Tuesday 31 July 2012
— July 31, 2012 at 12:27 pm
မြန်မာသို့ ရောက်ရှိနေသော ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ထံ ရခိုင်အမျိုးသမီး အစည်းအရုံးမှ စာပို့
မောင်ရမ္မာ
မြန်မာနိုင်ငံသို့ ရောက်ရှိနေသာ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တေးနားထံသို့ ဒက္ကား အခြေစိုက် ရခိုင်အမျိုးသမီး အစည်းအရုံးမှ ဇူလိုင်လ ၃၀ ရက်နေ့က စာတစ်စောင်ရေးသား ပေးပို့လိုက်သည်။
ရခိုင်အမျိုးသမီး အစည်းအရုံးသည် ရခိုင်ပြည်သူများ အတွက် ယခုလို ရှေ့တန်းမှ မားမားမတ်မတ်ရပ်ကာ တောင်းဆို တိုက်ပွဲလျှက်ရှိသည်။ ရွှေဂတ်စ်စီမံကိန်း ရပ်တန့်ရန် ယခုနှစ် ဧပြီလ ၃ ရက်နေ့က ဒက္ကားမြို့ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြနေကြပုံ ဖြစ်သည်။
စာရေးသား ပေးပို့ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) ဥက္ကဌ ဒေါ်စောမြ ရာဇာလင်းက နိရဉ္စရာသို့ ပြောသည်။
“ တချို့ချို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ နိုင်ငံတကာ သတင်း မီဒီယာတွေမှာ ရေးသား နေကြတာတွေဟာ တဘက်စောင်းနင်း ဖြစ်နေတာတွေကို တွေ့နေရတယ်။ ရိုဟင်ဂျာဆိုတဲ့ သူတွေကို အထူး ဦးစားပေးပြီး အဖြစ်မှန်တွေကို ဖုံးကွယ်ထားကြတာကို တွေ့ရတယ်။ ဒီအတွက်ကြောင့် ဘယ်သူက လုပ်လို့ ဘယ်သူက အများကြီး ဒုက္ခ ရောက်နေရသလဲ။ ရခိုင်တွေဟာ ဘာကြောင့် ကိုယ့်ပြည် ကိုယ့်မြေမှာ အေးအေး ချမ်းချမ်း မနေနိုင်ဘဲ ဖြစ်နေရသလဲဆို တာကို ကမ္ဘာ့ ပြည်သူတွေ သိရှိအောင် ဖေါ်ထုတ်ဖို့အတွက် အစီရင်ခံစာတွေကို ဘက်မလိုက်ဘဲ အမှန် တရားဘက်က ရပ်တည် ရေးပေးဖို့ ကင်တားနာ ကို တောင်းဆိုရတာ  ဖြစ်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ် အတွင်း ဇွန်လ ၈ ရက်နေ့ကနေ  စတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုနှင့်   ပတ်သက်ပြီး တိကျ မှန်ကန်သော အစီရင်ခံစာမျိုး ထွက်လာပါမှ ကမ္ဘာပြည်သူများ အနေဖြင့် အဖြစ်မှန်ကို သိရှိကြမည် ဖြစ်သဖြင့်  ၎င်းကဲ့သို့ အစီရင်ခံမျိုးကို  ဘက်မလိုက်ဘဲ ရေးသားပေးရန် လိုအပ်သဖြင့် မစ္စတာ ကင်တားနားကို တောင်းဆိုရခြင်း ဖြစ်ကြောင်း သူမက ဆိုသည်။
အဆိုပါ တောင်းဆိုစာထဲတွင် ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သည့် အကြောင်းအရာများကို နိုင်ငံတကာ အဖွဲ့ အ စည်းများက စိစစ်ပေးဖို့ ထည့်သွင်းဖေါ်ပြထားသည်ဟုလည်း သူမက ပြောသည်။
“ အခု မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ဒီမြို့နယ်သုံးခုမှာ ဘာကြောင့် ကျွန်မတို့ ရခိုင်တွေဟာ လူများစုကနေ လူနည်းစု ဖြစ်လာရသလဲ။ အဲဒါဟာ အကြောင်းရင်းရှိတယ်လို့ ထောက်ပြထားပါတယ်။ အဲဒီအကြောင်းရင်းကို အမှန် တကယ် လေ့လာဖို့လိုပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်မှာ ရိုဟင်ဂျာဆိုတဲ့ သူတွေ အပြင် တချို့တချို့ လူမျိုးတွေလည်း ကျွန်မတို့ ရခိုင်ပြည်မှာ နေထိုင်လို့ ရှိပါတယ်။ ဒါပေမယ့် တခြားလူမျိုးတွေနဲ့ ဘာတခုမှ ပြဿနာ မဖြစ်ဘဲနဲ့ ရိုဟင်ဂျာဆိုပြီး နာမည်ခံနေတဲ့ လူတွေနဲ့ သာလျှင် ဘာကြောင့် ခုလို သတ်ပွဲရိုက်ပွဲတွေ ဖြစ်နေရ သလဲ ဆိုတာကို ကမ္ဘာပြည်သူလူထုတရပ်လုံးက၊ ကမ္ဘာ့ လူ့အခွင့်အရေးဌာနတွေက အမှန်တကယ် စီစစ်ဖို့ သိပ်အရေးကြီးတယ်လို့ ထောက်ပြထားတာ ပါပါတယ်” ဟု သူမက ဆိုသည်။
ယခုကဲ့သို့  မြန်မာ့ လူအခွင့်အရေး ကော်မရှင်က မှန်ကန်တိကျသော အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဖြင့် အမျိုးမျိုးသော ၀ါဒဖြန့်နေကြသော အခြေအမြစ်မရှိသော သတင်းများကို အဆုံးသတ်စေမည် ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အမှန် တကယ် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်မှန်များကို ကမ္ဘာ့ပြည်သူတရပ်လုံးက သိရှိလာနိုင်လိမ့်မည်ဟု ယုံကြည် မျော်လင့်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောသည်။
“ ကျွန်မတို့ မျော်လင့်တာက မစ္စတာ ကင်တားနားသာ ရခိုင်ပြည် အတွင်းမှာ ဒီလောက် လူဦးရေ များပြားလာတာ ဘာကြောင့်လဲ၊ ဒီလို အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတာ ဘာကြောင့်လဲ ဆိုတဲ့ အဖြစ်မှန်တွေ ကို သိသွားလို့ ရှိရင် သူက တဆင့် ကမ္ဘာ့ နိုင်ငံအသီးသီးကလည်း သေသေချာချာ သိလာမှာပါ။ အဲဒီလို သိလာလို့ ရှိရင် ရခိုင် ပြည်မှာ ဒီလိုအကြမ်းဖက်မှုတွေရဲ့ အရင်းအမြစ်ကို ဖေါ်ထုတ်လို့ ရနိုင်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ပါ တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား သည် ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂတ်စ်လ ၄ ရက်နေ့အထိ လည်ပတ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ယနေ့ (ဇူလိုင်လ ၃၁ ရက်နေ့) တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ဘူးသီးတောင်၊ မောင်တောသို့ သွားရောက်မည်ဟု သိရသည်။
ကင်တားနားသည် ယမန်နေ့က ရန်ကုန်မြို့တွင် ၀န်ကြီးဌာန (၅) ခုမှ တပြိုင်တည်း ပြုလုပ်သေ သတင်းစာရှင်းပွဲသို့ တက်ရောက်ခဲ့ပြီး အင်းစိန်ထောင်တွင် ကိုဖြိုးဝေအောင်နှင့် တွေ့ဆုံခဲ့သည်။ သူ့၏ ခရီးစဉ်အတွင်း အစိုးရ အရာရှိများ၊ နိုင်ငံရေးသမားများ၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့များနှင့် လူမှုအခြေပြု အဖွဲ့အစည်းများအပြင် ဒေါ်အောင်ဆန်းစု ကြည်နှင့်လည်း တွေ့ဆုံရန် ရှိသည်ဟု သိရသည်။
 97 0 0 95
Monday 30 July 2012
ကုလ ၀န်ထမ်းများ ရခိုင် ပြည်နယ် မငြိမ်သက်မှု ဖြစ်စေရန် သွေးထိုး လှုံ့ ဆော် ခဲ့
rakhine-rohingya
14
0
မဲပေးပါ
မေလ နှင့် ဇူလိုင် လ အတွင်း က ရခိုင် ပြည်နယ် တွင် ဖြစ်ပွား ခဲ့ သည့် မငြိမ် သက်မှုများ
နှင့် ပတ်သက် ၍ ယနေ့ ရန်ကုန် မြို့  နိုင်ငံခြားရေး ၀န်ကြီးဌာန ရုံးခွဲ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲ တွင် နိုင်ငံခြား သံတမန် များ ၊ နိုင်ငံ တကာ အဖွဲ့  အစည်းများ ၊ ကုလ
သမဂ္ဂ အဖွဲ့  အစည်း များ နှင့် သတင်း စာ ဆရာ များ တက် ရောက် ခဲ့ ကြသည်။
သတင်းစာ ရှင်း လင်း ပွဲ သို့  မြန်မာ နိုင်ငံ သို့ ရောက် ရှိနေသည့်  ကုလ အထူး ကိုယ်
စားလှယ် မစ္စတာ အို ဂျေ ကင်တားနား လည်း တက်ရောက်သည်။   သတင်းစာရှင်းလင်း ပွဲ
တွင် လ၀က ၀န်ကြီး  ဦးခင်ရီ လည်း တက်ရောက် ပြီး နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ်
သိန်းဌေးက မြန်မာနိုင်ငံတွင်း ဘင်္ဂါလီလူမျိုးများ ၏ လူဦးရေတိုးပွားမှုနှုန်းကို ၈၂ဦး
ရှိသော မိသားစုတစ်စုနှင့် ဥပမာပေးပြော ကြားခဲ့ ရာ ဘင်္ဂါ လားဒေရှ် နိုင်ငံ မှာ ခိုး
ဝင်လာသည့် ဘင်္ဂါလီလူမျိုး အိမ်ထောင်ဦးစီး  ဦးရွှေယောက်၏မိသားစုတွင် ဇနီး ၄ဦး၊
သားသမီး ၂၈ဦး၊ မြေး ၄၉ ဦးရှိကာ စုစုပေါင်း မိသားစုဝင် ၈၂ဦးရှိသည် ဟု ပြော
ကြား ခဲ့ သည်။
၂၀၁၄ ခုနှစ် တွင် ပြု လုပ် မည့် သန်းခေါင်စာရင်း ကောက်ယူမှု တွင် ရိုဟင်ဂျာ-ဘင်္ဂါလီ
များ ပါမည် မဟုတ်ကြောင်း လ၀က ၀န်ကြီး ဦးခင်ရီက ထည့်သွင်း ပြောကြား ခဲ့ သည်။
ရန်ကုန် အခြေစိုက် ရခိုင် တိုင်းရင်းသား အချို့  ကလည်း ကုလ သမဂ္ဂ ဒုက္ခသည်များ
ဆိုင်ရာ မဟာ မင်းကြီး ရုံး ရှေ့ တွင် ဆန္ဒပြ ရန် စီစဉ် ထား ရှိသည် ဟု သိရသည်။
သတင်းစာရှင်းလင်း ပွဲ တွင် ပါကစ္စတန် တာလီ ဘန် များ က မြန်မာ နိုင်ငံ ကို ခြိမ်း
ခြောက် သည့် ကိစ္စ ကို ပါ ထည့် သွင်း ပြောကြား ခဲ့ သည်။
ရခိုင် ပြည်နယ် မငြိမ် သက်မှု တွင် ကုလ ၀န်ထမ်း ၅ ဦး နှင့် ကုလ လက်အောက်ခံ
WFP မှ ၀န်ထမ်း တစ်ဦး သည် သွေးထိုး လှုံ့ ဆော် ခဲ့ ၍ ဖမ်းဆီးထား ကာ ဥပေဒေအရ
အရေးယူ ဆောင်ရွက် မည့် ကိစ္စ ကို လည်း ပြော ကြား ခဲ့ သည်။
ရခိုင်ပြည်နယ်အရေး သတင်းထုတ်ပြန်၊ နိုင်ငံခြားရေးဝန်ကြီးရုံး၊ ရန်ကုန်၊ ဇူလိုင် ၃၀ ရက် မွန်းလွဲ၊ ၁ နာရီ Photo By Ye Linn Htut
ရခိုင်ပြည်နယ်အရေး သတင်းထုတ်ပြန်၊ နိုင်ငံခြားရေးဝန်ကြီးရုံး၊ ရန်ကုန်၊ ဇူလိုင်လ ၃၀ ရက် မွန်းလွဲ ၁နာရီ။
အနောက်ဘက် တံတိုင်းသို့ လှမ်းကြည့် ခြင်း (၁)
526260_10151663772287588_901670879_n
17
0
မဲပေးပါ
by ငိမ်းအေးအိမ်  တိုင်းရင်းသားများအတွက် အသက်တမျှအရေးကြီးသော တန်းတူ
အခွင့်အရေးများနှင့် အခြားသော တိုင်းရင်းသား အခွင့်အရေးများကို  လွှတ်တော်မှ
လေ့လာသုံးသပ်ပြီး၊ ဥပဒေပြုမည်ဆိုပါက တိုင်းရင်းသားများ၏ နှစ်ပေါင်းများစွာပဋိက္ခများ အမြန်ဆုံးပြေလည်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က ပြည်ထောင်
စုငြိမ်းချမ်းရေးဗဟိုကော်မီတီ အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ်ကို တိုက်တွန်း
လိုက်သည်။
(The Voice, Mondat,July 16-22,2012,P23,L1-3)
တိုစကားအတွက် နိုင်ငံတော်သမ္မတကြီးအား များစွာ ကျေးဇူးတင်မိသည်။ “တိုင်းရင်းသားများ” “အသက်တမျှအရေးကြီးသော” “တန်းတူအခွင့်အရေး” ဆိုသောစကားလုံးများ ကျွန်တော့်အာရုံတွင် ၀ဲလှည့်နေ တော့၏။ နှစ်ပေါင်းများစွာကတည်းက နိုင်ငံအတွက် အသက်သွေးတမျှလိုအပ်နေသော၊
တာဝန်ယူခဲ့သူ အဆက်ဆက် ထုတ်ဖေါ်ပြောကြားပြီး အမှန်တကယ်ဆောင်ရွက်ပေးခဲ့သင့်သော
အရာများဖြစ်သည်။ ယနေ့ ထိုစကားများကြားရပြီ။မကြာမြင့်မီထိုဆီသို့သွားသော ခြေလှမ်းများ
