Sunday 30 June 2013

"သံဃာ့ညီလာခံအတွင်း သီတဂူဆရာတော်ကြီးပြောကြားသော မိန့် ခွန်းအပြည့်အစုံ"

©2013 YouTube, LLC 901 Cherry Ave, San Bruno, CA 94066

ဖတ်ကြည့် စေချင်လို့ ပါ။

Posted: 28 Jun 2013 10:48 AM PDT

နိုင်ငံရေးအကျဉ်းသားဟောင်း Blogger ကဗျာဆရာ စာရေးဆရာ နေဘုန်းလတ်ရဲ့  ညီလေးရေ စာအုပ်မိတ်ဆက်ပွဲကို HOME မှာ ဒီနေ့  နေ့ လည် ၁ နာရီက ကျင်းပခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ ၊ မနီလာသိန်း မမီးမီး ၊ ပြည်သူ့ ခေတ် အတိုင်ပင်ခံအယ်ဒီတာ ဦးဖေမြင့်၊ ဒါရိုက်တာ မောင်သူရ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့  အပြင် ဖိတ်ကြားထားတဲ့ စာနယ်ဇင်းသမား တွေနဲ့  သူ့ ပရိသတ်တွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ စာအုပ်က ကျပ်၂၀၀၀ နဲ့  ဖြန့် ချီမှာဖြစ်ပြီး ဒီနေ့ မှာတော့ မိတ်ဆက် အထူး လျော့ဈေးအနေနဲ့  ၁၅၀၀ နဲ့  ရောင်းချပြီး သူကိုယ်တိုင် လက်မှတ်ထိုးပေးပါတယ်။ ညီလေးရေ လို့  ရည်ညွှန်းထားတဲ့ မျိုးဆက်သစ်တွေအတွက် ထောင်ထဲမှာရေးသားခဲ့တဲ့ နောက် ပြည်သူ့ ခေတ် မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးတွေကို စုစည်း ထုတ်ဝေထားတာပါ။ ဒီနေ့ က သူ့ ရဲ့  ၃၃ နှစ်ပြည့် မွေးနေ့ ဖြစ်တာကြောင့် မွေး နေ့ ပွဲကိုလဲ တချိန်တည်းမှာ ကျင်းပခဲ့ပါတယ်။ House Of Media and Entertainment မှာရှိတဲ့ စာကြည့်တိုက်ကိုလဲ သူ့ မွေးနေ့  မှတ်မှတ်ရရ အနေနဲ့  ဖွင့်လှစ်လိုက်ကြောင်း ဒါရိုက်တာ မောင်သူရ က ကြေညာသွားပါတယ်။သတင်း ဓါတ်ပုံ - DVB Entertainment
(၄၉)နှစ်မြောက် ကိုမင်းကိုနိုင် မွေးနေ့မှာ နေဘုန်းလတ် ရေးခဲ့တဲ့ ကဗျာကို ဒီနေ့ ကဗျာရေးသူရဲ့ (၃၃)နှစ်ပြည့်မွေးနေ့မှာ အမှတ်တရ တင်လိုက်ပါတယ်...
Happy Birthday သူငယ်ချင်း......

“ကျွန်တော် မင်းကိုနိုင်ပါ…”
သံတိုင်တွေကြားထဲကနေ
ကမ်းပေးလာတဲ့လက်ကို
ဖျစ်ညှစ်ဆုပ်ကိုင်လိုက်မိချိန်မှာပဲ
ကျွန်တော့်ရဲ့ သွေးကြောတွေထဲ
အားအင်တွေ ပြင်းအားတစ်ခုနဲ့စီးဝင်လာ
“အစ်ကို… ငါတို့နဲ့အတူ ရှိနေတယ်” ဆိုတဲ့စိတ်နဲ့
အရာရာကို ရင်ဆိုင်ရဲခဲ့ပါတယ်။
သွေးသားမတော်စပ်ပေမယ့်
ကျွန်တော်တို့တွေ ရင်ဘတ်ချင်း နီးကပ်ခဲ့ကြ
အစ်ကို… ပါးစပ်နဲ့ရေးပြတဲ့ ၀တ္ထုတိုတွေ
ကျွန်တော် နားနဲ့ဖတ်ခဲ့ရဖူးတယ်
ည ည ရွတ်တဲ့ အစ်ကို့ရဲ့ကဗျာတွေကို
အိပ်ယာဝင်ပုံပြင်တွေလို ကျွန်တော် နားထောင်အိပ်စက်ခဲ့ဖူးတယ်
အစ်ကိုက… နှလုံးသားနဲ့ သီချင်းတွေဆိုပြတော့လဲ
ကျွန်တော် မျက်ရည်စက်လက်နဲ့ ခံစားနာကျင်ခဲ့ရ
“ကောင်းကျိုးအထွေထွေ ချွန်စေမြစေ
ဒေါင်းအိုးဝေ တွန်စေ က,စေ
တို့အဘိုးရဲ့ ရိုးရာလက်ရာအမွေ
ကျောင်းအနှံ့ ဒေါင်းအလံစိုက်ကာပေ…”
အစ်ကို မျှော်လင့်တဲ့အချိန်ကာလ
ကျွန်တော်တို့ တွန်ရင်း က,ရင်း ဆက်လျှောက်ကြရဦးမယ်။
“ရေခဲသေတ္တာထဲ နေရသလိုပဲ…” တဲ့
အစ်ကိုပြောလိုက်တဲ့စကား တဆင့်ပြန်ကြားရတော့
ကျွန်တော့်ဒုက္ခတွေကို မေ့သွားတယ်
အစ်ကို ရင်းနှီးခဲ့ရတဲ့
ဆယ်စုနှစ် နှစ်ခုစာကာလ
ပျိုမြစ်စိမ်းလန်းသော လူငယ်ဘဝ
ခက်ခဲကြမ်းတမ်းလွန်းလှတဲ့
သမိုင်းရဲ့စာမျက်နှာ အပိုင်းအစတွေထဲမှာ
အစ်ကိုတောင် ပြုံးနေနိုင်သေးရင်
ကျွန်တော်က ဘာလို့ စိတ်ဓါတ်ကျရမလဲ
အဲဒီလို… အဲဒီလို
အစ်ကို့ရဲ့ အရှိတရားသက်သက်က
ကျွန်တော့်ကို အားတက်စေခဲ့တယ်။
ကျေးဇူးပါ… အစ်ကို
မနက်လင်းချိန်တိုင်း ကြားခဲ့ရဖူးတဲ့
မင်္ဂလာပါ ဆိုတဲ့ အစ်ကို့အသံအတွက်
ကျေးဇူးပါ… အစ်ကို
ရံဖန်ရံခါ မြင်ခဲ့ရဖူးတဲ့
ရိုးသားရဲရင့်သော အပြုံးသန့်သန့်တွေအတွက်
ကျေးဇူးပါ… အစ်ကို
အစ်ကို နယ်ဖတ်ကျွေးခဲ့ဖူးတဲ့
စုံစီနဖာအသုတ်စုံဟင်းလျာအတွက်
ကျေးဇူးပါ… အစ်ကို
ညီတွေအားလုံးကို တစ်ယောက်မှ မလပ်စေခဲ့တဲ့
အစ်ကို့ရဲ့ ဂရုစိုက်ဖြည့်စွက်ပေးမှုတွေအတွက်
အထူးသဖြင့်…
အစ်ကို ဘ၀နဲ့ရင်းပြီး နားလည်စေခဲ့တဲ့
ယုံကြည်ချက်အတွက်
အဆုံးစွန်ဆုံးအထိ ရဲရင့်ရမယ် ဆိုတဲ့
အသိတရားတစ်ခုအတွက်
လေးလေးနက်နက်
ကျေးဇူးတင်လျက်ပါ… အစ်ကို။
လောကဓံရဲ့ရိုက်ချက်တွေ ဘယ်လောက်ကြမ်းကြမ်း
အစ်ကို လိပ်ပြာသန့်သန့်နဲ့ ဖြတ်သန်းနေမယ်ဆိုတာ
ကျွန်တော်… ယုံပါတယ်
အခက်အခဲ အတားအဆီးတွေများစွာအတွက်
ဆင်ခြေဆင်လက်တွေ လိုက်ရှာမနေဘဲ
အစ်ကို… လုပ်စရာရှိတာတွေ ဆက်လုပ်နေမှာကိုလဲ
ကျွန်တော်… နားလည်တယ်
အချိန်ကာလနဲ့ နေရာဒေသရဲ့ အကန့်အသတ်ကို
စိတ်ဓါတ်ခွန်အားနဲ့ ကျော်ဖြတ်
“မင်းကိုနိုင်” ဆိုတဲ့ အမှတ်လက္ခဏာတစ်ခုကို
ဘယ်လိုအရာမျိုးကမှ
တွန်းဖြိုချေဖျက်လို့ မရနိုင်ဘူးလို့လဲ
ကျွန်တော်… ယုံကြည်တယ်
သူရဲကောင်းတို့ရဲ့ နှလုံးသားဟာ
ခေတ်အဆက်ဆက်
ကူးစပ်တည်မြဲပါတယ်
အစ်ကိုလျှောက်ခဲ့တဲ့လမ်းကို
အစ်ကို့လို ပွင့်ရဲတဲ့ပန်းတွေ
မျိုးဆက်တစ်ခုချင်းစီ လက်ဆင့်ကမ်း
အစဉ်ထာဝရ လျှောက်လှမ်းနေကြဦးမယ်ဆိုတာ
မလွဲနိုင်တဲ့… သေချာမှုတစ်ခုပါ အစ်ကို။
အစ်ကို တာဝန်ကျေခဲ့ပါတယ်
ကျွန်တော်တို့ တာဝန်ကျေရဦးမယ်
မျိုးဆက်သစ်တွေ တာဝန်ကျေကြပါလိမ့်မယ်
လူငယ်ဆိုတာ…
သမိုင်းရဲ့ အချိုးအကွေ့တွေတိုင်းမှာ
ဘယ်သောအခါမှ မတွေဝေ မတုံ့ဆိုင်းခဲ့တဲ့သူ
လူငယ်ဆိုတာ…
ခေတ်ရဲ့ အဆိုးအကောင်းတွေထဲမှာ
ဘယ်တော့မှ ယိမ်းယိုင်ပြောင်းလဲမသွားတတ်တဲ့သူ
လူငယ်ဆိုတာ…
လိုအပ်ရင် လိုအပ်တဲ့ အချိန်တွေတိုင်းအတွက်
အမြဲအဆင်သင့်ရှိနေတတ်တဲ့သူ
ကြယ်တွေအစင်းစင်း ကြွေခဲ့ကြဖူးပေမယ့်
ကြယ်တွေအစင်းစင်း ဝေမြဲဝေဆဲ… ကောင်းကင်
လူငယ်ဆိုတာ…
အမှောင်ထုတိုင်းကို အန်တုဆန့်ကျင်မယ့်
ခေတ်တိုင်းရဲ့ အလင်းစွမ်းအင်ဖြစ်တယ်။
အစ်ကို့ရဲ့ မွေးနေ့တွေတိုင်းမှာ
အစ်ကို့ရဲ့ ညီတွေညီမတွေအားလုံးက
သူတို့ကိုယ်သူတို့
အလင်းလက်ဆုံး ထွန်းညှိပြကြရင်း
သူတို့ကိုယ်တိုင်ကိုက
အစ်ကို့အတွက် လက်ဆောင်တွေဖြစ်နေကြလိမ့်မယ်
အဲဒီအခါ… အစ်ကိုကလည်း
ချမ်းမြေ့စွာ တောက်ပခက်ဖြာနေရင်း
ကြည်နူးကျေနပ်နေဦးမှာ
ကျွန်တော်… သိပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
နေဘုန်းလတ်

29.09.2011 (Thursday)
16:00

18.10.2011 (Tuesday) မှာ ကျရောက်သော ကိုပေါ့်ရဲ့ (၄၉) နှစ်ပြည့် မွေးနေ့အမှတ်တရ...
ဘားအံအကျဉ်းထောင်မှ ရေးသားပေးပို့သည်။

ဒီမိုဝေယံ








Posted: 28 Jun 2013 10:49 AM PDT
သီတဂူဆရာတော် အရှင်ဥာဏိဿရ သံဃာ့ညီလာခံတွင် ဟောကြားတော်မူသော တရားမှကောက်နုတ်ချက်

မြတ်စွာဘုရားကို လူမိုက်တွေက ခဲနဲ့ ထုကြတယ်။ ခဲနဲ့ထုတာလောက်မကြည့်နဲ့  နောက်ကွယ်မှာ မြှောက်ပေးနေတဲ့ မိဖုရားရှိနေတယ်။ 
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

ဗဟုသုတ ရဖွယ်ရာမို့ ပါ။




Dear colleagues,
This is interesting analytical paper written by the experienced observer of many successful and failed transitions to democracy. A lot food for thought.

Best, Igor
----------------
မိတ်ဆွေများခင်ဗျာ
Educational Initiative ကနေ စီစဉ်တဲ့ ဒီမိုကရေစီဖတ်စာ Democracy Reader က ဒီအပတ်မှာတော့ ဒီမိုကရေစီအရေးကျွမ်းကျင်သူ နာမည်ကျော်ပညာရှင် ပါမောက္ခ လာရီဒိုင်းမွန်း ရေးသားတဲ့"နိုင်ငံရေးအရ သဘောတူညီချက် တစ်ရပ်လိုအပ်ချင်း" ဆောင်းပါးသစ်ကို ဘာသာပြန်ဆိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဆောင်းပါး ကို edu.initiatives.library@gmail.comမှာလည်း ဖတ်ရှု့နိုင်ပါတယ်။
နိုင်ငံရေးအရ သဘောတူညီချက်တရပ် လိုအပ်ခြင်း (၁)
လာရီ ဒိုင်းမွန်း

