Tuesday 28 February 2012








ဇာဂနာနဲ့ ပက်သက်သမျှ(နိုင်ငံရေး ကြောက်ပါတယ်ဆို အော်.....ရပြန်ပြီ)

အခုတလော့ဖေ့စ်ဘုတ်စ်တွင် ကိုသူရ(ဇာဂနာ)ပက်သက်သည့် အကြောင်းအရာတွေတော်တော်များမျာ
းဖတ်ရသည် ဝေဖန်ချက်တွေ

ဖြစ်ပါသည်။ကျနော်သူ့ ကိုဝေဖန်လို့ လဲ ဘာမှမဖြစ်ပါ ကျနော့်ကိုဝေဖန်လာရင်လဲဘာမှဖြစ်မည်မဟုတ်ပါ။အမှန်တရားနှင့်စေတနာတော့

"နာ"သည်ဟုပြောရပါမည်။အမေရိကန်သမ္မတ ထရူးမင်း ပြောသည့် စကားအမှတ်ရပါသည် "မီးပူမှာကြောက်လျှင်မီးဖိုချောင်ထဲမ၀င်နဲ့ "ဆို

သည်ပင်ဖြစ်ပါသည်။ကျနော်တို့ မီးဖိုချောင်ထဲမှာပါ။

အခုကိုဇာဂနာ ABမြောက်ပိုင်းကိစ္စကို ပြောသွားသည့် အကြောင်းအရာနှုင့် ပက်သက်၍ တော်တော်များများမခံမရပ်နိုင်ဖြစ်နေကြသည်

ကိုကျနော်တွေ့ ရပါသည်။ကျနော်တို့ အားလုံးမြောက်ပိုင်းကိစ္စကိုဝမ်းနည်းကြမည်မှာ မြန်မာတပြည်လုံး
ပင်ဖြစ်ပါသည်။သို့ ပေမယ့် သူထို

သို့ ပြောသွားခြင်းမှာရည်ရွယ်ချက်တခု သို့ သူ့ အမြင်တခုကိုဖော်ထုတ်ပြခြင်းလဲဖြစ်ပါသည်။တကယ်တမ်းဆိုလျှင် အခုအချိန်မှာ ကိုယ့်

ပေါင်ကိုယ်လှန်မထောင်းနေသင့်ပါ။အားလုံးတိုင်းပြည်အတွက်လက်တွဲတိုက်ရင်း အာဏာခြက ယုံကြည်ချက်ကိုကိုက်သွားခြင်း

ဖြစ်ပါသည်။သူဆိုလိုချင်သည်မှာ ဘာပဲဖြစ်ဖြစ်အခုတော့ပါးစပ်ကလေးပိတ်ပြီး စည်းလုံးနေကြဖို့ ကိုရည်ရွယ်သည်ဟုကျနော်မြင်ပါသည်။

ကျနော်ထို့ အပြင် ဆောင်းပါးတွေထဲမှာတွေ့ လာသည်က ခင်ညွန့် ကိုဇာဂနာသွား၍ဖက်လှဲတကင်းကိစ္စဖြစ်ပါသည်။တော်တော်လေးလဲ

စိတ်ပျက်မိပါသည်။ပြည်ပရောက်နိုင်ငံရေးသမားတွေလဲပါလို့ ပါခင်ဗျ။ခင်ညွန့် ကို သိန်းစိန်တို့ ဘာလို့ လွှတ်လဲပထမဆုံးသုံးသပ်ရပါမည်

အဘယ်ကြောင့်ဆိုသော် ခင်ညွန့် ကိုလွှတ်ပြီး လူထုမကျေမနပ်နဲ့ ဘာအသံထွက်မလဲ သွေးတိုးစမ်းခြင်းဖြစ်ပါသည်။အခုအစိုးရအဆောက်

အအုံထဲတွင် ပြောင်းလဲလိုသူ အကယ်၍ပြောင်းလဲလာခဲ့လျှင်လဲ သူတို့ အန္တရာယ်ကို ကြိုတင်တွက်ဆမှုတခုပါ။ထိုအရာကို ကျနော်တို့ က