မြင်ခွင့်ရတော့မည်ဟု မျှော်လင့်သည်။ ရောက်အောင်လျှောက်ကြလျှင် လာမည့်နေ့သစ်များတွင် နေခြည်နွေး၍ လေပြည်အေးလိမ့်မည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသား (၁၃၅)မျိုးနှင့်ဖွဲ့စည်းထားသည်ဟု မှတ်တမ်းမှတ်ရာများက ဆိုသော် လည်း နိုင်ငံသားများအနေဖြင့် မကြားဘူးသည့်လူမျိုးအမည်မှာ အများစုဖြစ်မည်ထင်သည်။ မည်သို့ပင်ဆိုစေ၊ မည်မျှပင် လူဦးရေနည်းပါးသည်ဖြစ်စေ (ဥပမာ၊ ၂၀၀၄ခုနှစ်စာရင်းဇယားများအရ ကချင်ပြည်နယ်မြောက်ဖျား တွင် အခြေချသော “ထရုံ”လူမျိုးဦးရေ (၆)ဦး(ခြောက်ဦး)သာရှိတော့ပြီး မျိုးဆက်ထပ်မပွားနိုင်သည့်အခြအနေမျိုးဖြစ်သည်။ ယခုအချိန်တွင် ထိုမျိုးနွယ်စုများ မျိုးသုဉ်းသွားမသွား မပြောနိုင်)အားလုံးသော တိုင်းရင်းသားတိုင်းသည် တန်းတူ အခွင့်အရေး ရကြရမည်၊ရခွင့်ရှိကြသည်သာဖြစ်၏။ ဗမာတိုင်းရင်းသားနှင့် ကျန်လူမျိုးတိုင်းရင်းသားများအကြား မယုံကြည်မှုများ၊ သံသယများနှင့်နေထိုင်လာခဲ့ကြရသည်မှာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ ထို “အဟ” “အပြဲ”ကို သမ္မတကြီး၏ လမ်းညွှန်စကားနှင့် လုပ်ဆောင်ချက်များက ကောင်းမွန်စွာ ရင်ကြားစေ့ပေးနိုင်မည်၊ နိုင်ငံ၏ နာတာရှည်ဒဏ်ရာကြီးကိုလည်း အနာကျက်စေနိုင်မည်ဟု ယုံကြည်လိုပါသည်။
ထိုသို့ကိုယ့်ပြည်တွင်းရှိ တိုင်းရင်းသားအရေးကို ပြေလည်အောင်ဆောင်ရွက်ဖို့၊ သေနတ်သံတွေ စဲဖို့၊ စစ်ဒဏ်ခံ ကိုယ့်ညီအစ်ကိုမောင်နှမများ အမိုးအကာရှိရာ၊ လုပ်ငန်းဆောင်တာရှိရာသို့ လုံခြုံစွာ ပြန်ရောက် စေဖို့၊ မျှတသော အလုပ်အကိုင်အခွင့်အလမ်းများရရှိကြစေဖို့၊ ကိုယ့်မြေကိုယ့်ယာအရေးကို ကိုယ်တိုင်စီမံနိုင် ကြစေဖို့ အစွမ်းကုန် လုံးပမ်း ကြရမည့် အချိန်/အခြေအနေမျိုးတွင် “ရိုဟင်ဂျာ”အမည်ဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစု(ethnic) ဖြစ်သည် ဟုဆိုကာ နိုင်ငံတကာမီဒီယာများက ကျယ်ကျယ်လောင်လောင် ဘေးတီးပေး နေသောအဖြစ်မျိုးနှင့်လည်း ချိန်ကိုက် ကြုံတွေ့နေရပါသည်။ ကိုယ့်ပြည်ကိုယ့်အရေး၊ ကိုယ့်အလုပ်ကိုယ် ပြီးစီး အောင်မြင်အောင် မလုပ်နိုင်သေးမီတွင် သူတစ်ပါးအထုပ်ကို ခေါင်းပေါ် လာအတင်ခံရ သည့် အခြေအနေမျိုးနှင့် တူနေပါသည်။
ရိုဟင်ဂျာများနှင့် ဒေသခံရခိုင်တိုင်းရင်းသားတို့ကြား ဖြစ်ပွားခဲ့သည့် ပဋိက္ခကို မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာအကြားက ဘာသာရေး ပြဿနာကြီးသဖွယ် ပုံဖျက်နေကြသည်။ အီဂျစ်တွင်၊ ထိုင်းတွင်၊ အင်ဒို နီးရှားတွင် မြန်မာနိုင်ငံအပေါ် ဆန္ဒပြခဲ့ကြသည်။ ၂၀၁၀ခုနှစ် တရုတ်ငလျင်တွင် သေဆုံးသွားခဲ့ရသူများ အလောင်းပုံဘေးက ကယ်ဆယ်ကူညီပေးနေသော တိဗက်ဘုန်းတော်ကြီးများပုံအောက်တွင် ‘The Body of Musilms slaughted By Buddhist(Burma)”” ဟုအမည်တပ်လိုတပ်၊ ၂၀၀၄ခုနှစ် အောက်တိုဘာက ထိုင်းတွင်ဖြစ်ပွား ခဲ့သည့် မွတ်ဆလင်ဆန္ဒပြမှုသတင်းဓါတ်ပုံအောက်တွင် “More then 1000 people killed in Burma” ဟုပုံစာထိုး ကာ  အွန်လိုင်းမှ အစွမ်းကုန်ဖြန့်ဝေကြရန် လှုံ့ဆော်သွေးထိုးသူကသွေးထိုး၊ ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဟု ကုန်းအော် သူ အော်ဖြင့် ကျွန်တော်တို့နိုင်ငံတော်ကို စိတ်တိုင်းကျ အမဲဖျက်နေကြသည့်နှယ် ကြံစည်လုပ်ဆောင်နေကြသည်ဟု ခံစားရသည်။ 2012၊ ဇွန်၊ 17 ရက်က မလေးရှား(ကွာလာလမ်ပူ)တွင် ဆန္ဒပြနေသောတစ်ဦး၏လက်၌ ရခိုင်တွင် ရိုဟင်ဂျာများ အသတ်ခံနေရပြီဟု ပုံဖေါ်ကိုင်ဆောင်ထားသောပုံမှာ ဒုက္ခသည်များအား အင်ဒိုနီးရှား ကမ်းခြေစောင့်အဖွဲ့က ကယ်တင်လာစဉ်က သတင်းဓါတ်ပုံဖြစ်နေသည်။ အဖြစ်အပျက်၏ အချက်လက်မှန်များကို ရှာဖွေ နိုင်စွမ်းမရှိကြသော ဦးနှောက်နည်းသူ ၊ ဥာဏ်ရည်မမီသူ တွေများလား၊ နောက်ကွယ်က ကြိမ်တို့ခိုင်းစေနေသော အင်အားကြီးတစ်ခုခုကြောင့် မျက်စိမှိတ်လုပ်ဆောင် နေကြသူ များလားဟူသည်ကို ခွဲခြားရန်ခက်နေပါသည်။
အွန်လိုင်းအသုံးပြုသူပေါင်းများစွာက လွယ်လင့်တကူ မှီငြမ်းပြုစရာဟု သတ်မှတ်ထားသော wikipedia.org တွင်ပင်၊ ကျွန်တော် ပရင့်ထုတ်ကြည့်ချိန် 7/15/2012 5:02PM က There was intense sectarian clashes in June 2012. Over 2,000 people were killed in sectarian violence in the state in which most victims were Muslims.[9] During her visit to Myanmar Mrs. Cliton told Mr. Thein Sein the United State was concerned about the treatment of the Rohingya Muslim ethnic group, which has suffered killings at the hands of Buddhists.[10] လူနှစ်ထောင်ကျော်သေသည်။ အများစုက မွတ်ဆလင်တွေဖြစ်သည်ဟု မှတ်တမ်းတင်လိုလိုတင်၊ ဒေါ်ကလင်တန်ကြီးက ရိုဟင်ဂျာများကို ethnic group ဟု သုံးနှုံးကြောင်းပြောလိုပြောနှင့်ဖြစ်သည်။ ရခိုင်အကြောင်း သိချင်၍ ဖြစ်စေ၊ ထိုအဓိကရုဏ်းအကြောင်းသိလို ၍ဖြစ်စေ၊ တစ်စုံတစ်ယောက်က ၀ီကီကို ကိုးကားလိုက်သည်ဆိုပါစို့။ ထိုသူ့အမြင်တွင် အမှန်တွေနှင့် ကင်းစင် နေ/တိမ်းချော်နေလိမ့်မည်ဖြစ်သည်။
အလွန်လျှင်မြန်သော သတင်းမီဒီယာခေတ်တွင် အမှားတွေ အမှန်ဖြစ်ကြောင်း၊ အမှန်တွေ အမှားဖြစ် ကြောင်း ပုံဖျက်ဖို့ အလွန်လွယ်ကူနေပါသည်။ ကောလဟာလများ၊ ကြိုတင် တင်ကူးကြံစည်ထားသော စီမံချက် များ အောက်တွင် အဖြစ်မှန်တို့ တန်ဖိုး ယုတ်လျော့ ဆုံးပါးသွားမည်ကိုစိုးရိမ်နေရပါသည်။
ကျွန်တော့်တစ်ဦးတည်း၏ အမြင်ရဆိုလျှင် ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား/ တိုင်းရင်းသားမျိုးနွယ်စု ဟု မမှတ်ယူနိုင်ပါ။ နိုင်ငံသားဖြစ်မဖြစ်မူ တိုင်းပြည်က အတည်ပြုမည့် လိုက်နာကျင့်သုံးမည့် ဥပဒေများကသာ ဆုံးဖြတ်ပါလိမ့်မည်။ နိုင်ငံသားဖြစ်တိုင်းလည်း တိုင်းရင်းသားတော့ မဖြစ်နိုင်ပါ။ ၈ ရာစုလောက်က သဘောင်္ပျက် ရင်း ရောက်လာကြသော အာရပ်ကမ္ဘာက ကုန်သည်များဖြစ်သည်ဟူသည့် မရေရာသော နှုတ်ဆင့်ကမ်း “ပြောဇာတ်” မျှလောက်ဖြင့် မြန်မာ့မြေပေါ်က တိုင်းရင်းသားဟု ယူဆသတ်မှတ်ပေးရန် ခက်ခဲပါလိမ့်မည်။ မြန်မာ့အနောက်ကမ်းခြေက ရခိုင်တိုင်းရင်းသားတို့၏ သမိုင်း၊ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှုတို့သည် ခန်းနားခိုင်ခန့်ကြီးကျယ်လွန်းလှသည်။ ထိုဒေသ၏တိုင်းရင်းသားမျိုးနွယ်စုစာရင်းတွင်၊ (၁)ရခိုင်လူမျိုး၊ (၂)ကမန်မျိုးနွယ်စု၊ (၃) ခမွီးမျိုးနွယ်စု၊ (၄) ဒိုင်းနက်မျိုးနွယ်စု၊ (၅)မရမာကြီး မျိုးနွယ်စု၊ (၆)မြို မျိုးနွယ်စု၊ (၇) သက်မျိုးနွယ်စုဟူ၍ အထင်အရှားရှိပြီး ဖြစ်၏။  ရိုဟင်ဂျာတို့အတွက် စာရင်းမ၀င် နေရာမရှိခဲ့ပါ။
ဤစိတ်အခံဖြင့် ကျွန်တော် “အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်” မိပါတော့သည်။
(Freedom News Group မှကူးယူဖေါ်ပြပါသည်)
ရဟန်းအမဒေါ်အောင်ဆန်းစုကြည်
မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ခေါ်ချက်အား ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်Montag, 30. Juli 2012 16:22
မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက် ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအား မြန်မာနိုင်ငံရှိ ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်း တင်ပြသွားရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တက်ရန် အစီအစဉ်များ ရှိနေသည့်အတွက် လာရောက်လေ့ လာခြင်း မပြုနိုင်ဟု အကြောင်းပြန် ခဲ့ကြောင်း CPI ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Wang Quiye ကပြောသည်။
''ကျွန်တော်တို့ အနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ကို မြစ်ဆုံစီမံ ကိန်း အကြောင်း လာရောက်လေ့ လာဖို့အတွက် ဖိတ်ခေါ်ခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန် ကြားရေးမှူး ဦးဥာဏ်ဝင်းက တစ်ဆင့် ဒေါ်စုက ဒီနှစ်အတွင်းမှာ ပြည်ပခရီးစဉ်တွေနဲ့ လွှတ်တော် အစီအစဉ်တွေရှိတဲ့အတွက် မလာ နိုင်ဘူးလို့ ပြောတယ်'' ဟု ၄င်းက ဆိုသည်။
CPI ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ကော့ကိမ်းလျှောင်က ၄င်းတို့ အနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း၏ အကျိုး ရလဒ်များနှင့် ပတ်သက်၍ မြန်မာ ပြည်သူများ သိရှိနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြစ်ဆုံ စီမံကိန်းသို့ ဖိတ်ကြား၍ စီမံကိန်း၏ အကျိုးတရားများအား ရှင်းပြရန်အတွက်လည်း ပါဝင် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုစီမံကိန်း၏ အကျိုးကျေးဇူး များအား သိရှိပါက ပြည်သူများအား နားလည် သဘောပေါက်အောင် ပြန်လည်ပြောကြားနိုင်မည်ဟု ယူဆသည့်အတွက်ဖြစ်ကြောင်း ပြောသည်။
CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံ အပါအဝင် ဧရာဝတီ မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း ၇ ခု အား ၂ဝဝ၆ ခုနှစ်တွင် တိုင်းတာ စစ်ဆေးမှုများ ပြုလုပ် ၍ ၂ဝ၁ဝ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ သော်လည်း ၂ဝ၁၁ ခုနှစ် မေလ ၁၉ ရက်တွင် ပြည်သူများ၏ တောင်းဆိုချက် အရ မြစ်ဆုံစီမံကိန်းအား နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ရပ်ဆိုင်းလိုက် ရခြင်း ဖြစ်သည်။
