ဗဟိုအစိုးရက ခန့်အပ်ခြင်းထက် ၄င်းတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်နိုင်ရန် ကြိုးစားလျက် ရှိသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီး နောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုသော တိုင်းရင်းသား အုပ်စုများနှင့် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လက်နက်ကိုင်တော်လှန်မှုများ ထွက်ပေါ်လာကာ ဒီမိုကရေစီအစိုးရနှင့် စစ်အစိုးရအဆက်ဆက် လက်ထက်ကာလများတွင် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။ လက်ရှိ ဦးသိန်းစိန် အစိုးရသည် နိုင်ငံအနှံ အပစ်ရပ်စဲရေးနှင့် တိုင်းရင်းသား အုပ်စုအားလုံးနှင့် နိုင်ငံရေး သဘောတူမှု ရရှိရေးတို့ကို ကြိုးပမ်းအား ထုတ်လျက်ရှိသည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေသည် ယခင်တပ်မတော်အစိုးရလက်ထက်က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ တပ်မတော်သြဇာ ဆက်လက်လွှမ်းမိုးထားနိုင်ရန် အထူးစီမံပြုလုပ်ထားသည်။

သို့ရာတွင် ၂၀၀၈ ရွေးကောက်ပွဲအပြီးကာလသည် အာရပ်နွေဦးနှင့် တိုက်ဆိုင်နေသောကြောင့် လူထုအုံကြွမှုကို စိုးရိမ်သည့် နိုင်ငံအကြီးအကဲဟောင်းများ၏ အစီအမံဖြင့် အစိုးရသစ်လက်ထက်တွင် အထက်မှ ခွင့်ပြုသော ပြုပြင်ပြောင်း လဲမှုများ ထွက်ပေါ်လာခဲ့သည်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အဓိကအောင်မြင်မှုမှာ စစ်အစိုးရလက်ထက် နှိပ်ကွပ် ထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို တရားဝင်နိုင်ငံရေးနယ်ပယ်သို့ ခေါ်ယူလှုပ်ရှား ခွင့်ပေးခဲ့ခြင်း ပင်ဖြစ်သည်။မနှစ်က ကြားဖြတ်ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၄ နေရာအနက် NLD ပါတီက ၄၃ နေရာအနိုင် ရရှိခဲ့သည်။

ကြာသပတေးနေ့က နိုင်ငံပိုင်ရုပ်သံတွင် အစိုးရရာထူးနေရာ အပြောင်းအလဲများကို ကြေငြာသွားသော်လည်း သိသိသာသာပြောင်းလဲမှုကို မတွေ့ရပေ။ စွမ်းအင်၊ ရထား၊ စက်မှုနှင့်အလုပ်သမားဝန်ကြီးများကို နေရာခြင်း ဖလှယ်ခဲ့ပြီး ရဲချုပ်အသစ်ကိုခန့်အပ်သည်။ ယခင်ရဲချုပ်မှာ ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် ဆက်လက်တာဝန် ယူသည်။ ဝန်ကြီးနေရာ အပြောင်းအလဲများ ကြေငြာရာတွင်ထုံးစံအတိုင်း အကြောင်းအရင်း မထုတ်ပြန်ပေ။

Yangon chronicle
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

Friday 26 July 2013

မှတ်သားသင့်တဲ့ဆောင်းပါးလေးပါ။

Uploaded videos (playlist)

Martyrs' Day ceremony at Mausoleums and NLD

Aung San Generation (19 7 2013)

88 Generation Student Leader Ko Htay Kywe with SF Burmese Community Meet...

Min Ko Naing & Ko Ko Gyi meet with New Generations from Fort Wayne

ဖတ်သင့်တဲ့ ဆောင်းပါးတပုဒ်ပါ။

Thursday 25 July 2013

တော်တော်ကောင်းတဲ့ဆောင်းပါးလေးပါ။

“ယခုနှစ်ကုန်ချိန်တွင် မြန်မာနိုင်ငံမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မျှမကျန်အောင် ဆောင်ရွက်သွားမည်”

ဒါက မိုးပေါ်ကကျလာတဲ့ စကားတွေဗျ။ မိုးပေါ်ကဆိုတာ စလောင်းကတစ်ဆင့်၊ ရုပ်သံလွှင့်လိုင်းတွေကလာတဲ့ သတင်းကိုပြောတာ။ ဗြဟ္မာ့ပြည်ကလာတဲ့ အသံလို့လည်း ထင်မနေနဲ့ဦး။ ပြီးတော့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်း နှုတ်ခမ်းချင်းထိမိမှ တကယ်ဟုတ် အလုပ်ဖြစ်မယ့် သတင်းစာလွှာပါလို့လည်း လေပုပ်မထုတ်နဲ့။

ဒီစကားကကျုပ်တို့ရဲ့ အချော်တစ် အချစ်တော် သမ္မတကြီးကိုယ်တိုင် ပြောတဲ့စကားဗျ။ ဘယ်မှာပြောလဲတော့ မမေးနဲ့။ ကျုပ်လည်းမသိဘူး။ သမ္မတကြီးက ကမ္ဘာရိုးကိုးပေါက် နိုင်ငံတကာလှည့် လက်ဝါးဖြန့် (အဲလေ ယောင်လို့) ဝါဒဖြန့်တာလည်း မဟုတ်သေးဘူး။ ခြေစကြာဖြန့်နေတာဆိုတော့ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိဘူး။ အသံညှောင်ညှောင်ကို ကျုပ်ကိုယ်တိုင် နားထောင်လိုက်တာဗျို့။

ကောင်းလိုက်တာဗျာ။ ကျုပ်ကတော့ တစ်ခါတည်း အာဖြဲအော်မိလိုက်သဗျ။ ဝမ်းစမိုးတွေ၊ အန်ကိုးတွေ အင်္ဂလိပ်လိုရော၊ ပြင်သစ်လိုရော အော်မိတယ်။ နောက်တစ်ကျော့ ထပ်ကြိတ် လိုက်ပါဦးဗျို့လို့ အားပေးတာပေါ့ဗျာ။

လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲ အင်ဒိုနီးရှားရောက်တုန်း မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား တစ်ကောင်တစ်မြီးမှ မရှိဘူး။ ပြစ်မှုနဲ့ပြစ်ဒဏ်ကျနေတဲ့ကောင်တွေပဲရှိတယ်လို့ပြောခဲ့တာ ဘယ်သူလဲ။ ကျုပ်တို့ သမ္မတကြီးပေါ့ဗျာ။ ဟော အခုတစ်ခါ “မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးမှမကျန်အောင် ဆောင်ရွက် သွားမည်” လို့ ပြောတာကကော ဘယ်သူလဲ။ ကျုပ်တို့ရဲ့သမ္မတကြီးဦးသိန်းစိန်ပဲပေါ့ဗျာ။

ထားပါလေ။ ကျုပ်ကတော့ ဝမ်းသာသဗျာ။ သတင်းထောက် ‘ထောက်ကျင့်’ လေးက ကျန်နေသေးလို့ ပါးစပ်ကတော့ “ တကယ်လားဗျ” လို့ လွှတ်ခနဲ ထွက်သွားမိတာပေါ့။ အားနာလိုက်တာဗျာ။ ကျုပ်တို့သမ္မတကြီးက အတည်ပေါက်ကြီး ပြောတာဗျ။ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေရဲ့ရုံးမှာ သွားပြောတာဗျ။ ဟုတ်လို့ပြောတာ ဖြစ်မှာပေါ့။

