Saturday 28 April 2012

Posted: 27 Apr 2012 12:12 AM PDT
လွှတ်တော်ကြီးကို ..... အင်အားရှိဖို့ ...... အရာရာမှာ ကူညီ ....
ရဲဘော်အပေါင်းကို ကိုယ့်အသွေးအသားမို့ အစဉ်မမေ့အပ်ပေသည် ...

ဓာတ်ပုံ ဒီမိုဖက်တီးအားကျေးဇူးတင်ရှိပါသည်..

Posted: 26 Apr 2012 04:48 PM PDT


Posted: 26 Apr 2012 09:55 AM PDT

စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးနဲ့ "ခြားနားခွန်" ပြသနာ
"ခြားနားခွန်" ပြသနာသည် မြန်မာနိုင်ငံတွင် အခွန်ဆောင်ပြီးသူများ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးတွင် Passport စာအုပ် သက်တမ်းတိုးရာ၌ နေ့စဉ်ကြံ...ုတွေ့ ကြားသိနေရသော ပြသနာကြီး တရပ်ဖြစ်ပါသည်။

မြန်မာသံရုံးသို့ ထမ်းဆောင်ရသော အခွန်နှုန်းထားများသည် မိမိ ကိုင်ဆောင်ထားတဲ့ ပါမစ်နဲ့သာ ထမ်းဆောင်ရမည်ဟု စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ သတ်မှတ်ထားပါသည်။
ကောက်ခံသော အခွန်ပမာနမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) Work Permit - $40/ month
(၂) S-Pass - $80/month
(၃) E-Pass/ PR - $120/month
(၄) Passport စာအုပ် သက်တမ်းတိုးခြင်း - $150

စကာင်္ပူနိုင်ငံတွင် အလုပ် လုပ်နေသော မြန်မာများ အနေဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ မြန်မာနိုင်ငံသို့ ၀င်ငွေခွန် ထမ်းဆောင်ရန် မလိုတောပါ။ သို့ရာတွင် အချို့သောသူများသည် ၂၀၁၁ ဒီဇင်ဘာလ အထိ မြန်မာနိုင်ငံဘက်တွင် အခွန်ဆောင်ထားသူများ ရှိသည်။ ထိုသူများသည် မြန်မာနိုင်ငံတွင် အခွန်ဆောင်ရာ၌ မည်သည့် Status ဖြင့် စကာင်္နိုင်ငံတွင် အလုပ်လုပ်သည် ဖြစ်စေ တလလျှင် စကာင်္ပူဒေါ်လ ၄၀ နှုန်းဖြင့်သာ ပြည်တွင်း အခွန်များဦးစီးဌါနမှ တရားဝင် ကောက်ခံပါသည်။

ယခု" ခြားနားခွန်" ပြသနာသည် ၂၀၁၂ ဇန်န၀ါရီလမှ စတင်၍ အခွန်ကင်းလွတ်သည်ဟု အမိန့်ထုပ်ပြန်လိုက်သော အချိန်မှ စတင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဘက်တွင် အခွန်ထမ်းဆောင် ထားသော Work Permit ကိုင်ဆောင်သူမှ အပ ကျန်ရှိသော (S Pass/ E Pass နှင့် PR) ကိုင်ဆောင်သူ မှန်သမျှသည်အားလုံးတို့သည် စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ သတ်မှတ်ထားသော ပမာနနှင့် ကွာခြားနေသောကြောင့် ထိုကွာခြားသော ပမာနကို မြန်မာသံရုံးမှ "ခြားနားခွန်" ဟု အမည်တပ်ခါ မည်သည့် အခွန်ဥပဒေ တွင်မှ မပါရှိသော နာမည်ဖြင့် ဆက်လက် ကောက်ခံလျှက်ရှိပါသည်။

မြန်မာနိုင်ငံဘက်အခြမ်းတွင် ၂၀၁၁ ဒီဇင်ဘာလ အထိ အခွန်ထမ်းဆောင်ပြီးသော S Pass ကိုင်ဆောင်သူသည် ခြားနားခွန် စကာင်္ပူဒေါ်လာ $40/month နှင့် E Pass and PR ကိုင်ဆောင်သူသည် ခြားနားခွန် စကာင်္ပူဒေါ်လာ $80/month နှုန်ထားဖြင့် ထပ်ဆောင်း၍ ပေးရမည်ဟု ပြောကာ သံရုံးမှ ကောက်ခံလျှက်ရှိသည်။ ထို ခြားနားခွန်ကို မဆောင်ပါက Passport စာအုပ် သက်တမ်း တိုးမပေးခြင်း၊ Passport စာအုပ် ထုပ်မပေးခြင်းတိုဖြင့် ခြိမ်းခြောက်ကာ ကောက်ခံလျှက် ရှိပါသည်။

သို့ဖြစ်ပါ၍ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့်တကွ မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန တာဝန်ရှိသူများကို မေးချင်ပါသည်။

(၁) မြန်မာနိုင်ငံတွင်၎င်း၊ စကာင်္ပူနိုင်ငံတွင်၎င်း အခွန်ဆောင်ရာ၌ အခွန်ကောက်နှုန်းထား အဘယ့်ကြောင့် တပြေးညီမဖြစ်ပဲ ကွာဟနေပါသနည်း။
(၂) မြန်မာနိုင်ငံရှိ အခွန်ဦးစီးရုံးတွင် ပေးဆောင်ပြီးသော အခွန်သည် တရားမ၀င် ထမ်းဆောင်ခြင်း ဖြစ်သည်ဟု ယူဆပါသလား။
(၃) တရားဝင်ဟု ဆိုသော် အဘယ်ကြောင့် စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ ထပ်မံကောက်ခံ ပါသနည်း။
(၄) "ခြားနားခွန်" ဟူ၍ မည်သည့် အခွန်ဥပဒေတွင် ပြဒါန်းထားပါသနည်း။
(၅) လက်ရှိ စကာင်္ပူနိုင်ငံ မြန်မာသံရုံးမှ ကောက်ခံနေသော "ခြားနားခွန်" ဆိုသည်ကို ယခင်က မရှိပဲ အခွန်ကင်းလွတ်ခွင့် ကြောငြာလိုက်သော အချိန်မှ စတင်၍ ပေါ်ပေါက်လာသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများ သိကြပါသလား။

အထက်ပါ မေးခွန်းများကို စကာင်္ပူနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာများ ကိုယ်စား ဖြေကြားပေးစေလိုပါသည်။

တရားမျှတပြီး တိကျမှန်ကန်သော အခွန်ဥပဒေဖြင့်သာ ကောက်ခံပါလို့ စကာင်္ပူနိုင်ငံရှိ မြန်မာသံရုံးအား အကြံပေးရေးသားလိုက်ပါသည်။ ကလျာ ရေးသားမေးမြန်း ထားသည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများ သိစေလို ဖတ်စေလိုပါသည်။

ခင်ကလျာစိုး
ဧပြီ ၂၆ ၂၀၁၂

Posted: 26 Apr 2012 09:23 AM PDT
Posted: 26 Apr 2012 08:57 AM PDT

နာဂစ်မုန်တိုင်းကြောင့်လူများသိန်းသောင်းချီသေဆုံးခဲ့ရ ဒုက္ခရောက်နေရချိန်မှာချက်ချင်းဘဲ ပြည်သူ့ဆန္ဒမပါဘဲ စစ်အစိုးရကစိတ်ကြိုက်ရေးဆွဲခဲ့တဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲအတင်းအကြပ် လုပ်ခဲ့တာ လွှတ်လပ်ပြီးတရားမျှတတယ်လို့ ဦးအောင်သိန်းလင်းမှပြော

ဘီဘီစီနဲ့ အင်တာဗျူးအား ဒေါင်းမာန်ဟုန်မှကောက်နူတ်ဖော်ပြပါသည်.

Posted: 26 Apr 2012 08:24 AM PDT


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရ ကိုယ်စားလှယ်များ လွှတ်တော်မတက်ရောက်သေး သည့် ပြဿနာကို ချောမွေ့စွာ ကျော်လွှားနိုင်မည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက် သူမ၏ နေအိမ်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောဆိုလိုက်သည်။

"လွှတ်တော် အခုလက်ရှိဖြစ်နေတဲ့ လွှတ်တော်မတက်တဲ့ ပြဿနာကို မကြာမီအချိန်အတွင်းမှာ အခက်အခဲကြီးကြီးမားမားမရှိပဲ ချောချောမွေ့မွေ့နဲ့ ကျော်လွန်သွားမှာပါ။ တိုင်းပြည်အတွက် လုပ်ဆောင်ရာမှာ ကျမတို့ဟာ အရင် နှစ် ၂၀ ကျော်ကာလက လုပ်ဆောင်ခဲ့သလို လွှတ်တော်ပြင်ပကနေ လုပ်ဆောင်မှာမဟုတ်ပါဘူး"ဟုလည်း ၎င်းကပြောသည်။

သူမအနေဖြင့် ယင်းကိစ္စအား နိုင်ငံရေးပြဿနာတစ်ရပ်အဖြစ် အကျယ်မချဲ့လိုကြောင်း၊ NLD ပါတီအနေဖြင့် သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အားထုတ်မှုများကို ကျေနပ်အားရသကဲ့သို့ တိုင်းပြည်၏ ဒီမိုကရေစီလုပ်ငန်းစဉ်တွင် သမ္မတနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ဧပြီလ ၁ ရက်နေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာအနိုင်ရရှိခဲ့သော်လည်း လွှတ်တော် မတက်ရောက်ခင် ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟူသည့် စာသားအစား လေးစားလိုက်နာပါမည်ဆိုသည့် စာသားဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုထားကာ ယခုလ ၂၃ ရက်နေ့တွင် ပြန်လည်စတင်သည့် လွှတ်တော် အစည်းအဝေးသို့ မတက်ရောက်သေးပေ။

ယနေ့နံနက် (၉)နာရီမှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသည့် အီတလီသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E. Mr.Giuliomaria TERZI DI SANT'AGATA တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဆွေးနွေးခဲ့ကြကြောင်း သူမက ပြောသည်။ ။
yangon press international

Posted: 26 Apr 2012 07:58 AM PDT


မြန်မာ မီဒီယာအသိုင်းအ၀ိုင်းနှင့် ဂုဏ်သိက္ခာရှိမြန်မာအမှုထမ်း အရာထမ်းများရှင့်

ကျွန်မ စင်ကာပူနိုင်ငံ တွင် ကွန်ပျူတာပညာဖြင့် အလုပ်လုပ်ကိုင်လျက်ရှိတဲ့မြန်မာ အမျိုးသမီးတစ်ဦးပါရှင်။

စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုကြုံတွေ့နေရတဲ့ဒုက္ခတစ်ချို့နှင့် မြန်မာလူမျိုးများကို ကာကွယ်ခြင်း ကူညီခြင်းမရှိတဲ့ စင်ကာပူနိုင်ငံမြန်မာသံရုံးအကြောင်းပြောပြချင်ပါတယ်ရှင်။

ရှေးဦးစွာ သံရုံးသို့ ဖုန်းခေါ်ခြင်း အကြောင်းကို ပြောပြချင်ပါတယ်။ မြန်မာလူမျိုးများ အကြောင်း ကိစ္စကြီးငယ် ရှိသည်ဖြစ်စေ စုံစမ်းမေးမြန်းစရာရှိသည်ဖြစ်စေ သံရုံးကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း အွန်လိုင်း Website များတွင်ဖော်ပြထားသော်လည်း အမှန်တကယ်တွင် မည်သူကမျှ အရေးတယူဖြေကြားခြင်းမရှိပါဘူးရှင်။ အကြောင်းကြီးငယ်ရှိပါက မိမိအလုပ်အကိုင်ကိုဖျက်ကာ သံရုံးကို ကိုယ်တိုင်သွားရပါတယ်။ သို့သော်ကောင်းမွန်ပျူငှါသောဆက်ဆံရေးကိုမူ မည်သည့်အခါမျှမျှော်လင့်၍မရနိုင်ပါ။