လာရီဒိုင်းမွန်းက Journal of Democracy ရဲ့ပူးတွဲအယ်ဒီတာဖြစ်ပြီး စတန်းဖို့ဒ် တက္ကသိုလ် Center on Democracy, Development, and the Rule of Law မှ ညွှန်ကြားရေးမှုးတစ်ဦးလည်းဖြစ်ပါတယ်။ ဆောင်းပါးကို  ၂၀၁၂ အောက်တိုဘာလထုတ် Journal of Democracy မဂ္ဂဇင်းထဲမှာ "မြန်မာနိုင်ငံတွင် ပွင့်လင်း လာ ခြင်း"ခေါင်းစဉ်အောက်မှာ အရင်ဆုံးဖော်ပြခဲ့ပြီး  မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေအပေါ်မှာ အလေးပေးသုံးသပ်ခဲ့ပါတယ်။
"မြန်မာနိုင်ငံသည် နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်အတွင်း ကျရောက်နေသည်"လို့  လာရီဒိုင်းမွန်းက သူ့ရဲ့ ဆောင်းပါးကိုအဖွင့်ရေးသားထားပါတယ်။ "အလွန်အမင်း အာဏာရှင်ဆန်ဆန်ကျင့်သုံးခဲ့သည့် စစ်အစိုးရမှ  နေ၍ တစုံတရာအခြေအနေသို့ တိုင်းပြည်က သွားနေသည်" လို့ဆက်ပြီးရေးသားထားပါတယ်။ "တစုံတရာ အခြေအနေ" ဆိုတာက ဒီမိုကရေစီလည်း ဖြစ်နိုင်သလို "ဒီမိုကရေစီတပိုင်း စစ်တပ်တပိုင်း ပေါင်းစပ်ထားသော စပ်ကြားစနစ်" လည်းဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအသွင်ကူးပြောင်းမှုက အလားအလာကောင်းတဲ့ ဒီမိုကရေစီကို မွေးထုတ်ပေးနိုင်သလို " မကျေနပ်မှုတွေ ပြင်ပြင်းထန်ထန်ဖြစ်နေပြီး မတည်ငြိမ်တဲ့ အာဏာရှင် တပိုင်းအစိုးရ" ကိုလည်းမွေးထုတ်ပေးနိုင်ပါတယ်။
"ဒီမိုကရေစီ အောင်မြင်အောင်တည်ဆောက်ရေးလမ်းကြောင်းမှာအဟန့်အတားကြီးစွာ အခက်အခဲဖြစ်နေစေ မည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အင်စတီကျူးရှင်းဆိုင်ရာ ပြဿနာ ၃ ခုကို" ဆောင်းပါးနောက်ပိုင်းမှာ လာရီဒိုင်းမွန်းက ဖော်ပြထားပါသေးတယ်။ အဆိုပါ ပြဿနာတွေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ အလေး ပေးဆွေးနွေးရမှာပါ။  နိုင်ငံရေးမှာ အဓိကပါဝင်ပက်သက်နေသူတွေ ပူးပေါင်းဆွေးနွေးထားတဲ့ အသွင်ကူးပြောင်း ရေး သဘောတူညီချက်ထဲမှာ ထည့်သွင်းဆွေးနွေးဖို့လိုတယ်လို့ သူက ယုံကြည်ပါတယ်။
အခုလိုရေးသားပြီးတော့ သူက ဆောင်းပါးကို နိဂုံးချုပ်ထားပါတယ်။ "လာမည့်၂-နှစ်တာကာလအတွင်းတွင်  မြန်မာနိုင်ငံအနေဖြင့် လုပ်ဆောင်ရန် နိုင်ငံရေးကိစ္စများစွာရှိနေပါသည်… ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းလာမည်လား သို့မဟုတ် ဒီမိုကရေစီလမ်းကြောင်းပေါ် ၎င်းကို ၎င်း တင်ထားနိုင်မည်လား သို့မဟုတ် မည်သို့သော ဒီမိုကရေစီလမ်းကြောင်းဆိုသည်ကို အားလုံးသဘောတူညီနိုင်ကြမည်လားဆိုသည် တို့မှာ လာမည့် ၂ နှစ်တွင်နိုင်ငံရေးအခြေအနေ မည်သို့ဖြစ်ပေါ်လာသည် ဆိုသည့်အပေါ်အကြီးအကျယ် မှီတည် နေပါသည်…. …စစ်အစိုးရနှင့် ဒီမိုကရေစီအင်အားစုများအကြား စစ်တပ်နှင့်အရပ်သားတို့အကြား  အဓိက အတိုက်အခံအင်အားစု(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) နှင့် ပိုအားငယ်သည့် အင်အားစုများအကြား လူများစု ဗမာ နှင့် အထွေထွေသောတိုင်းရင်းသား လူနည်းစုတို့အကြား ရှုပ်ထွေးခက်ခဲလှသည့် အချင်းအချင်းအပြန် အလှန် ချိတ်ဆက်နေသည့် အပေးအယူပြုမှုများ သဘောတူညီမှုများအတွက် အလေးအနက်ညှိနှိုင်းမှုများ လိုအပ်နေပါသည်…အတိုက်အခံအင်အားစုများက ဆွေးနွေးပွဲစကားဝိုင်းတွင် အစိုးရနှင့် ထိရောက်စွာမတွေ့ဆုံ မဆွေးနွေးမီတွင် ယင်းတို့်အချင်းချင်း ထိတွေ့ဆွေးနွေးကြရန်လည်းလိုအပ်နေပါသည်။ သူတို့အနေဖြင့် ပိုစုစည်း ညီညွတ်သည့် နိုင်ငံရေးအရပိုလက်ရည်တူဖြစ်သည့် နည်းပရိယာယ်ပိုင်းအရ ပိုပူးပေါင်းဆောင်ရွက်မည့် တပ်ဦး (တပ်ပေါင်းစု) တခုကို တည်ထောင်ကြရန်လိုအပ်ပြီး အစိုးရနှင့်တွေ့ဆုံကြရမည်ဖြစ်သည်…"
အခုဆောင်းပါးကို ဖတ်ရှု့ခြင်းဖြင့် စဉ်စားဆင်ခြင်စရာတွေ အများကြီးထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ စာဖတ်သူတွေတချို့က သူတို့ရဲ့ မိတ်ဆွေတွေနဲ့အတူ အခုဆောင်းပါးကို မျှဝေပြီး ပါမောက္ခ ဒိုင်းမွန်းရဲ့ လေ့လာ သုံးသပ်မှုတွေနဲ့ အကြံပေးချက်တွေကို အတူတကွဆွေးနွေး ကြမယ်လို့တောင် မျှော်လင့်မိပါတယ်။ နိုင်ငံရေး စိတ်ဝင်စားသူ တက်ကြွလှုပ်ရှားသူအုပ်စုတွေက ဆောင်းပါးကိုဖတ်ကြပြီး ဆောင်းပါးထဲက အတွေးအခေါ်တွေ စိတ်ကူးစိတ်သန်းတွေကို အတူတကွဆွေးနွေးကြလို့ ဧရာဝတီဆိုဒ်မှာ တင်ထားတဲ့ ဒီမိုကရေစီဖတ်စာ Democracy Reader အစီအစဉ်က  စိတ်ကူးသက်သက်အီလက်ထရောနစ်ပုံစံကနေ လက်တွေ့ဘ၀မှာ အကောင်အထည်ပေါ်လာပြီး အသက်ဝင်လာရင်လည်း ကျွန်တော်တို့အနေနဲ့ အများကြီးနှစ်ထောင်းအားရ ဖြစ်မိ မှာပါ။ ပါမောက္ခ ဒိုင်းမွန်းရဲ့ အကဲဖြတ်ဝေဖန်မှုတွေကို မိတ်ဆွေတို့အနေနဲ့ သဘောတူနိုင်သလို သဘောမတူ တာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ မိတ်ဆွေတို့ဆွေးနွေးနိုင်ဖို့ အရေးကြီးတဲ့ စိတ်ကူး တွေကို သူကပေးအပ်နေတယ်ဆိုတာပါ။ မိတ်ဆွေတို့က ဒီဆောင်းပါးကိုနောက်ထပ်မျှဝေချင်လို့ pdf ပုံစံနဲ့ လိုချင်တယ်ဆိုရင်လည်း edu.initiatives.library@gmail.com မှာ ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် လာရောက်ဆက်သွယ်နိုင်ပါတယ်။
ဒီမိုကရေစီ နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပညာရပ်ဆိုင်ရာ လေ့လာကိုးကားစရာ စာအုပ်စာတမ်းတွေကို ကျွန်တော်တို့ရဲ့ www.eduinitiatives.org မှာရှာကြည့်နိုင်ပါတယ်။ အင်္ဂလိပ် ဘာသာနဲ့ ရေးသားထားတာတွေ အများကြီးရှိသလို တချို့ကိုလည်းမြန်မာလိုပြန်ဆိုထားပါတယ်။ နောက်ဆုံးအသစ်တင်ထားတာတွေကတော့ "နိုင်ငံတကာဆက်ဆံရေးပညာမိတ်ဆက်" http://www.eduinitiatives.org/courses/introduction-international-relations နဲ့ ကျွန်တော်တို့ကျောင်းသားဟောင်းတွေရေးသားပြုစုထားတဲ့ "မြန်မာပြည်အရေးတွင် တရုတ်ပြည်အခန်းကဏ္ဍ" နဲ့ "မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုတွင် ဒီမိုကရေစီပညာရေးအခန်းကဏ္ဍ" စာတမ်တို့ပါပဲ။
ကျွန်တော်တို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/pages/Educational-Initiatives-Burma/242593362527323 ကိုလည်း လာရောက်ချိတ်ဆက်ပူးပေါင်းလို့ရနိုင်ပါသေးတယ်။ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပက်သက်ပြီးစိတ်ဝင်စားဖွယ်ဆောင်းပါးတွေရဲ့ လင့်ခ်တွေ နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု အတွေ့အကြုံရှိထားပြီသားတခြားနိုင်ငံတွေအကြောင်းဆောင်းပါးတွေကို အဲဒီမှာတင်ပေးထားတတ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/pages/Educational-Initiatives-Burma/242593362527323 ကိုလည်း လာရောက်ပူးပေါင်းလို့ရနိုင်ပါသေးတယ်။
အကြံပြုပြောဆိုချင်တာတွေရှိရင်လည်း ဒီမိုကရေစီဖတ်စာ Democracy Reader ရဲ့ အယ်ဒီတာတွေကို edu.initiatives.library@gmail.com မှာ အီးမေလ်းကနေတဆင့် လွတ်လွတ်လပ်လပ် စာရေးဆက်သွယ်နိုင် ပါတယ်။
ဆန္ဒမွန်များစွာဖြင့်
အီဂေါ(ကျောင်းအုပ်ကြီး)
Educational Initiatives / FAT




--
http://www.burmaburo.blogspot.com

Friday 28 June 2013

ဒေါင်းမာန်ဟုန်







Posted: 27 Jun 2013 04:00 PM PDT
ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ မျိုးစောင့် ဥပဒေလို့ ဆိုတဲ့ ဥပဒေ တရပ် အတည်ပြု ပြဌာန်းနိုင်ရေးအတွက် သံဃာတော်တွေ ဆွေးနွေးခဲ့ကြပါတယ်။ဗုဒ္ဒဘာသာဝင် မြန်မာ အမျိုးသမီးတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် ဥပဒေတရပ် ပြဌာန်းနိုင်ဖို့ လိုအပ်နေပြီလို့ အင်းစိန်မြို့နယ် အောင်ဆန်း တောရ တပ်ဦးကျောင်းမှာ ကျင်းပခဲ့တဲ့ အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြဝါဒ ခံယူပွဲ ခေါင်းစဉ်နဲ့ သံဃာ့အစည်းအဝေးမှာ အဓိက ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအချက်ကို ထောက်ခံကြတဲ့ သံဃာတော် ၁၅၀ဝ လောက် တက်ရောက် လာတဲ့ ပွဲမှာ ကိုယ့်ဘာသာ ကို ထိန်းသိမ်း ကာကွယ်ဖို့ ဆောင်ရွက်တာကို ကန့်ကွက်တာဟာ မသင့်တော်ဘူးလို့ အစည်းအဝေးကို ဦးဆောင်ကျင်းပ ခဲ့တဲ့ အင်းစိန် ရွာမ စာသင် တိုက်က ဆရာတော် ဦးတိလောက က မိန့်ကြား ခဲ့ပါတယ်။တခြား ဘာသာ အသီးသီးမှာ သူတို့ဘာသာကို ကာကွယ်ဖို့ အတွက် ပြဌာန်းချက် တွေ ရှိနေတာမို့ ဗုဒ္ဓဘာသာကိုလည်း အလားတူ ကာကွယ်ပိုင်ခွင့် ရှိကြောင်း၊ ဒီလို ကာကွယ်ဖို့ ဆောင်ရွက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာ မဟုတ်ကြောင်း သံဃာတော်တွေက ပြောခဲ့ကြပါတယ်။

ဒီညီလာခံကို မြန်မာနိုင်ငံမှာ ရှိတဲ့ တိပိဋက ဆရာတော် ၉ပါး စလုံး ကလည်း ထောက်ခံတယ်လို့ ဆိုပါတယ်။အဲဒီ မျိုးစောင့် ဥပဒေ မူကြမ်းကို သံဃာတော် တွေရဲ့ တိုက်တွန်းချက်အရ ရေးဆွဲခဲ့တဲ့ ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်ကလည်း မြန်မာ အမျိုးသမီးတွေ ဘာသာခြားနဲ့ လက်ထပ်တဲ့အခါ တခြားဘာသာတွေရဲ့ စည်းကမ်း ဥပဒေတွေ ကိုတော့ Statutary Law လို့ ခေါ်တဲ့ ပြဌာန်း ဥပဒေ အနေနဲ့ သတ်မှတ်ခံရပြီး မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေကို ကျတော့ Customary Law လို့ ခေါ်တဲ့ ဓလေ့ထုံးတမ်း ဥပဒေအဆင့်သာ သတ်မှတ်တာကြောင့် ပြဿနာ ဖြစ်လာရင် သူများဘာသာရဲ့ ဥပဒေတွေကိုသာ လိုက်နာ နေရတယ်လို့ ပြောပါတယ်။

တခါ The face of Buddhist Terror ဆိုတဲ့ မျက်နှာဖုံး ဆောင်းပါးကို ဖော်ပြခဲ့တဲ့ Time Magazine ကိုလည်း ဒီအစည်းအဝေးမှာ ရှုတ်ချခဲ့ကြပါတယ်။ဒီဆောင်းပါးဟာ နိုင်ငံနဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် စွပ်စွဲ ပုတ်ခတ်မှု ဖြစ်တယ်၊ ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်နဲ့ ဗုဒ္ဓ သာသနာရဲ့ ပုံရိပ်ကိုလည်း နိုင်ငံ တကာက အထင်အမြင် လွဲစေနိုင်တယ်လို့ ဒီညီလာခံက သုံးသပ် ပြောဆိုခဲ့ပါတယ်။မလေးရှားကနေ ပြန်ရောက် လာတာနဲ့ လေဆိပ်ကနေ ညီလာခံဆီ တန်းပြီး ကြွလာခဲ့တဲ့ သီတဂူ ဆရာတော် အသျှင် ညာဏိသရ က အခုအခါ မွတ်ဆလင် နိုင်ငံတွေဖြစ်နေတဲ့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ ဘင်္ဂ္လားဒေ့ရှ် လို နိုင်ငံတွေဟာ တချိန်က ဗုဒ္ဓဘာသာ နိုင်ငံတွေ ဖြစ်ခဲ့တာကို ဆောင်းပါးရှင် Henna Beach က လစ်လျူရှုခဲ့ တယ်လို့ ဆိုခဲ့ပါတယ်။

ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ အတွက် ဒီညီလာခံကို တက်လာတဲ့ သံဃာ့ အဖွဲ့နဲ့ အစိုးရ၊ သံဃာ့ မဟာ နာယက၊ ပြည်သူ စတဲ့ အင်အားစု လေးခုစလုံး ညီညွတ်ကြဖို့ လိုတယ် လို့လည်း မိန့်ကြားခဲ့ပါတယ်။ဒီတော့ ညီလာခံ တက်လာတဲ့ သံဃာ ၁၅၀ဝ ရဲ့ သဘောထားဟာ သံဃာအားလုံးရဲ့ သဘောထား ဖြစ်တယ်လို့ ခုချိန်မှာ ပြောနိုင်ဖို့ ခက်ပါတယ်။ဒါပေမယ့် ဒီညီလာခံ ကျင်းပခဲ့တဲ့ အနေအထား ကိုကြည့်ရင် မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာကို ကာကွယ်ဖို့အတွက် အရေးကြီးနေပြီ ဆိုတဲ့ သဘောထားမျိုး ရှိတဲ့ အင်အားစု တရပ် ကြီးကြီးမားမား ရှိနေတာကိုတော့ တွေ့မြင်နေရပါတယ်၊

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ကတော့ အမျိုးဘာသာ သာသနာကို စောင့်ထိန်းရမယ် ဆိုတာကို လက်ခံပေမယ့် ဒီမျိုးစောင့် ဥပဒေကြမ်းပါ အချက်တွေဟာ ယဉ်ကျေးမှု ဓလေ့စရိုက်တွေနဲ့ရော ဗုဒ္ဓဘာသာ ပြဌာန်းချက်တွေနဲ့ပါ မညီတဲ့အတွက် အတည်ပြုလာနိုင်စရာ မရှိဘူးလို့ ဘီဘီစီ ကို ပြောပါတယ်။

ဘီဘီစီ
Posted: 27 Jun 2013 03:43 PM PDT
ကျွန်တော်တို့ကျောင်းသားတွေရဲ့ အမျိုးသားပညာရေးလှုပ်ရှားတောင်းဆိုမှုဟာ အခုအခါမှာ အကူးအပြောင်းကာလတစ်ခု ကို ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ဗြိတိသျှကိုလိုနီသမားလက်ထက်မှာ သူတို့သစ္စာတော်ခံကျွန်ယုံတွေရဖို့သက်သက် ရည်ရွယ်ထားတဲ့ ကိုလိုနီပညာရေးပုံစံနဲ့ပုံသွင်း ထုတ်လုပ်ခဲ့ကြပါတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်းဖဆပလခေတ်မှဲာပြည်တော်သာပညာရေးစီမံကိန်းရေးဆွဲပြီး ၁၉၅၂-၅၆ကာလအကောင်အထည်ဖော်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။အကြပ်အတည်းအများအပြားကြုံတွေ့ပျက်ပြယ်ခဲ့ရပါတယ်။ဒါဟာဘာကြောင့်လည်းဆိုရင်ပညာရေးပြုပြင်ပြောင်းလဲရေးကိုဖော်ဆောင်တဲ့ အုပ်ချုပ်ရေးပိုင်းမှာ အရာရှိဆိုးစနစ်ထွန်းကားပြီး အကျင့်ပျက်ခြစားမှုဒုနဲ့ဒေးရှိခဲ့တာဟာ အဓိက ပြဿနာ အရင်းခံ အကြောင်းတရားပါ။ပြီးတော့ ပညာရေးပြုပြင်ပြောင်းလဲမှုကိုပြည်သူနဲ့ကျောင်းသားတွေရဲ့ဆန္ဒ ကျယ်ကျယ်ပြန့်ပြန့်မခံယူဘဲ အစိုးရဘက်တစ်ဘက်တည်းကသာ လုပ်ဆောင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ချက်တွေဟာ လူတစ်စုအတွေးအခေါ်အရ လုပ်ဆောင်တဲ့ တလမ်းမောင်း ပညာရေးစနစ် သာဖြစ်ပါတယ်။ ပဒေသရာဇ်စနစ်ရဲ့အငွေ့အသက် အကြွင်းအကျန်တွေဖြစ်လို့ အများစုပြည်သူနဲ့ ကျောင်းသားထုအပေါ် မလေးစား တန်ဖိုးမထားတာတွေ့ရပါတယ်။ကိုလိုနီခေတ်၊ဖဆပလခေတ် ပညာရေးပြုပြင်ပြောင်းလဲရေးတွေဟာ ပြည်သူနဲ့ကျောင်းသားထုဆန္ဒမပါရှိတဲ့လုပ်ဆောင်ချက်တွေဖြစ်လို့မအောင်မမြင်ဖြစ်ရတယ်။ ကျောင်းသားနဲ့ ပြည်သူကိုခြွင်းချန်ထားပြီး ပညာရေးပြုပြင်ဖို့ကြိုးစားတိုင်း အောင်မြင်မှာမဟုတ်ဘူးလို့ သမိုင်းသက်သေပြ သင်ခန်းစာယူရလိမ့်မယ်။

