Thursday, 9 August 2012
Posted: 03 Aug 2012 12:04 AM PDT
နင်းပြားဝန်ထမ်း ပြည်သူများ၊ ဇူလိုင် ၃၀၊ ၂၀၁၂
ပေးစာ (၁) – ၀န်ကြီးဌာနတခုလုံး အမျိုးနဲ့ ခရိုနီတွေချည်းပဲ
ကျနော်ဟာ လျှပ်စစ်(၁) ၀န်ကြီးဌါနက အရာထမ်းတဦး ဖြစ်ပါတယ်။ ကျနော်တို့ ဌါနက ၀န်ထမ်းရေးရာ ရာထူးတိုး အပြောင်း
အရွေ့ မသမာမှုတွေ အကြောင်း ပြောချင်ပါတယ်။ ၀န်ကြီး(ဦးဇော်မင်း)၊ ညွှန်ချုပ် ဦးဆောင်ညွှန်ကြားရေးမှုးတို့ဟာ ၄င်းတို့နဲ့
 နီးစပ်ရာ ဆွေမျိုး တပည့်သားမြေးတွေနဲ့ ငွေပေးနိုင်သူတွေကိုသာ ရာထူးတိုး မြှင့်ပေးလျှက်ရှိပြီး ရာထူးအလိုက် သိန်း ၂၀၀
-၃၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။
တည်ဆောက်ရေး အမှတ် (၁) ကိုရွေ့ပြောင်းဖို့ အတွက် ညွှန်ကြားရေးမှုး (၂)ယောက် အပြိုင်ဈေး ပေးကြရတာ သိန်း (၈၀၀)
 အထိရောက် နေကြောင်း ၊ ကာယကံရှင် ပြောပြချက်အရ သိရှိရပါတယ်၊ ကျွမ်းကျင်မှု့အလိုက် လုပ်သက် အလိုက် အရည်အချင်း
အလိုက် တိုးမြှင့်ပြောင်းရွေ့ပေးခြင်းမျိုး မဟုတ်တဲ့ အတွက် ဌါနတွင်းမှာ အုပ်ချုပ်မှု့ ပျက်ပြားပြီး ခြစားမှု့တွေ မသမာမှု့တွေ
တိုးပွားလျှက်ရှိပါတယ်။ လူမှန်နေရာမှန် မရှိတဲ့ အတွက် ကြိုးနီစနစ်တွေ များပြီး ရစ်ခွေနေကြတာနဲ့ အလုပ်မဖြစ်သလို
နည်းပညာပိုင်းမှာလဲ ဆုံးဖြတ်ချက်တွေမှားပြီး စီမံကိန်းတွေမှာ ဆုံးရှုံးမှု့တွေ ကြီးကြီးမားမားရှိနေပါတယ်။
ရဲရွာ စီမံကိန်းနဲ့ ကွန်းစီမံကိန်းတွေက သိုဝှက်ထားတဲ့ ဆုံးရှုံးပျက်စီးမှု့တွေရဲ့ အကြောင်းရင်းကလဲ ဒါတွေကြောင့်ပါပဲ ပိုပြီး
အထူးသဖြင့် အေးရှားဝါး (ဟိုက်တက်၊အမ်အက်စ်ပီ၊ မင်းအနော်ရထာ) စတဲ့ ကမ္ပဏီတွေ အရေးကြီးတဲ့ ရာထူးနေရာတွေ ဥပမာ
လုပ်ငန်းခွင့်ပြုပေးနိုင်တဲ့ ရာထူး၊ ငွေရေးကြေးရေး ဆောင်ရွက်ပေးနိုင်တဲ့ ရာထူးနေရာ ပစ္စည်းဝယ်ယူတင်သွင်းပေးနိုင်တဲ့
 ရာထူးနေရာတွေမှာ ကိုယ်ပိုင်တဲ့ အရာထမ်းတွေ တိုးမြှင့် ခန့်ထားရေး အတွက် ၀န်ကြီးကို ငွေပေးပြီး တွန်းအားပေးကြတာ
အလွန်ရုပ်ပျက်လှပါတယ်။
ဝန်ကြီးကလဲ ဒီကုမ္ပဏီတွေရဲ့ ပေးကမ်းမှုတွေနဲ့ သူ့မိသားစု စီးပွားရေးတွက်ခြေကိုက်နေတော့ သူတို့ ခိုင်းသမျှ လုပ်နေတာပေါ့။
အထူးသဖြင့် မြစ်ဆုံ စီမံကိန်း(ရ)ခု အတွက် ကော်မရှင်တွေ ပေးထား၊ သူမိသားစု သူ့သားသမီးတွေအတွက် အိမ်တွေ
 ဆောက်ပေး စီးပွားရေးလုပ်ငန်းတွေ ထူထောင်ပေးထားတဲ့ ဦးထွန်းမြင့်နိုင် ခိုင်းသမျှ မြေ၀ယ်မကျနာခံပြီး လုပ်ပေးနေတာ
ကျနော်တို့ ၀န်ထမ်းတွေ အတွက် ရင်နာစရာပါ။
ဝန်ကြီးနဲ့ အဖွဲ့ ခန့်ထားတဲ့ အရာထမ်းတွေကလည်း ဌါနအတွက် ပစ္စည်းဝယ်ရင် ၀န်ကြီးသား အကြီးရဲ့ ကုမ္ပဏီ(COSY ကုမ္ပဏီ)
က၀ယ်၊ သယ်ယူပို့ဆောင်ရေးဆိုရင် သားအကြီးရဲ့ (ရွှေဝါလှိုင်-ကုမ္ပဏီ)ကိုအပ်၊ လုပ်ငန်းအပ်နှံမယ်ဆိုရင် သားအကြီးရဲ့
(COSY-ကုမ္ပဏီနဲ့ မြန်မာ့ဇွဲမာန်-ကုမ္ပဏီ)ကို အပ်၊ ဖုန်းဝယ်မယ်ဆိုရင် သားအကြီးရဲ့ (ဂရိတ်မိုဘိုင်း-ကုမ္ပဏီ)က၀ယ်၊ နိုင်ငံခြား
 ခရီးသွား လက်မှတ်ဆိုရင် သမီးတော်ရဲ့ ကုမ္ပဏီက၀ယ်၊ ကျမ်းမာရေးကိစ္စဆိုရင် သားအငယ်ရဲ့ မြတ်သုခ ဆေးတိုက်မှာပြ ဆိုပြီး
 အောက်ခြေ၀န်ထမ်းတွေကို ညွှန်ကြားတယ်။ ၀န်ကြီးသား အငယ်မင်္ဂလာဆောင်တုန်းကလဲ တယောက်ကို အနည်းဆုံး ၅ သိန်း
လက်ဖွဲ့ရမယ်လို့ အရှက်မရှိညွှန်ကြာါး်ခဲ့ပါတယ်။
စီမံကိန်း လုပ်ငန်းကြီးတွေ ဆိုရင် အေးရှားဝါးကို အပ်ရတယ်။ အခြား (ဟိုက်တက်၊ အမ်အက်စ်ပီ၊ မင်းအနော်ရထာ) ကုမ္ပဏီတွေ
လှိုင်းက တဆင့် ပြောပေးပါ။ ကျနော်တို့ မိသားစုတွေကို ဒုက္ခမပေးဘူး ဆိုရင် လွတ်လပ်စွာ ဆန္ဒပြခွင့်ပြုမယ်ဆိုရင် ဒီမတရား
မှုတွေ ခြစားမှုတွေကို ရုံးအမှတ်(၃၈)ရှေ့မှာ ဆိုင်းဘုတ်ကိုင် ဆန္ဒပြခွင့်ပြုပါ ပြီးတော့ အဖြစ်အပျက်အမှန်တွေကို ပြောပြချင်တယ်။
ကျနော်တို့ကို လာစစ်ပေးပါ။ (ဒုသမ္မတ(၁)ကိုတော့ မပြောချင်ဘူး၊ သူက ၀န်ကြီးနဲ့ အလိုတူ အလိုပါ မို့ပါ)။