လွန်ခဲ့သည့် ၂ နှစ်ခန့်က သံရုံးသို့ ဖုန်းခေါ်သည့် အတွေ့အကြုံနှင့် လွန်ခဲ့သည့် တစ်လခန့်က သံရုံးဖုန်းခေါ်သည့် အတွေ့အကြုံတို့ကို ဦးစွာတင်ပြလိုပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ကျွန်မတို့ သူငယ်ချင်းတစ်စု စင်ကာပူနိုင်ငံမှ ဒစ်ပလိုမာ တစ်ခု ပြီး ၍့ အလုပ်အကိုင် စတင်ရှာဖွေခဲ့ကြပါတယ်။ ကျွန်မ သူငယ်ချင်း တစ်ယောက် မှာ အလုပ် ရရှိခဲ့သော်လည်း အလုပ်သမား လက်မှတ်လျောက်ထားရန် ပတ်စ်ပို့ သက်တမ်း ကုန်ဆုံးခါနီးဖြစ်နေပါသဖြင့် သံရုံး သို့ သက်တမ်းတိုးရန် သွားရောက်ခဲ့ပါတယ်။ သို့သော် သံရုံးမှ အခွန်မဆောင်လျင် တိုးမပေးပါဟုပြောကြားခဲ့ကြောင်းကျွန်မကို ပြန်ပြောပါတယ်။ ကျွန်မ နားလည် ထားသလောက် အလုပ်မလုပ်ကိုင်သေးသော ကျောင်းသားတစ်ယောက်ကို နိုင်ငံတော်က အခွန်စည်းကြပ် ခြင်းမရှိဘူးဆိုတာပါ။ သို့သော် သံရုံးမှ တိုးမပေးပါက ပတ်စ် လျောက်ထားရန် အခက်ခဲရှိပါသဖြင့် ထိုသူက သဘောတူညီကာ ဆောင်ပါမည်ဟု ကတိပြုလိုက်ပါသည်။ ထိုအကြောင်းကို ကြားသိသောအခါ အလွန်အမင်း တရားမမျှတမှုကို ခံစားရပါသဖြင့် သံရုံးကို ကျွန်မဖုန်းဆက်ခဲ့ပါတယ်။ အကြိမ်ကြိမ်ဖုန်းဆက်ခဲ့ပါသော်လည်း နိုင်ငံခြားသူ အမျိုးသမီး တစ်ယောက်နှင့်သာတွေ့ဆုံရွေ့ မည်သည့် သံအရာရှိကို မှ ဖုန်းလွှဲပြောင်းပေးခြင်းမရှိခဲ့ပါဘူး။ အရာရှိများ အစည်းအဝေးရောက်နေသည် အလုပ်ရှုပ်နေသည်ဟူသော အကြောင်းပြချက်ကိုသာ အကြိမ်ကြိမ် ရရှိခဲ့ပါသည်။ ကျွန်မ တို့ဘက်က အမှန်တကယ် လိုအပ်နေသည်က တကြောင်း ကာယကံရှင်ကိုယ်တိုင်က စိတ်အားထက်သန်မှုမရှိသည်က တစ်ကြောင်း ထိုခေတ် နိုင်ငံအခြေနေအရ ကျွန်မတို့ ဘက်ကို ရပ်တည်ပေးနိုင်မည့်သူ တစ်ဦးတစ်ယောက်မှ မရှိနိုင်သည့် အခြေနေကို နားလည်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်မ ထိုကိစ္စကို ထိုတွင်ရပ်ခဲ့ပါသည်။



ဒုတိယတစ်ခါက လွန်ခဲ့ သော တစ်လခန့်ကပါ။ သံရုံးမှ အွန်လိုင်း Q နံပါတ်ယူခြင်းဆိုတာကို စတင်မိတ်ဆက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ယခင်က လူပေါင်းများစွာတန်းစီပြီးမှ မိမိကိစ္စပြီးပြတ်မှု သံရုံး မှ ယနေ့အတွက် ဆောင်ရွက်ပေးမယ့် သူပြည့်ပြီဆို စောဒကတက်ခွင့်မရပဲ ပြန်ရမှုစတာတွေကို ရှောင်ကွင်းနိုင်အောင်လုပ်ခဲ့တာဟု သိရပါသဖြင့် အလွန်မင်းဝမ်းသာခဲ့ရပါတယ်။ ကျွန်မတို့နိုင်ငံရဲ့တိုးတက်မှုကိုလည်း ကြိတ်ဝမ်းသာခဲ့ရတာအမှန်ပါပဲ။ ဒီလိုနဲ့ ကျွန်မ ပတ်စပို့သက်တမ်းလည်း ကုန်တော့မှာဖြစ်လို့ Q ယူဖို့ စဉ်းစားလိုက်ပါတယ်။ Q ရယူနိုင်တဲ့ နေ့စွဲတွေကို ရွေးချယ်ကြည့်လိုက်တော့ ကျွန်မ ပတ်စ် ကုန်မယ့် နေ့ရက်နဲ့နီးကပ်နေတာ တွေ့ရလို့ စိတ်ပူသွားပါတယ်။

သံရုံးဝန်ထမ်းတွေများ တစ်ခုခု အကြံဥာဏ်ပေးနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မ သံရုံးကို ဖုံးဆက်ပါတယ် ။ အဲ့မှာလည်း နိုင်ငံခြားသူတစ်ယောက်ပဲလာကိုင်ပါတယ်။ သူ့က ကျွန်မ ကို သံရုံးပဲလာခဲ့ဖို့တွင်တွင်ပြောပါတယ်။ အရာရှိတစ်ယောက်ယောက်ကို ဖုန်းလွှဲပေးဖို့ ပြောတဲ့ အခါ လွှဲပေးဖို့ကြိုးစားပါတယ်။ ပြီးရင် ဘယ်သူမှဖုန်းမကိုင်ဘူး အကုန် အစည်းဝေးခန်းထဲရောက်နေတယ် လို့ ပြောပါ တယ် ။ ကျွန်မ အပါအ၀င် တခြားသူငယ်ချင်းတွေရဲ့အတွေ့ကြုံအရ သံရုံးအရာရှိများ မည်သည့်အခါမှ ဖုန်းမကိုင်တတ်မှန်း သိထားပါတယ်။ အဲ့ဒါကြောင့် ကျွန်မ ထို နိုင်ငံခြားသူကိုမေးပါတယ် ။ အခုလွှဲပေးတဲ့ အရာရှိက ဘယ်သူလဲ။ တခြားအရာရှိမရှိတော့ဘူးလားဆိုတော့ အခုလွှဲပေးတာ ဦးတင်ဝင်း ပြီးတော့ တခြားသူတွေလည်းမအားဘူး နင် သံရုံးလာခဲ့လို့ပြောတယ်။ ကျွန်မလည်း ငါ ဘာလုပ်ရင် အဆင်ပြေနိုင် မလဲဆိုတာလေး အရာရှိတစ်ယောက်ဆီက အကြံဥာဏ်လေး သိရဖို့ ငါက ရုံးတရက်ဖျက်ရမယ်ဆိုတာ ဖြစ်သင့်သလား။ ပြီးတော့ ငါက သံရုံးကိုဖုန်းဆက်ပြီး သိချင်တာလေးမေးတာကို ငါ့ကို သံရုံးလာခိုင်းရအောင် ငါ ကသိပ်အားနေတယ်ထင်လား။ ဟုတ်ပြီ အရာရှိ တွေ ကိုပြောလိုက် ။ ကျွန်မ နောက် ၃၀ မိနစ်မှာ ပြန်ဆက်မယ်။ အဲ့ဒီချိန်မှာ ဆက်လို့ မအားသေးဘူး ဒါမှမဟုတ် အစည်းဝေးထဲမှာဆိုရင် ကိစ္စမရှိသေးဘူး။ နောက်ထပ် ၃၀ မိနစ်မှာထပ်ဆက်မယ်။ ဆက်တိုင်းဆက်တိုင်းမှာ နင်ဘာပြောတယ် ဘယ်သူ့ကို လွှဲပေးတယ် အဲ့သူက ဘာပြန်ပြောတယ်ဆိုတာ အားလုံးကို ငါ သက်သေယူထားမယ်။ သုံးခါမြောက်လို့မှ ဘယ်သူမှမဖြေဘူးဆို ရင် အဲ့ ဒီအကြောင်းအရာ ကို သက်ဆိုင်ရာကို ငါ သတင်းပို့မယ်လို့ပြောပြီး နှုတ်ဆက်ဖို့လုပ်ပါတယ်။ အဲ့တော့မှာ ခဏနေပါဦးဆိုပြီး သူ နောက်ထပ်ထပ်လွှဲပေးပါတယ်။ မသီရိအောင် ဆိုတဲ့ အမျိုးသမီး တစ်ယောက်လာကိုင်ပါတယ်။ ကောင်းကောင်းမွန်မွန်ပါပဲ ။ ကျွန်မကို ကိုယ် ထုတ်စရာ ရှိတဲ့ နံပါတ်ကို ကိုယ်ထုတ်ပြီး သံရုံးလာပြီး အကျိုးအကြောင်းလာဆွေးနွေးဖို့ နဲ့ အဲ့လိုလူတွေကိုစဉ်းစားပေးတဲ့အကြောင်း ပြောသွားပါတယ်။ ကျွန်မလည်း ကျေးဇူးတင်ကြောင်းပြောပြီးဖုန်းချလိုက်ပါတယ်။

ဒီမှာ ကျွန်မသုံးသပ်ချင်တာတွေရှိပါတယ်။

၁) နိုင်ငံသားတစ်ယောက်ဟာ အခြားနိုင်ငံတစ်ခုကို ရောက်ရှိနေပြီဆိုရင် သူတို့ရဲ့အဓိကအားကိုးရာ ဟာ သံရုံးပါ။ သံရုံးဆိုတာ မိမိနိုင်ငံသားကို အကာအကွယ်ပေးဖို့ တခြားနိုင်ငံက မိမိနိုင်ငံနဲ့ဆက်ဆံတဲ့ အခါအဆင်ပြေချောမွေ့ဖို့ ကိုယ်စားလှယ်အဖြစ်ထားတာလို့လက်ခံထားပါတယ်။ ဒီလိုနေရာမျိုးမှာ ဘာလို့ လုပ်ပိုင်ခွင့်မရှိ ဆုံးဖြတ်နိုင်ခွင့်မရှိတဲ့ နိုင်ငံခြားသူတစ်ယောက်ကို Information ကောင်တာမှာထားထားပါသလဲ။

၂) တခြားသံရုံးများတော့မသိပါဘူးရှင်။ စင်ကာပူသံရုံးကတော့ မြန်မာနိုင်ငံရုံးပိတ်ရက် ရော စင်ကာပူနိုင်ငံရုံးပိတ်ရက် မှာပါ ရုံးမဖွင့်ပါဘူး။ ရုံးဖွင့်ရက်တွင်လည်း မနက် ၉း၃၀ မှာ ညနေ ၅ နာရီထိပဲဖွင့်ပါတယ်။ ကျွန်မယူဆတာကတော့ နိုင်ငံဝန်ထမ်းဆိုတာ နိုင်ငံသူနိုင်ငံသားတွေ အဆင်ပြေရေးကို ဦးစားပေးသင့်တယ်လို့ ယူဆပါတယ်။ နိုင်ငံခြားမှာ လာရောက်အလုပ်ကိုင်တဲ့သူတွေ ကို အဆင်ပြေစေချင်တဲ့ စေတနာ တစ်စုံတစ်ရာသာရှိမယ်ဆို ရုံးပိတ်ရက်မှာ သံရုံးဖွင့်သင့်တယ်လို့ ကျွန်မယူဆပါတယ်။ အခုလောလောဆယ်တော့ မည်သည့် ကိစ္စကြီးငယ်ရှိသည်မဆို သံရုံး နှင့်ပက်သက်ပါက အလုပ် ကျောင်း တို့ကို မဖျက်မနေရဖျက်ရပါတယ်။ ဒိလိုဖျက်လို့ လွယ်ကူ အဆင်ပြေစွာပြီးမြောက်မယ်လို့လည်း မှန်းထားလို့မရပြန်ပါဘူး။ ငါ့ ဘာများ ရစ်ဦးမလဲ ဆိုတာကို ပဲ ရင်တထိတ်ထိတ်နဲ့ပါ။ ဖြစ်နိုင်ရင် Shift နဲ့ ဖြစ်စေ သံရုံး ကို စနေတနင်ဂနွေမှာပါ ဖွင့်စေချင်ပါတယ်။ ကျွန်မ အမြင်တော့ ယခု စင်ကာပူမြန်မာသံရုံး၏ ပေါ်လစီတွင် ၀န်ထမ်း အခွင့်ရေးကိုသာ ဦးစားပေးထားရွေ့ ပြည်သူ့လိုအပ်ချက်ကို ထည့်သွင်းမစဉ်းစားထားဘူးဆိုတာ သိသာထင်ရှားပါတယ်။

ဒါက ဖုန်းဆက်တဲ့ ပြဿနာပါ။

တနေ့က ဖြစ်ပျက်သွားတဲ့ စင်ကာပူမြန်မာသံရုံးနဲ့ပက်သက်တဲ့ ကျွန်မအတွေ့ကြုံကတော့ ထင်တာထက်ကို ပိုဆိုးပါတယ်။

