Published On: Fri, Mar 16th, 2012
ရုပ်သံသတင်း | By Admin
၂၄ နှစ်မြောက် မမေ့ပျောက်တဲ့ တံတားနီ အရေးအခင်း
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ လုံထိန်းတွေရဲ့လက်ချက်နဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတဲ့အပေါ်ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက မတ်လ ၁၆ ရက်နေ့မှာ စက်မှုတက္ကသိုလ် အာရ်အိုင်တီကို ချီတက်ဆန္ဒပြစဉ် ပြည်လမ်း
တံတားဖြူမှတ်တိုင်မှာ လုံထိန်းတွေနဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ် နှိမ်နင်းခဲ့မှုတွေကြောင့် တံတားဖြူကနေ သွေးနီစွန်းထင်းပြီး တံတားနီအရေး
အခင်းအဖြစ် အမှတ်ရစရာ သမိုင်းဖြစ်ရပ်ကို မှတ်တမ်းတင်ခဲ့တာ အခုဆိုရင် ၂၄ နှစ်မြောက် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံ
တက္ကသိုလ် ကျောင်းသားတွေ သွေးမြေကျခဲ့တဲ့ ၂၄ နှစ်မြောက် တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ မတ်လ
၁၆ ရက်နေ့မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းမှာရှိတဲ့ မင်္ဂလာဒို့ရိုးရာ ခန်းမမှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးစတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊
ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီဝင်တွေ အပါအဝင် ပရိသတ် အယောက် ၅၀၀ ခန့် တက်ရောက် ခဲ့ပါတယ်။
No comments:
Post a Comment