ပေးစာ(၂) – မြစ်ဆုံကို မျက်လှည့်လုပ်ထားတဲ့ ချီဖွေစီမံကိန်းကို တားပေးပါ
ကျနော်ဟာ လျှပ်စစ်(၁)မှာ တာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှုးတဦးပါ ကျနော်ပြောချင်တဲ့ အကြောင်းအရာက ကျနော်
တို့ ဌါန ကျနော်တို့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိ ၊ ပြည်သူကို နားလှည့် ပါးလှည့်လုပ်၊ စီးပွားရေးသမားတွေနဲ့ တရုတ်တွေနဲ့
လက်ဝါးခြင်းရိုက်တဲ့ ကိစ္စတွေပါ၊
(၁၅ ဒီဇင်ဘာ ၂၀၁၁) နေ့မှာ လျှပ်စစ် (၁) အေးရှားဝေါလ်ဒ်နဲ့ စီပီအိုင် (တရုတ်)တို့ ချီဖွေ စီမံကိန်းကို ဒီဇင်ဘာမှာ စတင်အကောင်
အထည် ဖော်ဖို့ စာချုပ်ချုပ်ဆို လက်မှတ် ရေးထိုးခဲ့ကြတယ်။ (၁၅.၁၂.၁၁)ညနေ(၇)နာရီမှာ ၀န်ကြီးဦးဇော်မင်းအမိန့်နဲ့ ညွှန်ချုပ်
ဦးကြီးစိုး က သူလက်မှတ်ထိုးခဲ့ရတယ်လို့ ပြောပါတယ်။
(၁၆.၁၂.၁၁)နေ့မှာ ဒုသမ္မတ(၁)နဲ့ ဒီစီမံကိန်းကိစ္စကို တနေ့လုံး အကြေအလည်ဆွေးနွေးကြတယ်။ ဒါတွေအားလုံးကို ကျနော်
တို့ရဲ့ ပြည်သူတွေကို လုံးဝချမပြပါဘူး။ သတင်းစာမှာလဲ မဖေါ်ပြပါဘူး။ ကျနော်တို့ အတတ်ပညာရှင်တွေကိုတောင် အသိပေးေ
ဆွးနွေးခြင်း မပြုခဲ့ပါဘူး။ ငါသိတယ်၊ ငါတတ်တယ်၊ ငါကော်မရှင်ယူပြီးသား၊ ငါလုပ်ချင်ရာလုပ်မယ်၊ ပြည်သူ သဘောတူစရာမလို
ဘူး … ဆိုတဲ့ သဘောပါ။
တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ်မဟုတ်ပါဘူး မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်း ထဲက (၁)ခုပါ။ ဒီစီမံကိန်းက
 သမ္မတကိုယ်တိုင် ရပ်ဆိုင်းကြောင်း ကြေငြာထားတာပါ မြစ်ဆုံရဲ့ အထက် မိုင်(၆၀) အကွာ မေခမြစ်ပေါ်မှာ ရှိပြီး မဂ္ဂ၀ပ် (၃၄၀၀)
ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေကတော့ အရင်စာချုပ်ထဲက အတိုင်းပါ။
မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းစီမံကိန်းထဲက တခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်းမှာ စိုက်ထုတ်ခဲ့တဲ့ ငွေပမာဏကို ကျန် (၆) ထဲ ခွဲထည့်လို့ငွေစာ
ရင်းအရ ပြောင်းသွားတာပဲ ကွာပါတယ်။ ပြည်သူလူထု သိသွားလည်း မြစ်ဆုံကို လုပ်တာ မဟုတ်ဘူး ချီဖွေကို လုပ်တာပါဆိုပြီး
 မလှိမ့်တပတ်နဲ့ လိမ်ညာ မုသားတွေ ပြောဦးမှာပါ။ ပြည်သူတွေ မသိရင်တောင်မှ တာဝန်သိ ၀န်ထမ်းတွေ ရှိသေးတယ် ပြည်သူကို
လည်း အသိပေးဦးမယ်ဆိုတာ သိစေချင်တယ်။
သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်းကြီး တခုလုံးပါ မြစ်ဆုံလေးတခုတင် မဟုတ်ပါဘူး။ ချီဖွေကို လုပ်ရင်လည်း
လူမှု့ရေးရော သဘာဝပတ်ဝန်းကျင်ရော ထိခိုက်ပျက်စီးမှာပါပဲ။ အဲဒီနယ်က လူမျိုးတွေရော သယံဇာတတွေရော အကုန် တရုတ်
က သိမ်းမှာပဲ ထွက်လာမည့် လျှပ်စစ်ကလည်း တရုတ်နိုင်ငံအတွက်ပဲ အေးရှားဝေါလ်ဒ်း ဦးထွန်းမြင့်နိုင်၊ ဦးဇော်မင်းနဲ့ ဒုသမ္မတတို
 မိသားစု ကော်မရှင်ရ ကောင်းစားရေးအတွက် ကချင်လူမျိုးနဲ့ တိုင်းပြည် သယံဇာတတွေရင်းလိုက်ရတာပါပဲ အဖတ်တင်ပါတယ်။
သမ္မတကြီးကို ပြောပေးပါ။
ဒီကိစ္စ ပွင့်လင်းစွာ ပြည်သူကို ချပြပေးစေလိုပါတယ်။ ကျနော်တို့ အတတ်ပညာရှင်တွေကို ကြေညက်စွာ ဆွေးနွေးခွင့်ပြုပါ။
 ကိုယ်ကျိုးစီးပွားကိုသာ ကြည့်တဲ့ သက်ဆိုင်ရာ အုပ်ချုပ်သူ အဆင့်ဆင့်ကို သန့်ရှင်းကောင်းမွန်တဲ့ အုပ်ချု့ပ်မှု့ မျိုး ဆောင်ရွက်
တတ်အောင် လေ့ကျင့် ပျိုးထောင်ပညာပေးစေလိုကြောင်း မေတ္တာရပ်ခံ အပ်ပါတယ်။
ပေးစာ (၃) – မသန့်ရှင်း ညစ်ပတ်သော အစိုးရ၀န်ကြီးများကို ရှင်းလင်းပေးပါ
ပြည်သူ့လွှတ်တော်တွင် တင်ပြ ဆွေးနွေးသင့်သော အစိုးရအဖွဲ့ အတွင်း ၀န်ကြီးတချို့နှင့် အရာရှိကြီး တချို့၏ အကျင့်ပျက် ခြစား၍
 တရားမ၀င်ရရှိထားသော တရားမ၀င်သည့် ၀င်ငွေပိုင်ဆိုင်မှုများကို စိစစ်သင့်ပါသည်။
ဥပမာ လျှပ်စစ်(၁)၀န်ကြီး ဦးဇော်မင်းသည် ဘိန်းဘုရင် ထွန်းမြင့်နိုင်၏ ဘိန်းဖြူလုပ်ငန်းမှ ရရှိငွေ ငွေမဲများမှ တဖက်လှည့်ဖြင့်
ပံ့ပိုးမှု့ ရရှိထားခြင်း
မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း စီမံကိန်း(၇)ခုနှင့် သောက်ရေခပ် စီမံကိန်း အကျိုးအမြတ်အတွက် ဒု သမ္မတ (၁) အပါအ၀င် ကော်မရှင်
(၁၀.၅)ရာခိုင်နှုန်းအား ရယူထားခြင်း၊
လျှပ်စစ်(၁) JV စီမံကိန်းများအတွက် MOU အဆင့်မှာ (၇)ရာခိုင်နှုန်းအား စီမံကိန်းများ အတွက် ညွှန်ချုပ်ဦးကြီးစိုးထံမှ
တဆင့်လက်ခံ ရယူထားခြင်း။
MOU အဆင့်မှာ (၅)ရာခိုင်နှုန်း ရယူခြင်း၊
JV ကုမ္မဏီ ထူထောင်ခွင့် အဆင့်တွင့် ထပ်မံ (၁၀)ရာခိုင်နှုန်း ရယူထားခြင်းများအား ရေအားလျှပ်စစ်စီမံရေးဦးစီးဌါန အရာရှိ
အပိုင်းမှတဆင့် သတင်း တိကျစွာ ရရှိထားပါသည်။
ဦးထွန်းမြင့်နိုင်မှ ပံ့ပိုးပေးပုံပေးနည်းမှာလည်း သိမ်မွေ့လှပေသည်။ နေပြည်တော် ဥတ္တရသီရိတွင် နန်းတော်ကြီးပမာ ခန်းနား
လှသော အိမ်တော်ကို ဆောက်လုပ်ပေးထားသည်။
ရန်ကုန်မြို့တာမွေ မေတ္တာရိပ်မွန်တွင် ဦးဇော်မင်းအတွက် ခြံကျယ်ကြီးနှင့် အိမ်ကြီးတလုံး ၊ သားကြီး ဒေါက်တာ အာကာဇော်၊
 သားငယ် ဒေါက်တာ လင်းထက်အောင် ၊ သမီးရတနာ ဇော်မင်းတို့ အတွက် အပျံစား အိမ်တလုံးစီ ဆောက်လုပ်
လက်ဆောင်ပေးထားပါသည်။
သားကြီး အာကာဇော်အတွက် Great Mobile ဖုန်းဆိုင်ကိုလည်း ရင်းနှီးထုတ်ပေးထားပါသည်။
သားငယ်ဒေါက်တာ လင်းထက်အောင်အတွက် နေပြည်တော် ဇီဝက ဆိုင်တန်းတွင် မြတ်သုခ အမည်ရှိ ဆေးတိုက်ကြီးနှင့်
 Health Club Fitness Centre အား ရင်းနှီးမတည်ဖွင့်လှစ် ပေးထားပါသည်။
သမီးရတနာဇော်မင်းအတွက်လည်း ရန်ကုန်ဆူးလေအနီးတွင် နိုင်ငံခြားခရီးသွား ကုမ္မဏီကြီးတခုကို ဖွင့်လှစ်ပေးထားပါသည်။
 သားကြီး ဒေါက်တာအာကာဇော်၏ COSY ကုမ္မဏီအတွက် စက်ယာဉ်ယန္တရားကြီး (၂၆)စီး အား မြစ်ဆုံ စီမံကိန်း (ရ)ခုနှင့်
 သောက်ရေခပ် စီမံကိန်းအတွက် စာရင်းပြ၍ ရောရောင်တင်သွင်းပြီး အပြီးလက်ဆောင်ပေးထားပါသည်။
ဦးဇော်မင်း မိသားစုသို့ ပံ့ပိုးပေးသည့် ငွေကြေးများအား သောက်ရေခပ်စီမံကိန်းတွင် ကျောက်လုပ်ငန်း အပေးပြလျှက် သားကြီး
အာကာဇော်၏ COSYကုမ္ပဏီမှ တဆင့် လစဉ် သိန်း (၂၀၀၀) မှ (၄၀၀၀) အကြား လုပ်အားခအဖြစ် ပံ့ပိုးပေးထားပါသည်။
 ဦးထွန်းမြင့်နိုင်ကဲ့သို့ ပံ့ပိုးပေးနေသော အခြားကုမ္ပဏီများလည်းရှိပါသည်။
ယင်းကဲ့သို့ ဘိန်းဖြူလုပ်ငန်းများမှ ရရှိထားသော ငွေမဲများအား ဦးထွန်းမြင့်နိုင်ထံမှ လွယ်ကူစွာ လက်ခံရယူထားသော ဦးဇော်မင်း
နှင့် ဒု သမ္မတ(၁)တို့ အပေါ်တွင် SANCTION ပိတ်ဆို့မှု့ကို ဖွင့်လှစ် မပေးသင့်သလို စိစစ်အရေးယူ သင့်ပေသည်။
ဝန်ကြီးဌါနတွင်း အကျင့်ပျက်ခြစားမှု့များကိုလည်း လျှပ်စစ်(၁)၀န်ထမ်းများမှ တဆင့် နားမဆံ့အောင် ကြားနေရပါသည်။
ဥပမာ-တနင်္လာရီတိုင်း ဆလုံ တိုင်းရင်းသား ကျွန်းသူကျွန်းသား တရွာလုံးကို သတ်ဖြတ်ခဲ့သည့် သတ်ဖေါ် သတ်ဖက်
 တပည့်များအား လျှပ်စစ် (၁) ဌါနအတွင်း ရာထူးနေရာကောင်းကောင်း မြင့်မြင့်များ ပေးထားခြင်း၊ ၀န်ထမ်းရေးရာ
ရာထူးတိုးမြှင့်မှုများတွင် ငွေများစွာ ရယူ၍ မတန်မရာ ရာထူးများအား မတန်တဆ မတရား တိုးမြှင့်ပေးထားခြင်း၊
စစ်ဘက်မှ ကူးပြောင်းလာသော ၀န်ထမ်းများအား အရပ်ဘက် နဂိုရှိပြီး ပညာရှင် ၀န်ထမ်းများထက် အခွင့်အရေးပိုမိုပေးပြီး
 ခွဲခြားဖိနှိပ်ဆက်ဆံသလို ပညာရျင်များကိုလည်း တန်ဖိုးမထားခြင်း၊
ဝန်ကြီးဌါနအတွက် ခွဲဝေရရှိသော အမျိုးအစားကောင်းမွန်သည့် မော်တော်ယာဉ် အစီး(၃၀) ကျော်အား လက်အောက်အရာ
ထမ်းများအတွက် ခွဲဝေပေးခြင်း မရှိပဲ ၀န်ကြီးသုံး အရန်ယာဉ်များ အဖြစ် မောင်ပိုင်စီးထားခြင်း နှင့် အဆိုပါယာဉ်များအတွက်
 ခွဲဝေရသည့် စက်သုံးဆီများအား ရုံးအဖွဲ့မှုးမှ ရောင်းချ၍ ကိုယ်ကျိုး အတွက် သိမ်းယူခြင်း၊
ဝန်ကြီးအဆင့်မှ မတရားမှုများ ရှိနေတော့ အောက်က စစ်ဘက်အရာထမ်း များကပါ လိုက်လံ အတုခိုး အကျင့်ပျက်ခြစားလာသည်မှာ နေပြည်တော် အထက် ပေါင်းလောင်းနှင့် နန်ချို စီမံကိန်းများမှ စက်သုံးဆီ ဘိလပ်မြေ သံချောင်းလုံးများစွာ အသုံးပြု၍ နေအိမ်တိုက်တာများ ဆောက်လုပ်နေကြသည်မှာ မြင်မကောင်းအောင် ဖြစ်နေပြီး တိုင်းပြည်၏ ဘဏ္ဍာငွေ မြောက်များစွာ လေလွင့် ဆုံးရှုံးနေကြောင်း ဓါတ်ပုံနှင့် စာရင်း အထောက်အထားများအရ သိရှိရခြင်း၊
ဝန်ကြီးဌါနစီမံကိန်း မှန်သမျှ၏ စီမံကိန်းပစ္စည်း အားလုံးကိုလဲ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကိုလည်း သားကြီး
 အာကာဇော်၏ ရွှေဝါလှိုင် သယ်သူပို့ဆောင်ရေး ကုမ္ပဏီကပဲ သယ်ယူဆောင်ရွက်ခွင့်ရှိပြီး ဈေးနှုန်းကြီးမြင့် သလို ပျက်စီးမှု့ဖြစ်
လာရင်လည်း သက်ဆိုင်ရာ စီမံကိန်းကသာ ဖြေရျင်းရခြင်း
ဝန်ထမ်းများ ၀တ်ဆင်တဲ့ ပုဆိုး ထမီ အစုတ်ပလုပ်က အစ လုပ်ငန်းကြီးတွေ အထိ လက်ဝါးကြီးအုပ် မတရားရယူပြီး ဌါနကြီး
တခုလုံးရဲ့ ဘတ်ဂျက်တခုလုံးကို သိမ်းပိုက်ပြီး တသက်စာ စားမကုန်အောင် ရှိနေ့ရက်နဲ့ ထပ်၍ ထပ်၍ လောဘဇော်တိုက်နေတဲ့
 ဒီလိုဝန်ကြီးမျိုးတွေ ဟာ Clean Government Good Government လို့ အော်နေတဲ့ သမ္မတကြီးနဲ့ မှန်ကန်တဲ့
အချို့ဝန်ကြီးများမှ စိစစ်ဖေါ်ထုတ် ဟန့်တားသင့်ပါသည်။
နေစဉ်ရုံးတက်နေရတဲ့ ၀န်ထမ်းများကိုတောင် ရုံးရဲ့ အလယ်ဝင်ပေါက်က ၀င်ခွင့်မပြုပဲ ၀န်ကြီးနဲ့ ညွှန်ချုပ်များသာ ၀င်ခွင့်ပြုထား
တာဟာ အလုပ်လုပ်နေတဲ့ နိုင်ငံဝန်ထမ်းများကို တရိစ္ဆာန်ကဲ့သို့ ဆက်ဆံပြီး လူဂုဏ်သိက္ခာကို ချိုးဖဲ့သလို ခံစားနေရကြောင်း၊
လျှပ်စစ် အောက်ခြေ၀န်ထမ်းတွေအဖို့ အလုပ်ကို ညအချိန်မတော်အထိ အနိုင်ကျင့်စေခိုင်းတာ ခံနေရပြီး ရာထူးဝင်ငွေ ပျော်ရွှင်မှု
 မိသားစု အရသာ ဘာမှ မျှော်လင့်ချက်မရှိ ဘ၀တွေပျက်နေရကြောင်း
ရင်ဖွင့်တာကို စိတ်မကောင်းစွာ ထပ်တူ ခံစားရပါသည်။
ဒီလို အဖြစ်ပျက်မျိုးတွေ အခြားဝန်ကြီးဌါနတွေမှာလည်း( ဥပမာ စည်ပင်သာယာလို ဆောက်လုပ်ရေးလို စီပွားကူးသန်းလို
အကောက်ခွန်လို) ရှိနေနိုင်တာမို့ သမ္မတကြီး ဦးသိန်းစိန်ထံ(သို့) လွှတ်တော် ဥက္ကဌကြီးထံသို့ ယင်းဌါနများအား ထဲထဲဝင်ဝင်
 လေ့လာစုံစမ်း၍ ထိရောက်စွာ ပြောင်းလဲ ပြင်ဆင်ပြုပြင်သင့်ပါကြောင်း အကြံပြု တင်ပြ အပ်ပါသည်။
လွှတ်တော်နဲ့ အစိုးရကို "ဖွတ်" မတက်ပါစေနဲ့ခင်ဗျား။
ပေးပို့သော ကိုဗမာသွေးအား ဒေါင်းမာန်ဟုန် မှကျေးဇူးတင်ရှိပါသည်...
Posted: 02 Aug 2012 04:55 PM PDT
ပြည်သူ့ဆန္ဒကို လေးစားပြီး ပြည်သူ့အသံကို အမြဲနားထောင်တယ်ဆိုတဲ့ သမ္မတကြီးဟာ... သူ့စိတ်ကြိုက်ဖွဲ့စည်းထား
တယ်လို့ မှတ်ယူနိုင်တဲ့ ကက်ဘိနက်အဖွဲ့က ဝန်ကြီးတွေက သူတိုင်းပြည်ကို ပြောခဲ့ဖူးတဲ့ စကားတွေကပြောင်းကပြန်
 ဖြစ်အောင်ထင်ရာလုပ်...ထင်ရာပြောနေတာကိုမသိချင်ယောင်ဆောင်နေရတယ်....နာဂစ်ဖွဲ့စည်းပုံက ပေးထားတဲ့ 
လွတ်လပ်စွာ ရေးသားခွင့် ဆန္ဒဖော်ထုတ်ခွင့် ဆိုတာတွေကို အပြတ်အသတ်နှိပ်ကွပ်ပြတယ်.. ကိုယ်ရေးထားတဲ့ ဥပဒေကို
 ကိုယ့်ဖာသာကိုယ်ချိုးဖောက်နေတယ်.. ဆိုတော့ကာ... သမ္မတမှာလည်းအစိုးရအဖွဲ့အပေါ်မှာအာဏာမရှိတာထင်ရှားပါ
တယ်.... ပြည်သူကြိုက်ဖို့ဆိုတာထက် နောက်ကွယ်က တစ်ဦးတစ်ယောက်... အဖွဲ့အစည်းတစ်ခုရဲ့ စေခိုင်းမှုအတိုင်း
 လုပ်နေရတယ်ဆိုတာ သိသာလာစေတယ်
ဆရာမောင်ဝံသ ရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီး တောင်တောင်အီအီ တွေးနေမိတယ်...
စာပေစီစစ်ရေးဆိုတဲ့ အဖွဲ့အစည်းက ဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့်ပိတ်သတဲ့... အဲဒီမတိုင်ခင်ကလည်း လျှပ်တစ်ပျက်ဂျာနယ်
ကို ထုတ်ဝေခွင့်ပိတ်.. တရားကလည်း စွဲထားသေးတယ်... အဓိကပြဿနာက ဘာလဲ.. စဉ်းစားကြည့်တော့.... ပြန်ကြားရေးဝန်ကြီးဌာန အသုံးမကျတဲ့ အကြောင်းရင်းကို ဟိုက်လိုက်လုပ်တဲ့ ပြဿနာဘဲ....
တိုင်းပြည်ရဲ့အခြေအနေဟာ အပြင်းအထန် ရုန်းကန်နေရတဲ့အချိန်.. စနစ်တစ်ခုကနေ စနစ်တစ်ခုဆီကို ကူးပြောင်းဖို့ အားထုတ်ကြိုးစားနေတဲ့အခြေအနေမှာ.. တိုင်းပြည်ကောင်းစားတာကို မမြင်လို မရှုစိမ့်တဲ့ အဖျက်အမှောင့် ပယောဂ တွေက အတွင်းမှာရော အပြင်မှာပါ.. မြင်နေရ.. တွေ့နေရတယ်...
ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူအုပ်ကြီးကိုပစ်ခတ်နှိမ်နင်းပြီး လူထောင်နဲ့ချီသတ်ဖြတ်ပြီး အာဏာသိမ်းခဲ့တယ်ဆိုတဲ့ ရာဇဝင်ဆိုးနဲ့ စစ်အာဏာရှင်စနစ် ဆိုတာကို နှစ်ပေါင်းနှစ်ဆယ်ကျော် ကိုင်စွဲခဲ့တဲ့အတွက် မြန်မာအစိုးရ ဆိုတာနဲ့ နိုင်ငံတကာမှာက.... ရွှေတိဂုံဘုရားခြေရင်းတောင်မရှောင်ဘဲ ဘုန်းကြီးတွေကို ရိုက်နှက်သတ်ဖြတ်တဲ့ အစိုးရ ဆိုတာ စိတ်ထဲစွဲနေကြတယ်... နှစ်ပေါင်းနှစ်ဆယ်ကျော် ပြည်တွင်းက မီဒီယာတွေ နှိပ်ကွပ်ခဲ့တဲ့အတွက် ပြည်တွင်းက ပုဂ္ဂလိက မီဒီယာဆိုတာ အားကောင်းမောင်းသန် ရှင်သန်ထွန်းကားခွင့်မရခဲ့ဘူး... မုဆိုးစိုင်သင် ဆိုသလို.... ရှေ့က ဝါရင့်သမ္ဘာရင့် စာနယ်ဇင်းသမားတွေကို အတုယူ သင်ကြားသူက သင်ကြားနဲ့ မြန်မာနိုင်ငံရဲ့ မီဒီယာလောကဟာ အခက်အခဲအမျိုးမျိုးကြား
ကနေ ဖွံ့ဖြိုးအောင် ရုန်းကန်ခဲ့ကြရတယ်.. အင်မတန် ကံကောင်းတဲ့ မီဒီယာသမားများကတော့ အမေရိကရဲ့ ဆိုးရော့ဇ်ဖောင်ဒေးရှင်းအထောက်အပံ့နဲ့ ပေမှီဒေါက်မှီစာနယ်ဇင်း ပညာကို သင်ကြားခွင့်ရခဲ့ကြတယ်... တစ်ချို့တွေကျပြန်တော့ စကောလားရှစ်တို့ ဖဲလိုးရှစ် တို့ဆိုတာတွေနဲ့ စာနယ်ဇင်းပညာ ဆည်းပူးလေ့လာခွင့်ရခဲ့ကြတယ်.. ဒါပေမယ့်.. အမျိုးမျိုး ဖိနှိပ်ချုပ်ခြယ် ကန့်သတ်တဲ့ စနစ်ဆိုးကြီးရဲ့အောက်မှာ မြန်မာ့ မီဒီယာလောကဟာ တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဘူး ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ဘူး...
ဒီကြားထဲမှာ လေးစားလောက်တဲ့ မီဒီယာသမားတစ်ချို့ဟာ အခက်အခဲအမျိုးမျိုးကြားကနေ ပြည်သူလူထုကို နားမျက်စေ့ဖွင့်ပေးဖို့ ကြိုးစားခဲ့ကြတယ်.... ဆရာမောင်ဝံသ ရေးတဲ့ဆောင်းပါးမှာ ဖတ်ရတာက အင်ဒိုနီးရှားနိုင်ငံကို ဆရာရောက်သွားတဲ့အချိန်မှာ သိရှိခွင့်ရခဲ့တဲ့ စာနယ်ဇင်းဆိုင်ရာ ဥပဒေတစ်ခုတဲ့.... အဲဒါဘာတုန်းဆိုတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးနှောက်ယှက်သူ မည်သူမဆိုကို အဲဒီဥပဒေအရ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ရူပီး သန်းငါးရာ.. ( မြန်မာငွေ သိန်းငါးရာခန့် ) ဒဏ်တပ်နိုင်သတဲ့.. အဲဒီဥပဒေရဲ့ ရည်ရွယ်ချက်က အဓိကအားဖြင့် သတင်းသမားတွေကို နှောက်ယှက်မယ့်အစိုးရ အာဏာပိုင်တွေကို ဟန့်တားတဲ့ ဥပဒေတဲ့... ဒါနဲ့ ဆက်စပ်ပြီး ဆရာမောင်ဝံသ ကတော့ မြန်မာပြည်မှာကတော့ ဒါကို ပုံတူကူးချမယ့်အစား ] ဒီမိုကရေစီတည်ဆောက်ရေးကို နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအနရာယ်မှ ကာကွယ်သည့်ဥပဒေ} ဆိုတာမျိုးကို ပြဌာန်းနိုင်ရင် သိပ်ကောင်းမှာဘဲလို့ ဆရာက.. ရေးတယ်.. မှန်ပါတယ်.. ဒီမိုကရေစီ တည်ဆောက်ရေးကို နှောက်ယှက်ဟန့်တားနေတဲ့လူတွေ အသေအချာရှိနေတယ်ဆိုတာ အားလုံးက ကောင်းကောင်း သဘောပေါက်နေကြပါပြီ...
လွတ်လပ်တဲ့ သတင်းမီဒီယာကို ကြောက်ရွံ့ ထိတ်လန့်တယ်ဆိုတဲ့ လူစားတွေဟာ ဘယ်လိုလူစားတွေလဲဆိုတာ ပြေးကြည့်စရာမလိုဘူး တွေးကြည့်ရုံနဲ့သိနိုင်တာပေါ့... ငါသိ... ငါတတ်.. ငါလုပ်သမျှ အကောင်းဆိုပြီး ငါခြင်းမိုးမွှန်နေအောင် ပြော.. ပြီး ကိုယ်ကျိုးရှာနေတဲ့ လူစားတွေ... အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ မုသားအလီလီ ပလီပလာပြောတတ်တဲ့ လူစားတွေ... အဂတိလိုက်စားတဲ့ လူစားတွေရဲ့ မဟုတ်မဟတ်တွေကို ပြည်သူသိအောင် ပြည်သူရဲ့ နားမျက်စိဖွင့်ပေးမယ့်... မီဒယာလောက ဖွံ့ဖြိုးတိုးတက်တာကို အပြင်ပန်းမှာ ကြိုဆိုသယောင် အားပေးသယောင်နဲ့ အချိန်တန်တော့... နှစ်ပေါင်းများစွာ အကျင့်စွဲလာတဲ့အတိုင်း.. အခွင့်အာဏာကို သုံးပြီး ထုတ်ဝေခွင့်ပိတ်တဲ့ လုပ်ငန်းမှာဘဲ ဇာတ်သိမ်းတယ်.. သူတို့လုပ်တတ်တာက ဒါဘဲရှိတာကိုး...
နှစ်ပေါင်း နှစ်ဆယ်ကျော် အောက်ကျ နောက်ကျနဲ့ နိုင်ငံတကာမြင်ကွင်းမှာ အမြင်ဆိုးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ပုံရိပ်ဟာ မီဒီယာလွတ်လပ်ခွင့်ချို့တဲ့တာကြောင့် ပိုပြီးအားနည်းရတယ်.... အစိုးရအာဘော် မီဒီယာတွေဆိုတာက သတင်းထိမ်ချန်တာ... သတင်းလိမ်တွေထုတ်တာ... အစရှိတာတွေအပြင် အစိုးရကောင်းကြောင်းဝါဒဖြန့်ချီရေးနဲ့ အစိုးရလူကြီးမင်းများ အခမ်းအနားတက်တာ... လက်နောက်ပစ်ပြီး ဟိုဟိုသည်သည် ကြည့်တာလောက်ဘဲ ထုတ်ပြန်ပေးတဲ့ ဌာနဖြစ်လေတော့ အစိုးရ ပြန်ကြားရေးဌာနရဲ့ ဥပဓိရုပ်ကို... ပြည်တွင်းမှာရော ပြည်ပမှာပါ.. အယုံအကြည်မရှိကြတာ မဆန်းပါဘူး... သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ] ဗိုလ်ချုပ်မှူးကြီးဟာ ၂၄ နာရီပတ်လုံး နိုင်ငံ့တာဝန်ထမ်းဆောင်နေပါတယ်..} လို့ ပလီစိခြောက်ချက် ပြောတတ်လွန်းတဲ့ ဝန်ကြီးမင်းဟာ စစ်အစိုးရ လက်ထက်မှာ နိုင်ငံတော်ပြောရေးဆိုခွင့်ရအဖွဲ့.. ခေါင်းဆောင်ဖြစ်ခဲ့တာ မဆန်းပါဘူး... ဒီနေ့ဒီအချိန်... ဒီမိုကရေစီလို့ တစာစာ အော်ဟစ်ပြီး လူထုလူတန်းစား အလွှာအသီးသီးနဲ့ မီဒီယာတွေ လွတ်လပ်ခွင့်ကို အငမ်းမရ ဆုပ်ကိုင်အသုံးချ လာချိန်မှာတော့ ဒီလို ပလီစိခြောက်ချက် ဝန်ကြီးမင်းအဖို့ မချိသွားဖြဲပြီး သူများဒီမိုကရေစီလို့ ဒီမိုကရေစီနေရပေမယ့်... အတွင်းစိတ်မှာတော့ လိုလားမယ်မထင်...