အညှိုးနဲ့ တုန့် ပြန် ဖြိုခွဲလိုက်ရင် ယိုင်လာစ လားရာ နောက်ကြောင်းကောက်ကောက်ပါပြန်လှည့် သွားမည်သာဖြစ်ပါသည်။သုံးသပ်စေလို

ပါသည်။ဇာဂနာ့လုပ်ရပ်မှန်သည်ဟုကျနော်မြင်ပါသည်။သို့ သော်ရေရှည်မကြည့် သူများအတွက် ၀မ်းနည်းမိပါသည်။။ထို့ အပြင်ဒေါ်အောင်ဆန်းစုကြည် သိန်းစိန်အစိုးရနဲ့ ကမ်းလှမ်းတုန်းကကော မေးချင်ပါသည်။နောက်ကျတော့ရလာဒ်ထွက်ပါသည်။ကျနော်မျိုး မိတ်ဆွေတို့ ရဲ့ ဥာဏ်အရောင် တိမ်မယောင်နဲ့ နက်စေချင်ပါသည်။

ထို့ အပြင်ဇာဂနာအကျဉ်းထောင်တွင်းမှာဘာသာပြောင်းမည်ဟုဆိုသည့် ကိစ္စကို မကျေမနပ်နဲ့ ဖြစ်ကြပါသည်။ဝိုင်း၍လဲဆော်ပါသည်။

သူဘာကို အဓိကတိုက်ခိုက်လိုက်လဲမမြင် သူ့ ကိုသာအပြစ်ဖို့ ဖို့ မြင်ကြပါသည်။ကျနော်ပြောချင်သည်က ဗုဒ္ဒဘာသာထွန်းကားပြီးဆွမ်းကပ် ခြင်းကြောင့်သူအဖမ်းခံရသည့် ကိစ္စနှင့်စပ်လျှဉ်း၍ သူအစိုးရကိုဆန့် ကျင်ခြင်းကို အကောင်းမမြင်သည့် လူ့ အန္ဒများအတွက် တော့ စိတ်ပျက်မိပါသည်။

ပြီးတော့ လူပျက်ဟုသုံးနှုန်း၍ ဝေဖန်လာသည်များရှိပါသည်။အနုပညာကိုမစော်ကားသင့်ပါ ထိုတချက်ကိုအလေးအနက်စဉ်းစားစေ

ချင်ပါသည်။ထို့ အပြင် ဒီမိုကရေစီဟုအော်နေသူများပါသည့် အတွက် ပို၍ပင် စိတ်ပျက်သထက်ပျက်လာပြန်ပါသည်။ဒီမိုကရေစီ

စနစ်တွင် လွတ်လပ်စွာအမြင်ကွဲလွဲခွင့်ရှိပါသည် သို့ သော် လူတဦးချင်းအပြန်အလှန်လေးစားမှုဆိုတာ အရေးကြီးသည့် အခန်းမှာပါဝင်

နေပါသည်။

ထို့ အပြင် တိုင်းပြည်ကနုပါသည်။ထိုတပြိုင်နက်ထဲ ဗားတော့ဗရက်ကို သတိရမိပါသည် သူ့ ကဗျာစာသားတကြောင်းက အခုအချိန်မှာ

အများကြီးအထောက်အကူပေးနေသလိုဖြစ်နေပါသည်"နှင်းတွေဒီလောက် ထန်နေရင် ပဲပင်ပေါက်ပင်ကလေးတွေဘယ်လိုရှင်သန်နိုင်မလဲကွယ်" တိုင်းပြည်ကနုပါသည်။ပဲပင်ပေါက်လို ကိုယ့်အစေ့ကိုယ်ဖောက်ထွက်ကိုယ့်ကိုယ်ကိုပြန်ရုန်းထနေရပါသည်။ နှင်းတွေထန်မဲ့အစား ရှေရှည်
ကိုကြည့် ကြပါလို့ ပြောချင်ပါသည်။။။

လေးစားစွာဖြင့်

ဒေါင်းခေတ်

--

          

 မာဃလုလင်

No comments:

Post a Comment