Wednesday 27 June 2012

မြန်မာလူမှုရေးကူညီမှုအသင်း: ပြည်ပရောက်မြန်မာမိဘအုပ်ထိန်းသူများသတိပြုဆင်ခြင်သွန...

မြန်မာလူမှုရေးကူညီမှုအသင်း: ပြည်ပရောက်မြန်မာမိဘအုပ်ထိန်းသူများသတိပြုဆင်ခြင်သွန...: ပြည်ပရောက်မြန်မာမိဘအုပ်ထိန်းသူများသတိပြုဆင်ခြင်သွန်သင်ကြဖို့၊အမေစုဧ။်မေတ်တာစကား......... လိုက်နာကျင့်ကြံနှိုင်ကြပါစေသော်~~~~~
ဘုန်းတော်ကြီးသင်ကျောင်းရန်ပုံငွေ ဖယ်ရီကားကို ထန်းတပင်ကြံ့ဖွံ့အမတ်၏ ညီမနှင့်အပေါင်းအပါများမှ ဝိုင်းရိုက်
Posted: 25 Jun 2012 09:58 AM PDT
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ပရဟိတစာသင်ကျောင်း ရန်ပုံငွေအတွက် ဒိုင်နာကားတစီးကို စက်ရုံကြိုပို့ယာဉ်အဖြစ် ပြေးဆွဲရာတွင် ထိန်နှစ်ပင်ကျေးရွာအနီးရှိ ဦးကြည်သန်း+ ဒေါ်အေးမြင့် အရက်ဆိုင်မှ လူတစုက ဆိုင်ရှေ့တွင် ကားကိုတား၍ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုတခု ဇွန်လ ၂၂ ရက်နေ့ ည ၉း၀၀ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ပါသည်။

ဖယ်ရီကားမှာ ၁၄ ပေ ဒိုင်နာဖြစ်ပြီး ရွှေပြည်သာစက်မှုဇုန်(၃)ရှိ UIBအထည်ချုပ်စက်ရုံမှစက်မှုအလုပ်သမား များအတွက် ကြို/ပို့ ဖယ်ရီ မောင်းနှင်ပေးနေသောကားဖြစ်ပါသည်။ အခင်းဖြစ်ပွားချိန်တွင် ကားပေါ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် အဖော် အဖြစ် မှော်ဘီ နည်းပညာ တက္ကသိုလ်မှ ကျောင်းသားတဦး လိုက်ပါလာပြီး ၎င်းတို့မှာ ပရဟိတကျောင်းမှ မွေးစားထားသူများဖြစ်ပါသည်။

အဆိုပါရိုက်နှက်ခံရမှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပြီး ကျန်သူနှစ်ဦးမှာလဲ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပါသည်။

" ဖယ်ရီကားက စက်ရုံအလုပ်သမားတွေကို အပြန်လိုက်ပို့တဲ့အခါမှာ အဲ့ဒီ အရက်ဆိုင်ရှေ့မှာ လူတစုနဲ့ စကားအခြေအတင်များကြပြီး ရွာသစ်ရွာဘက် အလုပ်သမားတွေကို သွားပို့ပြီးအပြန်မှာတော့ ကားလမ်းမ အလယ်မှာ အုတ်နီခဲတွေ ပုံ ဝါးလုံးတန်း တားထားပြီး ကားကို တားလို့ ကားရပ်ပေးလိုက်တော့ ကားလမ်းမ ဘေးက လူ ၃ယောက်က ကားပေါ်တက်ရိုက်ပါတယ်။ ဆိုင်ရှင် အမျိုးသမီး ဒေါ်အေးမြင့်ကပါ ဘေးက ရပ်နေတဲ့သူကိုပါ တွန်းလွှတ်ပြီး ဝင်ရိုက်ခိုင်းပါတယ်။ ကားစပယ်ယာက သွေးအလူးလူးနဲ့ လဲကျသွားတော့မှ အဲ့ဆိုင်ရှင်အမျိုးသမီးက ဝါးလုံးတန်းကို ဖယ်ပေးပြီး မောင်းခိုင်းပါတယ်။ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းတော့လဲ ဝိုင်းကြည့်နေကြပြီး ဝင်ကူညီပေးတာမျိုး မရှိပါဘူး။" ဟု အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဇေယျာနန္ဒက ဖြစ်စဉ်ကို ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

ရိုက်နှက်မှုဖြစ်ပွားသည့် ညမှာပဲ ထန်းတပင်ရဲစခန်းသို့ အမှုဖွင့် အကြောင်းကြားခဲ့ပေမယ့် ဝိုင်းရိုက်ခဲ့သူ ၃ ဦးကိုသာ သာမန် ပြဿနာဖြစ်မှုနှင့် အမှုဖွင့်ပေးထားပြီး ဆိုင်ရှင် ဒေါ်အေးမြင့်နှင့် နောက်တယောက် အမည်ကို ဖုံးကွယ်ထားပါသည်။ ထန်းတပင် စခန်းမှူး၊ နယ်ထိန်းရဲနှင့် အမှုလိုက်ရဲ ဇော်မင်းဦးတို့က အမှုဖြစ်ပွားသည့် အရက်ဆိုင် မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းရီ၏ ညီမဖြစ်သူ ဒေါ်အေးမြင့် ရောင်းချသည့် အရက်ဆိုင် ဖြစ်သော ကြောင့် အမှုကို ဖုံးဖိပေးထားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြပါသည်။

"ဘုန်းဘုန်းတို့ လှိုင်သာယာနဲ့ ထန်းတပင် သွားတဲ့ ကားလမ်းပေါ်မှာ ညဘက်လုယက်မှုက တော်တော်လေး များလာပါတယ်။ ဟိုတလောကလဲ လူသတ်ပြီး ဆိုင်ကယ်လုသွားတာ ဖြစ်သေးတယ်။ ဆိုင်ကယ်ကိုတော့ ပြန်ရပြီး တရားခံ ကို အခုထိ ဖမ်းမမိသေးပါဘူး။ ဒိုင်နာသမားတွေလဲ ခဏခဏ အရိုက်ခံရတယ်။ ရိုက်တဲ့လူတွေကလဲ သိန်းရီ အမျိုးဟေ့ ဘယ်သူ့မှ ဂရုမစိုက်ဘူျးဆိုတော့ အာဏာပိုင်တွေကလဲ ဘာမှမလုပ်ပဲ ကြည့်နေသလိုဖြစ်နေတယ်။ အခု ဘုန်းဘုန်းကလေးတွေ အရိုက်နှက်ခံရတဲ့အမှုမှာလဲ အမှုမှန်ပေါ်ပေါက်အောင် ဖြေရှင်းပေးတာမျိုးမရှိပဲ ဦးသိန်းရီရဲ့ ညီမဖြစ်တာကြောင့် ကာကွယ်ပေးနေတာမျိုးဖြစ်နေပါတယ်။ ဘုန်းဘုန်းသဘောကတော့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း သွားလာနေရပြီး တရားဥပဒေ စိုးမိုးစေချင်ပါတယ်။ တရားဥပဒေထက်မှာ မည်သူမှ မရှိစေရဆိုတာမျိုးလို့ ဖြစ်စေချင်ပါတယ်။" လို့ ဆရာတော်က ပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်းသည် ကျောင်းသားဦးရေ ၂၀၀၀ ကျော်ရှိပြီး မူလတန်းသင်ပညာရေးမှ တက္ကသိုလ်ပညာရေးအထိ ထောက်ပံ့ပေးနေသည့် ကျောင်းတကျောင်းဖြစ်ပါသည်။
Burma VJ Media Network

Posted: 25 Jun 2012 09:37 AM PDT
၇ ဂျူလိုင် နှစ်(၅၀)ပြည့် အောက်မေ့ ဖွယ် အခမ်းအနား တွက်
ဗကသများအဖွဲ့ ချုပ်မှ ထုတ်သော အမှတ်တရ အင်္ကျီ။(နောက်ဘက်)
၇ ဂျူလိုင် နှစ်(၅၀)ပြည့် အောက်မေ့ ဖွယ် အခမ်းအနား တွက်
ဗကသများအဖွဲ့ ချုပ်မှ ထုတ်သော အမှတ်တရ အင်္ကျီ။(ရှေ့ဘက်)
ကျောင်းသားသမဂ္ဂအဆောက်အဦ ပြန်လည်တည်ဆောက်ရေးအတွက်
ရွှေည၀ါဆရာတော်အရှင်ပညာသီဟ လက်မှတ်ရေးထိုး ဆန္ဒပြုနေစဉ်။
၇ ဂျူလိုင် နှစ်(၅၀)ပြည့် အောက်မေ့ ဖွယ်အခမ်းအနားကျင်းပရေးအတွက် ဗကသ များအဖွဲ့ ချုပ်မှ ရွှေည၀ါဆရာတော်အရှင်ပညာသီဟ ထံမှ အလှူခံနေ စဉ်။

ဆက်သွယ်မှာယူလိုသူများသည် abfsucoc2012@gmail.com နှင့်ဗကသများအဖွဲ့ချုပ်(ဗဟိုလုပ်ငန်းကော်မတီ) ၀င်များ ဧ။် ဖုန်းနံပါတ်များကို ဆက်သွယ်မှာယူနိုင်ပါသည်။ရောင်းဈေး ၂၀၀၀ကျပ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်-Abfsu Cwc

Posted: 25 Jun 2012 08:27 AM PDT




Photo.. ခွန်ဒီးယမ် Facebook

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610





Posted: 25 Jun 2012 10:49 AM PDT
ကိုယ့်ပြည်တွင်းမှာနေပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရခိုင်ပြည်သူတွေဘဝ
(မင်းဂံတရွာလုံးဆိုင်ရာ ဒုက္ခသည်များ ပင်မစခန်း)

ယနေ့ စစ်တွေကို ဘူးသီးတောင် ရသေ့တောင်က ထွက်ပြေးလာတဲ့ ရခိုင်ပြည်သူတွေ ထပ်မံရောက်ရှိလာတယ်လို့
 ဒီမိုဝေယံ သတင်းထောက်က ပေးပို့ပါတယ်......။ ကိုယ့်မြေ ကိုယ့်ဒေသမှာ မနေရဲကြလို့ ထွက်ပြေး တိမ်းရှောင်လာကြတာပါ။


ကိုယ်တတ်နိုင်တာလေး စိုက်ထုတ်ပြီး ဒီမိုဝေယံနဲ့ စိတ်တူကိုယ်တူ မိတ်ဆွေ ၂ဦး သတင်း
ဓာတ်ပုံတွေအတွက် လုပ်ဆောင်ပေးနေပါတယ်..။ တတ်နိုင်သလောက်လည်း ရခိုင်ပြည်သူတွေကို
ကူညီကြဖို့ တိုက်တွန်းလိုပါတယ်..။ အောက်မှာ မြန်မာပြည်၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေမှာ လှူဒါန်းနိုင်တဲ့
 နေရာတွေကို ရှာဖွေ ဖော်ပြလိုက်ပါတယ်..။

ဓာတ်ပုံမှာလည်း ဖုန်းနံပါတ်တွေ ဖတ်ရှုနိုင်ပါတယ်..။

'' ရခိုင် ပြည်သူတွေကို ကူညီကြပါစို့ ''

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအတွင်း အသက် အိုးအိမ်
ပစ္စည်းများ ပျက်စီးဆုံးရှုံးသွားရသော ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှူ့ဆိုင်ရာ
 အလှူငွေများအား ထည့်ဝင်လှူဒါန်းနိုင်ကြစေရန်အတွက် သဒ္ဒါတရားနည်းများမဆို
ပါဝင်လှူဒန်းလိုသော မိတ်ဆွေများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်များအား ဆက်သွယ်၍လှူဒန်းနိုင်ပါကြောင်း
 လေးစားစွာ အသိပေးအပ်ပါသည် ... ။ ရခိုင်သဟာယအသင်း(ရန်ကုန်)ရုံးချုပ် အမှတ်-၄၈၁၊ဒု-ထပ်
 ၊ ကျိုက္ကဆံလမ်း(တာမွေအခွန်လွတ်ဈေးအနီး၊ ကျိုက္ကဆံအိမ်ယာရှေ့) ၊တာမွေကြီး(ခ) ရပ်ကွက်တာမွေမြို့နယ် ၊
ရန်ကုန်မြို့။့  phone-01430172 email: rta.program@gmail.com

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အမှတ် (၃၄)၊ ၄ - လွှာ (ဝဲ) ၊ မလွှကုန်းလမ်း ၊ ကျောက်မြောင်းအရှေ့ရပ်
ကွက် ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့။့  ရတပ ဗဟို (ရန်ကုန်) - 0973044927 ဦးသာထွန်းလှ (အတွင်းရေးမှူး) -
 098532116 ဦးမြင့်နိုင် (ဘဏ္ဍာရေးမှူး) - 095105804 ဦးဇော်အေးမောင်(ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး) -
095140407 ဦးကျော်သန်းလှိုင်(ဗဟိုကော်မတီ) - 0973044927 ဦးအေးမောင်(ရန်ကုန်တိုင်း ဥက္ကဋ္ဌ) -
0943043035 ဦးဦးသန်းရွှေ (ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌ) - 095093440

စင်ကာပူမှာ လှူဒါန်းလိုလျှင်
ရခိုင်အသင်း(စင်္ကာပူ) ကျော်သူစိုး . - 8337 3123 သီဟမောင်မောင် - 9003 5845 လှလွန်းဆွေ - 9230 0580

ဂျပန်မှာ လှူဒါန်းလိုလျှင်
(ကယ်ဆယ်ရေးကော်မတီ  ဂျပန်ရောက် ရခိုင်တိုင်းရင်းသားများ)
ကိုဇော်မင်းခိုင် ၀၉၀-၆၀၂၅-၄၆၂၉
ကိုလှအေးမောင် ၀၉၀-၂၅၂၅-၁၉၆၆
ကိုညီညီစံ ၀၉၀-၄၁၇၃-၁၁၄၀
ကိုအလုံး ၀၈၀-၃၅၀၀-၉၃၇၅
ကိုကျော်သန်းလှိုင် ၀၉၀-၄၂၉၆-၃၄၉၀
ပြီးခဲ့တဲ့ ဇွန်လ(၁၉)ရက်နေ့က ဂူတောင်ကျေးရွာသား ၁၀ဦးသေဆုံး ခဲ့ရမှုတွင် အဓိက ဦးဆောင်
ပါဝင်ပတ်သက်သူ ဘင်္ဂလီ(၂)ဦးအား ယနေ့ စစ်တွေသို့ ဖမ်းဆီးခေါ်ဆောင်လာစဉ်။

