Saturday 30 July 2011

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်ဆီလူတန်းစားတွေ


(ဆရာလူထုဦးစိန်းဝင်း၏ နိုင်ငံရေး အတွေးအမြင်ဆောင်းပါးများကို စုစည်းပုံနှိုပ်ထုတ်ဝေထားသည့် “ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်” စာအုပ်မှ ဆောင်းပါးများကို ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါ​သည်။)

... “မြန်မာလူမျိုးများရဲ့ နိုင်ငံရေးအသိအမြင် ဗဟုသုတနိမ့်ကျနေသေးတော့ ဒီမိုကရေစီစနစ် အောင်မြင်ပါ့မလား။”
အသက် ၂၀၊ ၂၅ နှစ်ဝန်းကျင် လူငယ်လေးတွေရောက်လာ၊ စားပြောကြတိုင်း ဒီမေးခွန်းတစ်ခုကို မေးမြဲဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ အနောက်နိုင်ငံကြီးတွေလို ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီအောင်မြင်နိုင်တယ်လို့​ ထင်မှတ်နေကြဟန် ရှိပါတယ်။ တချို့ ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာလို့ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်စီလူတန်းစား အီလစ် (Elite) တွေပြောတဲ့ စကားသံတွေကြားပြီး “နားဝေတိမ်တောင်” ဖြစ်နေကြပုံရပါတယ်။

အပေါ်ယံမှာ ဝေ့ကာဝဲကာ
ရေပေါ်ဆီ လူတန်းစားဆိုတာက အများအားဖြင့် ခေတ်တိုင်းခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီလူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။ ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူနဲ့ တည့်အောင်ပေါင်း၊ အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့သူ တန်ခိုးအရောင်မှိန် သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ရှိတယ်။ ရာသီဥတုကိုလိုက်ပြီး အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညိုလို လူစားမျိုးတွေဖြစ်ကြတယ်။ ခေတ်တိုင်းခေတ်တိုင်း အပေါ်ယံအလွှာမှာချည် ဝေ့ကာဝဲကာ နေကြလေတော့ လူတွေကိုအမြဲတမ်း ငုံကြည့်လေ့ရှိ တယ်။ တန်ခိုးေ၇ာင် ပြိုးပြိုးပြက်ပြက် လက်တဲ့လူမဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေအကြောင်းလည်း ဘာမှ မသိဘူး။ လူတွေအကြောင်း မသိတော့ တိုင်းပြည်နိုင်ငံရေးအကြောင်းလည်း ဘာမှ မသိဘူး။ စင်ကာပူနိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက်မြို့တော်ကြီး စည်ကားပုံတွေအကြောင်း အများကြီး ပြောနိုင်ပေမယ့် လယ်ဆိုတာ ဘာလဲ။ ယာဆိုတာ ဘာလဲ။ ကိုင်းဆိုတာ ဘာလဲလို့မေးရင်တောင် မှန်အောင်ဖြေနိုင်တာ မဟုတ်ပါဘူး။

ဆယ်ဆသာတယ်
ဒီလို “လူပုတ်သင်ညို” တွေက တိုင်းရေးပြည်ရေး၊ နိုင်ငံရေးဆိုတာသူတို့လို ရေပေါ်ဆီတွေနဲ့ပဲဆိုင်တယ်၊ လက်လုပ်လက်စား လူသာမန်တွေနဲ့ လားလားမှတိုက်တန်တာမဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတက် ရေပေါ်စီတွေသာ သဘောပေါက် နားလည်နိုင် တာမျိုးဖြစ်တယ်။ ဆင်းရဲလို့ ပညာကောင်းကောင်းမသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေးအသိပညာရေချိန်ဟာ အင်မတန်နိမ့်ကျတယ်။ ဒီလူတွေနဲ့ ဒီမိုကရေစီတည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင် ပြောလေ့ရှိကြတယ်။ ဒီစကားတွေ ကြားဖန်များတော့ လူငယ်တွေက နားယောင်ပြီး ဟုတ်နိုးနိုး ထင်နေရှာကြတာဖြစ်တယ်။ အဲ့ဒါကြောင့် မြန်မာလူမျိုးဟာ တခြားနိုင်ငံသားတွေလောက် နိုင်ငံရေးအသိ မမြင့်မားဘူးဆိုတာတောင်မှ နိုင်ငံရေးဆိုတာ နှခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ နိုင်ငံရေးကိစ္စတွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ “လူပုတ်သင်ညို” တွေထက်တော့ ဆယ်ပြန် ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရပါတယ်။

လိမ်မှန်းညာမှန်းသိတဲ့လူမျိုး
မြန်မာလူမျိုးဟာ တခြားနေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေးအသိမှာတော့ ထိပ်တန်းကရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့အစိုးရက ၉၁ ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံအဆင့်ပေးမယ်တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝလွတ်လပ်ရေးမှ တစ်ပါး ဘာမှမလိုချင်ဘူးလို့ အပြတ်ပြောခဲ့တာပါ။ ပါးစပ်ပြောသာမဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေးနဲ့တင် ကျေနပ်ရောင့်ရဲမနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေး ဆင်နွှဲ အောင်ပွဲခံခဲ့တာဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ်ပါဘူး။

ရန်/ငါ ပြတ်လို့
လွတ်လပ်ရေးအအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျခိုင်မာပြီး ရန်/ငါ ပြတ်သားခဲ့ကြလို့သာ လုံးဝလွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံနိုင်ငံတွေထဲမှာ ၀င့်ဝင့်ကြွားကြွားဖြစ်နေတဲ့ မလေးရှားနိုင်ငံဆိုရင် ၁၉၅၇ ခုနှစ်ကျမှ လုံးဝလွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာခဲ့တာပါ။ အဲ့ဒါကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေး အသိ နိမ့်ကျတယ်ဆိုတဲ့စကားကို လုံးဝလက်မခံပါဘူး။ မြန်မာပြည်က ရေပေါ်ဆီ “လူပုတ်သင်ညို” တွေလောက်က ပြောတာသာ မဟုတ်ပါဘူး။ အနောက်နိုင်ငံကြီးတွေက မြန်မာ့အရေးကျွမ်းကျင်သူလို့ ကိုယ့်ဘာသာကိုယ် ကင်ပွန်းတပ်ထားတဲ့ “နိုင်ငံရေးဂုရု” ဆိုသူတွေပြောတာလည်း လက်မခံပါဘူး။ မြန်မာပြည်မှာနေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်းစစ်ဒဏ်တွေကို ကျောကော့အောင်ခံခဲ့ရတဲ့ မြန်မာလူမျိုးတွေ လောက် နိုင်ငံရေးကို နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။

မျက်နှာပြောင်သူတွေ
မျက်ကန်းမျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲ့ဒီ ကိုယ့်ဘာသာကိုယ်ခန့်တဲ့ “ဂုရု” တွေရေးတဲ့စာအုပ်တွေ အများကြီးဖတ်ထားဖူးလို့ ပြောတာပါ။ ဆင်စွယ်ရဲတိုက်ကြီးတွေထဲက စာအုပ်တွေထဲ လှန်လှောရှာဖွေပြီး သူများတကာရေးထားတဲ့ သီအိုရီတွေနဲ့ ချိန်ညှိပြီး ရေးသားထားတာမျိုးတွေသာများပါတယ်​။ နိုင်ငံရေးဆိုတာ သိပ္ပံပညာရပ်တစ်ခုဖြစ်ပေမယ့် ဂဲသြမေတြီတွက်သလို၊ သင်္ချာတွက်သလို တွက်လို့ဖြစ်တာမဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ လူတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာဖြစ်လို့ လူတွေရဲ့ဘ၀၊ လူတွေရဲ့ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့လိုအပ်ပါတယ်။ လူတွေကြားမ၀င်ဖူးတဲ့ ရေပေါ်ဆီ “အီလစ်” တွေနဲ့ နိုင်ငံခြားသား “ဂုရု” တွေက မြန်မာလူမျိုးတွေရဲ့ ဘ၀၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော်မျက်နှာပြောင်တိုက်တဲ့လူတွေပဲလို့သာ ကောက်ချက်ချလိုက်ရတော့မှာ ဖြစ်ပါတယ်။

လူထုစိန်ဝင်း
(၂၀၀၉ ခုနှစ်၊ ဇူလိုင် ၂၆)

(မှတ်ချက်။ ။ အံ့ဘုန်းမြတ် ဘလော့ခ်မှ ကူးယူဖော်ပြသည်။)
=============

Friday 29 July 2011



သုဝဏ္ဏ ကွင်း၊ ဘောလုံးပွဲတစ်ပွဲ၊ မြန်မာတို့၏စိတ်ဓာတ် နှင့် နာယက ခေါင်းဆောင်

Posted: 28 Jul 2011 09:39 AM PDT


ရေးသားသူ. .Ernesto Kee Ling



ဂျူလိုင်လ ၂၈ ရက်နေ့ တိမ်ကင်းစင်လေသော အခါသမယ ညနေ ၂နာရီခွဲ Ernesto တစ်ယောက် မြန်မာတို့၏ အမှတ်မရှိသောစိတ်ဓာတ်အပြည့်နှင့် သုဝဏ္ဏ ကွင်းဆီသို့ ချီတက်ခဲ့သည်။ ကွင်းဝအရောက် ရွှေမြန်မာတို့ အကျင့် အတိုင်း မှောင်ခိုဈေးကွက်မှ လက်မှတ်များကို အထူးတန်းမှကြည့်ရန် ၃၀၀၀ ဖြင့်ဝယ်ယူခဲ့သည်။ တရားဝင်ရောင်းဈေးမှာ ၁၀၀၀ ..။ သို့နှင့် လက်မှတ်ကိုင်ကာ သူငယ်ချင်းတစ်စုနှင့် ဂိတ်ပေါက်မှ ၀င်မည်ဟု တန်းစီလူတန်းကြီးနောက် ၀င်ရောက်တန်းစီ..။သို့ရာတွင် နေထိုင်သည်က မြန်မာပြည်၊ကိုင်ထားသည်က မှောင်ခိုလက်မှတ် ပုံမှန်ဂိတ်က ပိတ်နေ။ သြော် မြန်မာ ပြည်သားပေပဲ ။ ဘယ်ရမလဲ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေကားဝင်ရန်ဂိတ်မှ တံခါးနားတွင်သွားစောင့် ။ လာပါပြီ

အမြီးရှည်နဲ့ တစ်ကောင် သူ့ကားအ၀င် သူငယ်ချင်းတစ်အုပ် လက်ကိုတွဲ " သားကြီးတို့ရေ ကိုင်ထားဟ လူစုကွဲနေမယ် " အချင်းချင်း အော်ပြော ... အတင်းတိုးဝင်..။ ဒီလိုနဲ့ အထူးတန်းပေါ်ပြေးတက် လားလား နည်းတဲ့လူအုပ်ကြီးလား မြန်မာဟူသော အသိ အချင်းချင်းစည်းလုံးလိုက်ကြတာ " မြန်မာ မြန်မာ မြန်မာ " အော်သံတွေ ပဲ့တင်ထပ်လို့ပေါ့ ။

ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကျွန်တော်တို့ကို လှမ်းပြော ဟေ့ကောင်တွေ ငါတို့နေရာတွေ မှာ လူအပြည့်ပဲ နေရာမရှိတော့ဘူး ။ အာကာ က ပြန်ပြောလိုက်တယ် ဒါဆိုလည်း ရတဲ့နေရာမှာ မတ်တပ်ရပ်လို့ရမယ့်နေရာ ရှာကွာ တဲ့။ ရပ်ဖို့နေရာရ ပါပြီ။ အာကာနဲ့ ကျောင်းတော်က ရန်စမကင်းတဲ့ကောင်နဲ့ ကပ်လို့ ..။ ဒါပေမယ့် မြန်မာ အသင်းကိုချစ်လို့တူတူ လာအားပေးကြတာပဲ တစ်ယောက်နဲ့ တစ်ယောက် ဟေ့ကောင် နေရာမရရင် ငါ့နားမှာလွတ်တယ် လာခဲ့...။ တည့်နေကြတာပေါ့ဗျာ..။ အဲ့ဒါမြန်မာလေ..။မြန်မာအသင်းကိုချစ်တဲ့ မြန်မာတွေလေ။

ဘေးဘီဝဲယာ တစ်ချက်ဖမ်းရှိုးတော့ လားလား GTC ကျောင်းဝတ်စုံတွေနဲ့ ဆေး-၂ က သူငယ်ချင်းတစ်ချို့ နှင့် လား လား.. အဖြူအစိမ်းတွေနဲ့တောင်ပါသေး။ သူတို့တွေ ဒီပွဲအတွက် အတန်းတွေ ဖျက်လာကြတယ်လေ။ Ernesto ရောဘာထူးလဲ မကွေးကနေ လာကြည့်တာဆိုတော့ ကျောင်းက ပျက်ပေါ့။ မြန်မာအသင်းကိုချစ်တဲ့ မြန်မာဆိုတဲ့နာမည်ပါရင်တောင် အားပေးတတ်တဲ့ ညာဉ်ဆိုးကြောင့်ပေါ့။

Ernesto လေ မြန်မာပွဲတွေကြည့်ရင် ကြက်သီးထတဲ့ အချိန်တစ်ချိန်ရှိတယ် ။ ပရိသတ်တွေ အားလုံးတူညီ "နိုင်ငံတော်သီချင်း" ဆိုတဲ့အချိန်ပေါ့။ ပွဲစပြီ နိုင်ငံတော်သီချင်းနဲ့ ။ Ernesto တို့နားက ဗုံနဲ့ဗျား...။ပွဲစတော့ မြန်မာက နည်းနည်းဖိထားပါတယ်။ ဂိုးနားတော့ သိပ်မရောက်သေးပါဘူး။ အိုမန်တွေက skill သာတယ် ( မြန်မာတွေထက်ပေါ့ )။ ဒီလိုနဲ့ ၂၂မိနစ်လောက်မှာ ဂိုးပေးလိုက်ရတယ် ။မြန်မာဂိုးသမားနဲ့ နောက်တန်းတို့ ညံ့ဖျင်းမှုကြောင့်ပေါ့။ ဆဲဆိုသံတွေ ဆူညံပွက်သွားတယ် ။ ဒါပေမယ့် ခဏပါပဲ ဗုံသံမြိုင်မြိုင် နဲ့ " မြန်မာ " အော်သံတွေ ကွင်းလုံးလျှံတက် ထွက်လာတာပါပဲ။