ဒီလို ဆယ်စုနှစ်နဲ့ချီပြီး တိုင်းပြည်ရဲ့ မီဒီယာယန္တယား အောက်ကျနောက်ကျ ဖြစ်ရခြင်းရဲ့ အကျိုးဆက်က ပထမဦးဆုံး မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှုရဲ့ နိုင်ငံတကာ ခုံရုံး ဆုံးဖြတ်ချက်မှာ.. သိသိသာသာ တွေ့ရမယ်..... မြွေမသေ တုတ်မကျိုး ခုံရုံးရဲ့ ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်ကို ဘင်္ဂလားဖက်က မီဒီယာအသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်တဲ့အခါမှာ ပါးစပ်အဟောင်းသားနဲ့ အောက်ကျ နောက်ကျ ခံလိုက်ရတယ်... မြန်မာ့မီဒီယာတွေဟာ နိုင်ငံတကာမှာ မတိုးနိုင်ခဲ့တာ.... မြန်မာအစိုးရ ထုတ်ပြန်ချက်တွေဟာ နိုင်ငံတကာ မီဒီယာမှာ ယုံကြည်ကိုးစားမှု ဩဇာကင်းမဲ့တာကို သတိပြုမိနိုင်ခဲ့ကြတယ်....
ဟော.. အခုနောက်ဆုံး ကြုံတွေ့ခဲ့ရတဲ့ ရခိုင်ပြည်နယ်အရေးမှာ... အခြေအနေမှန် သတင်းမှန်ကို အတတ်နိုင်ဆုံး ထုတ်ပြန်ပေးခဲ့ကြတာက ပုဂ္ဂလိက စာနယ်ဇင်းတွေ... ဒီစာနယ်ဇင်းတွေက လူအင်အား ငွေအင်အားသုံး အပင်ပန်းခံပြီး သတင်းဖြစ်ရပ်မှန်တွေကို ထုတ်ပြန်ပေးနိုင်ဖို့ အားထုတ်ခဲ့ကြပေမယ့်... ဆယ်စုနှစ်နဲ့ချီပြီး နှိပ်ကွပ်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့် ပြည်တွင်းက မြန်မာပြည်သူတွေကို သတင်းမှန်ပေးနိုင်ခဲ့ပေမယ့်... နိုင်ငံတကာအဆင့်မှာ တစ်ဖက်အင်အားစုကို မယှဉ်နိုင်ခဲ့တာ လက်တွေ့ပါ...
တာဝန်အရှိဆုံးဖြစ်တဲ့ အစိုးရ ပြန်ကြားရေးယန္တယားက ဘာလုပ်နေသလဲဆိုတော့ ဇွန်လ ၃ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ဇွန်လ ၅ ရက်နေ့မှာမှ သတင်းထုတ်ပြန်တယ်.. သတင်းထုတ်ပြန်ရာမှာလည်း.. သံသယဖြစ်ဖွယ် လှုံ့ဆော်စော်ကား အငြင်းပွားစေတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ထုတ်ပြန်တယ်... အားလုံးက ဝိုင်းပြီး ထောက်ပြကြတဲ့အခါ ပြင်ဆင်ချက်လေး မထင်မရှားထုတ်ရုံကလွဲလို့ စာဖတ်ပရိသတ် ကိုသော် လည်းကောင်း... ကျေးဇူးရှင် အခွန်ထမ်း ပြည်သူလူထုတစ်ရပ်လုံးကိုသော်လည်းကောင်း တစ်လုံးတစ်ပါဒမှ တောင်းပန်တာမရှိဘဲ မျက်နှာပြောင်ပြောင်နဲ့ မသိချင်ယောင်ဆောင်နေတယ်... ဒီလို အစိုးရအာဘော် သတင်းစာမှာ လူမျိုး ဘာသာနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် အရေးအသားဟာ ဒီတစ်ကြိမ်ထဲမဟုတ်ပါဘူး... ရခိုင်ပြဿနာမဖြစ်မီ တစ်လဝန်းကျင်မှာကတည်းက ကြေးမုံသတင်းစာရဲ့ မှုခင်းသတင်းတစ်ခုမှာ လင်က မယားကိုသတ်ပြီး သူ့ကိုယ်သူ သတ်သေတဲ့ တောင်ငူမြို့နယ်က အမှုတစ်ခုမှာ ကရင်လူမျိုး ခရစ်ယာန်ဘာသာ ဆိုပြီး ထည့်ရေးထားလို့ ခရစ်ယာန်ဘာသာဝင်တွေ ဒေါသထွက်ကြတယ်.. ဘယ်ခေတ် ဘယ်ကာလကမှ မသုံးနှုန်းခဲ့... မရေးသားခဲ့တဲ့ အရေးအသားတွေနဲ့ အစိုးရအာဘော် မီဒီယာတွေရဲ့ အဆင့်အတန်းဟာ တဖြည်းဖြည်း နိမ့်ကျ အောက်ကျလာတာကို သတိပြုမိစေခဲ့ပါတယ်....
တိုင်းပြည်အတွက် အရေးကြီးတဲ့ ရခိုင်ပြဿနာလို အရေးအခင်းမျိုးပေါ်ပေါက်လာတဲ့အခါမှာတော့ တစ်ဖက် အင်အားစုတွေက ဘာသာရေးပြဿနာအဖြစ် ပုံကြီးချဲ့ဝါဒဖြန့်တဲ့အခါ နိုင်ငံတကာ မြင်ကွင်းမှာ ဒီကိစ္စကို အတော်များများက ဘာသာရေးပြဿနာအဖြစ် ရှုမြင်ကုန်ကြတယ်... အထူးသဖြင့် အစ္စလာမ်မစ် နိုင်ငံတွေမှာ ပိုဆိုးတယ်... ဒီလို တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန်မှာ.. အစိုးရရဲ့ မီဒီယာ ဘာလုပ်နေသလဲ...
အချင်းချင်း ဆော်ဘို့ ချောင်းနေတယ်... ဘားမားနဲ့ မြန်မာကိစ္စကို ပုံကြီးချဲ့နေတယ်..... အဆိုးဆုံးက ဒီရက်ပိုင်း.. သမ္မတနဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရန်တိုက်ပေးတဲ့ အရေးအသားကို တစ်တစ်ခွခွ ဆန့်ကျင်တဲ့ ဂျာနယ်ကို အရေးယူတယ်... အကြောင်းပြချက်က စာပေစီစစ်ရေးရဲ့ စည်းကမ်းကို ဖောက်ဖျက်လို့...
ဒီမိုကရေစီစနစ်ကို သွားနေပါပြီ... စာပေစီစစ်ရေးကို ဖျက်သိမ်းပါတော့မယ်လို့ တစာစာအော်နေတဲ့ကြားထဲက... စာပေစီစစ်ရေး
က အသားကုန် အာဏာပြနေတာ.. ဆန်းသလား.... မဆန်းပါဘူး... ပြန်ကြားရေးဝန်ကြီးဌာန.. ပြည်ထောင်စု ဝန်ကြီးဆိုတာ ရှိတယ်... အဲဒီဝန်ကြီးဟာ... သမ္မတရဲ့ မိန့်ခွန်းကို ဆင်ဆာ ဖြတ်တောက် ပိုင်ခွင့်ရှိတယ်... ပြည်ထောင်စု လွှတ်တော်ဥက္ကဌပြောတဲ့စကားတွေကို လိုသလို ပြင်ဆင်ဖြတ်တောက် ပိုင်ခွင့်ရှိတယ်... ဒီအချက်ကို အားလုံး ထင်သာမြင်သာဖြစ်အောင် ကိုယ်ထင်ပြနေတာလား.... ဒါမှမဟုတ် နောက်ကြောင်းပြန်လှည့်ဖို့ အခြေအနေတွေကို ဖန်တီးနေတာလား... အတိုက်အခံခေါင်းဆောင်နဲ့ သမ္မတကို ရန်တိုက်ပေးတဲ့ အရေးအသားမျိုးကို တရားဝင် ဆန့်ကျင်ဖို့ထက်.. တိတ်တိတ်လေး လက်ခုပ်တီးတဲ့အပြင် ဆန့်ကျင်ရေးသားတဲ့ သတင်းမီဒီယာကိုပါ နှိပ်ကွပ်တာလား...