အစိုးက လုပ်နေတယ်လေ။ ဘာတဲ့။ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးအဖွဲ့ဆိုလား။ ဝန်ကြီးတစ်ပါး ခေါင်းဆောင်တယ်။ နိုင်ငံရေးအကျဉ်းသားအဖွဲ့အစည်းတွေက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ကိုယ်တိုင်ပါဝင်တယ်။ သူတို့က ထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်မယ်။ လွှတ်မယ်ပေါ့။ စိစစ်မယ်ဆိုတော့ လွှတ်တဲ့နေရာမှာ ကျန်တာတွေရှိမယ်။ကျန်ကောင်းကျန်မယ်ပေါ့။ ဒါကြောင့်ကျုပ်က လျှာရှည် မေးခွန်းထုတ်နေမိသပေါ့။

ကျုပ်သဘော ပြောရမယ်ဆိုရင် သမ္မတကြီးရယ် တစ်ယောက်မကျန်အားလုံးသာ လွှတ်ပေးလိုက်ဗျာ။ နှစ်ကုန်တွေ၊ ခေတ်ကုန်တွေ လေကုန်ခံမနေပါနဲ့။ စိစစ်တွေ၊ ညှိညစ်တွေ ထားလိုက်ဗျာ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် (၄၀၁ လွတ်ငြိမ်းသက်သာခွင့် မဟုတ်ဘူးနော်) ပေးသာပေးလိုက်ပါဗျာ။ သမ္မတကြီးအပေါ်ကလူကြီးတွေ(ကာလုံကြီး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီကြီး) ကမီးစိမ်းပြရင်ပေါ့လေ။

ဒါမှ. . . ဒါမှ ပြည်သူတွေကလည်း တောင်းဆို၊ နိုင်ငံရေးအင်အားစုတွေကလည်းလိုလား၊ တိုင်းရင်းသား ထုကလည်း မျှော်လင့်ကြတဲ့၊ အမျိုးသားပေါင်းစည်းသင့်မြတ်ရေးဆိုတဲ့ နိုင်ငံရေးပန်းတိုင်ကြီးဆီကို ချီတက် နိုင်ကြမယ်။ ဒီမိုကရေစီ တည်ဆောက်မှုလုပ်ငန်းတွေမှာ နိုင်ငံရေးအင်အားစုတွေအားလုံး ပါဝင်လက်တွဲနိုင်ကြမယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုလို့ တစ်ကမ္ဘာလုံးဝိုင်းထိုးနေကြတဲ့လက်ညှိုးတွေ ရုပ်ကြလိမ့်မယ်။
`
တကယ်တော့ သမ္မတကြီးရယ်။ မှူးကြီးတွေ၊ ချုပ်ကြီးတွေ၊ ချုပ်မှူးကြီးတွေ ကျူးလွန်ခဲ့ကြတဲ့ သမိုင်းပြစ်မှုကြီးတွေဟာ ဒီလောက်လုပ်ပြရုံနဲ့ ပြေနိုင်တဲ့ အာပတ်မဟုတ်ဘူး။ အကျဉ်းထောင်လူ့ငရဲ ကိစ္စလေးလောက် ပြေရင်ကို အာကာကိုလွှာပုံပြု မေရုစုတ်တံချီရမယ်။ လူ့အခွင့်အရေး ချိုးမှုမော်ကွန်းကြီးတွေကို စာစီကုံးရင်လည်း ဆုံးနိုင်ဖွယ်မရှိဘူးဗျာ။ ဟိုသီချင်းစာသား လေး နားစွန်နားဖျားကြားဖူးမှာပေါ့။ “ပေတစ်ရာပေါ်မှာပြည်သူ့အလောင်းတွေ” ဆိုတာလေ။ ရှိသေးတယ်၊ ရှိသေးတယ်။ “သံတိုင်ကွယ်မှာ ပြည်သူ့ငရဲတွေ” ဆိုတာမျိုးတွေပေါ့။

သမ္မတကြီး ကမ္ဘာလှည့်ပြီး တစ်-နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ နှစ်-စီးပွားရေးတည်ဆောက်မှု၊ သုံး-ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ဆိုတဲ့ ကိစ္စကြီးသုံးရပ်ကို အာပေါက်အောင် အော်ရှင်းနေတာကို ကျုပ်ပြိုင် ပြောနေတာ မဟုတ်ပါဘူး။ ဒီအကျဉ်းထောင်ငရဲခန်းတွေကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေကိစ္စဆိုတာတွေကလည်း သမ္မတ ကြီး ရဲ့ ကိုယ်ပိုင်ကိစ္စ၊ သမ္မတကြီး ဝိဂြိုလ်ပြုသလို မည်သည့်နိုင်ငံမှာမှ မကြုံဖူးသေးသော ဧရာမကိစ္စကြီး ဖြစ်ပေသဗျာ။

မကြုံဖူးတာတွေ ဘာတွေဆိုတာ အသာထား။ ပြသနာအညွန့်အညှောက်ပွားပေါက်ပုံက အံ့စရာဗျ။ ဒီရက်ပိုင်းမှာပဲ ကမ္ဘာ့စာနယ်ဇင်းအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ ‘နယ်စည်းမခြားသတင်းထောက်များ’ က သမ္မတကြီးဆီ တောင်းဆိုစာပို့ထားတယ် မဟုတ်လား။ အကျဉ်းထောင်တွေမှာ အသက်နဲ့ကိုယ် အိုးစား ကွဲခဲ့ရသူတွေ (စာရေး ဆရာ မောင်သော်က၊ မုံရွာတင်ရွှေ စတဲ့ ပုဂ္ဂိုလ်ကျော်တွေ) ရဲ့ ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းရေးဝင်ခိုင်းနေပြီ မဟုတ်လား။
`
ကဲ . . . ဒီတော့ သမ္မတကြီးရဲ့မနည်းမနောကိုလူချောအသစ်အဟောင်းတွေရဲ့ အဆစ်တောင်း၊ အညစ်ဖောင်း၊ ကလစ်ပြောင်း အကြံဥာဏ်တွေကိုဘေးချိတ်ထားလိုက်ပါဗျာ။ ဖိုးအိုဝမ်း (ပုဒ်မ ၄၀၁) တွေ၊ တစ်မျိုးပိုဆန်းတွေ (ပုဒ်မ ၁၈) မေ့ထားလိုက်ပါဗျာ။

ကျုပ်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ လူ့အခွင့်အရေးတိုက်ပွဲဝင်တွေ၊ ဒီမိုကရေစီအရေး တော်ပုံတပ်သားတွေ တမ်းတ၊ တိုက်တွန်း၊ တောင်းဆိုနေကြတဲ့ အစစ်အမှန်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြီး ကိုသာ ထုတ်ပြန်ကြေညာတော် မူလိုက်ပါတော့ဗျား။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အတွဲ(၂၈)။



Posted: 24 Jul 2013 03:52 PM PDT

photo.irrawaddy
မန္တလေး ဗုံးပေါက်တာဟာ လက်လုပ်ဗုံးဖြစ်ဖြစ်၊ ဗျောက်အိုးဖြစ်ဖြစ် ဘာအရေးလဲ။အဓိကအချက်က ဗုံးပေါက်တာဆိုပြီး "သတင်း အတည်ဖြစ်လာသည်" တဲ့ အပိုင်းကအားလုံးလက်ခံကြ လိုက်ကြတဲ့ ဖြစ်ရပ်မှန်လို့ ဆိုရမယ်။