မြန်မာတွေလေဗျာ.. မြန်မာ ဆိုတဲ့အသံကြားရင် သွေးသားထဲက ဆူတက်နေတဲ့ မြန်မာတွေလေဗျာ။ Ernesto တို့ သူငယ်ချင်းတစ်စုထဲ မှာ အသက်အကြီးဆုံး ကိုလင်းထွန်းက သူ့ရှေ့က အလံ လွှင့်နေတဲ့ နှစ်ယောက်ကို " ဟေ့ကောင်တွေ ထမီ အလံတွေ လွှင့်မနေနဲ့ ကျက်သရေရှိတဲ့ တို့နိုင်ငံ အလံ ပါလာရင်လွှင့် မပါရင် မလွှင့်နဲ့ တဲ့ " ဖြန်းခနဲ ထ လာတယ်...။ နိုင်ငံတော်အလံ အတွက် မခံချင်စိတ်လား....၊ ဇာတိမာန်လား....။ အိုမန်သားတွေကလည်းဗျာ သူတို့ခန္ဓာကိုယ်မှ သူတို့အားမနာ တဖုန်းဖုန်းလဲပြနေတယ်ဗျာ....။ ကျွန်တော်တို့ ရှေ့တန်းက ရန်ပိုင် အ၀ါကဒ်ထိပြီ။ မကြာပါဘူး နောက်တန်းက ရှင်းထုတ်တာ ဘောလုံးထိပါတယ် ပင်နယ်တီ ပေးလည်းရတယ် မပေးလည်းရတယ်ပေါ့ ဒီအလုံးက။ ဒိုင်က ပင်နယ်တီ ပေးလိုက်တော့ စတာပါပဲ အဲ့မှာ မြန်မာ စိတ်ဓာတ်...။

Ernesto တို့တစ်စု သွားအားပေးတယ်..။ ရှုံးမယ်ဆိုတာ သိနေတာပဲ ။မကျော်နိုင်ဘူးသိနေတာပဲ ဗျာ..။ မြန်မာဆိုတဲ့ စိတ်ဓာတ်ရယ်.. အားကစားစိတ်ဓာတ်အပြည့်နဲ့ ဘောလုံးပွဲတစ်ပွဲ ကြည့်ချင်လို့ပါ။ ပစ်ခတ်ပွဲတွေ စတာပါပဲဗျာ။ ပထမက Ernesto တို့ အထူးတန်းနဲ့ ကပ်လျက် ရိုးရိုးတန်းက ပရိသတ်တွေက အိုမန် အရန် အသင်းက သွေးပူလေ့ကျင့်ခန်းဆင်းနေတဲ့ကောင် တွေကို ရေသန့် ပုလင်းနဲ့ စပေါက်တာပဲ( သူတို့ ပင်နယ်တီကန်ခါနီးမှာပေါ့ ) ပေါက်လည်းပေါက်ချင်စရာဗျာ။ မြန်မာဂိုးစည်းနားကပ် နေကြတော့ စည်းကြပ်ဒိုင်က ဝေးဝေးသွားခိုင်းတယ်..။သူတို့က ရစ်သီ ရစ်သီ လုပ်နေကြတော့ နီးနီးကပ်ကပ် မြင်နေရတဲ့ ပရိတ်သတ် ဘယ်ခံ နိုင်မလဲဗျာ။ ပြုပြင်သင့်တဲ့ မြန်မာ့စိတ်ဓာတ်တစ်ခုပေါ့။ ရေသန့်ဘူးနဲ့ ထုတော့တာပဲ အဲ့ကောင်တွေကို...။ပွဲက စတည်းက ယဉ်သကို ဆိုသလိုပါပဲဗျာ

အယ်ဟက်ဘ်စီနဲ့ သူ့အရန် ဂိုးသမားတို့ ပွဲမစခင် သွေးပူလေ့ကျင့်နေတုန်းတည်းက ရေသန့်ဘူးတွေ ၀င်နေတာ။ အဲ့ဒီ ဂိုးသမားကလည်း နည်းနည်း ရိုင်းတယ်ဗျ...။ပွဲက ပင်နယ်တီကနေ ဂိုးပေးရပြီးတည်းက ပိုပို ဆူလာတယ်..။နောက် သည်းမခံနိုင်တဲ့ စိတ်ဓာတ်တွေ မရင့်ကျက်သေးတဲ့ စိတ်ဓာတ်တွေကြောင့် ပွဲက ပျော်စရာ မောစရာ ဆိုတဲ့ အတိုင်း အစက ပျော်ပျော် ရွှင် ရွှင် ကြည့်နေရာက မောလာရပြီ။ အိုမန်ကစားသမားတွေ ဘောလုံးတောင် သွားမကောက်ရဲတော့ဘူး..။

မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဦးဇော်ဇော်ဆိုတဲ့ လူကြီး ကွင်းထဲ ၀င်လာတယ် .....သူဝင်လာပြီးမကြာပါဘူး.. ရဲတပ်ရင်း ၂ ရင်းစာလောက် ကွင်းထဲဝင်လာကြတယ်... ပွဲက ပိုဆူလာတယ် ဘောလုံးသမားတွေ မဟုတ်ဘူး ပရိသတ်တွေ... ကွင်းလုံခြုံရေးဆိုတဲ့ ရဲတွေဟာ နိုင်ငံရပ်ခြားမှာလည်းရှိပါတယ်... ဒါပေမယ့် သေနတ်ကိုင်တာတော့ မတွေ့ဖူးဘူး... မြန်မာပြည်သုဝဏ္ဏ ကွင်း မှာတေ့ ရှိတယ်ဗျာ...။အေးလေ အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့ အုပ်ချုပ်ဆဲ တိုင်းပြည်ပဲကိုး...။ မလုပ်ပါနဲ့ဗျ မြန်မာတွေဟာ ယဉ်ကျေးပါတယ် ဒါပေမယ့် မေတ္တာ ဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန် ရှိတယ်လေ .. ။

ပြောပြလည်း ကျွဲပါးစောင်းတီး သလို နွားပလာတာ ကျွေးသလို နားလည်မှာ မဟုတ်ဘူးလို့ပြောရင်လည်း Ernesto လွန်ရာကျမယ်။ အဲ ဦးဇော်ဇော်ဆိုတဲ့ မြန်မာ့ဘောလုံးဥက္ကဌကြီး ကွင်းထဲ ၀င်ပြီးလိုက်တောင်းပန်တယ်...။ ပိုဆိုးလာပါရောဗျာ...။ သူ့ပါ ပစ်တော့တာ..။ အဲ့မှာ Ernesto အတွေးတစ်ခုဝင်လာတယ်... ဥက္ကဌရာထူးဘယ်သူက ပေးတာလဲတော့မသိဘူး လက်ရှိနိုင်ငံ့ခေါင်းဆောင် တွေမရနိုင်တဲ့ ပြည်သူ( ပရိသတ်) ဆီကလေးစားမှု ရ နိုင်လောက်အောင် သူဘာတွေ လုပ်ထားလို့ လိုက်တောင်းပန်ပြီး ငြိမ်ဖို့ ပြောရဲရတာလဲ ရှင်းပါတယ်... သူ အာရှ ဘောလုံးလောကမှာ မျက်နှာပျက်မှာစိုးတာ ထိပ်ဆုံးက နေမှာမလို့ပါ...။ ဒီလိုလုပ်လိုက်တော့ မြန်မာတွေရဲ့ အဆင့်အတန်းကို ဟိုး အ၀ီစိရဲ့အောက် သူကိုယ်တိုင်ပို့လိုက်တာပါပဲ။ နဂိုရ်ကမှ ရေသန့်ပုလင်း ကွင်းထဲရောက်လို့ကျနေရတဲ့ အဆင့်အတန်းကို ... သူ့ အဆင့်နဲ့ မရ နိုင်တဲ့ respect ကို အတင်းကာရော ဟန်ဆောင်ပြီး ကွင်းပတ် လိုက်တောင်းပန်နေတော့ကော ရနိုင်ပါ့မလား...။( Ernesto ရဲ့ အမြင်သီးသန့်ပါ)

သူလည်း တောင်းပန်လို့အပြီး နားနေတဲ့နေရာကိုပြန်သွားရော... အိုမန်အသင်းရဲ့ နည်းပြအဖွဲ့ထိုင်နေတဲ့နားက ခွမ်းခနဲ အသံကြားလိုက်ရလို့ လှည့်အကြည့် အိုမန်တွေ ကွင်းလယ်စည်းထဲ ပြေးဝင်သွားတာမှ လုံးခနဲပဲ။ သူတို့ဂိုးနည်းပြက ခေါင်းကိုလက်နဲ့ အုပ်လဲကျလို့ပေါ့..။

သွားပြီ..... Ernesto စိတ်ထဲတွေးလိုက်ပါပြီ။ ပိုးစိုးပက်စက်ကို ရှုံးပြီ။ ရလာဒ် ကြောင့်ရှုံးတာက လက်ခံနိုင်လောက်ပါတယ်။ဂုဏ်သိက္ခာ ရှိပါတယ်။ ခုဟာက စိတ်ဓာတ် sport spirit ရှုံးပြီ။ သူတစ်ပါးရဲ့ ယုံကြည်မှုတွေ ဆုံးရှုံးပြီ။ နောက်တော့ ဦးဇော်ဇော်က ပွဲဖျက်လိုက်ကြောင်းကြေညာတယ် ။

ဒီလိုနဲ့ ပြန်လာတော့ ဘလော့ ၂ ခုလောက်ထိ ရဲက လမ်းပိတ်ထားတယ်။ တစ်ခြားလမ်းက သွားပါတဲ့။ ရဲတပ်ရင်းအပြင်မှာ တပ်ရင်း ၃ ခုလောက်ရှိလောက်တယ် ။ အကုန် လက်နက်ကိုင်တွေ ????? ဘာလို့လဲ Ernesto စဉ်းစားမရဘူး ။ဒီလိုနဲ့ အိမ်ပြန်ရောက်လို့ အားကစားဆိုဒ်တစ်ခုကို လှန်လှောအကြည့် comment တစ်ခုက ဒီလိုရေးထားတာကိုတွေ့လိုက်ရတယ် "ဦးဇော်ဇော်နဲ့ ပြိုင်ဘက်ကစားသမားအားဖိနပ် ထီး ရေသန့်ဘူးတို့နှင့် ပစ်ပေါက်သူအား ရှုံ့ချကြောင်း (ပစ်တဲ့လူကိုလည်းကိုယ်ချင်းစာပါတယ် ဒါပေမယ့် ပွဲဖျက်တဲ့အထိတော့မဖြစ်သင့်ပါဘူး) ဦးဇော်ဇော်ရေ ဟတ်ပြီလား ကိုယ့်အတတ်ကိုဆူးတာ ရိုးရိုးတန်းကို အလာကားပေးဝင် ရိုးရိုးတန်းက အောက်တန်းစားတွေက အရင်ပစ်ပေါက်ကြတာ".....

" စိတ်ဓါတ်အောက်ဆုံးထိထိုးကျနေတဲ့ အပေါစားပရိတ်သတ်တချို့ကြောင့် ပွဲပျက်ပါတယ်... ဥက္ကဌက လိုက်တောင်းပန်နေတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ ဘောလုံးဥက္ကဌဆိုတဲ့ ဂုဏ်ပုဒ်ကို လေးစားပြီး ရေဘူးတွေ၊ပုလင်းတွေနဲ့ မပစ်တင့်ဘူး... ဒီပွဲလာကန်တဲ့အိုမန်..နောက်လာကြည့်တဲ့ တခြားနိုင်ငံက တာဝန်ရှိသူတွေ မြန်မာတွေကို စည်းမရှိ ကမ်းမရှိလို့ စည်းကမ်းမဲ့လူနည်းစုကြောင့် အထင်သေးခံရပါလိမ့်မယ်.. နဂိုက ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရတဲ့ကြားထဲ တချို့ ပရိတ်သတ်တွေရဲ့ အဆင့်မရှိတဲ့ စိတ်ဓါတ်တွေကြောင့် မြန်မာ့ အဆင့်အတန်းကျတယ်ဗျာ..... " အစ ရှိသည်ဖြင့်ပေါ့ဗျာ..့ ပြါဗျာ ကျွန်တော်တို့ မြန်မာတွေ ဘာဆက်လုပ်သင့်သလဲ... ဂျပန်စကားပုံတစ်ခု ရှိတယ်ဗျ....

" အပြစ်မရှာပါနဲ့ အဖြေကိုရှာပါ လူတိုင်း အပြစ်ရှာတတ်ပါသည် " တဲ့ အဖြေရှာရအောင်ဗျာ....

Ernesto ထင်တာက စိတ်ဓါတ်တွေက အစ ပြင်ရမယ် ... ဒါပေမယ့် ဒီလိုမျိုးရိုးရိုး ပြင်လို့မရဘူး... ပြည်သူတွေ လှိုက်လှိုက်လှဲလှဲ မြတ်နိုးပြီး နှစ်နှစ်ကာကာ ချစ်ခင်လေးစားတဲ့ နာယက ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ပြုပြင်ကြရပါမယ် ။ဒီလိုဆိုရင် အခုလို အဖြစ်မျိုး နောက်ထပ် မဖြစ်လာနိုင်တော့ပါဘူး။ ဖြစ်လာပါဆိုရင်တောင်မှ ဖြစ်လာမှာ မဟုတ်တော့ပါဘူး...။ သုဝဏ္ဏ ကွင်း က ဘောလုံးပွဲ တစ်ပွဲကနေ Ernesto ရဲ့ ကိုယ်ပိုင် သီးသန့် အမြင် ချဲ့ထွင်မှုပါ....
Photo ..Reuters
Ernesto facebookမှ


တစ်ခန်းရပ်ပြဇာတ်

Posted: 28 Jul 2011 09:07 AM PDT


တစ်ခန်းရပ်ပြဇာတ်

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၄/၂၀၁၁ လူမှုရေးမျိုးဆက်သစ်သင်တန်းဆင်းပွဲအား ၂၈.၇. ၂၀၁၁ (ကြာသပတေး)နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းဆင်းပွဲ၌ မိမိတို့ ပြီးခဲ့သော (၅) ပါတ် ခန့်တွင် စာတွေ့သင်ကြားခဲ့သော အတွေ့အကြုံများအား ယခု သင်တန်းဆင်းသည့်နေ့တွင် အတွေ့ အကြုံရှိပြီးသော သင်တန်းသား/သူဟောင်းများတို့မှ တစ်ခန်းရပ် ပြဇာတ်တိုလေးများဖြင့် လူမှုရေး (နာရေး) လုပ်ဆောင်ရာတွင် တွေ့ကြုံရမည်ဖြစ်သော အယူသီးသော နာရေးရှင်များ၊ အရက်သေစာ မူးယစ်သောက်စားထားသော နာရေးရှင်များ၊ စိတ်ဝေဒနာ ခံစားနေရသော နာရေးရှင်များနှင့် မူုခင်း ဆိုင်ရာများတွင် တွေ့ကြုံရမည့် သင်ခန်းစာများကို သဘာရင့် ၀ါရင့်သရုပ်ဆောင်ကြီးများကဲ့သို့ သရုပ်ဆောင်ပြသခဲ့သည်။ သင်တန်းသား/သူ အသစ်များအနေဖြင့် ယခုကဲ့သို့ လက်တွေ့ရင်ဆိုင်ရမည့် အခက်အခဲများကို ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြု၍ မည်သို့မည်ပုံ ဖြေရှင်းရမည် ဟူသော သင်ခန်းစာများကို ရရှိသွားခဲ့သည်။