ဖဆပလခေတ်ကုန်ဆုံးပြီး ဗမာပြည်မှာစစ်အာဏာရှင်စနစ်ကို စတင်အသက်သွင်းလိုက်ချိန်မှာတော့ပညာရေးဆုတ်ယုတ်မှုဟာ စံချိန်တင်လောက်အောင်ဖြစ်ပေါ်ကျဆင်းခဲ့ပါတယ်။အဓိကကတော့ အုပ်ချုပ်သူလူတန်းစားဟာကျောင်းသားပြည်သူကို မလေးစားရုံတင်မက ရန်သူသဖွယ် သဘောထားဆက်ဆံမှုတွေပါ ရှိလာတာကြောင့်လို့ပြောရပါမယ်။အုပ်ချုပ်တဲ့စစ်အစိုးရဟာကိုလိုနီတစ်ပိုင်း ပဒေသရာဇ်တစ်ပိုင်းဖြစ်နေတဲ့ ဗမာပြည်ပညာရေးစနစ်ကို ထပ်မံဖာထေးသုံးစွဲခဲ့ပြန်တယ်။ဒီလိုဖာထေးတဲ့နေရာမှာသူတို့ကိုယ်ပိုင်ဖြစ်တဲ့ ကျဉ်းမြောင်းသော အမျိုးသားရေးအမြင်၊မဟာလူမျိုးကြီးဝါဒ၊စစ်သူရဲကောင်းဝါဒ၊ဒီမိုကရေစီဖျက်သိမ်းရေးမူ၊အတွေးအခေါ်ပိတ်ပင်တားမြစ်ရေးရည်ရွယ်ချက်တွေပါထပ်လောင်းပေါင်းထည့်ခဲ့ပြန်တယ်။

စစ်အာဏာရှင်ခေတ်တလျှောက် လူမျိုးစုတွေရဲ့ မိခင်ဘာသာစကားသင်ကြားမှုလုံးဝပိတ်ပင်ခံရတာ၊

ယိုးဒယား-မြန်မာစစ်ပွဲအဟောင်းတွေကိုဖုန်သုတ်ပြီးကျောင်းသင်ခန်းစာထဲပြဌာန်းခဲ့တာ၊သမဂ္ဂတွရဲ့ အခန်းကဏ္ဍကို စနစ်တကျ ဖျက်သိမ်းပိတ်ဆို့ခဲ့တာ၊ပညာရှင်တွေကိုနောက်တန်းပို့ပြီး ကပ်ဖားရပ်ဖားတွေကို ပွဲထုတ်တာတွေဟာ စစ်ဝါဒပုံဖော်မှုတွေပဲလို့ ခြုံငုံသုံးသပ်ရပါလိမ့်မယ်။ဒီလိုအခြေအနေတွေအောက်မှာကျောင်းသားလှုပ်ရှားမှုတွေ ဘယ်လိုဖြစ်ပေါ်ခဲ့သလဲ။ဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွေ ဘယ်အတိုင်းအတာအထိလုပ်ဆောင်နိုင်ခဲ့သလဲ။ပညာရေးပြုပြင်ပြောင်းလဲမှုကြိုးပမ်းချက်တွေ ဘယ်အဆင့်ထိ ရောက်ခဲ့ကြသလဲ…။ကျွန်တော်တို့ဆန်းစစ်လေ့လာကြပါစို့။

အမှောင်ထု၊တိုက်ပွဲဖိအားနှင့် အပြန်အလှန်အကျိုးသက်ရောက်ချက်များ


ကိုလိုနီထမ်းပိုးအောက်က ဗမာပြည်သားတွေ ညီညီညွတ်ညွတ်ရုန်းကြဖို့အတွက် ပထမကျောင်းသားသပိတ်အပြီးမှာပဲအမျိုးသားကျောင်းတွေနဲ့အမျိုးသားပညာရေးစနစ်ကို စတင်ကြံဆအကောင်အထည်ဖော်ခဲ့ကြပါတယ်။နယ်ချဲ့အုပ်ခုပ်ရေးအောက်မှာမိမိတို့စာပေ။ယဉ်ကျေးမှု၊အနုပညာ၊အမျိုးသားရေးဆိုင်ရာ ထိမ်းသိန်းကာကွယ်ရမယ့် သဘာဝပတ်ဝန်းကျင်အမွေအနှစ်တွေ မပျောက်ပျက်အောင်ကာကွယ်ဖို့ ကျောင်းသားထုဟာ ပြည်ချစ်စိတ်ဓာတ်မွေးပြီးအမျိုးသားပညာရေးတိုက်ပွဲအလံကို အမြင့်မားဆုံးလွှင့်ထူခဲ့ကြပါတယ်။တက္ကသိုလ် ကောလိပ်တွေကကျောင်းပြီးသွားတဲ့ ကျောင်းသားတစ်ဦးဟာ ဘဝအာမခံချက်ရရှိဖို့နဲ့ အမိနိုင်ငံတည်ဆောက်ရေးမှာကျရာတာဝန်ထမ်းဆောင်ပြီး တတပ်တအားပါဝင်ဖို့ အမျိုးသားပညာရေး တောင်းဆိုခဲ့ကြတာပါ။ကိုလိုနီခေတ်ကျောင်းသားထုတိုက်ပွဲဟာနယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအထိတိုးချဲ့နိုင်ခဲ့လို့ ၁၉၄၈ ဇန်နဝါရီ၎ရက်နေ့မှာ ဗမာပြည်လွတ်လပ်ရေးရသည်အထိ အောင်မြင်ခဲ့တယ်လို့ ပြောရပါမယ်။

လွတ်လပ်ရေးရပြီး ဗမာပြည်ပညာရေးဟာ ကိုလိုနီပညာရေးကို ဖာထေးဖြည့်စွက်မွမ်းမံတီထွင်ထားတဲ့ပညာရေးစနစ်သက်သက်သာဖြစ်ခဲ့တယ်။အဲဒီ့ခေတ်အစိုးရဟာ တိကျတဲ့ပညာရေးဝါဒနဲ့ ထိုဝါဒအပေါ်အခြေခံရမည့်ပညာရေးစနစ်မရှိကြောင်း သိသိသာသာတွေ့ရတယ်။ဒါကြောင့်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဦးဆောင်ပြီးသမဂ္ဂရဲဘော်အားလုံးက တောင်တန်းပြည်နယ်များမှာနေထိုင်တဲ့ လူမျိုးစုကျောင်းသားရဲဘော်တွေနဲ့အတူလက်တွဲပြီးပညာရေးပြုပြင်ပြောင်းလဲရေးကို လှုံ့ဆော်ခဲ့ပါတယ်။ပညာ ရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာနှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း၊တန်းခွဲတန်းချစနစ်ဖျက်သိမ်းရေးတိုက်ပွဲများ ဆင်နွှဲခြင်း၊ပြည်သူမုန်းတဲ့စစ်သုံးဘတ်ဂျက်လျှော့ချပြီးပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့တောင်းဆိုခြင်းတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။အစိုးရကိုပညာရေးမူဝါဒချမျတ်ဖို့၊ဒီမိုကရေစီပညာရေးစနစ်တည်ဆောက်ဖို့ အကြံပြုချက်တွေပေးပို့ခဲ့ပါတယ်။ကျောင်းသားပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကို မယုံကြည်တဲ့အစိုးရဟာ ကျောင်းသားသမဂ္ဂတွေရဲ့ တရားဝင်ရပ်တည်ခွင့်ကိုဖျက်သိမ်းပစ်ဖို့ကြိုးစားပြီး ကျောင်းသားထုပညာရေးတိုက်ပွဲကို လက်တုံပြန်တိုက်ခိုက်လာတာတွေ့ရှိခဲ့ရပါတယ်။

ပညာရေးကိုလျစ်လျုရှုမှု၊ပြည်တွင်းစစ်အဆတ်မပြတ်ဆင်နွှဲမှု၊တိုင်းပြည်မငြိမ်မသက်ဖြစ်မှုတို့ကြောင့်ကျောင်းသားတို့၏ အတွေးအခေါ်နှင့် အရည်အချင်းဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား အကြီးအကျယ်ဖြစ်စေခဲ့ပါတယ်။၁၉၆၂မှာစစ်အုပ်စုက အာဏာသိမ်းပြီး ဒီမိုကရေစီကို အကြွင်းမရှိ ဖြိုလှဲကာ လူသတ်ဝါဒ၊လက်နက်အားကိုးဝါဒဖြင့်ပြည်သူကိုစိန်ခေါ်ခဲ့ပါတယ်။ကျောင်းသားထုဟာ ဒီမိုကရေစီကျဆုံးခြင်းကို ဆန့်ကျင်ကန့်ကွက်ဖို့ အသက်အသေခံပြီးလမ်းမထက်မှာ ခွပ်ဒေါင်းအလံစွဲကိုင် တိုက်ပွဲဝင်ခဲ့ရပြန်ပါတယ်။အခွင့်ကောင်းကိုချောင်းနေတဲ့စစ်အာဏာရှင်တွေဟာ သမိုင်းအစဉ်အလာကြီးမြတ်တဲ့ ကျောင်းသားသမဂ္ဂတွေကို တချက်တည်းနဲ့ဖျက်သိမ်းပစ်ဖို့အယုတ်မာဆုံးနည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။၁၉၆၂ ဇူလိုင်တိုက်ပွဲတွေ တော်တော်ပြင်းထန်ခဲ့ပြီးတကသအဆောက်အဦး ဗုံးခွဲဖြိုချသည်အထိ ကျောင်းသားထုကို နှိပ်ကွပ်ခဲ့ကြပါတယ်။အဲဒီအချိန်ကစလို့ဗမာပြည်သမိုင်းမှာ အရေးအပါဆုံးဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အပါအဝင်တက္ကသိုလ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံ ကျောင်းသားသမဂ္ဂတွေဟာ တရားဝင်ရပ်တည်လှုပ်၇ှားခွင့်ဆုံးရှုံးခဲ့ရပါတယ်။

အာဏာရှင်ခေတ်တလျှောက်လုံး ပညာရေးကို အမျိုးမျိုးစမ်းသပ်ခဲ့ကြတယ်။စနစ်သစ်ပညာရေးခေါင်းစဉ်တပ်ပြီး ကျောင်းသားတွေကို ဓာတ်ခွဲခန်းထဲက ယုန်ကလေး၊ပူးကလေးတွေလိုစမ်းသပ်ခဲ့တယ်။ပညာရေးဟာ ဘက်ပေါင်းစုံက ချွတ်ခြုံကျ နိမ့်ပါးသွားရတယ်။သင်ထောက်ကူပစ္စည်းမလုံလောက်မှု၊စာသင်ဆောင်နဲ့ ကျောင်းသားအဆောင်မလုံလောက်မှု၊အဆောင်တွေမှာ အစားအသောက်ညံ့ဖျင်းမှု၊ကျောင်းကြိုကားတွေ အဆင်ပြေအောင်စီစဉ်မပေးနိုင်မှု စတာတွေဟာ ကျောင်းသားတွေရဲ့မကျေနပ်ချက်ကို တိုးပွားစေခဲ့ပါတယ်။သင်ယူရရှိခဲ့တဲ့ ပညာဟာ ကျောင်းပြီးသွားရင် ဘဝအာမခံချက်မပေးနိုင်တာ အဆိုးဆုံးကိစ္စပါပဲ။

ကျောင်းသားထုအခွင့်အရေးနစ်နာတာတွေရှိနေပေမယ့်ဦးဆောင်ကာကွယ်တောင်းဆိုပေးမယ့် သမဂ္ဂ မရှိတာကြောင့် ဗမာပြည်နိုင်ငံရေးဟာ နကန်းတလုံးမှမသိသူတွေလက်ထဲမှာ အကြီးအကျယ် လှိုက်စားပျက်စီးနေရပါတယ်။ကျောင်းသားသမဂ္ဂရရှိရေး ကြိုးပမ်းမှုဟာကျောင်းသားထုကြီးရဲ့ အာသီသ အပြင်းပြဆုံးရည်မှန်းချက်ပန်းတိုင်ဖြစ်ခဲ့တာကို ၁၉၆၉ကျွန်းဆွယ်အရေးအခင်းနဲ့၁၉၇၀ ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင် အရေးအခင်းတွေကိုကြည့်ပြီးသိနိုင်ပါတယ်။

၁၉၇၅မှာ မဆလနိုင်ငံတော်ကောင်စီဝင် ဒေါက်တာလှဟန်နဲ့ပညာရေးဝန်ကြီးဒေါက်တာခင်မောင်ဝင်းတို့ တက္ကသိုလ်ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲလုပ်တဲ့အခါစက်မှုကျောင်းသားတွေက အထွေထွေနစ်နာချက်တွေကို ဖော်ထုတ်တောင်းဆိုပြီး ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ပေးဖို့ဆွေးနွေးရာကနေမဆလဘက်က တာဝန်မယူတာကြောင့် ကျောင်းသားသပိတ်ကြီး ဖြစ်ပေါ်ခဲ့ရပြန်ပါတယ်။၁၉၇၄၊၇၅၊၇၆ သုံးနှစ်ဆက်တိုက်ဖြစ်ပေါ်ခဲ့တဲ့အရေးတော်ပုံတွေဟာ အစိုးရက ပညာရေးအောက်ကျနောက်ကျဖြစ်နေတာကို လက်ပိုက်ကြည့်ပြီး ပြုပြင်ပြောင်းလဲမှုလုံးဝမလုပ်ခဲ့တာကြောင့်ဖြစ်တယ်။

မဆလစစ်အုပ်စုရဲ့အာဏာကို လူထုက အကြီးအကျယ်စိန်ခေါ်ခဲ့တဲ့၁၉၈၈နောက်ပိုင်းမှာလက်နက်ကိုင်ပြီး အာဏာပြန်သိမ်းတဲ့နဝတ၊နအဖအစိုးရခေတ်ပြန်ရောက်သွားပါတယ်။ဒီခေတ်မှာလည်းပညာရေးကို ဦးစားပေးခြင်း အလျင်းမရှိဘဲ ထင်ရာမြင်ရာစီမံကိန်းတွေ အတင်းချမှတ်ကာ ဗမာပြည်ပညာရေးကိုစနစ်တကျ ဖျက်ဆီးခဲ့ပါတယ်။

အကျိုးဆက်များအနေနဲ့……….