အဲ့ဒီနေ့က ၂၃ ရက် ဧပရယ်လ ၂၀၁၂ ခုနှစ်ပါ။ အွန်လိုင်း မှ Q နံပါတ်ရယူပြီး ပတ်စ်ပို့သက်တမ်းတိုးဖို့ ကျွန်မရုံးမှခွင့်ယူ ပြီး မြန်မာသံရုံးသို့ သတ်မှတ်ထားတဲ့ အချိန်ရောက်အောင်ထွက်လာခဲ့ပါတယ်။

သံရုံးနားအရောက်မှာတော့ကိုယ့်မျက်လုံးကိုယ်မယုံနိုင်အောင်ဖြစ်သွားပါတယ်။ လူပေါင်း ၅၀၀ လောက် ကိုယ့်ရှေ့မှာတန်းစီနေတာကိုတွေ့လိုက်ရလို့ပါ။ နောက်တော့ အွန်လိုင်း စနစ်မှားယွင်းပြီး အကန့်သတ်မရှိ Q နံပါတ်ထုတ်ပေးမိတာဖြစ်ကြောင်းသိရပါတယ်။ မေးမြန်းကြည့်တော့ စနစ်ပျက်နေတယ်ထင်လို့ မသင်ကာလို့ သံရုံးကို အီးမေလ် ပို့ခဲကြောင်း သို့သော်ရတယ် လာခဲ့ဟုသာ အကြောင်းပြန်ခဲ့ကြောင်းသိရပါတယ်။ ဒါနဲ့ စောင့်နေရင်း မနက် ၁၀ နာရီနီးပါးလောက်မှာ ၀န်ထမ်းကားတွေရောက်လာပြီး သံရုံးစဖွင့်ပါတယ်။ လူတန်းကြီးအရှည်ကြီးကိုလည်းမြင်ပါတယ်။ (မှတ်ချက် ။ ။ သံရုံးတွင်၁၀၀ ကျော်ပါက ပလက်ဖောင်းပေါ်တွင်သာ ထိုင်စရာ မတ်တပ်ရပ်စရာရှိပါတယ်)

သူတို့တစ်ခုခုလုပ်မယ်လို့မျှော်လင့်ခဲ့ပေမယ့် ဘာမှလုပ်ဆောင်တာမတွေ့ရပါဘူး။ အဲ့ဒီချိန်မှာ ရုတ်တရက်ကြေငြာလိုက်တာက စာရွက်တွေထပ်လိုက် Q နံပါတ်ပြန်ပေးမယ် ဆိုတာပါ။ အမှားအယွင်းက အဲ့ မှာစတာပါ။ တကယ်ဆို လူတွေက တစ်ယောက်ချင်း အတန်းလိုက်စီနေတာပါ ။ တစ်ယောက်ပြီးတစ်ယောက် တလှည့်စီဝင်သွားရင်ဒီလောက်ပြဿနာမကြီးနိုင်ပါဘူး။ စာရွက်ပေးဆိုတာနဲ့ လူတွေကလည်းဝုန်းဆို အနားရောက်သွားပြီးဝိုင်းပေးကြတာပေါ၊ အရင်ရောက်တဲ့သူတွေကနောက်ရောက်လိုရောက် နောက်ကလူတွေရှေ့တက်နဲ့ ရှုပ်ရှက်ကိုခတ်ကုန်တော့တာပါပဲ။ ၁နာရီလောက်ကြာတော့ စာရွက်ထပ်တာ ပြီးသွားတွေ့ Q နံပါတ်ပေးဖို့ နံမည်စခေါ်ပါတယ်။ ခေါ်ရင်းခေါ်ရင်းနဲ့ နေ့ ခင်းရောက်သွားတော့ နံပါတ် က ၅၀၀ ကျော်သွားတယ်။

အဲ့ဒီချိန်မှာအော်တယ် အခု ၅၀၀ ကျော်က စပြီးခေါ်တဲ့နံပါတ်တွေကို နောက်နေ့မှပြန်လာခဲ့တဲ့

တောင်းပန်ခြင်းအာမခံချက်ပေးပြီး အကျိုးကြောင်းရှင်းပြခြင်းမရှိဘဲပြန်ခိုင်းတော့ လူတွေက ဒေါသထွက်ကုန်တယ် ။ငါတို့ ဒီလာတာ အားလို့လာတာမဟုတ်ဘူး

ခွင့်ယူရတယ် မလွယ်ဘူး ဘာညာပြောတော့ ပြင်းပြင်းထန်ထန်ပြောတဲ့ လူတွေကို ရှေ့တက်လာခဲ့ဆိုပြီး ၀န်ထမ်းက စိန်ခေါ်တယ်(ကြားပဲကြားရတာပါ။ လူအုပ်နဲ့ ဘယ်ဝန်ထမ်းဆိုတာကျွန်မမမြင်ရပါဘူး ။ တကယ်တက်သွားပြီးထိန်းမရတော့မှန်းသိမှ ငြိမ်သွားတယ် ။) ။ လူတွေက နင်တို့ လည်းမ ပြန်နဲ့ ငါတို့လည်းစောင့်မယ်ဆိုပြီးစောင့်ကြတယ်။

အဲ့ဒီမှာ ပထမဆုံးအဆင့်က လိုအပ်တဲ့ စာရွက်စာတမ်းစစ်ဆေးခြင်း။အဲ့ အဆင့် က စာရွက် ၃ ရွက် ပါမပါစစ်တာ။ အနည်းဆုံး တစ်ယောက်ကို ၂ မိနစ်ကြာရင် လူ ၁၀၀၀ ကိုစဉ်းစားကြည့် ။ပြီးတော့ လုပ်ငန်းစဉ်တိုင်းကို တဆင့်ပြီးတဆင့် အဆင်ပြေအောင် စီစဉ်ထားခြင်းမရှိဘူး ။ တစ်ခါပြီးတိုင်း နောက်တဆင့်အတွက် အစကပြန်တန်းစီရတယ်။

အဲ့ အဆင့်ပြီးရင် အခွန်တွက်ချက်ခြင်း အခွန်ပေးဆောင်ခြင်း ပတ်စ်ပို့ သက်တမ်းတိုးဖို့ ဓါတ်ပုံရိုက်ခြင်း ဆိုတဲ့ အဆင့်တွေကို အဆင့်တိုင်းအဆင့်တိုင်း တန်းစီပြီးလုပ်ဆောင်ရတယ်။

ထိုင်စရာ အလုံအလောက် နားခိုးရာအလုံအလောက်မရှိလို့ လမ်းပေါ်မှာထိုင်ခဲ့ရတယ်

အသက်ကြီးတဲ့ လူကြီးတွေအပေါ်ဦးစားပေးခြင်းဆိုတာလုံးလုံးမတွေ့ရဘူး။ ဒါပေမယ့် သူတို့ လုပ်ပေးနေတာပဲဆိုပြီးဘယ်သူမှ စောဒကမတက်ဘူး။ အဖိုးကြီးအဖွားကြီးတွေစောင့်ရှာတယ်။

နောက်တနေ့ မနက် ၄ နာရီမှာ အဖိုးကြီး အဖွားကြီးလင်မယား အလှည့်ရောက်တယ်

အဲ့ဒါနဲ့ အဲ့ဒီဝန်ထမ်းက ဘာပြောလဲဆိုတော့ အဖိုးကြီးအဖွားကြီးကို သက်တမ်းမတိုးပေးနိုင်ဘူးတဲ့ ဘာလို့လဲဆိုတော့ သူတို့ သမီးက အခွန်မကြေလို့တဲ့။ ဒါနဲ့ သူတို့ကပြန်ပြောတယ်

မင်းတို့ အခွန်ဆောင်လို့ ငါ့ သမီးကပတ်စ်ပို့ကိုင်ထားတာ သူ့ပတ်စ်ပို့ကလည်းသက်တမ်းရှိတယ်

သူအဲ့သက်တမ်းကုန်ရင်လည်း မဆောင်မနေရ ဆောင်ရမှာ။ ဒါဥပဒေနဲ့ညီတယ်ဆိုတာကို ခင်ဗျားချင်းကိုထပ်နေတာပဲဝန်ထမ်းကပြန်ပြောတာ။ အဖွားကြီးအဖိုးကြီးလည်း မင်း ငါတို့ကို ခင်ဗျားချင်းထပ်နေအောင်ပြောစရာမလိုဘူး မင်း အဖေအရွယ်လောက်ရှိတယ်ဆို ပြီး ဒေါသထွက်ကြပြီး အော်တာ ဟစ်တာတွေဖြစ်ကုန်တယ်။ သူကတော့မခိုးမခန့်နဲ့ တခြားဘယ်ဝန်ထမ်းကမှလည်း စိတ်ဝင်စားဟန်မပြပါဘူး ပြည်သူတွေပဲမခံနိုင်လို့ဝိုင်းပြောပေမယ့်မရပါဘူး ။ကျွန်မ က ကင်မရာနဲ့ သွားရိုက်တော့ ကျွန်မ ဆီက ကင်မရာတောင်းတယ်။ ကျွန်မလည်း ဘာလို့ပေးရမှာလဲ ငါ ဘာဥပဒေမှ မဖောက်ထားဘူး နင်တို့ က မဟုတ်တာလုပ်တော့ ဘယ် အရိုက်ခံနိုင်မလဲလို့ ပြန်အော်လိုက်တယ် ။ အဲ့ဝန်ထမ်းကို ဓါတ်ပုံရိုက်တဲ့သူက ရိုက်နေတာ့ အထဲဝင်သွားရော။ ကျွန်မ ကင်မရာမှာတော့ သူ့ပုံ ပါမလာဘူး။ သူငယ်ချင်း ဆီမှာပါမယ်ထင်တယ်။ ကျွန်မတို့ မနက် ၆ နာရီမှ ပြန်ရတယ် ။တချို့တွေဆို နောက်နေ့ ၁၂ နာရီမှ။ နေ့ခင်းလောက်ကလည်း ကျွန်မ အရာရှိနဲ့သွားညှိတယ်

စာရွက်စာတမ်းစစ်ဆေးတဲ့ အဆင့်ကို စေတနာ့ဝန်ထမ်းစုပေးမယ် ။ အရာရှိတယောက် ကြည်းကြပ်မလားလို့ပြောတယ်။မြန်သွားအောင်လို့။ လက်မခံပါဘူး။ အဖြစ်ကတော့အဲ့ဒါပဲ ။

အစောကြီးကတည်းက လူတွေကို ပြေပြေလည်လည်ရှင်းပြ တောင်းပန်သင့်တောင်းပန် ညှိနှိုင်းသင့်ညှိနှိုင်းလုပ်ခဲ့မယ် ဆို ဒီလို အဖြစ်မျိုးတွေမဖြစ်ပါဘူး။ နောက်ဆုံး သတင်း ကတော့ ကျွန်မ တို့ ပတ်စ်ပို့တွေ ကို ၂၄ ရက်နေ့ ညနေ ၅း၃၀ ချိန်းပေမယ့် ၆း၃၀ မှ စပြီးနံမည်ခေါ်ခဲ့ပြီး ၂၅ ရက်နေ့ မနက် ၈ နာရီကျမှ ပတ်စ်ပို့ လက်ထဲရောက်ပါတယ်။

နိုင်ငံတကာမှာ Senior Citizen ဆိုတာကို ဦးစားပေးတယ်။အခုတော့ မိုက်ရိုင်းချက်က ကမ်းကုန်တယ်

တကယ်ဆို အဖိုးကြီးအဖွားကြီးတွေပါတာမြင်ကတည်းက တာဝန်ရှိသူတစ်ယောက်က လာခေါ်သွားပြီး VIP Facility လုပ်ပေးရမှာ။ အခုတော့ စဉ်းစားကြည့်။ တကယ်ပဲ Rule ဖြစ်ခဲ့ရင်တောင် အပြေလည်ဆုံးနည်းလမ်းတစ်ခုကိုစဉ်းစားပေးသင့်တာ။