တစ်ခန်းရပ်ပြဇာတ် သင်တန်းအစီအစဉ်ပြီးဆုံးသွားချိန်တွင် ၄/၂၀၁၁ လူမှုရေးမျိုးဆက်သစ် သင်တန်းဆင်းများ စုပေါင်းလှူဒါန်းငွေအား လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ ၀န်ထမ်းများ အသင်းသူ/သားများ၊ ဆေးဝါးကုသရန် လာရောက်ကြသော လူနာများ၊ လူနာရှင်များအား နံနက်စာ ထမင်း+ဟင်း၊ တို့စရာအစုံအလင်ဖြင့် လာရောက်ကုသိုလ်ဖြစ် ကျွေးမွေးလှူဒါန်းသော အလှူရှင် ဒေါ်နှင်းနှင်းအောင်၊ ဒေါ်သင်းသင်းရွှေတို့၏ အာဟာရကုသိုလ်ဖြစ် ထမင်းဟင်းအား မြိန်ရည် ရှက်ရည် သုံးဆောင်ပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူတစ်ဦးဖြစ်သော မသန်းသန်းဋ္ဌေး၏ ဖခင်ဖြစ်သူ ဦးချစ်ထွန်း (ထားဝယ်)၊ စွန်းလွန်းယောဂီ၊ အသက် (၉၁) နှစ်၏ ဈာပနကိစ္စရပ်အား နေ့လည် (၂း၀၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်း နေအိမ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အတူ ယနေ့ သင်တန်းဆင်း အသင်းသား/သူများ၊ အလုပ်အမှုဆောင်များတို့ဖြင့် စည်းလုံးညီညွတ်စွာ သွားရောက်ပြီး ရေဝေး သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လူမှုရေးစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကုသိုလ်ယူလိုသော သင်တန်းတက်ရောက်နေသည့် အသင်းသား/သူတို့သည် မြတ်ဗုဒ္ဓဟောကြားထားသော ဗြဟ္မစိုရ် တရားလေးပါးအား လက်ကိုင်ပြု၍ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ဆေးကုသရေး၊ ပညာရေး စသည့်နိုင်ငံတော်တွင် လိုအပ်နေသော ကွက်လပ်များအား တဖက်တလမ်းမှ ဖြည့်ဆည်း နေသူများဖြစ်သည်။ ထိုကဲ့သို့ တဖက်တလမ်းမှ ကူညီဖေးမ ပေးဆပ်မှုတို့သည် တော်ရုံတန်ရုံ ဇွဲ၊ လုံ့လ၊ ၀ီရိယတို့နှင့် မပြီးချေ။ မိမိတို့၏ အချိန်၊ မိမိတို့၏ စီးပွားရေး၊ မိမိတို့၏ မိသားစုအရေး စသည်တို့ ကိုပါ စွန့်လွှတ်ပေးဆပ်ရသည်များလည်း ရှိသည်။ ထိုသို့ စွန့်လွှတ်ပေးဆပ်မှုများကို ဘာသာ သာသနာ အတွက်၎င်း၊ နိုင်ငံ့အရေး၊ ပြည်သူ့အရေးတို့ကို စွန့်လွှတ်ပေးဆပ်နေကြသော အများစုမှ မလုပ်လိုကြ သော အနိမ့်ကျဆုံးကုသိုလ်အလုပ်ကို လုပ်ကိုင်နေကြသော၊ လုပ်ကိုင်ရန် ပြင်ဆင်နေကြသော တိုင်းပြည်၊ နိုင်ငံ၊ မိသားစုတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနေကြသော လူမှုရေးသူရဲကောင်းများ အဖြစ်၎င်း၊ မိမိတို့၏ မိသားစုဝင်များ၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းရှင်များ၊ မိဘပြည်သူများကပါ အသိအမှတ်ပြု အားပေးကြမည်ဆိုလျှင် သာယာလှပပြီး ငြိမ်းချမ်းမှုရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာ လိမ့်မည်ဟု ထင်မြင်မိပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားများထံသို့အိပ်ဖွင့်ပေးစာ...

Posted: 28 Jul 2011 08:55 AM PDT

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ။

အမျိုးသားခေါင်းဆောင်ကြီးနှင့်လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများမှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနုးအညွတ်တိုက်တွန်းပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန်လမ်းကြောင်းမရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဦးအုန်းကြိုင်
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
aungsansuukyi openletter


ရင်ထဲကရှစ်ဆယ့်ရှစ်-အပိုင်း ၂ - (မောင်မောင်ဝမ်း )

Posted: 28 Jul 2011 08:48 AM PDT


တကယ်တော့ဗိုလ်ချုပ်ကြီးနေ၀င်း(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌကြီးဦးနေ၀င်း)၁၉၆၂ခုနှစ်မှာအာဏာသိမ်းလိုက်ခြင်းဟာ…ဒီမိုကရေစီကိုသင်းကွပ်ပစ်လိုက်တာပဲဖြစ်ပါတယ်….သူအာဏာရချိန်ကစလို့ ပါတီစုံဒီမိုကရေစီဆိုတာလည်းဆိပ်သုဉ်းသွားရရှာတယ်…၁၉၇၄မှာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုအတည်ပြုပြီး….တိုင်းပြည်ကိုတပါတီအာဏာရှင်စနစ်နဲ့သွားတယ်….စီးပွားရေးပုံစံမှာလည်းဆိုရှယ်လစ်စီးပွားရေးဆို… .ပြည်သူပိုင်အခန်းကဏ္ဍကိုမှေးမှိန်အောင်လုပ်…တံခါးပိတ်စီးပွားရေးမူဝါဒကိုချမှတ်ပြီး…နိုင်ငံတကာရဲ့လာ ရောက်ရင်းနှီးမြုတ်နှံမူ့တွေကိုလက်မခံဘူး…အဲဒီတော့ဘာဖြစ်လာသည်းဆိုတော့…မှောင်ခိုစီးပွားရေးစနစ်ဟာ…မဆလအစိုးရခေတ်မှာအရမ်းကြီးထွားခဲ့တယ်….ကျနော်တို့တိုင်းပြည်ကနည်းပညာအားနည်းတော့…ဘာများဖြစ်ဖြစ်မြောက်မြောက်တီထွင်နိုင်မှာလည်း….ပြည်တွင်းမှာထုတ်လုပ်တဲ့ခပ်ညံ့ညံ့ပစ္စည်းတွေကိုပဲသုံးစွဲရတော့တယ်..….ကျနော်တို့ကျောင်းသားဘ၀က..တက္ကသိုလ်အဆောင်တွေမှာပေးထားတဲ့..ဆင်တဲထုတ်ရုပ်မြင်သံကြားတွေဆို…ဒီနေ့လူငယ်တွေတွေ့လိုက်ရင်ရီကြမှာအမှန်ပဲ….ထင်းရူးသေတ္တာပုံးကြီးလိုဟာမျိုး….

နောက်တခါအံ့အားသင့်စရာမဆလအစိုးရရဲ့လုပ်ရပ်တခုရှိသေးတယ်ဗျ….ပိုက်ဆံချမ်းသာလို့အဖမ်းခံရတယ်ဆိုရင်…ယုံမလားမသိဘူး..အဲဒါတကယ်ပါ…ပိုက်ဆံချမ်းသာတဲ့သူတွေကို"ဆူဇကာစစ်ဆင်ရေး"ဆိုထောင်ထဲထဲ့ထားတယ်….သဘောကတော့…ဂုတ်သွေးစုတ်အရင်းရှင်တွေပေါ့…ဒီလုပ်တွေလုပ်လာနေမှာတော့…ဒီတိုင်းပြည်မှမမွဲ..ဘယ်သူမွဲတော့မှာလည်း….ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားတယ်….ဒီလိုနဲ့…၁၉၆၂စစ်အာဏာသိမ်းစဉ်ကပါဝင်ပြီး တော်လှန်ရေးကောင်စီလို့ခေါ်တဲ့ စစ်ကောင်စီမှာအကြီးအကဲ တယောက်အဖြစ် ပါဝင်ခဲ့တဲ့…ဦးအောင်ကြီးဗိုလ်မူးချုပ်ဟောင်းအောင်ကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ..ခနလေး ဥက္ကဌဖြစ်ခဲ့ဘူးသူ)သူက..ဦးနေ၀င်းဆီပေးပို့ထားတဲ့..စာမျက်နှာလေးဆယ်ကျော်ပါစာတမ်းတခုကလူထုကြားထွက်ပေါ်လာတယ်လေ…..ဦးအောင်ကြီးဟာဦးနေ၀င်းရဲ့ အမျက်တော်ရှမူ့ကြောင့် အာဏာရုတ်သိမ်းခံရသူ တယောက်ပေါ့…..မဆလကနေအထုတ်ခံလိုက်ရပြီး..ရန်ကုန်မြို့စမ်းချောင်းအရပ်ဒေသမှာလဘက်ရည်ဆိုင်ကြီးဖွင့်ထားပြီး…နိုင်ငံကျော်"အောင်ကြီးကိတ်"ဆိုတာသူ့စီးပွားရေးလုပ်ငန်းတွေပါ….သူ့စာတမ်းက..လူထုကြားမှာတော်တော်လေးပြန့်ပြန့်နှံ့နှံ့ရောက်သွားခဲ့တယ်…ဗိုလ်ချုပ်ကြီးခင်ဗျားဆို…အစချီထားပြီး…ဖြစ်ပေါ်နေတဲ့…လူမူ့၊စီးပွား၊နိုင်ငံရေးအကြပ်အတည်းတွေကိုတင်ပြထားတယ်….ဒါပေမဲ့သူ့စာထဲမှာဦးနေ၀င်းကိုတော့အပြစ်ဖို့မထားဘူး…ဒါတွေဦးနေ၀င်းမသိပါဘူးေးပါ့(သဘောကတော့…သူမသိလို့..ဒီလိုတွေဖြစ်နေရတာပါပေါ့)…နောက်တခါ၁၉၆၂အာဏာသိမ်းစဉ်က ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးဖောက်ခွဲပြီး..ကျောင်းသားအများအပြားသေဆုံးခဲ့ကြရတဲ့ဖြစ်စဉ်မှာ..သူရော..ဦးနေ၀င်းရောနှစ်ယောက်လုံး..အပြစ်ကင်းမဲ့လေဟန်တွေပါ ပါဝင်တယ် (၁၉၆၂အာဏာသိမ်းတော့စစ်အာဏာရှင်များဟာ…ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာရှိတဲ့…ကျောင်းသားသမဂ္ဂအဆောက်အဦကိုဗုံးဖောက်ခွဲပြီး ပစ်ခပ်နှိမ်နင်းတဲ့အတွက် ကျောင်းသားပေါင်းများစွာ သေကျေခဲ့ရပါတယ်…. များစွာ..ထောင်သွင်းအကျဉ်းချခြင်းခဲ့ရပါတယ်…အဲဒါကိုတော့…ဆဲဗင်းဂျူလိုင်ကျောင်းသားလှုတ်ရှားမူ့လို့သမိုင်းတွင်စေခဲ့ပါတယ်…အဲဒီအချိန်ကစလို့ ကျောင်းသားသမဂ္ဂကို တရားဝင်ရပ်တည်ခွင့်မပေးတော့တာအခုထိပါပဲ)

ဘာပဲဖြစ်ဖြစ်…ဦးအောင်ကြီးရဲ့စာတမ်းကတော့…မျက်မှောက်အခြေနေနဲ့အနီးစပ်ဆုံးအံဝင်ဂွင်ကျဖြစ်သွားတဲ့အတွက်…လူထုကြားမှာ..တော်တော်..ဂယက်ထသွားပြီ…ဘယ်လောက်ထိဂယက်ရိုက်သလည်းဆို တော့ပါတီညီလာခံမှာ…ဦးနေ၀င်းကိုယ်တိုင်ကျောင်းသားသမဂ္ဂကိစ္စ္ဂကိုဖြေရှင်းချက်ပေးရတော့တယ်…သူ့ဖြေရှင်းက…ဦးအောင်ကြီးကိုပဲ…ပြန်ပြီးလက်ညှိုးထိုးတရားခံအဖြစ်အပြစ်ဖို့သရောင်ရောင်ပြောဆိုချက်တွေနဲ့ပြောဆို ထားတယ်လေ….အဲဒီပါတီညီလာခံမှာပဲ…ဦးနေ၀င်းကနိုင်ငံရေးအစတခုကိုဟပေးလိုက်တယ်…တိုင်းပြည်ကို…တပါတီစနစ်နဲ့ပဲသွားမလား…ပါတီစုံစနစ်နဲ့ပဲသွားမှာလားဆိုတာ…အဆုံးအဖြတ်ပေးဘို့…ညီလာခံကိုတင်ပြခဲ့ တယ်…..အဆိုးဆုံးက…လူထုကိုစိမ်ခေါ်တဲ့စကားပြောဆိုသွားခြင်းပါ…ကျနော်တို့…တခုတည်းသောမြန့်မာ့ရုပ်မြင်သံကြားကတဆင့်ပါတီညီလာခံကျင်းပတာကိုကြည့်လိုက်ရတယ်…ကျနော်မှတ်မိသေးတယ်….ဦးနေ၀င်းဟာ..မိန့်ခွန်းပြောဆိုနေရင်းက..ဒေါသတွေထွက်လာတယ်….

