Thursday 27 June 2013

ဒီမိုဝေယံ








Posted: 25 Jun 2013 08:37 AM PDT

"ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ မျိုးစောင့်ဥပဒေဆိုသည်ကို မသုံးသပ်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော"

နေပြည်တော်၊ဇွန် ၂၅

လူပြောများနေသော အမျိုးစောင့်ဥပဒေဆိုသည်တွင် ဘာသာရေးနှင့် ဥပဒေ ရောယှက်နေသည့် အတွက် ဘာသာရေးအပိုင်းတွင် ကျွမ်းကျင်သူ မဟုတ်၍ သုံးသပ် လိုခြင်းမရှိဟု ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော ပဌမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ နေ့လည်ပိုင်းခေတ္တနားချိန်ဝယ် မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။

"အဲဒီဟာကနှစ်ဖက်ရှိတယ်လေ၊ဘာသာရေး နဲ့ ဥပဒေ နှစ်ပိုင်းရှိတယ်လေ၊ဘာသာရေး မှာ ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက် ဘာသာရေး နဲ့ ပတ်သတ်ပြီး အန်တီပြောလေ့ မရှိဘူး ၊လက်ရှိအန်တီတို့ တည်ဆဲ ဥပဒေ ထဲမှာ အဲလိုမျိုး ဥပဒေ မရှိဘူး၊ဥပဒေဆို တာဟာတော့ တရားမျှတ မှု ကို အခြေခံရမယ်တန်းတူညီမျှ မှုကို အခြေခံရမယ်ဆိုတာ အားလုံး လက်ခံထား တဲ့ဟာတွေပဲ "ဟု ၎င်း ကပြောသည်။

တိုင်းမဂ္ဂဇင်း ထဲတွင် ဗုဒ္ဒဘာသာကို အကြမ်းဖက် မှုခေါင်စဉ်နှင့် ယှဉ်တွဲဖေါ် ပြ မှုနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ ဆောင်းပါးကိုဖတ်ရခြင်း မရှိသေးကြောင်း အစိုးရ ကကန့် ကွက်သည် ကို လည်း ကြားရကြောင်း အဆိုပါ ဆောင်းပါးကို ဖတ်ရှုရခြင်း မရှိသေးသည့် အတွက် သုံးသပ်မှု မပြုလုပ်လို ကြောင်း၎င်း ကပြောသည်။

"ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့ အကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး အထင်ခံရတာ ကတော့ ဘယ်ကောင်းမှာလဲ၊ဘာသာတရားဆိုတာကတော့ အခြေခံ ကတော့လူ
သားတွေကြားမှာ အချင်းချင်း မေတ္တာ ပွားဖို့ ဂရုဏာ ၊မုဒိတာ ပွားဖို့ ဥပက္ခာ ပွားနိုင်ဖို့ ဒီဟာကိုတွန်းအားပေးရမယ် ဘယ်ဘာသာဖြစ်ဖြစ်ပါ
အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာတာ မကောင်းဘူးပေါ့၊ဒါပေမယ့်ဒီလို အမှားမြင်တာ မဖြစ်အောင် အားလုံးက ၀ိုင်းဝန်ကြိုးပမ်းဖို့ လိုတာပေါ့"
ဟု ၎င်း ကပြောသည်။

ဘာသာ တရားကိုးကွယ်ခြင်းမှာ့  ယုံကြည် မှုနှင့်သက်ဆိုင်ကြောင်းထိုကြောင့်ဘာသာတရားကို လိုက်စားသည့်သူ အားလုံးကယုံကြည်မှုခိုင်မာလျှင်မည်သည်အရာနှင့်မျှလုပ်လို့ မှမရပါကြောင်း ၎င်း က ဘာသာရေး အပေါ် ကာ ကွယ်ရန်ဥပဒေ ပြဌာန်းရေးနှင့်ပတ်သတ်ပြီး ပြောကြားသည်။