၁။ဘွဲ့ရ ပညာမတတ်သူတွေပေါများလာတယ်။

၂။ဘွဲ့ရပြီးအလုပ်လက်မဲ့ဖြစ်သူတွေ တိုးပွားလာတယ်။

၃။ကျောင်းသင်ပညာရေးဟာစာကျက် စာမေးပွဲဖြေ အောင်လက်မှတ်ရတဲ့ အဆင့်ထက် မပိုတော့ဘူး။

၎။ကျောင်းသင်ပညာရေးနဲ့မလုံလောက်လို့အပြင်ကျူရှင်တွေ မှိုလိုပေါက်လာတယ်။သူငယ်တန်းကအစ ကျူရှင်ယူနေရတယ်။

၅။ဆရာဆရာမတွေကိုယ်တိုင် လစာငွေမလုံလောက်လို့ ကျူရှင်ပြနေရတယ်။ ကျူရှင်မတက်နိုင်တဲ့ကလေးတွေအပေါ်ခွဲခြားဆက်ဆံတာတွေရှိလာတယ်။

၆။ကျောင်းစရိတ်ကြီးမြင့်မှုကြောင့်ဆင်းရဲနွမ်းပါးကလေးတော်တော်များများ ကျောင်းထွက်အလုပ်လုပ်ရတယ်။ ကလေးလုပ်သား လူတန်းစားတရပ်ပေါ်ပေါက်လာတယ်။အခန့်မသင့်ရင်ကလေးစစ်သားအဖြစ် ရောင်းစားခံရတဲ့ အထိ အခြေအနေဆိုးတယ်။

၇။ဆင်းရဲနွမ်းပါးကလေးတွေကိုပညာသင်ပေးဖို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ နေရာအနှံ့အပြားမှာပေါ်ပေါက်လာတယ်။ပရဟိတမိဘမဲ့ကလေးကျောင်းတွေလည်း တည်ထောင်လာကြတယ်။ကျောင်းအများစုကတော့ ရန်ပုံငွေ ရှားပါးမှုနဲ့ရင်ဆိုင်နေရတယ်။

၈။ပြည်ပထွက်အလုပ်လုပ်ချင်သူတွေအတွက်လည်း သင်တန်းမျိုးစုံထွက်ပေါ်လာတယ်။စရိတ်စက ကြီးလွန်းလို့ လူတိုင်းမတတ်နိုင်ဘူး။ဒါကြောင့်ဘာသင်တန်းမှမတတ်ဘဲ ပြည်ပထွက်သွားတဲ့ unskill workersတွေဟာ သူတပါးတိုင်းပြည်မှာ ကျွန်သဘောနဲ့ အခိုင်းခံနေရတယ်။

၉။အခြေခံပညာအထက်တန်းစာမေးပွဲရမှတ်ဖြင့် တက္ကသိုလ် ဘာသာတွဲ(လိုင်း)ခွဲခြားခြင်းကြောင့် မိမိဝါသနာပါရာပညာကို မသင်ကြားရခြင်းဖြစ်လာတယ်။လုံးဝထိရောက်မှုမရှိသော၊စွမ်းရည်မမြင်ပမားသော စာသင်စနစ်ကြောင့်ကျောင်းသားဘဝ နစ်နာဆုံး၇ှုံ့းရပါတယ်။

၁၀။ရရှိလာတဲ့ဘွဲ့ဟာကျောင်းသားတစ်ဦးချင်းစီအတွက် ဘဝအာမခံချက် ခိုင်ခိုင်မာမာ မပေးနိုင်တာကြောင့် ဘွဲ့ရပြီးမှအကြော်ရောင်းရတာ၊ ဆိုက်ကားနင်းနေရတာတွေ ရှိလာတယ်။

ဒါတွေဟာ ထုတ်နှုတ်ယူဖို့ ထင်၇ှားတဲ့ အပြစ်အနာအဆာတွေဖြစ်ပြီးဒီထက်မကရှိသေးပါတယ်။အခုခေတ်ပညာရေးစနစ်ကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးဆိုတာ လုံးဝမ၇ှိသလောက်နည်းပါးတယ်လို့ပြောနိုင်ပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းချက်နှင့်အကြံပြုချက်များ

ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်ရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်တွေနဲ့ အကြံပြုချက်တွေကို တင်ပြပါမယ်။၂၀၁၂ခုနှစ်၊ဇန်န၀ါရီ၁၈ ရက်နေ့ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီကို ဖွဲ့စည်းပြီးချိန်ကတည်းက ကျောင်းသားထုအရေးဦးဆောင်ရပ်တည်လှုပ်ရှားပေးမယ့် ကျောင်းသားသမဂ္ဂများကို နယ်မြေဒေသအသီးသီးမှာ လိုက်လံဖွဲ့စည်းခဲ့ပါတယ်။ဖွဲ့စည်းပြီးကျောင်းသား သမဂ္ဂများနဲ့ ဗဟိုအဖွဲ့ချုပ်တို့ ပူးတွဲကာပညာဒါနကျောင်းများဖွင့်လှစ်ခြင်း၊စွမ်းရည်မြှင့်တင်သင်တန်းများပေးခြင်း၊စာကြည့်တိုက်များတည်ထောင်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ဗဟိုနှင့်ဒေသဆိုင်ရာသမဂ္ဂအချို့မှထုတ်ဝေဖြန့်ချီတဲ့ စာစဉ်များနှင့် လက်ကမ်းစာစောင်များတွင် ပညာရေးပြုပြင်ပြောင်းလဲရေးအတွက်ဝါဒဖြန့်ချီစည်းရုံးရေးကိုလည်း တွင်တွင်ကျယ်ကျယ် ပြုလုပ်ခဲ့ပါတယ်။ဗကသများအဖွဲ့ချုပ်ရဲ့မူဝါဒ(၅)ချက်မှာ တစ်ချက်အပါအ၀င်ဖြစ်တဲ့ ဒီမိုကရေစီပညာရေးကို ဦးတည်ဆောင်ရွက်ကြဖို့ခရိုင်ပေါင်းစုံကျောင်းသားသမဂ္ဂများ တွေ့ဆုံနှီးနှောဖလှယ်ပွဲ ကိုလည်း ၂၀၁၃ခုနှစ်၊ဖေဖေါ်ဝါရီလမှာပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ဒီဆွေးနွေးပွဲ ရလဒ်အဖြစ် ခရိုင်အသီးသီးမှာ စာဖတ်ဝိုင်းများပြုလုပ်ခြင်း၊စာပေဟောပြောပွဲများပြုလုပ်ခြင်း၊ကြေညာချက်များထုတ်ဝေခြင်း၊ပညာရေးပြုပြင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊တက္ကသိုလ်အက်ဥပဒေ ပြန်လည်ရေးဆွဲရေးဆိုင်ရာအကြံပြုစာမူများစုဆောင်းခြင်း စသည့်နည်းလမ်းများသုံးစွဲကာ ဒီမိုကရေစီပညာရေးအနှစ်သာရများကို ဖော်ထုတ်ခဲ့ကြပါတယ်။အခုလိုဖော်ထုတ်ရရှိလာတဲ့ အခြေခံသဘောတရားများကိုကျွန်တော်တို့ ဗကသများ အဖွဲ့ချုပ်က လက်ရှိကျင်းပနေတဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေးညီလာခံမှာ အကြံပြုစာတမ်း အဖြစ် တင်သွင်းဖို့ ရည်ရွယ်ထားပါတယ်။ဒီအကြံပြုချက်များကတော့_

(က) ဒီမိုကရေစီပညာရေးဖော်ဆောင်ရာတွင်တိုင်းပြည်၏လက်ရှိလူမှုစီးပွားဘ၀နှင့် ကိုက်ညီသောမူများကို အခြေခံရပါမည်။ဗကသများအဖွဲ့ချုပ်၏ ဆန်းစစ်လေ့လာမှုအရထွက်ပေါ်လာသော မူ(၃)ရပ်မှာ-

(၁) အမျိုးသားလက္ခဏာဆောင်ခြင်း(National)

(၂) အများစုအတွက်ဖြစ်ခြင်း(Popular)

(၃)သိပ္ပံနည်းကျခြင်း(Scienctific) တို့ဖြစ်သည်။

(ခ) ထိုမူများအရလုပ်သင့်လုပ်ထိုက်သောပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နည်းလမ်းများမှာ-

(၁) ပညာရေးစီမံကိန်းရေးဆွဲရမည်။

(၂) ထိုသို့စီမံကိန်းရေးဆွဲရာတွင်လမ်းညွှန်အတွေးအခေါ်နှင့် မူဝါဒရှိရမည်။

(၃) ထိုအတွေးအခေါ်နှင့်မူဝါဒမှာဒီမိုကရေစီပညာရေးအခြေခံမူ(၃)ရက်ကို ထင်ဟပ်

နေစေရမည်။

(၄) ထိုအတွေးအခေါ်မူဝါဒစီမံကိန်းများချမှတ်နိုင်ရန် တစ်နိုင်ငံလုံးရှိ ကျောင်းသား-

ဆရာ-မိဘ-ပညာရေးပညာရှင်များနှင့် ပညာရေးကိုစိတ်ပါဝင်စားသူအားလုံး

ပါဝင်ဆွေးနွေးနိုင်မည့် အမျိုးသားအဆင့် ပညာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ

ညီလာခံတစ်ရပ်ကို အစိုးရကိုယ်တိုင်က လက်ခံခွင့်ပြုကျင်းပပေးရမည်။

(၅) ထိုညီလာခံမှ လက်ရှိမူမမှန်သောပညာရေးအားနည်းချက်မှန်သမျှကို ပြင်ဆင်

ပြောင်းလဲပြီး တစ်တိုင်းပြည်လုံးအကျိုးရှိစေမည့်အမျိုးသားပညာရေးစနစ်

တစ်ခုလုံးကို ဖန်တီးပေးရမည်။

(ဂ) ထိုပညာရေးစနစ်မှအာမခံရမည့် အခြေခံအချက်များမှာ-

(၁) လူမျိုးစုအားလုံး၏ကိုယ်ပိုင်စာပေ၊ဘာသာစကား၊ယဉ်ကျေးမှုလက္ခဏာများကို

လွတ်လပ်စွာ သင်ယူလေ့လာပိုင်ခွင့်။ထိန်းသိမ်းကာကွယ်ပိုင်ခွင့်ရှိရမည်။

(၂) ဘ၀အာမခံချက်ရှိသောအဆင့်မြင့်ပညာရပ်များနှင့် စက်မှုလက်မှု အသက်မွေး

ဝမ်းကြောင်းအတတ်ပညာများကို လက်တွေ့လုပ်ကိုင်သင်ကြားနိုင်ခွင့်ရှိရမည်။

(၃) လူတိုင်းမသင်မနေရပညာရေးစနစ်နှင့်အခမဲ့ပညာရေးစနစ်ဖော်ဆောင်ပေးရမည်။

(၄) ကျောင်းသားများကိုကျောင်းထုတ်ခြင်း၊စည်းကမ်းတင်းကျပ်ခြင်း၊ဖိနှိပ်ခြင်း

ကင်းမဲ့သည့်၊ကျောင်းသားအခွင့်အရေးအာမခံချက်ရှိသည့်တက္ကသိုလ်ဝန်းကျင်

ဖန်တီးပေးခြင်းရှိရမည်။

(၅) ကျောင်းသားတိုင်းပရိဘောဂ၊ကျောင်းသုံးပစ္စည်း၊ကျောင်းဆောင်၊ပြဌာန်းစာအုပ်၊

ပညာသင်ထောက်ပံ့ကြေး၊ဆေးဝါး၊ကြိုပို့ယာဉ် စသည်တို့မချို့မတဲ့ရရှိစေနိုင်သော

ကျောင်းသားဘ၀သာယာဝပြောမှုရှိရမည်။

(၆) တက္ကသိုလ်တိုင်း အစိုးရမှချုပ်ကိုင်မှုကင်းဝေးပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ

ရရှိသော ပညာရေးလွတ်လပ်ခွင့်ရှိရမည်။

(၇) ကျောင်းသားပြည်သူတို့ဆန္ဒနှင့်အညီ ရေးဆွဲထားသော ကျောင်းသားထုအခွင့်

အရေးများကို ကာကွယ်ပေးနိုင်သည့် ခေတ်မီတက္ကသိုလ်အက်ဥပဒေတစ်ရပ်

ပေါ်ထွက်လာရမည်။

(၈) တက္ကသိုလ်ကောင်စီတွင်အနည်းဆုံးကျောင်းသားကိုယ်စားလှယ်(၂)ဦး

ကျောင်းသားထုက ရွေးကောက်တင်မြှောက်ပိုင်ခွင့်ရှိရမည်။

(၉) တက္ကသိုလ်၊ကောလိပ်၊သိပံ၊သက်မွေးနှင့်အခြေခံပညာကျောင်းတိုင်းတွင်

ကျောင်းသားထုကဒီမိုကရေစီနည်းလမ်းတကျ လွတ်လပ်စွာရွေးချယ်

တင်မြှောက်ထားသည့် ကျောင်းသားသမဂ္ဂများကို တရားဝင်ရပ်တည်ခွင့်

ပြုရမည်။

(၁၀) ဆရာ/မ များကို လစာလုံလောက်စွာပေးခြင်း၊အရည်အချင်းမြှင့်သင်တန်းများ

ပေးခြင်း၊ပညာသင်ကြားရေးနှင့် သုတေသနလုပ်ငန်းများတွင်ဖိဖိစီးစီး

လုပ်ဆောင်နိုင်ရန် အားပေးခြင်းများရှိရမည်။တပြိုင်နက်တည်းကျောင်းသား-

ဆရာ ချစ်ကြည်စွာပူးတွဲဆောင်ရွက်ရေးကိုလည်းတွန်းအားပေးရမည်။

(၁၁) ကျောင်းသားထုအခွင့်အရေးအပြည့်အ၀ရရှိရေး၊ကျောင်းသားတိုင်းလွတ်လပ်စွာ

ရေးသားတင်ပြခွင့်နှင့် ကျောင်းသားထုကိုယ်တိုင်စာပေ၊အနုပညာ၊သတင်းနှင့်

အားကစား လုပ်ငန်းများကို လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ရှိရမည်။


(ဃ) ထိုသို့ပညာရေးပြုပြင်ပြောင်းလဲရေးများပြုလုပ်နိုင်ရန် အထူးအရေးကြီးဆုံး(၂)ချက်ကို ထပ်မံအကြံပြု လိုပါသည်။ငြိမ်းချမ်းရေးနှင့် ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးတို့ဖြစ်ပါသည်။ဒီ(၂)ချက် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပါသည်။


(၆၅)နှစ်ကြာ တိုက်နေသောပြည်တွင်းစစ်ကြောင့်တိုင်းပြည်မငြိမ်းချမ်းပါ။စစ်မက်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများရှိပါသည်။၎င်းတို့၏သားသမီးများ ပညာသင်ကြားနိုင်ခွင့်ရရှိဖို့လည်း ပညာရေးမူဝါဒ ချမှတ်သူများ ထည့်သွင်းစဉ်းစားရပါမည်။ပြည်တွင်းစစ်ကြောင့်အကုန်အကျခံနေရသော စစ်သုံးစရိတ်များကို လျှော့ချပြီး ပညာရေးအသုံးစရိတ်မြှင့်တင်ဖို့အလွန်အရေးကြီးပါသည်။တိုင်းပြည်မငြိမ်းချမ်း စေသော ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်ဆိုင်းပြီးပညာရေးအသုံးစရိတ်လုံလုံလောက်လောက်မြှင့်တင်ရေးကို အင်တိုက်အားတိုက် ကြိုးပမ်းသွားကြဖို့အထူးအကြံပြု တိုက်တွန်းလိုပါသည်။

ကျော်ကိုကို






Posted: 27 Jun 2013 09:37 AM PDT
မုံရွာပြည်သူ့ဆေးရုံကြီးဝင်း၏ တောင်ဘက်တံခါးပေါက်တွင် ယခုလ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့၌ အမျိုးသမီးတစ်ဦးမှ အသက်အသေခံမည်ဟု ဆိုကာ ၀ပ်စဉ်းလျက် လမ်းပေါ်တွင်အိပ်နေခဲ့ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး၏ ဆက်သွယ်ပြောကြားချက်များအရ သိရသည်။

" ဖခင်ဖြစ်သူကိုယ် တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အခါ ကျန်းမာရေးထိခိုက်ပြီး မူးမေ့လဲသွား ရာကနေ ဆေးရုံကိုရောက်လာတာဖြစ်ပါတယ်။ သူ့ဖခင်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးမှုးမှာ တာဝန်ရှိတယ်ဆိုပြီး ဖြေရှင်းပေးဖို့ ကားကိုရပ်ခိုင်းရာကနေ အခုလို ကားရှေ့မှာ သမီးဖြစ်သူက အိပ်နေတာဖြစ်ပါတယ်.." ဟု ၎င်း ဆေးရုံ ၀န်ထမ်းတစ်ဦးမှ မျက်မြင်အခြေအနေတစ်ရပ်အား ယင်းကဲသို့ ပြောပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးတည်ဆောက်ရန် မြေယာရှင်းလင်းခြင်း ဆောင်ရွက်ရာတွင် လူနေအိမ်အချို့မှ ဖယ်ရှားပေးခြင်းမရှိသည့်အတွက် ဟုဆိုကာ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊နေ ဦးရွှေရ ဆိုသူ အပေါ် မြို့နယ်တရားရုံးမှ ပြစ်မှုကြီးအမှုအမှတ် ၃၇၃၅/ ၂၀၁၃ ၊ အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်း နည်းဥပဒေ အရ ထုတ်ပြန်ထားသော နည်းဥပဒေ ၆၉(၂) ရုံးတော်သို့ ထုချေရှင်းလင်းရန် ပျက်ကွက်ခဲ့သည့် အတွက် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနပိုင် မှတ်တမ်းများအရ သိရသည်။
" ပြီးခဲ့တဲ့သောကြာနေ့က တရားရုံးသမ္မာန်စာရောက်လာတယ်။ တနင်္လာနေ့ရုံးချိန်တဲ့။ မနေ့က အဖေက ရုံး ကိုမသွားဖြစ်ခဲ့ဘူး။ အဲ့ဒါကြောင့် ဒီနေ့ကို ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အကြောင်း ရဲတွေကအိမ်ကိုလာပြီး ၀ရမ်း ဖတ်ပြနေတဲ့အချိန်မှာ အဖေကမေ့လဲသွားတာကြောင့် အခုလို ဆေးရုံကိုရောက်လာရတာဖြစ်ပါတယ်.." ဟု ကားရှေ့၌ ၀ပ်စဉ်းအိပ်ခဲ့သူ မညိုမမှ ပြောပြသည်။

Monywa Times
Posted: 27 Jun 2013 09:33 AM PDT
မြန်မာ့ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလုပ်ခွင့် လိုင်စင်ရရှိခဲ့တဲ့ နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီက တယ်လီဖုန်း လုပ်ငန်းတွေကို အမြန်အကောင်ထည်ဖော်ပြီး မြန်မာနိုင်ငံသား ကျွမ်းကျင်သူတွေကို အလုပ်ခန့်အပ်ကာ သက်သာတဲ့ဈေးနှုန်းနဲ့ လုပ်ဆောင်မယ်လို့ ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ဆက်သွယ်ရေး ညွန်ကြားရေးမှူး ဂလန်မန်ဒီလစ်က ဒီဗွီဘီကို ပြောပါတယ်။

"မြန်မာက ကျနော်တို့ကုမ္ပဏီအတွက် အလုပ်ခန့်မယ့်လူ အများစုဟာဒေသခံ ၀န်ထမ်းတွေပဲ ဖြစ်မှာပါ။ ဒါကြောင့် ကျနော်တို့ ကုမ္ပဏီအသစ်မှာ လိုအပ်တဲ့နေရာတွေ အတွက် ဒေသခံ ကျွမ်းကျင်တဲ့သူတွေကို ခန့်အပ်သွားမှာလည်းဖြစ်ပါတယ်။ ကျနော်တို့က အာရှမှာလည်း လုပ်ငန်း အတွေ့အကြုံတွေရှိပါတယ်။ ကျနော်တို့ရဲ့ ၀န်ဆောင်မှုဟာလည်း မြန်မာ
လူထုတွေ အားလုံး တတ်နိုင်ရမှာ ဖြစ်ပါတယ်"

ဆက်သွယ်ရေးနဲ့ နည်းပညာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေထဲက နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီနဲ့ ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီတို့ကို ရွေးချယ်လိုက်ကြောင်း တင်ဒါစိစစ်ရေး အဖွဲ့က ဒီနေ့ ကြေညာလိုက်တာပါ။

ဥရောပ မြောက်ပိုင်း၊ အရှေ့နဲ့ အလယ်ပိုင်း အပါအ၀င် အာရှဒေသဆက်သွယ်ရေး
ဈေးကွက်ကြီး ၅ ခုမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနေတဲ့ တယ်လီနော်ကုမ္ပဏီဟာ ဆက်သွယ်ရေးရင်းနှီးမြှုပ်နှံခွင့် လိုင်စင်ရရှိရင် ၁ နှစ်အတွင်း ဆက်သွယ်ရေး ၀န်ဆောင်မှုတွေ ပေးနိုင်မယ်လို့ ကုမ္ပဏီဥက္ကဋ္ဌက ပြောဆိုထားပါတယ်။

၂၀၁၂ ခုနှစ်အထိ တယ်လီနော် မိုဘိုင်းအသုံးပြုသူ ကမ္ဘာမှာ ၁၄၈ သန်း ရှိပါတယ်။ ၂၀၁၂ ခုနှစ်အတွက် လုပ်ငန်း မတည်ငွေ နော်ဝေခရိုနာ ၁၀၂ ဘီလီယံ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံဝန်းကျင် ရင်းနှီးမြှုပ်နှံထားပြီး ၀န်ထမ်း ၃ သောင်းကျော် ရှိပါတယ်။

အခုလို ဆက်သွယ်ရေးတင်ဒါ အောင်မြင်သွားတဲ့အတွက် အထူးဝမ်းမြောက်ကြောင်းနဲ့ အပြီးသတ်လုပ်ငန်းစဉ်တွေအတွက် မြန်မာအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တယ်လီနော်က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

"ကျနော်တို့ဟာ မြန်မာပြည်သူတွေအတွက် မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးနိုင်ဖို့ အတွက် ကျနော်တို့ရဲ့ အတွေ့အကြုံ..၊ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တာဝန်ယူမှုရှိရှိနဲ့ အသုံးချပြီး အကောင်အထည်ဖော်သွားဖို့ သံန္နိဋ္ဌာန်ချထားပါတယ်။ အခုလက်ရှိမှာ လိုင်စင်လုပ်ငန်းရဲ့ နောက်ဆုံး အပြီးသတ်လုပ်ငန်းစဉ်တွေကို မြန်မာအစိုးရနဲ့ ညှိနှိုင်းလုပ်ဆောင်သွားဖို့ ရှိနေပါတယ်" လို့ တယ်လီနော် ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jon Fredrik Baksaas က ကြေညာချက်မှာ ပြောဆိုပါတယ်။

ကာတာအခြေစိုက် အိုရီဒူးကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ အင်ဒိုဆက်ကုမ္ပဏီကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အော်ရီဒူးကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး ၂ နှစ်အတွင်းမှာ မြန်မာ့လူဦးရေ ၉၀ ရာခိုင်နှုန်းအထိ 3G တယ်လီဖုန်း သုံးစွဲခွင့်ရအောင် ပြုလုပ်မယ်လို့ ပြောဆိုထားပြီး တာဝါတိုင်ပေါင်း ၁ သောင်းကိုလည်း တည်ဆောက်သွားမယ်လို့ ပြောထားပါတယ်။

တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီစာရင်းထဲမှာ အရန်ကုမ္ပဏီတွေအဖြစ် ပြင်သစ်အခြေစိုက် အော်ရိမ်းကုမ္ပဏီနဲ့ ဂျပန်အခြေစိုက် မာရူဘီနီ ကုမ္ပဏီကို ရွေးချယ်
ထားပါတယ်။

News>>>DVB
photo credit>> Kyaw Oo
TELENOE @ thailand
Telenor Myanmar Facebook.
Posted: 27 Jun 2013 09:30 AM PDT
အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမှုသည် ရည်ရွယ်ချက်ကောင်းကြောင်း၊သံဃာ ၁၀၀၀ ကျော်တက်ရောက်သည့် အမျိုး ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ၌ သီတဂူဆရာတော်ကြီးက တစ်နာရီကျော်ကြာ မိန့်ကြားသော သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။

ထို့အပြင် သီတဂူဆရာတော်ကြီးက အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ရပ်ပေါ်ပေါက်က အစိုးရ၊
နိုင်ငံတော်သံဃမဟာနာက၊ သံဃာထုတစ်ရပ်လုံး စည်းစည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အကြံပေးဆွေးနွေးသူ ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်ကလည်း ယင်းဥပဒေသည် လူ့အခွင့်အအရေးနှင့်ညီကြောင်း၊ အခြားနိုင်ငံများတွင် ၄င်းတို့ ဘာသာများအတွက်ခတ်ထားသော ခြံစည်းရိုးကို လူ့အခွင့်အရေးနှင့်မညီဟု မပြောကြောင်းစသည်ဖြင့် ဥပဒေကြောင်းရာများဆွေးနွေးခဲ့သည်။

ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)
Popular Myanmar News Journal
Posted: 27 Jun 2013 09:06 AM PDT

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲကို မြန်မာနိုင်ငံ သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်ကြီးများ၊ သံဃာတော် အပါးတစ်ထောင်ကျော်တက်ရောက်တဲ့ ဇွန်လ ၂၇ရက်နေ့အခမ်းအနားမှာ မျိုးစောင့်ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရေး လုပ်ဆောင်သွားမယ်လို့ မိန့်ကြားလိုက်ပါတယ်။
Posted: 27 Jun 2013 08:38 AM PDT
( IHS Jame's Defence Weekly မှ 25 Jun 2013 ရက်စွဲပါ " Independent report confirm UWSA helicopter sighting " သတင်းကို အကျဉ်းချုပ်ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ အစိုးရမဟုတ်သော အကြီးဆုံးလက်နက်ကိုင်အဖွဲ့ UWSA ( ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မ တော်) က တရုတ်နိုင်ငံထံမှ ပို့ဆောင်ရေးရဟတ်ယာဉ်များအား လက်ခံထားရှိကြောင်း ဖော်ပြခဲ့သည့် IHS Jame's Defence Weekely၏ အစီရင်ခံစာကို မြန်မာနိုင်ငံအရှေ့မြောက်ဒေသ ရှမ်းပြည်နယ်မှ လွပ်လပ်သော ဒေသခံသတင်းအရင်း အမြစ်များ က အတည်ပြုလိုက်ပါသည်။

နိုင်ငံတကာ အသိအမှတ်ပြု မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဘာတစ်လ် လင့်တနာ၏ ဇွန် ၂၅ရက်စွဲပါ Asiam Times online မှ သတင်းဆောင်းပါးတွင် Mil Mi – 17 Hip အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စင်းသည် တရုတ် နယ်စပ် နှင့်မဝေးသော အရှေ့မြောက် ဝတောင်တန်းပေါ်ရှိ ပန်းဝါမြို့အနီးမှ မန်နမ်ဆိုင်တွင် လတ်တလော အခြေစိုက်ထားပြီး စူးစမ်းထောက်လှမ်းသော မျက်လုံးများ၏ ရန်မှ ဖုံးကွယ်ထားသည်ဟု ၎င်းနယ်မြေနှင့် နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကား၍ ရေးသားဖော်ပြထားသည်။

Yangon chronicle
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

ဒီမိုဝေယံ








Posted: 28 Jun 2013 06:39 AM PDT
6.27.16
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော်မှ သြ၀ါဒစကား မိန့်ကြားစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲဆောင်ရွက်သွားရန် ဇွန် ၂၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်ရွာမရှိ အောင်ဆန်းတပ်ဦး ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော် ဘုရားကြီးက တိုက်တွန်းခဲ့သည်။
''အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဆိုတဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ အမျိုးစောင့်၊ ဘာသာစောင့်၊ သာသနာစောင့်ရုံတင် မကဘဲ နိုင်ငံပါ စောင့်ရှောက်နိုင်ဖို့ အတွက် ငုံမိ၊ ခြုံမိတဲ့ စကားလုံးရွေးဖို့တော့ လိုပါတယ်။ ဦးဆောင်ကော်မတီတစ်ခု ဖွဲ့စည်းပြီးတော့ ဖွဲ့စည်းပုံရယ်၊ အခြေခံစည်းမျဉ်းရယ်၊ စကားလုံး ရွေးချယ်ပုံရယ်၊ အဖွဲ့ရဲ့ အမည်နာမရယ်၊ စနစ်တကျ ပြန်လည်စိစစ် ဆောင်ရွက်ဖို့ သံဃာတော် အရှင်သူမြတ်အားလုံးရဲ့ ရှေ့မှောက်မှာ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကို တပည့်တော် လျောက်ထားပါတယ်။

 ဂိုဏ်းဂဏပေါင်းစုံ ညီညွတ်ခြင်းနဲ့ ဖွဲ့စည်းထားတဲ့ သံဃမဟာနယက အဖွဲ့ကြီးနဲ့ မျိုးစောင့် သံဃ၀ံသာနုရက္ခိတ အဖွဲ့နဲ့ ဘယ်လို လက်တွဲမလဲ၊ ဘယ်လိုသဘောထား ညီညွတ်အောင် လုပ်မလဲ၊ နှစ်ဘက် ဘယ်လို ညှိနှိုင်းမလဲ ပေါင်းစည်းညီညွတ်မှုက အရေးကြီးပါတယ်'' ဟု သီတဂူဆရာတော် အရှင်ဥာဏိဿရက မိန့်ကြားခဲ့သည်။
ဗုဒ္ဓဘာသာ ရဟန်းတော်များ အနေနှင့် လက်ရှိဖြစ်ပျက်နေသော အခြေအနေများအား ဗုဒ္ဓ၏ လမ်းညွန်မှုဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ညီညွတ်ခြင်းဖြင့် မိမိအလုပ်ကို မိမိဆက်လက် လုပ်ဆောင်ရန် သီတဂူဆရာတော်က တိုက်တွန်းခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသားများကြား ငြိမ်းချမ်းရေးရရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း ယခုကဲ့သို့ ဘာသာရေး ဆန့်ကျင်ဘက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းသည် ထိုလမ်းကြောင်းမှ သွေဖည်သွားစေရန် ရည်ရွယ်သည်ဟု ထင်မြင်ယူဆကြောင်းနှင့် ထိုသို့လာ၍ လှုပ်တိုင်း မလှုပ်မိစေဖို့ရန်၊ လှုံ့ဆော်သူများ၏ လက်သုံးမဖြစ်ဖို့ရန်...

သီတဂူဆရာတော်က အခမ်းအနားရှိ သံဃာတော်များအား ''သေးငယ်တဲ့ မတော်တဆ ဖြစ်တာတွေကို အကျယ်မချဲ့မိဖို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ မူဆလင်ဘာသာ စတဲ့ ဘာသာဝင်အားလုံးကို ဒီနေရာကနေ တောင်းပန်ပါတယ်။ ဒီအရိပ်ကိုခိုပြီး ဒီသစ်ပင်ကို မဖျက်ဆီးကြဖို့ ဒီသစ်ပင်ကို စောင့်ရှောက်ကြဖို့ တောင်းပန်ပါတယ်။ ရန်ငြိုးမဖွဲ့သင့်သည်ကို အကျယ်မချဲ့မိဖို့ လိုအပ်ပါတယ်။ အကျယ်ချဲ့ခြင်းက ငြိမ်းချမ်းရေး ပျက်စီးခြင်းရဲ့ အကြောင်း၊ ညီညွတ်မှု ပျက်စီးခြင်းရဲ့ အကြောင်းပါပဲ။ ဒီနေ့ တပည့်တော်တို့ နိုင်ငံမှာ ဒါမျိုးတွေ ခဏခဏ ဖြစ်နေတယ်။ အဲဒါတွေကို တပည့်တော်တို့တွေက ၀င်မပါမိစေဖို့ ၀င်ထိန်းပေးဖို့၊ တပည့်တော်တို့ အားလုံး ဆောင်ရွက်ကြရမှာဖြစ်တယ်။ အဲဒါမျိုးတွေမှာ ၀င်ပါရင် တိုင်းမ်မဂ္ဂဇင်းက စွပ်စွဲတဲ့ သွေးပူအောင်၊ လုပ်တဲ့အထဲ တပည့်တော်တို့ ရောက်သွားလိမ့်မယ်'' ဟု မိန့်ကြားခဲ့သည်။
အမြင်ကျယ်ကျယ်ဖြင့် အလုပ်လုပ်ဖို့ လိုအပ်ကြောင်းကိုလည်း ဟောပြောခဲ့ပြီး သံဃာတော်များ အနေနှင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၏ နောက်တွင် မည်သူရှိနေသည်ကို သိမြင်ဖို့ လိုသည်ဟုလည်း မိန့်ကြားခဲ့သည်။

ထို့နောက် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ရန် အတွက် သံဃာထု၏ နောက်တွင် International Outlook ရှိသော ပုဂ္ဂိုလ်များ၊ ဥပဒေ ပညာရှင်များပါ ရှိရန်လိုအပ်ပြီး အစိုးရ အပါအ၀င် ပြည်သူများပါ ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
6.27.17
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော် သြ၀ါဒမိန့်ကြားနေစဉ်
အစိုးရနှင့် တိုင်းရင်းသားများကြား ငြိမ်းချမ်းရေးရရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း ယခုကဲ့သို့ ဘာသာရေး ဆန့်ကျင်ဘက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းသည် ထိုလမ်းကြောင်းမှ သွေဖည်သွားစေရန် ရည်ရွယ်သည်ဟု ထင်မြင်ယူဆကြောင်းနှင့် ထိုသို့လာ၍ လှုပ်တိုင်း မလှုပ်မိစေဖို့ရန်၊ လှုံ့ဆော်သူများ၏ လက်သုံးမဖြစ်ဖို့ရန် ဆရာတော်က တိုက်တွန်းလိုက်သည်။

အလွန်မွန်မြတ်သော တပည့်တော်တို့ နိုင်ငံ၏ စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံး လက်တွဲနေမယ် ဆိုတာကို နိုင်ငံတော် အစိုးရဘက်က စတင်နေတဲ့ အချိန်မှာ အဲဒီစနစ် မအောင်မြင်အောင်၊ အဲဒီစနစ်ကို ဖြိုခွဲဖို့ ဘာသာရေး လှုံ့ဆော်မှုတွေ ၀င်လာတယ်လို့ တပည့်တော် တွေးမိတယ်။ အဲဒီလို ကိုင်လှုပ်တိုင်း၊ တပည့်တော်တို့ မလှုပ်မိကြဖို့ လှုံ့ဆော်သူတွေရဲ့ လက်သုံးဖြစ်မသွားဖို့ အရှင်ဘုရားတို့၊ တပည့်တော်တို့အားလုံး သတိထားတော် မူကြရန် လိုအပ်ပါတယ်'' ဟု သီတဂူဆရာတော် ဘုရားကြီးက အခမ်းအနားသို့ တက်ရောက်လာသည့် သံဃာတော် ၁၀၀၀ ကျော်ကို တိုက်တွန်းခဲ့သည်။