အဆိုပါနေ့က အခင်းဖြစ်ပွားစဉ်မှာ အနောက်ပြင် ဘင်္ဂလီရွာမှ နယ်မြေခံစစ်တပ်အား ဦးအောင် တိုင်တန်း..
. အကြောင်းကြားခဲ့ပြီး စစ်တပ်ရောက်ရှိ မလာမှီမှာ ကျေးရွာအတွင်းမှ ဘင်္ဂလီများမှ မိမိတို့ နေအိမ်အချို့အား
 ပြန်လည် မီးရှို့ဖျက်ဆီးထားပြီး ရခိုင်လူမျိုးများမှ လာရောက် ဖျက်ဆီးသယောင် ကြိုတင် ဖန်တီးထားခဲ့တယ်လို့လည်း
 ဆိုပါတယ်..။ အခင်းဖြစ်ပွားပြီး ၁နာရီခန့်မှာ စစ်တပ်ရောက်ရှိလာတယ်လို့ ဆိုပါတယ်..။

ဂူတောင်ချေ ကျေးရွာဖြစ်စဉ် အပြည့်အစုံကိုတော့ အောက်မှာ 7Days Journal သတင်းပြန်လည် ဖော်ပြလိုက်ပါတယ်..။
7Day News Journal
ရသေ့တောင်မြို့နယ်ရှိ ဂူတောင် ချေကျေးရွာသို့ ၀င်ရောက်မီးရှို့ခဲ့သည့် အနောက်ပြင်ကျေးရွာမှ ဘင်္ဂါလီ ၁၀၀ ခန့်အနက်
 ၂၂ ဦးအား လုံခြုံရေးအဖွဲ့များက ဖမ်း ဆီးရမိထားပြီးဖြစ်ပြီး ကျန်သူများ ကိုလည်း ဆက်လက်ဖမ်းဆီးလျက်
ရှိကြောင်း ရသေ့တောင်မြို့ရောက် 7 Day သတင်းထောက်က ပေးပို့သည်။

ဖြစ်ပွားပုံမှာ ဇွန်လ ၁၉ ရက်က ဂူတောင်ချေကျေးရွာသို့ ဘင်္ဂါလီ ၁၀၀ ခန့်မှ အိမ်များကို
လာရောက် မီးရှို့ခဲ့သည့်အတွက် ဒေသခံရခိုင်လူမျိုးများမှ မီးရှိုသည့် အကြမ်းဖက်သမားများအားလိုက်
လံဖမ်းဆီးရာ လယ်ကွင်းများအတွင်း ပုလင်းကွဲများ၊  တွင်းများတူးထားပြီး ထောင်ချောက်များ ဆင် ထားသည့်
အတွက် ရခိုင်လူမျိုးများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို ဘင်္ဂါလီကျေးရွာများအတွင်းသို့
 ခေါ်ဆောင်သွားကာ သတ်ပစ်ကြောင်း ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ဂူတောင်ချေကျေးရွာမှ ကိုဝင်းချေကပြောသည်။

ဖြစ်စဉ်တွင် ဘင်္ဂါလီများဘက်မှ တူးမီးသေနတ်များကိုပါ အသုံးပြုသည်ဟုသိရပြီး တူးမီးသေနတ်ဖြင့်
ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသူများမှ ရသေ့တောင်ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၀ ရက်တွင် မြို့နယ် သံဃာ့နာယကအဖွဲ့ဆရာတော် ၄၃ ပါး၊ လုံခြုံရေးအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြို့မိ၊
 မြို့ဖများ ဂူတောင်မြောက်ကျောင်းတွင် စည်းဝေးခဲ့ကြပြီး အလောင်းများကို ပြန်လည်တောင်းခံရာ ည ၁၀
နာရီခန့်တွင် အလောင်းသုံးလောင်းကို ဘင်္ဂါလီများက ထုတ်ပေးခဲ့ပြီး ညလုံးပေါက် တောင်းဆိုရာမှ
 စုစုပေါင်းအလောင်း ၁၀ လောင်းကို ရရှိခဲ့သည်။

လက်ရှိ ၁၀ လောင်းသာ ရရှိခဲ့သည့်အတွက် ယနေ့ သင်္ဂြိုဟ်ရန်စီစဉ်ထားသော်လည်း ကျန်သည့် ၁
 လောင်းရမှ သင်္ဂြိုဟ်ရန် ဒေသခံများက ဆက်လက်တောင်းဆိုနေကြသည်။ ဘင်္ဂါလီများဘက်မှ ၂ ဦးသေဆုံးခဲ့သည်။

ထို့ကြောင့် အဆိုပါ ပဋိပက္ခကြောင့် စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ကြောင်း ရသေ့တောင်မြို့နယ် ကယ်ဆယ်ရေးပစ္စည်းထောက်
ပံ့ရေးနှင့် ကူညီရေးအဖွဲ့မှ ဦးသိန်းမောင်က 7Day News သို့ပြောသည်။
 သံတော်လီ ဘင်္ဂလီကျေးရွာ အနီးမှ ရခိုင် ဘုန်းတော်ကြီးကျောင်းတခု..။ ယခုအခါမှာတော့ ဘုန်းတော်ကြီး ကျောင်းအား စွန့်ခွာထားခဲ့ ရလေပြီ...
ဇွန်လ ၂၃ရက်နေ့က သံတော်လီ ဘင်္ဂလီကျေးရွာအား ဝင်ရောက်စီးနင်းပြီး အကြမ်းဖက်ရာမှာ ပါဝင်ခဲ့တဲ့ ဘင်္ဂလီ
(၃)ဦးအား ဖမ်းဆီးခေါ်ဆောင်လာစဉ်..
ဇွန်လ ၁၁ရက်နေ့က ဗျိုင်းဖြူရွာမှ ရခိုင်တိုင်းရင်းသားများ သတ်ဖြတ်ခံရမှုတွင် ရခိုင်လူမျိုး ၅ဦးသေဆုံးခဲ့ရသည်...။
ဇွနfလ ၂၃ရက်နေ့က အဆိုပါ သံတော်လီကျေးရွာအား လုံခြုံရေးတပ်များမှ ဝင်ရောက်စီးနင်းခဲ့ပြီး အကြမ်းဖက်မှုများ၌
ပါဝင်ခဲ့ သူများထဲမှ ဘင်္ဂလီ (၃)ဦးအား ဖမ်းဆီးခဲ့သည်။
ဓာတ်ပုံ ဒီမိုဝေယံ သတင်းထောက် ပေးပို့သည်..။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Zagana's Stabbing Sayadaws's Back">

Tuesday 26 June 2012

စစ်တကောင်းဘင်္ဂါလီ ကိုထောက်ခံသူများအား တုန့်ပြန်ခြင်း
by Myo Set on Monday, April 30, 2012 at 12:15am ·

မေး- အရင်နေ့က စစ်တကောင်းဘင်္ဂါလီတွေနဲ့ပတ်သက်လို့မေးခဲ့ပြီးပြီ။ ဒီနေ့တော့ စစ်တကောင်းဘင်္ဂါလီအဖွဲ့တွေရဲ့ စွပ်စွဲချက်တွေနဲ့ ပြန်လည်ဖြေရှင်းချက်တွေအတိုင်း မေးချင်ပါတယ်။ အရင်ဆုံး ခင်ဗျားကိုမေးချင်တာက ခင်ဗျားတို့ဟာ လူမျိုးရေးခွဲခြားတဲ့ (Racists) များဖြစ်ကြတယ်လို့ သူတို့က တွင်တွင်ပြောကြပါတယ်။ အဲ့ဒါ ဘယ်လိုထင်ပါသလဲ?



ဖြေ- လူမျိုးရေးခွဲခြားတယ်လို့ပြောတဲ့သူတွေကို အရင်ဆုံးကျနော် ပြန်မေးရမှာက What is racism? ပါ။ သူတို့ အဲ့ဒါကို ဘယ်လိုနားလည်ထားသလဲ။ အဲ့ဒီအပေါ်မူတည်ပြီး သူတို့စွပ်စွဲချက်တွေ ကွဲပြားသွားမှာဖြစ်ပါတယ်။ Racism ကိုပြောရင် ကျနော်တို့က အရင်ဆုံး Race and ethnics ကို စတင်စဉ်းစားရမှာဖြစ်ပါတယ်။ စစ်တကောင်းဘင်္ဂါလီတွေဟာ သမိုင်းစဉ်ဆက်အထောက်အထားများနဲ့ ပညာရှင်များရဲ့ သက်သေပြချက်များအရ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစာရင်း မပေါက်ဘူးဖြစ်နေပါတယ်။ ဒါကြောင့် သူတို့ကို Immigrants များအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။ Illegal Immigrants (တရားမဝင်ကျူးကျော်ဝင်ရောက်သူများ) သူများသာလျှင် ဖြစ်နေကြပါတယ်။ Illegal Immigrants များကို အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဝင်ရင်ပစ် အမိန့်ထုတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ အဲ့သလို အမိန့်မျိုးမရှိပါဘူး။

သူတို့ပြောတဲပ Racism ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကို ကိန်းဘရစ်ခ်ျ အဘိဓါန်က ဒီလို ဖွင့်ဆိုပါတယ်။



"the belief that people's qualities are influenced by their race and that the members of other races are not as good as the members of your own, or the resulting unfair treatment of members of other races"



အဲ့ဒီအဓိပ္ပါယ်နဲ့ တိုင်းတာရင် ကျနော်တို့က ဘင်္ဂါလီတွေကို အမျိုးယုတ်တယ်လို့ စွပ်စွဲနေတာမျီုးမရှိပါ။ နောက်ဆက်တွဲ စာကြောင်း Unfair Treatment ဆိုတာကို ကြည့်၇င် ဘင်္ဂါလီဖက်က အုပ်စုများက ပညာသင်ယူခွင့်၊ လွတ်လပ်စွာခရီးသွားလာခွင့်၊ လက်ထပ်ခွင့် စတဲ့ ကိစ္စရပ်တွေမှာ ကန့်သတ်ထားတယ်လို့ ထောက်ပြနိုင်ပါတယ်။ အဲ့ဒီလို အခွင့်အရေးများသည် Racism နဲ့ တိုက်ရိုက် မသက်ဆိုင်ပါ။ Citizenship status လို့ခေါ်တဲ့ နိုင်ငံသား ဖြစ်မှုအပေါ်မှာပဲ သက်ဆိုင်ပါတယ်။ ကမ္ဘာ့သက်ဆိုင်ရာ နိုင်ငံကြီးတွေ ဖြစ်တဲ့ သြစတေးလျ၊ ဂျပန်၊ အမေရိကန်၊ အင်္ဂလန် စတဲ့ ဒီမိုကရေစီနိုင်ငံကြီးများမှာတောင်မှ ပဲ ကမ္ဘာပေါ်က ဆင်းရဲနွမ်းပါးသူတွေကို အခမဲ့ ပညာသင်ကြားခွင့်၊ ခရီးသွားလာခွင့်၊ ဆေးကုသမှု ခံယူခွင့် စတာတွေကို မပေးနိုင်ပါ။ ဘာကြောင့်လဲ ဆိုရင် Resources များသည် အကန့်အသတ်ရှိနေလို့ဖြစ်ပါတယ်။ သူ့နိုင်ငံသားတွေဆီက ကောက်ယူထားတဲ့ အခွန်တွေနဲ့ လည်ပတ်နေရတာဖြစ်တဲ့အတွက် သူ့နိုင်ငံသားတွေအတွက်သာ စီစဉ်ပေးနိုင်ခြင်းဖြစ်ပါတယ်။ ဒါကို မတရားဘူးလို့ ကျနော်တို့ ပြောနိုင်မလား။



ကုလသမဂ္ဂကတော့ Citizenship Denial လို့ခေါ်တဲ့ နိုင်ငံသားအဖြစ်က ငြင်းပယ်ခြင်းကို မလိုလားပါဘူး။ မှန်ပါတယ်။ ဒါဟာ တစ်ကယ့်ကို လိုလားထိုက်တဲ့ Ideal ဖြစ်ပါတယ်။ တစ်ခုပဲ ကျနော်မေးပါရစေ။ မလေးရှားမှာ မြန်မာလုပ်သားတွေ သန်းနဲ့ချီပြီးရှိနေပါတယ်။ မျှတစွာ ဆက်ဆံခြင်းခံနေရပြီလား?မတရားမှုတွေ ခဏခဏ ကြားနေရပါတယ်။ ဒါဟာ ယနေ့ကမ္ဘာရဲ့ မငြင်းနိုင်တဲ့ ခါးသီးတဲ့အမှန်တရားပါ။ မညီမျှမှုတွေရှိနေပါတယ်။ ဒါကို နားလည်ပါတယ်။ ဒါပေမယ့် ကျနော်တို့လို ဆင်းရဲမွဲတေပြီးကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းပေါက်နေတဲ့ နိုင်ငံတစ်ခုဟာ ပြန်လည်နာလံထူဖို့ ကြိုးစားနေချိန်မှာ သူ့နိုင်ငံသားတွေအတွက်အရင်စဉ်းစားတာဟာ သဘာဝ ကျမကျ ကိုယ်တိုင် စဉ်းစားကြည့်ပေါ့ဗျာ။ ခက်ခဲတဲ့အချိန်မှာ အကောင်းဆုံးထက် လက်တွေ့အကျဆုံးအဖြေကို ကျနော်တို့ ရွေးချယ်နေကြရတာဖြစ်ပါတယ်။