"ဒါတွေနဲ့ ပတ်သတ်ပြီး အန်တီမဖြေချင်လို့ မဟုတ်ဘူး
အခုအန်တီတို့ နိုင်ငံ အပေါ်မှာ အမြင်စောင်းလာပြီးဆိုတာ အားလုံသိနေတာပဲ မီဒီယာတွေမှာ ဖြစိပျက်နေတာအားလုံးကြားမှာပါ
အရင်တုန်းက အန်တီတို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတာ ဒီမှာပဲဖြစ်နေတာ၊အခုအန်တီတို့ တိုင်းပြည်မှည ဖြစ်ပျက်နေတာ တစ်ကမ္ဘာလုံးနဲ့ ဆက်နွယ်နေတယ်
ဒီဟာကို ချိန်ခွင် လျှာညီးမျှ အောင်လုပ်ရမယ်၊ကိုယ်နိုင်ငံအတွင်က ကိုယ်ပြည်သူတွေရဲ့စိတ်အေးချမ်းလုံခြုံမှုကိုလည်းစဉ်စားရမယ်၊ကိုယ်နိုင်ငံမှာရှိတဲ့လူတိုင်းရဲ့အေးချမ်းတည်ငြိမ်မှု ကို စဉ်စားရမယ် ကွက်ပြီးတော့ စဉ်စားလို့ မရဘူး၊ တစ်ကမ္ဘာလုံးရဲ့ အနေအထားနဲ့ လည်းစဉ်စားရမယ်"ဟု ၎င်း ကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပွား ခဲ့သော ပဋိပက္ခများ သည် တစ်ဦးတစ်ယောက်တည်း အဖြေထုတ်ဖြေရှင်းနိုင်သည့် ကိစ္စ မျိုး မဟုတ်ကြောင်းအခြေအနေ များကလည်းပြောင်းလဲမှု မြန်ဆန်ကြောင်း ဆက်လက်ဖြစ်ပွားမှု မရှိရန် ၀ိုင်းဝန် အဖြေရှာရန် လို အပ်ကြောင်း ၎င်း ကပြောသည်။

စိုင်းနောင်
ပေါ်ပြူလာဂျာနယ်

Posted: 25 Jun 2013 07:25 AM PDT
ဒီမိုဝေယံသို့ ပေးစာ..
May , 29, 2013ထုတ် Right Time ဂျာနယ်ရဲ့ အမှား(၂)ခု

ဝေဖန်ရပါတော့မယ်။  မရေးခင်  သေသေချာချာ စုံစမ်းပြီးမှ ရေးသင့်တဲ့ကိစ္စပါ။ Right Time ဂျာနယ်...Wed; May , 29, 2013 ဂျာနယ်  စာ- ၃ မှာ ( သတင်းသုံးသပ်ချက် ) မှာ ရန်ကုန်-မန်း  လမ်းမကြီးကိစ္စ ရေးထားတာ အလွဲ(ကြီး) ၂-ခု။

တစ်က အပိုဒ်-၅ - ။  ၁၉၆၂-ခုနှစ်တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးကာလ  လို့ ရေးထားပါတယ်။  တကယ်တော့ အာဏာမသိမ်းခင်  ပါလီမန်ခေတ်က  ပရောဂျက်ပါ။  အင်္ဂလိပ်လို ဘယ်လိုပေါင်းတယ်တော့  မသိဘူး။  (လူဝီ ဘာဂါ) ပရောဂျက်လို့ ခေါ်တယ်။  လူဝီ ဘာဂါ - ကရေးဆွဲတာလို့ သိထားပါတယ်..။  ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ  မြေပုံကြီးတွေ  Blue  prints တွေ ယခုအထိရှိနေပါသေးတယ်။

 ဒီလိုဘဲ နောက်စီမံကိန်းတခုဖြစ်တဲ့ သမိုင်း(လှိုင်တက္ကသိုလ်) ကမူလက  (ပြည်စောင့်ရဲဌာနချုပ်) နေရာပါ။  တက္ကသိုလ်အတွက်   စစ်တပ်ကဖယ်ပေးတယ်။  န.အ.ဖ လက်ထက်   အဲဒီနေရာက ကန်ထုတ်ပြီး  သူတို့ ယူတယ်။ မောင်ဝိတ်  မလုပ်ကောင်းတာ  လုပ်မိတော့  ထောင်ကျတယ်။

ပညာမျက်စေ့ မရှိတာပြတာဘဲ။  အသိအမြင်  ဘယ်လောက်ကျယ်တယ်  လက်တွေ့ ပြလိုက်တာဘဲ။  ဒီလိုအသိနဲ့  အနစ်-၂ဝ-ကျော်အု်ပချုပ်ခဲ့တာ  တိုင်းပြည်ဒီထက်ပိုမပျက်သွားတာတောင်  ကျေးဇူးတင်ကြရဦးမယ်။  အဲဒီလောက်တုံးတဲ့သူတွေ။ လှိုင်တက္ကသိုလ်ထဲ့က ဧရာမ ကွန်ကရိ ဖေါင်ဒေးရှင်းတွေကို ကြည့်ရင်  ဘယ်လောက် ကြီးကျယ်မယ်။  ဘယ်လောက်သားနားမယ်ဆိုတာ  ခန့် မှန်းနိုင်ပါတယ်။