(ကြည့်ရတော်တော်ကိုရုပ်ဆိုးတာပါ)…ဘာပြောသလည်းဆိုတော့….."ဒီတခါတိုင်းပြည်မှာ..ဆူဆူပူပူလုပ်တဲ့သူတွေကိုသတိပေးချင်တယ်……စစ်တပ်ဆိုတာမိုးပေါ်ထောင်မဖောက်ဘူး…ပစ်ရင်မှန်အောင်ပစ်တယ်…နောက်တခါဆူဆူပူပူလုပ်လို့ကတော့…မလွယ်ဘူးသာပြင်"ဆိုတော့တိုင်းပြည်ကလူထုကပိုချဉ်သွားကြတော့တယ်….စဉ်းစားကြည့်ပါ…တိုင်းပြည်ခေါင်းဆောင်လုပ်တဲ့သူ ပြောအပ်သောစကားလားဆိုတာ…. .ဒါဟာ.. ခေတ်အဆက်ဆက်ကျန်ရစ်နေတဲ့..ဦးနေ၀င်းရဲ့သမိုင်းဝင်မိန့်ခွန်းပါ….လူထုကဘာဖြစ်လာသလည်းဆိုတော့….ကြောက်လန့်မလာပဲ….ဒေါသတွေပိုထွက်လာကြတယ်…….နဂိုကမှအထွေထွေအကြပ်အတည်းတွေငွေစက္ကူတွေကိုတရားမ၀င်သတ်မှတ်လိုက်တဲ့ကိစ္စတွေကြောင့်..မကျေနပ်မူ့အဆိုင်အခဲက..ဦးနေ၀င်းမိန့်ခွန်းကြောင့်…ပိုဆိုးလာကြတယ်……

ကျနော်ဇာတိမြေကိုပြန်ရောက်တော့…ထူးခြားချက်တခုက…သက်ဆိုင်ရာနယ်မြေများမှာပါတီဝင်များကနေ…ကျောင်းသားများကိုအနီးကပ်စောင့်ကြည့်ဘို့ကိုညွှန်ကြားထားတယ်လေ….ကျနော်ရေနံချောင်းပြန်ရောက်တော့…အိမ်ကခြံဝန်းအတွင်းမှာ စစ်ပြန်စစ်မူ့ထမ်းဟောင်း အမိန့်ရလိုင်စင်ထန်းရည်ဆိုင် ဌားတယ်… အဲဒီမှာတာဝန်ခံလုပ်နေတဲ့…ဦးအံ့မောင်ဆိုတာသူကရပ်ကွက်ပါတီစိတ်မှုး…သူ့ကိုမြို့နယ်ပါတီယူနစ်က…တာဝန်ပေးထားတာ..ကျနော့်ကိုအနီးကပ်စောင့်ကြည့်ဖို့ပေါ့…ကျနော်ကလည်း…ဟန်မပျက်နေရတယ်…သူကလည်းအရိပ်တကြည့်ကြည့်…ကျနော်အိမ်ကိုဝင်ထွက်သွားလာတတ်တဲ့သူငယ်ချင်းတွေကိုအမြဲလေ့လာတယ်ပြီးရင်မှတ်တမ်းတင်တယ်…သတင်းပို့တယ်…..ဦးအောင်ကြီးစာတမ်းတွေကိုဖြန့်တော့….သူငယ်ချင်းတယောက်ကစာရွက်တွေကိုကော်ပီကူးလို့ရအောင်…လက်နဲ့လုပ်ထားတဲ့ပစ္စည်းလေးသူကဖန်တီးလာတယ်…လုပ်ရမဲ့နေရကလည်းမရှိတော့…..ကျနော့်အိမ်မှာပဲကူးကြတယ်….ကျနော်ကတခုကြံရတော့တယ်…အခန်းထဲမှာဆိုရိပ်မိနိုင်တယ်… ဒါ့ကြောင့်အခန်းထဲမှာမကူးပဲ..အပြင်မှာပဲပေါ်တင်လုပ်တယ်….ဘယ်လိုလုပ်သလည်းဆိုတော့….ကူးပြီးသားစာရွက်တွေကိုဖွက်ထား…တရွက်ထွက်လာ..တရွက်ဖွက်ပေါ့….ဘေးနားမှာ…ဆယ်တန်းသချာင်္သင်ကြားချက် စာရွက်တွေကိုအသင့်ပုံထားတယ်…..ထင်တဲ့အတိုင်း….သူကလာကြည့်တယ်….ဘာတွေလုပ်နေကြတာလည်းပေါ့….ဒါနဲ့ကျနော်က…"ကျောင်းအားရက်သုံးဘို့ပိုက်ဆံမရှိတာနဲ့…ကျူရှင်ကစာရွက်တွေကိုကူးရင်း..ပိုက်ဆံရှာ နေတာပါ "လို့ဆိုတော့…သူကတရွက်ယူကြည့်ပြီး…အဖြေကိုကျေနပ်သွားပုံရတယ်…

" ကောင်းပါတယ်…မုန့်ဘိုးရှာကြပေါ့…ပေါက်တတ်ကရတွေမလုပ်ပြီးတာပါပဲ "

ကျနော်က မကျေနပ်တဲ့ပုံနဲ့…." ပေါက်တတ်ကရတွေဆိုတာ…ဘာကိုဆိုလိုတာလည်းဗျ "

"ဆူဆူပူပူမလုပ်ရင်ပြီးတာပါပဲကွာ…ငါ့ကိုပါတီက..ခိုင်းထားလို့ကွ…..ငါလည်းမင်းကိုစောင့်ကြည့်ရတာ..တဒုက္ခ…." သူကရိုးတယ်…သူ့ရင်ထဲကပွင့်ပွင့်လင်းလင်းထွက်ကျလာတယ်…ကျနော်သနားသွားမိတယ်……

ကျနော်တို့ဖြန့်လိုက်တဲ့ဦးအောင်ကြီး.စာတမ်းတွေကလည်း…လက်သိပ်ထိုးတော်တော်ပြန့်သွားတယ်….အဲဒီကာလတွေကရေဒီယိုအသံလွင့်ဌာနဆိုတာ..သုံးခုလားပဲရှိတယ်..ဘီဘီစီရယ်၊ဗွီအိုအေ၊အောအိန္ဒိယ …တသက်လုံးကရေဒီယိုနားမထောင်ဘူးတဲ့ကျနော်တို့တတွေ…အခုမပြတ်တမ်းနားထောင်နေရတယ်လေ…လူတွေတော်တော်များများလည်း..နားထောင်ကြတယ်….တိုင်းကျော်…လဘက်ရည်ဆိုင်မှာရေဒီယိုအသံလွင့် ချိန်ဆိုဆိုင်ရှင်ကဖွင့်ပေးထားတော့…လဘက်ရည်လာသောက်သူရောပြင်ပကသူတွေရောနေ့စဉ်လာနား ထောင်ကြတာအများသားလား….အဲဒီမှာ….သတင်းထောက်ခရစ္စတိုဖာဂါးနက်ဆိုသူကကျောင်းသားခေါင်း ဆောင်..ကိုဌေးကြွယ်၊ကိုဌေးအောင်၊ကိုတင်မောင်မောင်ထွေး၊ကိုကိုလတ်တို့နဲ့တွေ့ပြီး….အဖမ်းခံလိုက်ရတဲ့ ကျောင်းသူတွေထဲက…တစ်ယောက်ပေါ့..သူ့နဲ့အင်တာဗျူးခန်းကလူထုစိတ်ကိုနှိုးဆွစေခဲ့တာ..သူကအဖမ်းခံရ စဉ်မှာ..လုံခြုံရေးတပ်သားတွေရဲ့မုဒိန်းကျင့်ပုံတွေကိုပြောပြတယ်…ကြားရတဲ့လူထုရင်ထဲ..မခံစားပဲမနေနိုင်ကြ တော့ဘူး….မျက်ရည်ကျ..ကြတယ်….

ကျနော်တို့ကလည်း…လူထုအရေးတော်ပုံကြီးပေါ်ပေါက်ရေးအတွက်…တမြို့နယ်နဲ့တမြို့နယ်..လျှို့ဝှက်ဆက်သွယ်ကြ…အသင့်ပြင်ကြပေါ့….ဒီကြားထဲမှာ…လူထုရဲ့အစိုးရပေါ်မကျေနပ်မူ့ကြီးကို…အာရုံပြောင်းစေချင် တော့….မဆလအစိုးရကဘာလုပ်သလည်းဆိုတော့….လူမျိုးရေးအဓိကရုန်းကိုဖန်တီးပေးလိုက်တယ်…ဒါက လည်းဦးနေ၀င်းအာဏာသိမ်းပြီးကထဲက…တိုင်းပြည်မှာ..အစိုးရကို..လူထုကမကျေနပ်မူ့ကြီးလာပြီဆို…အာရုံ ပြောင်းအောင်လုပ်နေကြ…ဒါမှအစိုးရကိုဆန့်ကျင်တဲ့..ဆန္ဒပြပွဲတွေမပေါ်ပေါက်တော့မှာကိုး…..တောင်ကြီး ၊အောင်လံ၊ပြည်၊ပဲခူးဘက်တွေမှာကုလားဗမာအဓိကရုန်းတွေဖြစ်တယ်…မွတ်စလင်တော်တော်များများခံလိုက်ရတယ်…သေဆုံးမူ့တချို့ရှိခဲ့တယ်…….ဒီအချိန်မှာတနိုင်ငံလုံးကိုရိုက်ခပ်စေမဲ့တပ်လှန့်သံက..အသံလွှင့်သတင်း ဌာနတွေကထွက်လာပြီ….၁၉၈၈သြဂုတ်လ၈ရက်နေ့မှာ..တနိုင်ငံလုံးမဆလလို့ခေါ်တဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရကိုတပြိုင်နက်ထဲတော်လှန်ကြမယ်…လူထုတော်လှန်ရေးကြီးဆင်နွှဲကြမယ်………အဲဒီနေ့ကလည်း…သိပ်ထူးခြားတဲ့နေ့ ရှစ်လေးလုံးပေါင်းဆုံထားတဲ့နေ့…၈.၈.၁၉၈၈………..

သတင်းတွေကပြန့်နေပြီ….အရပ်ထဲ..ရွာထဲ..ဈေးထဲ..ကျောင်းထဲ….ကျောင်းသားတွေ…ဆန္ဒပြကြတော့မယ်တဲ့…ဒါပေမဲ့….မဆလအစိုးရက..သိပ်ထိပ်လန့်ပုံတော့မပြဘူး…အရင်အခါတွေတုန်းကလို…နှိမ်နင်းပြလိုက်ရင် ပြတ်သွားမယ်ပဲထင်နေဆဲ….တနိုင်ငံလုံးမှာ..သူတို့ပါတီတွေ…လုံခြုံရေးတွေကိုနည်းနည်းပါးပါးတပ်လှန့်ထားယုံကလွဲလို့အရမ်းကာရောကြီးတင်းကြပ်မထားဘူး…မြို့နယ်အသီးသီးက…အထက်တန်းကျောင်းတွေမှာတော့ ဆရာတွေကိုယ်တိုင်ကင်းစောင့်နေရတယ်….ကျနော်တို့အားလုံးစီစဉ်ရတော့တယ်…..အဲဒီမှာပြသနာကဘာလည်းဆိုတော့..ကျနော်တို့ကကျောင်းသားတွေ…၀င်ငွေမရှိဘူး….ပိုက်ဆံဆိုတာမိဘတွေကပေးမှမုန့်ဘိုးအဖြစ်ရကြတာ…နယ်အသီးသီးကိုသွားဖို့..ဆက်သွယ်ဖို့…စာရွက်စာတမ်းတွေဖြန့်ဝေဖို့ငွေလိုတယ်…လူတကာဆီလိုက်အလူခံလို့ရတဲ့အမျိုးလည်းမဟုတ်ဘူး….ဒါနဲ့လျှို့ဝှက်အစည်းဝေးထိုင်ဘာလုပ်ခဲ့ရသလည်းဆိုတော့….ချဲရောင်းမယ်…များများစားစားမဟုတ်ဘူး…၁၀ဘိုးအကွက်လားမသိဘူး..ဒါနဲ့လူခွဲပြီးလိုက်ရောင်းတယ်….တယောက်က မေးတယ်…ပေါက်ရင်ဘယ်လိုလုပ်မလည်းဆိုတော့…ငါတို့က ၈ရက်နေ့မှာ လူထုအုံကြွမူ့စမှာ… ချဲက ၁၅ရက်နေ့မှထွက်မှာ…အဲဒီတော့..ဒါထဲ့တွက်ဘို့မလိုတော့ဘူး…ပေါက်တဲ့သူရှိရင်လည်းတောင်းပန်လိုက်မယ်ကွာဆိုပြီး…ကိုယ်မြင်တဲ့အမြင်သေးသေးလေးလေးနဲ့ဖြေရှင်းခဲ့ကြတယ်…ချဲရောင်းလို့ရတဲ့ငွေတွေနဲ့..နယ်အသီးသီးကိုသွားကြ…စာရွက်စာတမ်းတွေဝေကြပေါ့……

ဒီလိုနဲ့တဖြေးဖြေးသြဂုတ်လ၈ရက်နေ့နီးကပ်လာတယ်…….တနေ့…ကျနော့်သူငယ်ချင်းတယောက်ကအူယားဖားရားသတင်းလာပေးတယ်…..

"ဟေ့ကောင်…ငါသတင်းအတိကျရထားပြီ…..ပါတီယူနစ်အတွင်းသတင်းကပေါက်ထွက်လာတာ….ငါတို့ကျောင်းသားတွေကိုဒီရက်ပိုင်းအတွင်းအကျယ်ခေါ်ပြီးထိန်းသိမ်းထားလိမ့်မယ်…..အထူးသဖြင့်ရန်ကုန်မှာကျောင်းတက် နေတဲ့သူတွေဖြစ်ဘို့များတယ်….."ကျနော်လည်းခေါင်းတော်တော်စားသွားတယ်..ဘာလုပ်ရမှန်းမသိတော့ဘူး…အတွေ့အကြုံကလည်းမရှိ…အသက်အရွယ်ကလည်းငယ်ရွယ်တဲ့သူတွေဆိုတော့…ဆုံးဖြတ်ရခက်သွားတယ်..ဒါနဲ့ကျနော်တို့ချက်ခြင်းလူစုပြီး…အစည်းအဝေးထိုင်တယ်….အားလုံးကသဘာတူညီစွာနဲ့…ဆန္ဒပြပွဲကိုသြဂုတ်လ၈ရက်နေ့လုပ်မဲ့အစားရှေ့တိုးပြီး၆.ရက်နေ့မှာစတင်ဘို့ဆုံးဖြတ်ချက်ချလိုက်ကြတယ်…..ရက်ကအရမ်းနီးနေပြီ..လုပ်စရာရှိတာစီစဉ်စရာရှိတာတွေကိုအသေးစိတ်စီစဉ်ရတော့တယ်….နောက်တခါရေနံမြေကအလုပ်သမားတချို့နဲ့ကျနော်တို့ကျောင်းသားတွေချိတ်ဆက်မိတယ်…သူတို့ပါ..ပါဝင်လာတယ်..