သူရထွန်း - Popular Myanmar News Journalhttp://feeds.feedburner.com/thithtoolwin/yIWV
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြောကြားMontag, 30. Juli 2012 16:09မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ 
ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း
 မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု 
ဝန်ကြီး ဦးခင်ရီက ဒီကနေ့ 
ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်မြို့ 
နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦးဟောင်းတွင် ကျင်းပသည့် ရခိုင်ဒေသ 
အရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
    ကိုလိုနီ အင်္ဂလိပ်အစိုးရ လက်ထက်ကစလို့ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ 
ခုနှစ်တွေမှာ ကောက်ယူခဲ့တဲ့ သန်းခေါင်း စာရင်းတွေအရ ရိုဟင်ဂျာလူမျိုးဆိုတာ 
ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန 
အဆောက်အဦးဟောင်းမှာ ဒီကနေ့  ကျင်းပတဲ့ ရခိုင်ဒေသ အရေးနဲ့ ပတ်သက်တဲ့ 
သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး ဦးခင်ရီက အခုလို ပြောကြားခဲ့တာပါ။
ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား လူမျိုးမဟုတ်ဘူးဆိုတာ သမ္မတ 
ဦးသိန်းစိန်လည်း အခိုင်အမာ ပြောဆိုထားပြီး ဖြစ်တယ်လို့  ဦးခင်ရီက 
ပြောပါတယ်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့တဲ့ ၁၈၂၄ ခုနှစ် 
နောက်ပိုင်း ရခိုင်ဒေသဟာ အင်္ဂလိပ် ကိုလိုနီဘ၀ လက်အောက်ကို ရောက်ရှိသွားပြီး 
လယ်ယာလုပ်သား လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ တဖက်နိုင်ငံကနေ ဘင်္ဂါလီ 
လူမျိုးတွေကို ခေါ်ယူခဲ့ရခြင်းသာ ဖြစ်တယ်လို့လည်း ဦးခင်ရီက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ
 ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ 
ပြည်ထောင်စု ၀န်ကြီး ငါးဦးတို့  ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့မှာ 
တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ  နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး 
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက-  ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်ပြီး  
သေဆုံးသူ ၇၇ ဦး ရှိကြောင်း၊  ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီလူမျိုး ၄၆ 
ဦးဖြစ်ကြောင်း၊ လက်ရှိ ဒုက္ခသည်ဦးရေ စုစုပေါင်း ၆ သောင်းကျော် ရှိပြီး 
ရခိုင် တိုင်းရင်းသား လူမျိုး ၈ ထောင်ကျော်၊နဲ့ ဘင်္ဂါလီလူမျိုး ၅  
သောင်းကျော်ရှိကြောင်း ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
အဆိုပါ အရေးအခင်းတွေမှာ  ပါဝင်ပတ်သက်မှုအတွက် အစိုးရမဟုတ်သော နိုင်ငံတကာ 
အဖွဲ့အစည်း (INGO) များမှ ၀န်ထမ်း ၁၀ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး 
တစ်ဦးကို စစ်ဆေးပြီးနောက် ပြန်လည် လွှတ်ပေးလိုက်ကြောင်း၊ ပဋိပက္ခတွင် ပါဝင် 
ပတ်သက်၍ ဖမ်းဆီးခံရသော INGO များမှာ UNHCR မှ ငါးဦး၊ AZG မှတစ်ဦးနှင့် 
WFP မှတစ်ဦးတို့ ဖြစ်ကြောင်း  AZG မှဝန်ထမ်းကို ဖမ်းဆီး စစ်ဆေးပြီးနောက် 
ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများတွင် INGO များမှ တချို့ပါဝင်ပတ်သက်မှုများ 
ရှိခြင်းကြောင့် ဖမ်းဆီးမှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း 
အစိုးရက ယခုသတင်းစာ ရှင်းလင်းပွဲတွင်မှ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ခြင်း 
ဖြစ်ပါတယ်။
ပါကစ္စတန် အခြေစိုက် တာလီဘန်အဖွဲ့က မြန်မာနိုင်ငံကို 
ခြိမ်းခြောက်ခဲ့မှုများ ပြည်ပ မီဒီယာများတွင် ဖော်ပြခဲ့ပြီး ပြည်သူများက 
စိုးရိမ် ပူပန်မှုများ ရှိနေတာကြောင့် နယ်စပ်နှင့် ပြည်တွင်း 
လုံခြုံရေးနှင့် ပတ်သက်၍ နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး 
ဝန်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မေးမြန်းရာ 
“လုံခြုံရေး အပြည့်အ၀ ရှိပါတယ်”ဟု ဖြေကြားကြောင်းလည်း သိရပါတယ်။
ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်ထောင်စု ဝန်ကြီး 
ဦးခင်ရီနဲ့ အတူ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ 
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်၊ 
နိုင်ငံခြားရေး ဝန်ကြီး  ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ခဲ့ပြီး 
မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သံရုံးများမှ 
တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese 
    http://feeds.feedburner.com/thithtoolwin/yIWV
ပြည်ပ စွက်ဖက်မှုများကြောင့် အခက်ကြုံဟု မြန်မာမွတ်စလင်များအဖွဲ့ ထုတ်ပြန်Montag, 30. Juli 2012 15:54
ရန်ကုန် ဇူလိုင် ၃၀
 ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြဿနာများ အတွင်း 
ဝင်ရောက် စွက်ဖက်မှုများ ရှိလာသည့်အခါ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော 
အစ္စလာမ် ဘာသာဝင်များ အတွက် ပိုမို ခက်ခဲသော အခြေအနေများကိုသာ 
ဖြစ်ပေါ်စေကြောင်း မြန်မာ မွတ်စလင်များအဖွဲ့က ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။
 အီရန်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံ ကိစ္စအပေါ် ကုလသမဂ္ဂတပ်များ စေလွှတ်ရန် 
တိုက်တွန်းမည့်အစား အခြေအနေ ပိုမိုဆိုးရွားနေသော ဆီးရီးယားကိစ္စကို 
အာရုံစိုက်သင့်ပါကြောင်း၊ ထိုနည်းတူ ဟစ်ဘိုလာ အဖွဲ့သည်လည်း အီရန်နိုင်ငံ၏ 
နောက်မှ သံယောင် မလိုက်သင့်ကြောင်း၊ ပါကစ္စတန် နိုင်ငံ အနေနှင့်လည်း 
မြန်မာနိုင်ငံအပေါ် ရန်လိုသော သဘောထားများ မထားသင့်ကြောင်း၊ တာလီဘန် အဖွဲ့ 
အနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ မြန်မာနိုင်ငံ၏ 
အကျိုးစီးပွားများ၊ သံတမန်များ၊ အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှု 
လုပ်ခွင့်မရှိကြောင်း ယင်းအဖွဲ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသား အစ္စလာမ် 
ဘာသာဝင်များ၏ တာဝန်လည်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ 
အကျိုးစီးပွားကို ထိခိုက်လာပါက အသက်ပေး ကာကွယ် တိုက်ခိုက်သွားမည် 
ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
 သက်တမ်း 
နုနယ်လှသေးသော မြန်မာ့ ဒီမိုကရေစီစနစ် တိုးတက်ရာ တိုးတက်ကြောင်း အတွက် 
လည်းကောင်း၊ ဖွံ့ဖြိုးမှု နိမ့်ကျနေသော နိုင်ငံတော် လျင်လျင်မြန်မြန် 
ဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် လည်းကောင်း၊ နိုင်ငံတော် 
တည်ငြိမ်အေးချမ်းရေး အတွက် လည်းကောင်း အပြုသဘောနှင့် ဝိုင်းဝန်း အကူအညီ 
ပေးကြပါရန် မြန်မာမွတ်စလင်များအဖွဲက မေတ္တာရပ်ခံ ပန်ကြားလိုက်ပြီး အစ္စလာမ် 
သာသနာတော်၏ အဆုံးအမများနှင့် ကိုက်ညီမှု မရှိသော၊ နိုင်ငံတကာမှ 
လက်မခံနိုင်သော၊ ပြည်ထောင်စု မြန်မာနိုင်ငံသား လူမျိုးမရွေး ဘာသာမရွေး က 
လက်မခံနိုင်သော အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတင်းမှား 
ထုတ်ပြန်ခြင်း၊ သတင်းမှန်ကို ချဲ့ကား ဝါဒဖြန့်ခြင်း၊ နိုင်ငံတော်၊ 
နိုင်ငံတော်အလံနှင့် နိုင်ငံ့ခေါင်းဆောင်ကြီးများအား စော်ကားမော်ကား ပြုလုပ်ခြင်းများကို ရပ်တန့်ပေးပါရန်လည်း အထက်ပါ အဖွဲ့က ထည့်သွင်း ဖော်ပြထားသည်။
 ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေမှာ 
ရခိုင်လူမျိုး ၃၁ ဦး ဘင်္ဂါလီလူမျိုး ၄၆ ဦး ဖြစ်ကာ စုစုပေါင်း ၇၇ ဦး 
သေဆုံးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန် လိုက်ပြီး
 ဒုက္ခသည် အရေအတွက်မှာ ရခိုင် တိုင်းရင်းသားလူမျိုး ၂၄၂၁၅ ဦး၊ 
ဘင်္ဂါလီလူမျိုး ၂၈၀၁၂ ဦး တို့ ဖြစ်ပြီး စုစုပေါင်း ၅၂၂၂၇ ဦး ရှိခဲ့ကြောင်း
 နယ်စပ်ရေးရာ ဝန်ကြီးက ယနေ့ညနေပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် 
ပြောကြားသည်။
The Voice Weekly http://feeds.feedburner.com/thithtoolwin/yIWV
Posted: 29 Jul 2012 09:25 AM PDT
၂၉.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူမှ ဒဂုံမြို့သစ်မြောက်
ပိုင်းမြို့နယ်၊ အမှတ်(၂၉)ရပ်ကွက် နာရေးကူညီမှုအဖွဲ့ (၆) လပြည့် အထိမ်းအမှတ် ရုံးခန်းသစ် ဖွင့်လှစ်ပွဲသို့ အသင်းသူ/သား
များဖြင့် တက်ရောက်ချီးမြှင့် အားပေးစကားပြောကြားခဲ့သည်။
ဥက္ကဌဦးကျော်သူမှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် "(၆) လသား ရှိပြီဖြစ်သော ၂၉ ရပ်ကွက်၊ မြောက်ဒဂုံ နာရေးကူညီမှု
အဖွဲ့သို့ မိမိရောက်ရှိရာ၌ အထူးဝမ်းသာ ကျေနပ်အံ့သြမိကြောင်း၊ ယခင်စတင် ဖွင့်လှစ်ချိန် ကာလများထက် ၂၉ ရပ်ကွက် မြောက်ဒဂုံနာရေးအသင်း၏ ရုပ်ဝတ္ထုအဆောက်အဦးများ တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ ရုပ်ဝတ္ထု တိုးတက်မြင့်မားလာသလို စိတ်ပိုင်းဆိုင်ရာများလည်း တိုးတက်မြင့်မားမှုရှိရန်လည်း လိုအပ်ကြောင်း၊ ယခုကဲ့သို့ မြန်မာပြည်