အားလုံးသိကြတဲ့အတိုင်း ၂၀ဝ၈ ခုနှစ်မှာ စိတ်တိုင်းကျရေးဆွဲားတဲ့ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကျပ် အတည်ပြုခဲ့တယ်.. ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းပြီလို့ ကြေငြာတယ်.. ရွေးကောက်ပွဲလုပ်တယ်.. လွှတ်တော်ခေါ်တယ်.. အခြေခံဥပဒေနဲ့အညီ လွှတ်တော်က ရွေးကောက်တင်မြှောက်တဲ့ သမ္မတ ဆိုတာ ပေါ်လာတယ်....
 သမ္မတက ဦးဆောင်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကို ဖွဲ့စည်းတယ်.... ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြောမယ်ဆိုရင်... သမ္မတ စိတ်ကြိုက်ဖွဲ့စည်းတယ်လို့ မှတ်ယူလို့ ရနိုင်တဲ့.... ကက်ဘိနက်အဖွဲ့ဝင်... ပြည်ထောင်စုဝန်ကြီးတစ်ယောက်ရဲ့ စိတ်တိုင်းကျ ဆင်ဆာဖြတ်တောက်မှုကို ရှောင်ရှားဖို့ သမ္မတရုံး ဝက်ဘ်ဆိုက်ကို ထူထောင်ပြီး သမ္မတရဲ့ ကိုယ်ပိုင် ပြန်ကြားရေးလုပ်ရတယ်.... ပြည်သူ့ဆန္ဒကို လေးစားပြီး ပြည်သူ့အသံကို အမြဲနားထောင်တယ်ဆိုတဲ့ သမ္မတကြီးဟာ... သူ့စိတ်ကြိုက်ဖွဲ့စည်းထားတယ်လို့ မှတ်ယူနိုင်တဲ့ ကက်ဘိနက်အဖွဲ့က ဝန်ကြီးတွေက သူတိုင်းပြည်ကို ပြောခဲ့ဖူးတဲ့ စကားတွေ ကပြောင်း ကပြန် ဖြစ်အောင် ထင်ရာလုပ်... ထင်ရာပြောနေတာကို မသိချင်ယောင်ဆောင်နေရတယ်....နာဂစ်ဖွဲ့စည်းပုံက ပေးထားတဲ့ လွတ်လပ်စွာ ရေးသားခွင့် ဆန္ဒဖော်ထုတ်ခွင့် ဆိုတာတွေကို အပြတ်အသတ်နှိပ်ကွပ်ပြတယ်.. ကိုယ်ရေးထားတဲ့ ဥပဒေကို ကိုယ့်ဖာသာကိုယ်ချိုးဖောက်နေတယ်.. ဆိုတော့ကာ...သမ္မတမှာလည်းအစိုးရအဖွဲ့အပေါ်မှာအာဏာမရှိတာထင်ရှားပါတယ်.... ပြည်သူကြိုက်ဖို့ဆိုတာထက်
 နောက်ကွယ်က တစ်ဦးတစ်ယောက်... အဖွဲ့အစည်းတစ်ခုရဲ့ စေခိုင်းမှုအတိုင်း လုပ်နေရတယ်ဆိုတာ သိသာလာစေတယ်...
ခြုံပြီးပြောရမယ်ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားနေပြီလား... ကျနော် ဆက်ပြီးတော့ဘဲ စောင့်ကြည့်ပါရစေ... အဖြစ်အပျက်တွေက ရှေ့နောက်မညီလွန်းလို့ပါ...
koshwemung(MMCP)
Posted: 02 Aug 2012 04:43 PM PDT
("သတင်း မီဒီယာ လွတ်လပ် ခွင့်ကို ၀ိုင်းဝန်း ကာကွယ် စောင့်ရှောက်ကြ" ဆောင်းပါး ကို ဆရာ လူထု စိန်ဝင်းက ၂၀၁၂ခုနှစ် မတ်လ အတွင်း ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ယင်း ဆောင်းပါးကို စာပေ စိစစ်ရေးမှ ဖြုတ်ပယ်ခဲ့သဖြင့် ပုံနှိပ်ဖော်ပြခွင့် မရရှိခဲ့ပေ။)
အင်တာနက် ကနေပြီး "ဘလော့ဂ်"ရေးနေကြတဲ့ "ဘလော့ဂါ" တွေကို ထိန်း ချုပ်တဲ့ ဥပဒေ တစ်ခု ပြဌာန်းဖို့ နိုင်ငံကြီး တစ်ခုရဲ့ အစိုးရက ဆောင်ရွက်နေ တာနဲ့ ပတ် သက် ပြီး ငြင်းခုံ ဆွေးနွေး တာတွေ အများကြီး တွေ့နေရတယ်။ အဲဒီနိုင်ငံက လွှတ်တော်ထဲ အထိ ငြင်းခုန် ဆွေးနွေး နေကြတယ်။
လုံခြုံရေး ထိခိုက်တယ်
အစိုးရ ကတော့ ကိုယ့် ထင်မြင် ယူဆချက်ကို ရိုးရိုး သားသား ရေးနေကြတဲ့ "ဘလော့ဂါ" တွေကို ရည်ရွယ်တာ မဟုတ်ဘူး။ အွန်လိုင်းက နေပြီး ကလေး ညစ်ညမ်း ရုပ်ရှင် ဖြန့်ချိတာတွေ၊ ငွေကြေး လိမ်လည်မှု ပြုလုပ်တာတွေ၊ ဘဏ်တွေရဲ့ ကွန်ပြူတာ စနစ်တွေထဲ ထိုးဖောက် ၀င်ရောက်ပြီး ငွေခိုး ယူတာ တွေ ပြုလုပ် နေကြတဲ့ "ဟက်ကာ" တွေကို ရည်ရွယ်တာလို့ ရှင်းပြတယ်။ တစ်ချို့ "ဟက်ကာ"တွေက အစိုးရရဲ့ လုံခြုံရေး စနစ်တွေကို ထိုးဖောက် ၀င်ရောက်ပြီး နိုင်ငံ အတွက် အရေးကြီးတဲ့ သတင်း၊ လျို့ဝှက်ချက် တွေကို ခိုးယူတဲ့ အထိ အတင့်ရဲ နေကြတယ်။ ဒီ လုပ်ရပ်တွေကို မနှိမ်နင်းဘဲ ထားရင် နိုင်ငံတော် လုံခြုံရေးပါ ထိခိုက် စေနိုင်တယ် လို့လည်း အကြောင်း ပြတယ်။
လိုရာဆွဲယူသွားလိမ့်မယ်
ကန့်ကွက် သူများကတော့ ဒါဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်၊ ရေးသား တင်ပြခွင့်ကို ကန့်သတ် ချုပ်ချယ် ဖို့ ခြေလှမ်း ပြင် လိုက်တာ ဖြစ်တယ်။ ဥပဒေ ဖြစ်သွားပြီ ဆိုတာနဲ့ တဖြည်းဖြည်း ချဲ့ထွင်ပြီး လိုရာ ဆွဲယူ သွားနိုင် တယ်။ နောက်ဆုံးမှာ ဆင်ဆာ လုပ်ခွင့် အထိ အစိုးရက ယူသွား လိမ့်မယ် လို့ ထောက်ပြပြီး အပြင်း အထန် ကန့်ကွက် ကြတယ်။ အစိုးရကလည်း သွေးတိုး စမ်းကြည့်တဲ့ သဘော နဲ့ ပြောကြည့်ပုံ ရပါတယ်။ အခုထိတော့ ဥပဒေ ရေးဆွဲဖို့ ကိစ္စကို ကြိုးစားပမ်းစား လုပ်ဆောင်တာ မျိုး မရှိသေးဘူး။ နောက်ထပ် "၀ီကီလိခ်" လို ကမ္ဘာ တစ်ခုလုံး ပွက်လော ရိုက်သွားစေတဲ့ ကိစ္စ မျိုး ပေါ်ထွက် လာအောင် စောင့်စား နေလိမ့် ဦးမယ်လို့ မှန်းဆ ရပါတယ်။