ဟုတ်ပါပြီ။ မြန်မာပြည်မှာ ဗုံးတွေ မဟားဒယား ပေါက်ခဲ့ဖူးတယ်။တရားခံစစ်စစ် မိသည့်အခါလည်းရှိသလို မြေစာပင်နှယ် ပြည်သူတချို့ မဆီမဆိုင် ဘ၀ကျိုးပြတ်ခဲ့ရတဲ့ "ဖော်ရှိုးစတိုရီ" တွေလည်း ရှိခဲ့ဖူးတယ်။

ရဲဌာနဘက်က ဒီဗုံးတရားခံကို ဖော်မှဖြစ်မယ်။ ဘာကြောင့်လဲဆို ဒီဗုံးဟာဘုန်းကြီးတစ်ပါး တရားဟောစင် အနီးအနား ထပေါက်တဲ့ဗုံး ဖြစ်လို့ ထက်ရဲတပ်ဖွဲ့ ကို အစိုးရလက်ကိုင်တုတ်၊ နိုင်ငံရေးအသုံးချခံဌာနရယ်လို့ တိုင်းသူပြည်သူတွေက မျက်စေ့ဒေါက်ထောက်ကြည့်ပြီး မယုံရေးချ မယုံလို့ ဘဲ။

ဒီကြားထဲ ဗုံးကို ရဲဘက်က ကိုယ်တိုင်ခွဲတာပါ ဆိုပြီး မြင်ရအောင် တက်လာတဲ့အရေးအသားတွေ အွန်လိုင်းမှာ တက်လာတာတွေ့ ရတယ်။ ဒါဟာလည်း မဆန်း။ဗုံးပိုင်ဆိုင်ခွင့်ရှိတဲ့ အဖွဲ့ အစည်းသည်သာ ဗုံးနှင့် ရင်းနှီးကျွမ်းဝင်ရမည် ဆိုတဲ့ကောက်ချက်ကြောင့်သာဖြစ်လို့  ထိုရှုမြင်ချက်ကို ပစ်ပယ်၍ မရစကောင်း။

ဘယ်သူဖောက်ဖောက် အရင်ကလို နယ်စပ်က အစိုးရဆန့် ကျင်အဖွဲ့ အစည်းတွေ၊အနောက်အုပ်စု သင်ကြားပေးတဲ့ ကြေးစားလက်နက်ကိုင်တွေ၊ ဒီမိုကရက်ပြည်ပြေး အဝေးရောက်ညွန့် ပေါင်းတွေ စသဖြင့် နတ်မျက်စိနှယ် ကြည့်မြင်ပြီးတိုးရှိုပေါက် တည့်တည့်စွပ်စွဲဖို့ ရန်လည်း ဦးသိန်းစိန်အစိုးရက စကားဟဟ
ထွက်လာဖို့ ရန် လမ်းစရယ် ဘယ်မမြင်။

ဒီတော့ ဗုံးဘယ်သူဖောက်သလဲပေါ့။

အခြားနိုင်ငံတွေမှာ (ဘော်စတွန် မာရသွန်ဗုံးဖောက်ကွဲမှု)လိုမျိုး စီစီတီဗီ ကင်မရာအားကိုးနဲ့  တရားခံသဲလွန်စ ရလိုရငြား ရဲဌာန အထောက်အကူပြုသက်သေရင်းမြစ်တစ်ခု ပေါ်လာကောင်းပေါ်လာရင် သိပ်ကောင်းမယ်လို့ တွေးနေတုန်း မောင်ဘုန်းက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည့်နှယ်
ဇူလိုင်လ ၂၁ ရက်နေ့ ညပိုင်းက မန္တလေးမြို့ ၃၆ လမ်း၊ ၈၄ နှင့် ၈၅ လမ်းကြားကားတစ်စီးအောက် ဗုံးပေါက်မှုကို CCTV လုံခြုံရေး ကင်မရာ မှတ်တမ်းများကနေတရားခံမိရေး အတွက် လမ်းစပေါ်ပြီဆိုတဲ့သတင်းကို ထင်တဲ့အတိုင်းထွက်လာတာ ဖတ်ရတယ်။

ဟိုမှာတော့ စီစီတီဗီ က မှတ်တမ်းတင်ရိုက်ချက်တွေကို အများပြည်သူသိရအောင်ပွင့်ပွင့်လင်းလင်း ချပြပြီး ဒီပုံသဏ္ဍာန်ဝတ်ဆင်ထားတဲ့၊ ဒီလိုမျက်နှာခန္ဓာကိုယ်နဲ့ 
လူတွေဟာ ဗုံးပေါက်ကွဲမှုရဲ့  တရားခံလို့ ယူဆရတဲ့သူတွေပါလို့ ရှောရှောရှူရှူထုတ်ပြန်ပေးလေ့ရှိတယ်။ လုပ်သားပြည်သူတွေအနေနဲ့  ပူးပေါင်းပါဝင်ကူညီဖို့ ၊
အခုလို ထုတ်ပြန်ပေးထားတဲ့သူမျိုး မြင်မိရင် တဆင့်ကြားသိရင် ရဲဌာနကိုဆက်သွယ်အကြောင်းကြားဖို့  မေတ္တာရပ်ခံလေ့ရှိကြပေမယ့် ဒီမှာတော့
ရဲဌာနတစ်ခုတည်းက ကြိတ်ပြီး လှုပ်ရှား ဖော်ထုတ်နေတာမျိုးဘဲ တွေ့ ရတယ်။

တရားပွဲနား ပေါက်ကွဲတဲ့အချိန်ဟာ နေ့ ဘက်မဟုတ်။ လမ်းလယ်ခေါင်ရပ်ထားတဲ့ကားအထိ ညမှောင်မှောင်မှာ မြင်ရအောင်ရိုက်ယူထားနိုင်တဲ့လုံခြုံရေးကင်မရာတွေဟာလည်း ပုဂ္ဂလိကအိမ်၊ စီးပွားရေးလုပ်ငန်းတွေကရိုက်ကွင်းရိုက်ချက်များဖြစ်တာဟာ (တော်ရုံ စီစီတီဗီတွေ လမ်းမပေါ်အထိ
ချိန်သားကိုက်မထားနိုင်) ရဲဌာနက ညွှန်းတဲ့ စီစီတီဗီ မှတ်တမ်းကို သံသယရှိစွာမေးခွန်းထုတ်စရာကောင်းလှတယ်။ ပြည်တွင်းပြည်ပ မီဒီယာတွေအနေနဲ့ လည်း
ရဲဌာနထုတ်ညွှန်းတဲ့အခင်းဖြစ်ပွားတဲ့ဖြစ်စဉ်ကိစီစီတီဗီရိုက်ကူးလိုက်နိုင်တဲ့အိမ်တွေကို ကျေးဇူးတင်တဲ့အနေနဲ့  မေးခွန်းတွေ အင်တာဗျုးတွေ လုပ်ရမယ်။