အရပ်ရပ် မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းတွင် လူမှုရေးအသင်းအဖွဲ့များ များပြားလာသည်မှာ အများပြည်သူ လူထုတို့အတွက် များစွာအကျိုးရှိကြောင်း၊ ထိုကဲ့သို့ အသင်းအဖွဲ့များ ပေါ်ပေါက်လာမှုသည် ရည်ရွယ်ချက်၊ ဦးတည် ချက် မပျောက်ရန်လို
အပ်ကြောင်း၊ မိမိနာမည်ကြီးရေး၊ မိမိအသပြာကြေးငွေရရှိရေး၊ အခြားအသင်းအဖွဲ့များအား ဂုဏ်တုဂုဏ်ပြိုင် ယှဉ်ပြိုင်ရေး
 အစရှိသည့် အတ္တများကိုဖြုတ်ပြီးမိမိကိုယ်မိမိကြည်ညိုမှုရှိအောင်သီလလုံခြုံရေး၊ မြတ်စွာဘုရားဟောကြားထားသော ဗြဟ္မစိုရ်တရားလေး
ပါးအား အမိအရလက်ကိုင်ပြု၍ ကျင့်သုံးနိုင်ရန်နှင့် ယော ဆရာတော်ကြီး ဟောကြားထားသော ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဖြစ်ကြောင်း" စသဖြင့် တိုက်တွန်းနှိုးဆော် အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ၂၉ ရပ်ကွက် မြောက်ဒဂုံနာရေးကူညီမှုအဖွဲ့မှ တာဝန်ရှိသူများမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့သည်။
နံနက် (၁ဝးဝဝ)နာရီ အချိန်၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သော အခြေအနေအရပ်ရပ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များပစ္စည်း ဥစ္စာ၊ အသက်အိုးအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ကြရ
သည်။ ထိုကဲ့သို့ ပျက်စီးဆုံးရှုံးခဲ့ရသော ရခိုင်တိုင်းရင်းသား/သူများအတွက် ရန်ကုန်တိုင်း၊ တွံ့တေးမြို့ သူ/သားများမှ လူသားချင်းစာနာမှုဖြင့် ကူညီလှူဒါန်းမှုတစ်ရပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ တွံ့တေးမြို့သူ/သားများသည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီလှူဒါန်းနိုင်ရန်အတွက် ကောက်ခံထားသော အလှူငွေ ၂ဝ၃ဝဝဝဝိ/- (သိန်းနှစ်ဆယ်သုံးသောင်း) ကျပ်တိတိအား အလှူရှင်စာရင်း၊ ငွေစာရင်းရှင်းတမ်းများနှင့် အလှူရှင်များထံသို့ စနစ်တကျပြန်လည်ပေးပို့ခဲ့ကာ ယင်းအလှူငွေများအား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှတဆင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်
များထံသို့ ကူညီလှူဒါန်း ပံ့ပိုးနိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့သည်။ ထို့အပြင် တွံ့တေးမြို့မှ လာရောက်လှူဒါန်းကြသော လူမှုရေးသမားများသည် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက် ပေးဆပ်မှုများနှင့် သင်တန်းခန်းမများအား ဝင်ရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။
မွန်းလွဲ (၁းဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ကချင်ငြိမ်းချမ်းရေး ကွန်ယက် အဖွဲ့နှင့် လက်တွဲ၍ ကချင်ပြည်
နယ်ရှိ ဒုက္ခသည်များအား ကူညီလှူဒါန်းမှု အခမ်းအနားအား ကျင်းပခဲ့သည်။ ကချင် ဒေသရှိ ဒုက္ခသည်အများစုတို့သည် တရုတ်ပြည်နယ်စပ်အသီးသီး၌ ခိုလှုံနေကြရသည်။ ကချင်ဒုက္ခသည်များအား ယခင့်ယခင်သွားရောက် ကူညီလှူဒါန်းမှုများပြု
လုပ်ရာတွင် အစိုးရ၏ထိန်းချုပ်နယ်မြေ၊ သတ်မှတ်ထားသော နယ်မြေ များတွင်သာ လှူဒါန်းမှုများ ပြုလုပ်နိုင်ခဲ့သည်။
ထို့ကြောင့် ဒုက္ခသည်အများစုရှိရာ နယ်စပ်ဒေသအသီးသီးသို့ လှူဒါန်းမှုပြုလုပ်နိုင်ရန်အတွက် ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကမ်းလှမ်းလာခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်) အနေဖြင့် ငြိမ်းချမ်းရေးကိုရှေ့ရှု၍ လူသားချင်းစာနာစိတ်ဖြင့်
 ထိုကဲ့သို့ စားဝတ်နေရေး ကျန်းမာ ရေး၊ ပညာရေး၊ လူ့အခွင့်အရေးဆုံးရှုံးမှုများ ခံစားနေရသော ဒုက္ခသည်များရှိရာ တရုတ်ပြည်
နယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ သိန်းနှစ်ရာကျပ်တိတိ ထပ်မံလှူဒါန်းမှု ပြုလုပ်ခဲ့ပါသည်။
ယင်းဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ပေါင်း (၆ဝဝဝဝ)သောင်းခန့်ရှိရာ ယခုလှူဒါန်းသော သိန်းနှစ်ရာကျပ်တိတိသည် တစ်လခွဲခန့်အတွက် စားသောက်ရေးသာ ဖြည့်စွမ်းပေးနိုင်မည် ဖြစ်ပါသောကြောင့် ကမ္ဘာ့ပြည်သူ မြန်မာ့ပြည်သူ၊ ကုသိုလ်ရှင်
အပေါင်းတို့ လူသားချင်းစာနာ ထောက်ထားသောစိတ်များဖြင့် လှူဒါန်းကူညီကြပါရန် ယင်းအခမ်းအနားတွင် တိုက်တွန်းနှိုးဆော်ခဲ့သလို ပြည်တွင်း စစ်ကြီးရပ်စဲ၍ ငြိမ်းချမ်းရေးကို လူမျိုးဘာသာ မရွေးရရှိကြစေရန် မေတ္တာပို့သလိုက်ရပါ
သည်။
ကိုကျော်သူ
မှ တရားဆွဲမည်ဟုခြိမ်းခြောက်
Posted: 29 Jul 2012 07:54 AM PDT
ဓါတ်ပုံ - တရုပ်သတင်းဌာနမှာဘာသာပြန်လွဲလို့ပါဟု အရှုးကွက်နင်းအောင်သိန်းလင်းနှင့် တာမွေ ဒေါ်လဲ့လဲ့ဝင်းဆွေ တို့ တာမွေဈေးကိုသိမ်းဖို့ ဈေးသူ/သားတို့အား လှည့်ပါတ်ပြောဆိုနေစဉ်။
မြန်မာသံတော်ဆင့်သတင်းဂျာနယ် အတွဲ ၁၊ အမှတ် ၂၀ (၂၇-၇-၂၀၁၂) တွင် ဖော်ပြထားသည့် ( နိုင်ငံရေးလှည့်ကွက်များသည် လူငယ်ထု များအတွင်း၌ပင် ခံစားခဲ့ကြရသည်) ဆောင်းပါးနှင့် ပတ်သက်၍ (၂၈-၇-၂၀၁၂) တွင် တာမွေ မြို့နယ်ပြည်ခိုင်ဖြိုးအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေမှ - ဂျာနယ်တိုက်သို့ တရားစွဲမည်ြ
ဖစ်ကြောင်း၊ သံတော်ဆင့် အယ်ဒီတာချုပ်သည် ၄င်း၏မြို့နယ်အတွင်း၌ နေထိုင်ကြောင်း၊ - စာရေးသူ မောင်ရေစက် မည်သူမည်ဝါသိရှိလိုကြောင်း နေရပ်လိပ်စာ သိလိုကြောင်း စသည်ဖြင့် မေးခွန်းများကို တယ်လီဖုန်းဖြင့် မောက်မာစွာ
 ပြောဆိုခဲ့သည်။
၎င်း၏ မြို့နယ် ကော်မတီဝင် ဦးခိုင်ထွန်းအောင်သည် ဖုန်းဖြင့်ဆက်သွယ်၍ အယ်ဒီတာချုပ်အား ၄င်း၏မြို့နယ်အတွင်းရေးမှူးနှင့်
 တွေ့ဆုံ ညှိနှိုင်းရန် ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အရည်အချင်း၊ လုပ်ရပ်များ ပီသရန် လိုအပ်သကဲ့သို့ မြန်မာသံတော်ဆင့်သတင်းဌာနသည်သတင်းအမှန်များကိုသာ ရေးသား၍မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမှ မကြောက်ရွံ့ဘဲ ယခုသတင်းဆောင်းပါးပါ အချက်အလက်များထက် ပိုမိုဆိုးဝါးသော၊ နောက်ကွယ်မှ သတင်းအမှန်များကို အထောက်အထားခိုင်လုံစွာဖြင့် ချပြဖြေရှင်းရန်အသင့်ရှိသည်။လူသက်သေ၊ ပစ္စည်းသက်သေ၊ မှတ်တမ်းသက်သေ၊ အသံဖိုင်
များဖြင့် သတင်းစုဆောင်း ထားပြီးဖြစ်သည်။
ပြည်သူ့ ကိုယ်စားပြု ကိုယ်စားလှယ်အနေဖြင့် ပြည်သူများအပေါ် လက်တစ်လုံးခြား လှည့်ဖျားနေသော လုပ်ရပ်များကို အချိန်မီ
 ပြုပြင်ရန် တိုက်တွန်းလိုပါသည်။ သို့မဟုတ်ပါက ပြည်သူများ၏ ဒဏ်ခတ်ခြင်းကို ခံရမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။
ထိုနေ့ဂျာနယ်တွင်ပါရှိသောလွှတ်တော်ကိုယ်စားလှယ်များလက်ပိုက်ကြည့်နေ ပေးစားသတင်းနှင့်ပတ်သက်၍ ကျိုက်လတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းဝင်းကဖုန်းဖြင့်ဆက်သွယ်၍အယ်ဒီတာချုပ်အား ဖြေရှင်းချက်ကို
 ပြောကြားပါသည်။ ၄င်း၏ ပြောကြားချက်မှာ ၄င်းပေးစာရေးသူများကို အပြစ်မတင်လိုကြောင်း၊ လက်ရှိအခြေအနေမှန်ပင်ဖြစ်ကြောင်း၊ ဆိုင်ရာအဖွဲ့အစည်းမျာနှင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်း၊ ၄င်းတို့၏လုပ်ဆောင်ချက်ကို ဂျာနယ်တိုက်သို့ ပေးပို့ သွားမည်ဖြစ်ကြောင်း ပြေလည်စွာ ဆက်သွယ် ဖြေရှင်းပြောကြားခဲ့သည်။
ထို့အတွက်ကြောင့် ပြည်သူ့ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် အချိန်မဆိုင်းပဲ လိုအပ်ချက်ကို ပြန်လည်ဖြေရှင်းသည့် ဦးသန်းဝင်းအား မြန်မာသံတော်ဆင့်က ကျေးဇူးတင်သည်။
Aung Pan
မြန်မာသံတော်ဆင့်သတင်းဂျာနယ် အတွဲ ၁၊ အမှတ် ၂၀ ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်..
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ ပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် "ထေရ၀ါဒ ဓမ္မကွန်ရက်" ကို ရန်ကုန်တွင် ပြုလုပ်သွားမည်..
Posted: 29 Jul 2012 10:52 PM PDT
ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ ပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ်
"ထေရ၀ါဒ ဓမ္မကွန်ရက်" ကို ရန်ကုန်တွင် ပြုလုပ်သွားမည်
၁၂-သြဂုတ်-၂၀၁၂၊ ၁၃၇၄ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၁၀)ရက် တနင်္ဂနွေနေ့၊ နေ့လည် ၂း၀၀ နာရီတိတိ 
အချိန်တွင် ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် "ထေရ၀ါဒ ဓမ္မကွန်ရက်"
 ကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်လမ်း၊ (ရွှေတိဂုံစေတီတော် အလယ်ပစ္စယာ၊
 ရှင်သာမဏေ ဓမ္မဗိမာန်ဘေးလမ်း) မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်၌ ပြုလုပ် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။
           အဆိုပါ "ထေရ၀ါဒ ဓမ္မကွန်ရက်"ကို အမျိုး-ဘာသာ-သာသနာ ကာကွယ်စောင့်ရှောက် ပြန့်ပွားရေး 
လုပ် ငန်းစဉ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ (၁) ရည်ရွယ်ချက် ၊ ( ၂ ) လုပ်ငန်းစဉ် ၊ ( ၃ ) ဖြန့်ချီရေးစနစ် ၊ ( ၄ )  နှိုးဆော်ချက်၊
 ( ၅ ) လက်တွေ့ဆောင်ရွက်ရန် လျာထားချက် ၊ ( ၆ ) ရန်ပုံငွေ ရှာဖွေစုဆောင်းခြင်း ဆိုတဲ့ အစီ အစဉ်တွေနဲ့ ပြု
လုပ်သွားဖို့ ရှိပါတယ်။
ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ်
 "ထေရ၀ါဒ ဓမ္မကွန်ရက်"ကို ပြန်ပွားအောင်၊ တည်တံ့အောင်၊ ကြာရှည်အောင် ပြုလုပ်ရတဲ့ 
အဓိက ရည်ရွယ်ချက်ကတော့ …..