ထို့ပြင် သီတဂူဆရာတော်ကြီးက ဇွန် ၁ ရက်ထုတ် တိုင်း(မ်) မဂ္ဂဇင်းဆောင်ပါးတွင် မြန်မာနိုင်ငံ၏ ရဟန်းတော် တစ်ပါးအား ဗုဒ္ဓဘာသာ အကြမ်းဖက်သမားဟု အဓိပ္ပာယ်ရသည့် (The Face of Buddhist Terror) အဖြစ် စွပ်စွဲဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ဆောင်းပါးရေးသားသူအား ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်းနှင့် ရေးသားသူ၏ ရေးသားချက်များ အားလုံးကို ကန့်ကွက်ကြောင်း မိန့်ကြားခဲ့ပြီး သံဃာတော် အစည်းအဝေးကြီးတွင် သဘောထားခံယူခဲ့ရာ သြ၀ါဒခံယူပွဲသို့ တက်ရောက်လာသည့် သံဃာတော်များက သဘောတူညီ ခဲ့ကြသည်။

နိဂုံးချုပ်တွင် သီတဂူဆရာတော်က အမျိုးဘာသာ  သာသနာကို စောင့်ရှောက် နိုင်ရေးသည်
 နိုင်ငံတော်အစိုးရနှင့် လက်တွဲ ညီညွတ်ဖို့ အရေးကြီးကြောင်း၊ ဥပဒေပညာရှင်များအဖွဲ့၊ နိုင်ငံတကာကို သိမြင်သည့် သံဃာတော်များဖြင့် ညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း သည်းခံခြင်းတို့ဖြင့် ဆောင်ရွက်သွားကြရန် သံဃာတော်များအား မိန့်ကြားခဲ့သည်။

EMG
Posted: 27 Jun 2013 08:41 AM PDT

"အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးကြိုးပမ်းမှု ရည်ရွယ်ချက်ကောင်းဟု သီတဂူဆရာတော်ကြီးမိန့်"

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမှုသည် ရည်ရွယ်ချက်ကောင်းကြောင်း၊သံဃာ ၁၀၀၀ ကျော်တက်ရောက်သည့် အမျိုး ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ၌ သီတဂူဆရာတော်ကြီးက တစ်နာရီကျော်ကြာ မိန့်ကြားသော သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။

ထို့အပြင် သီတဂူဆရာတော်ကြီးက အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ရပ်ပေါ်ပေါက်က အစိုးရ၊
နိုင်ငံတော်သံဃမဟာနာက၊ သံဃာထုတစ်ရပ်လုံး စည်းစည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အကြံပေးဆွေးနွေးသူ ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်ကလည်း ယင်းဥပဒေသည် လူ့အခွင့်အအရေးနှင့်ညီကြောင်း၊ အခြားနိုင်ငံများတွင် ၄င်းတို့ ဘာသာများအတွက်ခတ်ထားသော ခြံစည်းရိုးကို လူ့အခွင့်အရေးနှင့်မညီဟု မပြောကြောင်းစသည်ဖြင့် ဥပဒေကြောင်းရာများဆွေးနွေးခဲ့သည်။

ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)
ပေါ်ပြူလာဂျာနယ်..
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

ထောင်ချောက်




ထောင်ချောက်ထဲ တိုးဝင်တော့မှာလား
Created on Thursday, 27 June 2013 18:43
Written by သူရိန်လှိုင်ဝင်း
AddThis Social Bookmark Button
6.27.1အခုတလောမှာ အင်တာနက် လူမှုကွန်ရက်တွေပေါ်မှာ အမျိုးသားရေးဆန်တဲ့ ဦးဝီရသူကို အကြောင်းပြုပြီး သံဃာထုအပေါ်မှာ ရိုင်းစိုင်းစွာ စော်ကားမှုတွေ အတော်ကြီးကို များပြားလာတာကို တွေ့မြင်ခဲ့ရတယ်။ လစ်ဘရယ်လို့ ကိုယ့်ကိုယ်ကိုယ် အမည်တပ်ထား သူတွေဟာ စည်းလွတ်ဝါးလွတ်ကိုပဲ သံဃာထုအပေါ်ကို တိုက်ခိုက်လာခဲ့တာကို မမြင်ချင်ဘဲ မြင်တွေ့နေရတယ်။ ၀မ်းနည်းစရာ အကောင်းဆုံးကတော့ သံဃာထုအပေါ်မှာ မိုက်ရိုင်းစွာ စော်ကားလာသူတွေဟာ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ရဲ့သတင်းတွေ၊ ဓာတ်ပုံတွေကို တင်လေ့ရှိတဲ့ ခွန်ဒီးယမ်၊ ဒီမိုဖက်တီးလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက လူတွေဖြစ်နေတာပါပဲ။ အများအားဖြင့် သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဘော်တွေကိုသာ တင်ပြလေ့ ရှိတဲ့အတွက် ဒီလိုမျိုးသံဃာထုအပေါ် ရိုင်းစိုင်းစွာ စော်ကားပြီး အမျိုးသားရေးကိစ္စနဲ့ ထိပ်တိုက် တွေ့နေတာဟာလည်း ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားလိုမျိုး လူတွေ ထင်မြင်လာကြတယ်။
မြန်မာနိုင်ငံမှာ အမျိုးသားရေးဝါဒီဆန်တဲ့ အင်စတီကျူးရှင်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ စစ်တပ်ပါ။ နောက် တစ်ခုကတော့ သံဃာ့အဖွဲ့အစည်းပါ။ ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်နေတဲ့အတွက် သံဃာတော်တွေဟာ အမျိုးဘာသာ စောင့်ရှောက်ရေးအတွက် အမျိုးသားရေးဝါဒီတွေ ဖြစ်လာကြပါတယ်။ သံဃာတော်တွေဟာ တိုက်ရိုက်မဲပေးပိုင်ခွင့် မရှိဘူး၊ ဒါပေမဲ့ ဒီသံဃာတော်တွေဟာ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ရာခိုင်နှုန်း ၇၀ လောက်ထိ ရှိနိုင်တဲ့ ပြည်သူတွေအပေါ်မှာ လွှမ်းမိုးမှု ရှိပါတယ်။ ကျေးလက်တောရွာတွေမှာ သံဃာတော်တွေဟာ ဆုံးမပြုပြင်သူတွေ၊ လမ်းညွှန်သင်ကြားပေးသူတွေပါ။ အရင်တုန်းကတည်းက သံဃာအဖွဲ့အစည်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို လိုလားလက်ခံကြတယ်။ ဒီအကြောင်းဟာ NLD အတွက် ၁၉၉၀ နဲ့ ၂၀၁၂ Landslide နိုင်ရခြင်းရဲ့ အကြောင်းရင်းတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ အခုတော့ NLD နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းဟာ အမျိုးသားရေးဝါဒီဆန်တဲ့ ဦးဝီရသူနဲ့ လစ်ဘရယ်ဝါဒကို အကြောင်းပြုပြီး သံဃာတော်တွေနဲ့ ထိပ်တိုက်တိုးလာတယ်။ မြန်မာပြည်မှာ သံဃာတော် ငါးသိန်းကျော် ရှိပါတယ်။ ဒီထဲမှာ ၀ိနည်းမလေးစား မလိုက်နာတဲ့ သံဃာဟာ ၁၀ ရာခိုင်နှုန်းထက် မပိုနိုင်ပါဘူး။ ဒါ့ကြောင့်သာ အခုချိန်ထိ မြန်မာနိုင်ငံဟာ ထေရ၀ါဒ နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေတာပါ။ အခုလို အနည်းစု သံဃာကိုထောက်ပြီး ဘာသာရေး ပုတ်ခတ်မှုတွေ လုပ်လာတာ၊ သံဃာထုနဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားလာတာ၊ အမျိုးသားရေးဝါဒကို အစွန်းရောက်အဖြစ် ပုံဖော်လာတာတွေဟာ NLD အတွက် ကောင်းတဲ့ အလားအလာတစ်ခု မဖြစ်နိုင်ပါဘူး။
ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ မဟုတ်မမှန် ဝေဖန်ထားတဲ့ TIME မဂ္ဂဇင်းနဲ့ ပတ်သက်လို့လည်း NLD ထောက်ခံသူအချို့ရဲ့ သဘောထားဟာ ဗုဒ္ဓဘာသာဝင်အများစု တုံ့ပြန်တဲ့ သဘောထားကို ဆန့်ကျင်နေပြန်တယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် ၈၅ ရာခိုင်နှုန်းကျော် နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ TIME မဂ္ဂဇင်းရဲ့ စွပ်စွဲဝေဖန်မှုတွေဟာ ဦးဝီရသူ တစ်ယောက်တည်းသာ မဟုတ်ဘဲ အခြားဗုဒ္ဓဘာသာများကိုပါ နှိမ့်ချသလို ဖြစ်နေတယ်။ ဒီအတွက် ဗုဒ္ဓဘာသာဝင် အများစုဟာ မကျေမနပ်နဲ့ ဆန့်ကျင်ကန့်ကွက်ကြတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာလည်း NLD ထောက်ခံသူတွေဟာ မလိုလားအပ်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုကို ပြုလုပ်ပြီး TIME မဂ္ဂဇင်းကို အားပေးထောက်ခံခဲ့ကာ TIME မဂ္ဂဇင်းကို ကန့်ကွက်တဲ့ Campaign ကိုတောင် ရှုတ်ချပြစ်တင်ခဲ့တယ်။ TIME ကို ကန့်ကွက်ခဲ့ကြတာဟာ ဦးဝီရသူကို ထိခိုက်တာ တစ်ချက်တည်းကြောင့် မဟုတ်ပါဘူး။ နောက်ကွယ်က အကြောင်းရင်းတွေကို မဖော်ပြဘဲ ဗုဒ္ဓဘာသာကိုသာ သေးသိမ်အောင် စော်ကားတဲ့ ပုတ်ခတ်မှုတွေကြောင့်လည်း ပါပါတယ်။ မြန်မာနိုင်ငံဟာ ဘာသာရေးအရ ယုံကြည်မှု ပြင်းထန်ပြီး လူဦးရေ သိပ်သည်းဆလည်း များလွန်းတဲ့ နိုင်ငံတွေကြားက တစ်နိုင်ငံပါ။ ဒီလိုအချိန်မှာ လုံးဝ ဘာသာရေး အမျိုးသားရေးမပါတဲ့ နိုင်ငံရေးဆိုတာဟာ မဖြစ်နိုင်သေးဘူး။ ဒီအတွက် ညှိနှိုင်းယူရမယ့် အစားကို လစ်ဘရယ်လို့ ယူဆထားတဲ့ NLD ထောက် ခံသူတွေဟာ Total Secularism ကိုင်တွယ်ပြီး အမျိုးသားရေးဝါဒီတွေ အပေါ်မှာ အပြင်းအထန် တိုက်ခိုက်နေတာဟာ လူထုအားတွေ အများကြီး ဆုံးရှုံးသွားနိုင်တဲ့အတွက် နိုင်ငံရေးအရ ပါးရည်နပ်ရည် မရှိဘူးဆိုရမယ်ထင်တယ်။ လစ်ဘရယ်တွေဟာ တချို့ကိစ္စတွေမှာ လက်ရှောင်နေသင့်တဲ့အစား မိုက်မိုက်ကန်းကန်းကို ပြည်သူနဲ့ ထိပ်တိုက်တွေ့နေတယ်။

ဒီထောင်ချောက်တွေ အကုန်လုံးဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ရဲ့ Landslide အနိုင်ရလိုက်ခြင်းကြောင့် ၂၀၁၅ မှာ NLD အပေါ် တရားနည်လမ်းနဲ့ အသာရလာဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာကို သိသွားတဲ့ အချိန်ကစပြီး ဖြစ်လာရတာပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ဖြေရှင်းရခက်တဲ့ အကြီးမားဆုံး ထောင်ချောက်တစ်ခုနဲ့ ကြုံတွေ့နေရပါပြီ...

အတိုက်အခံဟာ တိုင်းရင်းသားအရေးတွေနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခုမိခဲ့တယ်။ အစိုးရစီမံကိန်းတွေနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခုမိတယ်၊ နောက်တစ်ခါ ခိုးဝင်ဘင်္ဂါလီအရေးနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခု ထပ်မိပြန်တယ်။ အခုချိန်ထိတော့ အတိုက်အခံဟာ ဒီထောင်ချောက်တွေ အပေါ်မှာ ခံနိုင်ရည်ရှိသေးတယ်။ လူထုအားကို ရထားတဲ့ အဓိက ပါတီကြီးတစ်ခုအဖြစ် ဆက်လက်ရပ်တည် နေသေးတယ်။ ဒါပေမဲ့ ကိစ္စတစ်ခု ဖြစ်ပြီးတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာ ယုံကြည် ထောက်ခံမှုတွေ ကျကျလာတာကို တွေ့မြင်နိုင်မှာပါ။ NLD ဟာ ၂၀၁၅ မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ချင်တယ်ဆိုရင် ဒါတွေကို သတိပြုမှ ဖြစ်လိမ့်မယ်။ ဒီထောင်ချောက်တွေ အကုန်လုံးဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ရဲ့ Landslide အနိုင်ရလိုက်ခြင်းကြောင့် ၂၀၁၅ မှာ NLD အပေါ် တရားနည်လမ်းနဲ့ အသာရလာဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာကို သိသွားတဲ့ အချိန်ကစပြီး ဖြစ်လာရတာပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ဖြေရှင်းရခက်တဲ့ အကြီးမားဆုံး ထောင်ချောက်တစ်ခုနဲ့ ကြုံတွေ့နေရပါပြီ။ အခုလို အမျိုးသားရေး ၀ါဒကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် လူကြိုက်နည်းအောင် လုပ်လာတာဟာ ထောင်ချောက်တစ်ခု ဖြစ်တယ်ဆိုတာ အသိသာကြီးပါ။ လက်ရှိမှာလည်း NLD လစ်ဘရယ်များနဲ့ အမျိုးသားရေး ၀ါဒီတွေအကြား အတော်ကြီးကို အမုန်းပွားနေကြပြီ။ အမျိုးသားရေးဝါဒီတွေ အနေနဲ့ NLD အပေါ် ထောက်ခံမှု ကျဆင်းလာနေပြီ။ ဒီအချိန်မှာ NLD အနေနဲ့ ထောင်ချောက်တိုင်းကို ငါအင်အားကြီးတာပဲဆိုပြီး တိုးလို့မရနိုင်ဘူး။ အခုလည်း ဒီအမျိုးသားရေး ထောင်ချောက်ကို NLD ဟာ သိသိကြီးနဲ့ ၀င်တိုးနေပြန်တယ်။ စည်းရုံးညှိနှိုင်း လုပ်ဆောင်ရမယ့်အစား NLD ဘက်တော်သားတွေဟာ အမျိုးသားရေးဝါဒီတွေ အပေါ်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတယ်။ အထူးသဖြင့်တော့ သံဃာတော်တွေ အပေါ်မှာပါ စော်ကားမှုတွေ ပြုလုပ်လာခြင်းက NLD အနေနဲ့ ထောင်ချောက်ထဲကို တိုးဝင်နေတယ် ဆိုတာကို ပိုသိသာလာတယ်။ အာဏာရှင်တွေ ကိုင်အသုံးချနေတဲ့ အမျိုးသားရေးဝါဒအပေါ် လျှော့တွက်လိုက်ခြင်းဟာ NLD ကျဆုံးခန်း ဖြစ်သွားဖို့အတွက် လမ်းစဖြစ်သွားမှာကို တကယ်စိုးရိမ်မိတယ်။ ကျွန်တော်ဟာ လူမှန်းသိတတ်စ အရွယ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီအပေါ်မှာ စိတ်ရော ကိုယ်ပါ နှစ်သက်သဘောကျခဲ့သူ တစ်ယောက်ပါ။ ကျွန်တော်ဟာ နိုင်ငံရေးကျွမ်းကျင်သူ တစ်ယောက် မဟုတ်ပါဘူး၊ ဘာသာရေး ကျွမ်းကျင်သူ တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒီအဖြစ်အပျက်တွေ၊ ဒီအကြောင်းအရာတွေဟာ လူငယ်တစ်ယောက် အနေနဲ့ မြင်မိတဲ့ အရာတွေပါ။ ဒါပေမဲ့ ကျွန်တော်လို လူငယ်တစ်ယောက်တောင် တွေ့မြင်နိုင်တဲ့ NLD ကို မဲဖယ်နေတာ သိသာလွန်းတဲ့ ထောင်ချောက်တွေကို ဘာ့ကြောင် NLD နဲ့ NLD ဘက်တော်သားတွေ သိသိကြီး တိုးဝင်နေတာလဲ ဆိုတာကိုတော့ တကယ်နားမလည်နိုင်ဘူး။
အမျိုးသားရေးဝါဒီဆိုတာ နိုင်ငံတိုင်းမှာ ရှိမှာပဲ။ အမေရိကန်ကို ဒီမိုကရေစီရှေ့ဆောင် နိုင်ငံအဖြစ် သတ်မှတ်မယ်ဆိုရင် အမေရိကန်က ရီပတ်ပလီကန်တွေဟာ အမျိုးသားရေးဝါဒီတွေ များတယ်ဆိုတာ အသိသာကြီးပါ။ ဒါပေမယ့် သူတို့တိုင်းပြည်အတွက် ညှိနှိုင်း ဆောင်ရွက်နေကြတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ဘက်နှစ်ဘက် ရှိနေတယ် ဆိုပေမယ့် အဓိကက နိုင်ငံအတွက်ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် ကျန်တဲ့မတူညီတာတွေကို ညှိနှိုင်းအဖြေရှာရမှာပါ။ ဒါပေမဲ့ တစ်ဖက်တော့ ပြုတ်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အခုလိုမျိုး သံဃာတော်တွေ အပါအ၀င် အမျိုးသားရေး ၀ါဒီတွေအပေါ် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ရင်း အစွန်းရောက်တွေအဖြစ် ပုံဖော်လာနေတဲ့ NLD ရဲ့ ဘက်တော်သားတွေကြောင့် NLD ဟာ ပုံရိပ်ထိခိုက် လာနိုင်ပါတယ်။ ပြည်သူတွေနဲ့ ထိပ်တိုက်တိုးလာနိုင်တယ်။ ဒါဆိုရင် ၂၀၁၅ အတွက် NLD ရဲ့ မျှော်လင့်ချက်ဟာ ထိခိုက်သွားနိုင်တဲ့အတွက် NLD အနေနဲ့ ထောင်ချောက်ထဲကို မတိုးဝင်သွားဖို့ မျှော်လင့်ပါတယ်။