သံရုံးက ပြည်သူနဲ့ ပြဿနာဖြစ်မှ မဖြစ်မနေလုပ်ပေးတာကလွဲပြီးဘာတာဝန်ယူမှုမှမရှိဘူးဆိုတာကို ထင်ရှားပါတယ်။ ပြည်သူအပေါ်မှာလေးစားခြင်း မရှိသလို အရာရှိတွေအနေနဲ့ PROBLEM SOLVING ပြဿနာ ဖြေရှင်းတဲ့ အရည်အချင်း အရလည်း လုံးဝကို ဟိုးအောက်ဆုံးမှာပါ။ အစကတည်းကသာ လူတွေကို စနစ်ချို့ယွင်းတဲ့ အကြောင်းအကြေအလည် ယဉ်ယဉ်ကျေးကျေးပြောပြမယ် တခြားလက်ခံနိုင်တဲ့ အဖြေတစ်ခုခု ပေးဖို့ကြိုးစားမယ် (ဥပမာ သက်ကြီးရွယ်အိုနဲ့ တခြား မလုပ်မဖြစ်လူတွေကို အရင်ဦးစားပေးပြီး အလျင်မလိုတဲ့သူတွေကိုလည်း နောက်ထပ် အလုပ်အကိုင်မပျက်ရအောင် စနေ တနင်ဂနွေမှာ အစားထိုးလုပ်ပေးသွားမယ်ဆိုတာမျိုးသာကြေငြာခဲ့ရင် သူတို့လည်း ဒီလောက်မပင်ပန်းသလို လူထုလည်း ဒီလောက်ဒုက္ခမရောက်ဘူးဆိုတာ သေချာပါတယ်။ ၂၄ ရက်နေ့လာတဲ့သူတွေကိုတော့ တနင်ဂနွေချိန်းတယ်လို့ကြားပါတယ်။

အချုပ်အနေနဲ့သုံးသပ်ရင် ၀န်ထမ်းအပါ ၀င်သံရုံးအကြီးအကဲမှာပါ ပြည်သူအပေါ်တကယ်ပဲ စဉ်းစားပေး တတ်တဲ့ စေတနာရှိပါရဲ့လား။ တကယ်လို့စဉ်းစားပေးတဲ့စေတနာရှိတယ်လို့ ပြန်ငြင်းခုန်မယ်ဆို ကျွန်မတို့ နိုင်ငံရဲ့ ၀န်ထမ်းတွေ အရည်အချင်း ဟာ ရင်လေးဖွယ်သံသယရှိစရာပါ။ ဘယ်မှာလဲ ယဉ်ကျေးမှု ဆိုတာ ကရော။ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘတ်စ်ကားစီးရင်တောင် လူကြီးတစ်ယောက်တက် လာရင် လာအမေထိုင် အဘ ထိုင်ဆိုတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေရှိနေသေးတယ်ဆိုတာကိုပါ။ ဒါတွေကို သံရုံးဝန်ထမ်းတွေမှာဘာလို့မတွေ့ရတာလဲ။ ပြည်သူတွေထဲကတော့ နီးစပ်ရာ အဘိုးအဘွား နဲ့ ကိုယ်ဝန်သည် အမျိုးသမီးတွေကို လက်လှမ်းမှီသလောက်ကူညီနေတာ တွေ့ရလို့ဝမ်းသာစရာပါ။


ဒီစာကို ဖတ်မိတဲ့ မီဒီယာသမားများ အရာရှိအရာခံများ ဒီလို ဌာနမျိုးကို ဘယ်လို ကိုင်တွယ်သင့်လဲ ဘယ်လို အရေးယူသင့်လဲဆိုတာကို ၀ိုင်းဝန်းဆုံးဖြတ်ပေးနိုင်ကြမယ်လို့ယုံကြည်ပါတယ်ရှင်။

စာကြွင်း ။ ။ အွန်လိုင်းစနစ်ကိုသုံးရင် လိုက်နာရမယ့် အချက်တွေကို သံရုံးကဖော်ပြထားတာနဲ့ တွဲထားတဲ့ ဓါတ်ပုံတစ်ပုံကို ပါတင်ပေးလိုက်ပါတယ်။ အွန်လိုင်းက ရတာပါ။ လိုက်နာကျင့်သုံးရမယ့် အချက်ဆိုတာ တွေဟာ တကယ်ပဲ တရားမျှတမှန်ကန်မှုရှိမရှိဆိုတာကိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့ရှင်။ ကျွန်မနားလည်သလောက် အဲ့ဒီလိုက်နာရမယ့် အချက်တွေဆိုတာကို အကျဉ်းချုံးဘာသာပြန်ရင် ကျွန်မတို့ကို သံရုံးဝန်ထမ်းဘာလုပ်လုပ် ခံပါ့မည် ဟူသောစာကို လက်မှတ်ထိုးခိုင်းခြင်းဟုသာမြင်မိပါတော့တယ်။
Ei Chaw San

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

Friday 27 April 2012



ကဗျာရေးတယ်ဆိုတာ

ကဗျာရေးတယ်ဆိုတာ
နှလုံးသားက အနာဖေးကိုခွာချရတာ
ဦးနှောက်ကို အရေညှစ်ရတာ
ကိုယ့်စိတ်ထဲက ကောင်းမှု့မကောင်းမှု့တွေကို
အမှန်မြင်အောင်ကြည့်ရတာ
စိတ်ကူးစိတ်သန်းတွေကို စာသားအဖြစ်ပြောင်းရတာ
အဲ့ဒီအထိ ရှင်းတယ်
ရှုပ်တာက နောက်ပိုင်းမှာ . . .

ရေးချင်လို့ ရေးတယ်မလား
ရေးပြီး ရင် ပြီးပြီမလား
အခုက အဲ့လိုမဟုတ်
ရေးပြီးရင် မှတ်ကျောက်တင်ခံချင်ရတာနဲ့
ခံစားမှု့ ရသတွေ မျှဝေချင်ရတာနဲ့
စာပေနယ်မှာ ထင်ပေါ်ချင်ရတာနဲ့
ဘာဖြစ်ချင်ရတာနဲ့ ညာဖြစ်ချင်ရတာနဲ့ . . .

အမျိုးအစားဟာ သာမညဖြစ်ပြီး
ကဗျာဟာ အဓိက လို့ခံယူထားတယ်
ကလပ်စစ်တွေ မော်ဒန်တွေ ကို
ဒီကဗျာဆရာ သိပ်နားမလည်ပါ
စိတ်ကူးနဲ့ခံစားချက်ကိုတော့
စာသားအဖြစ် ကောင်းကောင်းပြောင်းတတ်တယ်
လေးချိုး ရေးရေး ဒွေးချိုး ရေးရေး
စေတနာမပါတဲ့ ကဗျာဆရာဟာ
ခွေး ဖြစ်မှာ အသေအချာပါပဲ . . .

ကဗျာရေးတတ်ပေမယ့်
ကဗျာမရွတ်တတ်ပါ
မရွတ်တတ်ဘူးဆိုတာထက်
သူများတကာ ရွတ်ပုံနဲ့ ဒီကဗျာဆရာရွတ်ပုံနဲ့မတူ
အဲ့ဒါထက်ပိုဆိုးတာက
ကိုယ်ရေးတဲ့ကဗျာကို ကိုယ်ရွတ်တိုင်း
အူတူတူ ဖြစ်ဖြစ်ကျန်ခဲ့တယ်
အပြင်းစားမော်ဒန်လို့ ဆိုကြတဲ့
နိမိတ်ပြ ခေတ်ရှေ့ပြေးကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရသလို . . .

သေချာတာကတော့
ကဗျာရေးတယ်ဆိုတာ ရင်ဘတ်နဲ့ဦးနှောက်ပေါင်းစပ်ချိန်ရောက်တဲ့အခါ
ရေးပြီးရုံနဲ့မပြီး . . .