(၁) သာသနာတော်အရေးကို ကြောင့်ကြစိုက် ဆောင်ရွက်နေကြသော အသင်း-အဖွဲ့များနှင့် 
သာသနာ အကျိုး ဆောင်ရွက်နေကြသော ရဟန်း-ရှင်-လူအများကွန်ရက်ပမာ ချိတ်ဆက်ကာဖြင့် သာသနာအရေး
 ဆောင် ရွက်ဖွယ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ကြရန်။
(၂) အသင်း-အဖွဲ့အသီးသီးက ဆောင်ရွက်လျက်ရှိသော သာသနာတော် သန့်ရှင်း-တည်တံ့-ပြန့်ပွားရေး 
လုပ်ငန်းများနှင့် သာသနာ့အကျိုး ဆောင်ရွက်မှုအခြေအနေများ၊အခက်အခဲများကို ၀ိုင်းဝန်းအကြံပြု၍ အတွေ့ 
အကြုံများ ဖလှယ်နိုင်ကြရန်။
(၃) အဓမ္မ၀ါဒများနှင့် သာသနာ့ အန္တရာယ်များကို ဖော်ထုတ်အသိပေးရန်နှင့် ဘာသာခြား သာသနာပြုများ
 ၏ ထိုးနှက်ချက်များကို ကာကွယ် တားဆီးနိုင်ကြစေရန်။
(၄) ထေရ၀ါဒ ပိဋကတ်တော်နှင့် ညီညွတ်သော ဓမ္မတရားတော်များ ပြန့်ပွားရေးစီမံချက်များ ဖော်ဆောင် 
ရန် ဖြစ်ပါတယ်။
လုပ်ငန်းစဉ်တွေ အနေနဲ့ကတော့ ……..ဘာသာ-သာသနာအကျိုး သယ်ပိုးနေကြသော 
အသင်းအဖွဲ့များ၊ အကျိုးဆောင်ပုဂ္ဂိုလ်များကို ဖိတ်ခေါ်စာ ဖြန့်ဝေပြီး၊ ပထမအကြိမ် အကြိုညှိနှိုင်း 
အစည်းအဝေးပွဲ ကျင်းပရန်၊ "ထေရ၀ါဒ ဓမ္မကွန်ရက်" ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းရန်၊ ဖွဲ့စည်းပုံ (မူကြမ်း)
 ရေးဆွဲရန်၊ နာယကများ တင်မြှောက် ရန်၊ ကွန်ရက်တွင်ပါဝင်ချိတ်ဆက်မည့် အဖွဲ့များ စည်းရုံးဆက်
သွယ်ရန်၊ မျက်မှောက်ခေတ် ဖြစ်ပွားနေသော အခြေအနေများနှင့် သိသင့်သည် သတင်း
 အချက်အလတ်များ၊ ဓမ္မဆောင်းပါများကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင် ရန်အတွက် "ထေရ၀ါဒမော်ကွန်း" 
ဓမ္မစာစဉ် ကို ကွန်ရက်အဖွဲ့များ၊ ပုဂ္ဂိုလ်များမှ တစ်ဆင့် လစဉ်ဖြန့်ချီရန် ဖြစ်ပါ တယ်။
လက်တွေ့တွင်လည်း အောက်ပါအချက်အလက်များကို ဆောင်ရွက်နိုင်ရန် "ထေရ၀ါဒ 
ဓမ္မကွန်ရက်" ဖြစ်မြောက်ရေး ကော်မတီများက လျာထားပါတယ်။
(၁) ထေရ၀ါဒ ဗုဒ္ဓသာသနာပြန့်ပွားရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲများ၊ နှီးနှော
 ဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများပြုလုပ်ရန်။
(၂) အဓမ္မ၀ါဒများ ဟောပြောဖြန့်ဝေခြင်း၊ ဘာသာခြား သာသနာပြုများ ထိုးနှက်တိုက်ခိုက်ခြင်း အခြေ
 အနေများကို သတင်းများ စုဆောင်းပေးပို့ရန်။
(၃) ဘာသာတွင်း သာသနာ့အန္တရာများနှင့် သာသနာတော်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းထိခိုက်စေမည့်
 (ရဟန်းတု၊ သာမဏေတု၊ သီလရှင်တုများ၏ စီးပွားရှာမှုများ၊ သိက္ခာပျက် ပုဂ္ဂိုလ်များ၏) လုပ်ရပ်များကို
 ဖော်ထုတ် တားဆီးရန်။ (သက်ဆိုင်ရာ တာဝန်ရှိသူများသို့ သတင်းပို့ အကူအညီရယူရန်)
(၄) သာသနာတော် သန့်ရှင်း-တည်တံ့၊ ပြန်ပွားရေးဆိုင်ရာ ဓမ္မစာဆောင် စာအုပ်များ
 ပြုစုထုတ်ဝေခြင်း၊ ရုပ်သံရိုက်ကူးခြင်း၊ မီဒီယာများမှ နှိုးဆော် အသိပေးခြင်းများပြုလုပ်ရန်။
(၅) သာသနာ့ အကျိုးဆောင် အရည်အချင်း မြှင့်တင်ရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ရန်။
(၆) မဖွံ့ဖြိုးသေးသော ဒေသများနှင့် တောင်တန်းနယ်ခြား သာသနာပြု ရဟန်းတော်များ၏ သာသနာပြု
 လုပ်ငန်းများတွင် နည်းစနစ်များ၊ ပစ္စည်းဝတ္ထု အင်အားများဖြင့် ကူညီထောက်ပံ့ လှူဒါန်းနိုင်ရန်ဖြစ်ကြောင်း
 "ထေရ ၀ါဒ ဓမ္မကွန်ရက်" ကော်မတီအဖွဲ့ဝင်များက ထုတ်ပြန် ကြေငြာထားပါသည်။
ယခုလို ဘာသာ-သာသနာကို ရွဲပြဲနေလို့ ပြုပြင်လိုသူများက ပြုပြင်ချင်ကြပေမယ့် ပြုပြင်လို့ ပြုပြင်ရ ကောင်းမှန်း
 မသိဘဲ ဘာသိဘာသာ နေတဲ့သူတွေနဲ့ ယနေ့မျက်မှောက်ခေတ် ကာလတွင် 
ဒီမိုကရေစီစနစ်အရ လွတ်လပ်စွာ ဟောပြော-ရေးသား-ကိုးကွယ်ခွင့်ကို အခွင့်အကောင်းယူကာ အဓမ္မ၀ါဒများနှင့် 
ဘာသာခြားသာ သနာပြုများ၏ ထိုးနှက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လျှက်ရှိပါသည်။ 
ထိုသာသနာ့ အန္တရာယ်များကို ကာကွယ်ရန် အတွက် စေတနာ - 
သဒ္ဓ္ဓါတူမျှ၍ ဘာသာသွေး နွေးထွေးကြကုန်သော ဒေသအသီးသီးမှ သာသနာ့အကျိုးဆောင် အသင်း-အဖွဲ့များ နှင့်
 တစ်ဦးချင်း စွမ်းဆောင်နိုင်သူများ စုပေါင်းကာ ကွန်ရက်ပမာ ချိတ်ဆက်ဆောင်ရွက်နိုင်မှ ပိုမိုထိရောက်စွာ 
စွမ်းဆောင်နိုင်မည့် သာသနာရေး ခံတပ်အင်းအားစုကြီးတစ်ခု ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမျိုး- 
ဘာသာ- သာသနာအရေး အားပေးဆောင်ရွက်လိုသူ အပေါင်းတို့သည် အောက်ဖော်ပြပါ အကျိုးဆောင်ပုဂ္ဂိုလ်များ
 ထံသို့ ဆက်သွယ်စုံစမ်း နိုင်ပါကြောင်း နှိုးဆော် ဖိတ်ခေါ်အပ်ပါသည်။
           (၁) မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်၊ ဗဟန်းမြို့နယ်။ ဖုန်း-၀၁-၃၇၁၅၃၁၊ ၀၉-၈၆၂၃၀၁၃။
           (၂) မင်းဝေလွင်၊ အောင်မင်္ဂလာကျောင်းတိုက်၊ အလုံမြို့နယ်။ ဖုန်း-၀၉-၅၁၆၇၉၅၆။
           (၃) အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေးရှင်း။ ဖုန်း- ၀၉-၅၁၂၇၃၃၀။
           (၄) မေတ္တာတံခွန်အသင်း၊ ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်။
(လတစ်လ၏ နောက်ဆုံးအပတ် တနင်္ဂနွေမှအပ၊ ကျန်တနင်္ဂနွေနေ့တိုင်း နံနက် ၁၀ နာရီမှ နေ့လည့် ၁၂ နာရီအထိ)
Posted: 29 Jul 2012 12:28 PM PDT
"စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်"(အပိုင်း-၂)
ဆောင်းပါးရှင် ကိုမျိုး(မြန်မာစာ)
အသိတရားလေး ရလာသလိုရှိသည်နှင့် အနည်းဆုံးတော့ ဆယ်ကျော်သက်ထက် ရင့် ကျက်လာဖို့ ကိုယ့်ကိုယ်ကိုယ်
 သတိပြုရန် ... ကြိုး စားကြည့်၏။ ဦးစွာ ကြိုးစားသည်က လူငယ် လေးတွေအပေါ် နားလည် ပေးနိုင်ဖို့ သူတို့
 စကားတွေကို နားထောင်ပေးခြင်းဟု ဆိုရမည်။ "အဲဒီမှာစတွေ့တာပဲ" ဟူသည့်စကားလို ရုပ်ရှင်ဗီဒီယို
သရုပ်ဆောင် ညီငယ်လေးတစ်ဦး ကို ဆုံကြည့်လိုက်သည်နှင့် "တွေ့"ရပြီ။ သူ့ အနေနှင့်ဒီကနေ့ လူတစ်ချို့ အပေါ်မြင်သည့်
အမြင်က
"အာများပြီး ဘော်နည်းနေသည်"ဟူ၏။
""လူမှာ အာဘော်ဆိုတာရှိတယ်။ အာများပြီးဘော် နည်းနေရင် အလုပ်မဟုတ်ဘူး။ အခုလူတွေ က အာများ
နေကြတယ်""ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုသော လူငယ်လေးအရှေ့မှာ ကျွန် တော်ဘာစကားမှ မဟဖြစ်ခဲ့။ တကယ်တော့
ကျွန်တော် စကားမဟရဲခဲ့ခြင်းသာ။ "အာ" များသည်ကို မကြိုက်ဟု ဆိုနေသော လူငယ်
 လေးတစ်ယောက်ရှေ့မှာ အာများသူအဖြစ်မခံရဲ။ လူငယ် လေးတစ်ယောက်၏ ထင်မြင်သုံးသပ်မှုကို မခံ ယူရဲ၍
ဘာစကားမှ ခွန်းတုံ့မပြန်ဘဲ အာ မများသူလို ပုံမျိုးချိုးကာ လူငယ်လေးတစ် ယောက်၏ ကြည်ညိုလေး
စားမှုကို ကျွန် တော်အကင်းပါးစွာ လိမ်ညာခံယူခဲ့ခြင်းဟု တစ်ချိန်မှာ ထိုလူငယ်လေး ပြန်သိသွားခဲ့ပါ လျှင်။
(ငယ်ရာကကြီးလာရသည့်လူ့ သဘာဝကြောင့် တစ်ချိန်မှာ ပြန်မသိစရာမရှိ။) မည်သို
ခံရရုံမျှဖြင့် လူငယ်တို့နှင့် သဘောသဘာဝ တူသယောင် ပြုနေကြခြင်းမျိုးတွေကို ယနေ့ Facebookပေါ်
မှာပင် အများအပြားတွေ့ မြင်နေရသည်ဖြစ်၍ အနာဂတ်အရေး ဘုးရားတ စရာ ကျွန်တော်တို့မှာ သေဖေါ်ညှိစရာ မရှား.....။
"ရောဂါ"
ကျွန်တော်တို့၏ ကြည့်မှန် Facebookအကြောင်း ပြန်ဆက်လျှင် ကြည့်မှန်မှာ ကျွန် တော့်ကိုယ် ကျွန်တော် ပြန်မြင်ရ
သည်က အသက်လေး ရလာသည်နှင့်အမျှ သူတစ်ပါး စာတွေကို ဖတ်ပြီး နည်းနည်းတော့ ဝေဖန်လိုက်ရမှ
ဆိုသည့် စိတ်လေးရှိနေသည် ဆိုခြင်းပင်။ ကွန်မာန့်ပေးသည့် ယဉ်ကျေးမှုမှာ ကျင့်ဝတ် မည်သို့ ရှိလေသည်တော့ မသိပါ။
သို့သော် ဆရာလုပ်လို့ လုပ်မှန်း မသိသာရလေအောင် ညည်းကြွားလေးတွေနှင့် ၀င်ပညာ ပေးသွားတတ်ကြ။
ဟိုလိုလား။ ဒီလိုလားပင် မသိရလေအောင် နှစ်ခွပညာပြတာမျိုး တွေကို လည်း ပညာယူလိုလျှင် ရနိုင်ပေမယ့်
 ကြီးမိုက် ကျွန်တော်ကတော့ ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက် အုပ်စုဖွဲ့ထားသူတွေကြား မိုက်ဂုဏ်လေး
 ပြကာပြကာ သွားဝေဖန်လို၍ မထီမဲ့မြင်ပြု ခံရတတ်သည်လည်း ရှိ၏။
အဆုံးမှာ ကိုယ်ဝင်ပြောတာ မကြိုက်၍ Like ပြန် အလုပ်မခံရသော ကွန်မန့်တွေအတွက် ကိုယ်သာ
 ရင်ထဲ မခံချိမခံသာ ပြန်ဖြစ်ရသည့် ဖြစ်အင်နှင့် မကျေနပ်ချက် နှစ်ဆတိုးရသည်။ စောစောက ဝေဖန်တာ
 "ကောင်းစေချင်လို့" ဆိုသော စေတနာ၊ နောက်တော့ ကိုယ်ကို
မထေမဲ့မြင်ပြုလေခြင်းဟု သူဘာလုပ်လုပ် ဝေဖန်ချင်လာသော ဝေဒနာ (ရောဂါ)။
သြော်...ရောဂါ..ရောဂါ.. ကြည့်မှန်မှာပင် သတိပြု ဆင်ခြင်သင့်သည်ကို မြင်မိ၊ သတိပြုမိသည့်တိုင်
 ကျွန်တော်အဖို့မှာ ဆင်ခြင်နိုင်ဖို့ ကိုတောင်တော်တော်ကြိုးစား အားထုတ် ရပါဦးမည်ဆိုသည်က သေချာ၏။
မှတ်မှတ်ရရ ကျွန်တော့မှာ နိုင်ငံတော် သတင်းစာစောင်တွေက ကူးယူရေး မှတ်ထားသော စကားများရှိပါသည်။
ဆက်လက်ဖော်ပြပါမည်
ကိုမျိုး(မြန်မာစာ) 
အပိုင်း (၁)ပြန်ဖတ်လိုလျှင် 
Posted: 29 Jul 2012 11:56 AM PDT
မြိတ်မြို့တွင်လွန်ခဲ့သောနှစ်ပေါင်း၂၃နှစ်ခန့်က NLDမြိတ်ရုံးချုပ် ဖြစ်ခဲ့ဖူးသော နယ်မြေတွင် ခွပ်ဒေါင်းအလံ တဖန်ပြန်လည် စိုက်ထူခြင်း.. 