အာဏာသိမ်းလို့ ရပ်လို်က်ရတာပါ။  လူဝီဘာဂါ  လဲ အာဏာသိမ်းလို့ ရပ်လိုက်တာပါ။  ဒါကို  နေဝင်းတို့ က  အမေရိကန်က  ကမ်းလှမ်းတယ်။  လေယာဉ်ဆင်းဖို့  စီမံချက်ပါနေလို့ လက်မခံတာဆိုပြီး    ပြည်တွင်းမှာ   အောက်လမ်းနည်းနဲ့ ကောလဟာလ  ဘဲထုတ်ရဲတာပါ။   တရားဝင်ဘယ်ပြောရဲမှာလဲ။  မသိသူတွေကို  ရွှီးတာ။

ဥပမာ လူငယ်တွေကြား  ကောင်လေးက  ကောင်မလေးကို  ပိုးတယ်။  မရတော့  အရှက်ပြေရွှီးတာနဲ့   တစ်ထေရာထဲဘဲ။  နေဝင်းကတော့ ရွှီးမှာဘဲ။  သူ့ ကိုယ်သူ ကာကွယ်တာလေ။  အင်္ဂလိပ်လိုတော့  The  grapes  are sour။  သတင်းသမားက  အသိဘယ်လောက်  မများဘူး ဖြစ်သွားပြီ။

နံပါတ်(၂)  အမှားကတော့  နိုင်ငံရေးအသိ  VOID ပြလိုက်တာဘဲ။  ၇- အပိုဒ်-  ယင်းသို့ ငြင်းဆန်ခဲ့ခြင်းမှာ  (၎င်းတို့ အားကိုးနေသည့် တရုတ်)  တစ်စက်မှ  အားမကိုးပါဘူး။  ထိုခေတ် ထိုအခါကရန်သူပါ။  နေဝင်း-စန်းယု  စစ်အာဏာရှင်လူတစ်စု ဆိုပြီး ပီကင်းသတင်းဋ္ဌာနကနေ  တတွင်တွင် အော်ဆဲနေတာပါ။  အားတော့မကိုးဘူး။  တရုတ်က အဲဒီလမ်းဖေါက်ရင်   သူပုန်တွေဘက်က  ဝင်တိုက်မယ်ကြိမ်းဝါးနေတာပါ။

တရုတ်က  ၈၈၈၈ - ဖြစ်ခါနီး  သူ့ နိုင်ငံဘေးမှာ  ဒီမိုကရေစီနိုင်ငံပေါ်လာမှာကို  လုံးဝ  လက်မခံနိုင်တော့  ၁၉၈၈- ဂျူလိုင်လကုန်မှာ  ရေးကြီးတက်သုတ်  လက်နက်တွေ အကြွေးပေးပါမယ်  လောဂွတ်ချော၊  တက်သုတ်ရီုက်ပြီး  နယ်စပ်ကုန်သွယ်ရေး လက်မှတ် ထိုးခဲတ့ာတာပါ။  ပထမဆုံး  ကုန်သွယ်ခဲ့တဲ့ ကုန်ပစ္စည်းတွေက  စစ်ကားတွေနဲ့   သေနတ်တွေ  ကျည်ဆံတွေပါဘဲ။  အင်မတန် မင်္ဂလာအပေါင်းနဲ့ ပြည့်ဝတဲ့ ကုန်သွယ်ရေးပါ။  ပြီးပထမဆုံး  ထရိတ်ဒင်းကိုက  ခရဲဒစ်   အကြွေး။  ကောင်းကြသေးလား အရပ်ကတို့ ။  ဝယ်တာက  ကိုယ်ြ့ပည်သူကိုသတ်ဖို့။

ကနေ့ လဲ  လူသေစေတဲ့  ဆေးဝါးတွေ  အစားအသောက်တွေ  ဝင်နေတာပါဘဲ။  အမင်္ဂလာနဲ့ စခဲ့တာ  တစ်လျှောက်လုံး  ဒီလိုဘဲနေပါတော့မယ်။  ပြည်သူတွေအာလုံး ကလေးတွေ  ပြောမရလို့ ရှိရင်  သေစေချင်ရင်  စိန်တိုက်မနေနဲ့    တရုတ်မုန့် တွေသာ  များများဝယ်ကျွေး  လို်က်ြက။

ဒါကြောင့်လဲ ..၁၉၈၉ - မေလမှာ တိန်ယီမင် တရုတ် ကျောင်းသား အုံကြွမှုကြီးကြုံရပြီး  ဇွန်-၄-ရက် မှာ ကျောင်းသားတွေ သူတို့ ကိုယ်တိုင် သတ်ရတော့တာပါဘဲ။

  နောင်ဒီလိုတစ်လွှဲတွေ အမှုမဲ့အမှတ်မဲ့  မရေးမိအောင်  သတိပေးလို်က်တာပါ။

နှောင်းလူတွေ အမှားကို အမှန်လို့ မထင်ရအောင် ဒီမိုဝေယံမှ တဆင့်တင်ပြပေးဖို့ တောင်းဆိုပါတယ်...။

အမှန်ဖြစ်စေချင်သူ..

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment