Tuesday 28 February 2012


ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ.
by Yangon Press International on Sunday, 26 February 2012 at 00:25 ·
.
ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့ နာယက

ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။

ဒေါ်အင်ဖန်ဂျာရာ။ ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။

အဲဒါတွေက

၁- KIA က ဘာလို့ဖြစ်လာတာလဲ

၂ - ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။

ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမဟုတ်ပါဘူး၊ ကချင်တွေက ကိုယ်နေရာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ကိုယ်

နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်နေရာနဲ့ကိုယ်အုပ်ချုပ်ပြီး ငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ခဲ့ ကြတာဖြစ်တယ်၊

ကျွန်မတို့ ကချင်လူမျိုးတွေဟ မြန်မာပြည်ဘက်ကိုလည်း မသွားဘူး မြန်မာလူမျိုးတွေကလည်း ကချင်လူမျိုးတွေကို တောသား လူရိုင်းတွေဆို ပြီး အရမ်းကြောက်ခဲ့တာ။


ဗြိတိသျှ အုပ်ချူပ်တုန်းက ကျွန်မတို့ ကချင်လူမျိုးတွေဟာ စစ်ရေးစစ်ရာ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူမျိုးတွေဖြစ်တယ်၊

ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် ဂျပန်ခေတ် တွေမှာ ကချင်လူမျိုးတွေ တော်တော်များများ ပါဝင် တိုက်ခိုက်ပါဝင်ခဲ့ကြတယ်၊

ဒီလိုနဲ့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချူပ်အောင်ဆန်း ကချင်ပြည်နယ်ကိုတက်လာတာဖြစ်တယ်၊ ကျွန်မ က အဲဒီအချိန် ၁၅ ၊ ၁၆ နှစ်ဘဲရှိသေးတယ်၊ အဲဒီတုန်းက ကျွန်မ ကြိုဆိုဧည့်ခံရေး အဖွဲ့မှာပါဝင်ခဲ့တယ်၊ အခုကျွန်မ အသက် ၈၀ ကျော်ပြီလေ၊

ဗိုလ်ချူပ်အောင်ဆန်းက ဗြိတိသျှ တွေဆီက လွတ်လပ်ရေးရအောင်ဆိုပြီး တခြားလူမျိုးတွေဆီ မသွားပဲ ကချင်ပြည်နယ်ကို အရင်လာတာဖြစ်တယ်။

ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်၊ အစကတော့ လွတ်လပ်ရေးမှာ

မပါဝင်ချင်ဘူး၊ ဒါပေမဲ့ အောင်ဆန်းက ကချင်တစ်ကျပ် ဆို မြန်မာတစ်ကျပ်ဆိုတဲ့ အခွင့်အရေးပေးမယ်ဆိုပြီး ပြည်ထောင်စုမူ အရ ကျွန်တော်တို့ယူကြမှပါ ခင်ဗျားတို့ မကြိုက်ရင်လည်း နောက် ၁၀နှစ်လောက်ဆို ပြန်ခွဲထွက်လို့ ရတယ်ဆိုလို့ ကချင်တွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ကချင်တွေ ပင်လုံစာချုပ်ချုပ်ဖို့ သဘောတူလို့ ရှမ်းပြည်ကိုရောက်တယ် ရှမ်းတွေလည်း လွတ်လပ်ရေးကို မလိုချင်ကြဘူး ဒါပေမဲ့ ကချင်နောင်တော်ကြီးတွေတောင် သဘောတူတယ်ဆိုတော့ ဆိုပြီး ရှမ်းတွေလည်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပြီးတော့ ချင်းတွေ ပြန်ရောက်လာတယ် ချင်းတွေရော ဒီအတိုင်းဘဲ သဘောမတူဘူး လွတ်လပ်ရေးကို မလိုချင်ကြဘူး၊ ဒါပေမဲ့ ကချင်နဲ့ ရှမ်းတောင် လက်မှတ်ရေးထိုးတယ်ဆိုပြီးသူလည်း သဘောတူခဲ့တယ်၊ ပင်လုံမှာလက်မှတ်ရေးထိုးတာက ဗမာ ကိုယ်စား အောင်ဆန်း (ဖဆပလ) ခေါင်းဆောင် လက်မှတ်ထိုးတယ် ကချင်၊ ရှမ်း၊ ချင်း လေးဦး သဘောတူပြီး ပင်လုံမှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်၊

၁၉၄၈ ဇန်န၀ါရီ ၄ မှာ လွတ်လပ်ရေး ရတာဖြစ်တယ်၊ ဒါပေမဲ့ ရှင့်အဖေ ပေးထားတဲ့ ကတိစကားကို ကျွန်မတို့

အရမ်းအားကိုးနားထောင်ပြီး လက်ခံထားတာကို အောင်ဆန်းမရှိတော့လို့ ကျွန်မတို့ အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားတယ်၊

အဲဒီအချိန်က စပြီး ကျွန်မတို့ ကချင်တွေက ဘာ အခွင့်အရေးမှ မရတော့တာပါ၊ ဦးနုက ဖဆပလ (ဥက္ကဋ္ဌ) တက်လာတော့ ကချင်တွေကို ဘာမှ မဟုတ်သလို ဆက်ဆံခဲ့တာပါ၊ ဒီလိုနဲ့ ကျွန်မတို့ ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်က ဖီမော်၊ လံကိုင် နယ်မြေကို ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ တရုတ်တွေကို ရောင်းစားလိုက်တာဟုတ်တယ်။ ဒါကြောင့် အရမ်းဝမ်းနည်းတယ် အခုထိလည်း ၀မ်းနည်းနေတုန်းပါဘဲ။


၁၉၆၂ မှာ ကျွန်မတို့ ကချင်တွေ သူပုန်ထလာတာဖြစ်တယ်၊ ဒါဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဘာသာ ဆိုတာကို ဘယ်သူ့ကိုမှ တိုင်ပင်တာမရှိပဲ ဦးနု သူ့ဟာသူ စီစဉ်လုပ်ခဲ့တယ် နိုင်ငံတော်ဘာသာမှာ ဆိုရင် (တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့သွားရမယ်) ကျန်တဲ့ ခရစ်ယာန် ၊နတ်စား ၊ စတဲ့ ဘာသာတွေကို နှိမ်သလိုဖြစ်လာပြီး ဒါကြောင့် KIO တော်လှန်ရေးစလာတာပါ၊ ကချင်တော်လှန်ရေးကိုစခဲ့တာ နော်ဆိုင်းဟုတ်ပါတယ် နော်ဆိုင်းက ရှမ်းပြည်ကနေ ကချင်ဖက်ကိုတက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆိုထောက်ခံမဲ့သူ မရှိလို့ နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာဖြစ်တယ်။


ကျွန်မတို့ ကချင်တွေက မြန်မာတွေကို သတ်မယ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝ မရှိပါဘူး ဗမာကို မုန်းရအောင်နော်ဆိုတဲ့ စိတ်လည်းမရှိပါဘူး၊ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ့်ပြည်ကို ကိုယ်ပိုင်ဆိုင်ခွင့် အရင်က

ပိုင်ဆိုင်သလို ပိုင်ဆိုင်ခွင့် ကိုယ့်နိုင်ငံကြီးပွားတိုးတက်ဖို့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်သွားမယ် ဆိုပြီး ပြောကြည့်ရင်လည်း မဖြစ်လို့ တော်လှန်ရေး KIO ဆိုတာ ဖြစ်လာတာဟုတ်တယ်၊


ဒီနေ့ အထိလည်း ဒါပါပဲ တခြားတော့ ဘာမှမဟုတ်ဘူး အပစ်ခေတ်ရပ်စဲရေးကို ၁၇ နှစ်ကြာအောင် ပြန်လုပ်ခဲ့ပြီးပြီး ကျွန်မတို့ အရမ်းပျော်ရွင်ခဲ့ပါတယ်၊ ဒီအပစ်ခတ်ရပ်စဲရေး လုပ်ပြီး တော့ နောက်တစ်ဆင့်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ လိုအပ်လာတယ်၊


အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးမဟုတ်ဘူး..ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံရေးအရ စားပွဲပေါ်မှာ ပြုလုပ်ဖို့ဖြစ်တာ ဒါကို လုပ်ခွင့်မပေးဘူး KIO အနေနဲ့ ခဏခဏတောင်းဆိုတယ် မလုပ်ပေးခဲ့ဘူး “ပြည်သူ့အစိုးရပေါ်လာတော့မယ် မင်းတို့ သိပ်မလောကြနဲ့ ဆိုပြီးပြန်ပြောတယ်” ပြည်သူ့အစိုးရ ပေါ်လာပြီး အစည်းအဝေးတောင် မလုပ်သေးဘူး သူတို့ အရင်ပစ်တယ် ၂၀၁၁ ဇွန် ၉ မှာ စစ်စဖြစ်တယ်။


အခု ကချင်ပြည်နယ်မှ မြန်မာစစ်သား ၁သိန်းကျော်ပြီး သိလား.. ဒုံးကျည် ၂သောင်း ရောက်နေတယ်.. အမြောက်တွေလည်း အများကြီးရောက်နေတယ် ကချင်နဲ့ခရစ်ယာန်တွေကို အမြစ်ပြတ်သွားအောင် လုပ်သွားမှာဖြစ်တယ်။


ဘာဖြစ်လို့လဲဆိုတော့ အပြင်က လောဘ စိတ်ကြောင့်ဟုတ်တယ် ကျွန်မတို့ကချင်ပြည်နယ်မှာ သံယဇာတပေါများတယ် ဒါကြောင့်နယ်မြေကို လုယူပိုင်ဆိုင်ချင်လို့ဖြစ်တယ် လို့ ကျွန်မတို့ ကတော့ ဒီလိုပဲ ထင်ကြပါတယ် ကချင်လွတ်လပ်ရေးအဖွဲ့ ကတောင်းဆိုထားတာကက (၁) ပင်လုံစာချုပ် ပင်လုံစိတ်ဓာတ် နိုင်ငံရေးကို နိုင်ငံရေးလို စားပွဲပေါ်မှာ ပင်လုံ အခြေခံပြီး ဆွေးနွေးမယ် (၂ ) ကချင်ပြည်နယ် ရောက်နေတဲ့ တပ်မတော်သားတွေ ကို ကိုယ့်နေရာကိုယ်ပြန်ဆုတ်ခိုင်း ဒါဆိုရင် အပစ်အခတ်ရပ်မယ် စာချုပ်ချုပ်မယ်ဆိုရင်နိုင်ငံတကာက လူတွေကိုခေါ်ပြီး စာချုပ်ချုပ်မယ်ဆိုပြီးတောင်းဆိုထားတာ အခုထိတော့ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူး၊



ဒေါ်စုက အံသြစွာနဲ့ လည်ပင်းတောင် စောင်းတယ် ကျွန်မပြောတာကို နားထောင်နေတာ သူက ဘာမှမသိတဲ့ပုံပဲ မင်းကအဲဒီတုန်းက ငယ်သေးတယ်လေ ပြီးတော့ မင်းအမေနောက်လိုက်သွားရတော့ ငါတို့ဒီက သမိုင်းကြောင်းကို ဘာမှ မသိလိုက်ဘူးပေါ့ လို့ကျွန်မပြောခဲ့တယ်။



အထက်က ပြောဆိုခဲ့သည်များမှာ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အင်ဖန်ဂျာရာက ပြောဆိုခဲ့သည့် စကားများကို ၎င်းကိုယ်တိုင် ပြန်လည်ပြောပြတာ ဖြစ်ပါတယ်။



ထိုနေ့ညက ရှင်းပြအပြီး ဒေါ်အောင်ဆန်းစုကြည်အား သူပြောချင်တဲ့ စကားတစ်ခွန်းဖြစ်သည့် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အခုလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ မလုပ်ရင်ကောင်းတယ်” ဆိုတာကို မီးပျက်သွားတာကြောင့် မပြောလိုက်ရဘူးလို့ ဒေါ်အင်ဖန်ဂျာရာ က YPI ကိုပြန်ပြောပြပါတယ်။



အဲဒီ့နောက် YPI သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကချင်ပြည်နယ်သို့ လာသည်ထင်သလဲ ဟုမေးရာ



“ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ထွက်လာတယ် ထင်တာပဲ” လို့ဖြေဆိုပါတယ်။



ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် လာတဲ့အပေါ် ဘာမျှော်လင့်ထားလဲ ဆိုတဲ့ မေးခွန်းကိုတော့

“ ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး၊ ပါတီစည်းရုံးရေး သက်သက်ပဲ ထွက်လာတယ်၊ တကယ်လို့ သူရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော်မှာ ၀င်ထိုင်ဖြစ်ရင်တော့ ကချင်ပြည်နယ်အတွက် မျှော်လင့်ချက် အတော်များများ ရှိတယ် ” လို့ဖြေသွားပါတယ်။






အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၄) Max Myanmar ဦးဇော်ဇော် (ဆောင်းပါးရှင် ရွှေဓူဝံ)
Posted: 27 Feb 2012 10:57 AM PST
အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၄)
ဖေဖေနဲ့ မေမေကို မွေးစားနိုင်သူ (သို့မဟုတ်) လှေနံနှစ်ဖက်နင်းထားတဲ့
 Max Myanmar ဦးဇော်ဇော်
(ဆောင်းပါးရှင် ရွှေဓူဝံ)

အရောင်ပြောင်းတဲ့ လူလည်ကြီးများဆောင်းပါးကို ပြည်တွင်းမှာ လူအများအပြားစိတ်ဝင်စားတယ်လို့ သိရလို့
ဝမ်းသာမိပါတယ်။ အပိုင်း(၁/၂)အပြီးနောက်ထပ် ဘယ်သူလာအုံးမလဲလို့ ပြည်တွင်းက Internet
 စာဖတ်ပရိ သတ်က စောင့်မျှော်နေကြသလို အချို့ကလည်း စစ်အစိုးရလက်ထက်က မဟာအခွင့်အရေးရခဲ့တဲ့ လက်တစ်
 ဆုပ်စာ လူတစ်စုထဲက ဘယ်သူ့ကိုရေးပါအုံး ဘယ်သူအကြောင်း ဖော်ထုတ်ပါအုံးဆိုပြီး ကိုဒီမိုကို တောင်းဆိုတယ်လို့
 သိရပါတယ်။

ယခုအခါ အလှည့်ကျသူကတော့ Comment များမှ အများဆုံး တောင်းဆိုမှုကိုခံနေရတဲ့ Max Myanmar
ဥက္ကဌကြီး ဦးဇော်ဇော်ဖြစ်ပါတယ်။ ဦးဇော်ဇော်အမည်ကို ကြားလိုက်တာနဲ့ အကောင်းမြင်သူများက အပေး
အကန်းရက်ရောတဲ့ Myanmar National League ဘောလုံးဥက္ကဌကြီးအဖြစ် မြင်ကြသလို အကောင်း
 မမြင်သူများကတော့ စီးပွားရေးဂွင် အထူးအခွင့်အရေးတွေကို ရရှိထားတဲ့သူ ဦးရှစ်လုံးရဲ့မွေးစားသားအဖြစ်
အသိအမှတ်ပြုထားတဲ့ သူဖြစ်ပါတယ်။