နောက်တစ်ချက် ကမ္ဘာပေါ်မှာ အထင်ရှားဆုံး မာတင်လူသာကင်းတို့ရဲ့ လှုပ်ရှားမှုကို ခြေရာခံကြည့်၇င် လူမည်းတွေဟာ ကျွန်ပြုခြင်းခံခဲ့ရသူတွေဖြစ်ပါတယ်။ လင်ကွန်းနောက်ပိုင်း လွတ်လပ်ပေမယ့် အမျိုးမျိုးသော ဖိနှိပ်ခြင်းကို ခံနေခဲ့ရတဲ့ နိုင်ငံသားတွေဖြစ်ကြပါတယ်။ ကားတစ်စီးတည်း အတူမစီးတာ၊ ရေအတူတူ မသောက်တာ စတဲ့ Racial Discrimination တွေကို ပြုလုပ်ခဲ့ကြတာပါ။ လူကို လူလို သဘောမထားဘဲ မျောက်တိရစ္ဆာန်လို့သတ်မှတ်ခဲ့ကြတယ်မလား။ ကျနော်တို့က စစ်တကောင်းဘင်္ဂါလီတွေကို အဲ့သလို အတင်းအဓမ္မခေါ်သွင်း၊ ခိုင်းစေပြီး လူရာမသွင်းများ လုပ်နေမိသလား။ မြန်မာနိုင်ငံသား ဘင်္ဂါလီတွေနဲ့ မွတ်စလင်တွေရှီပါတယ်။ သူတို့ နဲ့ အတူ လက်ဖက်ရည်ဆိုင်မထိုင်တာမျိုး ကုလားမဝင်ရ နေရာမျိုးတွေ လုပ်နေသလား။ ဆန္ဒရှိရင် ဘုန်းကြီးကျောင်းတွေအထိ လွတ်လပ်စွာ သွားလာခွင့်ရှိနေပါတယ်။ တစ်ခုတော့ သတိရစေချင်ပါတယ်။ နိုင်ငံတစ်ခုအတွင်းမှာ အချုပ်အခြယ်မဲ့စွာ လွတ်လွတ်လပ်လပ် သွားလာခွင့်သည်သက်ဆိုင်ရာနိုင်ငံသားများနဲ့ အစိုးရအသိအမှတ်ပြု ဗီဇာရထားတဲ့ နိုင်ငံခြားသားများမှာပဲရှိပါတယ်။ ဒါဟာနိုင်ငံတော် အချုပ်အခြာအာဏာအတွက်လည်း အရေးကြီးတဲ့ အပိုင်းဖြစ်တယ်။ မဟုတ်ရင် နိုင်ငံထဲကို တံခါးမရှိ၊ ဓါးမရှိ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လုပ်နေရင် အဲ့ဒီနိုင်ငံဟာ နိုင်ငံကြီးတွေ ကစားတာခံရဖို့ သိပ်လွယ်သွားလိမ့်မယ်ဗျ။



မေး--ခင်ဗျားတို့ကို ဒီမိုကရေစီနဲ့မတန်သူများလို့ ပြောနေကြတယ်ဗျ။



ဖြေ-အဲ့ဒါဆို ကျနော်ပြန်မေးချင်တယ်ဗျ။ Democracy နဲ့ Multiculturalism ထပ်တူကျသလားလို့ မေးချင်တယ်။ အမေရိကား ယဉ်ကျေးမှုစုံ...အောင်မြင်တယ်။ အလုပ်ဖြစ်တယ်ပေါ့ဗျာ။ ဒါတောင် အဖြူကြီးစိုးရေး ကိစ္စကို အတော်တိုက်ယူလာရသေးတာကိုး။ မြန်မာနိုင်ငံမှာက နဂိုကတည်းက အရောင်အသွေးစုံ တိုင်းရင်းသားတွေရှိပြီး အဲ့ဒါကိုလည်း လက်ခံပြီးသားပါ။ ဗမာကြီးစိုးရေး ဝါဒကိုတောင် ကျနော်တို့ အတော် တိုက်ဖျက်ယူရဦးမှာဖြစ်တယ်။ ဒီမိုကရေစီနဲ့ တန်မတန်ုဆိုတာက ဘာပေတံနဲ့ တိုင်းမှာလဲဗျာ။ ဒီမိုကရေစီဆိုတာ လူထုလက်က အာဏာဆင်းသက်ခြင်းဗျ။ လူနည်းစုအတွက်ကာကွယ်ပေးတဲ့ Minority right လည်းပါတယ်ဗျာ။ အဲ့ဒီဟာတွေအားလုံးက နိုင်ငံတစ်ခုရဲ့ အာဏာစက်အတွင်းမှာ ရှိတဲ့ မျိုးနွယ်စု တိုင်းရင်းသားတွေ အရေးကိစ္စ ကိုတောင် မဖြေရှင်းနိုင်ခင်မှာ တရားမဝင် ကျူးကျော်သူတွေအတွက် Minority right ပြဌာန်းမပေးလို့ ဒီမိုကရေစီနဲ့ မတန်ဘူးလို့ပြောရင်တော့ စပျစ်သိးချဉ်နေတဲ့ မြေခွေးပဲ လို့ပြန်ဆိုရမှာပဲဗျ။ ခင်ဗျားသာ ကိုယ့်အိမ်သားတွေ ထမင်းငတ်ရင် ကိုယ့်အိမ်သားတွေကို အရင်ကျွေးမလား သူများကို မျက်နှာလုပ်သွားပေးမလား။ စဉ်းစားပေါ့ဗျာ။



မေး- ဒါပေမယ့် သူတို့က ဒီမြေပေါ်မှာမွေးတဲ့သူတွေပဲမလား။ စစ်တကောင်း ဘင်္ဂါလီတွေကိုပြောပါတယ်။



ဖြေ-ကောင်းပြီဗျာ။ ခင်ဗျား အရှေ့က ဂျပန်၊ ကိုးရီးယားတို့လို နိုင်ငံတွေ၊ အနောက်ဖက်က အင်္ဂလန်၊ ဂျာမဏီ၊ အီတလီတို့လိုနိုင်ငံတွေက နိုင်ငံသားဖြစ်ခွင့်ကိစ္စတွေကို နှိုင်းယှဉ်လေ့လာကြည့်ပေါ့ဗျာ။ ဒီမြေမှာမွေးရင် ဒိနိုင်ငံသား ဖြစ်ထိုက်တယ်ဆိုတာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေနဲ့ ပေါ်လစီပါ။ လူဦးရေနည်းနေတဲ့ သြစတေးလျ၊ ကနေဒါလိုနိုင်ငံမျိုးက ဘယ်ပြဿနာရှိမလဲဗျာ။ လက်ရှိမြန်မာနိုင်ငံမှာ လူဦးရေ ၅၆ သန်း။ အဲ့ဒီမှာ ထိုင်း၊ မလေးနဲ့ ကျန်တဲ့နိုင်ငံတွေကို ထွက်သွားတဲ့ လုပ်သားအင်အားစုတွေမပါသေးဘူး။ ဒီလို အလုပ်လက်မဲ့တွေများလှတဲ့ တိုင်းပြည်မှာ သန္ဓေတားခြင်းကို ခွင့်မပြုတဲ့ယဉ်ကျေးမှုနဲ့ လှူုဦးရေပေါက်ကွဲမှုနှုန်းမှ ကြောက်ခမန်းလိလိ ဖြစ်နေတဲ့သူတွေကို ခေါ်သွင်းလိုက်ရင် ဘာဖြစ်သွားမယ်ထင်သလဲဗျ။ နိုင်ငံတစ်ခုရဲ့ ဥပဒေဆိုတာ အဲ့ဒီမှာရှိတဲ့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ပဲမလား။ ဒုက္ခပေးသလို ဖြစ်နေတဲ့ ဥပဒေမျိုးကို ရှိသင့်တယ်ထင်လားဗျ။



မေး-ဒါထက် ဒေါက်တာဇာနည်တို့လို ပညာတတ်တွေကတောင် စစ်တကောင်းဘင်္ဂါလီကိစ္စကို ထောက်ခံနေတာပဲ။ စဉ်းစားဖို့ မသင့်ဘူးလား?



ဖြေ- ကျနော်သိသလောက်က ဒေါက်တာဇာနည်က စီးပွားရေးနဲ့ လူမှုရေးသိပ္ပံဘွဲ့ရလို့ သိတာပဲဗျ။ သူက သမိုင်းပညာရှင်မဟုတ်ဘူး။ မြန်မာသမိုင်းပညာရှင်ထဲမှာ ရခိုင်လူမျိုး ဒေါက်တာအေးမောင်တို့ရှိမယ်။ ဦးအေးချမ်းတို့ရှိမယ်။ ဦးသန့်မြေး ဒေါက်တာ သန့်မြင့်ဦးတို့ရှိမယ်ဗျ။ ထောက်ခံတာက ပုဂ္ဂလိက ပိုင်းအရ လွတ်လွတ်လပ်လပ်ထောက်ခံလို့ရပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာလို့ခေါ်နေကြတဲ့ သမိုင်းကို ဖန်တီးထားတာလား သမိုင်းအမှန်လား ဆိုတဲ့ ကိစ္စမျိုးတွေက Research Paper နဲ့ ပြနိုင်မှ စကားထဲထည့်ပြောကြရင်ကောင်းမယ်ဗျာ။ ဒါတောင် အဲ့ဒီ ပေပါ ဘယ်လောက်အဆင့်ရှိသလဲဆိုတဲ့အပေါ်မူတည်သေးတယ်။ တစ်ပါတ်လောက်အိမ်တွင်းပုန်းရေးပြီး ပရင့်ထုတ်ထားတဲ့ဟာလောက်နဲ့တော့ ဘယ်ရမလဲဗျာ။ ဘယ် ကွန်ဖရင့်မှာဘတ်ကြားထားပြီး ဘယ်မှာ Publicize လုပ်ထားသလဲ ဆိုတာက ရှိသေးတာကိုး။ Citizenship denial နဲ့ ပတ်သက်လာရင်တော့ ကျနော်ကတော့ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာအတွင်း ကိစ္စရပ်ကို နိုင်ငံသားတွေနဲ့ သက်ဆိုင်ရာ အစိုးရကပဲ ဆုံးဖြတ်ခွင့်ရှိတာလို့ ယုံကြည်တဲ့အတွက် အထူး မပြောချင်တော့ဘူး။ ခင်ဗျားပြောတဲ့ ဒေါက်တာဇာနည် ရိုဟင်ဂျာတွေအတွက် စံနစ်တကျ အဆင့်မြင့်မြင့် သုတေသန စာတမ်းတစ်စောင်လောက်ရှိရင် ပြောပါ။ ဆက်ပြောကြတာပေါ့။ လေဖမ်းဒန်းစီး ပြောတာလောက်က ကျနော်လည်း ပြောတတ်နေတာပဲ။ ခင်ဗျားလည်းပြောတတ်နေတာပဲ။



မေး--ဒါပေမယ့်ဗျ။ လူ့အခွင့်အေ၇းအဖွဲ့တွေ ဖြစ်တဲ့ Burma Campaign UK တို့လို အဖွဲ့တွေကတောင် အသိအမှတ်ပြုပြီး ရိုဟင်ဂျာအခွင့်အရေးကိုတောင်းဆိုနေကြတာပဲဗျ။ အဲ့ဒါကရော။



ဖြေ-ဒါဆို ခင်ဗျားကို ကျနော်ပြန်မေးမယ်။ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဆိုတဲ့နေရာမှာ Reputationရယ် Legal status ရယ်ကို ကြည့်ရအောင်။ နာမည်ပိုင်းအရ Burma Campaign UK က ဘာမှ ထိထိရောက်ရောက် လုပ်ပြထားတာမရှိဘူးဗျာ။ Legal status ကို စစ်ကြည့်၇င် ခင်ဗျားတွေ့ပါလိမ့်မယ်..အဲ့ဒီအဖွဲ့က NGO အဖွဲ့ပါ။ NGO ဖြစ်တာနဲ့ Human Right Watch လိုအဖွဲ့မျိုးဖြစ်သွားရောလား။ လိုအပ်ရင်တော့ အမျိုးမျိုး နာမည်ခံလို့ရတာပေါ့ဗျာ။ ခင်ဗျားအနေနဲ့ ဒီအဖွဲ့ရဲ့ မတ်လ ၂ဝ၁၁ ကတည်းက အစိုးရအာဏာလွဲ့ပြောင်းကတည်းက ဖြစ်လာတဲ့ အပြောင်းအလဲတွေအပေါ် တုန့်ပြန်ချက်တွေကို စောင့်ကြည့်လေ့လာခဲ့ရင် ဒီအဖွဲ့ဟာ သာမန် စီးပွားရေးအဖွဲ့သာသာထက်မပိုတဲ့ Profit-Orientated Organization ဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။ ကျနော် ရေးထားတာ တစ်ပုဒ်ရှိပါတယ်။ ဖတ်ကြည့်ပါ။ ကျနော်ကတော့ အဲ့သလို အင်္ဂလန်အစိုးရဆီ လိုင်စင်တင်၊ မှတ်ပုံတင်လုပ်ပြီး NGO ထောင်လို့ လူ့အခွင့်အေ၇းစောင့်ကြည့်နေတာမျိုးထက်စာရင် ကုလသမဂ္ဂ လူ့အခွင့်အရေးအစီရင်ခံစာတွေကို ပိုပြီး အားထားသင့်တယ်လို့မြင်တယ်ဗျ။



မေး-ကုလသမဂ္ဂမှာလည်း သူတို့အတွက် အစီရင်ခံစာတွေရှိနေတာပဲ။



ဖြေ-ကျနော်တစ်ခုပြောမယ်ဗျ။ ကုလသမဂ္ဂရဲ့ (ကျနော်နားလည်သလောက်ပေါ့ဗျာ) အဓိက ရည်ရွယ်ချက်က ဒုက္ခသည်တွေဖြစ်နေတဲ့အတွက် အမြန်ဖြေရှင်းပေးစေချင်တာ။ လူသားချင်း စာနာတဲ့ အကူအညီပေးစေချင်တာဗျ။ မြန်မာအစိုးရဖက်က စီမံကွပ်ကဲမှု အားနည်းချက်တွေရယ် နိုင်ငံတကာနဲ့ ဆက်ဆံေ၇း မပေါက်ရောက်တာတွေရယ်ကြောင့် ဒုက္ခသည်စခန်း ဖွင့်ပေးဖို့ မလုပ်နိုင်ခဲ့တာကို တော့ အားနည်းချက်လို့ သဘောတူရမှာပဲ။ ကုလသမဂ္ဂကေ၇ာ အဲ့ဒီ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို တရားဝင်သုံးသလား ခင်ဗျား ပြန်လေ့လာကြည်င့်္စေချင်သေးသဗျ။ သူတို့ကတော့ လူသားတွေဒုက္ခရောက်တာကို အတတ်နိုင်ဆုံးကူညီပေးချင်မှာပဲ။ ဒါပေမယ့် နိုင်ငံတစ်ခုရဲ့ ဥပဒေရေးရာတွေ အထိကတော့ ဝင်စွက်ဖက်စရာလည်းမလိုသလို စွက်ဖက်မယ်လည်းမဟုတ်ဘူးဗျ။



မေး --ခင်ဗျားတို့ကို Xenophobia လို့ စွပ်စွဲတာတွေရှိတယ်နော်။



ဖြေ---ခင်ဗျား တရုတ်ကို ဘယ်လိုထင်သလဲဗျ။ Xenophobic လား Xenophilia လား။ ဘယ်ဟာက ကောင်းတယ်ထင်သလဲ။ Globalization ခေတ်မှာ အလကားနေရင်း Xenophobia လုပ်နေကြတယ်လို့တော့ မထင်ဘူးဗျ။ Foreign Investment တွေကို ဒီလောက်တောင် ဖိတ်ခေါ်နေတာပဲဗျာ။ သို့သော် မြန်မာတွေမှာ အိန္ဒိယနွယ်ဖွားတွေကို အမြင်တိမ်းစောင်းလွယ်တာကတော့ ရှိတယ်ဗျ။ အဲ့ဒါက မကောင်းဘူးပေါ့ဗျာ။ တိုင်းရင်းသားတွေမှာလည်း ဗမာဆို အမြင်စောင်းလွယ်တာပဲမလား။ ဒီကိစ္စတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာအောင်ကြိုးစားမှ Institutions တွေထွန်းကားလာအောင်ကြိုးစားမှ လူတွေ ပိုပြီး ပညာတတ်လာမှ ပြေလည်မယ့်ပြဿနာတွေလို့ပဲမြင်တယ်။ အခုဟာက အိန္ဒိယ နွယ်ဖွားတွေကို မလိုလားတဲ့ စိတ်အခံနဲ့ တစ်ခုခု ဆိုရင် မဲ ကြတာမျိုးရှိတယ်။ ဒါက ကိုယ့်အတွက် အကျိုးယုတ်စေမယ့်် ပြဿနာပဲ။ ပြည်တွင်းမှာ အဲ့ဒီ စစ်တကောင်းဘင်္ဂါလီတွေကို တင်သွင်းဖို့လုပ်နေတဲ့ အစ္စလာမ်ဘာသာဝင်အချို့ရှိတယ်။ ဘယ်အဖွဲ့မဆို လူကောင်း လူဆိုး ရောနေတာပဲပေါ့ဗျာ။ တစ်ချို့ တင်သွင်းဖို့ လုပ်နေတာနဲ့ အားလုံးကို ရှင်းပစ်မယ်လုပ်လို့တော့ ဘယ်ရမလဲ။ ဒါပေမယ့် အဲ့သလို တစ်ခုခုဆို သိမ်းကြုံးယမ်းပြီး မဲ ကြတဲ့ ကျနော်တို့ နိုင်ငံသားတစ်ချို့ရဲ့ စရိုက်အပေါ် အမြတ်ထုတ်နေတာတော့ ထင်ရှားသားဗျ။ တစ်ခုခု ဆို သိမ်းကြုံးဆဲကြတယ်မလား။ အဲ့ဒါကို ဘင်္ဂါလီ ထောက်ခံေ၇းသမားများက Oppression အနေနဲ့ အသွင်ဖော်ကြတယ်ဗျာ။ လူမျိုးကြီးက မျိုးနွယ်စုအငယ်ကို ဖိနှိပ်တဲ့ပုံဟန်ပေါ့ဗျာ။ အမှန်မှာ ကိုယ့်နိုင်ငံသားတွေကိုလည်း ပြဿနာကို တည့်တည့်မြင်စေ့ချင်တယ်ဗျ။ သူတို့က ပြဿနာနဲ့ အီမိုးရှင်း စိတ်ခံစားချက်ကို ရောချလိုက်ကြတယ်။ ကိုယ့်နို်င်ငံထဲကို တ၇ားမဝင် ဘင်္ဂါလီတွေ ခေါ်သွင်းဖို့လုပ်တဲ့သူတွေသည် တည်ဆဲ လဝက ဥပဒေကို ချိုးဖောက်သူပဲ။ ဗမာပဲဖြစ်ဖြစ် ကုလားပဲ ဖြစ်ဖြစ် အတူတူပဲ။ ဒီလိုမျိုးမြင်တတ်မှ ကိုယ်ပြောတဲ့စကားက ထိရောက်မယ်။ တာသွားမယ်လို့ ထင်တယ်ဗျာ။
(ရရှိသောမေးလ်ကိုထပ်ဆင့်ဖေါ်ပြပါသည်)








ရိုဟင်ဂျာနှင့် အကြမ်းဖက်သောင်းကျန်းသူများ အဆက်အသွယ်
ရေးသားသူ ဘာတီးလစ်တာနာ (By Bertil Litner Sep 21 2002 at Asia Times)
အမေရိကန် ကေဘယ် တီဗီကွန်ယက်ဖြစ်တဲ့ CNN ၏ အာဖဂန်နစ္စတန်မှာ ဒီနှစ် သြဂုတ်လအတွင်းက ရရှိခဲ့တဲ့ al-Qaeda မှတ်တမ်းမှတ်ရာ ဗီဒီယိုခွေ 60 ထက်မနည်းတဲ့ အခွေတွေထဲမှာ တစ်ခုဟာ ဗားမား (မြန်မာ) ဟုဖော်ပြထားပြီး မွတ်စလင် မဟာမိတ်များအား ၎င်းနိုင်ငံအတွင်းမှာ သင်တန်းများ ပို့ချခဲ့တယ်လို့ ရေးထားပါတယ်။ အဆိုပါ အခွေများမှ ညွှန်းဆိုနေတာကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အခြေခံတဲ့ ရိုဟင်ဂျာစည်းလုံးညီညွတ်မှု အဖွဲ့အစည်း (RSO) ဟာ ၎င်းတို့လူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်ခွင့်ရရန် တိုက်ပွဲဝင် တောင်းဆိုနေတယ် ဆိုတာကို ပြသနေပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အဆိုပါ တိပ်ခွေကို ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။
RSO နဲ့ အခြား ရိုဟင်ဂျာ အုပ်စုတွေဟာ မြန်မာနိုင်ငံအတွင်းမှာ မည်သည့် စခန်းမှ မရှိသဖြင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုသာ ဖြတ်ကျော်နေရပါတယ်။ ဗီဒီယိုထဲမှာ ပါတဲ့ စခန်းဟာ Ukhia မြို့အနီး၊ တောင်ဘဇာ (Cox’s Bazzar) ၏အရှေ့တောင်မှာ ရှိပြီးတော့ RSO’s တပ်သားအားလုံးဟာ မြန်မာပြည်က ရိုဟင်ဂျာများ မဟုတ်ကြပါဘူး။ မွတ်စလင်ဘာသာကို ကိုးကွယ်ပြီးတော့ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသ တ၀ိုက်က ဘာသာစကားများနဲ့ တူညီတဲ့ ဘာသာစကားကို ပြောဆိုနေတဲ့ ရိုဟင်ဂျာလူမျိုးများဟာ ရန်ကုန်မှာရှိတဲ့ စစ်အစိုးရ၏ တိုးရင်းသားလူမျိုးများ မဟုတ်ကြပါဘူး။
1978 ခုနှစ် ဖရိုဖရဲဖြစ်နေချိန်မှာ သိန်းနဲ့ချီတဲ့ ၎င်းတို့ဟာ နယ်စပ်ကို လှေဖြင့် ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ကို ၀င်ရောက်ခဲ့ကာ အချို့မှ လက်နက်ကိုင်အဖွဲ့အစည်းအတွင်းသို့ ၀င်သွားပြီး သိတ်မကြာမှီမှာ ဒုက္ခသည်များအတွင်း ပူးပေါင်းသွားပါတယ်။ ကုလသမဂ္ဂဟာ ချက်ခြင်း ကြားဝင်ဖြန်ဖြေပြီး ရိုဟင်ဂျာအများစုကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပါတယ်။ သို့သောလည်းပဲ 1991 နှင့် 1992 နောက်ထပ်လှိုင်းလုံးတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် 250,000 ဟာနယ်စပ်ကို ဖြတ်ကျော်ပြီးတော့ အဲ့ဒိအထဲက အများစုဟာ ပြန်ပို့ခံရပြီး 20,000 နှင့်အထက်ဟာ တောင်ဘဇာ (Cox’s Bazzar) အရှေ့တောင်ဘက်မှာရှိသည့် UNHCR ၏ ကွတ်ကဲမှုအောက်မှာရှိသည့် စခန်းမှာ ကျန်ရှိနေပါတယ်။ ခန့်မှန်းခြေ 100,000 ခန့်ရှိတဲ့ ရိုဟင်ဂျာများဟာ UNHCR ၏ ဒုက္ခသည်စခန်း အပြင်ဖက်မှာနေကြပြီးတော့၊ အမျိုးမျိုးသော အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် စားရမဲ့ သောက်ရမဲ့ နေစရာမရှိတဲ့ ၎င်းတို့ဟာ လူအင်အားစုဆောင်းရန် အခြေခံတစ်ခုအနေနဲ့ တွေ့ရှိခဲ့ပါတယ်။
1980 အစောပိုင်းမှာ ဖွဲ့စည်းခဲ့သည့် RSO ဟာ ရိုဟင်ဂျာများအတွင်းမှာ ရှိသည့် အလယ်အလတ်လူများမှထဲမှ အစွန်းရောက်လူစုတွေဟာ ခွဲထွက်လာပြီး ရှေ့ထွက်ရိုဟင်ဂျာမျိုးချစ်အဖွဲ့ (RPF) ကိုဖွဲ့စည်းခဲ့ပါတယ်။ အာရကန်မှာရှိတဲ့ ဆေးဆရာဝန် မိုဟာမက် ယူနုစ်၏ ဦးဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်တစ်လျှောက်မှာ ရိုဟင်ဂျာများအတွင်း အဓိကလက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ခွဲထွက်လာခဲ့ပါတယ်။ ပိုမိုတင်းကျပ်သည့် ဘာသာရေးရပ်တည်ချက်ကြောင့် RSO ဟာ မွတ်စလင် ကမ္ဘာအတွင်းက စိတ်သဘောထားခြင်းတူတဲ့ အစွန်းရောက်များ၏ လျှို့ဝှက်စွာ ပံ့ပိုးမှုကို ရရှိလာခဲ့ပါတယ်။ ၎င်းတို့အထဲမှ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်ရှိ Jamaat-e-Islami၊ အာဖဂန်နစ္စတန်ရှိ Gulbuddin Hekmatyar’s Hizb-e-Islami နှင့် မလေးရှား ဂျမူးနှင့် ကရှ်မီးယားရှိ Hizb-ul-Mujahideen (HM) နှင့် အစ္စလာမ်မစ်လူငယ်အဖွဲ့အစည်းမှ Angkatan Belia Islam sa-Malaysia (ABIM) တို့ပါဝင်ပါတယ်။
၁၀၀ နီးပါးသော RSO သူပုန်များဟာ အာဖဂန်ရှိ Khost ပြည်နယ်တွင် Hizb-e-Islami Hujahideen တို့နှင့် သင်တန်း တက်ရောက်ပြီးကြောင်း သတင်းပို့ပြီးချိန်မှာတော့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်မှာရှိတဲ့ RSO စခန်းများမှာ အာဖဂန် သင်တန်းဆရာများကို တွေ့နိုင်ပါတယ်။ RSO ၏ အဓိက စစ်ဖက်ဆိုင်ရာ စခန်းဟာ Ukhia အနီးရှိ Rabitat-al_Aalam-al-Islami တို့တည်ဆောက်ထားသည့် ဆေးရုံအနီးမှာရှိပါတယ်။ ၎င်းအခြေအနေမှာတော့ RSO တွေဟာ တရုတ်လုပ် RPG-2 ပခုံးထမ်း ဒုံးပစ်လောင်ချာ၊ အပေါ့စား စက်သေနတ်များ၊ AK-47 ခြေမှုန်းရေး ရိုင်ဖယ်များ၊ Claymore ဆွဲမိုင်းများ၊ ဖောက်ခွဲရေးပစ္စည်းများကို ကမ္ဘောဒီးယားနယ်စပ်အနီး ထိုင်းနိုင်ငံ၏ မြို့တစ်မြို့ဖြစ်သည့် အညဖရသတ် (Aranyaprathet) ရှိပုဂ္ဂလိက လက်နက်ပွဲစားများထံမှ လုံလောက်သော အရည်အတွက် ရရှိခဲ့ပါတယ်။ ၎င်းဒေသဟာ အဆိုပါ ဒေသရှိ ပြောက်ကျားများ လှုပ်ရှားမှုအတွက် အဓိက လက်နက်ရောင်းဝယ်ရေး ဈေးကွက်အနေနဲ့ 1980 အတွင်းမှာ ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါလက်နက်တွေဟာ ဗီယက်နမ်တော်လှန်ရေးစစ်ပွဲအတွင်း အသုံးပြုရန် ကမ္ဘောဒီးယားသို့ တရုတ်ပြည်မှ သင်္ဘောဖြင့်ပို့ဆောင်ထားခြင်း ဖြစ်ပြီး လိုအပ်သည့် အသုံးချမည့် မည်သူမဆို ၀ယ်ယူနိုင်ရန် ရောင်းချနေခြင်းလည်း ဖြစ်ပါသည်။
ဘင်္ဂလားဒေ့ရှ်မီဒီယာများဟာ နယ်စပ်တလျှောက်မှာ RSO မှ ဖွဲ့ဆည်းတည်ဆောက်နေမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖုံးကွယ်ထားသော်လည်း တဖြည်းဖြည်း ပေါ်ပေါက်လာတာကတော့ အဆိုပါ စခန်းများအတွင်းမှာ သင်တန်းတက်ရောက်နေကြသူများဟာ ရိုဟင်ဂျာတွေကြီးပဲ မဟုတ်ပါဘူး။ ၎င်းတို့ထဲမှ အချို့ဟာ Islami Chhatra Shibir (ICS) အဖွဲ့ဝင်များအဖြစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Jamaat-e-Islami ၏လူငယ်အဖွဲ့အစည်း အဖြစ်သို့ပြောင်း လဲသွားကြပါတယ်။ အချို့တွေဟာ စစ်တကောင်း တက္ကသိုလ်အတွင်းရှိ အစ္စလာမ်မစ် အစွန်းရောက်များနှင့် အလယ်အလတ်ရှိသည့် ကျောင်းသားများကြား “Campus War” အခြင်းများရာမှ ရောက်ရှိလာကြသူများလည်း ပါဝင်ပါတယ်။ RSO ဟာ မြန်မာနိုင်ငံအတွင်းမှာတော့ အနည်းငယ် သို့မဟုတ် လုံးဝ စစ်ဆင်တိုက်ခိုက်ခြင်း မပြုနိုင်ပါဘူး။
မရှင်းလင်းတာကတော့ အခုလက်ရှိမှာ ရေပန်းစားလာတဲ့ ၎င်းဗီဒီယိုခွေရိုက်ကူးခဲ့ချိန်ပဲ ဖြစ်ပါတယ်။ အရှေ့တောင်ပိုင်း တောင်ဘဇာ (Cox’s Bazzar) ရှိ RSO ၏လေ့ကျင့်ရေးစခန်းအား ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့အစည်းများက 1990 နောက်ပိုင်းမှာ သိမ်းယူခဲ့တာ ဖြစ်သည့်အတွက် ၎င်းအခွေရိုက်ကူးခြင်း ဖြစ်နိုင်ချေရှိသည့် ရက်စွဲမှာ 1990 အစောပိုင်းကာလာများ ဖြစ်နိုင်ပါတယ်။
အိုစမာဘင်လာဒင်၏ အဆိုအရ 1992 ခုနှစ်မှာ ဖွဲ့စည်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်၏ အဓိက လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ Hakrat-ul-Jihad-al-Islami (HuJI)ဟာ ၎င်းထံမှ ငွေကြေးထောက်ပံ့မှု ရရှိခဲ့ပါတယ်လို့ ဆိုပါတယ်။ HuJI ဟာ ရှော်ကက်အိုစမန် ခေါ် မူလာနာ သို့မဟုတ် ရှိခ်ဖာရစ်ရဲ့ ဦးဆောင်မှုဖြင့် အဖွဲ့ဝင် 15,000 ခန့်အင်အားဖြင့် စစ်တကောင်းတွင် အင်အားကြီးလာခဲ့ပါတယ်။ အဆိုပါ အဖွဲ့ဝင်များဟာ ဘင်္ဂလားဒေ့ရှ်ရှိ ဘာသာရေးကျောင်းများမှ 60,000 နှင့်အထက်ရှိသော ကျောင်းသားများဖြင့် အဓိက စုဆောင်းခဲ့ပြီး ၎င်းတို့ကိုယ်၎င်းတို့ ဘင်္ဂလားဒေ့ရှ် တာလီဘန်လို့ သုံးနှုန်းခဲ့ပါတယ်။
၎င်းအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ရှိ ဟိန္ဒူ လူနည်းစုနှင့် အလယ်အလတ် မွတ်စလင်များအား ပြင်းပြင်းထန်ထန် ထိုးနှက်ရန် နောက်ကွယ်မှ စီစဉ်ညွှန်ကြားသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားလာပါတယ်။ အမေရိကန်အစိုးရမှ မေလ 21 ရက်နေ့ 2002 တွင်ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် HuJI အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဖော်ပြထားပြီး ပါကစ္စတန်ရှိ အစ္စလာမ်မစ် လက်နက်နိုင်အုပ်စုများနှင့် ဆက်နွယ်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ ရှိနေသည့် ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်များနှင့် al-Qaeda ၏ခိုင်မြဲသည့် အချိတ်အဆက်များသည် ဘင်္ဂလားဒေ့ရှ် ဂျီဟတ်လှုပ်ရှားမှု (Jihad Movement in Bangladesh၊ HuJI အဖွဲ့လက်အောက်ခံ) ၏ ခေါင်းဆောင်ဖြစ်သော ဖာဇယ်လ် ရာမာန်မှတဆင့် ၎င်းဟာ အမေရိကန်ကို ဂျီဟတ် စစ်ပွဲ ဆင်နွှဲမယ်လို့ တရားဝင်ကြွေးကြေငြာချက်တွက် လက်မှတ်ထိုးခဲ့သည့်1998 ဖေဖော်ဝါရီ 23 မှာစတင်ခဲ့ပါတယ်။ အခြားသော လက်မှတ်ရေးထိုးသူများဟာ အိုစမာဘင်လာဒင်၊ အေမန် အယ်ဇ၀ါရီ (အီဂျစ်ရှိ ဂျီဟတ်တော်လှန်ရေး ခေါင်းဆောင်)၊ ရီဖာအာမက် တာဟာ ခေါ် အဘူ ရ ဆာ (အီဂျစ် အစ္စလာမ်အုပ်စု) နှင့် ရှိခ် မာ ဟာ့မ်ဇာ့ (Jamiat-ul-Ulema-e-Pakistan ၏အတွင်းရေးမှူး) တို့ပါဝင်ပါတယ်။
HuJI ဟာ သူ့ရဲ့လူတွေဖြစ်ကြတဲ့ ရိုဟင်ဂျာတွေကို သင်တန်းပေးပြီးတော့ အာဖဂန်မှာ တာလီဘန်နဲ့ al-Qaeda တို့အတွက် တိုက်ပွဲဝင်ခိုင်းခဲ့ပါတယ်။ စစ်ပွဲအတွင်းမှာ ရိုဟင်ဂျာတွေကို အထူးသဖြင့် အန္တရာယ်အများဆုံးတွေ ဖြစ်တဲ့ မိုင်းရှင်းလင်းခြင်းနှင့် လမ်းကြောင်းရှာခြင်းတို့မှာ စေခိုင်းပါတယ်။ ထောက်လှန်းရေး ရရှိတဲ့ သတင်းတွေအရ ရိုဟင်ဂျာများအား တပ်သားစုဆောင်းရာတွင် တပ်သားသစ်အဖြစ် ၀င်ရောက်ခြင်းအတွက် ဘင်္ဂလားဒေ့ရှ် တာကာ 30,000 (US$ 525) ခန့်နှင့် လစာအဖြစ် တစ်လလျင် တာကာ 10,000 ရရှိပါတယ်။
တိုက်ပွဲအတွင်း သေဆုံးသွားသူ မိသားစုအတွက် တာကာ 100,000 ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ (ဒီစာရွက်ကို ဒေါ်လာနဲ့ ပြန်တွက်ပြရတာကတော့၊ နိုင်ငံသား တစ်ယောက်၏ တစ်နှစ် ၀င်ငွေဟာ $380 ပဲရှိတဲ့အချိန်မှာ ဒီပမာဏဟာ ရက်ရက်ရောရော ပေးအပ်တဲ့ ပမာဏ ဖြစ်ပါတယ်။) လူသစ်တွေဟာ နီပေါနှင့် ပါကစ္စတန်မှတဆင့် ခေါ်ဆောင်သွားပြီး ၎င်းတို့ သင်တန်းပေးရာ အာဖဂန်ရှိ စစ်စခန်းသို့ ပို့ဆောင်ပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာနဲ့ အခြားသူတွေ ဘယ်လောက်တောင် အာဖဂန်မှာ တိုက်ပွဲဝင်နေလဲဆိုတာ မသိနိုင်ပါဘူး။ ဒါပေမဲ့ အရည်အတွက်ကတော့ အတော်အတန် များပြားနိုင်ပါတယ်။ အချို့တွေကတော့ ကရှ်မီးယားနဲ့ အချို့ကတော့ ချေချင်းညှာမှာရှိကြတဲ့ အစ္စလာမ်မစ် စစ်ရေးအဖွဲ့များစီသို့ သွားရောက်ကြပါတယ်။
အမေရိကန်က တာလီဘန် တိုက်ခိုက်ရေးသမား ဂျွန်ဝေါ်လ်ကာလင့်နှင့် CNN တို့ 2001 ဒီဇင်ဘာတွင် အင်တာဗျူးခဲ့သည်တွင် ၎င်းအာဖဂန်တွင် ရှိနေစဉ်အတွင်း al-Qaeda ဗိုလ်မှူးချုပ်အဆင့်ရှိ အန်ဆာ (တမန်တော် အဖွဲ့ဝင်) ညွှန်ကြားခဲ့သည်များနှင့် ပါတ်သက်သည်များတွင် ဘာသာစကားပိုင်းနှင့် ပါတ်သက်၍ ဘင်္ဂါလီ၊ ပါကစ္စတန်နီ (အူရဒူ)၊ အာရေဗျ စသည်ဖြင့် ခွဲခြားထားပြီး ဘင်္ဂါလီစကားပြောခြင်းနှင့် ပါတ်သက်သည့် ဘင်္ဂလားဒေ့ရှ်နှင့် ရိုဟင်ဂျာတို့အား ထောက်ပံ့ပေးရန်မှာ အရေးကြီးတယ်လို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။ သို့ဖြစ်သောကြောင့် 2001 ခုနှောင်းပိုင်း အာဖဂန်နစ္စတန်တွင် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားကြသည့် လက်နက်ကိုင်အချို့၏ လမ်းဆုံးသည် ဘင်္ဂလားဒေ့ရှ်ဖြစ်သည်မှာ ရှင်းလင်းသွားပြီ ဖြစ်ပါသည်။ ပါကစ္စတန်တွင် အမေရိကန်မှ မြောက်များစွာ ရှိနေခြင်းကြောင့် 2001 အောက်တိုဘာနဲ့ နိုဝင်ဘာတွေမှာ အာဖဂန်နစ္စတန်က ထွက်ပြေးသွားနဲ့ လက်နက်ကိုင်အုပ်စုတွေအတွက် တတိယနိုင်ငံတွေဟာ ပိုမိုစိတ်ချရတယ်လို့ တွေ့ရပါတယ်။ 2002 အစောပိုင်းကာလများတွင် အမျိုးမျိုးသော လက်နက်ကိုင်များကို တင်ဆောင်လာသည့် အာဖဂန်နစ္စတန်မှ သဘောင်္များသည် ကရာချိမှ စစ်တကောင်းသို့ ရွက်လွှင့်သွားကြပေသည်။
2002 မေလ 10-11 တွင် HuJI အပါအ၀င် အစွန်းရောက် အစ္စလာမ်မစ်အုပ်စုများသည် တောင်ပိုင်း Ukhia အနီးရှိ စခန်းတွင် တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် Manch အသင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အုပ်စုပေါင်းများစွာ ပါဝင်သည့် ဥသျှောင်အဖွဲ့သစ်သည် ရိုဟင်ဂျာများနှင့် Assam မွတ်စလင် လွတ်မြောက်ရေးကျားများ (MULTA) အား ကိုယ်စားပြုဟန်ဆောင်ပြီး အဖွဲ့အသေးများကတော့ အိန္ဒိယ အရှေ့မြောက်ပိုင်းမှာ လှုပ်ရှားကြပါတယ်။ ဂျွန်လတွင် အာဖဂန်နစ္စတန် ဆိုဗီယက် ဆန့်ကျင်ရေးတိုက်ပွဲမှ စစ်ပြန်များသည် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းရှိ စခန်းအနည်းဆုံး 2 ခုတွင် မဟာမိတ်အသစ်များအား သင်ကြားရေးအဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။
HuJI အဖွဲ့တွင်း စာရွက်စာတန်းများအရ 19 ခုထက်မနည်းသည့် သင်တန်းပို့ချမှုများအား ဘင်္ဂလားဒေ့ရှ်အနှံ့ ပို့ချခဲ့ပြီး အဲ့ဒိအထဲမှ လူဘယ်နှစ်ယောက်ဟာ စစ်ရေးသင်တန်းကို တက်ရောက်ရန် ကမ်းလှမ်းခံရတယ်ဆိုတာ တိတိကျကျ မသိရပါဘူး။ သေခြာမှုဆိုတာဘာပါလဲ၊ သို့သော်လည်း ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ဦးဆောင်အောက်ရှိ ယာယီညွန့်ပေါင်းအစိုးရသစ် အောက်တိုဘာ 2001 တွင် တာဝန်ယူသည်မှစ၍ ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် လက်နက်ကိုင်များဟာ ပိုမိုပြီး အသံကျယ်လောင်လာကာ နိုးကြွားထက်မြက်လာပါတယ်။ အစပိုင်းက အဆိုပါ ယာယီအဖွဲ့တွင် Jamaat မှ ၀န်ကြီးနှစ်ဦးလည်း ပါဝင်ပါတယ်။ 4 ပါတီ ရွေးကောက်ပွဲ မဟာမိတ်အဖွဲ့ဟာ ညွန့်ပေါင်းအစိုးရသစ်အား စွမ်းရည်မြှင့်ပေးပြီး အစ္စလာမ်မစ် ပါတီအသေးလေးများလည်း ပါဝင်လာပါတယ်။ အစ္စလာမ်မစ် Oikya Jote အဖွဲ့၏ ဥက္ကဌဖြစ်သော Azizul Huq ဟာလည်း HuJI’s အဖွဲ့၏ အကြံပေး ကောင်စီမှာ အဖွဲ့ဝင်ဖြစ်လာပါတယ်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များဟာ ၎င်းအုပ်စုများနဲ့ လှုပ်ရှားမှုများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် စိတ်အားထက်သန်ခြင်း မရှိတာကို တွေ့ရပါတယ်။ ဒီနှစ်အစောပိုင်းက ဘင်္ဂလားဒေ့ရှ်ရှိ အစ္စလာမ်မစ် အခြေခံအဖွဲ့အစည်းများ၏ မကောင်းသတင်းဟာ နိုင်ငံတကာကို ကျယ်ပြန့်လာတဲ့အခါမှာတော့ ဆန့်ကျင်ဘက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အလယ်အလတ် ရိုဟင်ဂျာအုပ်စုများနှင့် စစ်တကောင်းနှင့် တောင်ဘဇာ (Cox’s Bazaar) ရှိအာရကန် ရိုဟင်ဂျာ အမျိုးသားအဖွဲ့အစည်း (ARNO)များကို ထိထိရောက်ရောက် နှိမ်နှင်းခဲ့ပါတယ်။ ARNO အနေဖြင့် al-Qaeda သို့မဟုတ် အခြားသော ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုများနဲ့ လူသိနိုင်တဲ့ အချိတ်အဆက်မရှိဘူးလို့ ထင်ရပါတယ်။ (မှတ်ချက် ။ ။ မူရင်းရေးသားသူ Bertil Litner အနေဖြင့် ယခုဆောင်းပါးရေးသားချိန်က ၀ီကီလိခ် ဆောင်းပါးပါ အချက်များကို မသိရှိသေးလို့ ယူဆရပါတယ်။) အဆိုပါ ထိထိရောက်ရောက် နှိမ်နှင်းခြင်းအား ပြစ်တင်ဝေဖန်ပြီး ၎င်းတို့မထောက်ခံခြင်းအား အစွန်းရောက်များက ခိုင်မာသည့် ကြေငြာချက်များ ထုတ်ပြန်ခဲ့ပါတယ်။ အခြားတစ်ဘက်မှတော့ RSO ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့၏ ပစ်မှတ်အနေနဲ့ သတ်မှတ်ခြင်းမခံခဲ့ရပါဘူး။
နောင်နှစ်ပေါင်းများစွာအတွက် ဘင်္ဂလားဒေ့ရှ်ဟာ အလယ်အလတ် သဘောထားရှိသည့် လွတ်လပ်သည့် မွတ်စလင်နိုင်ငံ တစ်နိုင်ငံအနေနဲ့ မြင်နိုင်ပါတယ်။ အဆိုပါ သိသာထင်ရှားတဲ့ ပြောင်းလဲမှုဟာ ဒီနှစ် မေလအတွင်းမှာ ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် Manch အဖွဲ့ဟာ အစ္စလာမ်မစ် အစွန်းရောက် နိုင်ငံများနဲ့ ပိုမိုနီးကပ်လာစေရန်နှင့် ပူးပေါင်းဆောင်ရွက်စေရန် ရှင်းလင်းစွာ ညွှန်းဆိုနေပါတယ်။ အာဖဂန်မှာ လက်ရှိရှိနေကြတဲ့ သင်တန်းဆရာများ၊ al-Qaeda ဆက်သွယ်မှုမှ ထပ်မံရောက်ရှိလာတဲ့ အစွန်းရောက်များဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့ဝင်များ၏ ကွန်ယက်တွင် ၎င်းတို့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုအား ဖော်ညွှန်းပြသနေပါတော့တယ်။
ဘာတီးလစ်တာနာဟာ Far Eastern Economic Review မှ အကြီးတန်း စာရေးဆရာတစ်ယောက် ဖြစ်သလို 1985 ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံကို ၀င်ရောက်ခွင့်မရှိသည့် အမည်ပျက်စာရင်းဝင် ဂျာနယ်လစ်များထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။
(Asia Times မှ Bertil Lintner ၏ Bangladesh: Breeding ground for Muslim terror ကို တတ်နိုင်သလောက် ဘာသာပြန်ဆိုပါတယ်။ ဘာတီးလစ်တာနာ၏ ဆောင်းပါးနှင့် Wikileak’s Ref: ID# 02RANGOON1310 ၏ ဆောင်းပါးအရ ရိုဟင်ဂျာဆိုသည့် စကားလုံးအား အသုံးပြုထားသည့်၊ ရိုဟင်ဂျာများအား ကိုယ်စားပြုသည့် အဖွဲ့အစည်းများသည် al-Qaeda နှင့် အစ္စလာမ်မစ် အကြမ်းဖက် စစ်သွေးကြွ အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိသည်ကို ထင်ထင်ရှားရှား သက်သေသက်ကာယများဖြင့် တွေ့နိုင်ပါသည်။ ကျွန်တော်တို့ကဲ့သို့သော သာမာန်လူများပင် သိကြသည်ကို ဒေါက်တာဇာနည်ကဲ့သို့သော မျက်စိကြီး၊ နားကြီးသည့်သူအဖို့ ပိုမိုသိနိုင်မည် ဖြစ်ပါသည်။ ထို့အတူပင် နာဇီ ဟစ်တလာ ကြွေးကျော်ခဲ့သည့် “Long Live Narzi” ကဲ့သို့သော စကားလုံးအား အသုံးပြု၍ “Long Live Rohingya” ဟုကြွေးကျော်ခဲ့သည့် ဒေါက်တာဇာနည်သည်လည်း အကြမ်းဖက် အဖွဲ့အစည်းများအား အားပေးအားမြှောက်၊ အထောက်အကူ ပြုသူတစ်ဦး၊ အဖွဲ့ဝင်တစ်ဦးဟု မှတ်ယူရမည် ဖြစ်ပေသည်။)
မန္တလေး ဂေဇက် သတင်းစာမှ ကူးယူဖေါ်ပြပါသည် ။