ဒီကိစ္စကို ဝေ့လည်ကြောင်ပတ် မဟုတ်ဘဲ လုံခြုံရေးကင်မရာတွေကရိုက်ယူထားတဲ့မှတ်တမ်း အကုန်မဟုတ်တောင် တစိတ်တဒေသကို ပြည်သူလူထုမျက်စိနဲ့ မြင်ရပြီး ရင်ထဲကျေနပ်ကာ တရားခံစစ်စစ် ပေါ်ပေါက်ရေးအတွက်ဝိုင်းဝန်းပါဝင်လာနိုင်အောင် ရဲဌာနဘက်က "ရော့.. ဒါကိုကြည့်ကြ" လို့ မီဒီယာတွေကတဆင့် ဖြန့် ဝေပြသပေးရမယ်။

နိုင်ငံရေး အကွင်းအကွက်တစ်ခု ပေါ်ပေါက်ရုံနှယ် တင်ကျန်ရစ်လို့ အုပ်စုတစ်စုရဲ့  အမြတ်ပေါ်သွားတဲ့ ဗုံးပေါက်မှုမျိုးက ရှေးရိုးဆန်လွန်းလှပါတယ်။ထိုးကျွေး တရားခံပုံပြင်တွေကို ရာဇ၀င်ထဲ ချန်ရစ်သင့်ပါပြီ။

အောင်မျိုးထွန်း
Posted: 24 Jul 2013 09:01 AM PDT

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ရက် အာဇာနည်နေ့တွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင် မြင့်မှ ဗိုလ်ချုပ်အောင်ဆန်း တက် ရောက်ပညာသင်ကြားခဲ့သော ရေနံချောင်းအမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့စဉ်အတွင်း အဆိုပါ ကျောင်း၌ သိမ်းဆည်းထားသော ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်း သားဘ၀က လက်ရေးမူစာအုပ် အားကျောင်းအုပ်ကြီးက ဦးအောင် မြင့်ထံ လှူဒါန်းခဲ့သည့်အပေါ် ဒေသခံများက မကျေမနပ်ဖြစ် လျက်ရှိပြီး ယင်းသို့ လှူဒါန်းခဲ့မှု အတွက် ဦးခင်အောင်မြင့်၌ တာဝန်မရှိကြောင်း၊ လှူဒါန်းသော ကျောင်းအုပ်ဆရာမကြီး၌သာ တာဝန်ရှိကြောင်းအမျိုးသားလွှတ် တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

""ဒီကိစ္စက ဗိုလ်ချုပ်ကျဆုံး ပြီးမှ ဖြစ်လာတာမဟုတ်ဘူး။ ဗိုလ်ချုပ်မကျဆုံးခင်ကတည်းက သူနဲ့ရင်းနှီးပတ်သက်တဲ့သူတွေလို လွှဲခဲ့တာကနေ ဒီပုဂ္ဂလိကဆန်တဲ့ လွှဲပြောင်းမှုက ခုထိရှိလာခဲ့တာ ဒီပစ္စည်းက ပညာရေးဝန်ကြီးဌာန ပိုင် ပစ္စည်းလည်းမဟုတ်ဘူး၊ ယဉ် ကျေးမှုဝန်ကြီးဌာနပိုင် ပစ္စည်း လည်းမဟုတ်ဘူး၊ သူတို့ဌာနတွေ နဲ့သက်ဆိုင်တဲ့ ပစ္စည်းလည်း မဟုတ်ဘူး၊ အဆင့်ဆင့် လွှဲခဲ့တဲ့ သူတွေက သက်ဆိုင်တယ်လို့ဆို ရမယ့်ယဉ်ကျေးမှုဌာနကို မလွှဲဘဲ ပုဂ္ဂလိကဆန်ဆန် လွှဲခဲ့တာလေ။ ခုကျောင်းအုပ်ဆရာမကြီးကလည်း ဦးခင်အောင်မြင့်လိုပုဂ္ဂလိကဆန် ဆန်ဘဲ လွှဲခဲ့တာ၊ ဦးခင်အောင် မြင့်ကိုလွှဲတာဟာ တရားမ၀င်ဘူး လိုလိုပြောရင် လက်ရှိကျောင်း အုပ်ဆရာမကြီးကို ယခင်ကျောင်းအုပ်တွေလွှဲခဲ့တာရော တရားဝင် ရဲ့လား၊ ကျောင်းအုပ်ဆရာမကြီး ကိုယ်တိုင်ကိုက သူလွှဲလို့ရတဲ့ပုံစံ နဲ့လွှဲသွားတာ။ နောက် ဒီပစ္စည်း ကအစစ်ဆိုပြီး ဘယ်သူက အာမ ခံလို့လည်း နိုင်ငံတော်က ထိန်း သိမ်းမယ်ဆိုလည်း များစွာသော စိစစ်အတည်ပြုချက်တွေနဲ့မှ အတည်ပြုလို့ရမှာလေ၊ ပုဂ္ဂလိက ဆန်ဆန် ယုံကြည်လို့ လွှဲခဲ့တာ ဖြစ်တဲ့အတွက် လွှဲတာခံလိုက်ရ တဲ့ ဦးအောင်မြင့်မှာ တာဝန်မရှိ ဘူး၊ လွှဲလိုက်တဲ့ ကျောင်းအုပ် ဆရာမကြီးမှာပဲ တာဝန်ရှိတယ်။ ပုဂ္ဂလိကဆန်ဆန် လွှဲပြောင်းမှု ဖြစ်တဲ့အတွက် ဦးအောင်မြင့်မှာ တာဝန်မရှိပေမယ့် သူ ဘာလုပ် မလဲဆိုတာတော့ စောင့်ကြည့်ရ လိမ့်မယ်""ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် က Hot News သို့ ပြောကြားသွားခဲ့သည်။

ဦးခင်အောင်မြင့်၏ သတင်း မီဒီယာအချို့သို့ ပြောကြားချက်၌ မူ ယင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ၏လက်ရေးမူ စစ်မှန်ခြင်းရှိမရှိ စစ်ဆေးအတည်ပြုရန်လိုကြောင်း နှင့် စစ်မှန်ပါက ရေရှည်တည်တံ့ ခိုင်မြဲရန်နှင့် မပျောက်ပျက်အောင် ထိန်းသိမ်းရန်အတွက် လုပ်ဆောင် သွားရန်လိုကြောင်း ပြောကြားခဲ့ သော်လည်း ဒေသခံအချို့ကမူ ယင်းစာအုပ်အား မူလနေရာသို့ ပြန်မထားမချင်း တောင်းဆိုသွား မည်ဟု ပြောကြားလျက်ရှိနေကြ သည်။


ခန့်ခန့်(ဒဿနိက)
The Hot News weekly
Posted: 24 Jul 2013 08:30 AM PDT
လွတ်ငြိမ်းခွင့်ရ နိုင်ငံရေးအကျဉ်း သားများကို ကြိုးရှည်ရှည်ဖြင့် လှန်ထား သည်ဟုဆိုသော ထောင်တွင်း ကြွေးကျန် ပုဒ်မ ၄ဝ၁ ဖြင့် သာ ပြန်လွှတ်ပေးခြင်း ဖြစ် ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုသက်ဦးက ပြောသည်။