လူထုဆန္ဒပြပွဲကိုစတင်ဘို့…မြို့လယ်နဲ့မနီးမဝေးမှာရှိတဲ့…အထက(၁)ကိုရွေးချယ်လိုက်တယ်..ဒီ ကျောင်းကသမိုင်းအစဉ်လာကြီးတဲ့ကျောင်း…ဗိုလ်ချုပ်အောင်ဆန်းကစလို့ အရှင်ဆန္ဒာဓိက၊ စာရေးဆရာမဂျူးတို့ပညာရည်နို့စို့ခဲ့ရာ ကျောင်းတော်ကြီး…. တယောက်ကကျောင်းရဲ့ မြေပုံကိုပြုစုတယ်… အဖွဲ့တွေအသီးသီးခွဲလိုက်ကြတယ်…..ပြန်စဉ်းစားကြည့်လိုက်တိုင်းကျေနပ်မိတာတခုကကျနော်တို့အားလုံးကထင်ရာမြင်ရာတွေနဲ့စုပေါင်းလုပ်လိုက်ကြတာ…နည်းနည်းတော့စနစ်ကျတယ်ပြောလို့ရပါတယ်…အဖွဲ့အသီးသီးခွဲပြီးဘယ်သူကဘယ်ကျောင်းဆောင်မှာတာဝန်ယူမယ်…ဘယ်သူနဲ့အဖွဲ့ကကျောင်းရှေ့တံခါးကိုပိတ်လုံခြုံရေးစောင့်ကြည့်တာဝန်…မြို့ထဲတလျှောက်ကနေကျောင်းအထိ..ကြားထဲမှာကျနော်တို့လူတွေတယောက်ပြီးတယောက်ချထားတယ်…အချိန်ကိုက်…တပ်လှန့်ထားတယ်….သတ်မှတ်တဲ့အချိန်ရောက်တာနဲ့မြို့ထဲမှာရှိနေတဲ့လူထုကိုကျောင်းသားတွေဆန္ဒပြပြီဆိုတာကိုဆော်သြဘို့ပေါ့…….

၁၉၈၈ သြဂုတ်လ (၆)- ရက်

ကျနော်….၅..ရက်နေ့တညလုံးနီးပါးလောက်မအိပ်ရဘူး…ကြွေးကြော်သံစာရွက်ငယ်လေးတွေကူးနေတာ…မနက်လင်းခါနီးလောက်ကြမှတမှေးလောက်ပဲမှေးလိုက်ရတယ်…မနက်..၈နာရီလောက်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ရင်း..ဆုံရပ်ရှိရာကိုထွက်လာခဲ့တယ်….လမ်းတလျှောက်ဖြတ်လာရင်းကြည့်လိုက်တော့ ရေနံမြေက အလုပ်သမားတချို့အနည်းငယ်အကွာဝေးဆီမှာမရောင်မလည်လုပ်ရင်းနေရာယူနေတာကိုတွေ့လိုက်ရတော့ တော်တော်အားတက်သွားမိတယ်…..

အထက(၁)ကျောင်းရှေ့မှာရှိတဲ့လဘက်ရည်ဆိုင်ကနေကျောင်းထဲကိုလှမ်းပြီးအဆက်မပြတ်အကဲခပ် ကြည့်လိုက်တော့..ကျောင်းဝန်းတံခါးအ၀င်ဝမှာဆရာတွေကကျောင်းသားတွေကိုစောင့်ကြည့်စစ်ဆေးတာတွေလုပ်နေတာကိုလှမ်းမြင်နေရတယ်….ရှေ့တံခါးပေါက်မကြီးက၀င်ရောက်ရမှာက သုံးဦး… ကျနော်ရယ်… သက်နိုင် (ဒသာနိကဗေဒ)ရယ် ကျော်ဆန်းဦး (မကွေးကောလိပ်) ……အားလုံးကရင်ခုံနေကြတယ်…. ဘာရယ်မဟုတ်ဘူး..ကျနော်ခါးကြားမှာဓါးမြှောင်တိုလေးတချောင်းဆောင်လာတယ်…ပထမကျောင်းတက်ခေါင်းလောင်းထိုးသံကြားလိုက်ရပြီ……ရင်ခုံသံတွေက..အရင်ကထက်ပိုကျယ်လောင်လာပြီ….သုံးရောက်လုံးလဘက်ရည်ဆိုင်ကနေ…ထထွက်လာပြီးအသင့်နေရာယူလိုက်တယ်…ဒုတိယခေါင်းလောင်းထိုးပြီးရင်ကျောင်းတံခါးကိုပိတ်လိုက်တော့မှာ လေ… အချိန်က နောက်ထပ်ငါးမိနစ်ပဲ ကျန်တော့တယ်…. ခပ်လှမ်းလှမ်းကိုလှမ်းကြည့်လိုက်တော့ စီးပွားရေးတက္ကသိုလ်ကျောင်းသားကျော်လင်းနဲ့ သူ့အဖွဲ့သားတွေက ..ကျောင်းဝန်းတံခါးတွေကိုပိတ်ပြီးထိန်းသိမ်းထားဘို့အသင့်…ကျနော့်ကိုသူကလက်မထောင်ပြတယ်( အားလုံးအိုကေပေါ့)…နောက် ကျောင်းနောက်ဖက်ကနေ ပတ်ဝင်ပြီးသွားမဲ့ကျော်စွာတို့အဖွဲ့က ခပ်သုတ်သုတ်ပြေးသွားပြီ…..သက်နိုင်ကကျနော်ကိုကပ်ပြီးတိုးတိုးလေး လှမ်းပြောတယ် …..

"ကိုဝမ်း…မတတ်နိုင်ဘူးဗျာ…ရှေ့ကစောင့်နေတဲ့ဆရာတွေက…ခင်ဗျားတို့ကျနော်တို့ဆရာတွေ…..သူတို့ဘယ်လိုတားတား ကျနော်တို့နားမရောင်နဲ့ တွန့်မသွားနဲ့ရှေ့ဆက်တိုးမယ်…."ဆိုတော့ ကျော်ဆန်းဦးက….

"ငါတို့ဆုံးဖြတ်ချက်ချပြီးသားပဲ….သေချင်သေပါစေ…နောက်မဆုတ်ဘူး….ဆက်လုပ်မယ်…"

တောင်ဘက်အရပ်ဆီကတိုက်ခပ်လာတဲ့တချက်သောလေအဝှေ့မှာ….ဖုန်မူန့်တွေဖွားကနဲလွင့်ထွက်လာတယ်…ရှေ့မှာမောင်းနှင်လာတဲ့…မြင်းလှည်းတစီးရဲ့မြင်းခွာရိုက်သံက..ဂီတစည်းချက်အလား…ကျနော်တို့ရဲ့ရင်ခုန်သံ များအလား…ပြီးတော့ပတ်ဝန်းကျင်ကြီးဟာ…ပုံမှန်ထက်များငြိမ်သက်နေရော့သလားစိတ်အစဉ်မှာခံစားနေရင်းက….ကျောင်းဝန်းအတွင်းက…ဒုတိယခေါင်းလောင်းသံကထိုးဖောက်ထွက်လာပြီ…….

……….ဂလိုင်….ဂလိုင်….ဂလိုင်….ဂလိုင်…..ဂလိုင်………..

အပိုင်း ( ၃ ) ဆက်ပါဦးမည်

အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Thursday 28 July 2011

ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာ

ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာ

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ။

အမျိုးသားခေါင်းဆောင်ကြီးနှင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများ မှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနူးအညွတ် တိုက်တွန်းပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန်လမ်းကြောင်း မရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဦးအုန်းကြိုင်
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


------------

လွတ်လပ်​ခွင့် ဒေါ်​အောင်ဆန်းစု​ကြည်ဟောပြော​ချက် (၁)

July 29, 2011


လွတ်လပ်​ခွင့် ဒေါ်​အောင်ဆန်းစု​ကြည်ဟောပြော​ချက် (၁)
ဘီဘီစီကတဆင့် အခုလို မိတ်ဆွေတို့ကို စကားပြောရတာ ကျွန်မအဖို့မှာ အင်မတန်မှ ထူးခြားတဲ့ အဓိပ္ပါယ် ဆောင်ပါတယ်။ အဓိပ္ပါယ်က ဘာလဲ ဆိုတော့ ကျွန်မဟာ တရားဝင် အားဖြင့် လွတ်လပ်မှု ရှိသော လူပုဂ္ဂိုလ် တယောက် တဖန် ပြန်လို့ ဖြစ်ပြီ ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။
ကျွန်မဟာ တရားဝင်အားဖြင့် လွတ်လပ်မှုမရှိသော လူတယောက် ဖြစ်နေခဲ့တုန်းက... ဆိုလိုတာက နေအိမ် အကျယ်ချုပ်နဲ့ နေခဲ့ရစဉ်တုန်းက ကျွန်မကို စကားပြောခဲ့သူဟာ ဘီဘီစီ ဖြစ်ပါတယ်။ ကျွန်မက နားထောင်ခဲ့ ရသူပါ။ ဒါပေမဲ့ အဲဒီလို နားထောင်ရတဲ့အတွက် လွတ်လပ်မှု တမျိုး ကိုလည်း ကျွန်မ ရခဲ့ပါတယ်။

အခြားသော လူပုဂ္ဂိုလ်တို့ရဲ့ အတွေးအမြင်ကို စူးစမ်းနိုင်ခြင်းဆိုတဲ့ လွတ်လပ်မှု ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ချင်း အတွေးအမြင် ဖလှယ်ရတာမျိုးနဲ့တော့ တထပ်တည်း တူညီ တယ်လို့မခေါ်နိုင်ဘူးပေါ့။ ဒါပေမယ့် လူသားချင်းဆက်သွယ် မှု ပုံစံတမျိုး ဖြစ်တယ်လို့ ခေါ်နိုင်ပါတယ်။

ဘီဘီစီမှတဆင့် ကမ္ဘာတဝှမ်းကိုပို့ချနေတဲ့

ဒေါ်အောင်ဆန်းစုကြည်

ကိုယ့်ရဲ့ အတွေးအခေါ်၊ ကိုယ့်ရဲ့ မြော်လင့်ချက်၊ ကိုယ့်ရဲ့ အရယ်အမောဆိုတာတွေကို မျှဝေချင်လို့ နောက်ပြီး တခါ တလေမှာ ကိုယ့်ရဲ့ဒေါသ၊ ကိုယ့်ရဲ့ဒေါမနဿကိုပင်လျှင် မျှဝေချင်လို့ သူတပါး လူသားတွေနဲ့ လွတ်လပ်စွာ ဆက် သွယ်ခွင့်ဆိုတာဟာ ဘယ်သောအခါမှ ချိုးဖောက်တာ ခံရဖို့ မသင့်တဲ့ အခွင့်အရေးတခု ဖြစ်ပါတယ်။

ဒီနေ့ ကျွန်မဟာ မိတ်ဆွေတို့နဲ့ လူကိုယ်တိုင် မတွေ့မဆုံနိုင်သော်လည်းဘဲ ကျွန်မအဖို့ရော နောက်ပြီး လွတ်လပ်မှုကင်းမဲ့ခြင်းလို့ ကျွန်မခေါ်ချင်တဲ့ ဝမ်းနည်းဘွယ်ရာကောင်းလှတဲ့ အခြေအနေကြီး မှာ နေ ထိုင် နေ ရာဖြစ် တဲ့ ကမ္ဘာတဝှမ်း လုံးက တခြားသူတွေအဖို့ရော လွတ်လပ်ခွင့်ဆိုတာ ဘယ်လိုအဓိပ္ပါယ် အနှစ်သာရ ပြည့်ဝသလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်မရဲ့အတွေးအမြင်တွေကို မိတ်ဆွေတို့ဆီရောက်အောင် မျှဝေပေး လိုက်ခြင်းအားဖြင့် လူသားချင်းဆက်သွယ်နိုင်ခွင့်ဆိုတဲ့ ကျွန်မရဲ့အခွင့်အရေးကို အခုလို သုံးစွဲခွင့် ရရှိခြင်း အတွက် ကျွန်မ အင်မတန်မှ ကျေးဇူးတင်လှပါတယ်။

ပထမဦးဆုံးအကြိမ် ကျွန်မဖတ်ဖူးခဲ့တဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပ တ္တိစာအုပ်ဟာ အနေတော်ဖြစ်တာလို့ ခေါ်ရမလား၊ အတိတ် နိမိတ်ဖြစ်တယ်လို့ ခေါ်ရမလား နှစ်ခုစလုံးပဲလို့ ပြောကောင်း ပြောနိုင်မလား( Seven Years Solitary ) ( ထောင်ထဲမှာ တ ယောက်ထဲ ခုနစ်နှစ် ) ဆိုတဲ့စာအုပ် ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ချစ်ခင်လေးစားမှုကို ရရှိထားသူ

မြန်မာ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလှုပ်ရှားသူ

Hungarian အမျိုးသမီးတယောက် ရေးခဲ့တာပါ။ ၁၉၅ဝ ပြည့် လွန်နှစ်တွေရဲ့အစောပိုင်းကာလတုန်းက သူတို့ဆီမှာ (Com- munist Party ) အတွင်း ဖြုတ်ထုတ် ပွဲကြီးတွေ ဖြစ်ပေါ်နေစဉ် အတွင်းတုန်းက အာဏာရှိသူတွေနဲ့ ဆန့်ကျင်ဖက်ဂိုဏ်းမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတယောက် ရေးခဲ့တာပါ။

တယောက်တည်းနေရတဲ့ အမျိုးသမီးတယောက်ဟာ လူသားချင်းဆက်သွယ်မှုဆိုလို့ နေ့စဉ်နဲ့အမျှ သူ့ရဲ့ မာန်ကို ချိုးနိုင်သလောက်ချိုးဖို့စဉ်းစားနေတဲ့ ယောက်ျားကြီး တွေနဲ့ဆက်သွယ်မှုသာလျှင်ရှိတဲ့ အထဲက နှစ်နဲ့ချီပြီး ကြာ အောင် ဦးနှောက်ကလည်း ထက်မြက်မြဲ ၊ စိတ်ဓါတ်ကလည်း မကျဘဲ နေနိုင်ခဲ့တာဟာ ဘယ်လို ဆုံးဖြတ်ချက်ကြောင့်ပါ လိမ့် ၊ ဘယ်လို ကြံရည်ဖန်ရည်ကြောင့်ပါလိမ့်ဆိုပြီး အဲဒီတုန်း က ၁၃နှစ် အရွယ် ကျွန်မဟာ စိတ်ဝင်တစား ဖြစ်ခဲ့မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ရိုက်မေးမြန်းမဲ့သူတွေ တက်ရောက်မေးခဲ့

အစိုးရဝါဒကို သဘောမတူတဲ့လုပ်ငန်းထဲဝင်ရောက်ဖို့၊ နောက် ပြီး အဲဒီလုပ်ငန်းမှာ ဇွဲနဘဲနဲ့ နေဖို့ ဆုံးဖြတ်ထားသူတွေရဲ့အဖို့ ရာမှာ ဒီလိုအပ်ချက်ဟာ ဆုံးရှုံးမှုကိုကြိုတွက်ပြီး ပြင်ဆင်ထား ရတဲ့ အခြေခံ အကျဆုံး လိုအပ်ချက်တခု ဖြစ်ပါတယ်။