တိုင်းရင်းနွယ်ဖွား ဘာသာစကား …
by Thant Ko Ko Maung on Wednesday, May 23, 2012 at 12:54am ·
ပြည်ထောင်စု မြန်မာနိုင်ငံ ဘာသာစကား အုပ်စုများ အခြေပြမြေပုံ။



ပြည်ထောင်စု မြန်မာနိုင်ငံကြီးမှာ တိုင်းရင်းသား မျိုးနွယ်စု ဘယ်နှစ်မျိုးရှိလဲလို့ မေးလာခဲ့ရင် လက်ရှိ
လူဝင်မှုကြီးကြပ်ရေးက စာရင်းအရ (၁၃၅) မျိုး ရှိပါတယ်ခင်ဗျလို့ ဖြေရမှာပါပဲ။ ဒါပေမဲ့ ဒါမဟုတ်ဘူး အစိုးရက
သက်သက်ဝါဒဖြန့်တာ တမင်များအောင် လုပ်ထားတာလို့ ဆိုသလို၊ မဟုတ်သေးဘူး ဒီထဲမှာ မပါသေးတဲ့
မျိုးနွယ်စုတွေ ရှိသေးတယ်လို့ ပြောကြသူတွေလည်း ရှိကြပါတယ်။ ဘယ်လိုပဲ မျိုးနွယ်စုတွေ ကွဲပြားပေမယ့်
ဘာသာဗေဒအားဖြင့် ခွဲခြားကြည့်မယ် ဆိုရင်တော့ အဓိကအုပ်စုကြီး (၃) ခုဖြစ်တဲ့ Sino-Tibetan,
Austro-Asiatic နဲ့ Tai-Kadai ကနေ ဆင်းသက်လာတဲ့ တိဘက်-မြန်မာ၊ မွန်-ခမာနဲ့ ထိုင်း-တရုတ်
အုပ်စု (၃) ခုကိုသာ တွေ့ရမှာပါ။


Sino-Tibetan အုပ်စု အခြေပြမြေပုံ။


ပင်မမျိုးနွယ်ဖြစ်တဲ့ Sino-Tibetan အုပ်စုကြီးမှာ Chinese နဲ့ Tibeto-Burman ဆိုပြီး မျိုးနွယ်အုပ်စုကြီး (၂) ခု
ထပ်ကွဲပါတယ်။ Chinese အုပ်စုမှာ မျိုးနွယ်စုပေါင်း (၁၄) ခု ရှိပြီး Tibeto-Burman အုပ်စုမှာ မျိုးနွယ်စုပေါင်း
(၄၃၅) ခု ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Tibeto-Burman အုပ်စုဝင် တိုင်းရင်းသားတွေကတော့ -

(၁) အခါ၊ (၂) သက၊် (၃) ဂျိန်းဖော၊ (၄) ထမံ၊ (၅) ကဒူး၊ (၆) တဆီနာဂ၊ (၇) ပအို့၊ (၈) ပိုးကရင်၊ (ဖလုံစဝေါ်)၊
(၉) ပိုးကရင် (ဖလုံ)၊ (၁၀) ထရု၊ (၁၁) ပဒေါင်၊ (၁၂) ဘွဲကရင်၊ (၁၃) ဂေခို၊ (၁၄) ဂေဘား၊ (၁၅) ပရဲ၊
(၁၆) မနုမနော၊ (၁၇) ယင်းဘော်၊ (၁၈) ယင်းတလဲ၊ (၁၉) ကယား (အရှေ့)၊ (၂၀) ကယား (အနောက်)၊
(၂၁) မိုပွာကယား၊ (၂၂) စကောကရင်၊ (၂၃) ဝဲဝေါ်၊ (၂၄) ဇယိမ်း၊ (၂၅) ဟားခါးချင်း၊ (၂၆) ငေါန်ချင်း၊
(၂၇) ဆင်ထန်ချင်း၊ (၂၈) တောရ်ချင်း၊ (၂၉) ဇိုထုံးချင်း၊ (၃၀) ဇိုင်ဖေချင်း၊ (၃၁) ဖလမ်းချင်း၊ (၃၂) စီရင်းချင်း၊
(၃၃) တီးတိန်ချင်း၊ (၃၄) ရန်ခိုလ်ချင်း၊ (၃၅) ပူရာမ်ချင်း၊ (၃၆) ရာလ်တဲချင်း၊ (၃၇) ရိုလ်တဲချင်း၊ (၃၈) ဇိုမီးချင်း၊
(၃၉) ခွာမီးချင်း၊ (၄၀) ခူမီးချင်း၊ (၄၁) အရှိုချင်း၊ (၄၂) ဘွာလ်ခေါချင်း၊ (၄၃) ချင်းဘုံ (ချင်းတွင်းချင်း)၊
(၄၄) ဒိုင်ချင်း၊ (၄၅) မြိုချင်း၊ (၄၆) မွင်းချင်း (မင်းတပ်ချင်း)၊ (၄၇) ငလ (မတုချင်း)၊ (၄၈) ဝဲလောင်ချင်း၊
(၄၉) လိုင်နောင်နာဂ၊ (၅၀) လောင်ဖုရိနာဂ၊ (၅၁) မချမ်းနာဂ၊ (၅၂) ပရနာဂ၊ (၅၃) ဖုန်၊ (၅၄) လရှိ (လချိတ်)၊
(၅၅) မရု (လော်ဂေါ်)၊ (၅၆) ဗမာ၊ (၅၇) ချောင်းသား၊ (၅၈) အင်းသား၊ (၅၉) ရခိုင်၊ (၆၀) တောင်ရိုး၊
(၆၁) ထားဝယ်၊ (၆၂) ရမ်းဗြဲ၊ (၆၃) ဆန်ဆု၊ (၆၄) ဖျင်၊ (၆၅) လော်ပန်၊ (၆၆) လော်ပိ၊ (၆၇) လာမာ၊
(၆၈) နော်ရာ၊ (၆၉) နူး၊ (၇၀) ရဝမ်၊ (၇၁) အနု၊ (၇၂) လွိုင်၊ (၇၃) ပလု၊ တို့ဖြစ်ကြပါတယ်။


Austro-Asiatic အုပ်စု အခြေပြမြေပုံ။


ဒုတိယ ပင်မမျိုးနွယ်ဖြစ်တဲ့ Austro-Asiatic အုပ်စုကြီးမှာ Munda နဲ့ Mon-Khamar ဆိုပြီး မျိုးနွယ်အုပ်စုကြီး
(၂) ခု ထပ်ကွဲပါတယ်။ Munda အုပ်စုမှာ မျိုးနွယ်စုပေါင်း (၂၂) ခု ရှိပြီး Mon-Khmer အုပ်စုမှာ မျိုးနွယ်စုပေါင်း
(၁၄၇) ခု ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Mon-Khmer အုပ်စုဝင် တိုင်းရင်းသားတွေကတော့ -

(၁) မွန်၊ (၂) ဆမ်တောင်း၊ (၃) တိုင်းလွိုင်၊ (၄) ဝ၊ (၅) ဓနော၊ (၆) ရူချင်းပလောင်၊ (၇) ရူမိုင်ပလောင်၊
(၈) ရွှေပလောင် (တအန်း)၊ (၉) ယင်းနက်၊ (၁၀) ယင်းကျား၊ တို့ဖြစ်ကြပါတယ်။


Tai-Kadai အုပ်စု အခြေပြမြေပုံ။


တတိယ ပင်မမျိုးနွယ်ဖြစ်တဲ့ Tai-Kadai အုပ်စုကြီးမှာ Hlai, Kadai နဲ့ Kam-Tai ဆိုပြီး မျိုးနွယ်အုပ်စုကြီး (၃) ခု
ထပ်ကွဲပါတယ်။ Hlai အုပ်စုမှာ မျိုးနွယ်စုပေါင်း (၂) ခု ရှိပြီး Kadai အုပ်စုမှာ မျိုးနွယ်စုပေါင်း (၁၄) ခုနဲ့
Kam-Tai အုပ်စုမှာ မျိုးနွယ်စုပေါင်း (၇၆) ခု ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ Kam-Tai အုပ်စုဝင်
တိုင်းရင်းသားတွေကတော့ -