 မာဃလုလင်








ယနေ့နေ့လည် ၁ နာရီခန့်က ရန်ကုန်မြို့ မာလာဆောင် မှတ်တိုင်အနီးရှိ ရတနာပုံ တယ်လီပို့တွင် စတင်ရောင်းချမည် ဆိုသော WCDMA ၂သိန်းခွဲတန် ဖုံးကဒ်ကို ၀ယ်ယူလိုသော ညီတဦးနှင့် အတူ ရောက်ခဲ့သည်။ အောက်ပါ ဗွီဒီယို ဖိုင်ပါ အတိုင်း ပြည်သူလူထု အများသည် ပူပြင်းသော ပြင်ပ နေရောင်အောက်တွင် တန်းစီစောင့်ဆိုင်းပြီး မှန်လုံခန်းကာ အဲကွန်းအအေးခန်းတွင်းသို့ ၁၃ မိနစ်ခန့်လျှင် တယောက်ကျုံ စီဖြင့် ၀င်ခွင့်ရအောင် ပူလောင်ချွှေးတပြိုက်ပြိုက်ဖြင့် စောင့်ဆိုင်း နေကြရသည်။ ယခု ရောင်းချသော ရတနာပုံတယ်လီပို့တွင် ဖုန်းကဒ် တကဒ် ရရှိရေး နှစ်နာရီကျော် သုံးနာရီခန့် တန်းစီချိန်ကြာမြင့်မည်ဖြစ်သော်လည်း ပြင်ပ ရှိ ဖုန်းဆိုင်ကြီးများ တွင်မူ တန်းစီ စရာမလို မှတ်ပုံတင် မိတ်တူပေးယုံဖြင့် ထိုဖုန်းကဒ်များကို အလွယ်တူ ၀ယ်ယူရရှိနိုင်သည်။ ကွာခြားသည်ကား ဈေးနှုန်းဖြစ်သည်။ ယခု ပင်မ ရောင်းချရာတွင် တန်းစီဝယ်ယူသူအတွက် ၂သိန်းခွဲတန် ကဒ်ကို ၂သိန်းခွဲ တိတိသာ ပေးရသည်။ ရန်ကုန်မြို့တွင်း နာမည်ကြီး ဖုန်းဆိုင်များတွင် ၂သိန်း ခြောက်သောင်း နှင့် အထက် ရှိသည်။ တစ်သောင်းကျပ် ကျော် အမြတ်ပေးနိုင်လျှင် ယခုလို နေပူလောင်ခံ စိတ်ညစ်ခံပြီးတန်းစီ ၀ယ်ယူစရာ မလို။ မြန်မာ့ ဆက်သွယ်ရေး စနစ်ဧ။် ပြည်သူလူထုပေါ် ထားသော စေတနာကား ဒီလောက်တင်လား မဟုတ်ပါ။ မိမိတို့ လူတန်းကြီးက နှစ်နာရီခန့် ပူလောင်စွာ တန်းစီပြီး အထဲသို့ ၀င်ခွင့် ရချိန် နေ့လည် တစ်နာရီ ငါးဆယ် မိနစ်တွင် ၀န်ထမ်း အမျိုးသမီး တဦးက မှန်တံခါးကို ဆွဲဟယုံ ဟပြီး အပူဒါဏ်ခံနေရသော ပြည်သူလူထုအား နောက် ငါးလုံး ဖုန်းကဒ် ငါးကဒ်ရောင်းပြီး ရင် ပိတ်တော့မယ် ဟု လာပြောသည်။ ကျနော် မနေနိုင်တော့ပါ။ မိမိသည် ယခုဖုန်းကဒ်ကို ၀ယ်ယူနိုင်စွမ်း ရှိသူလည်း မဟုတ်ပါ။ ညီငယ်တဦးအတွက် အဖေါ်လိုက်လာရင်း ဖုန်းကဒ် ဖြန့်ချီရေး စနစ်ကို လာလေ့လာခြင်းသာဖြစ်သည်။ ပြည်သူ လူထု က ဖုန်းကဒ် ၀ယ်ယူ အသုံးပြုရန် စနစ်တကျ တန်းစီစောင့်ဆိုင်း နေသော ယခုလို အချိန်တွင် ဖုန်းကဒ်အား ဆက်လက် မရောင်းချတော့ကြောင်း ပြောဆိုခြင်းမှာ မဖြစ်သင့်ဟု ထင်သည်။ ထို့ကြောင့် ကျနော် ၀င်မေးသည်။ ယနေ့ ဖုန်းကဒ် ဘယ်လောက် ရောင်းပြီးပြီမို့ အခု ဆက်မရောင်းတော့ဘူးပြောတာလဲ။ လူထုက ၀ယ်ဖို့ တန်းစီစောင့်ဆိုင်းနေတာ အားမနာတော့ဘူးလား။ အချိန်ကလည်း အစောကြီး ရှိသေးတယ်။ ဘာကြောင့် အပြင်ဆိုင်တွေမှာကျ လွတ်လွတ်လပ်လပ် ရောင်းချနေရသလဲ။ ဖုန်းကဒ်ကို မလောက်မင ဖြန့်ချီဖို့ အစီစဉ် ရှိလို့လား စသည်ဖြင့် စောဒက တက် သော အခါမှ ထိုဝန်ထမ်း အမျိုးသမီးက ညနေ သုံးနာရီထိပဲ ရောင်းပေးမယ်။ ကျန်တာ မသိဘူး ဟု ပြောဆို တံခါးပိတ်သွားပါသည်။ လူထုကား တန်းစီဆဲ ....... စုစုပေါင်း ၀န်ထမ်း လေးဦးသာ ရှိသည့်အထဲတွင် တဥိးက ဖုန်းတလုံးဖြင့် ဘာတွေ ပြောနေမှန်း မသိ ။ တတွတ်တွတ်။ နောက်တဦးက တန်းစီသော လူများကို တဦးချင်းသာ ၀င်ထွက်နိုင်စေ ရန် တံခါးကို အပိတ်အဖွင့် လုပ်ပေးနေသည်။ ဖေါင်မ် ဖြည့် ငွေလက်ခံသော ကောင်တာတွင် စာရေးမ ဟု ထင်ရသော ၀န်ထမ်း အမျိုးသမီး နှစ်ဦးသာ ရှိပြီး တကြိမ်လျှင် ဖုန်းကဒ် ၀ယ်ယူသူ နှစ်ဦးသာ လက်ခံ သည်။ ဖေါင်မ် ဖြည့်သော သူ့လက်ရေး နှေးနှေးဖြင့် တဦးချင်းစီ စိတ်ရှည်လက်ရှည် ဖြည့်သည်။ ဓါတ်ပုံကိုလည်း တပုံစီ စိတ်ရှည်လက်ရှည် ကပ်သည်။ လက်မှတ်ထိုးသော အကွက်ငယ်ကို သူ ဖြည့်နေသည်ကပင် တမိနစ်ခွဲခန့်ကြာသည်။ ကျနော် နာရီစတော့ပ် ၀ပ်ခ်ျကို ဖွင့်ပြီး သူတို့ လှုပ်ရှားပုံကို မှတ်သားနေမိသည်။ ငွေရေတော့လည်း ထို စာရေးမပင် ဖြစ်သည်။ မကြာခံနိုင်ရိုးလား။ ခေတ်မှီသော အဆင့်မြင့် ဆက်သွယ်ရေး သရီးဂျီ ဖုန်းဆင်းမ် ကဒ်များ ရောင်းချသည်မို့သာ တော်တော့သည်။ သို့နှင့် လူတဦးကို အနည်းဆုံး ဆယ်မိနစ်မှ ဆယ်ငါ့မိနစ် အကြား ကြာသည်။ ဖုန်းကဒ် တကဒ် ရဖို့စောင့်ရသည့် အချိန် စုစုပေါင်းကို တွက်လျှင် တနေကုန်နေလို့မှ ငါးဆယ်ဦးပင် ပြည့်ပါ့မလား ထင်မိသည်။ ယခုလို နှေးကွေးလေးလံသော အရောင်းဝန်ဆောင်မှုကို ပင်ရင်း အရောင်းဆိုင်ဖြစ်သော ရတနာပုံ တယ်လီပို့တွင် တွေ့ရှိရသောကြောင့် အလွန်အံ့သြမိသည်။ ထိုအချိန်တွင် အရောင်းဝန်ထမ်း တဦးဖုန်းပြောနေသံ ကြားရသည်။ လာခဲ့လေ ၀င်လာခဲ့။ လာခေါ်မယ် စောင့်နေဆိုပြီး သူထွက်လာသည်။ သူ့အရွယ်တူ ၀န်ထမ်း ၀တ်စုံဝတ် လေးဦးကို ကားတစီးပေါ်မှ သွားခေါ်ယူလာပြီး တန်းစီစောင့်ဆိုင်းနေသော လူအုပ်ကို ကျော်လွန်ကာသွင်းယူသည်။ ဖုန်းကဒ်များရောင်းချသည့် ဖေါင်မ်ကို သူ ကိုယ်တိုင်ဖြည့်ပြီး ရောင်းချပေးတော့သည်။ တန်းစီနေသော အပူဒါဏ်ခံ လူထုကားပွစိ ပွစိ။ မတရားမှု မြင်လျှင် မနေတတ်သော ကျနော်နှင့် ထပ်တွေ့ပါပြီ။ ကျနော် ၀င်သွားသည်။ ဘာကြောင့် ၀င်လာသလဲ ဟု ၀န်ထမ်းတဦးက မေးသည်။ မကျော်တက်ပါနှင့် အစဉ်လိုက်အတိုင်း ၀င်ပါ။ ဆိုပြီး တွန်းထုတ်ဖို့ လုပ်သည်။ ကျနော်က ဒါဆို ဟို လေးယောက်က ဘာလို့ ကျော်ဝင်လာရတာလဲ။ သူတို့ကျ တန်းစီစရာ မလိုဘူးလား ဆိုတော့။ သူတို့က လွန်ခဲ့တဲ့ ရက်တွေ ကတည်းက ကြိုမှာထားလို့ ရောင်းပေးတာတဲ့ ခင်ဗျားတို့ လိုချင်ရင် ကြိုမှာပါလားတဲ့။ သို့ဖြင့် မခံချင်တော့သော ဘေးမှ လူတဦးက မင်းတို့ အဲဒီလို ကြိုမှာပြီး အေးဆေး ကြိုက်တဲ့အချိန်ကျမှ လာယူလို့ ရတယ်ဆို ကြိုပြော ကြိုကြေငြာလေကွာ။ မင်းတို့ပဲ ဒီနေ့မှ စဖြန့်မယ် ဆိုလို့ ငါတို့ လာတန်းစီနေတာ။ စသည်ဖြင့် စကားများကြတော့သည်။ ၀န်ထမ်းကား ညိုမဲသော မျက်နှာဖြင့် ကျနော့်ကိုသာ မကြည် ကြည့်တော့သည်။ ကျနော်က ဖုန်းကဒ် တကဒ် ရောင်းတာကို ဆယ့်ငါးမိနစ်လောက် အချိန်ယူနေရရင် တနေ့ကို ဘယ်လောက်မှ ရောင်းရမှာ မဟုတ်ဘူး ဆိုသော အခါ ငွေရေ နေသော ၀န်ထမ်း အမျိုးသမီး တဦးက ကတ်ကတ်လန်အောင် ရန်တွေ့တော့သည်။ ဒီမှာ လူနဲ့လုပ်နေရတာ စက်မဟုတ်ဘူး ။ ဘာဖြစ်လဲ စသည်ဖြင့် ရောင်းပေးနေတာ အေးးဆေး မ၀ယ်ဘူး ဘာဖြစ်ချင်လဲ ။ ကျနော်လည်း ပြောချလိုက်မိသည်။ " ခင်ဗျားတို့ ခေတ်ပြောင်းနေပြီ။ ခေတ်ဟောင်း စနစ်ဟောင်းက အတိုင်း ပြည်သူလူထုကို ဟောက်စား ခြောက်စား မလုပ်ပါနဲ့။ ခင်ဗျားတို့က ၀န်ထမ်းတွေ၊ လူထုကို ပြေလည်အောင် ဆက်ဆံပါ။ ရင့်သီး ရိုင်းပျစကားတွေ မပြောပါနဲ့ " သူတို့ မခံမရပ်နိုင်ဖြစ်ကြသည်။ ကိုယ့်ဟာကိုယ် ရုံးမှာ အေးဆေး နေရင် ရတယ်။ ဒီဟာတွေ လာရောင်းရမှ အပြောခံရတယ်။ အဘ ရုံးခန်းထဲ အေးဆေး နေရင်အကောင်းသား စသည်ဖြင့် ပွက်စိပွက်စိ ဖြစ်ကုန်သည်။ ကျနော်က ကျနော့်အား နှုတ်လှန် ရိုင်းပြသောဝန်ထမ်းအား ခင်ဗျား နာမည်လေး ပြောပြ နိုင်မလား ဆိုတော့ မပြောပါ။ ခင်ဗျား မပြောရင် ကျနော် ပြောခဲ့မယ်။ ကျနော့်နာမည်ကို ပြောခဲ့သည်။ သူတို့ မျက်နှာမှာ မကြည်၊ ကျနော့်အား အတော် ဒေါသ ထွက်နေပေရော့မည်။ သူတို့လို အောက်ခြေ အဆင့် ၀န်ထမ်းငယ်တို့အား ဖက်တုပြိုင်ပြီး စကားနိုင် မလုသင့်မှန်း နားလည်သော်လည်း လူထုအား မထီလေးစား ကျော်တက် အခွင့်ပေးပြီး တန်းစီစောင့်နေသော ကြာမြင့်ခဲ့ချိန်ကိုမှ အားမနာ ဆက်မရောင်းတော့ဟု ကောင်တာပိတ်ရန် ပြင်ဆင်ခြင်းအား ဘယ်လိုမှ သည်းမခံနိုင်တော့သောကြောင့် ၀င်ပြောခဲ့ရခြင်းသာဖြစ်သည်။ သူတို့နှင့် ကျနော်သည် ယခုမှသာ မြင်ဖူးခြင်း ဖြစ်သည်။ ရန်ဘက်လည်း မဟုတ်ပါ။ သို့ပါသော်လည်း မြန်မာနိုင်ငံ ၀န်ထမ်း အဖွဲ့အစည်း အသီးသီးတွင် ယခုကဲ့သို့ လူထုအား သက်သာချောင်ချိစေသော အစီအမံ ပြင်ဆင်လုပ်ဆောင်ချက်မျိုး မပေါ်ပေါက်သေးပဲ။ ခေတ်ဟောင်းက ပုံစံ အတိုင်း လူထုကို စီးပိုးဝန်ပိ ပင်ပန်းနေစေသော ယခုကဲ့သို့ မြန်မာ့ဆက်သွယ်ရေး ၀န်ဆောင်မှု ပုံစံအား ကန့်ကွက်လိုခြင်းသာ ဖြစ်သည်။ သက်ဆိုင်သော မြန်မာ့ဆက်သွယ်ရေးမှ တာဝန် ရှိသူ အသီးသီးခင်ဗျား။ ယခု ကျနော်တင်ပြသော အခြေအနေ အားလုံးကို သိမြင် တွေးဆပြီး လူထုအတွက် သက်သာသော ၊ အဆင်ပြေသော ။ ပေါက်ဈေးတွေ ထင်သလို ခေါ် ရောင်းချနေကြသော။ ပင်ရင်းဆိုင်တွင် လူထုကို မညှာမတာ တန်းစီနေပူခံခိုင်းပြီး တနေကုန်မှ ကဒ်လေး ဆယ်ဂဏန်းမျှ ရောင်းချပြီး ပြင်ပသို့ မှောင်ခိုဈေးဖြင့် ရောင်းချရန် ကြံစည်အားထုတ်နေမှုများအား လုံး ၀ ရပ်ဆိုင်းပေးစေလိုပါသည်။ ထိုသို့မှ မလုပ်ပေးနိုင်လျှင် ငါးထောင် တန်ကဒ် ကို တာဝန်ယူ ရောင်းချပေးပါမည် ဆိုသော လူတို့အား နေရာပေးလိုက်ပါ။ လူထုကို ငဲ့ညာသနားသော အားဖြင့် သက်သာ အဆင်ပြေစေရေး နည်းလမ်းများ ရှာဖွေ အစားထိုးပါ။ ၀န်ထမ်းတို့အား ကောင်းမွန်ယဉ်ကျေးသော လူထုအားဆက်ဆံတတ်ရန် ယဉ်ကျေးတတ်ရန် ပြင်ဆင်သင်ကြားပေးပါ။ ခေတ်မှီ ကွန်ပြူ တာ နည်းပညာ ခေတ်တွင် ဓါတ်ပုံကို ကော်နှင့်ကပ်။ ကိုယ်ရေး ရာဇ၀င်ကို ဘောပင်နှင့် ဖြည့်သည့် ခေတ်မမှီတော့သော နည်းလမ်းတို့အား ပြင်ဆင်ပေးပါ။ ခေတ်ပြောင်း စနစ်ပြောင်းခြင်းကို ဦးဆောင် အကောင်အထည်ဖေါ်ပေးကြပါ ဟု တိုက်တွန်းလိုက်ရပါသည်။ အောက်တွင် ဖေါ်ပြထားသော ဗီဒီယို ဖိုင်သည် ယနေ့ ဧပြီလ ၂၃ ရက် နေ့လည် ၁နာရီ မိနစ် လေးဆယ်က ရိုက်ကူးလာသော ပုံများဖြစ်ပါသည်။
--

Nay Myo Zin's
          


 မာဃလုလင်








ပြောမထွက်တဲ့ စကား...