အမှန်မှာ အခွင့်အရေး ဆုံးရှုံးခြင်းဟာ အစိုးရဝါဒ ဝေဖန်သူတွေရဲ့ ဘဝအစိတ်အပိုင်း အကြီးကြီးတခု ဖြစ် ပါတယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေဟာ အခွင့်အရေးဆုံးရှုံးမှုလမ်းကြောင်းကိုလျှောက်ဖို့ တမင်္ဂလာ ရွေးချယ် တတ်ကြပါသလဲ။

Max Weber ကတော့ နိုင်ငံရေးသမားတွေအဖို့ အဆုံးအ ဖြတ်ဖြစ်စေနိုင်လောက်အောင် အရေးကြီးတဲ့ အရည်အချင်း ၃ ခုဟာ စိတ်ဓါတ်ပြင်းထန်ခြင်း၊ တာဝန်သိခြင်းရယ်၊ အရေးကြီး တာနဲ့ အရေးမကြီးတာကို ခွဲခြားနိုင်ခြင်းရယ်ဖြစ်တယ်လို့ ပြော ပါတယ်။

နိုင်ငံရေးသမားဟာ စိတ်ဓာတ်ပြင်းရမယ်၊

တာဝန်သိရမယ်၊ အရေးကြီးမကြီး သိရမယ်
ပထမအချက်ဖြစ်တဲ့ စိတ်ဓါတ် ပြင်းပြင်းထန်ထန်နဲ့ ခွန်အား စိုက်ထုတ်လုပ်ကိုင်ခြင်းဖြစ်တယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ အဲဒီလို စိတ်ဓါတ်ပြင်းထန်မှုမျိုးဟာ ဘေးအန္တရာယ်အများဆုံး နိုင်ငံရေးမျိုးဖြစ်တဲ့၊ အစိုးရဝါဒကို သဘောမတူတဲ့နိုင်ငံရေးမှာ ပါဝင်ပြီးလုပ်ကိုင်သူတွေအဖို့ အလွန့်အလွန် အရေးကြီးပါတယ်။

ကျန်တဲ့ နိုင်ငံသားများနဲ့ တသီးတခြားလောကမှာနေထိုင်ဖို့၊
အစိုးရဝါဒ ဝေဖန်မှုလောကမှာနေထိုင်ဖို့၊ ကြေညာပြီးတော့ဖြစ်စေ၊ မကြေညာဘဲနဲ့ဖြစ်စေ၊ ဆုံးဖြတ်ချက်ချမှတ်သူ လူတိုင်းလူတိုင်းရဲ့ အတွင်း သဏ္ဌာန်မှာ အဲဒီလို စိတ်ဓါတ်ပြင်းထန်မှုမျိုး ရှိနေရပါတယ်။

ဒီလောကမှာ နေထိုင်သူ လူထူးလူဆန်းတွေကို အမှတ်အသားပြုနိုင်ဖို့ရာ၊ အပြင်ပန်း လက္ခဏာရယ်လို့ တော့ မရှိပါဘူး။ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဌာနချုပ်ကို ရုံးဖွင့်တဲ့ရက် ဘယ်ရက်မဆို လာကြည့်ပါ၊ ရေစိမ်ခံ အကြမ်းခံ အဖွဲ့ဝင်တွေအတွက် စီစဉ်ထားတဲ့ ခနောနီ ခနော်နဲ့ ပုံမလှ ပန်းမလှ ခပ်ရိုးရိုး အဆောက်အဦကလေးတခုပါ။ ဒီအဆောက်အဦကို “အဲန်အယ်လ်ဒီ တင်းကုပ်”ဆိုပြီး အခေါ်ခံ ရတာဟာဖြင့် တကြိမ် မကတော့ပါဘူး။

ဒီလို ခေါ်ကြတဲ့ သူတွဟော စာနာတဲ့စိတ်နဲ့ရော ၊ မကြာခဏဆိုသလို ချီးကျူးတဲ့စိတ်နဲ့ရော ပြုံးပြီး ခေါ်ကြလေ့ရှိတာဖြစ်တဲ့အတွက် ကျွန်မတို့ကလည်း စိတ်မဆိုးပါဘူး။ တကယ်တော့ ကမ္ဘာမှာ သြဇာ သက်ရောက်မှု အကြီးမားဆုံး လှုပ်ရှားမှု တခုဟာ တင်းကုပ် တခုထဲမှာ အစပြုခဲ့တာ မဟုတ်ပါလား။

ကျွန်မတို့ရဲ့ လူနေစရာ ကျပ်ကျပ်တည်းတည်းနဲ့ ခပ်စုပ်စုပ် ရုံးခန်းမှာ သူလိုကိုယ်လို ပုံပန်းသဏ္ဌာန် အများကြီးပေါက်တဲ့လူတွေကို မိတ်ဆွေတို့ တွေ့ ရပါလိမ့် မယ်။ ကဗျာဆန်ဆန် ပုံမကျပန်းမကျ ဆံပင်ပုံစံကြီးနဲ့ အဲဒီ သက်ကြီး ရွယ်အိုကြီးက ၊ သတင်းစာဆရာ လက်ဟောင်းကြီး တယောက်ပါ၊ သူက အစိုးရဝါဒ ဝေဖန်သူ ထိပ်တန်း ပုဂ္ဂိုလ် ကြီး တယောက်လည်း ဖြစ်ပါတယ်။

ဒေါ်စုပြောတဲ့ ကဗျာဆန်ဆန် ပုံမကျပန်းမကျ

သက်ကြီးရွယ်အို သတင်းစာဆရာကြီး


ထောင်ထဲမှာ နှစ်ပေါင်း ၂ဝ ကြာပြီး လွတ်လာတဲ့အချိန်မှာ သူ့ရဲ့ စိတ်မချမ်းမြေ့ဘွယ်ရာ အတွေ့ အကြုံတွေ အကြောင်း စာအုပ်တအုပ်ကို ချက်ခြင်း ကောက်ပြီးရေးပါတယ်။ စာအုပ် နာမည်က (Is This A Human Hell) (ဘာလဲဟဲ့ လူ့ငရဲ ) တဲ့။ ဗမာပြည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ထောင်နဲ့ချီအောင် ရှိနေဆဲဆိုတာကို အမှတ်ရနေစေဖို့အတွက်ဆိုပြီး သူကထောင်အင်္ကျီ အပြာရောင်ကို အမြဲ ဝတ်ပါတယ်။

မျက်နှာမှာ သောကအရိပ်အရောင် ကင်းရှင်းတဲ့ ဟောဒီ သပ်သပ်ရပ်ရပ်နဲ့ မျက်မှန်နဲ့ အမျိုးသမီး ကတော့ ထောင်ထဲ မှာ ၉ နှစ်နေခဲ့ရသူ ဆရာဝန် တယောက်ပါ။ လွန်ခဲ့တဲ့ ၃ နှစ်မှာ သူလွတ်လပ်လာတဲ့အချိန်က စလို့ သူဟာ ကျွန်မတို့ ပါတီရဲ့ လူမှုရေးနဲ့လူသားဒုက္ခ ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းတွေမှာ ဝင်ရောက်ပြီး အားလပ်ရက်ရယ်လို့ မရှိအောင် လုပ်ကိုင်နေခဲ့ပါတယ်။

အသက် ဂဝ ကျော် အရွယ်ပိုင်းရောက်နေတဲ့ ခင်ဖို့ကောင်းတဲ့ အဖွားအိုကြီးတချို့လည်း ရှိပါတယ်။ သူတို့ဟာ ၁၉၉၇ ခုနှစ်က စပြီး ကျွန်မတို့ရဲ့ ရုံးခန်းကို မှန်မှန် ရောက်လာလေ့ ရှိသူတွပေါ့။

အဲဒီနှစ်ဟာ ကျွန်မတို့အဖို့ ဆူနာမီ ဒီရေလှိုင်းလုံးကြီး ရိုက်ခတ် ခဲ့တဲ့နှစ်တနှစ်ပါဘဲ။ အဲဒီနှစ်မှာ ဖိနှိပ်ချုပ်ခြယ်မှု လှိုင်းလုံး အကြီး ကြီးရဲ့ ဒဏ်ကြောင့် ကျွန်မတို့ရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားနေသူ အမြောက်အမြားဟာ ထောင်ထဲ ရောက်ကုန်ခဲ့ပါတယ်။

ခင်မင်စရာကောင်းတဲ့ အဖွားကြီးတွေလည်း

လာကြတယ်လို့ ဒေါ်စုက ရိုးရိုးလေးပြောပါတယ်


ကျွန်မတို့ပါတီရဲ့ အစည်းအဝေးတခုမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ သူတွေရဲ့ ဇနီး သားမယားတွေကို ရော သားငယ် သမီးငယ်တွေ ကိုရော မိအိုဖအိုတွေကိုရော ကျွန်မက ပြောပါတယ်။ ကျွန်မတို့ ဆောင်ရွက်နေတဲ့အရေးကို ညီညီညွတ်ညွတ်နဲ့ ထောက်ခံကြပါ။

ကျွန်မတို့ဟာ လက်မြှောက်အရှုံးပေးမှာမဟုတ်ကြောင်း၊ ထောင် ထဲမရောက်ဘဲကျန်ခဲ့တဲ့ ကျွန်မတို့ တတွေဟာ ထောင်ထဲရောက် လို့ လွတ်လပ်ခွင့် ချုပ်ခြယ်ခံရသူတွေရဲ့ အလံတော်ကို ကောက်ကိုင်ခဲ့ကြတဲ့ သတ္တိခဲတွေအထဲမှာ အခုန ပြောတဲ့ ခင်ဖို့ ကောင်းတဲ့ အဖွားအိုကြီးတွေလည်း ပါဝင်ပါတယ်။

သူတို့ဟာ ခိုင်မြဲတဲ့စိတ်ဓါတ်အင်အား ကြီးကြီးမားမားနဲ့ အလံတော်ကို ကိုင်စွဲမြဲ ကိုင်စွဲနေကြပါတယ်။...



မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေတဲ့ ခလေးစစ်သား ပြဿနာတွေကို အမေရိကန်ပြည်ထောင်စု အမတ်များကြားထဲမှာကိုဟိန်းမင်းအောင်သက်သေအဖြစ် တင်ပြ

Posted: 28 Jul 2011 12:33 AM PDT



Congressional Brefing on Burmese Child Soldier - Hein Min Aung

အမေရိကန်ပြည်ထောင်စု အမတ်များကြားထဲမှာ မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေတဲ့ ခလေးစစ်သား ပြဿနာတွေကို ပိုမို သိရှိလာဘို့ အတွက် နယူးဇီလန်နိုင်ငံမှာ ရောက်ရှိအခြေချ နေထိုင်နေတဲ့ ကိုဟိန်းမင်းအောင်က သွားရောက် ကာမြန်မာနိုင်ငံ ရှိ ခလေးစစ်သား များ ကိုယ်စား သက်သေအဖြစ် တင်ပြခြင်းဖြစ်ပါတယ်။

...ဒီအစီအစဉ်ကို ၀ါရှင်တန် အခြေဆိုက် (Human Rights Action Centre)ကနေ ဦးဆောင်ပြီးတော့ အမေရိကန်နိုင်ငံ ။ (Texas)တက်ကဆက်ပြည်နယ်ရဲ့ ကွန်ဂရက်စ် အမတ်ဖြစ်တဲ့ (Eddie Bernice Johnson) အယ်ဒီဘားနစ်စ်ဂျွန်ဆင်မှ ဦးဆောင်ပြီး ဒီအစီအစဉ် ကိုဖြစ်မြောက်အောင် ပြု လုပ်ပေးခြင်းဖြစ် ပါတယ်။ ဒီအစဉ် အစဉ် ဖြစ်မြောက်ရန်အတွက် (HREIB), (US Campaign for Burma), (Burma Campaign New Zealand)တို့ မှ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ကိုဟိန်းမင်းအောင်သည် နယူးဇီလန်နိုင်ငံ၊ အော်ကလန်မြို့ ရှိနိုင်ငံတကာလေဆိပ်မှ ဇူလိုင်လ (၂၈)ရက် နံနက် (၇)နာရီ ၁၅မိနစ်တွင် ထွက်ခွာသွားပြီး၊ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ ဒူးလီးစ် (Dulles)လေဆိပ်သို့  အမေရိကန်စံတော်ချိန် (၂၈)ရက် ည (၇)နာရီ (၅၅)မိနစ် တွင် Los Angeles မှ (Virgin American Airline - Flight 110)ဖြင့် ရောက်ရှိမည်ဖြစ်ပါသည်။


http://www.eventbrite.com/even​t/1953427755

မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်...


ဟစ်တလာနဲ့ မြန်မာ့အင်တာနက်၊ ဆက်သွယ်ရေး (joke ရုပ်/သံ)

Posted: 27 Jul 2011 04:46 PM PDT


ပဲခူးရေဘေးဒဏ်ခံ ပြည်သူတွေကိုရင်းနှီး နွေးထွေးတဲ့ နှုတ်ဆက်မှုဆိုတာ ဘာလဲဆိုတာတောင်မသိတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့

Posted: 27 Jul 2011 09:12 AM PDT


ဒီကနေ့ မြန်မာ့အလင်းသတင်းစာမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပဲခူးရေဘေးဒဏ်ခံ ပြည်သူတွေကို ``ရင်းရင်းနှီးနှီး`` နှုတ်ဆက်အားပေးလို့ ပုံစာရေးထားပြီး ဓာတ်ပုံမြင်တော့ စိတ်ထဲ မဟုတ်သေးပါဘူးလို့ ခံစားလိုက်ရတယ်။ လက်အုပ်မချီထားခိုင်း တာတောင် ကျေးဇူးတင်ရမလိုဖြစ်နေတယ်..

ဝေဒနာရှင်တွေ၊ ဒုက္ခသည်တွေကို ရင်းနှီး နွေးထွေးတဲ့ နှုတ်ဆက်မှုဆိုတာ ဘာလဲဆိုတာတောင် မြန်မာခေါင်းဆောင်တွေ မသိဘူးလား လို့လည်း ဆက်တွေးမိပါတယ်။ ဒါနဲ့ အမေရိကန်၊ တရုတ်နဲ့ တခြား မြန်မာခေါင်းဆောင်တွေ ဘယ်လို ရင်းနှီးမှုပေးသလဲလို့ ကြည့်လိုက်တော့...။


Photoများစုဆောင်းဖော်ပြပေးသော ကိုမျိုးသာထက်အားကျေးဇူးတင်ရှိပါသည်.


တရားဥပဒေစိုးမိုးရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေငြာချက်ထုတ်ပြန်

Posted: 27 Jul 2011 09:01 AM PDT

"သေချာရေရာမှုဘာမှမရှိတဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲကို အဖြေရှာတွက်စစ်ကြည့်လေသော်…"

Posted: 27 Jul 2011 08:54 AM PDT

"သေချာရေရာမှုဘာမှမရှိတဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲကို အဖြေရှာတွက်စစ်ကြည့်လေသော်…"
မောင်ချင့်ချိန်

၂၀၁၁ခု ၊ ဇူလိုင်လ ( ၂၅) ရက်နေ့က NLD ပါတီရဲ့အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ် အလုပ်သမား​ဝန်ကြီး​ဌာနဝန်ကြီး​ ဦး​အောင်ကြည်တို့ တွေ့ဆုံဆွေးနွေးကြပြန်လေပြီတဲ့ ၊ စစ်ယူနီဖေါင်းချွတ်တွေ ၊ ကြံ့ဖွတ်တွေနဲ့ စစ်အုပ်စုရဲ့အယောင်ဆောင် အရပ်သားအစိုးရ လက်ထက်မှာ ပထမဆုံးတွေ့ဆုံဆွေးနွေးမှုပါပဲ ၊ ဒီတွေဆုံဆွေးနွေးမှုကို ကုလသမဂ္ဂနဲ့တချို့အဖွဲ့အစည်းတွေက အမျိုးသားပြန်လည်သင့်မြတ်ရေး အ တွက် အလားအလာကောင်းလို့ မျှော်လင့်ကြိုဆိုကြပေမဲ့ တကယ်တန်းမှာတော့ ပြည်သူတွေရဲ့အနာဂတ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သေချာရေရာ မှု ဘာမှမရှိသေးတာတွေ့ရပါတယ် ။

ဘာကြောင့် စစ်အုပ်စုဖန်တီးလိုက်တဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲတခုသာဖြစ်တယ်လို့ပြောရလဲဆိုတော့ ပြည်ထောင်စုအစိုးရအမည်ခံ စစ်အုပ်စုမှာ အမျိုး သားပြန်လည်သင့်မြတ်ရေးကိုလိုလားတဲ့ သဘောထားမရှိဘူးဆိုတာ လက်တွေ့သိမြင်နေရလို့ပါပဲ ။

(၁)နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်မပေးတဲ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိပါဘူးလို့ ပြောင်ငြင်းဆိုထားတာ ။

(၂) ကရင် ၊ ကချင် ၊ ရှမ်း စတဲ့တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ကြီးတွေဆင်နွှဲပြီး ပြည်တွင်းစစ်မီးကိုအရှိန်မြှင့်နေတာ ။

(၃)မကြာသေးခင်(တစ်လတောင်မပြည့်သေးတဲ့ ဇွန်လ၂၈ ရက်နေ့)က စစ်အုပ်စုရဲ့သတင်းစာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေအရ ပျက်ပြယ်သွားပြီးဖြစ်ကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ရင် တည်ဆဲဥပဒေတွေနဲ့ငြိစွန်းနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန ကနေ ဦးအောင်ရွှေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုပေးစာအဖြစ် ဖေါ်ပြပြီးခြိမ်းခြောက်ဖိအားပေးမှုလုပ်တာနဲ့ မန္တလေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်း ရုံး ဆိုင်းဘုတ်တင်တာကို ပြန်ဖြုတ်ချဖို့ခြိမ်းခြောက်ခဲ့တာ ။

(၄)ဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့အကြောင်းအရာတွေဖေါ်ပြခွင့်ကို ပိတ်ပင်လိုက် ၊ ခွင့်ပြုလိုက်အမျိုးမျိုးလုပ်တာနဲ့ ဒေါ်စုကို သာမန် ပြည်သူတယောက်လိုပဲသဘောထားပါတယ်လို့ ဒုတိယသမ္မတတင်အောင်မြင့်ဦးကိုယ်တိုင်က အမေရိကန်အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းနဲ့တွေ့ဆုံ စဉ်မှာ တရားဝင်ပြောခဲ့တာ ။

(၅)နအဖအမည်နဲ့စစ်အုပ်စုလက်ထက်မှာ ဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးအောင်ကြည်ကိုခန့်အပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉ကြိမ်တွေ့ဆုံဆွေး နွေးစေခဲ့တဲ့အကြောင်းအရာတွေကို ထုတ်ပြန်ကြေငြာမှုမလုပ်ခဲ့သလို အရပ်သားအစိုးရအမည်ခံ အစိုးရသစ်အနေနဲ့ ဦးအောင်ကြည်ကိုပဲ ဆက်ဆံရေး ကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုတာဝန်လွှဲအပ်သွားမှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ကြေငြာမှုမရှိတာ ။

(၆)အမျိုးသားညီလာခံကို ၁၅နှစ်ကြာအောင်လုပ်ခဲ့သလိုမျိုး ၊ သင့်တော်တဲ့အချိန်မှာ နောက်တစ်ကြိမ်ပြန်တွေ့ကြမယ်ဆိုတာသာရှိပြီး ဆွေးနွေးကြရမဲ့ အကြောင်းအရာနဲ့အချိန်ကာလ တိကျရေရာစွာ သတ်မှတ်မှုမရှိတာ ။

(၇)မုဒိန်းကျင့် ၊ ပေါ်တာဆွဲ ၊ အဓမ္မစစ်သားစု ၊ လုပ်အားပေးခိုင်းစေဆိုတာမျိုး လက်နက်ပြခြိမ်းခြောက်အနိုင်ကျင့်မှုမျိုးစုံ ဆက်ကျူးလွန်နေတာ။

စတဲ့ အချက်တွေကိုကြည့်ရင် စစ်အုပ်စုရဲ့သဘောထားအမှန်ကို သိမြင်နိုင်ပါတယ် ။

ဒါဆိုရင် စစ်အုပ်စုရဲ့ကိုယ်စားလှယ်ဦးအောင်ကြည်က (၁၈)လကျော်ကြာ ဆွေးနွေးမှုတွေ ပြတ်တောက် နေခဲ့ ပြီးမှ အစိုးရသစ်ရဲ့ကိုယ်စားလှယ်အဖြစ် ဒေါ် အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ကောက်ခါငင်ကာတွေ့ခဲ့တာလဲ ၊ ရှင်းပါတယ် ၊ စစ်အုပ်စုအနေနဲ့ အရပ်သားအစိုးရအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ဆံ့အောင်လို့ ၊ ပြီးတော့ လတ်တလောလိုအပ်ချက်ဖြစ်နေတဲ့ အာဆီယံဥက္ကဌနေ ရာအတွက် နိုင်ငံတကာအစိုးရတွေရဲ့ထောက်ခံချက်တွေရဖို့ နိုင်ငံရေး ကစားကွက်တခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့တာပဲဖြစ်ပါတယ် ။

မေလထဲမှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ ၂၀၁၄ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌနေရာအတွက် မြန်မာစစ်အုပ်စုက အဆိုပြုတဲ့ကိစ္စကို လူ့အခွင့် အရေးအဖွဲ့တွေက ၀ိုင်းပြီးကန့်ကွက်ခဲ့ကြပါတယ် ၊ သမ္မတအိုဘားမားနဲ့ အမေရိကန်အစိုးရကလည်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီပြောင်းလဲ ရေး ဆောင်ရွက်ချက်ညံ့ဖျင်းမှုတွေကြောင့် မြန်မာနိုင်ငံသာ အာဆီယံဥက္ကဋ္ဌနေရာရခဲ့ရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံနဲ့လက်တွဲအလုပ်လုပ် ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့သလို စစ်ယူနီဖေါင်းဝတ်၂၅%နဲ့ စစ်ယူနီဖေါင်းချွတ်ပြထားတဲ့ပုဂ္ဂိုလ်တွေချယ်လှယ်နေတဲ့ ကြံ့ဖွတ်အစိုးရသစ်ကို အာဆီယံ ဥက္ကဌရာထူးမပေးသင့်ဘူးလို့ မြန်မာ့အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC)ကလည်း အာဆီယံခေါင်းဆောင်တွေကို အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ကျရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ်၊ မပေးဘူးဆိုတာက နိုင်ငံတကာအစိုးရတွေရဲ့ သဘောထားတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး အလားအလာကိုကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝန်ကပြောကြားခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြန်မာနိုင်ငံ အနေနဲ့ နိုငိငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့၊ မြောက်ကိုရီးယားနဲ့ နြူကလီးယားဆိုင်ရာဆက်နွယ်မှု အပေါ် နိုင်ငံတကာကစိုးရိမ်မကင်းဖြစ်ရတာတွေကိုဖြေရှင်းဖို့လိုတယ် ၊ အဲဒါတွေဆောင်ရွက်ဖို့ငြင်းဆန်နေမယ်ဆိုရင် အာဆီယံအဖွဲ့ရဲ့စည်းလုံးညီညွတ်မှုကို ထိ ခိုက်စေလိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ် ။

စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ အဲဒီလိုဖိအားပေးမှုတွေကို လျှော့ချဖို့ လက်ရှိအာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူတည်ဆောက်တဲ့ နည်းနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့ နည်း ဆိုတာမျိုး ကစားကွက်တွေနဲ့ ကြိုးစားခဲ့တာဖြစ်ပါတယ် ။

လက်ရှိအာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူတည်ဆောက်တဲ့နည်း ၊ တနည်းအားဖြင့်မျက်နှာချိုသွေးဖားတဲ့နည်းကို နိုင်ငံတော်သမ္မတ အမည်ခံထားတဲ့ ဦးသိန်းစိန်ကိုယ်တိုင်သွားရောက်ဆောင်ရွက်ခဲ့တာတွေတွေ့ရပါတယ် ၊ စစ်အုပ်စုအနေနဲ့ ကိုယ့်နိုင်ငံရဲ့အထွဋ်အမြတ်အာဇာနည်နေ့ကို မြို့ တော်ဝန်လောက်နဲ့တင် ပြီးပြီးရော ဝတ်ကျေတန်းကျေလုပ်ခဲ့ပေမဲ့ လက်ရှိအာဆီယံဥက္ကဌ မာတီနာတာလေဂါဝါက အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဆိုတော့ သမ္မတကြီးအမည်ခံဦးသိန်းစိန်ကိုယ်တိုင် အင်ဒိုနီးရှားနိုင်ငံသူရဲကောင်းဗိမ္မာန်ကို တလေးတစားသွားဂါရဝပြုခဲ့တာမျိုးတွေဟာ စစ်အုပ်စုရဲ့မာယာ တွေထဲက နည်းလမ်းတခုဆိုတာ မြင်သိနိုင်ပါတယ် ။

နိုင်ငံတကာကတောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့နည်းဆိုတဲ့ အပိုင်းက တော်တော်အရေးကြီးပါတယ် ၊ စစ်အုပ်စုဟာ သူ့အတွက်နိုင်ငံရေးအကြပ်အတည်းတွေကြုံလာမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ်ဆိုတာ မျိုးလုပ်ခဲ့တာပဲဖြစ်ပါတယ် ၊ စစ်အုပ်စုအနေနဲ့ ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးခန့်အပ်ပြီး ဒေါ်စုနဲ့ပထမဆုံးစတင်ဆွေးနွေးဖို့စီစဉ်ခဲ့တာ ၂၀၀၇ခုနှစ်၊ အောက်တိုဘာလ၊ ၂၅ ရက်နေ့ဖြစ်ပါတယ် ၊ စက်တင်ဘာလ ၂၇ ရက်နေ့က ဂျပန်သတင်းထောက် ခန်းဂျိနာဂအိကိုပစ်သတ်ခဲ့မှု ၊ ရဟန်းသံဃာတော်တွေ မေတ္တာပို့စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖေါ်ခဲ့ကြတဲ့ ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်ရိုက်နှက်ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ပြင်းထန်နေတဲ့ နိုင်ငံ တကာဖိအားတွေကို ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီဆိုပြီး အရှိန်လျော့လမ်းလွဲစေခဲ့တာပဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေပါတယ်ဆိုတဲ့ ကာလတွေထဲမှာပဲ ဒေါ်စုရဲ့နေအိမ်အကျယ်ချုပ်သက်တမ်းကိုထပ်တိုးခဲ့သလို အင်းလျားကန်ကိုရေကူး ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဂျွန်ယက်တောကိုလက်ခံခဲ့မှုနဲ့လည်း ဒေါ်စုကိုရုံးတင်တရားစွဲ ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ် ၊ ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၁၅ ရက်နေ့မှာ ၉ ကြိမ်မြောက်အဖြစ် နောက်ဆုံးတွေ့ဆုံခဲ့ပြီး တဘက်သတ်ဖိနှိပ်အနိုင်ကျင့်မှုတွေကလွဲရင် ဘယ်လိုဆွေးနွေးမှုရလာဒ်မျိုးမှ မရှိခဲ့ပါဘူး ။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ထွက်ပေါက်ရှာတဲ့နည်းကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလထဲမှာလည်း လုပ်ခဲ့ပါသေးတယ် ၊ မဲလိမ်မဲခိုး တဘက်သတ်အစီအစဉ်တွေနဲ့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့မသမာမှုတွေကိုဖေါ်ထုတ်ဖို့ နိုင်ငံတကာကစိတ်ဝင်စားနေချိန် ၊ ငြိမ်းချမ်းရေးအဖွဲ့အဖြစ် နှစ်ပေါင်းများစွာ အပစ်ရပ်အတူယှဉ်တွဲနေထိုင်လုပ်ကိုင်ခဲ့တဲ့ DKBAတပ်တွေက နယ်ခြားစောင့်တပ်ဖွဲ့ရေးကိုငြင်းဆန်ပြီး မြဝတီမြို့သိမ်းတိုက်ပွဲနဲ့ ဆန့်ကျင် တွန်းလှန်မှုတွေပြန်စတင်ခဲ့လို့ လက်နက်ကိုင်တော်လှန်ရေးကို အာရုံစိုက်လာကြချိန် ၊ မတရားတဲ့ရွေးကောက်ပွဲနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်အုံကြွမှုတွေဖြစ်ဖို့ တာဆူလာနေတဲ့အချိန် ၊ အဲဒီလိုနိုင်ငံရေးအကျပ်အတည်းတွေအများကြီးရှိလာတဲ့ အချိန်မှာ လွတ်ရက်စေ့လို့လွှတ်လိုက်ပါပြီဆိုပြီး ဒေါ်စုကိုလွှတ်ပေးလိုက်တာ၊ လမ်းပိတ်ဆို့စေတဲ့အထိဒေါ်စုမိန့်ခွန်းပြောတာကိုတောင် ခွင့်ပြုပေးလိုက်တာ တွေဟာ အာရုံလွှဲဖို့ဖန်တီးလိုက်တဲ့ ကစားကွက်တွေသာဖြစ်ပါတယ် ။

ခုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးသယောင်ပြတဲ့နည်းနဲ့ နောက်ထပ်ကစားကွက်တခုကို ဖန်တီးလိုက်တာပါပဲ ၊ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအမြင်နဲ့တွေ့ဆုံဆွေးနွေးခဲ့တာလဲ၊ ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးတယောက်အနေနဲ့လား ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေကို ကိုယ်စားပြုခေါင်းဆောင်တယောက် အနေနဲ့လား ၊ ဒါမှမဟုတ် ကမ္ဘာ့အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လုပ်နေလို့ ပြဿနာ အေးပြီးရော "ဆွေးနွေးပါတယ်" လို့ သရုပ်ပြယုံလားဆိုတာ ကျနော်တို့တွက်စစ်ကြည့်ဖို့လိုပါတယ် ။