(၁) ခမ်းတီးရှမ်း၊ (၂) ဂုံရှမ်း၊ (၃) ရှမ်း၊ တို့ဖြစ်ကြပါတယ်။

အထက်က စာရင်းမှာ မပါဘဲ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားတဲ့ ကိုးကန့်ကတော့ ပထမအုပ်စုကြီး
ဖြစ်တဲ့ Sino-Tibetan အုပ်စုဝင် Chinese မျိုးနွယ် အုပ်စုမှာ ပါဝင်ပါတယ်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ။


ပထမ၊ ဒုတိယ၊ တတိယ အုပ်စု (၃) ခုလုံးမှာ မပါဘဲ လက်ရှိ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထား
တာကတော့ မော်ကင်းခေါ် ဆလုံမျိုးနွယ်စု ဖြစ်ပါတယ်။ ဆလုံဟာ Astronesian ပင်မမျိုးနွယ်စုကြီးရဲ့
Malayo-Polynesian မျိုးနွယ်စုမှာပါပါတယ်။


Malayo-Polynesian အုပ်စု အခြေပြမြေပုံ။


ဖေါ်ပြခဲ့တဲ့ မျိုးနွယ်စုတွေဟာ မျိုးနွယ်စုအမည်နဲ့ ပတ်သက်ပြီး ကွဲလွဲမှုရှိနိုင်ပါတယ်။ မျိုးနွယ်စု တစ်ခုမှာ
အခြားနာမည်ကွဲများလည်း ရှိပါသေးတယ်။ အထက်ပါ မျိုးနွယ်စုအားလုံးဟာ လက်ရှိ ဘာသာဗေဒ
စံသတ်မှတ်ချက်ဖြစ်တဲ့ ISO 639-3 အရ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ မျိုးနွယ်စုနာမည်များသာ
ဖြစ်ပါတယ်။ အကယ်၍ ကျန်ခဲ့ရင်လည်း ကျန်ခဲ့တဲ့ မျိုးနွယ်စုဟာ အထက်က အုပ်စုကြီး (၃) ခု အတွင်းမှာသာ
ဖြစ်မှာဖြစ်ပါတယ်။

ISO Code ဆိုတာကတော့ လက်ရှိကမ္ဘာပေါ်မှာရှိတဲ့ မျိုးနွယ်စုပေါင်း ခြောက်ထောင် ကိုးရာကျော်ကို
ဘာသာစကားအလိုက် အက္ခရာသုံးလုံးနဲ့ စနစ်တကျ ခွဲခြားထားတဲ့ စံသတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။
တိုင်းရင်းဘာသာစကား အချို့ကို ဖော်ပြရမယ်ဆိုရင် ဗမာ (ISO 639-3 : mya)၊ ဟားခါးချင်း
(ISO 639-3 : cnh)၊ ဂျိန်းဖော (ISO 639-3 : kac)၊ မွန် (ISO 639-3 : mnw)၊ ရခိုင် (ISO 639-3 : rki)၊
ရှမ်း (ISO 639-3 : shn) စသည်ဖြင့် ဖြစ်ပါတယ်။

ပထမ၊ ဒုတိယ၊ တတိယ အုပ်စုကြီး (၃) ခုမှာလည်းမပါ၊ တိုင်းရင်းသားအဖြစ်လည်း အသိအမှတ် မပြုပေမဲ့
ဘာသာစကားရဲ့ မူလရင်းမြစ်ဟာ မြန်မာနိုင်ငံပါလို့ ဖော်ပြထားပြီး ISO အသိအမှတ်ပြုခြင်းကို လိမ်လည်
ရယူထားတဲ့ ဘာသာစကား တစ်ခုကိုလည်း ဆက်ပြီး ပြောချင်ပါသေးတယ်။ အဲဒါကတော့ ရိုဟင်ဂျာလို့
အမည်ခံယူထားတဲ့ စစ်တကောင်းဘင်္ဂလီ ဖြစ်ပါတယ်။


Indo-Aryan အုပ်စု အခြေပြမြေပုံ။


စစ်တကောင်းဘင်္ဂလီဟာ အင်ဒို-ယူရိုပီယန် ပင်မအုပ်စုကြီးက ဆင်းသက်လာတဲ့ အင်ဒို-အာရီရန် အုပ်စုဝင်
ဘင်္ဂလီ-အာသံ မျိုးနွယ်စုဝင် ဖြစ်ပါတယ်။ ဘင်္ဂလီ-အာသံ မျိုးနွယ်စုမှာ ၂၀၀၇ ခုနှစ်အထိ လူမျိုးစု (၁၈) ခု
ရှိပါတယ်။ အဲဒါတွေကတော့ (၁) အာသံ၊ (၂) ဘင်္ဂလီ၊ (၃) ဘစ်ရှ်နုပရီယာ၊ (၄) ချက္ကမ၊ (၅) စစ်တကောင်း၊
(၆) ဟာဂျောင်း၊ (၇) ဟာလ်ဘီ၊ (၈) ကရော့၊ (၉) ခါရိယာ၊ (၁၀) ကာမူကာ၊ (၁၁) လော့ဟိ၊
(၁၂) မာလ်ပဟာရိယာ၊ (၁၃) မီအာဂန်၊ (၁၄) နာဟရိ၊ (၁၅) ရာ့ဂ်ျဘန်ရှိ၊ (၁၆) ရန်ပုရိ၊ (၁၇) ဆေလ်ဟေတီ၊
(၁၈) တန်ချန်ရာ တို့ဖြစ်ပါတယ်။


Bangali-Assamese အုပ်စု အခြေပြမြေပုံ။


စစ်တကောင်းဘင်္ဂလီရဲ့ မျိုးနွယ်စု ဆင်းသက်ပုံကို ပြရရင် - Indo-European_Indo-Iranian_Indo-Aryan_
Eastern zone_Bengali Assamese_Chittagonian ဖြစ်ပါတယ်။ စစ်တကောင်းဘင်္ဂလီရဲ့ ISO Code ဟာ
(ISO 639-3 : cit) ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၇ ခုနှစ် မတိုင်ခင်က ဖြစ်ပါတယ်။

ဒီ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာတော့ ဘင်္ဂလီ-အာသံ မျိုးနွယ်စုဟာ လူမျိုးစု တစ်စုထပ်တိုးပြီး (၁၉) ခု ဖြစ်သွား
ပါတော့တယ်။ ဖြစ်ရပုံကတော့ ရှိရင်းစွဲ ဘင်္ဂလီစစ်တကောင်း လူမျိုးစုကနေ စစ်တကောင်းနဲ့ ရိုဟင်ဂျာဆိုပြီး
လူမျိုးစုနှစ်စုကို မွေးထုတ်လိုက်တာပါပဲ။ ISO 639-3 : cit ကိုပယ်ဖျက်ပြီး အဲဒီနေရာမှာ ISO 639-3 : ctg နဲ့
ISO 639-3 : rhg ဆိုပြီး ဖန်တီးလိုက်ပါတော့တယ်။ ယခင် စစ်တကောင်းဘင်္ဂလီရဲ့ မူရင်းဒေသဟာ
ဘင်္ဂလားဒေရှ့်ဖြစ်ပေမဲ့ အခုတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဆိုပြီး နယ်ပယ်ချဲ့ထွင်လိုက်ပါတော့တယ်။

ဒီလောက်ဆိုရင်တော့ အခြေအနေမှန်ကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ ဘာသာရေး၊ လူမျိုးရေး၊
လူ့အခွင့်အရေး အယောင်ပြပြီး စနစ်တကျနဲ့ ထိုးဖောက်ဝင်ရောက်လာတဲ့ နယ်မြေကျူးကျော်မှုကို မြန်မာနိုင်ငံ
အတွင်းမှာရှိတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားမှန်ရင် နားလည် သဘောပေါက်ဖို့ လိုမယ်ထင်ပါတယ်။

လက်ရှိ ၂၀၀၆ ခုနှစ် စစ်တမ်းတွေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာအမည်ခံ စစ်တကောင်းဘင်္ဂလီ
အရေအတွက်ကို (၁,၀၀၀,၀၀၀) ဟုပြထားပါတယ်။ ၂၀၀၁ ခုနှစ် (Johnstone and Mandryk 2001)
စစ်တမ်းအရ ရခိုင်တိုင်းရင်းသား အရေအတွက်ဟာ (၇၃၀,၀၀၀) ပဲရှိပါတယ်။ မြန်မာပြည်မှာ လက်ရှိ
ပြည်နယ်အဆင့် သတ်မှတ်ထားတဲ့ တိုင်းရင်းသားအချို့တောင် လူဦးရေ တစ်သန်းမပြည့်တာ ရှိပါတယ်။
လက်ရှိဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာလည်း မျိုးနွယ်စုဦးရေ တစ်သန်းမရှိကြပါဘူး။
ဒီကိစ္စဟာ ပြတ်ပြတ်သားသား မဖြေရှင်းနိုင်ရင် ရေရှည်မှာ ဒုက္ခရောက်ပါလိမ့်မယ်။ ရိုဟင်ဂျာရဲ့
အကိုတော်ဖြစ်တဲ့ စစ်တကောင်းဘင်္ဂလီ မျိုးနွယ်စု ၁၃ သန်းဟာ တစ်ဘက်မှာ အဆင်သင့် စောင့်နေကြပါတယ်။

တကယ်တော့ ကိုယ့်မျိုးနွယ်စုတွေကို ကိုယ်တွေမှ မထိန်းသိမ်း မကာကွယ်နိုင်ရင်တော့ ပျောက်ကွယ်ဖို့ပဲ
ရှိပါတယ်။ ပျောက်လည်း ပျောက်ကွယ်ခဲ့ပါတယ်။ အပေါ်မှာပါတဲ့ ထမံသီဒေသမှာ နေထိုင်တဲ့ ထမံဘာသာ
စကားပြော ထမံတိုင်းရင်းသား မျိုးနွယ်စုရဲ့ နောက်ဆုံးမျိုးဆက်ဟာ ၁၉၉၀ ခုနှစ်မှာ ကွယ်လွန်သွားပြီလို့
သိရပါတယ်။ ဒီပြည်ထောင်စုအတွင်းက မျိုးနွယ်စုတစ်ခု ပျက်သုဉ်းသွားခြင်းဟာ ဒီပြည်ထောင်စုသား အားလုံးမှာ
တာဝန်ရှိပါတယ်။ လက်ရှိ မြန်မာပြည်မှာ လူဦးရေ တစ်ထောင်အောက် မျိုးနွယ်စုတွေလည်း ရှိပါတယ်။
ဒါကိုလျစ်လျူရှုမထားဘို့ အရေးကြီးပါတယ်။

နောက်တစ်ခုက ကိုယ့်တိုင်းရင်းသားစစ်စစ် ဒုက္ခသည်တွေရဲ့အရေးပါ ကရင်နီလို့ခေါ်တဲ့ ကယားတိုင်းရင်းသား
အုပ်စုထဲက အရှေ့ကယား မျိုးနွယ်စုဟာ ၂၀၀၇ ခုနှစ် စစ်တမ်းတွေအရ တစ်ကမ္ဘာလုံးမှာမှ (၂၆,၀၀၀) ပဲ
ရှိပါတယ်။ အဲဒီအထဲက သူ့ဇာတိဒေသဖြစ်တဲ့ ကယားပြည်နယ်မှာ နေထိုင်နိုင်တဲ့ ဦးရေဟာ (၈၀၀၀) ပဲ
ရှိပါတယ်။ ကျန်တဲ့ (၁၈,၀၀၀) ကတော့ ထိုင်းနိုင်ငံမှာပါ။ အဲဒီအထဲက (၁၅,၀၀၀) ဟာ ဒုက္ခသည်စခန်းတွေမှာ
နေထိုင်နေကြရတာပါ။ အခြားတိုင်းရင်းသား မျိုးနွယ်စုတွေလည်း ဒုက္ခသည်စခန်းများမှာ အများအပြား
ရှိကြပါသေးတယ်။ ရင်နာဖို့ကောင်းပါတယ်။



မြန်မာ-ယိုးဒယားနယ်စပ် တိုင်းရင်းသား ဒုက္ခသည်စခန်းများ။


ဖြစ်နိုင်ရင်တော့ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း မတိုင်မီ အကြိုစစ်တမ်းအနေနဲ့ တိုင်းရင်းသား မျိုးနွယ်စု စာရင်းကို ကောက်ယူသင့်ပါတယ်။ ဒါကလည်း သန်းခေါင်စာရင်းအတွက် လူတစ်ယောက် ရှစ်ကျပ်ပဲ သုံးမယ်ဆိုတော့ ပြောရတာ အားတော့သိပ်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အစိုးရဆိုသူကော အတိုက်အခံဆိုသူများပါ ကိုယ့်တိုင်းရင်းသား မျိုးနွယ်စုများအရေးကို ကာကွယ် စောင့်ရှောက်နိုင်ကြပါစေ၊ ထိုးဖောက်ဝင်ရောက်လာတဲ့ တိုင်းရင်းသားအရေခြုံ ပြည်ပမျိုးနွယ်စု အရေးကိုလည်း ပြတ်ပြတ်သားသား တားဆီးကာကွယ်နိုင်ကြပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။


လေ့လာရန် ကွန်ယက်အညွှန်း













Misinterpretations of Burmese Words[1]">
Interview">
DASSK by U Khin Maung Kyi ">

Monday 25 June 2012


Sunday, June 24, 2012


မျောလွင့်သွားတဲ့ "ရိုးသားဖြောင့်မတ်ခြင်း"



"တော်ထက်"တဲ့လူတစ်ယောက်က "ရိုးသားဖြောင့်မတ်ခြင်း"ကို ရေထဲလွတ်ချစွန့်ပစ်ခဲ့တယ်။ "ရိုးသားဖြောင့်မတ်ခြင်း"ဟာ ကူးရင်းခတ်ရင်း ကျွန်းငယ်လေးတစ်ခုပေါ် ရောက်လာခဲ့တယ်။ "ရိုးသားဖြောင့်မတ်ခြင်း"ဟာ သဲသောင်ပြင်မှာအနားယူရင်း တစ်ယောက်ယောက်လာရင် အကူအညီတောင်းဖို့ စောင့်နေခဲ့တယ်။

တအောင့်ကြာတော့ အဝေးကနေ သီချင်းသံတစ်သံလွင့်လာတာကို သူကြားလိုက်မိတယ်။ သူချက်ချင်းထရပ်ပြီး အသံလာရာဆီကြည့်လိုက်တော့ လှေငယ်လေးတစ်စီး သူ့ဘက်ကိုဦးတည်ပြီး လှော်ခတ်လာတာကို တွေ့လိုက်တယ်။ လှေရဲ့အလံပေါ်မှာ "ပျော်ရွှင်ခြင်း"လို့ ရေးထားတာကို တွေ့တော့ "ရိုးသားဖြောင့်မတ်ခြင်း" က လှမ်းအော်တယ်။

"ပျော်ရွှင်ခြင်းရေ... ပျော်ရွှင်ခြင်းရေ.. ငါ ရိုးဖြောင့်ခြင်းပါ။ ငါ့ကို လှေကြုံစီးခွင့်ပြုပါ"

"ရိုးဖြောင့်ခြင်း" အကူအညီတောင်းတာကို "ပျော်ရွှင်ခြင်း"ကကြားတော့ ရယ်ပြီး ...