--
http://www.burmaburo.blogspot.com

Thursday 27 June 2013

ဒီမိုဝေယံ








Posted: 25 Jun 2013 08:37 AM PDT

"ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ မျိုးစောင့်ဥပဒေဆိုသည်ကို မသုံးသပ်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော"

နေပြည်တော်၊ဇွန် ၂၅

လူပြောများနေသော အမျိုးစောင့်ဥပဒေဆိုသည်တွင် ဘာသာရေးနှင့် ဥပဒေ ရောယှက်နေသည့် အတွက် ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ သုံးသပ် လိုခြင်းမရှိဟု ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော ပဌမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ နေ့လည်ပိုင်းခေတ္တနားချိန်ဝယ် မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။

"အဲဒီဟာကနှစ်ဖက်ရှိတယ်လေ၊ဘာသာရေး နဲ့ ဥပဒေ နှစ်ပိုင်းရှိတယ်လေ၊ဘာသာရေး မှာ ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက် ဘာသာရေး နဲ့ ပတ်သတ်ပြီး အန်တီပြောလေ့ မရှိဘူး ၊လက်ရှိအန်တီတို့ တည်ဆဲ ဥပဒေ ထဲမှာ အဲလိုမျိုး ဥပဒေ မရှိဘူး၊ဥပဒေဆို တာဟာတော့ တရားမျှတ မှု ကို အခြေခံရမယ်တန်းတူညီမျှ မှုကို အခြေခံရမယ်ဆိုတာ အားလုံး လက်ခံထား တဲ့ဟာတွေပဲ "ဟု ၎င်း ကပြောသည်။

တိုင်းမဂ္ဂဇင်း ထဲတွင် ဗုဒ္ဒဘာသာကို အကြမ်းဖက် မှုခေါင်စဉ်နှင့် ယှဉ်တွဲဖေါ် ပြ မှုနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ ဆောင်းပါးကိုဖတ်ရခြင်း မရှိသေးကြောင်း အစိုးရ ကကန့် ကွက်သည် ကို လည်း ကြားရကြောင်း အဆိုပါ ဆောင်းပါးကို ဖတ်ရှုရခြင်း မရှိသေးသည့် အတွက် သုံးသပ်မှု မပြုလုပ်လို ကြောင်း၎င်း ကပြောသည်။

"ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့ အကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး အထင်ခံရတာ ကတော့ ဘယ်ကောင်းမှာလဲ၊ဘာသာတရားဆိုတာကတော့ အခြေခံ ကတော့လူ
သားတွေကြားမှာ အချင်းချင်း မေတ္တာ ပွားဖို့ ဂရုဏာ ၊မုဒိတာ ပွားဖို့ ဥပက္ခာ ပွားနိုင်ဖို့ ဒီဟာကိုတွန်းအားပေးရမယ် ဘယ်ဘာသာဖြစ်ဖြစ်ပါ
အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာတာ မကောင်းဘူးပေါ့၊ဒါပေမယ့်ဒီလို အမှားမြင်တာ မဖြစ်အောင် အားလုံးက ၀ိုင်းဝန်ကြိုးပမ်းဖို့ လိုတာပေါ့"
ဟု ၎င်း ကပြောသည်။

ဘာသာ တရားကိုးကွယ်ခြင်းမှာ့  ယုံကြည် မှုနှင့်သက်ဆိုင်ကြောင်းထိုကြောင့်ဘာသာတရားကို လိုက်စားသည့်သူ အားလုံးကယုံကြည်မှုခိုင်မာလျှင်မည်သည်အရာနှင့်မျှလုပ်လို့ မှမရပါကြောင်း ၎င်း က ဘာသာရေး အပေါ် ကာ ကွယ်ရန်ဥပဒေ ပြဌာန်းရေးနှင့်ပတ်သတ်ပြီး ပြောကြားသည်။

"ဒါတွေနဲ့ ပတ်သတ်ပြီး အန်တီမဖြေချင်လို့ မဟုတ်ဘူး
အခုအန်တီတို့ နိုင်ငံ အပေါ်မှာ အမြင်စောင်းလာပြီးဆိုတာ အားလုံသိနေတာပဲ မီဒီယာတွေမှာ ဖြစိပျက်နေတာအားလုံးကြားမှာပါ
အရင်တုန်းက အန်တီတို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာ ဒီမှာပဲဖြစ်နေတာ၊အခုအန်တီတို့ တိုင်းပြည်မှည ဖြစ်ပျက်နေတာ တစ်ကမ္ဘာလုံးနဲ့ ဆက်နွယ်နေတယ်
ဒီဟာကို ချိန်ခွင် လျှာညီးမျှ အောင်လုပ်ရမယ်၊ကိုယ်နိုင်ငံအတွင်က ကိုယ်ပြည်သူတွေရဲ့စိတ်အေးချမ်းလုံခြုံမှုကိုလည်းစဉ်စားရမယ်၊ကိုယ်နိုင်ငံမှာရှိတဲ့လူတိုင်းရဲ့အေးချမ်းတည်ငြိမ်မှု ကို စဉ်စားရမယ် ကွက်ပြီးတော့ စဉ်စားလို့ မရဘူး၊ တစ်ကမ္ဘာလုံးရဲ့ အနေအထားနဲ့ လည်းစဉ်စားရမယ်"ဟု ၎င်း ကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပွား ခဲ့သော ပဋိပက္ခများ သည် တစ်ဦးတစ်ယောက်တည်း အဖြေထုတ်ဖြေရှင်းနိုင်သည့် ကိစ္စ မျိုး မဟုတ်ကြောင်းအခြေအနေ များကလည်းပြောင်းလဲမှု မြန်ဆန်ကြောင်း ဆက်လက်ဖြစ်ပွားမှု မရှိရန် ၀ိုင်းဝန် အဖြေရှာရန် လို အပ်ကြောင်း ၎င်း ကပြောသည်။

စိုင်းနောင်
ပေါ်ပြူလာဂျာနယ်

Posted: 25 Jun 2013 07:25 AM PDT
ဒီမိုဝေယံသို့ ပေးစာ..
May , 29, 2013ထုတ် Right Time ဂျာနယ်ရဲ့ အမှား(၂)ခု

ဝေဖန်ရပါတော့မယ်။  မရေးခင်  သေသေချာချာ စုံစမ်းပြီးမှ ရေးသင့်တဲ့ကိစ္စပါ။ Right Time ဂျာနယ်...Wed; May , 29, 2013 ဂျာနယ်  စာ- ၃ မှာ ( သတင်းသုံးသပ်ချက် ) မှာ ရန်ကုန်-မန်း  လမ်းမကြီးကိစ္စ ရေးထားတာ အလွဲ(ကြီး) ၂-ခု။

တစ်က အပိုဒ်-၅ - ။  ၁၉၆၂-ခုနှစ်တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးကာလ  လို့ ရေးထားပါတယ်။  တကယ်တော့ အာဏာမသိမ်းခင်  ပါလီမန်ခေတ်က  ပရောဂျက်ပါ။  အင်္ဂလိပ်လို ဘယ်လိုပေါင်းတယ်တော့  မသိဘူး။  (လူဝီ ဘာဂါ) ပရောဂျက်လို့ ခေါ်တယ်။  လူဝီ ဘာဂါ - ကရေးဆွဲတာလို့ သိထားပါတယ်..။  ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ  မြေပုံကြီးတွေ  Blue  prints တွေ ယခုအထိရှိနေပါသေးတယ်။

 ဒီလိုဘဲ နောက်စီမံကိန်းတခုဖြစ်တဲ့ သမိုင်း(လှိုင်တက္ကသိုလ်) ကမူလက  (ပြည်စောင့်ရဲဌာနချုပ်) နေရာပါ။  တက္ကသိုလ်အတွက်   စစ်တပ်ကဖယ်ပေးတယ်။  န.အ.ဖ လက်ထက်   အဲဒီနေရာက ကန်ထုတ်ပြီး  သူတို့ ယူတယ်။ မောင်ဝိတ်  မလုပ်ကောင်းတာ  လုပ်မိတော့  ထောင်ကျတယ်။

ပညာမျက်စေ့ မရှိတာပြတာဘဲ။  အသိအမြင်  ဘယ်လောက်ကျယ်တယ်  လက်တွေ့ ပြလိုက်တာဘဲ။  ဒီလိုအသိနဲ့  အနစ်-၂ဝ-ကျော်အု်ပချုပ်ခဲ့တာ  တိုင်းပြည်ဒီထက်ပိုမပျက်သွားတာတောင်  ကျေးဇူးတင်ကြရဦးမယ်။  အဲဒီလောက်တုံးတဲ့သူတွေ။ လှိုင်တက္ကသိုလ်ထဲ့က ဧရာမ ကွန်ကရိ ဖေါင်ဒေးရှင်းတွေကို ကြည့်ရင်  ဘယ်လောက် ကြီးကျယ်မယ်။  ဘယ်လောက်သားနားမယ်ဆိုတာ  ခန့် မှန်းနိုင်ပါတယ်။

အာဏာသိမ်းလို့ ရပ်လို်က်ရတာပါ။  လူဝီဘာဂါ  လဲ အာဏာသိမ်းလို့ ရပ်လိုက်တာပါ။  ဒါကို  နေဝင်းတို့ က  အမေရိကန်က  ကမ်းလှမ်းတယ်။  လေယာဉ်ဆင်းဖို့  စီမံချက်ပါနေလို့ လက်မခံတာဆိုပြီး    ပြည်တွင်းမှာ   အောက်လမ်းနည်းနဲ့ ကောလဟာလ  ဘဲထုတ်ရဲတာပါ။   တရားဝင်ဘယ်ပြောရဲမှာလဲ။  မသိသူတွေကို  ရွှီးတာ။

ဥပမာ လူငယ်တွေကြား  ကောင်လေးက  ကောင်မလေးကို  ပိုးတယ်။  မရတော့  အရှက်ပြေရွှီးတာနဲ့   တစ်ထေရာထဲဘဲ။  နေဝင်းကတော့ ရွှီးမှာဘဲ။  သူ့ ကိုယ်သူ ကာကွယ်တာလေ။  အင်္ဂလိပ်လိုတော့  The  grapes  are sour။  သတင်းသမားက  အသိဘယ်လောက်  မများဘူး ဖြစ်သွားပြီ။

နံပါတ်(၂)  အမှားကတော့  နိုင်ငံရေးအသိ  VOID ပြလိုက်တာဘဲ။  ၇- အပိုဒ်-  ယင်းသို့ ငြင်းဆန်ခဲ့ခြင်းမှာ  (၎င်းတို့ အားကိုးနေသည့် တရုတ်)  တစ်စက်မှ  အားမကိုးပါဘူး။  ထိုခေတ် ထိုအခါကရန်သူပါ။  နေဝင်း-စန်းယု  စစ်အာဏာရှင်လူတစ်စု ဆိုပြီး ပီကင်းသတင်းဋ္ဌာနကနေ  တတွင်တွင် အော်ဆဲနေတာပါ။  အားတော့မကိုးဘူး။  တရုတ်က အဲဒီလမ်းဖေါက်ရင်   သူပုန်တွေဘက်က  ဝင်တိုက်မယ်ကြိမ်းဝါးနေတာပါ။

တရုတ်က  ၈၈၈၈ - ဖြစ်ခါနီး  သူ့ နိုင်ငံဘေးမှာ  ဒီမိုကရေစီနိုင်ငံပေါ်လာမှာကို  လုံးဝ  လက်မခံနိုင်တော့  ၁၉၈၈- ဂျူလိုင်လကုန်မှာ  ရေးကြီးတက်သုတ်  လက်နက်တွေ အကြွေးပေးပါမယ်  လောဂွတ်ချော၊  တက်သုတ်ရီုက်ပြီး  နယ်စပ်ကုန်သွယ်ရေး လက်မှတ် ထိုးခဲတ့ာတာပါ။  ပထမဆုံး  ကုန်သွယ်ခဲ့တဲ့ ကုန်ပစ္စည်းတွေက  စစ်ကားတွေနဲ့   သေနတ်တွေ  ကျည်ဆံတွေပါဘဲ။  အင်မတန် မင်္ဂလာအပေါင်းနဲ့ ပြည့်ဝတဲ့ ကုန်သွယ်ရေးပါ။  ပြီးပထမဆုံး  ထရိတ်ဒင်းကိုက  ခရဲဒစ်   အကြွေး။  ကောင်းကြသေးလား အရပ်ကတို့ ။  ဝယ်တာက  ကိုယ်ြ့ပည်သူကိုသတ်ဖို့။

ကနေ့ လဲ  လူသေစေတဲ့  ဆေးဝါးတွေ  အစားအသောက်တွေ  ဝင်နေတာပါဘဲ။  အမင်္ဂလာနဲ့ စခဲ့တာ  တစ်လျှောက်လုံး  ဒီလိုဘဲနေပါတော့မယ်။  ပြည်သူတွေအာလုံး ကလေးတွေ  ပြောမရလို့ ရှိရင်  သေစေချင်ရင်  စိန်တိုက်မနေနဲ့    တရုတ်မုန့် တွေသာ  များများဝယ်ကျွေး  လို်က်ြက။

ဒါကြောင့်လဲ ..၁၉၈၉ - မေလမှာ တိန်ယီမင် တရုတ် ကျောင်းသား အုံကြွမှုကြီးကြုံရပြီး  ဇွန်-၄-ရက် မှာ ကျောင်းသားတွေ သူတို့ ကိုယ်တိုင် သတ်ရတော့တာပါဘဲ။

  နောင်ဒီလိုတစ်လွှဲတွေ အမှုမဲ့အမှတ်မဲ့  မရေးမိအောင်  သတိပေးလို်က်တာပါ။

နှောင်းလူတွေ အမှားကို အမှန်လို့ မထင်ရအောင် ဒီမိုဝေယံမှ တဆင့်တင်ပြပေးဖို့ တောင်းဆိုပါတယ်...။

အမှန်ဖြစ်စေချင်သူ..

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

A Leading Buddhist Monk Warns Boycott to MP Who Reject Bill to Ban Inter...