စစ်အုပ်စုဟာ ၁၉၉၀ရွေးကောက်ပွဲကို အလေးမထားခဲ့သလို NLD ပါတီကိုလည်းအလေးမထားခဲ့ပါဘူး ၊ ပြီးတော့ NLD ရဲ့ကိုယ်စားလှယ်အဖြစ် ဆွေးနွေး ချင်သပဆိုရင်လည်း ဥက္ကဌ ဦးအောင်ရွှေ ၊ ဒုဥက္ကဌ ဦးတင်ဦးတို့နဲ့ဆွေးနွေးရင်လည်း ရနေတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးတယောက်အနေနဲ့ NLDကိုကိုယ်စားပြုဆွေးနွေးလိုတာမျိုး မဟုတ်ပါဘူး ၊ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုမဆိုထားနဲ့ တိုင်းရင်းသားတွေ ပြည်တွင်းအဖွဲ့အစည်းတွေကိုတောင် တပေါင်းတစည်းထဲမတည်ဆောက် နိုင်သေးတဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေဘက်က ကိုယ်စားပြုခေါင်းဆောင်တယောက်အနေနဲ့ ဆွေးနွေးဖို့ဆိုတာ လည်း ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး ၊ ဒီတော့ ပြဿနာအေးပြီးရော "ဆွေးနွေးပါတယ်" လို့ ကမ္ဘာ့အသိုင်းအဝိုင်းကို သရုပ်ပြယုံသာသဘောထားခဲ့ပြီး ဝတ် ကျေတန်းကျေဆွေးနွေးမှုအဖြစ် NLD ပါတီကိုတရားဝင်မှတ်ပုံတင်ဖို့ ၊ တည်ဆဲဥပဒေတွေအရပဲ လှုတ်ရှားသွားလာဆောင်ရွက်ဖို့ ၊ လက်ရှိအာဏာရအစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တွေပြောကြားမှာဖြစ်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကရော ၊ ဦးအောင်ကြည်ဆီကနှုတ်ထွက်စကား (ဆွေးနွေးချက်)ဆိုတာတွေက လက်ရှိအာဏာပိုင်တွေကို ဘယ်လောက် ကိုယ်စားပြုတယ်ဆိုတာ ဘယ်လိုအာမခံချက်တွေရရှိခဲ့ပါပြီလဲ ၊ တိုးတက်မှုတွေရှိလာတယ်လို့ နှစ်ဦးသဘောတူထုတ်ပြန်ကြေငြာချက်တောင်ထွက်ခဲ့ပြီးပြီ ဆိုတော့ ဘာရလာဒ်တွေရခဲ့ပြီလဲ၊ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာကိုကိုယ်စားပြုဆွေးနွေးခဲ့ပါသလဲ ၊ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုး အဖြစ်နဲ့ ပဲဆွေးနွေးခဲ့တာလား ၊ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်စားပြုပါသလား ၊ စစ်ပွဲတွေဖြစ်နေတဲ့ဒေသတွေကပြည်သူတွေကို ကိုယ်စားပြုပါသလား ၊ အတိုက်အခံပါတီတွေ ၊ ဒီမိုကရေစီရေးအင်အားစုတွေ အားလုံးကို ကိုယ်စားပြုပါသလား ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ရပ်တည်ခွင့်အတွက် သက် သက်ပဲလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစရဲ့ဘယ်အခြေအနေလို့ ရှုမြင်ပါသလဲ ၊နောင်ထပ်နှစ်နဲ့ချီကြာတဲ့အထိ ဒီဆွေးနွေးပွဲကိုအချိန်ဆွဲမယ်ဆို ရင် ဘယ်လိုတုန့်ပြန်ရင်ဆိုင်မှုတွေလုပ်မလဲ၊ ပြည်သူတွေကြားမှာ ပွင့်ပွင့်လင်းလင်းထုတ်ပြန်ဖို့နဲ့ ဒီမိုကရေစီရေအင်အားစုတွေရဲ့ အကြံပြုမှုတွေကို လက်ခံ ဆောင်ရွက်ဖို့ လိုပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ်​ဦး​အောင်ကြည်တို့ တွေ့ဆုံဆွေးနွေးပြီးရလာဒ်ကောင်းတွေရခဲ့ပါတယ်ဆိုတဲ့အချိန်မှာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် ၈၈မျိုးဆက်ကျောင်းသားတွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ၊ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်အုပ်စုရဲ့ထောင်တွေထဲမှာ နှိပ်စက်ညှင်း ပန်းခံနေကြရတုန်း၊ တိုင်းရင်းသားဒေသတွေမှာ ယောက်ကျားတွေပေါ်တာဆွဲခံပြီး မိန်းမတွေမုဒိန်းကျင့်ခံနေကြရတုန်း၊စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ကျေးရွာ တွေ မီးတဟုန်းဟုန်းတောက်လောင်လို့ ပြည်သူတွေအိုးအိမ်အခြေမဲ့ပြေးလွှားရှောင်တိမ်းနေကြရတုန်းဆိုတာ သတိထားမိကြစေချင်ပါတယ် ၊ ဘကြီးအောင် ရဲ့အညာဇတ်လမ်းမှာ ရွှေရုပ်လေးရလိမ့်နိုး မျှော်လင့်ရင်းအသက်ဆုံးသွားရတဲ့ မောင်ချစ်လိုအဖြစ်မျိုးဟာပုံနှိုင်းအတုယူစရာပါ ။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေမလွှတ်ပဲ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးပဲ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အတိုက်အခံအဖွဲ့အစည်းတွေကခေါင်းဆောင်တွေမပါပဲ ၊ တိကျရေရာတဲ့ အချိန်ကာလသတ်မှတ်ချက်မရှိပဲ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ၊ ဒီတော့ စစ်အုပ်စုရဲ့အလိမ်အညာလုပ်ရပ်တွေကို ထောက်ခံပေးနေသလိုမျိုးမဖြစ်စေပဲ ပါးနပ်လိမ္မာစွာ အချိန်ယူရင်ဆိုင်ဖြေရှင်းနေ ပါတယ်ဆိုတာထက် ပိုတဲ့ဦးဆောင်မှုမျိုးဖြစ်ဖို့လိုနေတယ်ဆိုတာ အဖြေရှာတွက်စစ်လို့ရပါတယ်ဆိုတဲ့အကြောင်း…။

အင်အားတူအခြေအနေမရှိရင် စစ်မှန်တဲ့ဆွေးနွေးညှိနှိုင်းမှု ဘယ်လိုမှမဖြစ်နိုင်ပါ ။

မောင်ချင့်ချိန်


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



BG သွေးအကူအညီ၏ နောက်ထပ်ခြေလှမ်းသစ်တစ်ရပ် (အသိပညာအတတ်ပညာ သင်ကြားပေးရေး ပညာဒါန)

Posted: 27 Jul 2011 11:28 AM PDT

နိုင်ငံ၏အရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်။ ပြည်သူကိုမညာပါနဲ့
ပြည်သူကိုညာရင် ပြည်သူက ညှာလိမ့်မည်မဟုတ်...

ကိုညီ
တာဝန်ခံ
(ဗမာနိုင်ငံလုံးဆိုင်ရာ BG သွေးအကူအညီပေးရေး )

(BG ပညာဒါနနှင့်အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးရေး )
(ဆက်သွယ်ရန် အကြံပေးရန် ၊ ဝေဖန်ရန် - ဖုန်း - ၀၉-၄၉၃၂၈၀၅၅ ၊ ၀၉-၇၃၀၇၉၇၉၂)

BG သွေးအကူအညီ၏ နောက်ထပ်ခြေလှမ်းသစ်တစ်ရပ် 
(အသိပညာအတတ်ပညာ သင်ကြားပေးရေး ပညာဒါန)
၂၀၀၆ မှ စတင်၍ သွေးအကူအညီပေးခဲ့သည်။ ၈၈ မျိုးဆက်သစ် ကျောင်းသားများ (ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများ) ၏ စိတ်ကူး ၊ ၂၀၁၀ ဆယ်နှစ်လပိုင်း (၁၁) ရက်နေ့မှ စတင်၍ အမေစု လွတ်မြောက်မှု အကြိုအဖြစ် လူထုအင်အားကိုယူ၍ ရန်ကုန်မြို့ရှိ ဆေးရုံတိုင်းတွင် သွေးအကူအညီပေးခဲ့ရာ ပြည်သူနှင့် ဆေးရုံဆရာဝန်များ၏ ထောက်ခံမှုဖြင့် BG (Blood Group @ Bo-Gyoke ) ဟူ၍ အမည်တွင်ခဲ့သည်။ ယခုဆိုလျှင် မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ကချင်ပြည်နယ် စသည့် တိုင်းနှင့် ပြည်နယ်များတွင် သွေးအကူအညီပေးရေး အဖွဲ့များဖွဲ့နိုင်ခဲ့သည်။ လူငယ်မျိုးဆက်သစ်များစွာ မွေးထုတ်နိုင်ခဲ့သည်.။

ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများတွင် ယနေ့အထိ သွေးအလုံးရေ (၃၀၀၀) ၀န်းကျင်ခန့် လှူဒါန်းနိုင်ခဲ့ပြီး လူနာများ၏အသက်ကို ကယ်တင်နိုင်ခဲ့ပါသည်။ လူမှုရေး လုပ်ငန်းများဖြင့်လည်း ရေရှားပါးသော နေရာများတွင် ရေတုံကင်လှူဒါန်းပေးခြင်း၊ အ၀တ်အထည်များ လှူဒါန်းပေးခြင်း၊ ချို့တဲ့နွမ်းပါးသော ကလေးငယ်များအတွက် အာဟာရတိုက်ကျွေးခြင်းများ အပြင် ယခုဆိုလျှင် နောက်ထပ် ခြေလှမ်းသစ် တစ်ရပ်အနေဖြင့် မိဘမဲ့ လေလွင့် အမှိုက်ကောက် ကလေးငယ်များ၏ ပညာရည် တိုးတက်မြင့်မားရေးအတွက် အသိပညာ အတတ်ပညာများအား သင်ကြားပေးသော အခမဲ့ ပညာဒါနကျောင်းအား (၁၇ - ၇ - ၂၀၁၁) နေ့ နံနက် ကိုးနာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်ကြားခြင်းအစီအစဉ်ကို (၂၃ - ၇ -၂၀၁၁ ) တွင် စတင်ခဲ့ပါသည်။
ကွန်ပြူတာအခြေခံသင်တန်းအတွက် သင်တန်းသား (၁၀၀) ကျော်ကို Section - A , B , C ခွဲ၍ သင်ကြားလျက်ရှိပါသည်။ လေလွင့် ကလေးငယ် (၇၅) ယောက်အတွက် ယဉ်ကျေးလိမ္မာသင်တန်းကို တစ်ပတ်နှစ်ရက် သင်ကြားပေးပြီး သင်ကြားပြီးသည်နှင့် ထမင်းအာဟာရ ဆက်လက်ကျွေးမွေးပါသည်။ အသက်မွေးဝမ်းကြောင်းပညာများကို ရှစ်လပိုင်း လဆန်းပိုင်းမှစ၍ သင်ကြားသွားမည်ဖြစ်သည်။ အခက်အခဲများရှိသော်လည်း ယုံကြည်မှုကိုအားပြု၍ ဆက်လက် ကြိုးစားသွားမည်ဖြစ်သည်။

ကိုညီ
တာဝန်ခံ
(ဗမာနိုင်ငံလုံးဆိုင်ရာ BG သွေးအကူအညီပေးရေး)

စင်ကာပူမှ စေတနာရှင်များရဲ့ (အမေ့အိမ်ကျောင်းက မေတ္တာပတ်လမ်းကလေး)

Posted: 27 Jul 2011 10:50 AM PDT

 ယခင်မြင်ကွင်း ဤသို့ခက်ခက်ခဲခဲ
 အမေ့အိမ်ကျောင်းက မေတ္တာပတ်လမ်းကလေး။

ညီလေးတို့ ရေ...

မင်းတို့ရဲ့ချွေးနဲစာတွေနဲ့ စုပေါင်းလှူဒါန်းခဲ့ကြတဲ့ အမေ့အိမ်က ကျောင်းပတ်လမ်းကလေးဟာ ဒီနေ့ အားလုံးပြီးမြောက်ခဲ့ပါပြီ။ မင်းတို့ရဲ့ညီလေး ညီမလေးတွေဟာ အခုဆို ရွှံတွေ ဗွက်တွေကြားကနေ ခြောက်သွေ့သန့်ရှင်းတဲ့ ကျောင်းကလေးမှာ ပညာသင်ကြား နိုင်ကြတော့မှာပါ။ ညီလေးတို့ ၀မ်းသာရအောင်လို့  Before နဲ့  After ဓါတ်ပုံများကိုယှဉ်တွဲပြီးပို့ ပေးလိုက်ပါတယ်။

အင်မတန်မွန်မြတ်သန့် ရှင်းတဲ့ မေတ္တာ ဂရုဏာ ကိုယ်ချင်းစာစိတ်နဲ့ လှူဒါန်းခဲ့ကြတဲ့ မင်းတို့ရဲ့ စေတနာကို နတ်လူသာဓု ခေါ်ကြမှာ မလွဲပါဘူး။


S'pore မှာ ရောက်ရှိ နေကြပေမဲ့လည်း မြန်မာပြည် ကဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ကိုယ့်ညီလေး ညီမလေးတွေလို ခံစားနားလည်ပေးနိုင်တဲ့မင်းတို့ရဲ့ စိတ်ဓါတ်ကို လေးစား ဂုဏ်ယူမိပါတယ်။ ဒီစိတ်ဓါတ်လေးဟာ ဒို့မြန်မာတွေရဲ့ အင်မတန်ချစ်စရာကောင်းတဲ့ မျိုးချစ်စိတ်ဓါတ်ပဲပေါ့။ ဒီချစ်စရာကောင်းတဲ့ စိတ်ဓါတ်နဲ့ ဒို့ တတွေ့ ဒို့ ပြည်ကို  ပြန်လည် တည်ဆောက်ကြပါစို့ ။
S'pore မှ စေတနာရှင်သူငယ်ချင်းတစ်စုအား လေးစားဂုဏ်ပြုလျှက်။

ကိုငယ်(၀၉ ၅၁၆၂၀၆၀)
 စင်ကာပူမှာ စေတနာရှင်များရဲ့ အလှူဒါနကြောင့် ယခု ဤသို့ တွေ့မြင်ရပြီ ဖြစ်ပါတယ်....
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610