"ဟား.. ဘယ်ဖြစ်မလဲ! ရိုးသားဖြောင့်မတ်ခြင်းရှိရင် ငါဘယ်ပျော်တော့မလဲ? ဒီလောကမှာ ကြည့်စမ်း.. အမှန်တရားတွေပြောလို့ မပျော်ရွှင်ရတဲ့လူတွေ အများကြီး။ ဆောရီးပဲ.. နင့်ကိုငါ မကယ်နိုင်ဘူး"

ပြောပြောဆိုဆို "ပျော်ရွှင်ခြင်း"ထွက်သွားခဲ့တယ်။ ပျော်ရွှင်ခြင်းထွက်သွားတော့ "နေရာ"ဆိုသူရောက်လာပြန်တယ်။ နေရာကိုတွေ့တော့ ရိုးဖြောင့်ခြင်းက

"နေရာ.. နေရာ.. ငါ ရိုးဖြောင့်ခြင်းပါ။ ငါ့ကို နင့်လှေနဲ့အတူ ကမ်းကပ်ခွင့်ပေးပါ" လို့တောင်းဆိုပြန်တယ်။

နေရာက လှေကို အဝေးကြီးလှော်သွားပြီး... "မဖြစ်ဘူး.. မဖြစ်ဘူး.. နင့်ကို ငါ့လှေပေါ် မတင်နိုင်ဘူး။ အခုလို ငါ့နေရာရဖို့ မလွယ်ခဲ့ဘူး။ နင့်ကိုသာခေါ်သွားရင် ငါ့နေရာတောင် ငါထိန်းထားနိုင်မှာ မဟုတ်ဘူး" လို့ဆိုခဲ့တယ်။

ရိုးဖြောင့်ခြင်းဟာ စိတ်ပျက်လက်ပျက်နဲ့ နေရာရဲ့နောက်ကျောကို ငေးကြည့်နေခဲ့တယ်။ သူ့ရဲ့အကြည့်မှာလည်း နားမလည်မှုတွေ၊ တွေဝေမှုတွေ ရောယှက်နေခဲ့တယ်။ ဒီလိုနဲ့ သူဆက်စောင့်နေခဲ့တယ်။

တအောင့်ကြာတော့ စည်းချက်မညီတဲ့အသံနဲ့အတူ "ယှဉ်ပြိုင်ခြင်း" ရောက်လာခဲ့တယ်။ ရိုးဖြောင့်ခြင်းက ဝမ်းသာအားရ ခေါ်တယ်။

"ယှဉ်ပြိုင်ခြင်းရေ.. ယှဉ်ပြိုင်ခြင်း.. နင့်လှေနဲ့အတူ ငါလိုက်ခဲ့လို့ရမလား?"

"မင်း ဘယ်သူလဲ? မင်းကငါတို့အတွက် ဘယ်လောက်အကျိုးအမြတ်ပေးနိုင်မှာလဲ?"လို့ ယှဉ်ပြိုင်ခြင်းက ပြန်မေးတယ်။

ရိုးဖြောင့်ခြင်းက သူဘယ်သူလဲဆိုတာကို မပြောချင်ဘူး။ ပြောလိုက်ရင် လှေနဲ့မခေါ်သွားမှာလဲစိုးတယ်။ ဒါပေမယ့် ရိုးဖြောင့်ခြင်းက ရိုးဖြောင့်ခြင်းပါပဲ။ နောက်တော့လဲ "ကျွန်တော်က ရိုးဖြောင့်ခြင်းပါ"လို့ သူပြောလိုက်တယ်။

"အော်.. မင်းက ရိုးဖြောင့်ခြင်းကို.. မင်းက ငါ့ကိုသက်သက်ဒုက္ခပေးတာနဲ့ တူမနေဘူးလားကွ? ယှဉ်ပြိုင်ခြင်းတွေ ဒီလောက်များနေတဲ့အချိန် ငါတို့ရဲ့ မရိုးသားတဲ့ယှဉ်ပြိုင်မှုမှာ မင်းပါလာလို့ ဘယ်ဖြစ်မလဲ?"

ပြောပြောဆိုဆို ယှဉ်ပြိုင်ခြင်း ထွက်သွားခဲ့တယ်။ ရိုးဖြောင့်ခြင်းက မျှော်လင့်ချက်မဲ့ရင်း မဲ့နေချိန်မှာ အဝေးကနေ အသံတစ်သံကိုကြားလိုက်တယ်။

"လူလေး.. လာ လှေပေါ်တက်ပါ"

ဆံပင်ဖြူဖြူဖွေးဖွေး အဘိုးအိုတစ်ဦးက သူ့ကိုလှမ်းခေါ်လိုက်တယ်။

"အဘိုးက အချိန်ပါ"

"ဘာဖြစ်လို့ ကျွန်တော့်ကို ကယ်ရတာလဲ?"

"ရိုးသားဖြောင့်မတ်ခြင်းဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ အချိန်ကပဲ သိလို့ပါ"

အပြန်လမ်းမှာ လှေမှောက်နေတဲ့ ပျော်ရွှင်ခြင်း၊ နေရာနဲ့ ယှဉ်ပြိုင်ခြင်းကိုတွေ့တော့ အဘိုးအိုက သက်ပြင်းရှည်ကြီးချပြီး

"အင်း........ ရိုးသားဖြောင့်မတ်ခြင်းမရှိရင် ပျော်ရွှင်ခြင်းကလည်း ကြာရှည်မတည်မြဲဘူး။ နေရာလည်း မမြဲဘူး။ ယှဉ်ပြိုင်ခြင်းလည်း ကျရှုံးမှာပဲ"လို့ ဆိုခဲ့တယ်။


မူရင်း -- http://www.zijiu.org/node/88

နိုင်းနိုင်းစနေ ဘာသာပြန်သည်။




မြန်မာပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်မှ မှတ်သားစရာမိန့်ခွန်းများနှင့်ပတ်သတ်၍ သူတို့၏အမြင်များ

Posted: 24 Jun 2012 09:26 AM PDT


ပါဝင်ဆွေးနွေးသူများ..ဒေါက်တာဝင်းနိုင် NLD-LA(UK), ဦးမင်းလွင်ဦး၊ဦးညွန့်သန်း
Rfa မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်..


ယူကေ နိုင်ငံရောက် သံဃာတော်များ နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သို့ ၀န်ချတောင်းပန်ခြင်း..

Posted: 24 Jun 2012 08:51 AM PDT


ကျွန်တော် လူရွှင်တော်ဇာဂနာနှင့် လူရွင်တော်ထိန်ထိန် တို့သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ယူကေနိုင်ငံခရီးစဉ် အတွင်း ဇွန်လ ၂၂ရက် Royal Festival Hall တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ယူကေနိုင်ငံရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် အခမ်းအနားမှူးများ အဖြစ်ဆောင်ရွက်ရန် တွေ့ဆုံပွဲဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ပေးချက်အရ ဆောင်ရွက်ခဲ့ကြပါသည်။

ထိုနေ့ အခမ်းအနား အစီအစဉ်ကျင်းပနေစဉ် ကျွန်တော်တို့ မျော်လင့်မထားမိသော စင်မြင့် အခြေအနေ အစီအစဉ်အတွင်း အချိန်ကိုက်စီစဉ်ထားမှုထဲမှ လွဲချော်မှုများကြောင့် ထိုနေ့ အခမ်းအနား အစီအစဉ်တွင် ကြိုတင်စီစဉ်ထားသည့် အရေးအကြီးဆုံး အစီအစဉ် တခုဖြစ်သည့် ယူကေနိုင်ငံတွင် သီတင်းသုံးနေကြသော ရဟန်းတော်များမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အန္တရာယ် ကင်းရှင်းကာ နိုင်ငံအကျိုးကို ဆထက်တပိုး သည်ပိုး ထမ်းဆောင်အောင်မြင်ပါမည့် အကြောင်း ဆုမွန်ကောင်းများ ပို့သမည့်အပြင် လန်ဒန်မြို့ သာသနာရံသီ ဆရာတော်ဦးဥတ္တရမှ ယူကေနိုင်ငံရောက် မိသားစုအားလုံး၏ကိုယ်စား ကြိုဆိုနှုတ်ဆက်စကား ပြောကြားမည့် အစီအစဉ်ကို ထည့်သွင်းကြေညာရန် ပျက်ကွက်ခဲ့ပါသည်။

ထိုသို့ပျက်ကွက်ခဲ့သည့် ကိစ္စအတွက် ဘာသာရေးရှူဒေါင့်မှ လည်းကောင်း၊ နိုင်ငံရေးရှုဒေါင့်မှ လည်းကောင်း မတင့်မတယ် ဖြစ်ခဲ့ရခြင်းအပေါ်တွင် လည်းကောင်း သံဃာတော်များနှင့် ဒကာ၊ ဒကာမများ စိတ်နှလုံး မချမ်းမမြေ့ ဖြစ်ခဲ့ရခြင်း အပေါ်တွင်လည်းကောင်း ခွင့်လွတ်ပေးပါရန် ရိုသေစွာဖြင့် ၀န်ချ တောင်းပန်အပ်ပါသည် ဘုရား။

ထို့အပြင် ကျွန်တော်တို့အား အနုပညာဖျော်ဖြေတင်ဆက်မှုနှင့် အစီအစဉ်တရပ်လုံး ချောမွေ့ အောင် ဆောင်ရွက်ရေးအတွက် ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခဲ့သည့် ဖြစ်မြောက်ရေး ကော်မီတီဝင်များ ဖြစ်သော ဆရာတော်ဦးဥတ္တရ၊ ဒေါက်တာဝင်းနိုင် NLD-LA(UK) ကိုအောင် (နိုင်ငံရေးအကျဉ်းသားဟောင်း) ကိုခွန်စိုင်း (နိုင်ငံရေးအကျဉ်းသားဟောင်း) ကိုမောင်မောင်အောင် (၁၉၉၀ပန်းပဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်) ကိုဇော်ဇော်အောင် (နိုင်ငံရေးအကျဉ်းသားဟောင်း) ကိုအောင်ကြီး (နိုင်ငံရေးအကျဉ်းသားဟောင်း) တို့အားလည်းကောင်း Prosept Burma ပညာရေးရံပုံငွေ အဖွဲ့အားလည်းကောင်း မိမိတို့၏ ချွတ်ချော်တိမ်းပါးမှုကြောင့် ပါဝင်ဆောင်ရွက်ခဲ့သူများ စိတ်မသက်မသာ ဖြစ်ခဲ့ရခြင်းအပေါ်တွင် အနူးအညွတ် တောင်းပန်အပ်ပါသည်ခင်ဗျား။

လူရွှင်တော်ဇာဂနာ၊ လူရွှင်တော်ထိန်ထိန်

(၂၄.၀၆.၂၀၁၂)

http://www.facebook.com/photo.php?fbid=125172794289396&set=a.125172567622752.21809.100003900290407&type=3&theater


ဒီလှိုင်း စာစောင် အတွဲ(၁) ၊ အမှတ် (၂၂)

Posted: 24 Jun 2012 08:24 AM PDT





dwave


ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် Generation Wave (မျိုးဆက်သစ် လူငယ်များ) တွေ့ဆုံ

Posted: 24 Jun 2012 07:53 AM PDT




ပြည်ထောင်စုဖွားညီအကိုမောင်နှမများခင်ဗျား

ယနေ့ ၂၄ရက် ဇွန်လ ၂၀၁၂ တနင်္ဂနွေနေ့တွင် Generation Wave (မျိုးဆက်သစ် လူငယ်များ) မှခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့သည့် ဓါတ်ပုံများကိုမျှဝေလိုက်ပါသည်။ သိရှိလိုသည့်အချက်များရှိပါက
ကိုမင်းရန်နိုင် ၀၉ ၅၁၅၅၃၉
ကိုဘိုဘို ၀၉ ၄၂၁၀၈၇၉၉၂
ကိုမိုဃ်းသွေး ၀၉ ၄၂၁၀၈၇၉၉၃
မဘုတ်ဘုတ် ၀၉ ၄၃၁၁၈၉၇၇
ဖုန်းနံပါတ်များသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အဖွဲ့လိုက်ဓါတ်ပုံတွင်ပါဝင်သူများ၊
ဦးလှမောင်ရွှေ၊ ဘုတ်ဘုတ်၊ မိုဃ်းသွေး၊ ဦးအောင်မင်း၊ မင်းရန်နိုင်၊ ဘိုဘို၊ ဦးတင်မောင်သန်း

လေးစားစွာဖြင့်
မိုဃ်းသွေး
Dear all

We,Generation Wave met with Minister U Aung Min (Member of Peace Process Working Committee)
today, June 24, 2012 Sunday. We discussed about ongoing Peace Process. If you have further more questions,
please contact us with following phone numbers.

In Group Photo: Left to right,
U Hla Maung Shwe, Bote Bote,Moe Thway, U Aung Min, Min Yan Naing, Bo Bo, U Tin Maung Than.


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610