''အခုနောက်ပိုင်း လွတ်ငြိမ်းချမ်းသာ ခွင့်မှာ ၄ဝ၁ ကို ခံဝန်လက်မှတ် မထိုးခိုင်းတော့ ဘူး။ လွှတ်ဝရမ်းမှာတော့ ၄ဝ၁ကိုရေးထားတယ်'' ဟု ၄င်းကပြောသည်။ ယနေ့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသား ၇၃ ဦး လွတ်မြောက်ခွင့်ပြုခဲ့ရာနိုင်ငံရေးအကျဉ်း သား ၆၈ ဦးပါဝင်ခဲ့ကြောင်း၎င်းက ဆိုသည်။

နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ကျခဲ့ ပြီး ဇူလိုင်၂၃တွင် သာယာ ဝတီထောင်မှပြန်လည် လွတ်မြောက်လာသော ကိုသောင်းက ''၄ဝ၁နဲ့ လွှတ်တာ ကြိုက်တော့ မကြိုက်ဘူး ပေါ့။ သမ္မတပြောတဲ့ နှောင်ကြိုးမပါဘူး ဆို တာ စောင့်ကြည့်ရမယ့်သဘောမှာ ရှိတယ်။ အခုလို လွတ်မြောက်လာတာကို ဝမ်းသာပါ တယ်။ အစိုးရရဲ့ အပြောင်းအလဲတွေကို လည်း ကြိုဆိုပါတယ်''ဟု ပြောသည်။

၎င်းနှင့်အတူ လွတ်မြောက်လာခဲ့သော ဖောက်ခွဲမှုဖြင့် ၆၈ နှစ် ကျခဲ့သည့် ABSDF အဖွဲ့မှ ကိုခူးစားရယ်က ၄ဝ၁ ဖြင့် လွှတ်ပေး ခြင်းသည် ကြိုးရှည်ရှည်နှင့် လှန်ထားသည့် သဘောဖြစ်ပြီး သမ္မတကြီး၏ ပြောကြား ချက်အပေါ် မှန်မမှန် စောင့်ကြည့်ဆုံးဖြတ်ရ မည်ဖြစ်ကြောင်း ပြောသည်။

သမ္မတ ဦးသိန်းစိန်က ဇွန် ၄ ရက်တွင် ပြောကြားသော ရေဒီယိုမိန့်ခွန်း ထဲတွင် ပုဒ်မ ၄ဝ၁ ကို နိုင်ငံရေးလက်နက်တစ်ခု အနေနှင့်အသုံးချ၍ အရေးယူရန် အစီအစဉ် မရှိဟု ပြောကြားခဲ့သည်။

''ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့ တာမို့ ခုလို လွှတ်မပေးဘူးဆိုရင် လည်း ရပါ တယ်။ သိပ်တော့ မျှော်လင့်ချက် မထားခဲ့ပါ ဘူး'' ဟု ကိုခူးစားရယ်က ၄င်း၏ထောင်တွင်း စိတ်အခြေအနေကို ပြောသည်။

နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ဧပြီလ အတွင်း လွတ်ငြိမ်းချမ်း သာခွင့်ပြုခဲ့ပြီးနောက် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များ အတွင်း ၌ နိုင်ငံရေးအကျဉ်းသား ၁၆၂ ဦး ကျန်ရှိခဲ့ရာ ယခု လွတ်ငြိမ်းချမ်းသာခွင့် တွင် နိုင်ငံရေးအကျဉ်းသား ၆၈ ဦးပါဝင်ခဲ့ သောကြောင့် လက်ကျန်နိုင်ငံရေး အကျဉ်း သား ၉၄ ဦး အတွက် နိုင်ငံရေးအကျဉ်း သားများ စိစစ်ရေးကော် မတီနှင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ရုံးတာဝန်ခံ ကိုသက်ဦးက ပြောသည်။

ဝေယံမိုးမြင့်

Popular Myanmar News Journal
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

အမှတ်တရ ကဏ္ဍ




 လူဝင်မှုနှင့် ဦးစော- မောင်သန့် -
-၂၄။- ၇-၂၀၁၃


စတေးတပ်တစ်ခု တင်လိုက်တယ်။ ဒါကို အကျယ်ရှင်းပါဆိုရင်တော့ ခေါင်းနဲနဲစားတယ်ဗျ။ ဘာလို့လဲဆို ကိုယ်က အချက်အလက်တွေ အလွတ်ကျက်ထားတာ မဟုတ်တော့ကာ ပြန်ပြန်ရှာရတယ်လေ။
တစ်ကယ်တော့ စိတ်ကူးထဲမှာ ဘယ်သူမှ မမေးလည်း ကိုယ့်ဟာကိုယ် ရေးချင်နေတဲ့ နုတ်တွေက အများကြီးပါ။ တစ်ကယ်တမ်း လက်တွေ့မှာတော့ မရေးဖြစ်ပါဘူးဗျာ။
အရင်တုန်း ကတော့ ဘယ်အကြောင်းအရာ ဘယ်စာအုပ်မှာ ပါတယ်ဆိုတာ မှတ်မိနေပေမယ့် အခုတော့ တစ်ခါတစ်လေ စာအုပ်နာမည်တောင် မေ့မေ့နေတယ်။

ထားတော့။ လိုရင်းပဲပြောတော့မယ်။ လက်ရှိ လဝက ဥပဒေဆိုတာက ၁၉၄၇ ခုနှစ်က ပြဋ္ဌာန်း ထားတာပေါ့။ ၁၉၉၀ နဝတ လက်ထက်မှာတော့ ဒါကို ပြင်ဆင်ချက်ဥပဒေ ထပ်ထုတ်တယ်။
အထွေအထူးတော့ မဟုတ်ပါဘူး။ ဒဏ်ငွေနဲ့ ပြစ်ဒဏ် ပြင်ဆင်တာလောက်ပါပဲ။
ဒါလည်း အခုထပ်ပြင်ရမှာပဲ။ ဒါကတော့ လွှတ်တော်ကိစ္စပေါ့။
ပြောရမှာက ဒီ့မတိုင်မီက လူဝင်မှုကိစ္စကို ပြောရမှာဆိုတော့ ဒီဥပဒေတွေ ကိုတော့ သိချင်ရင် ရှာဖတ်ကြည့် လိုက်ပါတော့ဗျာ။

အင်္ဂလိပ်-မြန်မာ စစ်ပွဲ သုံးကြိမ်နွှဲပြီး ၁၈၈၅ မှာတော့ ကျုပ်တို့နိုင်ငံက ဗြိတိသျှလက်အောက် တစ်ပြည်လုံး ရောက်ပြီးတဲ့အခါမှာ သူတို့က မြန်မာပြည်ကို အိန္ဒိယရဲ့ ပြည်နယ်တစ်ခု အနေနဲ့ပဲ သတ်မှတ်ခဲ့တာကိုး။ အဲတော့ အိန္ဒိယသားတွေအဖို့ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်ပေါ့။
ရန်ကုန်ဆိုပိုဆိုးတာပေါ့ သူကအရင် ကျသွားတာကိုး။ အဆိုးဆုံးကတော့ ရခိုင်ပေါ့။