      မနက် ရ နာရီခွဲကျော်ကျော်ဘဲ၇ှိသေးသည် ကိုစံရိုးတို့အိမ်မှာ ရန်ဖြစ်နေကြပြီ။  ကိုစံရိုးက အရက်မူးပြီး အိမ်ကိုပြန်လာသည်။ တညလုံးမူးနေတာ ဘယ်နေရာမှာမူးတာလဲတော့ မသိဘူး။ မနက်အစောကြီးမှ အိမ်ကိုပြန်ေ၇ာက်တော့သည်။ တအိမ်လုံးက ကိုစံရိုးကို မကြည်ဖြူကြ။ ကိုစံရိုးမှာ သားသမီး ၃ယောက်ရှိသည်။ အကြီးဆုံးသားသည် ကုမ္မဏီမှ ၀န်ထမ်း။ အလတ်မနှင့် အငယ်မက တက္ကသိုလ်ကျောင်းသူကြီးတွေ။ ကိုစံ၇ိုးက ဓါတ်ဆီတိုင်မှာ ပန့်ကိုင်တဲ့ အလုပ်လုပ်သည်။ ဓါတ်ဆီ ဆိုင်တွေကို ပု၈္ဂလိက လွဲလိုက်တော့ ကိုစံရိုး အလုပ်ပြုတ်တော့သည်။ အလုပ်လက်မဲ့ ဖြစ်နေတာ ၂လလောက်ရှိပြီ။ ၀င်ငွေမရှိတဲ့ ဖခင်ဆိုတော့ အိမ်နှင့် သိပ်ပြီ အဆင်မပြေ။ အရက်သောက်တဲံ အကျင့်ကလည်း ပျောက်လို့မ၇။
``အဖေ...ခင်ဗျားဗျာ...အရက်သောက်၇င်အိမ်ပြန်မလာနဲ့´´  
``အဖေနော်... သမီးတို့က ၇ှက်တယ်။ အဖေအရက်သောက်နေရင် သမီးတိုနဲ့ မနေနဲ့´´
``ကိုစံရိုး..ရှင့်မျက်နှာ ကျမ မကြည့်ချင်ဘူး ရှင်က အလုပ်လည်းမရှိ။ ၀င်ငွေလည်းမ၇ှိ။ အရက်ကလည်း သောက်လိုက်သေးတယ်။ ကျမတို့ မိသားစု ကို ဒုက္ခ္ခ္ခ မပေးပါနဲ့´´
     
        ကိုစံရိုးက နာမည်နှင့်လိုက်အောင် ရိုးသည်။ အေးသည်။ ရတဲ့ ၀င်ငွေနှင့် မိသားစုကို လုပ်ကိုင်ကျွေးမွေးသူဖြစ်သည်။ ဒါပေမယ့် အခုတော့ အလုပ်လက်မဲ့ဖြစ်နေပြီ။ သူ့လုပ်အားနှင့် သူ့ချွေးနှင့် သူ့မိသားစုကို ချစ်နေသူဖြစ်သည်။  ခုတော့ တအိမ်လုံးက သူ့ကို မကြည်ဖြူကြ။ မနေ့က ည ကိုစံရိုး ကျနော့အိမ်ကိုေ၇ာက်လာသည်။
``ကိုစံ၇ိုး...အရက်တွေသောက်နေတယ်ဆို´´
``ဟုတ်တယ်´´
``ဘာဖြစ်လို့လဲဗျာ... မနက် မနက်ဆိုရင် ခင်ဗျားတို့ အိမ်က ကျက်သေ၇မရှိဘူး။ အော်ကြ ဟစ်ကြ ငိုကြ ယိုကြနဲ့။´´
``ကျုပ်က သောက်ချင်လို့ သောက်တာမဟုတ်ဘူး ကျုပ်ကို ကျုပ်သားသမီး တွေက နားမလည်လို့ ကျုပ်မိန်းမက ကျုပ်ကို ကိုယ်ချင်းစာစိတ်မရှိလို့ စိတ်ညစ်ပြီး သောက်တာ အလုပ်ကလည်း ရှာလို့မရဘူး´´
``ဒီနေ့တော့ ခင်ဗျား မသောက်ပါလားဗျ။´´
``ဟုတ်တယ် ကျုပ် ခင်ဗျားနဲ့ စကားပြောချင်လို့ မသောက်ဘဲလာခဲ့တာ။ အရက်သောက်ထားတဲ့ ပါးစပ်နဲ့ ပြောရင် ကျုပ်စကားတွေ တန်ဖိုးမဲ့ မှာစိုးလို့ပါ´´

        ဒီလိုနှင့် အိမ်ေ၇ှ့က စိန်ပန်းပင်ကြီးအောက်မှာ စကားတွေပြောဖြစ်ကြတော့သည်။  ´´ကျုပ်တို့ ဖခင်တွေက သားသမီးတွေကို ဘယ်တော့မှ ပြောမထွက်တဲ့ စကားရှိတယ်။ ကျုပ်ပြောပြမယ်´´ ကိုစံရိုးပြောတဲ့ စကားတွေက သားသမီးတွေအတွက် မှတ်သားထိုက်သည်။ သူ့ရင်ဘတ်ကြီးနှင့် ရင်းရ်ျ ပြောသည့် စကားများဖြစ်သည်။ သူသည် ၈တန်း မျှသာ ကျောင်းနေဖူးသူဖြစ်သည်။ သို့သော် ဖခင်တယောက်ဋ္ဌ် ခံစားချက်နှင့် မေတ္တာတရားသည် အားလုံးတူတူ ပင်ဖြစ်မည်ဟု ကျနော်ထင်သည်။ သူ့စကားများ ကျနော်ရင်နှင့်အမျှ ခံစားခဲ့ရသည်။ သူပြောတာတွေကို ကျနော် ကတဆင့်ဖောက်သည်ချပြသူသာဖြစ်သည်။

``သားသမီးတွေအိမ်ပြန်လာတိုင်း ကျုပ်က ဧည့်ခန်းထဲမှာထိုင်နေတယ်။ သူ့အမေကို မမြင်တော့ အမေေ၇ာလို့ မေးကြတယ်။ သူ့အမေငုတ်တုတ်ထိုင်နေတဲ့ အခါကျတော့ အဖေေ၇ာလို့ မမေးကြဘူး ကျုပ်ခံစားရတယ်ဗျာ´´

xxx   xxx    xxx    xxx    xxxx

``မတွေးမိကြလို့ပါ။ သားသမီးတွေကကျောင်းလိုက်ပို့ပေးတဲ့ သူတို့အမေကိုတော့ ချစ်လိုက်ကြတာ။ ကျုပ်ကကျောင်းကိုလိုက်မပို့ပေးနိုင်ဘူး...ဒီတော့ သူတို့ကို မချစ်ဘူးလို့ထင်နေကြေ၇ားး ကျုပ်ကလည်း အလုပ်ကို အစောကြီးသွားရတယ်လေ။ ဘယ်လိုလုပ်ပြီး ပို့ချိန်ရမှာလဲ။ ဒီတော့ ကျုပ်ပြောချင်တယ် ။ ဒီမယ်....သားတို့ သမီးတို့ မင်းတို့ကျောင်းသွားဖို့စီးနေတဲ့ စက်ဘီးက ဒီကောင်ကြီး ၀ယ်ပေးတာပါ။ ခက်တယ်ဗျာ။ မကြည့်တတ် မမြင်တတ်တဲ့သူတွေကို ကြည့်တတ်မြင်တတ်အောင်ပြောရတာ ကိုယ်ရည်သွေးသလိုဖြစ်ဖြစ်နေတယ် သူတို့ကို မပြောချင်ဘူးဗျာ။ ´´

xxx   xxx   xxx   xxx   xxx

``ဒီမယ် သေချာစဉ်းစားကြည့်ကြစမ်းပါ။ သားသမီးတွေရဲ့ ပါးစပ်ထဲကို ထမ်းခွံ့ကျွေးတဲ့ အမေ။ ထမင်းပန်ကန်ထဲကို ထမ်းခူးပေးတဲ့ အမေ။ မီးဖိုချောင်ထဲက တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့ အမေ။ သူတို့အမေကိုတော့ သူတို့ချစ်လိုက်ကြတာ။ ချစ်ကြမှာပေါ့ သူတို့အမေ အလုပ်လုပ်နေတာကို မြင်ရတာကိုး။ အဲဒီထမင်းတွေဖြစ်လာဖို့ ကျုပ်တို့ဘယ်လောက်ထိသူတို့ ကွယ်ရာမှာ အလုပ်လုပ်နေရတယ်ဆိုတာ သူတို့မတွေးမိဘူးဗျ။  ကျုပ်တို့ ဖခင်တွေက ယောကျားသားတွေပါ။ မာနရှိတယ်။ သတ္တိရှိတယ်။ မဟုတ်ရင်မ ခံဘူးဒါပေမယ့် သားကျွေးမှု မယားကျွေးမှု အတွက် ကျုပ်တို့ရဲ့ အလုပ်ရှင်က ကျုပ်တို့အပေါ်မှာ ဘယ်လိုဆက်ဆံ ဆက်ဆံ ဘယ်လို ဗိုလ်ကျကျ သားသမီးတွေရဲ့ မျက်နှာကို ငဲ့ပြီး ယောက်ျားမာနကို ချိုးနှိမ်ခဲ့တယ်။ ယောကျာ်းသတ္တိ ကိုမျိုချထားရတယ်ဗျ။ ကျုပ်လည်း ကျုပ်သားသမီးတွေကို ချစ်တာပေါ့။ သူတို့အမေချစ်တာထက် မလျော့ဘူး ပိုရင်သာပိုမယ်။ ဒါပေမယ့် ကျုပ်တို့လို အဖေတွေရဲ့ အချစ်ကို ဘယ်သားသမီးကမှ မခံစားတတ်ပါဘူးဗျာ´´

xxx   xxx   xxx   xxx    xxx

``သားသမီးဆိုတာ ရေချိုးပေးတဲ့ အမေကို သာချစ်တတ်ကြတာပါဗျာ။  စဥ့်အိုးထဲ ရေအပြည့်ထည့်ထမ်းပေးထားတဲ့ ကျုပ်တို့ဖခင်တွေကိုတော့ ချစ်ရကောင်းမှန်းမသိကြပါဘူး။ သူတို့ အမေကလည်း သင်မပေးဘူးဗျ၊။´´

xxx   xxx   xxx   xxx    xxx

``ဒီလိုဘဲ သရက်သီးခူးကျွေးတဲ့သူတို့အမေကိုတော့ ကျေးဇူးတင်လိုက်ကြတာ။ ချစ်လိုက်ကြတာ။ ဒီသရက်ပင်ကို မိုးထဲလေထဲ ရွံ့ထဲ ဗါက်ထဲမှာ အအေးမိခံပြီး စိုက်ပျိုးပေးခဲ့တဲ့ ကျုပ်တို့လို ဖခင်တွေရဲ့ နှလုံးသားကိုတော့ နားမလည်ကြဘူး  မမြင်ကြဘူး  မြင်တတ်အောင် အမေကလည်း မပြောကြဘူး´´


xxx   xxx   xxx   xxx    xxx

`` သားသမီးဆိုတာ သူတို့ အမေရဲ့ နို့ဖိုးကိုသာမြင်လွယ်ကြတာပါဗျာ။ ကျုပ်...ချွေးဖိုးကိုတော့ တန်ဖိုးထားရကောင်းမှန်း မသိကြပါဘူး။ တသက်လုံးစို့နေတဲ့ ချွေးကို နို့လောက်မချိုမြိန်ဘူးလို့ ထင်တတ်ကြတယ်ဗျာ။´´

xxx   xxx   xxx   xxx    xxx

``ထီးမိုးပေးတဲ့ အမေ့ရဲ့မေတ္တာကိုတော့ ချက်ချင်းသိတတ်လိုက်ကြတာ။ လုံခြုံနွေးထွေးတဲ့ ဘ၀ကို ဖန်တီးပေးနေတဲ့ ဖခင်တစ်ယောက်၇ဲ့ ချစ်ခြင်းနဲ့ မေတ္တာကိုတော့ မသိကြ၊ မမြင်ကြဘူး။ ၀မ်းနည်းတယ်ဗျာ...´´

xxx    xxx   xxx    xxx    xxx

``သားသမီးတွေက ခက်တယ်ဗျ။ သောက်ရေအိုးထဲက ရေအေးအေးကို ခပ်ပြီးတိုက်တဲ့ အမေ့ကို တော့ ချစ်ကြတယ်။ အဲဒီေုသာက်ရေအိုးကို ရေအပြည့် ဖြည့်ပေးထားတာ ကျုပ်တို့ အဖေတွေပါဗျ။ ဒီလို ပြောရမှာရှက်တယ်ဗျာ။ ဘယ်သားသမီးကိုမှ ကျုပ်တို့အဖေတွေက ဒီလိုကြီး မပြောချင်ဘူး´´