တစ်ကမ္ဘာလုံးမှာ သန်းချီရှိတယ်
ဒီနေ့ခေတ်က အင်တာနက်ခေတ် ဖြစ်တာနဲ့ အညီ ကလေး လူကြီး မရွေး အင်တာနက်ကို အသုံးပြု ကြတယ်။ တစ်ကမ္ဘာလုံးမှာ "ဘလော့ဂ်"တွေ သန်းချီ ရှိနေ ကြတယ်။ ကိုယ့် "ဘလော့ဂ်" ကနေပြီး ကိုယ့်ထင်မြင် ယူဆ ချက်တွေကို လွတ်လွတ် လပ်လပ် ပွင့်ပွင့် လင်းလင်း ရေးသား တင်ပြ ကြတယ်။ အစိုးရ လုပ်ဆောင် ချက်တွေကို ဝေဖန် သလို "ပင်မရေစီး" သတင်း မီဒီယာတွေရဲ့ ရေးသား ချက်တွေကိုလည်း အား မနာတမ်း ဝေဖန်တယ်။ လက်ကိုင်ဖုန်း ရှိသူတိုင်း ကမ္ဘာကြီးကို ခါးစောင်း တင်ပြီး စောင့်ကြည့် တယ်။ ပြောချင်တာ တွေ့ရင် ၀င်ပြော တယ်။ ရှေးကတော့ "ပင်မရေစီး" သတင်း မီဒီယာတွေကို အမြဲမပြတ် စောင့်ကြည့် ဝေဖန်သူ သိပ်မရှိဘူး။ အခုတော့ ဘာရေးလိုက် ရေးလိုက် တုန့်ပြန်သံ တွေက မိနစ်ပိုင်း အတွင်း တက်လာတယ်။ ကြိုက်ရင် ကြိုက်ကြောင်း ချီးကျူး ဂုဏ်ပြုသလို မကြိုက်ရင်လည်း မထောက်မညှာ မကြိုက်ဘူးလို့ ပြောတယ်။ အားမနာဘူး။ ၀ါတွေ၊ သမ္ဘာတွေ ကြည့်မနေဘူး။
သူတို့ စိတ်ဓာတ်ကို ထင်ဟပ်တယ်
အယ်ဒီတာ မကြိုက်မှာလည်း ဂရုစိုက် စရာ မလို၊ စိစစ်ရေး က ဖြတ်မှာ ဖြုတ်မှာ လည်း ကြောက်စရာ မလိုတော့ သူတို့ အရေးအသား တွေဟာ ပွင့်လင်း တယ်။ ဖြောင့် မှန်တယ်။ သူတို့ စိတ်ဓာတ်ကို အပြည့်အ၀ ထင်ဟပ် တယ်။ သူတို့ရဲ့ အိုင်ကျူက နိမ့်ရင် နိမ့် သလို၊ မြင့်ရင် မြင့်သလို သူတို့ အရေး အသား တွေမှာ ဖော်ပြတယ်။ ဒါမျိုးက "ပင်မရေစီး" သတင်း မီဒီယာတွေမှာ မတွေ့နိုင်ဘူး။ သူတို့က "ပရော်ဖက် ရှင်နယ်" တွေ ဖြစ်တော့ မဖြစ်မနေ လိုက်နာ စောင့် ထိန်းရတဲ့ ကျင့်ဝတ် တွေနဲ့ အညီ လုပ်ရ ကိုင်ရ ရေးရ သားရ တယ်။ မှန်တိုင်း ရေးလို့ မဖြစ်တာ တွေလည်း အများကြီး ရှိတယ်။
ပုဒ်ထီးပုဒ်မတွေလည်း ကြည့်ရ
လူ့ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု စံနှုန်း သတ်မှတ်ချက်ကို ငဲ့စောင်း ကြည့်ရသလို ဥပဒေတွေ၊ ပုဒ်ထီး ပုဒ်မတွေကိုလည်း ကြည့်ရတယ်။ အသရေ ဖျက်မှု၊ နိုင်ငံတော် လျို့ဝှက် ချက် ပေါက်ကြားမှု၊ ရုံးတော်ကို မထီမဲ့မြင်ပြုမှု၊ အစိုးရကို အကြည်ညို ပျက်စေမှု၊ ဆူပူ အောင် သွေးထိုး လှုံ့ဆော်မှု၊ အီလက် ထရောနစ် ဥပဒေ ချိုးဖောက်မှု၊ စတဲ့ စတဲ့ ဥပဒေ တွေက လက်ရှိမှာကို နည်းတာ မဟုတ်ဘူး။ ချဲ့ရင် ချဲ့သလောက် ကျယ်ပြန့် သွားသလို လိုချင်ရင် လိုချင် သလောက် ဆွဲဆန့် သွားလို့လည်း ရတယ်။ တော်တော် ကြောက် စရာ ကောင်း တယ်။
ဒီမိုကရေစီဆိတ်သုဉ်းခြင်း
တကယ်တော့ ဥပဒေဆိုတာ ဘယ် ဥပဒေမဆို ကြောက်စရာ ကောင်းတာ ချည့်ပါပဲ။ မရှိ မကောင်း ရှိ မကောင်းဆိုတာ သူမှ အစစ်။ မရှိပြန် တော့လည်း မဖြစ်ဘူး။ ရှိပြန်တော့လည်း ကိုယ့် လည်ပင်းကိုယ် ပြန် ကြိုးကွင်း စွပ်သလို ဖြစ်တယ်။ ဥပဒေဆိုတာ လူတွေကို ထိန်းချုပ်ဖို့ လုပ်ထားရတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ကောင်းတယ်လို့ ရှိနိုင်ပါ့မလဲ။ အထူးသဖြင့် လူတွေမှာ မွေးကတည်းက ပါလာတဲ့ မျက်စိ၊ နား၊ ပါးစပ်တို့ ထိန်းချုပ်ဖို့ လုပ်တာ မျိုးကတော့ နည်းနည်း နောနော လူ့အခွင့်အရေး ချိုးဖောက်မှုမှ မဟုတ်တာ။ ဘယ်လို လုပ်ပြီး သည်းခံနေလို့ ဖြစ်မှာလဲ။ ဒါကြောင့် "ဘလော့ဂါ"တွေကို ထိန်းချုပ်ဖို့ ရည်ရွယ် ထားတဲ့ ဥပဒေကို ဆန့်ကျင် ကန့်ကွက် နေကြတာ ဖြစ်တယ်။ သတင်း မီဒီယာ လွတ်လပ်ခွင့် ဆိတ် သုဉ်းခြင်းဟာ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီ ချစ် မြတ်နိုးသူတိုင်း ၀ိုင်းဝန်း ကာကွယ် စောင့် ရှောက်ကြဖို့ လိုကြောင်း သတိ ပေးလိုက် ရပါတယ်။
လူထုစိန်ဝင်း
၁၈-၃-၂၀၁၂
You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
No comments:
Post a Comment