အဓိက ဝင်ရောက်လာတဲ့ အကြောင်းရင်းကတော့ ဆန်စပါးစိုက်ပျိုးမှုပေါ်မှာ အခြေခံတယ်လို့ပဲ ပြောရမှာပဲ။ ခေါ်သွင်းလာတဲ့သူကတော့ ဘယ်သူရှိရမလဲ သူတို့ဗြိတိသျှ ကုန်သည်ကြီးတွေ ပဲပေါ့ဗျာ။ ပထမဆုံးခေါ်လာတာကတော့ ၁၈၇၄ ခုနှစ် လောက်မှာ ဘီဟာနယ်က ဇမိန်ဒါခေါ် မြေရှင်လူတန်းစားတွေပဲဗျ။ သူတို့ကို မြေတွေချပေးတယ်။ ပြီးတော့ ၁၈၇၆ ခုနှစ်မှာ မဒရပ်မှာ ကိုယ်စားလှယ်တွေ ခန့်ပြီးတော့ကို လယ်ကူလီတွေ သဘောင်္နဲ့အလုံးအရင်းကို သွင်းတော့တာပဲ။ အဲဒီတုန်းက မြန်မာပြည်မှာ အလုပ်သွားလုပ်မယ့် အိန္ဒိယသားမှန်သမျှ သဘောင်္ခတောင် ပေးစရာ မလိုဘူး။ အင်္ဂလိပ် ကုမ္မဏီတွေက အကုန်အကျခံပြီးတော့ကို ပို့ပေးတာ။

အဲဒီမှာ ပြန်တဲ့လူလည်းပြန်၊ မပြန်တော့ပဲ မြန်မာပြည်မှာပဲ အခြေချတဲ့လူလည်းချပေါ့။ ၁၉၂၁ ခုနှစ်မှာ ကောက်ယူတဲ့ သန်းခေါင်စာရင်းအရဆိုရင် ရန်ကုန်မြို့ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အိန္ဒိယသားတွေ ဖြစ်နေပြီတဲ့။ အစိုးရရုံး၊ မီးရထားဌာနမှာရှိတဲ့ စားရေးစာချီတွေ၊ ဈေးဆိုင်ရှင်၊ ကုန်သည်နဲ့ စက်မှုပညာသည်တွေမှာ ဘင်ဂါလီ။ သဘောင်္၊ သမ္ဗန်၊ စက်ရုံ၊ ဆိပ်ကမ်းတွေမှာ အစ္စလာမ်ဘာသာဝင် စစ်တကောင်းသားတွေ။ ရုံးစာရေး၊ ဆန်စက်နဲ့ လယ်ယာ စိုက်ပျိုးရေး ဘက်မှာ တမီလ်။ မီးရထားနဲ့ ကုန်းလမ်းပို့ဆောင်ရေးမှာဆို ဝူးရီးယားတွေအပြင် အခြားလုပ်ငန်း တွေမှာလည်း ဟိန္ဒူစတန်နီ၊ တေလ်ဂူ၊ ဂေါ်ရခါး အများအပြားပေါ့ဗျာ။ ဒါ့အပြင် ဂူဂျရတ်တီ၊ မာလဝါရီ၊ စူရတီ ကုန်သည်ကြီးတွေ ငွေတိုးချေးစားတဲ့ ချစ်တီးတွေ၊ ပန်ချာပီ ဆရာဝန်တွေ အများအပြားပါပဲ။



၁၉၃၀ ခုနှစ်အရောက်မှာတော့ မြန်မာပြည်အနှံ့မှာ ချစ်တီး ငွေချေးဌာနပေါင်း ၁၆၅၅ ခုတောင် ရှိနေပြီတဲ့။ ၁၉၄၁ မှာတော့ မြန်မာတစ်ပြည်လုံးမှာ ချစ်တီးပိုင် လယ်မြေဟာ ဧက ၃,၀၀၀,၀၀၀ အထိ ရှိသွားပါတော့တယ်။

ဘယ်လောက်တောင် ကြီးစိုးသွားသလဲဆို ၁၉၄၁ စာရင်းအရ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ အလုပ်သမားဦးရေရဲ့ ၆၉ ရာခိုင်နှုန်းဟာ အိန္ဒိယသားတွေချည်းပဲတဲ့။ ဒါတောင် အလုပ်သမား မဟုတ်တဲ့ တစ်ခြားလူတန်းစား မပါသေးဘူးနော်။
မြန်မာပြည်မှာ မြန်မာတွေ မလုပ်တဲ့ အလုပ်သာရှိမယ် ကုလားတွေ မလုပ်တဲ့ အလုပ်ဆိုတာ မရှိသလောက်ပါပဲ။ မြန်မာနိုင်ငံသား တစ်ယောက်ဟာ ရန်ကုန်မှာနေမယ်ဆိုရင် ကုလားစကား မတတ်ရင် အဆင်မပြေလောက် အောင်ကို ဖြစ်သွားခဲ့တာ။ ဒါကြောင့်လည်း တို့ဗမာအစည်းအရုံး ပေါ်လာတော့ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကားဆိုတဲ့ ကြွေးကြော်သံ ထည့်လာရတယ် ထင်ပါရဲ့။


ရန်ကုန်တင် မဟုတ်ပါဘူး ကုလားတွေ တစ်ပြည်လုံးကို ပြန့်သွားတာ မြောက်ဘက် ပူတာအို၊ တောင်ဘက် ကော့သောင်၊ အရှေ့ဘက် တာချီလိတ်အထိပဲတဲ့ဗျား။ ဒီလောက်ဆို တရားခံ ဘယ်သူလဲဟေ့ ဆိုတာ သိလောက်ပါပြီ။
ထူးခြားတာက ရန်ကုန်မြို့မှာရှိတဲ့ အိန္ဒိယ အမျိုးသား ဦးရေဟာ အမျိုးသမီး ဦးရေထက် လေးဆကျော်ရှိတယ်တဲ့။ ဒါကြောင်လည်း ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း ကောက်တော့ ရန်ကုန်မြို့မှာ ကုလားကပြားဦးရေ ၁၂,၅၆၀ ဖြစ်နေပြီတဲ့။ (ပြောရင်းပဲ ဓါးနဲ့ ထခုတ်ချင်စိတ် ပေါ်လာပြီ။ အဲဒီ ဘိလပ်ကကောင်တွေကို ပြောပါတယ်)

ဒီကြားထဲက ဒိုင်အာခီ၊ ၉၁ ဌာနစတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကိုတော့ ကျော်လိုက်တော့မယ်။
လိုရင်း မြန်မြန်ရောက်အောင်လို့။
ဒါပေမဲ့ ကုလား-ဗမာ အဓိကရုဏ်း နှစ်ခုအကြောင်းတော့ နည်းနည်း ပြောမှရမယ်။
ဘာဖြစ်လို့လဲဆိုတော့ အဆက်အစပ် မမိမှာဆိုးလို့။ ဒီလောက် လွှမ်းမိုး ချယ်လှယ် လာတော့လည်း ပြဿနာတွေက ဖြစ်ပြီပေါ့ဗျာ။

ပထမ ကုလား-ဗမာ အဓိကရုဏ်းကတော့ ၁၉၃၀ ခုနှစ်မှာ ဖြစ်တယ်။ ရန်ကုန်ဆိပ်ကမ်းမှာ ရှိတဲ့ မြန်မာအလုပ်သမားနဲ့ ဂေါ်ရင်ဂျီအလုပ်သမားတွေ အုပ်စုဖွဲ့ရိုက်ကြတာက စတာပဲ။
ဖြစ်ရတဲ့ အကြောင်းခံကတော့ စီးပွားရေးကြောင့်လို့ ပြောရမှာပဲ။ ဒါပေမယ့် ခွဲရေး၊ တွဲရေး နိုင်ငံရေး ပယောဂတွေ၊ ကုန်သည်တွေ (အခုခေတ်ဆို ခရိုနီပေါ့ဗျာ) က ဓာတ်ဆီလောင်းပေး တာကလည်းပါတာပေါ့။ ဆိပ်ကမ်းရိုက်ပွဲကနေ ရန်ကုန်တစ်မြို့လုံးပြန့်သွားပြီး အဓိကရုဏ်းကြီး ဖြစ်လိုက်တာ လေးရက်ကြာတယ်၊ လူ ၁၂၀ ကျော်သေပြီး အများအပြားဒဏ်ရာရကြတယ်လို့ အစိုးရက သတင်း ထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် ဒီအဓိကရုဏ်းဟာ နယ်တွေအထိတော့ မကူးဆက်ခဲ့ပါဘူး။