xxx    xxx    xxx    xxx

``ပန်းပန်ပေးတဲ့ မိခင်ရဲ့ အချစ်ကို သာ ခံစားတတ်ကြတာပါ။ ပန်းပင်ကို ပျိုးပြီး ပန်းကလေးတွေ ပွင့်လာအောင်ေ၇လောင်းပေါင်းသင်းပေးနေတဲ့ ကျူပ်တို့လို ဖခင်တွေရဲ့ အချစ်ကိုတော့ သူတို့လေးတွေ မခံစားတတ်ကြပါဘူး။ သိစေချင်တယ်ဗျာ´´

xxx    xxx    xxx    xxx

``ဘီယာတစ်ခွက် အရက်တပတ်နဲ့ ကျုပ်ရဲ့ မေတ္တာကို တန်ဖိုးမဲ့သွားအောင် ကျုပ်မိန်းမက သားသမီးတွေကို သွေးထိုးပေးတတ်တယ်ဗျ။ ကျုပ်မှာလည်း အပေါင်း နဲ့ အသင်းနဲ့။ တစ်ခါတလေလည်း အလိုက်အထိုက်ဆိုတာ ရှိတာပေါ့။  ကျုပ်ဘာဘဲလုပ်လုပ် ကျုပ်သားသမီးနဲ့ ကျုပ်မိန်းမအတွက် စဉ်းစားခဲ့တာချည်းပဲ။  သူတို့က ဒါတွေထည့်ပြီး မတွက်ကြပါဘူးဗျာ။  အိမ်ရှင်မ တွေက သူတို့ ပြောချင်တဲ့ သားသမီးတွေကို တိုက်ရိုက်မပြောဘူးဗျ။ သားသမီးတွေကို သွေးထိုးပေးတယ်။ သားသမီးတွေက တဆင့် ပြောခိုင်းတယ်။ ဒီလိုနဲံ သားသမီးတွေက ကျုပ်ကို မုန်းသွားကြေ၇ာ။ မုန်းအောင်သင်ပေးနေတာတော့မဟုတ်ဘူး။ မချစ်တတ်အောင် သင်ပေးသလိုဖြစ်နေတော့တယ် ´´

xxx    xxx    xxx   xxx
မိကောင်းဖခင်
``မိကောင်းဖခင်ဆိုတဲ့ စကားကို အိမ်က မိန်းမတွေသဘောပေါက်သင့်တယ်။ မြန်မာစကားက အဓိပ္မါယ်လေးနက်တယ်။  မိကောင်းဖခင်ဆိုတာ အမိကောင်းမှ အဖကို ခင်တယ် လို့ဆိုတယ်။ အဖကို မခင်တွယ်တဲ့ သားသမီးဖြစ်နေရှု အဲဒီသားသမီးရဲ့ မိခင် မကောင်းလို့ပဲ။ အခု ကျုပ်သားသမီးတွေက ကျုပ်ကို ချစ်ရကောင်းမှန်းမသိကြဘူး။ အမိ မကောင်းတော့ အဖကို မခင်ဘူး။ မချစ်ဘူးပေါ့ ဗျာ။ ကျုပ်လည်း ကျုပ်သားသမီးတွေရဲ့ အချစ်ကို ခံချင်တာပါပဲဗျ´´

xxx   xxx   xxx   xxx

`ကိုစံရိုး´ ပြောချင်တာ ပြောခွင့်ရလို့ ကျေနပ်သွားရှာသည်။ သူပြောတဲ့ စကားတွေဟာ ကျနော်ပြောချင်နေတဲ့ စကားတွေပါပဲ။  အိမ်ရှင်မတွေ၊ သားသမီးတွေ ဖတ်မိကြပါစေလို့သာ...



 ဦးဘုန်း(ဓါတု)









Posted: 25 Apr 2012 11:24 PM PDT
လွယ်နေတာကို ခက်အောင်လုပ်တတ်ကြတယ်.. ဒင်းတိုရဲ့ သဘောသဘာဝပဲလို့ ဆိုရမလားပဲ..။ လောလောဆယ်တော့ အဖွဲ့ချုပ် လွှတ်တော် တက်ရေး မတက်ရေး သတင်းအခြေအနေတွေ လိုက်လံမေးမြန်း စုံစမ်း၊ ကိုယ့်ထက်နားလည်တဲ့ တတ်ကျွမ်းတဲ့သူတွေ ရေးသားနေတာတွေပဲ လိုက်ဖတ်ဖြစ်၊ နားထောင်ဖြစ်နေပါတယ်...။ မြင်နေမိတာကတော့ ၂၀၁၂ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီ ခွက်ခွက်လန် ရှုံးတော့ ဘယ်သူကြောင့် ဘယ်ဝါ့ကြောင့် မီဒီယာအားနည်းလို့ ကြောင့် ဘာကြောင့်၊ ညာကြောင့် အကြောင်းပေါင...်းစုံကို ဖြေရှင်းလိုက်ရတာအမောပေါ့။ ယခုထက်ထိ မိမိအခြေအနေမှန်ကို မသုံးသပ် နိုင်သေးတာကတော့ မြင်တဲ့အတိုင်းပေါ့။ အဖွဲ့ချုပ် လွှတ်တော်တတ်နိုင်ရေး အတွက် မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာလည်း ကြံ့ဖွံ့အမတ်တွေ ငါ့စကားနွားရ အငြိုးအတေး ကြီးစွာ ပြောဆို ချေပနေတာကတော့ ကစားပွဲမှာ ရှုံးတဲ့ ကလေးတွေလို ရှုံးမဲမဲနေတာကို ကြည့်နေရသလိုပါပဲ။

မှတ်မိကြဦးမှာပါ.. ယခုနှစ် လွတ်လပ်ရေးနေ့ အခါသမယက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုပြီး အားလုံးက မျှော်လင့်ချက်တကြီးနဲ့ စောင့်စားနေကြတဲ့ အချိန်၊ အမှတ်ယူရမယ့်အချိန်မှာ အမှတ်မယူပဲ လွတ်မပေးတော့ မြို့မေတ္တာခံယူပြီး အားလုံး မေတ္တာပို့လိုက် ကြတာ ကမ်းကုန်ပေါ့။ မြို့မေတ္တာခံယူပြီး နောက်တပတ်ကျော် အကြာမှာတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးလိုက်ရတာပဲလေ။ ဒီလိုပဲ မြို့မေတ္တာ မခံယူရရင် စားမဝင် အိပ်မပျော်များ ဖြစ်နေသလားပဲ...။ ထိုနည်းတူ KNUက ဖဒိုမန်းငြိမ်းမောင် ကိစ္စမှာလည်း ကတိကဝက်တွေ ပေးပြီး ပြန်လွှတ်မယ် လုပ်ပြီးမှ ဖမ်းပြ နှစ်ရှည်ထောင်ဒဏ်တွေ အမိန့်တွေချပြပေါ့။ ကရင်ပြည်သူတွေ ယုံကြည်မှုတွေ ပျက်ပြယ်သွားအောင် လုပ်နေလေသလား ထင်ရအောင် ကပြအသုံးတော်ခံပြီးမှ ပြန်လွတ်ပေးလိုက်တာလည်း မှတ်မိဦးမှာပါ..။

ယခုလည်း အဖွဲ့ချုပ် လွှတ်တော် တက်ရောက်နိုင်ဖို့ စာသားပြင်ဆင်နိုင်ရေးအတွက် ပြည်သူတွေ အင်မတန်မှ မျှော်လင့်တောင့်တနေတဲ့ ဒီလိုအချိန်မှာ သဘောထားကြီးကြီးနဲ့ လုပ်ဆောင်ပြ၊ အမှတ်ယူပြမယ်ဆိုရင် မုန့်ဟင်းခါးကျွေး၊ လမ်းခင်းပေးစရာ မလိုအောင် ထောက်ခံမှုရဦးမှာပါ.. ခုတော့ ထပ်ပြီး လူထုမေတ္တာ တမင်ခံယူနေပြန် ပါရောလား။ ထို့အတူ ကြံ့ဖွံ့အမတ်တွေလည်း မီဒီယာမှာ လူကြမ်းအဖြစ် တဦးနဲ့ တဦး မရိုးရအောင် ကပြ အသုံးတော်ခံနေလေရဲ့။ နိုင်ငံတကာနဲ့ ကမ္ဘာကို ကတိကဝက်တွေ ပေးထားပြီးသားပါ...။ ရှေ့တိုးဘို့သာ လုပ်ဆောင်ရမှာပါ...။ အကြွေးတွေလည်း လျှော်ပစ်နိုင်ခဲ့ပြီလေ။ နောက်ဆုံးမှာတော့ လူကြမ်းတွေကြားမှာ သမ္မတဦးသိန်းစိန် မင်းသားအဖြစ် အကယ်ဒမီယူမယ့် အခန်းကတော့ မကြာမှီ ရောက်ရှိလာတော့မှာ မလွှဲမသွေပါပဲဗျာ...။

လွမ်းခန်းတွေ ရောက်ရင် USDP မျက်ရည်ဝဲမယ်..
(ရှုထောင့် တခုကနေ မြင်တာလေးကို ရေးမိပါတယ်...)

ဒီမိုဝေယံ
Posted: 25 Apr 2012 10:53 AM PDT
မောင်ဝံသ မပြောတဲ့စကား DVB က ကြေညာသွားပါတယ်..
(ဆရာမောင်ဝံသ ဖေ့စ်ဘွတ်ခ်မှ)
 by Maung Wuntha on Thursday, April 26, 2012 at 1:31am 

ဒီချုပ်အမတ်များ အနေနဲ့ ကတိသစ္စာပြုရတဲ့ စာသားကို ပြင်မနေဘဲ လွှတ်တော်ထဲဝင်ကြဖို့ စာရေးဆရာမောင်ဝံသက ပြောကြားတယ်လို့ ၂၅ ဧပြီ DVB ရုပ်သံသတင်းမှာ သတင်းကြေညာသူ ကိုသန်းဝင်းထွဋ်က ကြေညာသွားပါတယ်။ 

မောင်ဝံသက ဘယ်သတင်းထောက်ကို ဘယ်နေ့က ဘယ်နေရာမှာ ပြောတယ်ဆိုတာလဲ လုံးဝမပါဘဲ ဗလာချီကြေညာသွားတာ ဖြစ်ပါတယ်။ ကျွန်တော် DVB ကိုရော တစ်ခြား ဘယ်သတင်းဌာနကိုမှ အဲသလို လုံးဝမပြောခဲ့ပါ။ ဘာကြောင့်ခုလို ဗလာချီ သတင်းကြေညာသွားတယ်ဆိုတာကို ကျွန်တော် နားမလည်ပါ။ တကယ်က ကျွန်တော့် face book မှာပဲ ၂၄ ဧပြီညက ရေးတင်လိုက်တာပါ။ ထောက်ခံသူ မထောက်ခံသူ ထင်မြင်ချက်ရေးသူတွေ အတော်များပါတယ်။ ကျွန်တော်ရေးတဲ့ထဲမှာ DVB လိုရာဆွဲ ပြောသွားသလို ဒီချုပ်တွေ လွှတ်တော်ထဲ ဒီအတိုင်းဝင်သွားဖို့ဆိုတာမျိုး လုံးဝမပါပါ။ ရွေးချယ်စရာနည်းလမ်းတွေကို အောက်ပါအတိုင်း ရေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ သတင်းသမားချင်း စာနာထောက်ထားတယ်ဆိုရင် DVB အနေနဲ့ ကျွန်တော့်အာဘော်အမှန်ကို ပြင်ဆင်ချက်အဖြစ် ပြန်လည် လွှင့်ထုတ်ပေးဖို့ တောင်းဆိုပါတယ်။
 (မောင်ဝံသ) ကျွန်တော်ရေးခဲ့တဲ့ စာသားတွေ Face book မှာ ရှိနေတုန်းပါ။ လိမ်လို့ မရပါဘူး။ 

အောက်ပါအတိုင်း ဖြစ်ပါတယ်။ နှစ်ဘက်စလုံးက တိုင်းပြည်အကျိုးကို ဦးထိပ်ထားပြီး ဖြေရှင်းလို့ရနိုင်တဲ့ ကိစ္စပါ။ 

(၁) ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမယ်ဆိုတာကို လေးစားလိုက်နာပါမယ်ဆိုတဲ့ စကားရပ်နဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ပြင်ဆင်ပေးခဲ့ပြီးပါပြီ။ ဒီတော့ ဒီစကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ပေးမယ်ဆိုရင် ကန့်ကွက်မည့်သူ မရှိတန်ပါဘူး။ ဆိုလိုတာက ဒီစကားရပ် ပြင်ဆင်ပေးရေးကို အစိုးရက လက်ခံထားပြီးသားဖြစ်ပါတယ်။ 