(ထားဝယ်စုနယ်မြေ)
(၂၉၊၇၊၂၀၁၂)ရက်နေ့၊နံနက်(၉း၀၀)နာရီက မြိတ်မြို့နယ် ထားဝယ်စုနယ်မြေ၊ အမျိုးသာဒဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်
ရုံးခန်း ဖွင့်လှစ်ခြင်း အခမ်းအနားအား အမှတ်(၆၀)၊ စီလမ်း၊ ထားဝယ်စုရပ်တွင် ကျင်းပခဲ့ပါသည်။
အခမ်းအစီအစဉ်အရ.. အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ အဖွဲ့ချုပ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်
ဖွင့်လှစ်ခြင်း၊ အဖွဲ့ချုပ်အလံတင်ခြင်း၊ အလေးပြုခြင်း၊ မြိတ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ ကျင်းပရေးကော်မ
ရှင်မှ ဦးအော်ကောင်းမှ အဖွင့်အမှာစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်..။
တက်ရောက်လာကြသော အဖွဲ့ချုပ် အဖွဲ့ဝင်များမှ ရပ်/ကျေးရုံးဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ အဖွဲ့ချုပ်
 အဖွဲ့ဝင်တို့၏ စည်းကမ်းချက်များနှင့် ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားပြီးနောက် အခမ်းအနားကို
နေ့လည်(၁၀း၀၀)နာရီခန့်တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊
 ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်များ။
စုစုပေါင်း(၂၀၀)ကျော်ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားသို့ တက်ရောက်လာသော
ဧည့်ပရိသတ်များအား လက်ဖက်ရည်၊ ကိတ်မုန့်နှင့် စမူဆာများအား ဧည့်ခံကျွေးမွေးခဲ့ ကြပါသည်။
Posted: 29 Jul 2012 11:42 AM PDT
ဇူလိုင်၂၉ ရက်နေ့ ဗြဟ္မစိုရ်ခြေလှမ်း ဒိုင်ယာရီများ
၂၉.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)
ဥက္ကဌဦးကျော်သူမှ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ်(၂၉)ရပ်ကွက် နာရေးကူညီမှုအဖွဲ့ (၆) လပြည့် အထိမ်းအမှတ်
 ရုံးခန်းသစ် ဖွင့်လှစ်ပွဲသို့ အသင်းသူ/သားများဖြင့် တက်ရောက်ချီးမြှင့် အားပေးစကားပြောကြားခဲ့သည်။ 
 ဥက္ကဌဦးကျော်သူမှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် "(၆) လသား ရှိပြီဖြစ်သော ၂၉ ရပ်ကွက်၊
 မြောက်ဒဂုံ နာရေးကူညီမှုအဖွဲ့သို့ မိမိရောက်ရှိရာ၌ အထူးဝမ်းသာ ကျေနပ်အံ့သြမိကြောင်း၊ ယခင်စတင်
ဖွင့်လှစ်ချိန် ကာလများထက် ၂၉ ရပ်ကွက် မြောက်ဒဂုံနာရေးအသင်း၏ ရုပ်ဝတ္ထုအဆောက်အဦး
များ တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ ရုပ်ဝတ္ထု တိုးတက်မြင့်မားလာသလို စိတ်ပိုင်း
ဆိုင်ရာများလည်း တိုးတက် မြင့်မားမှုရှိရန်လည်း လိုအပ်ကြောင်း၊ ယခုကဲ့သို့ မြန်မာပြည်အရပ်ရပ် မြို့နယ်တိုင်း၊
 ရပ်ကွက်တိုင်းတွင် လူမှုရေးအသင်းအဖွဲ့များ များပြားလာသည်မှာ အများပြည်သူ လူထုတို့အတွက်
များစွာအကျိုးရှိကြောင်း၊ ထိုကဲ့သို့ အသင်းအဖွဲ့များ ပေါ်ပေါက်လာမှုသည် ရည်ရွယ်ချက်၊ ဦးတည် ချက် မပျောက်ရန်လို
အပ်ကြောင်း၊ မိမိနာမည်ကြီးရေး၊ မိမိအသပြာကြေးငွေရရှိရေး၊ အခြားအသင်းအဖွဲ့များအား ဂုဏ်တုဂုဏ်ပြိုင်
ယှဉ်ပြိုင်ရေး အစရှိသည့် အတ္တများကိုဖြုတ်ပြီး မိမိကိုယ်မိမိ ကြည်ညိုမှုရှိအောင်
 သီလ လုံခြုံရေး၊ မြတ်စွာဘုရားဟောကြားထားသော ဗြဟ္မစိုရ်တရားလေးပါးအား အမိအရလက်ကိုင်ပြု၍ ကျင့်သုံးနိုင်ရန်နှင့်
 ယော ဆရာတော်ကြီး ဟောကြားထားသော ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဖြစ်ကြောင်း"
စသဖြင့် တိုက်တွန်းနှိုးဆော် အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ၂၉ ရပ်ကွက် မြောက်ဒဂုံနာရေးကူညီမှု
အဖွဲ့မှ တာဝန်ရှိသူများမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့သည်။
နံနက် (၁ဝးဝဝ)နာရီ အချိန်၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သော အခြေအနေအရပ်
ရပ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များပစ္စည်း ဥစ္စာ၊ အသက်အိုးအိမ်များ
 ပျက်စီး ဆုံးရှုံးခဲ့ကြရသည်။ ထိုကဲ့သို့ ပျက်စီးဆုံးရှုံးခဲ့ရသော ရခိုင်တိုင်းရင်းသား/သူများအတွက် ရန်ကုန်တိုင်း၊
 တွံ့တေးမြို့ သူ/သားများမှ လူသားချင်းစာနာမှုဖြင့် ကူညီလှူဒါန်းမှုတစ်ရပ်ကို နာရေးကူညီမှုအသင်း
 (ရန်ကုန်)တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ တွံ့တေးမြို့သူ/သားများသည် ရခိုင်ပြည်နယ်ရှိ
ဒုက္ခသည်များအား ကူညီလှူဒါန်းနိုင်ရန်အတွက် ကောက်ခံထားသော အလှူငွေ ၂ဝ၃ဝဝဝဝိ/-
(သိန်းနှစ်ဆယ်သုံးသောင်း) ကျပ်တိတိအား အလှူရှင်စာရင်း၊ ငွေစာရင်းရှင်းတမ်းများနှင့်
အလှူရှင်များထံသို့ စနစ်တကျ ပြန်လည်ပေးပို့ခဲ့ကာ ယင်းအလှူငွေများအား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ
တဆင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များထံသို့ ကူညီလှူဒါန်း ပံ့ပိုးနိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့သည်။ ထို့အပြင်
တွံ့တေးမြို့မှ လာရောက်လှူဒါန်းကြသော လူမှုရေးသမားများသည် နာရေး ကူညီမှုအသင်း
(ရန်ကုန်)၏ လုပ်ဆောင်ချက် ပေးဆပ်မှုများနှင့် သင်တန်းခန်းမများအား ဝင်ရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။
မွန်းလွဲ (၁းဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ကချင်ငြိမ်းချမ်းရေး ကွန်ယက် အဖွဲ့နှင့်
 လက်တွဲ၍ ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီလှူဒါန်းမှု အခမ်းအနားအား ကျင်းပခဲ့သည်။ ကချင်
 ဒေသရှိ ဒုက္ခသည်အများစုတို့သည် တရုတ်ပြည်နယ်စပ်အသီးသီး၌ ခိုလှုံနေကြရသည်။ ကချင်ဒုက္ခသည်များအား
ယခင့်ယခင် သွားရောက် ကူညီလှူဒါန်းမှုများပြုလုပ်ရာတွင် အစိုးရ၏ ထိန်းချုပ်နယ်မြေ၊ သတ်မှတ်ထားသော နယ်မြေ
 များတွင်သာ လှူဒါန်းမှုများ ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဒုက္ခသည်အများစုရှိရာ နယ်စပ်ဒေသ
အသီးသီးသို့ လှူဒါန်းမှုပြုလုပ်နိုင်ရန်အတွက် ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ကမ်းလှမ်းလာခဲ့သည်။ ထို့ကြောင့်
 နာရေးကူညီမှု အသင်း(ရန်ကုန်) အနေဖြင့် ငြိမ်းချမ်းရေးကိုရှေ့ရှု၍ လူသားချင်းစာနာစိတ်ဖြင့် ထိုကဲ့သို့
 စားဝတ်နေရေး ကျန်းမာ ရေး၊ ပညာရေး၊ လူ့အခွင့်အရေးဆုံးရှုံးမှုများ ခံစားနေရသော ဒုက္ခသည်များရှိရာ
 တရုတ်ပြည်နယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ သိန်းနှစ်ရာကျပ်တိတိ ထပ်မံလှူဒါန်းမှု
 ပြုလုပ်ခဲ့ပါသည်။ ယင်းဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ပေါင်း (၆ဝဝဝဝ)သောင်းခန့်ရှိရာ
ယခုလှူဒါန်းသော သိန်းနှစ်ရာကျပ်တိတိသည် တစ်လခွဲခန့်အတွက် စားသောက်ရေးသာ ဖြည့်စွမ်းပေးနိုင်မည်
 ဖြစ်ပါသောကြောင့် ကမ္ဘာ့ပြည်သူ မြန်မာ့ပြည်သူ၊ ကုသိုလ်ရှင်အပေါင်းတို့ လူသားချင်းစာနာ ထောက်ထားသော
 စိတ်များဖြင့် လှူဒါန်းကူညီကြပါရန် ယင်းအခမ်းအနားတွင် တိုက်တွန်းနှိုးဆော်ခဲ့သလို ပြည်တွင်း စစ်ကြီးရပ်စဲ၍
 ငြိမ်းချမ်းရေးကို လူမျိုးဘာသာ မရွေးရရှိကြစေရန် မေတ္တာပို့သလိုက်ရပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)
Posted: 29 Jul 2012 11:23 AM PDT
ဝိတ်ပြားရှင်နှင့် နှစ်ကျပ်ခွဲရွာမှ ဇာတ်လမ်းတစ်ပုဒ်
(ရေးသားသူ နေရဲနီ)
ပုပ္ပားအရပ်တွင် နှစ်ကျပ်ခွဲဟူသော ရွာတစ်ရွာရှိလေ၏။ ဘာပစ္စည်းဘဲ ဖြစ်ဖြစ်နှစ်ကျပ်ခွဲထက် ပိုမရောင်းရ။
ထူးခြားသည်က ထိုရွာတွင် ကျောင်းထိုင်ဘုန်းကြီး မရှိခြင်းပင်။ အဘယ့်ကြောင့်ဆိုသော်
 ရောက်လာသမျှ ဘုန်းကြီးအပေါင်း ကျောင်းထိပ်သရက်ပင်ရှိ သရဲထက်ကြီးသော
 သဘက်ကြီးဒဏ် မခံနိုင်သောကြောင့် ကျောင်းသို့ရောက်ပြီး မကြာခင်ပင် ပျံလွန်တော် မူကြရ။ ပျံလွန်တော်မမူလျှင်
ထွက်ပြေး ကြရသည်ကများ၏။ သို့သော် နောက်ဆုံးကျောင်းထိုင်သည့် ကိုယ်တော်မှာ
ဦးပြည်းစိမ်းစိမ်း အသံသာသာနှင့် ကျောင်းသို့ ရောက်လာခဲ့သည်မှာလည်း တစ်နှစ်ခွဲခန့်ကြာပြီဖြစ်သော်လည်း
 မည်သို့မျှ ထူးခြားမှု မရှိလေသောအခါ ရွာသူရွာသားအပေါင်းတို့က ဒီတစ်ခါတော့ကျောင်းထိပ်က သဘက်ကြီးကို
 နိုင်သည့် သီလသမာဓိနှင့် ပြည့်စုံသော ကိုယ်တော်ဟု အထင်ရှိကာ ဆထက်ထမ်းပိုး တိုး၍ကြည်ညိုကြလေ၏။
သုံးလေးနှစ်ခန့် ကြာပြီးနောက် ထိုဆရာတော် ပျံလွန်တော်မူ၍ မြန်မာ့ဓလေ့ ထုံးစံအတိုင်း အလောင်းတော်ကို ရေချိုးရန်
သင်္ကန်းကို ခွာလိုက်သောအခါ တရွာလုံး သက်ပြင်းကြီးချလျှက် ရင်ဘတ် စည်တီးကာ ယူကြုံးမရ နောင်တကြီးစွာ
 ရကြလေသည်။
အကြောင်းသော်ကား " လက်စသတ်တော့ ဒင်းက ကျောင်းထိပ်က သဘက်ကြီးကို သူလိုချင်တာ
 တိတ်တိတ်ပေးပြီး ခပ်တည်တည်နဲ့ ကျောင်းပေါ် တက်ထိုင်နေတဲ့ ရဟန်း အယောင်ဆောင်ထားတဲ့ ယောင်္ကျားရှာပေကိုး
" ဟူ၍ ရွားသူရွာသားအပေါင်းက နောင်တစကားနှင့် မှတ်ချက်ပြုကြလေ၏။ (သင်္ဂဇာဆရာတော် ပုံပြင်များမှ)
နှစ်ကျပ်ခွဲရွာမှ ကိုယ်တော် ပျံလွန်တော်မူ၍ ရေချိုးရန်သင်္ကန်းကိုခွာပါမှ ဇစ်မြစ်အစုံအလင်ကို သိရသော
 ရွာသူရွာသား အပေါင်းတို့ကဲ့သို့ လမ်းတစ်ခြမ်းခင်း၊ ဆင်ကြယ်ဖိနပ်စီး၊
 ပြောင်းဖူးကိုင်သော မဟာရန်ကုန် ရွှေမြို့တော်ကြီး၏ မြို့တော်ဝန် ဟောင်းကြီးသည်လည်း Southern Weekend
သတင်းစာနှင့် အင်တာဗျူးပါမှ သူ၏ ကိုယ်ပိုင် အရည်အသွေးနှင့် တိုင်းပြည်အပေါ်
 ထားရှိသော စိတ်နေစိတ်ထားတို့ကို မြို့တော်သူ မြို့တော်သား အပေါင်းတို့သည်လည်း သိခွင့်ရကြလေတော့သတည်း။
နေရဲနီ
ဓာတ်ပုံပါ ဝိတ်ပြားရှင်ရဲ့  Southern Weekend သတင်းဋ္ဌာန အင်တာဗျူးနဲ့
 ပတ်သက်ပြီး တရုတ်သတင်းဋ္ဌာနမှာ ရေးသားထားတာကတော့ ဦးအောင်သိန်းလင်းရဲ့ ရုံးခန်းအတွင်းမှ 
အလေးမတဲ့ ဝိတ်ပြားများ ဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖော်ပြချက်ဟာ နိုင်ငံခြားသားနဲ့
 အိမ်ထောင်ပြုထားသူ တဦးဟာ နိုင်ငံတော် သမ္မတ မဖြစ်နိုင်ကြောင်း ပြောဆိုတယ်လို့ ဆိုပါတယ်..။
仰光省前省长的办公室里摆放着一副杠铃,他手拿一本缅甸宪法,这本宪法规定了和外国人结婚的缅甸人不能竞选总统。
Yangon, the former governor's office placed a barbell, he holding a Burmese constitution, the 
 Constitution provides for the Burmese and married to a foreigner can not run for president.