ဒုတိယ ကုလား-ဗမာ အဓိကရုဏ်းကတော့ ၁၉၃၈ ခုနှစ်မှာဖြစ်တယ်။
ဒီတစ်ခါကတော့ ဘာသာရေးပါ ပါလာပြီ။ ရွှေဘိုခရိုင် မြေဒူးက အစ္စလာမ်ဘာသာဝင် ဦးရွှေဖီက မော်လဝီနှင့် ယောဂီစာတမ်းကို ၁၉၃၁ ခုနှစ်မှာ စာအုပ်ထုတ်တယ်။ ဒါပေမယ့် စောင်ရေနည်းပြီး လူသိ နည်းတော့ ဘာမှမဖြစ်ဘူး။ အဲဒါကို ၁၉၃၇ မှာ မူဆလင်သူဌေး ပတေးက ဒုတိယအကြိမ် စောင်ရေအမြောက်အများ ထုတ်ဝေဖြန့်ချီလိုက်တာမှာ ပြဿနာကစတာပဲ။
ဒီစာအုပ်မှာပါတဲ့ ဗုဒ္ဓဘာသာကို ထိခိုက်တဲ့ အရေးအသားတွေကို ဗုဒ္ဓဘာသာဝင်တွေက မကျေနပ်ဘူး။
သတင်းစာတွေ စာစောင်တွေကလည်း အမျိုးမျိုးရေးသား ကန့်ကွက်ကြတယ်။


ဒါကို အစိုးရက မသိကျိုးကျွန်ပြုနေတယ်။ မြန်မြန်ဆန်ဆန် အရေးမယူဘူး။ အဲဒီအချိန်က အာဏာရအစိုးရက ဒေါက်တာဘမော်၊ ပြည်ထဲရေးဝန်ကြီးက ဆာပေါ်ထွန်းပေါ့ဗျာ။ ဒီလိုနဲ့ တအုံနွေးနွေး မခံမရပ်နိုင် ဖြစ်နေရာကနေ ၁၉၃၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့၊ ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများအဖွဲ့ချုပ်က ဦးစီးပြီး ကန့်ကွက် ရှုံ့ချကြောင်း ဆုံးဖြတ်ပြီး စီတန်းလှည့်လည်ကြရာကနေ အဓိကရုဏ်းကြီးစတာပါပဲ။

ဒီတစ်ခါတော့ ရန်ကုန် တင်မက မန္တလေး၊ စစ်ကိုင်း၊ ရေနံချောင်း၊ ရွှေဘိုအပြင် တစ်ခြား မြို့ကြီးတော်တော်များများကို ကူးဆက်သွားတော့တာပဲ။
လူပေါင်း ၁၀၈၄ ယောက်သေတယ်။
အဲဒီထဲမှာ ပုလိပ်ပစ်လို့သေတာ ၁၇၁ ယောက်မှာ မြန်မာက ၁၅၅ ယောက်သေတယ်တဲ့။



အဓိကရုဏ်းနဲ့ ပတ်သက်ပြီး မျိုးချစ်လူငယ်တွေက အစိုးရကို လက်ညှိုးထိုးတယ်၊ ဒေါက်တာ ဘမော် ဂိုဏ်းသားတွေက ဦးစောကို လက်ညှိုးထိုးတယ်၊ အင်္ဂလိပ် အစိုးရက သတင်းစာ တွေကို လက်ညှိုးထိုးတယ်။
မှတ်သားစရာကတော့ ဒီအဓိကရုဏ်းကြီးမှာ တို့ဗမာ အစည်းအရုံးရဲ့ ပယောဂ လုံးဝမပါကြောင်း ဗြိတိသျှ အာဏာပိုင်တွေက ထုတ်ဖော် ပြောဆိုတဲ့ အချက်ပါပဲ။

ဇူလိုင်လက စလိုက်တဲ့ အဓိကရုဏ်းဟာ ရန်ကုန်မှာ စက်တင်ဘာလလယ်လောက်မှ ငြိမ်းအေး သွားတယ်။ ပြီးပြီဆိုတော့လည်း ထုံးစံအတိုင်း စုံစမ်းရေးကော်မတီဖွဲ့တာပေါ့။ သဘာပတိနဲ့ အတွင်းရေးမှူးက အင်္ဂလိပ်၊ အဖွဲ့ဝင်တွေက အစ္စလာမ်ဘာသာဝင် အမျိုးသားနှစ်ဦး၊ မြန်မာ အမျိုးသားနှစ်ဦး ပါတယ်လို့ဆိုပါတယ်။

စုံစမ်းရေးကော်မတီရဲ့ အဆိုမှာတော့ "မြန်မာသတင်းစာများ၏ တာဝန်မဲ့ လှုံ့ဆော် ရေးသားခြင်းနှင့် အချို့သော ရဟန်းများနှင့် လူများက သွေးထိုးပေးခြင်းသည် အနီးကပ်ဆုံး အကြောင်းဖြစ်သည်။
အောက်မြန်မာပြည်တွင် လယ်ယာပြဿနာ မပြေလည်သဖြင့် မြန်မာတို့ စီးပွားရေး ကြပ်တည်းကြသည်။ အိန္ဒိယအမျိုးသား မြေပိုင်ရှင်များနှင့် ငွေချေးစားသူများ၏ လုပ်နည်း လုပ်ဟန်ကြောင့် မြန်မာတို့သည် ကုလားများကို မုန်းတီးလာကြသည်။ နောက် တစ်ကြောင်းမှာလည်း အိန္ဒိယအမျိုးသားများနှင့် အိမ်ထောင်ကျသော မြန်မာအမျိုးသမီးများ အဖို့ ဗုဒ္ဓဘာသာ တရားဥပဒေအရ အခွင့်အရေး ဆုံးရှုံးကြရသဖြင့်လည်း အိန္ဒိယတို့အပေါ် မြန်မာတို့ စိတ်နာကြပြန်သည်။
ပုလိပ်အဖွဲ့ကို လူအပေါင်းက မယုံကြည်ခြင်း၊ သံသယရှိခြင်း သည်လည်း အကြောင်းတစ်ကြောင်းဖြစ်သည်" လို့ ဆိုပါတယ်။