ဒါပေမဲ့ ဦးဇော်ဇော်ရဲ့ အတိတ်ရာဇ၀င်နဲ့ Max Myanmar ဥက္ကဌကြီးရဲ့ အချိန်တိုအတွင်းတိုးပွားလာ သည့်
 ဓနဥစ္စာများ ဘယ်ကရရှိလာသလဲဆိုသည်ကို သိရှိသူ အလွန်နည်းပါတယ်။ အတွင်းသိတွေကတော့ ဦးဇော်ဇော်ဟာ
 (သီဟသူရ တင်အောင်မြင့်ဦး) ဦးရှစ်လုံးရဲ့
မွေးစားသားမဟုတ်ပဲ သူကဦးရှစ်လုံးကို မွေးစား ဖေဖေလုပ်ပြီး မွေးစားခဲ့တာဖြစ်ကြောင်း ဦးဇော်ဇော်ရဲ့ငယ်ဘဝ
 ကိုတင်ဆန်းရဲ့ ဘ၀အတွေ့အကြုံများနှင့် အတူ ထုတ် ဖော်ပြောကြားလာပါတယ်။ ၁၉၈၇ ခုနှစ်ကရန်ကုန်
တက္က သိုလ်ကျောင်းသား ကိုတင်ဆန်းဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ အလွန်တက်ကြွစွာ
လှုပ်ရှားခဲ့သူဖြစ်လို့ ၁၉၈၉ ခုနှစ်မှာ ကျောင်းသားတွေကို စစ်ထောက် လှမ်းရေးက လိုက်လံဖမ်းဆီးချိန်မှာ
 ကိုတင်ဆန်း တစ်ယောက် ပြည်ပကို တိမ်းရှောင်ခဲ့ပါတယ်။

ပြည်ပရောက် ကိုတင်ဆန်းဟာ နိုင်ငံရေးလောကကိုစွန့်ခွာပြီး စီးပွားရေးသမားလုပ်ဖို့ နိုင်ငံခြားသင်္ဘော
လိုင်းတစ်ခုမှာ တနေ့ကိုနာရီ(၂၀)ခန့် အလုပ်လုပ်ခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ်မှာ သူ့သင်္ဘောဂျပန် ကိုရောက်ချိန်
ခုန်ချနေခဲ့ပြီး သူ့ကိုသူဌေးကြီးဘ၀ဖြစ်အောင် လုပ်ပေးခဲ့တဲ့ Business အစ မီးခိုးမထွက်တဲ့စက်ရုံ (Hotel)
လုပ်ငန်းကို ဂျပန်ကမြို့ငယ် တစ်ခုမှာလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ယခုလို Hotel Max ပိုင်ရှင်ကြီးမဟုတ်ပဲ
 မီးခိုးမထွက်တဲ့ စက်ရုံလုပ်ငန်းရဲ့ အလုပ်သမား အိုက်တိုးပဂေးဆံ လုပ်ခဲ့တာပါ။

မပြည်စုံတဲ့ဘ၀မှာ ရုန်းကန်ခဲ့ရတယ်ဆိုတဲ့ ၈၈ ကျောင်းသားဟောင်း ကိုတင်ဆန်းဟာ အိုက်တိုးပဂေးဆံ ဘ၀နဲ့
 အားလပ်ချိန်မှာ ဂျပန်က ကားသချိုင်းများကို လေ့လာပြီး ရရှိခဲ့တဲ့ အဆက်အသွယ်များနဲ့ ၉၅
 ခုနှစ်မှာ ရန်ကုန်ကို ပြန်ရောက်ခဲ့ပါတယ်။ ဘ၀မလှပခဲ့တဲ့ ၈၈ ကျောင်းသားစာရင်း
 ပေါက်နေတဲ့ ကိုတင်ဆန်းအမည်ကို ပြည်ဖုံးကားချပြီး ယနေ့နာမည်ကြီး နေတဲ့ ဇော်ဇော်အမည်နဲ့ စစ်အစိုးရ 
လူကြီးမင်းများကို ချဉ်းကပ်ခဲ့ပါတယ်။

၉၆ ခုနှစ် ကျောင်းသားအရေးအခင်းနဲ့ ကြုံခဲ့ပေမဲ့လည်း ဂျပန်မှာနေခဲ့စဉ် အတွေ့အကြုံအရ ကုမ္မဏီပိုင်ရှင်
 နိုင်ငံရေးသမားကြီးများကို အားကျခဲ့လို့ ရူးရူးမိုက်မိုက် နိုင်ငံရေးသမား မလုပ်ဘူးဆိုပြီး ကြွေးကြော်ခဲ့ပါတယ်။
၈၈ ကျောင်းသားဟောင်း သူငယ်ချင်းတွေက နိုင်ငံရေးခံယူချက် အားနည်းသူလို့ ၀ိုင်းဝန်းဝေဖန်တာကို
 ဂရုမစိုက်ပဲ ဂျပန်တစ်ပတ်ရစ်ကားများကို ၀ယ်ရောင်းလုပ်ရာမှတဆင့် ရန်ကုန်မြို့တော် စည်ပင်ကို စက်ယန္တရား
 များ၊ ကားပစ္စည်းများ တင်သွင်းရင်း ကားပွဲစားကြီး တစ်ယောက်ဖြစ်ခဲ့ရပါတယ်။

ကားပွဲစားကြီး ဇော်ဇော်ရဲ့ ဘ၀တစ်ဆစ်ချိုးကတော့
 ၁၉၉၇ ခုနှစ်ခန့်က ကျောက်တူးသမားလေးဘ၀မှာ ဖြစ်ခဲ့တာပါ။ ကျောက်အောင်လို့ ဘ၀တစ်ဆစ်ချိုးခဲ့တာ
 မဟုတ်ပဲ ဖားကန့်မှော်ထဲမှာ "၈၈၈" ကုမ္ပဏီနဲ့ချိတ် ဆက်မိပြီး အရင်းအနှီး ကျောထောက်နောက်ခံနဲ့ 
အဆက်အသွယ် လမ်းကြောင်းများ ရရှိခဲ့ပါတယ်။ "၈၈၈" ကုမ္ပဏီဆိုတာ အဲဒီအချိန်တုန်းက ဖားကန့်မှော်ထဲမှာ 
စိတ်ကြွဆေးပြား ထုတ် လုပ်ဖြန့်ဖြူးနေတဲ့ UWSA အဖွဲ့ရဲ့ မြေပေါ် စီးပွားရေးလုပ်ငန်းခွဲ တစ်ခုဖြစ်ပါတယ်။

ထိုစဉ်က UWSA အဖွဲ့ကလည်း မူးယစ်ဆေးဝါးငွေမဲ တွေကို ငွေဖြူဖြစ်အောင် ရန်ကုန်မြို့ပေါ်မှာ
နိုက်ကလပ်ကြီးတွေ ထူထောင်ပြီး ကျောက်မျက်လုပ်ငန်း၊ လမ်းဖောက်လုပ်ငန်း၊ အိမ်ယာလုပ်ငန်းတွေမှာ
 ရင်းနှီး မြုပ်နှံမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေချိန်ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို အဓိကတာဝန်ယူခဲ့တဲ့
 ပေါက်ယူ ချန်းသမက် အိုက်ဟော့က စစ်အစိုးရလူကြီးပိုင်းကိုချဉ်းကပ်ဖို့ လူရည်လည်တဲ့ မောင်ဇော်(ဇော်ဇော်)ကို
 အသုံးချခဲ့ပါတယ်။

ဦးအိုက်ဟော့ရဲ့ ငွေမဲခ၀ါချ လုပ်ငန်းအားလုံးကို
 ဇော်ဇော်က တာဝန်ယူခဲ့ပြီးနောက်မှာ ကျောက်တူးသမား လေးဇော်ဇော်ဟာ နေ့ခြင်းညခြင်း
Hotel Max ကို ချောင်းသာလိုနေရာမှာ ဆောက်နိုင်ခဲ့တာ သိပ်တော့မဆန်းဘူးလို့ အတွင်းသိတွေက
 ပြောပါတယ်။ ဒီလိုဟိုတယ်ကြီး ဆောက်ခွင့်ရဖို့ကိုလည်း အဲဒီအချိန်က ပုသိမ်တိုင်းမှုး
ကြီးတစ်ယောက် စိတ်တိုင်းကျစေဖို့ ရေကြည်မှာ စာသင်ကျောင်း တစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့တာကိုလည်း
 မှတ်မိကြမယ် ထင်ပါတယ်။
အဲဒီနောက်မှာတော့ ဦးဇော်ဇော်ဟာ စစ်အစိုးရ လူကြီးမင်းများရဲ့ အိမ်တွေကို ၀င်/ထွက်သွားလာခွင့်ရရှိခဲ့ပြီး ၂၀၀၂ 
ခုနှစ်လောက်မှာ (သီဟသူရ တင်အောင်မြင့်ဦး) ဦးရှစ်လုံးကို မွေးစားနိုင်ခဲ့ပါတယ်။ ဦးရှစ်လုံးကလည်း
သူဘုန်းတန်ခိုး တက်လာချိန်မှာ လူသစ် စီးပွားရေးသမား မွေးချင်တော့ မထင်မရှား အလယ်အလတ် သူဌေး
 ပေါက်စဇော်ဇော်ကို စစ်တပ်ရဲ့ယန္တရားဝယ်ယူရေးများ အားလုံး တင်သွင်းခွင့်ရအောင် လုပ်ပေးခဲ့ပါတယ်။

ဒီလိုဘ၀နာခဲ့တဲ့ အိုက်တိုးပဂေးဆန် ကိုတင်ဆန်းတစ်ယောက်
အိုက်ဟော့ရဲ့ အထောက်အပံ့များအပြင် ဖေဖေတစ်ယောက်ကို မွေးစားနိုင်ခဲ့လို့ ၂၀၀၄ ခုနှစ်လောက်မှာ
 သူဌေးကြီးဘ၀ကို တဖြည်းဖြည်း ကူးပြောင်းနိုင်ခဲ့ ပါတော့တယ်။

အောက်ခြေကနေ ရုန်းကန်ခဲ့ရတယ်ဆိုတဲ့ သူဌေးကြီး ဦးဇော်ဇော်ရဲ့ (၇) နှစ်လောက်အတွင်း
ပိုင်ဆိုင်မှု တွေကို Wikileaksသတင်းများမှာ ယခုလိုဖော်ပြခံရသည်အထိ အောင်မြင်ခဲ့ပါတယ်။

- မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar Group of Companies) အပြင်အဖျော်ယမကာ -ပုလင်းသွပ် ကုမ္ပဏီ
- ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီတစ်ခု
- Delta United ဘောလုံးအသင်း၊ ပုသိမ်၊ ဧရာဝတီတိုင်း။
(ဧရာဟင်္သာ ကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးဇော်ဝင်းရှိန်က ပိုင်ရှင်အဖြစ်စာရင်းပေါက်သည်။
- လုံးခင်းကျောက်စိမ်းတွင်း၊ ဖားကန့်၊ ကချင်ပြည်နယ်။
- Max Myanmar ဘိလပ်မြေစက်ရုံ၊တောင်ဖီလာအနီး၊လယ်ဝေးမြို့နယ်၊နေပြည်တော်။
- Max Myanmar ရာဘာစိုက်ခင်း၊ ဘီးလင်းမြို့နယ်၊မွန်ပြည်နယ်။
- ပင်းယထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်။(မန်နေဂျာချုပ်- ဦးကြည်လွင် (ခ) ဦးကျန်ခင်း (U Kyan Khinn)
- Hotel Max (ချောင်းသာ)
- Royal Kumudar Hotel ၊နေပြည်တော်ဟိုတယ်ဇုန်
- ဟိုတယ် ဧရာဝတီ၊ နေပြည်တော် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်
(စစ်တပ်မှ ဗိုလ်ချုပ်တစ်ဦး ဖက်စပ်ပိုင်)
- ဧရာဝတီဘဏ်လုပ်ငန်း (ငွေကြေးခ၀ါချမှုကြောင့် ပိတ်သိမ်းခံရသည့် မေဖလားဝါးဘဏ် အမည်ပြောင်း)
- ရေကြည်၊ ငသိုင်းချောင်းအနီး ကျေးရွာများ ငွေချေးလုပ်ငန်း(ငွေကြေးခ၀ါချ)
- နေပြည်တော်ရှိ ဘောလုံးကွင်းများ တည်ဆောက်ရေး လုပ်ငန်း
- ကျောက်မီးသွေးတူး လုပ်ငန်း၊ ကလေးဝ
- ရန်ကုန်-ပဲခူးလမ်းပိုင်း ငွေကောက်ခံလုပ်ငန်း ( UWSA လုပ်ငန်းခွဲ) ရန်ကုန်အဲယားဝေး အစုရှယ်ယာပိုင်ရှင်
 (ဒါရိုက်တာစာရင်းတွင် အမည်မခံပါ- ပိုင်ရှင် ဦးအိုက်ဟော့)

အထက်ပါလုပ်ငန်းများအနက် အမဲကနေအဖြူ အရောင်းပြောင်းတဲ့ အဓိကလုပ်ငန်းကတော့ မန်နေဂျာချုပ် ဦးကြန်ခင်း
 လုပ်နေတဲ့ ပင်းယထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပါတယ်။ ဦးကြန်ခင်းဆိုတာ 
စင်္ကာပူအခြေစိုက် တရုတ်လူမျိုးဖြစ်ပြီး မြန်မာပြည်ရဲ့ ငွေကြေးခ၀ါချတဲ့လုပ်ငန်းများကို ချုပ်ကိုင်ထားသူ 
တစ်ယောက်ပါ။ အိုက်ဟော့ရဲ့ ငွေမဲတွေကို ငွေဖြူပြောင်းလဲရာမှာ နောက်ကွယ်ကနေ ဇော်ဇော်က စီမံဖန်တီး
 ပေးနေမှုကြောင့် အမေရိကန်နိုင်ငံခြား အရင်းအနှီးများ ထိန်းချုပ်ရေးရုံး (OFAC)က ဦးဇော်ဇော်ရဲ့
စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

အထူးသဖြင့် စစ်အစိုးရကို မျက်နှာလို မျက်နှာရလုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်လောက်မှာ အလယ်အလတ်
အဆင့်ရှိ စီးပွားရေးသမားတစ်ဦးသာ ဖြစ်နေသူက ၂၀၀၈ ခုနှစ်မှာ ထိပ်တန်းမိုက်ခရို စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်လာခဲ့တဲ့
အတွက် အမေရိကန်အစိုးရက ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များ အက်ဥပဒေ (JADE Act) နဲ့ထပ်ဆင့်
အရေးယူခဲ့ပါတယ်။ ဒါ့အပြင် အိုက်ဟော့ရဲ့ ရန်ကုန်အဲယားဝေး အစုရှယ်ယာများကို ၂၀၁၁ ခုနှစ်မှာ လွှဲပြောင်း
 ပိုင်ဆိုင်ထားမှုများကို ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက စောင့်ကြည့်လျက်ရှိပါတယ်။

ဒီလိုမျိုး စောင့်ကြည့်မှု ခံနေရတဲ့အတွက် စစ်အစိုးရကြောင့် ကြီးပွားချမ်းသာခဲ့ရတဲ့ ကျောက်တူးသမား လး ဦးဇော်ဇော်
 တစ်ယောက် စစ်အစိုးရလွန် ကာလမှာတော့ သူ့ရဲ့မူလယုံကြည်ရာ ဒီမိုကရေစီ ဘက်တော်သား တွေကို
ပူးပေါင်းဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမဲမှ အဖြူပြောင်းရာမှာ ဦးကြန်ခင်းရဲ့နောက် ကွယ်ကနေ
ပါးပါးနပ်နပ် လုပ်ကိုင်ခဲ့လို့ နာမည် မကျော်ကြားခဲ့သလို (စတီဗင်လောလောက် နာမည်မကြီးပါ)
 ဒီမိုကရေစီ အရောင်ပြောင်းရာမှာလည်း NLD ပါတီရဲ့ နောက်ကွယ်ကနေ လှုပ်ရှားနိုင်ပြီး မွေးစားခဲ့တဲ့
 ဖေဖေစိတ် မဆိုးရေး ခြေလှမ်းနေပြီ ဖြစ်ပါတယ်။

သူရဲ့ပထမဆုံး ခြေလှမ်းကတော့ အမေစုကို ဘောလုံးပွဲကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပြီး အမေစုနားက
 NLD လူကြီးတွေရဲ့ ထောက်ခံမှုရအောင် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်ရှိ အခြေအနေမှာ
 NLD လှုပ်ရှားမှုများမှာ ရှေ့တန်းပေါ်ပေါ် တင်တင်မထွက်ပဲ နောက်ကွယ်ကနေ အဓိကပံ့ပိုး ပေးပါမယ်လို့
အယုံသွင်းနေတာကို NLD ပါတီက သတိထားပြီး ကြိုဆိုနေရပါတယ်။

(၈၈)ကျောင်းသား အများစုကတော့ သူဌေးကြီးဇော်ဇော် တဖြစ်လဲ မောင်တင်ဆန်းရဲ့ စိတ်ဓာတ်ကိုသိလို့ သူ့မွေးစား
 ဖေဖေက လွှတ်လိုက်တဲ့ ဒီမိုကရေစီသူလျှိုဖြစ်မှာကို စိုးရိမ်နေကြပါသည်။ တကယ်လည်း စိတ်မချရတဲ့ သာကူး
 ဇော်ဇော် ဟာ မန္တလေးဗထူး အားကစားကွင်း NLD ကို မငှားတဲ့ကိစ္စမှာ သူအဓိက တာဝန်ရှိတယ်ဆိုတဲ့
သတင်းများ ထွက်ပေါ်ခဲ့သလို။ ဒီမိုကရေစီ အရေးလှုပ်ရှားမှုအတွက် ဦးဇော်ဇော်ဟာ စစ်အစိုးရ
လက်ထက်ရရှိခဲ့တဲ့ ဓနဥစ္စာငွေကြေးတွေ စိုက်ထုတ် သုံးပေးနေတာကို အသိအမှတ်ပြု
ပေးချင်ပေမဲ့ သူ့ရဲ့နိုင်ငံရေး ထောက်ပံ့ငွေများဟာ အမဲကနေ အဖြူပြောင်းတဲ့ လုပ်ငန်းမျာနဲ့
မကင်းရှင်းတာကိုလည်း ဒီမိုဘက် တော်သားတွေ သတိပြုသင့်ပါတယ်။

အထူးသဖြင့် စစ်အစိုးရ လက်ထက်က ဖေဖေတစ်ယောက်ကို မွေးပြီးစားခဲ့သလို
 ဒီမိုကရေစီ အစိုးရလက်ထက်မှာ မေမေတစ်ယောက်ကို ထပ်ပြီးမွေးစားဖို့ ခြေလှမ်းလှမ်းလာသူကို
ယုံကြည်မှု မလွန်ကဲဖို့လိုပါတယ်။ ဖေဖေအဟောင်းနဲ့ အမေစုကြားမှာ လှေနံနှစ်ဖက်နင်းထားတဲ့ လူလည်ကြီးကတော့
 "ဘယ်အစိုးရပဲ တက်တက် အစိုးရရှိသလို လုပ်ငန်းရှင် ဆိုတာလည်း ရှိနေမှာပါပဲ။ အုပ်ချုပ်မှု ယန္တရားမှာ 
ဘယ်သူပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကိုယ့်အကျိုးရှိတဲ့ အလုပ်ကို လုပ်နေပါတယ်" လို့
 ပြည်တွင်းကဂျာနယ်လစ် ဦးဇေယျာမြတ်ခိုင်မှ တစ်ဆင့်
 စစ်အစိုးရ လူကြီးမင်းများကို ပြောင်ပြောင်တင်းတင်း ကျေးဇူးကန်းစကား ပြောခဲ့ပါတယ်။

၈၈ အရေးအခင်းက ဒီမိုကရေစီသမား အိုက်တိုပဂေးစံဘ၀မှ ကားပွဲစားကြီးတဖြစ်လဲ ဟိုတယ်ကြီးများ
 ပိုင်ရှင်သူဌေးကြီး ဦးဇော်ဇော်(ခ) ဦးတင်ဆန်းအနေဖြင့် စစ်အစိုးရလက်ထက် အမဲမှအဖြူ အရောင်ပြောင်းလဲခြင်း၊
 ဒီမိုကရေစီ အစိုးရလက်ထက် ဖေဖေ မှ မေမေ သို့အရောင်ပြောင်းလဲခြင်းများကို
 ငြင်းဆိုမယ်ဆိုပါက အမေရိကန်အစိုးရက ဖော်ထုတ်ထားသည့် http://www.guardian.co.uk သို့
 လေ့လာနိုင်ပါကြောင်း အသိ ပေးနှိုးဆော်လိုက်ပါတယ်။

ရွှေဓူဝံ 

အပိုင်း(၅)ကတော့ လူလည် ဘုရင် လို့ပြောလို့ရတဲ့ 
ဦးအောင်သောင်း(ခ) ဦးအောင်တောင်း အကြောင်း ရေးနေပါတယ် မျှော်
ဆောင်းပါးရှင် ရွှေဓူဝံရဲ့ ယခင်အပိုင်းများ ပြန်ဖတ်ချင်ရင် Click




Posted: 27 Feb 2012 06:28 AM PST
သုံးခွမြို့ အမေစု ဟောပြောပွဲပြုလုပ်မယ့် ပဲတီစိမ်းကွင်းမှာ နေ့လည်ကတည်းက နေပူပူအောက်မှာ ဇွဲကောင်းကောင်းနဲ့
 စောင့်နေတဲ့ သံဃာတော်တပါး
ညဘက် ရန်ကုန်ပြန်ခရီးမှာတော့ ကြိုဆိုနှုတ်ဆက်သူတွေ ပေးတဲ့ ယပ်တောင်လေးကို ယူနေတဲ့ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆံကေသာမှာလည်း ဖုန်တလုံးလုံးနဲ့ပေါ့..
ပြည်သူပေးတဲ့ ယပ်တောင်လေးကို လှမ်းယူပြီး အသိအမှတ် ပြုတဲ့ အနေနဲ့ ပြန်ယပ်ခပ် ပြနေတဲ့ မြင်ကွင်းပါ..။
အမေစုနဲ့ အတူပါလာတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေလည်း မြင်ရတဲ့အတိုင်း ဖုန်တလုံးလုံးနဲ့ပေါ့..


ဓာတ်ပုံများ ဒီမိုကောင်းကင်၊ ဒီမိုဝေယံ၊ ဇော်တူး
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610




လှယ်လောင်း ကိုဇေယျာသော် အတွက်စည်းရုံးပေး(ရုပ်/သံ)
Posted: 27 Feb 2012 08:56 AM PST




အကျဉ်းထောင်မှပြန်လည်လည်လွတ်မြောက်လာသော(ဗိုလ်ကြီးပောာင်း)ကိုနေမျိုးဇင်သည် BG သွေး အကူအညီပေးရေး လုပ်ငန်းများကို ဆက်လက် တာဝန်ယူလုပ်ဆောင်နေသကဲ.သို. NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏စည်းရုံးရေးခရီးစဉ်များတွင်လည်း အမေစု၏လုံခြုံရေးအတွက် သူ၏ခါးဒဏ်ရာသေချာမပျောက်သေးသော်လည်း ခရီးစဉ်များတလျှောက်တွင်ကိုယ်တိုင်ကားမောင်းကာ လိုက်ပါစောင်.ရှောက်လျက်ရှိသည် ။

ဒေါ်အောင်ဆန်းစုကြည်၏စည်းရုံးရေးခရီးစဉ်များတွင်လိုက်ပါသွားတဲ့ ကိုနေမျိုးဇင်ရဲ့မှတ်တမ်း(၂၆.၂.၂၀၁၂)

စာရေးချိန်မှာ ညဆယ်နာရီခွဲပြီ၊ ယခု ည ၉နာရီထိုးခါနီးမှ ကျနော် သင်္ဃန်းကျွန်း လမ်းဆုံမှတ်တိုင်ကို ရောက်သည်။ တောင်ဒဂုံကို ပြန်ဖို့ ဘတ်စ်ကားမှတ်တိုင်တွင် ကားစောင့်သည်ကပင် မိနစ်နှစ်ဆယ်ခန့်ကြာသည်။ သုံးခွ ခရမ်းမြို့နယ်သို့ စည်းရုံးရေး ခရီးအဖြစ် လူထုခေါင်းဆောင် ခရီးစဉ် လမ်းကြောင်း အတွက် နိုင်သရွေ့ လုံခြုံစောင့်ရှောက်ရေး တာဝန်ကို မိမိအသိစိတ်ဖြင့် မိမိသွားရောက် ပူးပေါင်းကူညီခဲ့သည်။ နေ့ခင်း ၂ နာရီ ကျော်မှ ယာဥ...်တန်းသည် ရန်ကုန်က ထွက်သည်။ သန်လျင် သုံးခွ လမ်းအတိုင်း တအိအိဖြင့် သွားရသည်။ တလမ်းလုံး ကြိုဆိုသူတွေ ခြေချစရာမရှိ သလောက် အပြည့်ဖြစ်သည် ။ အိုးစည်ဗုံမောင်းတွေ ၊ ကလေးငယ်လေးတွေ ၊ ကျောင်းသားတွေ ၊ သံဃာတွေ၊ သက်ကြီးဘိုးဘွားတွေ ရွယ်စုံပြည်သူတို့ အမေစုကို ကြိုကြသည်။ သူတို့ ပျော်ကြသည်။

အမေ့လက်ကလေးကို ထိခွင့် နှုတ်ဆက်ခွန်းသခွင့်လေး ရလိုက်လျှင်ပင် သူတို့မျက်နှာလေးတွေ ၀င်းကနဲ ပ သွားကြသည်။ စိုနေသော ချွေးတို့အကြားမှ အမောကို လွန်သော အပြုံးများနှင့် အမေ့ကို ကြိုကြသည်။ တချို့က အော်ကြသည် ခွပ်ဒေါင်းတို့ ဘုရင်မ အမေ ကျမ်းမာပါစေ တဲ့။ ကျနော် ခရမ်းသုံးခွ ဘက်ရောက်မှ ယခုလို အသုံးအနှုန်းကို ကြားဖူးသည် ထင်မိပါသည်။ သုံးခွ ခရမ်းသားတို့သည် အမေ့ကို ဘုရင်မ တပါး အလား တင်စား သုံးနှုန်း ဂုဏ်ပြုကြွေးကြော် ကြသည်။ ပြီးတော့ တောပန်းလေးတွေ ဒေသထွက် ပန်းတွေကို လက်ဆောင် အဖြစ်ပေးကြသည်။ သူတို့ ပျော်ကြသည်။ ခရမ်းကို ၀င်တော့ ညနေ ၆ နာရီခန့်ရှိပေပြီ။ လူထုကား တိုးမပေါက်အောင် များပြားလှဆဲ။ ကား ပတ်ပတ်လည်တွင် ပိသိပ်ကျပ်ထုပ်နေအောင် တိုးဝှေ့ပြီး အမေစုကို မြင်အောင် ကြည့်ကြသည်။ ကျမ်းမာပါစေ။ တိုင်းပြည်ကို တိုးတက်အောင် လုပ်ပေးနိုင်ပါစေ။ ဆင်းရဲတွင်းက လွတ်ကင်းအောင် ဦးဆောင်နိုင်ပါစေ စသည်ဖြင့် အမျိုးစုံ ဆုတောင်းသည်။ ဆုတောင်းသံ တိုင်းကို လူထုခေါင်းဆောင် အမေစုက ပြန်လည် ခွန်းတုန့်နှုတ်ဆက်သည်။ ပြည့်ပါစေနော်၊ တိုးတက်အောင်ဲလုပ်ဖို့က ပြည်သူလူထုရဲ့ အားလည်း လိုတယ်နော် ။ အားလုံး ၀ိုင်းလုပ်မှ ရမယ် စသည်ဖြင့် လူတိုင်းချစ်သော အပြုံးလေးဖြင့် အမေ တုန့်ပြန်သည်။ အပြုံးကား မလျော့။

လူထုကြီး တွေ့မြင်သမျှအားလုံးကို စူးစိုက်ကြည့်ရင်း အမေ့ အပြုံးသည် အနာဂတ် နိုင်ငံတော် အတွက် ပြင်ရန် ဆင်ရန်၊ ထိန်းကျောင်း လမ်းပြရန် အချက်အလက်များအား တွေးတော နေလေသလား မသိ။ ခရမ်းမြို့ ဟောပြောရမည့် လယ်ကွင်း အစပ်သို့ ယာဉ်တန်း ဆိုက်ရောက်လာသော အခါ လူအုပ်ကြီးနှင့်အတူ ရောယှက် ကြိုဆိုနေသည်ကား အဖြူရောင် ဖုန်လှိုင်းကြီးပင်။ လူထုကြီးရော စီးနင်းလာသည့် ကား ခေါင်မိုးအပေါက်ငယ်မှ ကိုယ်တပိုင်း ပေါ် မတ်မတ်ရပ်ကာ လိုက်ပါလာသည့် အမေစု ရော အားလုံးခမျာ ဖုန်လှိုင်းကြီးဧ။် ပွေ့လွှမ်းဆင်ယင်ခြင်းကို ခံလိုက်ရသည် ။ အားလုံး ဖွေးဖွေးဖြူကုန်တော့သည်။ ဆံစ တွေသည် ချက်ချင်း ဇရာအသွင်ပြောင်း အဖြူရောင်သန်းကုန်သည်။ မျက်တောင်ပါ မကျန် ဘိုဖြူဖြစ်ကုန်သည်။ သို့သော် အားလုံးကား အပြုံးမပျက်။ အမေ့ကားနောက်မှ လူအုပ်ကြီးကား ခပ်သုတ်သုတ် လိုက်လာကြသည်။ လူအုပ်ခပ်ကျပ်ကျပ်ထဲ ကားကိုလှိမ့်ဝင်သော အခါ သုံးခွ ခရမ်းသူ အမျိုးသမီးလေး တချို့ အမေ့ကား အနားမှ ကပ်ရံပြီး လူအုပ်ကြီးအတွင်း ကားမောင်းဝင်ရေး အဆင်ပြေစေရန် လက်ချင်းချိတ်ကာ အကူညီပေးသည်။ သူတို့ အမျိုးသမီးငယ်ငယ် လေးတွေ မှာ လူအုပ်ကြီး အတိုးအဝှေ့ကို တောင့်ခံပြီး သူတို့ချစ်သော အမေစု ကား အဆင်ပြေချောမောစွာ လူအုပ်အတွင်း ဖြည်းဖြည်း မောင်းနှင်နိုင်စေရန် ကူညီပေးသည်။ ကားသည် စကားပြော စင်မြင့် ရှေ့ရောက်ပါပြီ။

ကျနော့် အနီးမှ ထို အမျိုးသမီးငယ်လေးတို့တွင် စီးစရာ ဖိနပ် ပါမလာတော့ လူအုပ်ကြီး အတိုး အနင်းတွင် သူတို့ ဖိနပ်ကျွတ်ခဲ့လေပြီ။ ဒါလည်း သူတို့ အပြုံးမပျက် အမေစု မျက်နှာကိုသာ သာဝန်းပြည့်ဖြိုးသော လပြည့်ည လမင်းဝိုင်းဝိုင်းအား ကြည်နူးစွာ မော့ကြည့်ကြသည့်နှယ် သူတို့ အပြုံးတွေ ဖြာနေကြသည်။ ကျနော် အမေ့ကား အနီးမှ နေပြီး သုံးခွ ခရမ်းသူ ဒေသခံတို့အား ဝေ့၀ိုက် အကဲခတ်နေမိသည်။ သူတို့သည်လည်း ကျနော်တို့ ခေါင်းဆောင် ကျနော်တို့ အမေကို ကျနော်တို့ချစ်သည်ထက် မလျော့သော လေးစားမြတ်နိုးချစ်ခြင်း အပြည့်ရှိကြပါပေသည်ဟု သတိပြုလေးစားမိလာသည်။

အမေ စကားပြောမည့် စင်ပေါ် တက်သွားသည်။ လူအုပ်ကြီးကား စင်ရှေ့ နောက် ဘယ်ညာ ၀ိုင်းပတ်လျက် သူတို့ချစ်သော ပြည်သူ့ ခေါင်းဆောင် လူထုခေါင်းဆောင်ကို အနီးဆုံးမြင်လိုဇော က ဖုန်လည်းမမှု၊ လူတိုးလည်း မကြောက်၊ ပြုံးရင်း တိုးသည်။ တိုးရင်းပြုံးသည်။ အမေ့ကား အနားမှာ ကျနော် ရပ်ကျန်ခဲ့သည်။ အမေ လူထုကို စကားတွေ ပြောသည်။ လက်ခုပ်သံတွေက မဆဲ။ အမေ့မိန့်ခွန်းပြီးပြီ။ အပြန်ခရီးတွင်လည်း လူအုပ်က တိုးမပေါက် ပို၍ပင် ရှုပ်ထွေးကျပ်တည်းသည် ထင်ရသည်။ လူတွေ ခြေထောက်ကို ကားဘီး မနင်းမိစေရန် မနည်းတောင်းပန်ရသည်။ ကျနော်က ခြေထောက်လေးတွေ ဂရုစိုက်ပါခင်ဗျာ။ ဘီးနဲ့မလွတ်ပဲ နင်းမိမှာစိုးလို့ပါနော် လို့ တောင်းပန်စကားနဲ့ ဆိုသော်လည်း တချို့ကား အမေ့ကားနဲ့ ကြိတ်မိလို့ကတော့ ဘာပြတ်ပြတ် ခံရဲတယ် ဆိုသတည်း။ အမေ့ကို ဤမျှ ချစ်ကြသည် ဆိုလျှင် အမေဦးဆောင်ပြီး တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုများသည် ယခုလို ရဲရင့်ရိုးသားသော ပြည်သူ့အားများနှင့် ပေါင်းစုအညီ ဟန်ချက်စီလိုက်မည် ဆိုပါက ကျနော်တို့မျှော်လင့်သော ငြိမ်းချမ်းသည့် အနာဂတ်ကား မဝေးတော့ဟု ရဲရဲ ဆိုရပေလိမ့်မည်။ အမေ့ စကားတခွန်းကိုသာ ကျနော် မှတ်မိလိုက်သည်။

အိမ်တအိမ်တွင် အမေရှိရင် ထမင်း မငတ်ဘူး ဆိုသော ကြွေးကြော်သံအပေါ် အမေစုက တုန့်ပြန်မေတ္တာဓါတ်ပေးခြင်းလည်း ဖြစ်ပေလိမ့်မည်။ အမေတယောက်ထဲနဲ့ ထမင်း မငတ်အောင် လုပ်မပေးနိုင်ဘူး။ ဆန်ရှာပေးတဲ့ လူလည်း ရှိရမယ်။ မီးမွှေး ဆန်အိုးဆေး ပေးတဲ့သူလည်း ရှိရမယ်။ အားလုံးနိုင်ရာ တာဝန် ၀ိုင်းထမ်းမှ အမေလည်း ထမင်း ချက်ပေး နိုင်မှာပေါ့။ တဲ့.......................] အားလုံးအောင်မြင်စွာ ပြီးစီးသွားလေပြီ အမေ့ကားလည်း လုံခြုံဘေးကင်းစွာ ပြန်လည်ထွက်ခွါသွားနိုင်ပြီမို့ ကျနော်လည်း ကြုံရာ လမ်းကြုံ ကားဖြင့် တက်လိုက်လာခဲ့သည်။

အပြန် ယာဉ်တန်းကြီးကား ည အမှောင်လမ်းကြီးအတွင်း မဆုံးသော မီးလုံး အလင်းတန်းကြီးဖြင့် ကား အစီးရေ တရာကျော်မက ရှိပေလိမ့်မည်။ ကျနော့် တကိုယ်လုံးတွင်လည်း ဖုံတွေ သဲတွေ ချွေးတွေဖြင့် လူလည်း မျောက်ရုပ်ပေါက်နေပေပြီ။ သို့သည့်တိုင် ကျနော် ပျော်သည်။ ကျနော်လေးစားမြတ်နိုးရသော လူထုခေါင်းဆောင် အတွက် နိုင်ရာနေရာမှ တတ်စွမ်းသရွေ့ ကူညီခွင့်ရလိုက်သည်ကိုပင် ပီတိဖြာနေသည်။ ကျနော့်လိုပင် တိုင်းပြည်ကို ချစ်သော ငြိမ်းချမ်းရေးကို မြတ်နိုးသော တပ်မတော်သား စစ်မှုထမ်း ဟောင်းများ အားလုံး ပြည်သစ်တည်နိုင်မည့် ယနေ့ အခါအခွင့်ကို အကျိုးရှိစွာ အသုံးချပြီး အတိတ်တွေကို သင်ခန်းစာ ဖေါ်ထုတ် သုံးသပ်ကာ အနာဂတ်အတွက် အားလုံး အတူလက်တွဲပြီး နိုင်ငံတော်သစ်ကို တည်နိုင်ကြပေလျှင် ကောင်းပေစွ လို့ စိတ်ထဲ ကြိတ်တွေးကြည်နူးရင်း ဘတ်စ်ကားထဲတွင် အတွေးတွေနယ်ကျွံနေမိသည်။

ပင်ပန်းလာသမျှတို့ မေ့ပျောက်ပြီး အနာဂတ် နိုင်ငံတော်သစ် တိုးတက်မှု အပြည့်ဖြင့် ဆင်းရဲခြင်းပျောက် ငြိမ်းချမ်းခြင်းသို့ ရောက်မည့်နေ့ကို မျှော်တွေးကြည်နူးရင်း မျက်လုံးကို မှိတ်ကာ လိုက်လာခဲ့သည်။ တချက် သတိဝင်လာပြီး ဘေးဘီသို့ လှည့်ကြည့်မိသော အခါ အတူတူ ကားစီးလာသော ခရီးသည်များ ထဲမှ အချို့သည် ကျနော့်အား မသတီသလို သော်လည်းကောင်း သနားစရာ လူတယောက် အနေနဲ့ သော်လည်းကောင်း ကြည့်နေကြသည်ကို သတိထားမိသည်။ ထိုအခါမှ ကိုယ့်ဘာသာ ပြန်ကြည့်မိတော့သည်။ ကျနော့် မျက်လုံးတို့ မှိတ်နေသည်။ ၀တ်ထားသော လည်ကတုံး အကျီမှာလည်း မြေနီတို့က မြေကွင်းပြင်ပေါ်တွင် ကျနော်မူးလဲလူးလှိမ့်ထားသည့်နှယ်။ ခေါင်းတွင်လည်း မြေနီတို့ ရဲရဲ ခြေဖ၀ါးမှ ဖိနပ်သည်လည်း မြေနီတို့ရဲရဲ၊ တကိုယ်လုံးလည်း ရဲရဲ။ အတူစီး ခရီးသည်တို့ကတော့ ထင်ပေလိမ့်မည်။ ကျနော်သည် အရက်အမူးလွန်ပြီး မြေပြင်ကို ရေပြင်ထင်ကာ ၀မ်းလျားမှောက် လူးလှိမ့်ကာ အခု အမူးမပြေ့တပြေဖြင့် အိမ်သို့ပြန်လာသည့် အမူးသမား တယောက် ငမူးငရူး တယောက်ဟုပင် ထင်ကြပေလိမ့်မည်။ အချိန်ကလည်း သေရည်မင်းသားတို့ ပြန်ချိန် ည ၉ နာရီ ၀န်းကျင်ပင် ဖြစ်နေလေပြီကိုး။ ကျနော် ကြိတ်ပြုံးမိပါသည်။ ကျနော် ဘာကြောင့် အခုလို မျောက်ဖြူပေတလူ ဖြစ်ရသည် ကို ကျနော်သာ သိပါသည်။ ဘေးဘီက ခရီးသည်တွေ ဘယ်လိုထင်ထင် ကျနော် မရှက်အားပါ။ အချိန်တွေက စကားပြော လာပါလိမ့်မည်။

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610







ဒီနေ့အတွက် ကျမ်းစာ ( ၃ )

သည်းခံခြင်းဟာ ရန်လိုခြင်းထက်ကောင်းတယ်
ရန်လိုခြင်းဟာ ရန်ရှာခြင်းထက်ကောင်းတယ်
ရန်ရှာခြင်းဟာ စိတ်မထိန်းနိုင်ခြင်းထက်ကောင်းတယ်
လူတွေက မီးလောင်မှာကြောက်ပေမယ့်
မီးစ သေးသေးလေးတွေ ကို ဂရုမစိုက်ကြဘူး . . .

အဓိက ပြသနာက
လူတိုင်းဟာ မှန်လိုကျင့်သုံးကြတာဖြစ်တယ်
ဟိုဘက်ကလူ မဲ့ရင် လိုက်မဲ့တယ်
ဟိုဘက်ကလူ ပြုံးရင်လိုက်ပြုံးတယ် . . .

တချို့တွေကလည်း
ဟိုဘက် က မဲ့ရင် ဒီဘက်ကမဲ့တယ်
ဟိုဘက်က ပြုံးသွားရင်တောင် ဒီဘက်က ဆက်မဲ့နေတယ်
စလိုက်ရင် အဆုံးသတ်မရတဲ့ ပုံပြင်တွေ ဖြစ်တယ် . . .

တချို့တွေကလည်း
ဟိုဘက်က ပြုံးပြနေရင်တောင် ဒီဘက်က မဲ့တယ်
ဟိုဘက်က မဲ့ ရင်တော့ ဒီဘက်က မဲ့ရုံမက မဲပါ မဲသွားတယ်
အဆုံးသတ် ဆိုးဝါးတဲ့ ပုံပြင်တွေဖြစ်တယ် . . .

အထင်မမှားပါနဲ့ မိတ်ဆွေ
သည်းခံခြင်းတရား ဇတ်လမ်းအကြောင်း
ဟောပြောဖို့ မဟုတ်ရပါဘူး
ဒါပေမယ့် မျက်လုံးတလုံးအတွက် မျက်လုံးတလုံး
သွားတစ်ချောင်းအတွက် သွားတချောင်းကလည်း
တောတွင်း ဥပဒေ ဆန်လှပါတယ် . . .

တကယ်တော့
ပြသနာဖုံး နေတဲ့ ဒီကမ္ဘာလုံးပေါ်မှာ
ရှင်သန်နေထိုင် ရတော့လည်း
ခဏခဏ မီးစ ရှို့ခဲ့မိပါရဲ့ . . .


 မာဃလုလင်











ဇာဂနာနဲ့ ပက်သက်သမျှ(နိုင်ငံရေး ကြောက်ပါတယ်ဆို အော်.....ရပြန်ပြီ)

အခုတလော့ဖေ့စ်ဘုတ်စ်တွင် ကိုသူရ(ဇာဂနာ)ပက်သက်သည့် အကြောင်းအရာတွေတော်တော်များမျာ
းဖတ်ရသည် ဝေဖန်ချက်တွေ

ဖြစ်ပါသည်။ကျနော်သူ့ ကိုဝေဖန်လို့ လဲ ဘာမှမဖြစ်ပါ ကျနော့်ကိုဝေဖန်လာရင်လဲဘာမှဖြစ်မည်မဟုတ်ပါ။အမှန်တရားနှင့်စေတနာတော့

"နာ"သည်ဟုပြောရပါမည်။အမေရိကန်သမ္မတ ထရူးမင်း ပြောသည့် စကားအမှတ်ရပါသည် "မီးပူမှာကြောက်လျှင်မီးဖိုချောင်ထဲမ၀င်နဲ့ "ဆို

သည်ပင်ဖြစ်ပါသည်။ကျနော်တို့ မီးဖိုချောင်ထဲမှာပါ။

အခုကိုဇာဂနာ ABမြောက်ပိုင်းကိစ္စကို ပြောသွားသည့် အကြောင်းအရာနှုင့် ပက်သက်၍ တော်တော်များများမခံမရပ်နိုင်ဖြစ်နေကြသည်

ကိုကျနော်တွေ့ ရပါသည်။ကျနော်တို့ အားလုံးမြောက်ပိုင်းကိစ္စကိုဝမ်းနည်းကြမည်မှာ မြန်မာတပြည်လုံး
ပင်ဖြစ်ပါသည်။သို့ ပေမယ့် သူထို

သို့ ပြောသွားခြင်းမှာရည်ရွယ်ချက်တခု သို့ သူ့ အမြင်တခုကိုဖော်ထုတ်ပြခြင်းလဲဖြစ်ပါသည်။တကယ်တမ်းဆိုလျှင် အခုအချိန်မှာ ကိုယ့်

ပေါင်ကိုယ်လှန်မထောင်းနေသင့်ပါ။အားလုံးတိုင်းပြည်အတွက်လက်တွဲတိုက်ရင်း အာဏာခြက ယုံကြည်ချက်ကိုကိုက်သွားခြင်း

ဖြစ်ပါသည်။သူဆိုလိုချင်သည်မှာ ဘာပဲဖြစ်ဖြစ်အခုတော့ပါးစပ်ကလေးပိတ်ပြီး စည်းလုံးနေကြဖို့ ကိုရည်ရွယ်သည်ဟုကျနော်မြင်ပါသည်။

ကျနော်ထို့ အပြင် ဆောင်းပါးတွေထဲမှာတွေ့ လာသည်က ခင်ညွန့် ကိုဇာဂနာသွား၍ဖက်လှဲတကင်းကိစ္စဖြစ်ပါသည်။တော်တော်လေးလဲ

စိတ်ပျက်မိပါသည်။ပြည်ပရောက်နိုင်ငံရေးသမားတွေလဲပါလို့ ပါခင်ဗျ။ခင်ညွန့် ကို သိန်းစိန်တို့ ဘာလို့ လွှတ်လဲပထမဆုံးသုံးသပ်ရပါမည်

အဘယ်ကြောင့်ဆိုသော် ခင်ညွန့် ကိုလွှတ်ပြီး လူထုမကျေမနပ်နဲ့ ဘာအသံထွက်မလဲ သွေးတိုးစမ်းခြင်းဖြစ်ပါသည်။အခုအစိုးရအဆောက်

အအုံထဲတွင် ပြောင်းလဲလိုသူ အကယ်၍ပြောင်းလဲလာခဲ့လျှင်လဲ သူတို့ အန္တရာယ်ကို ကြိုတင်တွက်ဆမှုတခုပါ။ထိုအရာကို ကျနော်တို့ က

အညှိုးနဲ့ တုန့် ပြန် ဖြိုခွဲလိုက်ရင် ယိုင်လာစ လားရာ နောက်ကြောင်းကောက်ကောက်ပါပြန်လှည့် သွားမည်သာဖြစ်ပါသည်။သုံးသပ်စေလို

ပါသည်။ဇာဂနာ့လုပ်ရပ်မှန်သည်ဟုကျနော်မြင်ပါသည်။သို့ သော်ရေရှည်မကြည့် သူများအတွက် ၀မ်းနည်းမိပါသည်။။ထို့ အပြင်ဒေါ်အောင်ဆန်းစုကြည် သိန်းစိန်အစိုးရနဲ့ ကမ်းလှမ်းတုန်းကကော မေးချင်ပါသည်။နောက်ကျတော့ရလာဒ်ထွက်ပါသည်။ကျနော်မျိုး မိတ်ဆွေတို့ ရဲ့ ဥာဏ်အရောင် တိမ်မယောင်နဲ့ နက်စေချင်ပါသည်။

ထို့ အပြင်ဇာဂနာအကျဉ်းထောင်တွင်းမှာဘာသာပြောင်းမည်ဟုဆိုသည့် ကိစ္စကို မကျေမနပ်နဲ့ ဖြစ်ကြပါသည်။ဝိုင်း၍လဲဆော်ပါသည်။

သူဘာကို အဓိကတိုက်ခိုက်လိုက်လဲမမြင် သူ့ ကိုသာအပြစ်ဖို့ ဖို့ မြင်ကြပါသည်။ကျနော်ပြောချင်သည်က ဗုဒ္ဒဘာသာထွန်းကားပြီးဆွမ်းကပ် ခြင်းကြောင့်သူအဖမ်းခံရသည့် ကိစ္စနှင့်စပ်လျှဉ်း၍ သူအစိုးရကိုဆန့် ကျင်ခြင်းကို အကောင်းမမြင်သည့် လူ့ အန္ဒများအတွက် တော့ စိတ်ပျက်မိပါသည်။

ပြီးတော့ လူပျက်ဟုသုံးနှုန်း၍ ဝေဖန်လာသည်များရှိပါသည်။အနုပညာကိုမစော်ကားသင့်ပါ ထိုတချက်ကိုအလေးအနက်စဉ်းစားစေ

ချင်ပါသည်။ထို့ အပြင် ဒီမိုကရေစီဟုအော်နေသူများပါသည့် အတွက် ပို၍ပင် စိတ်ပျက်သထက်ပျက်လာပြန်ပါသည်။ဒီမိုကရေစီ

စနစ်တွင် လွတ်လပ်စွာအမြင်ကွဲလွဲခွင့်ရှိပါသည် သို့ သော် လူတဦးချင်းအပြန်အလှန်လေးစားမှုဆိုတာ အရေးကြီးသည့် အခန်းမှာပါဝင်

နေပါသည်။

ထို့ အပြင် တိုင်းပြည်ကနုပါသည်။ထိုတပြိုင်နက်ထဲ ဗားတော့ဗရက်ကို သတိရမိပါသည် သူ့ ကဗျာစာသားတကြောင်းက အခုအချိန်မှာ

အများကြီးအထောက်အကူပေးနေသလိုဖြစ်နေပါသည်"နှင်းတွေဒီလောက် ထန်နေရင် ပဲပင်ပေါက်ပင်ကလေးတွေဘယ်လိုရှင်သန်နိုင်မလဲကွယ်" တိုင်းပြည်ကနုပါသည်။ပဲပင်ပေါက်လို ကိုယ့်အစေ့ကိုယ်ဖောက်ထွက်ကိုယ့်ကိုယ်ကိုပြန်ရုန်းထနေရပါသည်။ နှင်းတွေထန်မဲ့အစား ရှေရှည်
ကိုကြည့် ကြပါလို့ ပြောချင်ပါသည်။။။

လေးစားစွာဖြင့်

ဒေါင်းခေတ်

--

          

 မာဃလုလင်











----------








ဖွဲ့စည်းပုံခြေခံဥပဒေကို ပြင်ရမည်ဟု RNDP ပြော




ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လျှင် ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ရေး အလှမ်းဝေးနေဦးမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ပြောဆိုလိုက်သည်။


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးလှစော စာတမ်းဖတ်ပွဲတွင် ပြောကြားနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ဒို့ရိုးရာ စားသောက်ဆိုင်တွင် ယမန်နေ့က ကျင်းပသော "ရခိုင်သယံဇာတ ရွှေသဘာဝ ဓာတ်ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ် တခုလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေးအဖွဲ့၏ စာတမ်းဖတ်ပွဲ" တွင် RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစောက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လိုအပ်ချက်အရ ပြုပြင်ရမည်ဖြစ်ကြောင်း၊ ဥပဒေပြင်ဆင်ခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတခုအဖြစ် RNDP က ခံယူကြောင်း၊ တိုင်းရင်းသားများအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးနှ
င့် ဒေသထွက် သယံဇာတများကို ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုခွင့်ရှိရေး အပါအ၀င် တန်းတူအခွင့်အရေးများ ရရှိစေရေးအတွက် အခြေခံဥပဒေကို ပြင်ဆင်သွားရမည်ဖြစ်ကြောင်း ဦးလှစောက ပြောသည်။

ဦးလှစောက "ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်ဘူး။ ဒါပေမယ့် စစ်အာဏာရှင်စနစ် ကျဆုံးဖို့ ရခိုင်ပြည်သူတွေက ကျနော်တို့ကို မဲပေးခဲ့တယ်။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုရမယ်၊ ပြဋ္ဌာန်းပေးရမယ်။ ဒီနေရာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ပြည်ထောင်စုထဲက သီးခြားခွဲထွက်ပြီးတော့ ရခိုင်သမ္မတနိုင်ငံ၊ ရှမ်းသမ္မတနိုင်ငံ ထူထောင်ဖို့ ပြောတာမဟုတ်ဘူး။ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်တဲ့၊ စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုသစ်ကြီးကို မျှော်မှန်းပါတယ်" ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် NLD ၏ မူဝါဒတခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းအစိုးရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားများဘဝသည် နိမ့်ကျလျက်ရှိကြောင်း လွတ်လပ်ရေး အရစောသော်လည်း အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့် ယခုကဲ့သို့ နိုင်ငံ ဆင်းရဲနေရခြင်းဖြစ်ကြောင်း ထုတ်ဖော်ဝေဖန်လိုက်သည်။

"လွတ်လပ်ရေးရရင် ပိုပြီးချမ်းသာလာရမယ်၊ ပိုပြီး တိုးတက်လာရမယ်၊ ပိုပြီးအောင်မြင်လာရမယ်၊ ဒါလေးတွေက အင်မတန် သုံးသပ်စရာလေးတွေ ဖြစ်ပါတယ်။ လွတ်လပ်ရေးအပြစ် မဟုတ်ပါဘူး။ အုပ်ချုပ်တဲ့သူ စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့လို့ပဲ ကျနော်ခံယူပါတယ်။ အခုဟာက ကောင်းမွန်တဲ့ စနစ်တခုကို Democratization သွားနေပါပြီ။ ဒီ Democratization ကို ကျနော်တို့တွေက မှန်ကန်တဲ့ လမ်းကြောင်းကို ရောက်ရှိအောင် အားလုံးက ၀ိုင်းဝန်းပြီးတော့ တွန်းအားပေးဆောင်ရွက်ဖို့လိုနေ ပါပြီ" ဟု ဦးဇော်အေးမောင်က ပြောသည်။

RNDP မှ ဒု ဥက္ကဋ္ဌ ဦးတင်ဝင်းက ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတများစွာ ပိုင်ဆိုင်ထားသော်လည်း မြန်မာနိုင်ငံတွင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တခုဖြစ်နေကြောင်း၊ ရခိုင်ကမ်းလွန်မှ ထွက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့မှ နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံချီ ၀င်ငွေရရှိသော်လည်း ပြည်နယ်ဖွံ့ဖြိုးရေး မဆောင်ရွက်ပေးကြောင်း၊ အထူးသဖြင့် လျှပ်စစ်မီးရရှိရေးအတွက် လွှတ်တော်တွင် အဆိုများတင်သွင်း ခဲ့သော်လည်း အစိုးရ၀န်ကြီးများက ပြည်နယ်အတွင်း ရေအားလျှပ်စစ် စီမံကိန်းများပြီးမှသာ မီးရရှိရေး ဖြစ်နိုင်မည်ဟု ပြောဆိုကြောင်း၊ ရေအားလျှပ်စစ် စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စစ်တမ်းများ ပြုလုပ်ရသည့်အပြင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည့်အတွက် ယင်းစီမံကိန်းများကို အယုံအကြည် မရှိကြောင်း ပြောဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်တခုလုံး မီးလင်းနိုင်ရေးအတွက် ရွှေသဘာဝဓာတ်ငွေ့သုံး ၁၅၃.၃ မီဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သော ကျောက်ဖြူ ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရန် တောင်းဆိုကြောင်း၊ ယင်းစက်ရုံအတွက် ကုန်ကျစရိတ်၊ ဓာတ်အားလိုင်းများ သွယ်တန်းခစရိတ် အပါအ၀င် စုစုပေါင်းခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၂၁၀ ကုန်ကျမည်ဖြစ်ကြောင်း၊ ရခိုင်တပြည်နယ်လုံး မီးလင်းအောင် ပြည်ထောင်စုအသီးသီးရှိ အဖွဲ့အစည်းများအားလုံး စုစည်းညီညွတ်စွာ ပူးပေါင်းတောင်းဆိုပေးကြလိုကြောင်း ဦးတင်ဝင်းက ဆက်လက်ပြောသည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းသည် ရခိုင်ပြည်နယ် ကမ်းလွန်လုပ်ကွက် A1 နှင့် A3 မှထွက်ရှိသော ဓာတ်ငွေ့ဖြစ်ပြီး လေ့လာချက်များအရ သဘာဝဓာတ်ငွေ့ ခိုအောင်းမှုပမာဏ စုစုပေါင်း ၅ ထရီလီယံကုဗပေမှ ၉ ထရီလီယံကုဗပေ ရှိကြောင်း၊ ယင်းစီမံကိန်းတွင် တရုတ်နိုင်ငံ CNPC ကုမ္ပဏီ၊ တောင်ကိုရီးယား Daewoo International, အိန္ဒိယ Oil & Natural Gas Corp ကုမ္ပဏီ၊ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ တောင်ကိုရီးယား Korean Gas Corporation, အိန္ဒိယ Gas Authority of India Limited တို့က ရင်းနှီးမြုပ်နှံထားကြောင်း၊ ၂၀၁၃ ခုနှစ် မေလမှ စတင်ကာ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကွေ့ကျိုးနှင့် ကွမ်းရှီး ပြည်နယ်များအထိ သွယ်တန်းထားသော ပိုက်လိုင်းများမှတဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပုံမှန်ရောင်းချသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

ရခိုင်သယံဇာတ ရွှေသဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ်တခုလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေး စာတမ်းကို RNDP ဒု ဥက္ကဋ္ဌ ဦးတင်ဝင်းက ဖတ်ကြားပြီး ပရိသတ် ၃၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။


-- ဧရာဝတီ သတင်းဌာန မှ
          


 မာဃလုလင်

Monday 27 February 2012



Posted: 27 Feb 2012 05:58 AM PST
ရွှေတိဂုံဘုရား နှစ်(၂၆၀၀) ပြည့်ဘုရား
ပွဲတော်ဈေး၌ BG သွေးအကူအညီပေးရေး
 အဖွဲ့ဝင်များမှ ရံပုံငွေ အမှတ်တရ ဆိုင်နှစ်
ဆိုင် ဖွင့်လှစ် ရောင်းချခဲ့ပါတယ်..။

ယခင်ကလည်း ယခုကဲ့သို့
 ဈေးရောင်းပွဲများ ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့
 အမြတ်ငွေများအား မိဘမဲ့ကလေးများ၊
လမ်းပေါ်မှ ကလေးများ
အမှိုက်ကောက်ပြီး ဝမ်းစာရှာနေရတဲ့
ကလေးတွေ ပညာရေးအတွက်
လိုအပ်တဲ့နေရာတွေမှာ အသုံးပြုခဲ့ပါတယ်
..။ မိမိတို့ရဲ့ ကိုယ်ပိုင် ဝမ်းစာရှာဖွေနိုင်ရန်
အတွက် ကွန်ပျူတာသင်တန်း၊
ယဉ်ကျေးလိမ်မာ ဘာသာရေးသင်တန်း။
စက်ချုပ်သင်တန်း၊ ဆံပင်ညှပ်သင်တန်း၊
အခမဲ့ပညာဒါနအနေနဲ့ သင်ကြားပေးနေ
ပါတယ်..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနဲ့ ဖွဲ့စည်းထားတဲ့BG ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့
 သွေးအကူညီပေးရေးနှင့် အသိပညာ အတတ်ပညာ သင်ကြားပေးရေး ပညာဒါနတွေဖြစပါတယ်..။
ယခု ဘုရားပွဲတော်မှာ ရောင်းလို့ရတဲ့ အမြတ်ငွေတွေကိုလည်း ပညာရေးမှာ အသုံးပြုသွားဖို့အတွက် BGအဖွဲ့နဲ့
 ကျောင်းသားတွေ ဆရာတွေမှ ၀ိုင်းဝန်းပြီးကူညီ ရောင်းချပေးခဲ့ ကြကြောင်း သိရှိရပါတယ်..။
အနာဂတ်ရဲ့ ကလေးငယ်များရဲ့ ပညာရေးအတွက် BG သွေးကူညီရေးအဖွဲ့မှာ သွားရောက် လှူဒါန်းနိုင်ပါတယ်..။

ဓာတ်ပုံများအတွက် ညီငယ်လေး လင်းဆက်အား ကျေးဇူးတင်ပါသည်။
Posted: 26 Feb 2012 12:08 PM PST
တို့ပိုင်တဲ့မြေ
ကဗျာရှင် နေရဲနီ
တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ......တို့ပြေ
များလူခပ်သိမ်းငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြေ.........တို့မြေ ။
(နိုင်ငံတော်သီချင်း ခြေဆင်း အပိုဒ်မှ)

မန္တလေး ကျောက်ပွဲမှာ တရုပ်ကမြန်မာကိုထိုးတယ်။
အထိုးခံရတဲ့ ကိုရွှေမြန်မာ ဆေးရုံတက်လိုက်ရပေမဲ့
ထိုးလိုက်တဲ့ ပေါက်ဖော်ကိုတော့
လည်ပင်းဖက်ခေါ်သွားတယ်။

ဟော်တယ်က ဧည့်ကြိုမြန်မာ အမျိုးသမီးကို
နိပွန်ကြီးက ပါးရိုက်တော့
အရိုက်ခံရတဲ့ မြန်မာအမျိုးသမီး
တနေ့လုပ်မှတနေ့စားရတဲ့သာမန်ပြည်သူ
ဟော်တယ် ဝန်ထမ်းတစ်ယောက်ကို
မြန်မာတရားသူကြီးက သိန်း၁၀၀ တန်
အာမခံလူ၂ယောက်တောင်းသတဲ့။
မရရင် အဖမ်းအချုပ်ခံရမယ်ဆိုဘဲ။

တိုင်ရီဖိနပ်စက်ရုံမှာ လုပ်အားနဲ့ လုပ်ခ မမျှတ
လစာတွေ ခေါင်းပုံဖြတ်ခံရလို့
ဆန္ဒပြနေကြတာ ရက်အတန်ကြာခဲ့ပြိ။
တာဝန်ရှိတဲ့ အလုပ်သမားရေးရာဌာနက
ဖြေရှင်းမပေးနိုင်လို့
စေတနာ့ဝန်ထမ်း ရှေ့နေတွေနဲ့
တရားရုံးတက်ဖို့ စီစဉ်နေကြပြီ။

တနင်္သာရီ ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းမှာ
အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ
လူကိုလူလို ဆက်ဆံခြင်း မခံရတဲ့ကိစ္စ
အလုပ်သမား တစ်ယောက်ရဲ့ရပိုင်ခွင့်တွေ
ဆုံးရှုံးနေရတဲ့ကိစ္စ
တာဝန်ရှိသူတွေ မသိကျိုးကျွံ ပြုနေကြ။

တရုပ်က သွယ်တန်းတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကြောင့်
မဖြစ်စလောက် လျော်ကြေးနဲ့
ဘိုးစဉ်ဘောင်ဆက် တစ်သက်လုံး လုပ်ကိုင်စားလာတဲ့
လယ်သမားယာသမားတွေ
လယ်ပျောက် ယာပျောက်ဖြစ်ပြိး
နောင်လာမဲ့ သားမြေးစဉ်ဆက်
ဘဝတွေပျက်ပြီး ထမင်းအိုးပျောက်ရမှာက
မိုင်၆၀၀ကျော် ပိုက်လိုင်းတစ်လျှောက်မှာ
နေထိုင်ကြတဲ့ပြည်သူတွေ။

ကြောင်သူတော် အခွင့်အရေးသမားတွေ
ဟိုအကြောင်းပြ ဒီအကြောင်းပြ
အာဏာပိုင်တွေနဲ့ပေါင်းပြီး
ရိုးသားတဲ့ တောသူတောင်သားတွေရဲ့လယ်မြေယာမြေတွေကို
မတရားသိမ်းယူနေတာက နိုင်ငံအနှံ့။

ဈေးသစ်ဆောက်မယ့် အကြောင်းပြချက်နဲ့
ဈေးဟောင်းကိုဖျက်လို့ တသက်လုံး လုပ်ကိုင်စားလာတဲ့ ဈေးသည်တွေ
ဆိုင်ခန်းပျောက်ပြီး ဘဝပျက်ရတာက
မြန်မာပြည်တစ်ဝှမ်း ရှိရှိသမျှမြို့အနှံ့။

ရိုးသားတဲ့ ပြည်သူတွေအပေါ်မှာ
အာဏာနဲ့ ချောက်ပြီး
တစ်ကျပ်ရ တစ်ကျပ်စား တစ်မတ်ရ တစ်မတ်စား
မတိုင်ရဲ မတောရဲ မပြောရဲမဆိုရဲ
ငုံ့ခံနေကြရတဲ့အဖြစ်တွေက
မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသအနှံ့။

၁၉၆၂ ခုနှစ်ကစခဲ့တဲ့ တိုင်းရင်းသားတွေရဲ့
စစ်ပြေးဒုက္ခသည်ဘဝက
ယနေ့ထက်တိုင် မလွတ်မြောက်သေး။

အခွင့်အရေးသမားတို့
အတ္တသမားအာဏာပိုင်တွေနဲ့ပေါင်းပြီး
ပြည်သူလူထုအပေါ်မှာ ခေါင်းပုံဖြတ်အမြက်ထုတ်
အခွင့်ထူးခံဘဝအရောက်မှာ
ကာရာအိုကေ နိုက်ကလပ်အမြည်ခံ
ပြည့်တန်ဆာခန်းမှာ တညတည သိန်းသန်းချီပြီး
ပြည်သူ့ဘဏ္ဍာကို ဖြုန်းနေချိန်။

မနက်စာမနက် ညစာည
မြန်မာပြည်အနှံ့ သာမန်ပြည်သူတို့ရဲ့ဘဝ
ရေတစ်ခွက်တောင် ဘယ်နားရှာရမှန်းမသိ။

မတူညီသော အခွင့်အရေး
မဖြူစင်သောဝါဒ
တရားခြင်း မျှတခြင်း လွတ်လပ်ခြင်း ကင်းသော ငါတို့ပြေသည်
ဘယ်သောခါမှ ငြိမ်းချမ်းပါအံ့နည်း။

ကမ္ဘာမကြေ မြန်မာပြေ
ဒါတို့ပြေ ဒါတို့မြေ တို့ပိုင်တဲ့မြေ ။
( နိုင်ငံတော် သီချင်းမှ )
မြန်မာပြည်တွင်း တရုတ်စီးပွားရေး လုပ်ကွက်များ

ကျောက်ဖြူမှ ယူနန်အထိ သွယ်တန်းမည့်
ဓာတ်ငွေ့ ပိုက်လိုင်းသည်
မြန်မာပြည်အား အရှေ့အနောက်
ကန့်လန့်ဖြတ်ကာ ပိုင်းခြားထား၏။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ
ရေအား လျှပ်စစ်မှန်သမျှ
ဤသည်တို့ကား တရုပ်အပိုင်။

မုတ္တမကွေ့မှ ယိုးဒယားအထိ ဖောက်လုပ်ထားသော
ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည်လည်းကောင်း
တနသာင်္ရီမှာ ဖောက်လုပ်နေသော
ဇောတိက ပိုက်လိုင်းသည်လည်းကောင်း
ဤသည်တို့ကား ယိုးဒယားအပိုင်။

ဘယ်တိုင်တိုင် အရီမပျက် အပြုံးမပျက်သော
တိုင်ရီ ဖိနပ်စက်ရုံဟူသည်ကား
လူမျိုးခြား ပေါက်ဖော်တို့အပိုင်။

ရခိုင်နှင့်ချင်းပြည်နယ်တို့တွင်
အိန္ဒိယနှင့်ဘင်္ဂလားတို့က
အခြေချရန် ကြိုးပမ်းနေကြ၏။

အခြားအခြားသော
စက်ရုံကြီးငယ် အသွယ်သွယ်တို့သည်လည်းကောင်း
အိမ်ခြံမြေ အိုးအိမ်တိုက်တာ
စက်ရုံကုမ္ပဏီ အပေါင်းတို့သည်လည်းကောင်း
ဆိုင်ရာဆိုင်ရာတို့နှင့် ပေါင်းပြီး
တိုင်းရင်းသား အမည်ခံ
လူမျိုးခြားတို့ ပိုင်ဆိုင်သည်ကား အများအပြား။
မြန်မာစကား လုံးဝလုံးဝ မပြောတတ်သော
မြန်မာနိုင်ငံသား သည်ပင် ရှိချေသေး၏။

ကမ္ဘာမကြေ မြန်မာပြေ
ဒါတို့ပြေ ဒါတို့မြေ တို့ပိုင်တဲ့မြေ ။

ကမ္ဘာသည်ကား မကြေသေး
မြန်မာပြည်သည်လည်း ကမ္ဘာ့မြေပုံပေါ်၌
ထင်ထင်ရှားရှား။
သို့သော်
မြန်မာလူမျိုးတို့၏ ဘဝသည်ကား
အမှုန့် မဖြစ်ရုံတမယ်
ဖွတ်ဖွတ် ညက်ညက် ကြေခဲ့လေပြီတကား။

နေရဲနီ
Posted: 26 Feb 2012 08:11 AM PST
ယနေ့ နေ့လည် ၂နာရီခွဲမှာမှ သုံးခွ ခရီးစဉ် စတင်ခဲ့တာပါ...။ နေညိုညို ညနေခင်းမှာ ပြည်သူချစ်သော လူထုခေါင်းဆောင်နှင့် ပြည်သူလူထုရဲ့ မြင်ကွင်း..

ပြည့်အင်အားသည် လူထု ချစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုထံမှာ ရှိသည်....
ဓာတ်ပုံ AP,Reuters
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

ကိုမင်းကိုနိုင်နှင်.၈၈မျိုးဆက်ကျောင်းသားများမြင်းခြံခရီးစဉ်(ဓာတ်ပုံ)
Posted: 26 Feb 2012 11:16 PM PST




Photo..nyo thant facebook

Posted: 26 Feb 2012 10:55 PM PST

( Joseph S. Nye, Jr , a professor at Harvard and author of The Future of Power. ၏ when women lead the
 world ကိုဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။)

အမျိုးသမီးတွေ သာ ခေါင်းဆောင် ဖြစ်လာမယ်ဆိုရင်.. ကမ္ဘာကြီးဟာ ပိုမိုလို့ငြိမ်းချမ်း လာ မလား ဆိုတဲ့ မေးခွန်းကို…ဟားဗတ်
 တက္ကသိုလ် က စိတ်ပညာရှင် တဦး ဖြစ်တဲ့.. စတီဗင်ပင်ကာ(Steven Pinker) ဖြေကြားခဲ့တာ ကတော့.. မှန်ပါ တယ်တဲ့…။

ပင်ကာ…. ရေးသားခဲ့တဲ့ (In The Better Angels of Nature) ဆိုတဲ့ စာအုပ်မှာ… လူသား အကြမ်းဖက် မှု့ တွေဟာ ( ဒီကနေ့
အများကြီးရှိနေသေးပေမဲ့ ) တဖြေးဖြေးနဲ့ ကျဆင်း နေပြီဆိုတာ ကို အချက်လက် အကိုးအကား များနဲ့ တင်ပြထားပါတယ်။
 အမျိုးသမီးတွေ ဟာ အကြမ်းဖက် မှု့ကိုမလိုလား တဲ့အင်အား စုတွေဖြစ်နေတယ် ဆိုတာကိုလည်း ပြောဆို ခဲ့ပါတယ်။
 အစဉ်လာ စစ်ပွဲတွေ ဟာ.. အမျိုးသားများ ဖန်တီးခဲ့တဲ့ စစ်ပွဲများသာ ဖြစ်ပြီး… လူမျိုးနွယ်စုအမျိုးသမီးများဟာ ဘယ်တော့မှ ပတ်ဝန်းကျင်ဒေသ တွေကို.. ၀င်ရောက် စီးနင်း တိုက်ခိုက် သိမ်းပိုက်ဖို့ကို မလုပ်ဆောင်ခဲ့ပါဘူး။ မိခင်များအဖြစ်….. သူတို့ရဲ့ရင်သွေးငယ် တွေကို ထိန်းသိမ်း စောင့်ရှောက်ရမယ် ၊မျိုးဆက်များကို လက်ဆင့်ကမ်း ရမယ်ဆိုတဲ့ သဘာဝအသိတွေ
ဟာ… ငြိမ်းချမ်းတဲ့ အခြေနေအရပ်ရပ် ကို စောင့်ရှောက်သလို ဖြစ်နေပါတယ်။

ပင်ကာရဲ့အဆိုကို လက်မခံသူများကတော့ ချက်ခြင်းဆိုသလို တုန့်ပြန်ခဲ့ကြပါတယ်… ဘာ့ကြောင့်လည်း ဆိုတော့သာမာန်
အားဖြင့်… အမျိုးသမီးများဟာ စစ်ပွဲတွေ ကို…. မဖန်တီးခဲ့ပါဘူး… ဒါကလည်း သူတို့မှာအာဏာ ဆိုတာ.. မရသလောက်နီးပါးရှိ နေတာမို့ပါ။ တကယ်လို့များ သူတို့သာ အာဏာ အပြည့်အ၀ရှိတဲ့ ခေါင်းဆောင်တွေ သာဖြစ်မယ်ဆိုရင် ယောကျာင်္းတွေပြုမူဆောင်ရွက်ခဲ့ကြ တဲ့ အခြေနေအရပ်ရပ်လိုပဲ… သူတို့.. လုပ်ခဲ့မှာ မလွဲပါဘူး မာဂရက်
သက်ချာ ၊ ဂိုဒါ မီယာ ၊ အင်ဒီယာ ဂန္ဒီ တို့ဆိုတာ အာဏာ အပြည့်အ၀ ရခဲ့ဘူးတဲ့ အမျိုးသမီးခေါင်းဆောင် တွေပါ။ သူတို့
 ခေါင်းဆောင် ဘ၀မှာ သူတို့နိုင်ငံက စစ်ပွဲတွေကို ဦးဆောင်ခဲ့ပါတယ် တဲ့။

အမျိုးသားတွေနဲ့ ယှဉ်ပြိုင် ကစားနေရတဲ့..နိုင်ငံရေးဇာတ်ခုံပေါ်မှာ… အဆိုပါ ပြောဆိုချက်များ ဟာ လည်း မှန်ပါတယ်…။ ဒီလို စွမ်းဆောင်ချက် တွေကပဲ…အမျိုးသမီးတွေ ဟာ..အမျိုးသားများ နဲ့ နည်းတူ ခေါင်းဆောင် ဘ၀ မှာ နေရာရနိုင်ဘို့ အရည်အသွေး
 တွေ မဟုတ်ပါလား။ ခေါင်းဆောင် နေရာမှာ အမျိုးသမီးများ ဟာ အမျိုးသားများ နဲ့ ဒွန်တွဲ တာဝန်ယူဆောင်ရမယ်ဆိုရင်တောင်မှ သူတို့ရဲ့ဆောင်ရွက်ချက်များဟာ ခြားနားနေပါလိမ့်မယ်။

ဒီကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းအဖြစ် ရှိနေဆဲပါ… ခေါင်းဆောင်မှု့ အခန်းကဏ္ဍ မှာ အမျိုးသား ၊ အမျိုးသမီးဆိုတဲ့
အရာဟာ တကယ့်ကို ကိစ္စတခုအဖြစ်တည်ရှိ နေဆဲပဲလား ..? သမရိုးကျ အခြေအနေ မှာ အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာလေ့လာတွေ့ရှိချက်များက ပြသနေတာကတော့..အမျိုးသားတွေဟာ…အာဏာကို ခပ်ထန်ထန် ကိုင်တွယ် တတ်တဲ့သဘောရှိပြီး… အမျိုးသမီးများကတော့… စည်းရုံးဆွဲဆောင်မယ်၊ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နားလည်မှု့ရအောင် ကြိုးစားဆောင်ရွက်မယ်၊ ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်မယ်ဆိုတဲ့… သဘောသဘာဝတွေ ရှိနေပါတယ်။ အမေရိကန်တွေ
ဟာ ခပ်ထန်တတ်တဲ့ အမျိုးသားစရိုက်လက္ခဏာ ခေါင်းဆောင်မှု့ကို ဦးညွတ်တတ်ပါတယ် သို့သော်မကြာခင်က…ခေါင်းဆောင်
မှု့နဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များက .ပြသနေတာကတော့… တခါက စဉ်းစားခဲ့ဘူးကြတဲ့ အမျိုးသမီး တို့ရဲ့သဘာဝ ပုံစံ စဉ်းစားတွေးခေါ် လုပ်ဆောင်ချက် များဟာ များပြားအောင်မြင် နေတယ်ဆိုတာပါပဲ။


ယောကျာင်္းဆန်ဆန်


လူ့အဖွဲ့အစည်းအတွင်းက သတင်းအချက်လက်များကို အခြေခံကြည့်တဲ့အခါ…. အချင်းချင်း လက်တွဲလုပ်ဆောင်နေမှု့များဟာ ၀ါစဉ်ကြီးငယ်လိုက် အစားထိုး လုပ်ကိုင်တတ်ကြတယ် ၊ပညာလုပ်သားများဟာ.. အမိန့်နာခံမှု့နည်းတယ်၊ အဖွဲ့အစည်းများရဲ့
ကျယ်ပြန့်တဲ့ စီမံခန့်ခွဲမှု့များဟာ ခွဲဝေကျင့်သုံးနေရတဲ့ ခေါင်းဆောင်မှု့အခန်း ကဏ္ဍများကြောင့် ပိရမစ်ပုံစံခေါင်းဆောင်မှု့ထက် အပြောင်းအလည်း တွေဖြစ်နေရ တယ်၊ Google CEO Eric Schmidt ကဆို ဘယ်လိုပြောသလို ဆိုတော့…
 သူရဲ့အလုပ်သမား တွေကို ဖူးဖူးမှုတ်နေရပါတယ်တဲ့….။

စစ်တပ်တောင်မှ ဒီလိုအပြောင်း အလည်းတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ အမေရိကန်ပြည်ထောင်စု ပင်တဂွန် စစ်ဌာနချုပ်
 ကပြောတာ ကတော့ စစ်တပ်ခေါင်းဆောင်များ တောင်မှ အော်ဟစ်ပြောဆိုခြင်းများကို အနည်းဆုံးလုပ်ဆောင် နေရပါတယ်တဲ့….. ဘာလို့လည်းဆိုတော့…. ဒီနေ့မျိုးဆက်သစ်များဟာ အရည်သွေးပြည့်မှီပါတယ် ဆိုတဲ့ သင်တန်း ဆရာများထက် ပိုမို
 ကောင်းမွန်တဲ့ အရာတွေ တုန့်ပြန်နိုင်ကြလို့ပဲ ဖြစ်ပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျော့ ဒဗလျှူ ဘွတ်ရှ် တခါက… ဆုံးဖြတ်ချက် ချရတဲ့သူတစ်ယောက် ဖြစ်တဲ့ သူ့ရဲ့ အခန်းကဏ္ဍ
 ကိုရှင်းပြခဲ့ဘူး ပါတယ်။ ခေတ်မှီတဲ့ ခေါင်းဆောင် တစ်ယောက် ဆိုတာ… ကွန်ယက် တွေကို အသုံးပြုနိုင်ရမယ်၊ ပူးပေါင်း ဆောင်ရွက် နိုင်ရမယ်၊ ပူးပေါင်း ပါဝင်သူများကို အားပေးနိုင် ရမယ်လို့ ပြောပါတယ်။ ၀ါစဉ်ကြီးငယ်လိုက်
ဆက်ခံရမယ်ဆိုတဲ့ အစဉ်လာ သမားများ မဟုတ်တဲ့ အမျိုးသမီးများရဲ့ စတိုင်များနဲ့ ဆက်ဆံရေး ကျွှမ်းကျင်မှု့များဟာ
 ပညာကို အခြေခံတဲ့ အဖွဲ့အစည်းများ က ခေါင်းဆောင်များ အတွက် လိုအပ်နေတဲ့ လိုအပ်ချက်များနဲ့ အံဝင်ဂွင်ကျ ဖြစ်နေတာ ကို တွေ့နေရပါတယ်။

အတိတ်ကာလက… အမျိုးသမီးများဟာ..အဖွဲ့အစည်းဦးဆောင်မှု့ အခန်းကဏ္ဍကိုတိုက်ခိုက်ပြီဆိုရင်… အမျိုးသားများဟာ… ယောကျာင်္းဆန်တယ် ဆိုတဲ့စကားနဲ့တုန့်ပြန်လေ့ရှိပါတယ်…. (ဒါဟာ..လူမှု့ဆောင်ရွက်ချက် များကို လုပ်ဆောင်နေတဲ့ အမျိုးသမီး သီလရှင်များကို ဆော်ကား လိုက်သလိုလည်း ဖြစ်ပါတယ် )။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ်…. အောင်မြင်စွာ ခေါင်းဆောင်နိုင် ဘို့ဆိုတာ…. အမျိုးသားများဟာ… အမျိုးသမီးများရဲ့ပြုမှု့ ဆောင်
ရွက်လေ့ရှိတဲ့ သဘော သဘာဝများကို တန်ဘိုးထားတတ် ယုံမက…အဲဒီ့အရည်အသွေး တွေ အတွက် ကျွှမ်းကျင်အောင်
လုပ်ယူ ဘို့ပဲ ဖြစ်ပါတယ်။

ဒါဟာ… အချက်အလက် မဟုတ်ပါ…ဦးတည်ရမဲ့လမ်းကြောင်းဖြစ်ပါတယ်။အမျိုးသမီးများဟာ ခေါင်းဆောင်မှု့အခန်းကဏ္ဍ မှာ နောက်ကျကျန်ရစ်နေဆဲပဲ ဖြစ်တယ်။.. အားလုံးကို လွှမ်းခြုံကြည့်မယ် ဆိုရင် ပျမ်းမျှအားဖြင့် အမျိုးသမီးထုရဲ့ ငါးရာခိုင်နှုံးလောက်သာ… ခေါင်းဆောင်ပိုင်းနေရာ ကိုရောက်ရှိခဲ့ပါ တယ် ( အမေရိကန်ပြည်ထောင်စုမှာဆိုရင် ၁၆ ရာနှုံးသာ
 အမျိုးသမီး ဦးဆောင်မှု့ရှိ ပါတယ်….၄၅ ရာနှုံးလောက်ရှိတဲ့ ဆွီဒင်နဲ့နှိုင်းယှဉ်ကြည့်ပါ) ၊ ၂၀ ရာစု လွတ်လပ်တဲ့နိုင်ငံများရဲ့
 အုပ်ချုပ်သူ ၁၉၄၁ ဦးကို လေ့လာကြည့်တဲ့အခါ အမျိုးသမီး…၂၇ဦး…ပဲတွေ့ရပါတယ်။ အကြမ်းဖျင်း အားဖြင့် အဲဒီ့ထဲကတ၀က်ဟာ….အုပ်ချုပ်သူအမျိုးသားများရဲ့အမျိုးသမီး ( မုဆိုးမ ) ၊ နဲ့ သမီးတွေ သာ ဖြစ်ပါတယ်။

အမျိုးသမီး ကမ္ဘာကြီး

သတင်းခေတ်ကြီးမှာ အမျိုးသမီးများရဲ့ကဏ္ဍဟာ တဖြေးဖြေးနဲ့ကြီးမားလာပါပြီ။ ဘာလို့များ အမျိုးသမီးတွေဟာ ပိုမိုကောင်းမွန်အောင်မလုပ်နိုင်ရမှာလည်း?......... အတွေ့အကြုံအားနည်းမှု့၊ အခြေခံတာဝန်ယူ စောင့်ရှောက်တတ်မှု့၊ ခွဲခြားဆက်ဆံတတ်မှု့များ မှတဆင့် ကျားမ ကွာဟချက်များကို ရှင်းပြ အကူညီပေးဘို့ဖြစ်လာပါတယ်။ အစဉ်လာ
လမ်းကြောင်းများ၊ ယဉ်ကျေးမှု့များနဲ့ သူတို့ကို တွန်းအားပေးဘို့ တည်ဆောက် ဖန်တီးမှု့ များဟာ အဖွဲ့အစည်းများမှာ..
 အမျိုးသမီးများ ရဲ့ ကဏ္ဍခေါင်းဆောင်ပိုင်းနေရာမှာရှိနေနိုင်ဘို့… (သူတို့ရဲ့ကျွှမ်းကျင်ပိုင်နိုင်မှု့များကို သာမာန် အားဖြင့် မစွမ်းဆောင်နိုင်သလိုဖြစ်သွားပါလိမ့်မယ် ) ။

ဒီမိုကရက်စီ လူ့အဖွဲ့အစည်းများမှာတောင်မှ အမျိုးသမီးများဟာ အမျိုးသားများထက် လူမှု့စွန့်စားခန်း များနဲ့ကြုံတွေ့ရတတ်တယ် လို့သုတေသနတွေကဖော်ပြနေပါတယ်။ ဘာလို့လည်း ဆိုတော့….အမျိုးသားများဟာ အစဉ်လာအားဖြင့်ကို…
 အမျိုးသမီးများအပေါ် လွှမ်းမိုးချုပ်ကိုင် လိုတဲ့ သွင်ပြင်များက…. အရှိန်အဖြစ်ကျန်ရစ်နေဆဲမို့ပါ။ ဒီအတားအဆီးများ ကိုတော့ ကျော်ဖြတ်ရပါလိမ့်မယ်။ အမျိုးသားများ သာလျှင် အရာရာကို ဦးဆောင်ရမယ်ဆိုတဲ့… အစဉ်အလာ အတားအဆီးကြီး
က သတင်းခေတ်ကြီးမှာ ပုတ်သိုးဆွေးမြေ့နေပါပြီ။ ခေါင်းဆောင်များဟာ…. ပူးပေါင်း ပါဝင်ဆောင်ရွက် အားပေးရမဲ့အစား အမိန့်ဆန်ဆန်…
လုပ်ဆောင်မှု့များ ရှုမြင်သုံးသပ်ချက်များကို နည်းအောင် သုံးသပ်သင့်ပါတယ်။ အမာနဲ့ အပျော့ ကျွှမ်းကျွှမ်းကျင်ကျင် ကိုင်တွယ် အသုံးပြုခြင်းဟာ အမျိုးသားများ ရော အမျိုးသမီးများအတွက်ပါ အဆင်ပြေချောမွေ့စေပါတယ်။ အစဉ်အလာ
 လိင်ခွဲခြားခြင်းတွေနဲ့ အရာရာကို ဖုံးအုပ်မထားသင့်တော့ပါဘူး။ တချို့ပတ်ဝန်းကျင် အခြေနေတွေမှာ… အမျိုးသားများဟာ အမျိုးသမီးများရဲ့ စိတ်နေသဘာဝ ဆုံးဖြတ်ချက်များကဲ့သို့ပြုမူဆောင်ရွက် လုပ်ဆောင် သင့်ပါတယ်။ အမျိုးသမီးများ
 အတွက်ကလည်း ထိုနည်းတူစွာပါပဲ…
လိုအပ်လာလျှင် အမျိုးသားများ ကဲ့သို့ပြုမူ ဆောင်ရွက်ဘို့လိုအပ်ပါလိမ့်မယ်။

ကျနော်တို့ အနာဂါတ် ငြိမ်းချမ်းရေးနဲ့စစ်ပွဲတွေကို ရွေးချယ်ဘို့ အဓိကသော့ချက်ကတော့ လိင်ကွဲပြားမူ့ပေါ်မှာ အခြေမခံ တော့ပဲ…အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ခေါင်းဆောင်များဟာ လုပ်ပိုင်နိုင်ခွင့်အင်အား အပျော့ အမာများကို ဟန်ချက်ညီညီ ကိုင်တွယ် အသုံးချခြင်းဖြင့်… အကောင်းဆုံးနည်းဗျူဟာ များကို ချမှတ်သွားနိုင် ဘို့ပဲဖြစ်တယ်။ ပင်ကာ ပြောဆိုချက်တွေဟာ မှန်ပါတယ်။ ကမ္ဘာကြီးမှာ အကြမ်းဖျင်းအားဖြင့် အကြမ်းဖက်မူ့များ ကျဆင်းလာတယ်
 ဆိုတာဟာ…. တကယ်တော့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို မြှင့်တင်အားပေးခဲ့လို့ပဲဖြစ်ပါတယ်။


အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

22nd March 1982: British Conservative Prime Minister Margaret Thatcher with Indian premier Indira

Gandhi (1917 - 1984), outside 10 Downing Street. (Photo by Central Press/Getty Images) Getty
 Images



Posted: 26 Feb 2012 03:50 PM PST

(သမတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရသစ် တက်လာပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်နိုင်ပါ့မလားလို့ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတချို့က သံသယရှိပါတယ်။ ဘာကြောင့် အရပ်သားအစိုးရသစ်အပေါ် သံသယရှိရသလဲဆိုတာနဲ့ ပတ်သက်ပီး ဦးစိန်ကျော်လှိုင်က ခုလို အသေးစိတ် သုံးသပ်ထားပါတယ်)

အရပ်သားအစိုးရသစ်လက်ထက် ပြည်ထောင်စုဝန်ကြီး ၃၀ ကို ကြည့်ရင် အရပ်သားက ၄ ဦင်္းသာပါပီး ကျန်တာက ယူနီဖောင်း
ဝတ်တာ မ၀တ်တာသာ ကွာခြားပီး ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်လူထွက်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုအစိုးရလို့ပြောနိုင်တဲ့ ပြည်ထောင်စုဝန်ကြီးအဖွဲ့ဟာ အရပ်သား ၁၃ ရာနှုန်းသာပါပီး စစ်သားက ၈၇ % ပါတဲ့ ၀န်ကြီးအဖွဲ့ ဖြစ်နေပါတယ်။

အရေးကြီးတဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၀န်ကြီးလုပ်သူက စစ်အစိုရလက်ထက် ကုန်သွယ်ရေးကို အောင်မြင်အောင် မလုပ်နိုင်ခဲ့တဲ့ စစ်ဗိုလ်လူထွက် ဦးတင်နိုင်သိန်းဖြစ်နေပါတယ် ကုန်သွယ်ရေးမှာ
 အရေးပါတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့် ကြည့်ပြန်တော့လဲ အရပ်သားဖြစ်နေပေမဲ့ ဆယ်တန်းမအောင်တဲ့သူ ဖြစ်နေပါတယ် ဘုရင့်နောင်ကုန်သည်တွေကတော့ ၀န်ကြီး ဦးဝင်းမြင့်ဟာ ၅တန်း၆တန်းလောက်
သာရှိသူလို့ အာအက်အေကို ပြောပါတယ်။