Posted: 29 Jul 2012 09:37 AM PDT
ဘင်္ဂလားဒေ့ရှ်မှ ဘုရင့်နောင်ရဲ့ ၁၆ ဆက်မြောက် မျိုးဆက်။ (မြန်မာ-မာမ-လူမျိုး)
Bama Thar (ဖေ့စ်ဘွတ်ခ်)
===================================================
ဘုရင့်နောင်ရဲ့ ၁၆ ဆက်မြောက် မျိုးဆက်ဟာ ဘင်္ဂလားဒေ့မှာ မဟာရာဂျာစော်ဘွားတွေလို မဟာရာဂျာ စော်ဘွားအဖြစ်နေထိုင်ပါတယ်။ ၁၅၉၉မှာ နန္ဒဘုရင်ရဲ့သားတော် မောင်ရွှေဖြူဟာ စစ်တကောင်းဒေသမှာ တာဝန်ကျခဲ့ပါတယ်။ ဘိုးမောင်းဆက်အဖြစ် ယနေ့တိုင် လူ ၂ သိန်းရှိသော ရှေးကတည်းက  ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့ကြသော မြ...န်မာ၊ မွန်၊ ရခိုင်တိုင်းရင်းသား အများအပြားကို  စစ်တကောင်းတောင်ရိုးမှာ အုပ်စိုးလျှက်ရှိပါတယ်။ ဘိုးမောင်း(BOHMONG) ၁၅ ဆက်မြောက်ဟာ ဓာတ်ပုံမှာပါသော မင်းအောင်ရွှေဖြူ ဖြစ်ပြီး ဘုရင့်နောင်ရဲ့ ၁၆ ဆက်မြောက် မျိုးဆက်ဖြစ်ပါတယ်။
မာမလူမျိုးဟာ မြန်မာလူမျိုး အသံထွက်မှ ဆင်းသက်လာတာပါ။ အခုအချိန်မှာတော့ ရခိုင်စကားပဲ အဓိက
 ပြောတော့ပါတယ်။ ဘင်ဂလားဒေ့ရှ် လူမျိုးစုစာရင်းမှာ အသေအချာ ဖော်ပြထားပါတယ်။
သမိုင်းကြောင်းကို ဆက်စပ် လေ့လာလိုပါက အောက်ပါလင့်များမှာ လေ့လာနိုင်ပါတယ်။ ဓာတ်ပုံများကိုလည်း
 အဲဒီမှ ကူးယူထားပါတယ်။
[The word "Marma" originates from the Burmese word "Myanma", which means "Burmese Nationals"and is pronounced as "Marma"by the people of the CHT. In other explanation the word "Marma" is derived from the Burmese word "Mraima" which means "Being Born". Hence, the predecessors of the Marma tribes were from Burma and as such, they came to be known as "Marma" or "Mraima". ]
https://www.facebook.com/media/set/?set=a.209157909111752.64807.139310402763170
http://www.ifad.org/english/indigenous/pub/documents/tnotes/bangladesh.pdf
https://sites.google.com/site/voiceofjummaland/marma
http://en.wikipedia.org/wiki/Bandarban_District
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
2012/7/16 phro chay <phrochay.02@gmail.com>
မဟာကျိန် သစ္စာရှင်ဘုရားကြီး လက်ယာဘက် မျက်လုံးတော်မှ ရောင်ခြည်တော်ကွန့်မြူး
          မြန်မာ သက္ကရာဇ် ၁၃၇၄ ခု၊ ပထမ၀ါဆိုလပြည့်ကျော် (၉) ရက် (၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်)၊ ကြာသပတေးနေ့ ညနေ ၇ နာရီအချိန်တွင် မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ဆရာတော် အရှင်ကုလရက္ခိတဦးဆောင် တည်ထားသော ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းဆုံရှိ ဥာဏ်တော်အမြင့် ၁၂၉ ပေ၊ ၆ လက်မရှိသော မဟာကျိန် သစ္စာရှင်ဘုရားကြီး၏ လက်ယာဘက်မျက်လုံးတော်မှ ရောင်ခြည်တော်များ ထူးခြားစွာ ကွန့်မြူးကြောင်း သိရှိရပါသည်။
          ဘုရားကြီး ဂေါပကများနှင့် ဘုရားဖူးများ၏ ပြောကြားချက်အရ ဘုရားကြီး၏ လက်ယာဘက် မျက်လုံးတော် မှ ထိုနေ့ ညနေ ၇ နာရီခန့်တွင် အဖြူရောင် အစက်အပြောက်များ ရုတ်တရက်လှုပ်ရှားကွန့်မြူးလာပြီး တဖြည်းဖြည်းနှင့် မျက်လုံးအိမ်တော်တစ်ခုလုံး အဖြူရောင်ဖုံးလွှမ်းသည်အထိ နာရီဝက် ကြာရောင် ရောင်ခြည်တော်များ လှည့်ပတ် ကွန့်မြူးနေကြောင်း သိရှိရပါသည်။
          အောက်ပါပုံတော်သည် ဘုရားဖူးတစ်ဦးမှ ရောင်ခြည်တော်ကွန့်မြူးနေစဉ် ဖုန်းဖြင့်ရိုက်ကူးထားသော ပုံများဖြစ်ပါသည်။ ဘုရားကြီးဥာဏ်တော်မြင့်မားမှုကြောင့်လည်းကောင်း၊ ညနေပိုင်းအချိန်တွင် ဖုန်းဖြင့်ရိုက်ယူ ထားသောကြောင့်လည်းကောင်း ကြည်လင်ပြတ်သားမှု မရှိသော်လည်း ကြည်ညိုနိုင်ရန် အလို့ငှာ ဖော်ပြလိုက်ရပါသည်။
Inline image 1
Inline image 3
မေတ္တာဖြင့်
ဖြိုးသျှေ
Sunday 29 July 2012
Posted: 27 Jul 2012 08:53 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနှလုံးသား၊ မြန်မာခံစားမှုကို အဓိက ချဉ်းကပ်ထားသော မှတ်တမ်း ရုပ်ရှင်တစ်ခုကို ဇူလိုင် ၂၁ ရက် က စတင်ရိုက်ကူးခဲ့ကြောင်း မြန်မာ အင်ဒီပဲန်ဒင့်သို့ ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ပြောကြားခဲ့သည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား ဒေါ်အောင်ဆန်းစုကြည်၏ အခြားအောင်မြင်မှုများ၊ လှုပ်ရှားမှုများ ကို အဘယ်ကြောင့် အဓိကထား ရိုက်ကူးမှုမပြုခြင်းနှင့် ပတ်သက်၍ မြန်မာအင်ဒီပဲန်ဒင့်မှ မေးမြန်းရာ “အမေစုရဲ့ အောင်မြင်မှုတွေက တစ်ကမ္ဘာလုံးသိတယ်လေ၊ အဲဒီတော့ တစ်ကမ္ဘာလုံးကမသိသေးတဲ့ သူရဲ့နှလုံးသား၊ သူ့ရဲ့စိတ်ကူး၊ သူ့ရဲ့ မြန်မာနှလုံးသား၊ သူ့ရဲ့ မြန်မာခံစားမှုကို အခြေခံတဲ့ အဓိက ချဉ်းကပ်တဲ့ မှတ်တမ်းရုပ်ရှင် ပေါ့နော်။ ပြီးတော့ အမေစုရဲ့ နှလုံးသား အတွင်းဆုံး အနက်ဆုံးမှာ ရှိနေတဲ့အရာကို တူးဆွကြည့်ဖို့ ကြိုးစားမှာပေါ့၊ ဒီမှတ်တမ်းရုပ်ရှင်နဲ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်း စုကြည်အား သွားရောက် တွေ့ဆုံဖြစ်ခဲ့ပုံနှင့် ပတ်သက်၍လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “အမေစု လွတ်လာတဲ့ အချိန်က တစ်ခါ တွေ့တယ်။ နောက်ပြီး ကိုလံဘီယာ ကဗျာပွဲတော် အတွက် အမေစုဆီက ကဗျာသွားတောင်းတုန်းက တစ်ခါတွေ့တယ်။ တတိယအကြိမ် တွေ့တာက အဲဒီကဗျာပွဲတော်က အတွေ့အကြုံတွေကို ပြောပြရင်းနဲ့ ဒီမှတ်တမ်းရုပ်ရှင် ရိုက်ချင်တဲ့ အကြောင်း ပြောဖြစ်တာ၊ အဲဒီမှာ အမေစုက ဘယ်လိုရိုက်မှာလဲ မေးတယ်၊ အဲဒီတော့ ဘယ်လို ရိုက်မလဲဆိုတာ ပြင်ဆင်တာပေါ့။ အဲဒီအချိန်ကတည်းက ရိုက်ခွင့်ပြုခဲ့တာ အခုရိုက်ဖြစ်တဲ့အချိန်က ခွင့်ပြုပြီး ၁နှစ်လောက်ကြာမှ ရိုက်ဖြစ်တာ”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားသည်။
ဒေါ်အောင်ဆန်းစုကြည် မှတ်တမ်း ရုပ်ရှင်အတွက် ကြိုတင်ပြင်ဆင်ခဲ့မှု အပိုင်းနှင့်ပတ်သက်၍လည်း ““အမေစု အော်စလိုကို သွားတုန်းကလည်း လိုက်ပြီး မှတ်တမ်းရိုက်တယ်၊ ကိုယ်မမီလိုက်တဲ့ သူ့အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်တွေ၊ စတေဓာတ်ပုံတွေ၊ Movie တွေကတော့ ထပ်ပြီး ရှာရဦးမယ်”ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန် အခြားပုဂ္ဂိုလ် အများအပြား ရှိသည့်အနက် ဒေါ်အောင်ဆန်းစုကြည် အား အဘယ်ကြောင့် ရွေးချယ်ရခြင်း နှင့်ပတ်သက်၍လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “ဒီမှတ်တမ်း ရုပ်ရှင်ရိုက်မယ်လို့ စိတ်ကူးမိချိန်မှာ အမေစု တစ်ယောက်ပဲ လွတ်မြောက်သေးတယ်။ အခြားသူတွေ မလွတ် မြောက်သေးဘူး၊ ပြီးတော့ ကမ္ဘာမှာ မြန်မာနိုင်ငံအတွက် အမေစုက icon တစ်ခုဖြစ်နေတယ်ဆိုတော့ အဲဒါကို ကိုယ့်မှာရှိတဲ့ အနုပညာနဲ့ မှတ်တမ်းတစ်ခု တင်မှဖြစ်လိမ့်မယ်လို့ ခံစားချက်လည်း ရှိလို့ပါ”ဟု ပြန်လည်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်း စုကြည်အကြောင်း ရိုက်ကူးထားသော The Ladies ရုပ်ရှင်ကားနှင့် ယခုရိုက်ကူးသည့် မှတ်တမ်းရုပ်ရှင်တို့ နှစ်ခုကွာခြားမှု အခြေအနေနှင့် ပတ်သက်၍လည်း “ The Ladies က ကျတော့ Features ပေါ့။ ဖန်တီးတဲ့ပုဂ္ဂိုလ်က ဖန်တီးချင်သလို ဖန်တီးခွင့်ရှိတယ်။ မှတ်တမ်းရုပ်ရှင် ဆိုတာကကျတော့ တကယ့် အဖြစ်အပျက်၊ တကယ့်ဘဝတွေကို အခြေခံထားရတယ်။ ဒါပေမယ့် ကိုယ်ရိုက်တဲ့ မှတ်တမ်းရုပ်ရှင်မှာကျတော့ အချက်အလက် တွေကို အခြေခံထားတာ မဟုတ်ဘဲနဲ့ သူ့ရဲ့ခံစားမှုတွေကို အခြေခံတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်မှာပါ”ဟု ပြောကြားသည်။
အဆိုပါ မှတ်တမ်းရုပ်ရှင်ကို အချိန် ၁ နှစ်ခွဲ၊ ၂နှစ်ခန့်ယူ၍ ရိုက်ကူးရမည်ဟု သိရသည်။ ဒေါ်အောင်ဆန်း စုကြည်၏ အချိန်ပေးနိုင်မှုအပေါ် မူတည်၍ ရိုက်ကူးသွားမည်ဟု သိရသည်။ ပရိသတ်ထံသို့ မည်သည့်အချိန်တွင် ပြသနိုင်ပြီး မည်သည့် ခံစားမှုများ ကြည့်ရှုသူ ပရိသတ်က ရရှိနိုင်ကြောင်းကိုလည်း မေးမြန်းရာ “ဘယ်အချိန်ပြီးမယ်လို့တော့ မပြောနိုင်သေးဘူး။ ပရိသတ် ဘာရသွားမလဲ ဆိုတာထက် ကိုယ်ချစ်ခင်လေးစားရတဲ့ မြန်မာနိုင်ငံအတွက် အင်မတန်ကို တန်ဖိုးရှိတဲ့ လူသားတစ်ယောက် ရဲ့ခံစားမှုတွေကို တတ်နိုင်သလောက် ကြိုးစားပြီး မှတ်တမ်းတင် ကြည့်ချင်တာပါ”ဟု ပြန်လည် ဖြေကြားခဲ့သည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂ဝဝ၆ ခုနှစ်က ပထမဦးဆုံး မှတ်တမ်းရုပ်ရှင်အဖြစ် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် နယ်၊ နန့်စွယ်ရွာရှိ ကယန်း(ပဒေါင်)လူမျိုး အကြောင်း ရိုက်ကူးထားသော HUMAN ZOO မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ ဒုတိယမြောက် မှတ်တမ်းရုပ်ရှင်အဖြစ် အင်းသီး(The Floating Tomatoes) မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သည်။ အဆိုပါ အင်းသီးမှတ်တမ်း ရုပ်ရှင် သည် ဗီယက်နမ်နိုင်ငံတွင်ကျင်းပသော အာဆီယံ ရုပ်ရှင်ပွဲတော်၌ အာဆီယံ ၁ဝ နိုင်ငံမှ မှတ်တမ်းရုပ်ရှင် ၁၇၈ ကားအနက် ဒုတိယဆု ရရှိခဲ့သည်။
www.myanmarij.com
(ဒေါင်းမာန်ဟုန်မှကူးယူဖေါ်ပြပါသည်)
ပြုပြင်ပြောင်းလဲရေး ( အောင်ထက်နိုင်)
ဒီပုံလေးကိုကြည့်ပြီးတော့ ဘယ်လို မှန်းပြောမရနိုင်တဲ့ ခံစားမှုတွေ ရင်ထဲ ပြည့်နေတာကြောင့် ဒီစာလေးကို ချရေးလိုက်မိတယ်...