ဒီကြားထဲမှာ ပြောရဦးမယ်။ အဲဒီ အဓိကရုဏ်းဖြစ်ပြီးတော့ ဒါဒါချန်ဂျီနဲ့ တယဘ်ဂျီဆိုတဲ့ မူဆလင် အမျိုးသား နှစ်ယောက်က အိန္ဒိယကို အပြေးအလွှားသွားပြီး အိန္ဒိယအမျိုးသား ကွန်ဂယက်နဲ့ မူဆလင်လိဂ်ကို သွားတိုင်ကြသတဲ့။
မြန်မာပြည်မှာ သူတို့အမျိုးသားတွေ ဘယ်လို ဘယ်ပုံ ညှင်းပန်းနှိပ်စက် ခံနေရကြောင်း ဆိုပြီးတော့ပေါ့။ (ငပြူး မှန်ရင်တော့ ပြဲတာချည်းပဲ၊ အရင်တုန်း ကလည်း ပြဲတယ်၊ အခုလည်း ပြဲတယ်၊ နောင်လည်း ပြဲမှာပဲ။)

ဒါနဲ့ ၁၉၃၉ ခုနှစ် ဧပြီ ၉ ရက်နေ့ အိန္ဒိယ ပြည်လုံးဆိုင်ရာ ကုန်သည်ကြီးများ အသင်းချုပ်က "မြန်မာနှင့် အိန္ဒိယအစိုးရသည် ပင်လယ်ရပ်ခြား အိန္ဒိယအမျိုးသားများ၏ အသက်စည်းစိမ်၊ လွတ်လပ်မှု၊ တရားဥပဒေအခွင့်အရေးများ ကာကွယ်စောင့်ရှောက်မှု ပျက်ကွက်သည်" ဆိုတဲ့ ရှုံ့ချတဲ့အဆိုကို အတည်ပြုလိုက်တယ်တဲ့။
ပြီးတော့ အိန္ဒိယ အမျိုးသားများ၏ အကျိုး စီးပွားကို ကာကွယ်ရန် မြန်မာပြည်မှာ ဌာနတစ်ခုဖွင့်ဖို့ အိန္ဒိယအစိုးရကို တိုက်တွန်း တောင်းဆို ကြတယ်တဲ့။
(အခု အိုအိုင်စီလို နေမှာပေါ့နော်) တစ်ခါ အိန္ဒိယအမျိုးသား ကွန်ဂယက် အဖွဲ့ကြီး ကလည်း "မြန်မာပြည်ရှိ အိန္ဒိယ အမျိုးသားများ၏ အသက်စည်းစိမ်အတွက် အန္တရာယ်ရှိသဖြင့် စိုးရိမ်ကြောင်း" မှတ်တမ်းတင်တယ် ဆိုပဲဗျာ။ (ဒါတောင် ကုလသမဂ္ဂအဖွဲ့ချုပ်က အဲဒီတုန်းက မပေါ်သေးလို့ပေါ့ဗျာ)

(၁) အိန္ဒိယအမျိုးသားများ မြန်မာပြည်သို့ တံခါးမရှိ၊ ဓားမရှိ ဝင်ရောက်ခြင်းကိစ္စကို ဂျိမ်းစ်-ဘတ်စကာ ဦးဆောင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်း စုံစမ်းစေသည်။
(အစောကြီး ကတည်းက လုပ်ရမှာ၊ သူတို့ဟာသူတို့လုပ်ပြီး ပြန်စုံစမ်းနေရသေးတယ်နော်)

(၂) အိန္ဒိယအမျိုးသားများ မြန်မာပြည်သို့ ဝင်ရောက်ခြင်းကို မည်သို့မည်ပုံ ကန့်သတ် သင့်သည်ဆိုသည့် အချက်ကိုကား အန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့ တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်ရမည်။
(ဒီဟာကနေ ဗြိတိသျှလက်အောက် မြန်မာပြည်မှာ ပထမဆုံး လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ဖြစ်ပေါ်လာတာပေါ့။
ဦးဆောင်သူကတော့ ဇာတ်လိုက်ကြီး ဦးစောပေါ့။)


(၃) မြန်မာနိုင်ငံရှိ အစိုးရအမှုထမ်း၊ အရာထမ်းများသည် အဂတိ လေးပါးစလုံး လိုက်စား သည်ဟု သံသယရှိဘွယ်များ တွေ့ရှိလေသဖြင့် လာဘ်ပေးလာဘ်ယူ စုံစမ်းရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းစုံစမ်းစေရသည်။
မြန်မာဘာသာဖြင့် ရေးသားသော ဦးရွှေဖီ၏ စာအုပ်ကို ပြည်ထဲရေး ဝန်ကြီးသည် ဖတ်၍ ချက်ခြင်း သင့်သလို အရေးယူနိုင်ပေသည်။
သို့သော် ကြိုးနီ စနစ်အရ ယင်းစာအုပ်ကို ပုလိပ်အဖွဲ့ကသိမ်း၊ စုံထောက်အဖွဲ့သို့ပို့၊ စုံထောက်အဖွဲ့က ယင်း စာအုပ်ကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ပြန်၊ ထိုပြန်ပြီးသော စာအုပ်ကိုမှ မှတ်ချက်နှင့် ပြည်ထဲရေး ဝန်ကြီးထံ တင်ပြ၊ အမိန့်တောင်းရသည်။
ဤသို့ပြုမူခြင်းသည် အဂတိ တစ်ခုခုကြောင့် တမင် ရှောင်၍ နှောင့်နှေးအောင် လုပ်သည်ဟု ယူဆကြသည်။ (ဗြူရိုကရက်တွေပေါ့နော်)

(၄) ကျေးရွာများတွင် လက်ရှိအုပ်ချုပ်နေသော စနစ်မှာ သင့်လျော်ခြင်း မရှိတော့သဖြင့် ယင်းပြဿနာ ဖြေရှင်းရန် ကော်မတီတစ်ရပ်ဖွဲ့၍ စစ်ဆေးရသည်။
ကုလား-ဗမာ အဓိကရုဏ်းမှာ တောရွာ ကျေးလက်များတွင်ပါ ဖြစ်ပွားလေသည်။

ဒီ ကုလား-ဗမာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ဥရောပသတင်းစာတွေ၊ အိန္ဒိယ သတင်းစာ တွေက အတော်လေးကို ဘက်လိုက်ရေး သားကြတယ်တဲ့။
အိန္ဒိယအမျိုးသားတွေရဲ့ သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်းဆုံးရှုံးမှုတွေကို အကျယ်တဝင့် ရေးသားဖော်ပြကြပြီး မြန်မာတွေ ထိခိုက် သေဆုံးတာတွေ၊ ပစ္စည်းဆုံးရှုံးတာတွေကိုတော့ တမင်မဖော်ပြပဲ ထားတယ်။
မြန်မာတွေဟာ အတော်ပဲ ဆိုးဝါးရက်စက်ကြောင်း ပုံကြီးချဲ့ ရေးသားဖော်ပြ ခဲ့ကြပါတယ်တဲ့။ (အခုလည်း ဒီလိုပါပဲနော်)

ဦးစောနဲ့ လူဝင်မှုကိစ္စမဆက်ခင် အဲဒီအချိန်က လွှတ်တော် အကြောင်းလေးလည်း နည်းနည်းတော့ ထည့်ပြောမှ ဖြစ်မယ်ထင်တယ်။
နုတ်တစ်ပုဒ်ထဲနဲ့ အားလုံးခြုံမိအောင် ရေးဖို့ လုပ်ပေမယ့် မတတ်နိုင်ဘူး ပြောလက်စနဲ့ ဆက်ပြောရတော့မှာပဲ။

ဒါကြောင့် ဒုတိယပိုင်းကို နောက်မှ ဆက်တာပေါ့လေ။

မောင်သန့် 




--
http://www.burmaburo.blogspot.com