ခုလို စစ်ဗိုလ်လူထွက်နဲ့ ပညာရှင်မဟုတ်သူတွေက တိုင်းပြည်ရဲ အရေးပါတဲ့ စီးပွားရေးကို မကိုင်သင့်ဘူးလို့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်က အာအက်အေကို ပြောပြပါတယ်

အရပ်သားအစိုးရဆိုပေမဲ့ ကျွမ်းကျင်တဲ့ ပညာတတ် အရပ်သားတွေကို တာဝန်ပေးဘို့ မယုံစားတဲ့ သမတဦးသိန်းစိန်အစိုးရ
အနေနဲ့ စီးပွားရေးကို နိုင်နိုင်နင်းနင်း မလုပ်နိုင်ဘူးလို့ မြင်တဲ့အဖွဲ့အစည်းတွေထဲမှာ လန်ဒန်မြို့ထုတ် နာမယ်ကျော် အီးအိုင်ယူ မဂ္ဂဇင်းနဲ့ အေဒီဘီ အာရှဖွံဖြိုးရေးဘဏ်စတဲ့ နိုင်ငံတကာအဖွဲ့တွေလဲပါဝင်ပါတယ်။

ဒါကြောင့်လဲ သမတ ဦးသိန်းစိန်အစိုးရဟာ စစ်အစိုးရကနေ အရပ်သားအစိုးရလို့ နာမယ်ပြောင်းထားတာ ဖြစ်တဲ့အတွက် အရည်အသွေးရှိတဲ့ စီးပွားရေးပေါ်လစီသစ်တွေ ချမှတ်ရာမှာ လတ်တလော တိုးတက်မှု မရှိနိုင်ဘူးလို့ လန်ဒန်မြို မတ်လထုတ်
အီးအိုင်ယူ မဂ္ဂဇင်းကြီးက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အလားတူဘဲ မြန်မာနိုင်ငံအနေနဲ့ စွမ်းဆောင်နိုင်စွမ်းရှိသလောက် ပေါက်ရောက်နိုင်ဘို့ဆိုရင် လက်ရှိအရပ်သား သမတ ဦးသိန်းစိန်အစိုးရသစ်အနေနဲ့ စီးပွားရေး ပြုပြင်မှုတွေ အများအပြားလုပ်ရမှာ ဖြစ်တယ်လို့ မကြာခင်က ထုတ်ပြန်တဲ့ အေဒီဘီ အာရှဖွံဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာမှာလဲ ဝေဖန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာအပိုင်းကို အေဒီဘီက ခန့်မှန်းရာမှာ မကြာခင်က တက်လာတဲ့ အရပ်သားအစိုးရဘက်
ကလဲ စီးပွားရေး ပြုပြင်မှုတွေ မှန်မှန်လုပ်လာမယ်-ရာသီဥတုကလဲ ပုံမှန်အနေအထားရှိမယ်လို့ ယူဆပီး ခန့်မှန်းထားတာဖြစ်ပါတယ်လို့ အေဒီဘီက အစီရင်ခံစာမှာ ၀န်ခံထားပါတယ်။

အရပ်သားအစိုးရသစ်လုပ်ရမဲ့ စီးပွားရေး ပြုပြင်မှုတွေထဲမှာ ရင်းနှီးမြုတ်နှံမှုဆိုင်ရာ အခြေအနေတွေ တိုးတက်အောင်
လုပ်ပေးရေး-လူမှုရေးနဲ့ အခြေခံအဆောက်အဦ တိုးချဲ့ရေးအတွက် ငွေရင်းထုတ်ပေးနိုင်တဲ့ အရင်းအမြစ်တွေ လုပ်ကိုင်ပေးရေး-
အစိုးရငွေလဲနှုန်းနဲ့ မှောင်ခိုငွေလဲနှုန်းကို ပေါင်းစည်းရေး-ဘဏ္ဍာရေးကဏ္ဍ တိုးတက်အောင် လုပ်ပေးရေး-မတ်ခရိုစီးပွားရေး စီမံခန့်ခွဲလုပ်ကိုင်မှု ခိုင်မာစေရေး-လယ်ယာနဲ့ ကုန်သွယ်ရေးကို လွတ်လပ်ခွင့်ပေးရေးစတဲ့အချက်တွေ ဖြစ်တယ်လို့ အေဒီဘီက အကြံပေးထားပါတယ် ဒီအကြံပေးချက်တွေကို ဦးသိန်းစိန်အစိုးရဘက်က ဘယ်လောက် လိုက်နာနိုင်မလဲဆိုတာလဲ
 အစိုးရသစ်အတွက် စိန်ခေါ်နေတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

၃နှစ်အတွင်း စီမံကိန်းသစ်တွေ စတင်မလည်ပတ်ခင် ဓါတ်ငွေထုတ်လုပ်မှုက ပုံမှန်အတိုင်း ရှိနေမှာဖြစ်ပေမဲ့ ထိုင်းနိုင်ငံရဲ့
လိုအပ်ချက် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းစတဲ့အချက်တွေကြောင့် ဓါတ်ငွေ့ ပြည်ပပို့တဲ့ဈေးက မြင့်တက်လာစရာရှိပါတယ် ဒါပေမဲ့ ဓါတ်ငွေ့ရောင်းလို့ရတဲ့ငွေကို တရားဝင် တဒေါ်လာ ၆ ကျပ်နှုန်းနဲ့ တွက်တဲံ့အတွက် စီးပွားရေးတိုးတက်မှု ဂျီဒီပီကို သိပ်ပီး အထောက်အပံ့ဖြစ်မှာမဟုတ်ဘူးလို့ အေဒီဘီက ယူဆပါတယ် ဒါကြောင့် ဒီအချက်တွေကို ခြုံတွက်ရင် လာမဲ့ ၂ နှစ်အတွင်း
 မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုက ၅.၅%ထိသာ တိုးနိုင်တယ်လို့ အေဒီဘီက မှန်းပါတယ်။

လာမဲ့ ၂နှစ်အတွင်း မြန်မာနိုင်ငံ ငွေဖောင်းပွမှုကလဲ ပြည်တွင်းလိုအပ်ချက် များလာတဲ့အချက် ကမ္ဘာ့လောင်စာဈေး
 အစားအစာဈေးတွေ တက်လာမဲ့ အချက်တွေနဲ့အညီ ၈%ထိ တိုးလာမယ်လို့ မှန်းထားပါတယ်။

ဓါတ်ငွေ့ရောင်းရငွေကြောင့် တိုင်းပြည်ရဲ့ အရံနိုင်ငံခြားငွေ တိုးလာစေပေမဲ့ တရားဝင်ငွေလဲနှုန်းကြောင့် စီးပွားရေးတိုးတက်မှု
 ဂျီဒီပီကို သိပ်ပီး အထောက်အပံ့ဖြစ်မှာမဟုတ်ဘူးလို့ အေဒီဘီက ပြောပါတယ် ဓါတ်ငွေ့ရောင်းရငွေကိုသာ မှောင်ခိုဈေး ငွေလဲနှုန်းနဲ့တွက်ရင် အစိုးရအခွန်တော်ငွေ တက်လာမှာဖြစ်သလို ကျန်းမာရေး
ပညာရေး အသုံးစရိတ်တွေလဲ မြင့်တက်လာမှာ ဖြစ်ပါတယ်။

ယူနက်စကိုစတဲ့ ကုလအဖွဲ့အစည်းတွေရဲ့ တွက်ချက်မှုအရ မြန်မာအစိုးရဟာ ပီးခဲ့တဲ့ နှစ်တွေအတွင်း ပညာရေးအတွက်
ဂျီဒီပီရဲ့ ၁.၃% သာ သုံးခဲ့ပါတယ်လို့ မကြာခင်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လု့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ
ကင်တားနားရဲ့ အစီရင်ခံစာမှာလဲ ဖော်ပြထားပါတယ်။

မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာမှာ ဆက်ပြောတာက မြန်မာစစ်အစိုးရ ထုတ်ပြန်ချက်အရ ၂၀၀၂ ခုနှစ်မှာ မူလတန်း
ပညာရေးအတွက် အသုံးစရိတ်ကို ဂျီဒီပီရဲ့ ၀.၄% သာ သုံးခဲ့တယ်။ အရှေအာရှနဲ့ ပစိဖိတ်နိုင်ငံတွေမှာ ပညာရေးအတွက်
 ပျမ်းမျှ ဂျီဒီပီရဲံ ၂.၅ % သုံးနိုင်တယ်ဆိုတာတောင် မြန်မာအစိုးရထက် ၃ဆ ပိုပီး ပညာရေးအတွက် သုံးထားတယ်လို့ ကင်တားနားက ထောက်ပြပါတယ်။



သောတရှင်များခင်ဗျား

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုဝန်ကြီးသစ် ဒေါက်တာကံဇော်အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး
တိုးတက်မှု ဂျီဒီပီ ရာနှုန်းကို အေဒီဘီ အီးအိုင်ယူတို့ ထောက်ပြသလို ဂဏန်းတလုံးဘဲ အမှန်အတိုင်းတွက်ပေးမလား ဂျီဒီပီကို
ဂဏန်း ၂လုံးအမြဲပြခဲ့တဲ့ စစ်အစိုးရ လမ်းစဉ်လိုက်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်းပါခင်ဗျား။

(အာအက်အေ ဦးစိန်ကျော်လှိုင်၏ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)

Posted: 26 Feb 2012 03:44 PM PST
လူငယ်နှင့်အားလပ်ရက်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲ ဖိတ်ကြားလွှာ၊ လူငယ်နှင့်အားလပ်ရက်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို
၂၉ ရက် ဖေဖေါ်ဝါရီလ ဗုဒ္ဓဟူးနေ့တွင် တော်ဝင်နှင်းဆီ သီရိခန်းမတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများက ဦးစီးကျင်းပမည်ဖြစ်ပါသောကြောင့် ဒီဖိတ်စာကိုဖတ်လိုက်ရသူတိုင်းတက်ရောက်နိုင်ပါကြောင်းဖိတ်ကြားလိုက်ရပါသည်။ ကျင်းပမည့်အချိန်မှာ နံနက် ၉ နာရီမှ ၁၂ နာရီအထိဖြစ်ပြီး ဆရာဦးအောင်သင်းမှ ဟောပြောဆွေးနွေးများဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။



Posted: 26 Feb 2012 08:41 AM PST



News and Information Department of NLD

Posted: 26 Feb 2012 08:21 AM PST

" ရပ်ကွက် သို.မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ" ကို ၂၄ ရက် နေ ဖေဖော်ဝါရီ.က ပြဌာန်းလိုက် ပါတယ်။

Posted: 26 Feb 2012 07:45 AM PST
လာမည့် မတ်လဆန်း ၃၊ ၄ ရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ စည်းရုံးရေး ခရီးစဉ် အဖြစ်လာရောက်
သည့်အခါ ခမ်းနားစွာကြိုဆိုရန် အန်အယ်လ်ဒီပါတီ ထောက်ခံသူများနှင့် မန္တလေးမြို့ခံများ၊က စီစဉ်လျှက်ရှိကြသည်ဟု
မန္တလေးမြိ့မှ သတင်းထောက် တဦးကပြောသည်။
...
၎င်းက "ထားဝယ်ထက်သာအောင် ကြိုဖို့ပြင်ဆင်နေကြတယ်။ သင်္ကြန်ခါ မြို့မတေးဂီတအဖွဲ့က ငွေငန်းနဲ့ အလှပြယာဉ်ထွက်
သလို အခုခွပ်ဒေါင်းရုပ် နဲ့ကြိုဖို့ပြင်နေကြတယ်။
ဟောပြောမယ့်နေရာကတော့ ၅၁ လမ်းနဲ့ ၅၂ လမ်းကြားက မြေကွက်လပ်မှာ ဖြစ်မယ်။ လူ ၇ သောင်းလောက်ဆန့်မယ်လို့ ခန့်မှန်းထားတယ်" ဟုပြောသည်။

မန္တလေးလူထုကဗိုလ်ချုပ်အောင်ဆန်းပုံ ပါသည့် တီရှပ်၊ အန်အလ်လ်ဒီအလံ၊ စသည်တို့ကို ၀ယ်ယူလျှက်ရှိရာ ရောင်းမလောက်အောင် ဖြစ်နေသည်ဟုလည်း မန္တလေးအန်အယ်လ်ဒီပါတီ တာဝန်ရှိသူများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မန္တလေး မြိ့ရောက်ရှိစဉ်အတွင်း ၄ ရက်နေ့၌ မဟာမြတ်မုနိဘုရားကြီး ဖူးမြှော်မည်ဖြစ်၍ ၅ ရက်နေ့တွင် တံတားဦး၊ မြင်းခြံ၊ နွားထိုးကြီးတို့သို့ ဆက်လက်ထွက်ခွာကာ ၎င်းနောက်တွင် မိတ္ထီလာ မြို့သို့ဆက်လက်သွားရောက်မည်ဟု
သိရှိရသည်။ (YPI)

ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးမှ ရွှေခွပ်ဒေါင်းဖြင့် ကြိုမည်(The Voice Weekly)

မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော် မန္တလေးသို့ မတ်လ ၃ ရက်နေ့တွင် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏
 ခရီးစဉ်တွင် မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့က အရှည် ရှစ်ပေကျော်ရှိ
 ရွှေခွပ်ဒေါင်းရုပ်ဖြင့် ကြိုဆိုမည် ဖြစ်ကြောင်း တိုင်းပြန်ကြားရေး တာဝန်ခံ ဦးမျိုးနိုင်က ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ အတွက် နိုင်ငံအနှံ့ စည်းရုံးရေးခရီး လှည့်လည်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်
 ခရီးစဉ် အပြီး တစ်ပတ်ကျော် အကြာတွင် မန္တလေးတိုင်း ဒေသကြီးသို့ လာရောက်မည် ဖြစ်ပြီး ထိုမှတဆင့် မိတ္ထီလာ၊
ပဲခူးမြို့များသို့ ခရီးလှည့်လည်မည် ဖြစ်သည်။

Posted: 26 Feb 2012 06:02 AM PST
သုံးခွမြို့နယ်
 NLD ကိုယ်စားလှယ်လောင်း ဒေါ်စုစုလွင် (ယခင်အန်အယ်လ်ဒီ အတွင်းရေးမှူး ဦးလွင်၏ သမီး(Photo..YPI)








 
သိပ်ပြီးကတိတွေပေးတဲ့ အဖွဲ့ဆို ယုံကိုမယုံပါနဲ့။ ချော့ပြီးမဲတောင်း၊ ခြောက်ပြီး ...မဲတောင်းလို့ရှိရင်လည်းမကြောက်ပါနဲ့။ ခြောက်ရင်ကြောက်ချင်ယောင်ဆောင်လိုက်ပါ။ ပြီးသွားတာပေါ့။ သိပ်ပြီး အားတွေမသုံးစေချင်ပါဘူး"" ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ၂၆.၂.၂၀၁၂ ညနေပိုင်းတွင် သုံးခွမြို့ပြင်
လယ်ကွင်းအတွင်း လူထု နှစ်သောင်းကျော်အား ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရမ်းသုံးခွ ခရီးစဉ်ကြောင့် သန်လျှင် ၊ သုံးခွ ၊ခရမ်း မြို့များအား လျှပ်စစ်မီးများ
 ဖြတ်တောက်ထားပါတယ်...
Photo.Theinzawlatt,AP

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610