၁၉ရက်၊ ဇူလိုင်လ၊ ၂၀၁၂ (၆၅)နှစ်မြောက် အာဇာနည်နေ့ကပေါ့...
နည်းပညာတက္ကသိုလ်(ရမည်းသင်း)က ကျောင်းသူကျောင်းသားတွေ... သူတို့ရင်ထဲက လာတဲ့ မျိုးချစ်စိတ်အပြည့်နဲ့ (၆၅)နှစ်မြောက် အာဇာနည်နေ့မှာ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ကြတဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေကိုဂုဏ်ပြုတဲ့အနေနဲ့...နံရံကပ်ပိုစတာလေးတစ်ခုကိုဖန်တီးကြတယ်... ပြီးတော့ ကျောင်းဝင်းထဲမှာ ကပ်နိုင်ဖို့ သက်ဆိုင်ရာ တက္ကသိုလ် အာဏာပိုင်တွေဆီ ချဉ်းကပ်ခွင့်တောင်းခဲ့တယ်... တကယ်တော့ ခွင့်တောင်းတယ်ဆိုတာ ဒီကျောင်းမှာရှိတဲ့ အကြီးအကဲတွေကို လေးစားသမှုနဲ့ ခွင့်ပြုချက် တောင်းခဲ့တာပါ... အာဇာနည်နေ့ကို ဂုဏ်ပြုဖို့ ခွင့်ပြုချက်တောင်းရတယ်ဆိုတာ ကြားလို့မှ မကောင်းဗျာ... ဘယ်လောက်များ မျိုးချစ်စိတ် ခေါင်းပါးလှတဲ့ အာဏာပိုင်တွေလဲ မသိပါဘူး... အဲ့ဒါ အသာထားအုံးဗျ... ဆက်အုံးမယ်... ဒီလိုကျောင်းသူကျောင်းသားတွေက နားလည်မှုနဲ့ ခွင့်ပြုချက်တောင်းတာကို ခွင့်မပြုဘူးတဲ့ဗျ... ကဲ... ကြားကြလို့မှ ကောင်းရဲ့လားဗျာ... ဒါနဲ့ပဲ... ကျောင်းသူကျောင်းသားတွေက... ကဲ... ဒီလောက် အဆင့်မရှိတဲ့ ကျောင်းဝင်းထဲမှာ လုပ်ခွင့်မရတော့ကော ဘာဖြစ်သေးလဲ ... ကျောင်းသူကျောင်းသားတွေအပြင် အများပြည်ပါမြင်နိုင်တဲ့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးဘေး... ကျောင်းပေါက်နားမှာပိုစတာဘုတ်ကို ထောင်လိုက်တယ်ဗျာ... အဲ...အဲ့ဒီမှာစတာပဲ... SB ဆိုလား... စရဖ ဆိုလား... စားရအောင်ဖားဆိုလား... အဲ့လူတွေရောက် လာပြီး...ဟိုလိုဒီလိုပေါ့ဗျာ... ကျောင်းကဆရာမတွေကိုဖုန်းနဲ့အကြောင်းကြားသလိုလို...တပ်လှန့်သလိုလို... ခြိမ်းလား ခြောက်လားနဲ့ ပေါ့ဗျာ... ဟဲ...သူတို့က ပြောလိုက်သေးဗျ... ဒါကို ဘယ်သူ လာထောင်တာလဲ... ဗကသကလား... ကျော်ကိုကိုလာသွားလား...ဘာလား...ညာလားနဲ့ပေါ့ဗျာ... ဘာမှကို မဆိုင်တာ... နော်...။ သူတို့လည်း နောက်ဆုံး တတ်နိုင်ဘူးထင်ပါရဲ့... ကျောင်းသူကျောင်းသားတွေကလည်း စိတ်ဝင်စားလိုက်တာမှ... ပျားတွေ ပျားအုံးမှာ ၀င်ကပ်သလို... အစုလိုက်အစုလိုက် အုံးကြည့်ကြ... စိတ်ဝင်တစားဖတ်ကြတာဗျ... ခု အာဇာနည်နေ့က တစ်ပါတ်တောင်ကျော်သွားပေါ့...ပိုစတာဘုတ်ကြီးက ခုထိရှိတုန်းဗျ...
ဒါက တစ်ခုပေါ့ဗျာ... နောက် အာဇာနည်နေ့ မနက်ပိုင်း ၁၀း၃၀ လောက်မှာ... ကျုပ်တို့ ရမည်းသင်းခရိုင်ကျောင်းသားသမဂ္ဂက ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ မျိုးချစ်စိတ်ရှိကြတဲ့ ကျောင်းသားတွေ ပူပေါင်းပြီး... အာဇာနည်နေ့မှာ အထကကျောင်းဝင်းထဲက လွတ်လပ်ရေးကျောက်တိုင်ကို ချီတက်ပြီး လွမ်းသူ့ပန်းခွေချ အလေးပြုမယ်ပေါ့ဗျာ...
အဲ... အဲ့ဒီမှာ စတော့တာပဲ... တက္ကသိုလ်အာဏာပိုင်တွေ...လူကြီးဆိုတဲ့သူတွေ...တော်တော်ခက်ပါလား... နားကိုမလည်တော့ဘူး... အာဇာနည်နေ့ကို အလေးမပြုရဘူးတဲ့ဗျာ... လာပြန်ချည်သေး... ဌာနမှူးတစ်ယောက်ပေါ့ဗျာ... ဘယ်ဌာနကလည်းပြောတော့ပါဘူး... ပုဂ္ဂိုလ်ရေးတွေပါကုန်မှာစိုးလို့... ကျုပ်ဌာနမှူးမဟုတ်တာသေချာတယ်...ဟုတ်ပြီ...သူက ဒီလို သြ၀ါဒတွေပေးသွားသေး... ဒီမိုကရေစီဟာ လွတ်လပ်တယ်ဆိုပေမယ့်... ကိုယ့်လွတ်လပ်မှုကြောင့် သူများကို ထိခိုက်မယ်ဆိုရင်... လွတ်လပ်မှုအစစ်လို့ မခေါ်နိုင်ဘူးတဲ့လေ... အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်တွေကိုအလေးပြုမယ့် ကျောင်းသားတွေကို ပေးလိုက်တဲ့ သြ၀ါဒစကား... ဟဲ..နေအုန်းပြီးသေးဘူး... ကျွန်တော်တို့လည်း စဉ်စားကြတာပေါ့... ကျုပ်တို့က ဘယ်သူ့ကို များထိခိုက်အောင်လုပ်နေလို့လဲလို့... အဲ့ဒီမှာ သူဆက်ပြောတာက.
မင်းတို့က အဲ့ဒီလိုအာဇာနည်တွေကိုလွတ်လွတ်လပ်လပ်အလေးပြုလိုက်ရင်...ငါတို့မှာအများကြီးထိခိုက်သွားမယ်တဲ့... ဘာလို့ ထိခိုက်မှာလည်းဆိုတာကိုတော့ နားမလည်တော့ပေမယ့်... သူများထိခိုက်မှာ ကို စိုးရိမ်တဲ့ ကျုပ်တို့တွေ လူစုခွဲ... သူတို့ရှေ့က ထွက်ပြီး တစ်နေရာသွား အလေးပြုလိုက်ရောဗျာ... ဘယ်နေရာမှာပဲ အလေးပြုရပြုရပေါ့နော့... တကယ်တော့ ကျုပ်တို့ရင်ထဲမှာ အာဇာနည်ခေါင်းဆောင်တွေကို အမြဲတမ်း အလေးထားဦးညွှတ်ပြီးသားပါ... ဒါကို အာဏာပိုင်တွေကို ပြလိုက်တာပါ... ဟဲ...ခင်ဗျားတို့လည်းသိတဲ့အတိုင်း... ကျောင်းသားဆိုတာ ဆုံးဖြတ်ချက်ကို မအောင်မြင်မချင်း ဘယ်တော့မှ နောက်မဆုတ်ဘူး.... ဆိုတာ... ရုတ်တရက်... ပန်းခွေကို တစ်ယောက်တည်းမသွားပြီး..... တံတိုင်းအပြင်ကချ.... အလေးပြုခဲ့တယ်ဗျာ... အာဏာပိုင်တွေ အငိုက်မိသွားတာပေါ့...ဟဲ..ဘယ်ရမလဲနော့... ကျုပ်က အလေးပြုပြီး ပြန်လာမှ နောက်ကနေ ကပြာကယာနဲ့ လိုက်လာကြသဗျ... ဟဲ...ကျုပ်လည်း မိန့်မိန့်ကြီး ပြုံးပြလိုက်တယ်... သူတို့လည်း ကျုပ်ကို ဓါတ်ပုံရိုက်ယူသွားပါလေရော...
ကဲ...စာဖတ်သူ မိတ်ဆွေလည်း ဒီအဖြစ်တွေနဲ့... အောက်က ပုံလေးကို နှိုင်းယှဉ်ကြည့်ပေးကြပါဗျာ... ကျုပ်ရင်ထဲ ဘယ်လိုခံစားရလဲ ဆိုတာ... ကျုပ်မပြောတတ်လို့... အောက်မှာက မူလတန်းကလေးလေးတွေရဲ့ မျိုးချစ်စိတ်... အထက်မှာက Ph.D ရပြီးသား... ကထိကတွေ... ကျုပ်တော့ ဦးနှောက်ရှုပ်သွားပြီဗျို့... ပြောတတ်တော့ဘူး... ကူစဉ်းစားပေးကြပါအုံးလို့ပဲ... တောင်းပန်ပါရစေ...။
သြော်.....ပြု...ပြင်...ပြောင်း...လဲ...ရေး....ပြုပြင်ပြောင်းလဲရေး... ဖောင်ဒေးရှင်းက စတိုက်ရမှာပါလား....။
အားလုံးကို လေးစားလျက်
အောင်ထက်နိုင်
(ဒေါင်းမာန်ဟုန်မှကူးယူဖေါ်ပြပါသည်)