Wednesday 26 June 2013

အမေးအဖြေ

''ဓမ္မ၀ီရ အရှင်တေဇနိယ မှ စိုက်ယဒ်ဟာဂျီဘေလာနူးလ် သို့ ဖြေကြားစာ"


မူဆလင်ဒကာကြီး စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် မှ မတူကွဲပြားပါတီဥက္ကဋ္ဌ ဒကာကြီး ဦးနေမျိုးဝေ ၏ ၄င်းတို့၏ အစ္စလာမ်ဘာသာ၏ ကုရ်အာန် ကျမ်းအား ယုတ္တိကျကျ ထောက်ပြဝေ ဘန်မှုအား ကျနသေခြာ ပညာရှိများ လက်ခံနိုင်လောက်သည့်အထိ ဖြေရှင်းနိုင်ခြင်းမရှိပါပဲ၊ မိုးကြိုးကို ထန်လျှက်နှင့်ကာသည့်ပမာ ဗုဒ္ဓဘာသာကိုပင် ပြန်လည်၍မေးခွန်းထုတ်ထားကိုတွေ့ရှိရပါတယ်။
ထို မူဆလင်ဒကာ၏ မေးခွန်းအားလုံးဟာ ဒကာကြီး ဦးနေမျိုးဝေ မှ ကုရ်အာန်ကျမ်းအားဝေဘန်သကဲ့သို့ ကျမ်းစာထဲမှ ထုတ်နှုတ်ကာထောက်ပြထားသကဲ့သို့မဟုတ်ပဲ ဗုဒ္ဓဘာသာထေရ၀ါဒ ပိဋကတ် တော် များကို အပေါ်ယံလေးမျှပင် လေ့လာခြင်းမရှိပါပဲလျှက် ကလေးဆန်ဆန်ဟာသသဘောမျှ မေး ခွန်း ထုတ်ထားသည်ကိုတွေ့ရှိရပါသည်။ ၄င်းမေးခွန်းများအား ဖြေရှင်းပေးပါရန် ဓမ္မမိတ်ဆွေ စာဖတ် ပရိဿတ်များမှ လျှောက်ထားကြသောကြာင့် အချိန်လေးရခိုက် ဖြေကြားပေးလိုက်ရပါသည်။
မူဆလင်ဒကာများအနေဖြင့် ဗုဒ္ဓပိဋကတ်တော်များအား ဝေဘန်မည်ဆိုပါက ဒကာကြီး ဦးနေမျိုးဝေသည် ကုရ်အာန် အားထောက်ပြဝေဘန်ထားသကဲ့သို့ ပိဋကတ်တော်များမှ ထုတ်နှုတ်ကာ ဝေဘန်နိုင်သော စွမ်းရည်များရှိလာအောင် ကြိုးစားလေ့လာကြဖို့ အကြံပေးလိုက်ပါရစေ။ ခုဒကာကြီးေ မးထားသော မေးခွန်းများမှာ မူကြိုအဆင့်ပင် မရှိပဲ ဖြေပေးရမှာပင် အရမ်းပျင်းစဖွယ် ကောင်းလှ ပါတယ်။ နောင်တချိန်မှာ ပိဋကတ်တော်များထဲမှ ထုတ်နှုတ်ကာ မေးနိုင်လိပ်မည်ဟုမျှော်လင့်ပါရစေ။
ဒကာကြီးစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် မေးထားသောမေးခွန်းတွေထဲက ပထမဆုံးမေးခွန်း ကိုဦးစွာဖြေပေးပါမည်။ဒကာကြီးမေးထားတာက…
(၁)=ရှင်ကြီး ဂေါတမရဲ့ ပိဋကတ်သုံးပုံတောင် သီရိလင်္ကာမှာ သက္ကတနဲ့ ရှိနေပြီး ကျနော်တို့နိုင်ငံမှာ ပါဠိနဲ့ ရှိနေပါတယ်။သက္ကတလို ရှိနေတဲ့ ပိဋကတ်သုံးပုံကို သုံးကြိမ်သုံးခါပဲပြင်ပြီး (သံဃယနာတင်ပြီး) ပေမယ့်၊ ပါဠိလိုဖြစ်တဲ့ ပြည်တွင်းက ပိဋကတ်သုံးပုံက ဘာဖြစ်လို့ ခြောက်ကြိမ်ထိ ပြင်ထားရပါသလဲ?
ဒကာကြီးမေးစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်ရေ ယခုဦးဇင်းကိုယ်တိုင် သီရိလင်္ကာမှာ ရောက်ရှိ ပညာ တော်သင်ယူနေပါသည်။ဒကာပြောသလို သီရိလင်္ကာမှာ ပိဋကတ်သုံးပုံကို သက္ကတဘာသာဖြင့် ရေး သားထားခြင်း၊မှတ်တမ်းတင်ထားခြင်း၊ထုတ်ဝေခြင်း၊လုံးဝ(လုံးဝ)မရှိပါဘူးဒကာ၊ သီရိလင်္ကာမှ မဟုတ် ပါဘူး၊ထိုင်း၊ကမ္ဗောဒီးယား၊လာအို၊မြန်မာ စသောမည့်သည့်ထေရ၀ါဒ နိုင်ငံမှာမှ ပိဋကတ်တော်များကို သက္ကတဘာသာခြင်း ရေးသားထားခြင်း၊မှတ်တမ်းတင်ထားခြင်းမရိပါဘူးဒကာ။ ပါဠိဘာသာဖြင့်သာ စနစ်ကျကျ တည်ရှိပါတယ်ဒကာ။
နောက်တစ်ခုက သင်္ဂါယနာကိစ္စပဲဖြစ်ပါတယ်။ သင်္ဂါယနာ တင်ခြင်း၏ရည်ရွယ်ချက်ကိုက ဗုဒ္ဓမြတ်၏ ဒေသနာတော်မြတ်တို့အား ၊”ပြင်ဆင်ခြင်း၊ ပယ်နှုတ်ခြင်း၊ဖြည့်စွက်ခြင်း ”လုံးဝမပြုရ လေအောင် ဗုဒ္ဓမြတ်စွာ၏ လက်ထက်တော်ကာလ ကအတိုင်း မူရင်းကျကျ ဖြစ်ရအောင် သင်္ဂါယ နာတင်ခြင်းသာဖြစ်ပါတယ်။ဒကာကြီးက လေ့လာမှုမရှိပဲ ပြောင်းပြန်ပြောနေ ခြင်း ဖြစ်ပဲဖြစ်ပါတယ်။ အကယ်၍ သင်္ဂါယနာတင်ပြီး ဗုဒ္ဓမြတ်စွာ၏ ဒေသနာတော်တို့ကို ပြင်ဆင်ထားတယ်လို့ ခိုင်လုံးသော အထောက်အထားပြနိုင်ပါက၊ ဒကာကြီးတို့ အစ္စလာမ်ဘာသာ ကောင်းတာ မကောင်းတာမစဉ်းစားပဲ အစ္စလာမ်ဘာသာထဲကို ဦးဇင်းကိုယ်တိုင်ဝင်ရောက်ပါမည်လို့ ကတိပေးလိုက်ပါရဲ့ဒကာကြီး စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်။
ဒကာကြီးပြောသလို ကုရ်အာန်စာအုပ်ဟာ ကောင်းကင်ပေါ်က ကျလာသည် ဆိုသော တိကျ ခိုင်လုံ၊အာဂမ၊သဘာဝယုတ္တိရှိရှိ ကမ္ဘာကြီးအားချပြနိုင်မည်ဆိုပါက ဒကာကြီးတို့၏ မူဆလင်အနွယ် အစ္စလာမ်ဘာသာဝင်များ တိုးပွားများပြားလာနိုင်သောကြာင့် ကုရ်အာန် စာအုပ်ကျလာပုံကို ယုတ္တိရှိရှိ သက်သေပြသင့်ပါကြောင်း စေတနာကောင်းဖြင့် အကြံပေးလိုက်ပါသည် ဒကာ။
(၂) ဒကာကြီး၏ ဒုတိယမေးခွန်းဖြစ်သော မဟာယန ဗုဒ္ဓဘာသာနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာတို့ တက်တက်စင်အောင် ကွဲနေတာတွေ ဘာကြောင့်ရှိနေတာလဲ? ဟူသောမေးခွန်းကို ဖြေကြားပေးပါမည်။
ထေရ၀ါဒ နှင့် မဟာယာနဟာ အပေါ်ယံအသွင်သဏ္ဍာန်တို့ဟာ အနည်းငယ်ကွဲလွဲနေတာမှန်ပေမဲ့ ‘အနှစ်သာရ’ ကတော့ လုံးဝအတူချည်းသာဖြစ်ပါတယ်။
ဥပမာ။ ။
ထေရ၀ါဒ နှင့် မဟာယာန နှစ်ခုလုံးသည်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။
Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between
Theravada and Mahayana with regard to the fundamental teachings.
1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.
ထိုကဲ့သို့ အနှစ်သာရပိုင်းမှာ ထေရ၀ါဒ နှင့် မဟာယာနဟာ အားလုံးလက်ခံကျင့်သုံးခြင်းဟာ အတူတူပင်ဖြစ်ပါတယ်။ထို့အပြင် ဦးဇင်းတို့၏ ၀ါဒနှစ်ခုလုံးဟာ ဒကာကြီးတို့မူဆလင် ဂိုဏ်း ကွဲများဖြစ်သော ဆွန်နီမူဆလင် နှင့် ဆီးရိုက်မူဆလင်တွေလို အချင်းချင်း သတ်ဖြတ်ခြင်း၊ အကြမ်း ဖက်ခြင်း၊စသည်များပြုလုပ်ခြင်းမရှိပါဘူးဒကာ ဒါဟာ ဘာသာတရား၏ အဆုံးအမတရားတော်များနှင့် များစွာသက်ဆိုင်ပါတယ်ဒကာ။လောကမှာ ‘ကိုးကွယ်စရာ များစွာရှိနိုင်ပေမဲ့လည်း အေးချမ်းညိမ်းအေး၊ လွှတ်မြောက်ကြောင်း အမှန်တရားတော်ကတော့ တစ်ခုတည်းပဲရှိနိုင်ပါတယ်’ ဒကာကြီး။
ဒကာကြီးတို့ မူဆလင်များကိုယ်တိုင် အစ္စလာမ်ဘာသာကို ငါတို့ဘာ့ကြောင့် ကိုးကွယ်ဆည်းကပ်နေကြသသလဲ …? ဆိုသော မေးခွန်းကိုမေးပြီး အသိပညာဖြင့် မှန်ကန်စွာ ဖြေနိုင်ဖို့ ဘာသာစွဲကင်းကင်းဖြင့် ဖြေကြားအဖြေထုတ်ကြည့်ကြပါ။ ဆင်းရဲဒုက္ခတွေက လွတ်မြောက်လို၍၊ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာလို၍၊စသောကောင်းမြတ်သော လိုအင်ဆန္ဒကြောင့် အစ္စလာမ် ဘာသာကို ကိုးကွယ်နေခြင်းဖြစ်သည်ဆိုလျှင် ၊အစ္စလာမ်ဘာသာက မိမိတို့ လိုလားတောင်းတသော အေးချမ်းမှုနှင့် အမှန်တရားကို အမှန်တကယ်ပေးစွမ်းနိုင်စွမ်းရှိ၊မရှိ ဆိုတာကို တွေးတောဆင်ခြင် လေ့လာသင့်ပါသည်ဒကာကြီး။
(၃) ထေရ၀ါဒချင်း အတူတူလို့ ပြောနေတဲ့ မိုးပြာဂိုဏ်းကိုရော လူကြီးမင်း ဘယ်လိုမြင်ပါသလဲ?
ဟူသော ဒကာစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် ၏မေးခွန်းကိုဖြေရလျှင်။ထေရ၀ါဒဆိုသော အဓိပ္ပါယ်ကို နာလည်သိမြင်အောင် ဦးစွာရှင်းပြပါမည်။ ထေရ၀ါဒဆိုသည်မှာ “ထေရာနံ ၀ါဒေါတိ ထေရ၀ါဒေါ၊ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သည် တရားဒေသနာတော်တို့ကို ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိတော်မူစဉ်ကာလကအတိုင်း၊ “ပြုပြင်ခြင်း၊ဖြည့်စွက်ခြင်း၊ပယ်နှုတ်ခြင်းမရှိ” ပဲ ဗုဒ္ဓမြတ်စွာ၏ တရားတော်မြတ်အတိုင်း သင်ယူခြင်း၊လိုက်နာခြင်း၊ဟောပြောပို့ချခြင်း၊ကျင့်သုံးခြင်းအားဖြင့် နေတော်မူကြသည့် သံဃာတော်မြတ်တို့၏ ၀ါဒကို ထေရ၀ါဒဟု ခေါ်ဆိုတာဖြစ်ပါတယ်။
သို့ဆိုလျှင် ဗုဒ္ဓမြတ်စွာ၏ ဒေသနာတရားတော်အတိုင်းသင်ကြားခြင်း၊လိုက်နာခြင်း၊ ဟောပြောပို့ချခြင်း၊ကျင့်သုံးခြင်းမရှိသော အဓမ္မ၀ါဒီ မိုးပြာဂိုဏ်းသည် ထေရ၀ါဒ ဟုတ်၊မဟုတ်ဆို သည်ကို ဒကာကြီးတို့တွင် မူကြိုအဆင့်မျှ အသိပညာရှိမည်ဆိုက နားလည်သဘောပေါက် မည် ထင်ပါသည်။၎င်းမိုးပြာဂိုဏ်း၏ နောက်ကွယ်မှနေ၍ မည်သူတွေကအားပေးအားမြှောက် ထောက် ပန့်ပေးနေသလည်းဆိုတာကို ဒကာကြီးတို့ မူဆလင်ထိပ်ပိုင်းကို လေ့လာကြည့်လျှင် သိပါလိပ် မည်ဒကာကြီး။
(၄) နောက်ဆုံးမေးခွန်းဖြစ်သော အရိမ္မတေယ(အရိမေတ္တယျ ဟုရေးမှသာမှန်၏) မြတ်စွာဘုရား ပွင့်မယ့်ကိစ္စကို ဘယ်လိုယုံကြည်ထားပါသလဲ? မေးခွန်းကိုလည်း ဥပမာလေးတခု ပြောပြလိုက်လျှင် ဒကာကြီးအနေဖြင့် အနည်းငယ်သော အသိပညာရှိလျှင် ရှင်းလင်းသဘောပေါက်သွားမည်ဟု ယုံကြည်ပါတယ်။
လောကမှာ အမြတ်ဆုံးသောဘုရားအဖြစ်ကိုရှိဖို့ဆိုတာကိုအသာထား B.A,B.Sc,ကဲ့သို့သော ဘွဲ့လေးတစ်ဘွဲ့ရရှိရန်အတွက်ကိုပင် ငယ်စဉ်အစကလေးဘ၀မှစကာမူကြို၊မူလ၊ အလယ်တန်း၊ အထက်တန်းအပြင် တက္ကသိုလ်အထိ နှစ်ပေါင်းများစွာ အချိန်တွေ၊ငွေတွေ ပေးဆပ်ဖြည့်ဆည်း ရတာမဟုတ်ပါလား၊ ရန်ကုန်ကိုသွားလိုလျှင် ရန်ကုန်ကိုရောက်သောကားတော့စီးဖို့လိုပါလိပ်မယ်၊ ဘယ်ဘုရားရှင်ကမှ ရော့အင့် B.A,M.A,ဘွဲ့တွေရစေဆိုပြီးလုပ်ပေးလို့မရနိုင်ပါဘူး။ဘုရားအားကိုးပြီး စာမကျက်ပဲနေမည်ဆိုက ဘယ်လိုနည်းနှင့်မှ မှန်ကန်သောစာမေးပွဲအောင်နိုင်မည်မ ဟုတ်ပါပေ။ ဒီလိုလောကီဘွဲ့တစ်ခုအတွက်အတွက် အချိန်တွေ၊ငွေတွေ၊ကြိုးစားမှုတွေနှင့် ဖြည့်ကျင့်အားထုတ်ရသေး လျှင် ဘုရားအဖြစ်ကိုမည်သည့်အားထုတ်ဖြည့်ကျင့် ၊ကြိုးစားမှုမှမရှိပဲ ဖြစ်ပေါ်လာသည်ဆိုတာ ဖြစ်နိုင်၏၊မဖြစ်နိုင်၏ဆိုသည်ကို ဒကာကြီးကိုယ်တိုင်သာ အဖြေရှာပါဒကာ။
ဒကာကြီးဦးနေမျိုးဝေမှ ကုရ်အာန်စာအုပ်မှ ထုတ်နှုတ်ကာမေးခွန်ထုတ်သကဲ့သို့ ဒကာကြီး စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် အနေဖြင့် အဆင့်မြင့်မြင့် မေးခွန်းများစွာကိုထုတ်နိုင်မည်ဟုမျှော်လင့်မိ ပါတယ်ဒကာ။ နောက်ဆုံးအနေဖြင့်ဒကာကြီးကို အကြံပြုမေးလိုသည်မှာ ဗုဒ္ဓမြတ်စွာကဲ့သို့ တိကျရေ ရာသောဒကာကြီးတို့၏ အလ္လာ၏ အထ္ထုပ္ပါဒ်ဘ၀ဖြစ်စဉ် နှင့် ဗုဒ္ဓဘာသာတွင်ရှိသော သောတာပတ္တိ၊ သကဒါဂါမိ၊အနာဂါမိ၊အရဟတ္တ စသည့် မှန်ကန်တိကျ အေးချမ်းသော ကျင့်စဉ်မျိုးကိုရှိပါသလော? ဒကာကြီးတို့အနေဖြင့် အမှန်တရားကိုရှာဖွေတွေ့ရှိကာ “အမြင်မှန်ရကာ အမှားပြင်နိုင်၍ လမ်းမှားပယ်ဖျောက် လမ်းမှန်ရောက်ပါစေဟု ပတ္ထနာပြုလိုက်ပါသည်..။
(မိမိအကျိုး၊အများအကျိုးကို၊သည်ပိုးနိုင်သော တန်ဖိုးရှိ၊တန်ဖိုးမြင့်၊လူတော် လူမွန်များ ဖြစ်နိုင်ကြပါစေ)
ဓမ္မ၀ီရ အရှင်တေဇနိယ
ကိုလံဘို၊သီရိလင်္ကာ။