(၂) သို့သော် အခြေခံဥပဒေမှာ ကတိသစ္စာပြု စာသားကို ပြင်လိုတယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကပဲ သူတို့လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။ ၂၀%က အဆိုပြု၊ ၇၅%ကထောက်ခံ၊ ပြင်ဆင်ချက်ကို အတည်ပြု။ (ဒီချုပ်မ၀င်လာခင် ပြင်ပေးပြီး ကြိုဆိုတဲ့နည်း။) 

 (၃) ဒီချုပ်တွေ မ၀င်လာခင် အဲသလို ပြင်ဆင်ပေးပြီး ကြိုဆိုလိုက်ရင် အတိုင်းထက်အလွန်ပေါ့ဗျာ။ အမျိုးသား ညီညွတ်ရေး စွမ်းဆောင်ချက်တစ်ရပ်လို့တောင် ပြည်ခိုင်ဖြိုးတွေကို အမှတ်ပေးစရာ ဖြစ်လာမှာပါ။ နောင်အခါမှာလဲ တူတာတွေကို တွဲလုပ်ဖို့ရာ နမူနာကောင်းတစ်ခု ဖြစ်လာမှာပါ။ 

(၄) အဲသလို မလုပ်ချင်ဘူးဆိုရင်လည်း နိုင်ငံတော်သမ္မတကဖြစ်စေ၊ လွှတ်တော်ဥက္ကဌများကဖြစ်စေ၊ ဒီချုပ်အမတ်များကို ၀င်သာဝင်လာခဲ့ပါ။ အထဲရောက်တဲ့အခါ လေးစားလိုက်နာပါမည်ဆိုတဲ့ စာသားအဖြစ် လွှတ်တော်လုပ်ထုံး လုပ်နည်းများနဲ့အညီ ပြင်ဆင်ပေးပါမယ်လို့ အာမခံချက်ပေးပြီး ကမ်းလှမ်းလိုက်ရင်ကော၊ ဘယ်လိုနေမလဲ၊ ကျွန်တော်ကတော့ အဲသလို ကတိပေးရင် ဒီချုပ်တွေလည်း မျက်နှာမပျက်ဘဲ ၀င်လာနိုင်မယ်လို့ ယူဆပါတယ်။ (ပြင်ဆင်ရေးကတိပေးပြီး ၀င်လာစေတဲ့နည်း။)

 (၅) ယနေ့တိုင်းပြည်မှာ အစိုးရ၊ လွှတ်တော်၊ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်တို့ နောက်ကြောင်းပြန်မလှည့်ကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ နှစ် ၂၀ ကျော် ကြုံခဲ့ကြပြီပဲ။ နောက်ဆုံးတော့ တိုင်းပြည်ပဲ နာရတာပါ။ ပြီးခဲ့တဲ့ အပတ်က Messenger ဂျာနယ်မှာ ``အစိုးရပါတီနဲ့ အင်အယ်လ်ဒီ ဘယ်လို ဆက်ဆံရေးမျိုးနဲ့ သွားကြမှာလဲ´´ခေါင်းစဉ်နဲ့ ကျွန်တော် ဆောင်းပါးရေးခဲ့ပါတယ်။ ကျွဲနှစ်ကောင်ခတ်ရင် ကြားက မြေဇာပင် ပြည်သူတွေပဲ နစ်နာရမယ်ဆိုတဲ့ အမြင်ကနေ ရေးခဲ့တာပါ။ အခု စာသားပြင်ရေး ပြသနာ မပေါ်ခင် စောစောကတည်းက ၁၃၊ ၄၊ ၂၀၁၂ရက်စွဲနဲ့ အဲဒီရှုထောင့်က စိုးရိမ်ပြီး ရေးခဲ့တာပါ။

ဆရာမောင်ဝံသ ဖေ့စ်ဘွတ်ခ်မှ..
Posted: 25 Apr 2012 09:04 AM PDT
ပြီးခဲ့တဲ့ ဧပြီလ (၁၂) ရက်နေ့က ဧရာဝတီတိုင်း ဒေသကြီး ၀ါးခယ်မမြို့နယ် ရွှေလောင်းတိုက်နယ်၊ ရွှေလောင်းမြို့ရှိ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်၌ အရက်ဆီကို ပုလင်းထဲ ပြောင်းထည့်ပြီး ချိတ်ပိတ်နေစဉ် မီးလောင်မှု  ဖြစ်ပွားခဲ့ပါသည်။ ယင်းနေအိမ်သည် အရက်ပုလင်းများ၊ အရက်ဆီပေပါများ၊ နိုင်ငံခြားဖြစ် အရက်များကို လှောင်ထားသော နေအိမ် ဖြစ်ပါသည်။ 

ထိုအိမ်မှ မီးစတင် လောင်ကျွမ်းခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားချိန်မှာ ညနေ (၆) နာရီ (၁၀) မိနစ်ခန့် တွင် လောင်ကျွမ်းခဲ့ပြီး ယင်းမီးလောင်မှုတွင် အနီးနားပတ်ဝန်းကျင်မှ အိမ်ခြေ (၈) လုံးနှင့် သင်္ဘောဆိပ်ဟောင်း ဆိုင်ခန်း (၁၁) ခန်း လောင်ကျွမ်းသွားရာ ည (၁၀) နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။ 

အဆိုပါ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်တွင် အရက်ဆီမှ မီးလောင်နေသည်ကို ကိုဝင်းဦး (ခ) ကိုစာကလေးမှ မီးလောင်မှုဖြစ်ပွားရာတွင် ၀င်ရောက် ငြိမ်းသတ်ခဲ့ပါသည်။ မီးငြိမ်းသတ် ပေးရာတွင် ကူညီခဲ့သော ကိုဝင်းဦး(ခ) ကိုစာကလေးသည် ၎င်းဘေးနားတွင် ရှိသော အရက်ဆီပေပါမှ မီးစွဲလောင်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါသည်။ ကိုဝင်းဦး(ခ) ကိုစာကလေးအား ၀ါးခယ်မမြို့ နယ်ဆေးရုံတွင် လေးရက် ကုသခဲ့သော်လည်း ဒဏ်ရာမသက်သာ၍ ပုသိမ်မှ နာရေးကူညီမှုကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်သွားခဲ့ပါသည်။
ယခုအခါ ကိုဝင်းဦး (ခ) ကိုစာကလေးသည် ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ်လူနာဌာန အမှတ် (၅၊၆)၊ အခန်း (၉)၊ အခန်း (၁၀) တွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရပါသည်။ မီးလောင်ရာမှာ  ဝင်ရောက် ကူညီငြိမ်းသတ်ခဲ့တဲ့ ကိုဝင်းဦးအား ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်မှ တာဝန်ယူကုသပေးခြင်း မရှိသေးပါ။ ထိုသို့ မီးလောင်သွားခဲ့သော်လည်း ၀ါးခယ်မမြို့နယ် အုပ်ချုပ်ရေး၊ တိုက်နယ်စခန်းမှုးတို့မှ အစ မီးစတင် လောင်ကျွမ်းခဲ့သော နေအိမ်မှ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်အား အရေးယူခြင်းမျိုးကို မရှိခဲ့ပါ။ မီးလောင်ကျွမ်းခြင်း ခံခဲ့ရသော နေအိမ်များမှ ကျိတ်မနိုင် ခဲမရ ဖြစ်ခဲ့ရပါသည်။ ထို့ အတူ ၀ိုင်းဝန်းကူညီသူ ထိခိုက်ဒဏ်ရာ ရရှိမှုအားလည်း မီးလောင်ကျွမ်းရမှု တရားခံဖြစ်သူ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်နှင့် သက်ဆိုင်ရာမှ တာဝန်ယူ ဆေးကုသပေးခြင်း မပြု လျစ်လျူရှုနေမှုသည်လည်း မတရားသောလုပ်ရပ် ဖြစ်ပါသည်။ အရက်သိုလှောင်ရောင်းချ စီးပွားရေးရှင် ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်နှင့် ငွေကြေးရယူကာ မီးလောင်မှုအား လုံးဝအရေးယူခြင်း မရှိဘဲ နှုတ်ပိတ်နေသော ၀ါးခယ်မမြို့နယ် အုပ်ချုပ်ရေး၊ ရွှေလောင်း တိုက်နယ်စခန်းမှုးတို့၏ လုပ်ရပ်အားလည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် သမ္မတကြီးများ သိရှိစေရန် တိုင်ကြားအပ်ပါသည်။ 

 မီးလောင်ကျွမ်းခြင်းခံခဲ့ရသော ပြည်သူများ၊ 
 (ရွှေလောင်းတိုက်နယ်၊၀ါးခယ်မမြို့ နယ်)။
Posted: 25 Apr 2012 08:37 AM PDT
BG သွေးအကူအညီ ပေးရေးနှင့် ပညာဒါနကျောင်းသို့ ကွန်ပြူတာတစ်စုံ လာရောက်လှူဒါန်းပေးသော ကိုတင်ထက်ကိုကို(USA)နှင့် မနော်လေးရီတို့အား BG ပညာဒါနကျောင်းမှ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ဂုဏ်ပြုအပ်ပါသည်။
သင်္ကြန်တွင်း ဖျော်ဖြေပေးခဲ့သော BG အလှပြယာဉ်နှင့် ဖျော်ဖြေရေးအဖွဲ့အား အလှူငွေ 50,000 ကျပ်တိတိ လှူဒါန်းပေးခဲ့သော အန်တီဒေါ်စုစုကြည်နှင့် ရုံးသူရုံးသားများအား BG ပညာဒါနကျောင်းမှ ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ဂုဏ်ပြုအပ်ပါသည်။

BG သွေးအကူအညီ ပေးရေးအဖွဲ့..
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610







Posted: 24 Apr 2012 09:58 AM PDT
 ကလေးမြို့ Over Sea ဖုန်းဆိုင်မှ ပြည်သူများအား နှစ်သိန်းတန် ဖုန်းများအား လိမ်လည် ရောင်းချနေခြင်း

အကြောင်းအရာမှာ ကလေးမြို့နယ်တွင် နှစ်သိန်းတန်ဖုန်းများရောင်းချရာမှာ ကလေးမျြို့တွင်သာရပြီး နယ်များအသုံးပြု၍ မရသည်ကို ကလေးမြို့ရှိ  Over Sea ဖုန်းအရောင်းဆိုင်မှ မသိနားမလည်သူ ပြည်သူများအား အသုံးပြုလို့ ကြောင်း ပြောဆို ရောင်းချနေပါသည်။ ယခုအချိန်မှာ ကလေးမြို့တွင်သာ အသုံးပြုလိုရပြီး ကျန်မြို့နယ်များအား အသုံးပြု ဆက်သွယ်၍ မရပါ။ သို့ပါသော်လည်း Over Sea ဆိုင်မှ အသုံးပြု၍ ရကြောင်း လိမ်ညာပြီး ရောင်းချနေတာကို ဆရာတို့ အနေဖြင့် သတင်းဌာနများအား ပေးပို့ပြီး ကြေညာပေးစေလိုပါသည်။ ကလေးမြို့မှ အပ အားလုံးသော ပြည်သူများဖုန်း ဆယ်သွယ်မရတဲ့ အတွက်ကြောင့်အတိ ဒုက္ခရောက်နေကြပါသည်..။ ထို့အတွက်ကြောင့် သတင်းဋ္ဌာနများမှ မေးမြန်း တင်ပြပေးပါရန် အသိပေးအပ်ပါသည်..။ 

ကလေးက ဖုန်းကိုင်ပြီး ဖုန်းဆက်မရတဲ့ ကလေးမြို့သား

အကာအကွယ် မဲ့နေသော မြ၀တီမြို့ ရွှေမြန်မာမော်တော်ယာဉ်အသင်း 

 လွန်ခဲ့သော မြန်မာ နှစ်ဆန်း(၂)ရက်နေ့ (၁၈-၄-၂၀၁၂)ရက်နေ့မှ စကာ မြ၀တီ-မဲဆောက် သွားလာနေသော ရွှေမြန်မာမော်တော်ယာဉ်နှင့် ကလို့ထူးပေါ မော်တော်ယာဉ်များကို မဲဆောက်မြို့ အတွင်းမလာရန် မဲဆောက်မော်တော်ယဉ်အဖွဲ့မှ လိုက်လံ တားမြစ်ပိတ်ပင်လိုက်ပါသည်။ မြ၀တီက သွားသော မော်တော်ကားများကို မဲဆောက်မြို့အတွင်း မရပ်နားရန် မဲဆောက်ကားသမားများက အုပ်စုဖွဲ့၍ ဒါး၊ ဒုတ် နှင့် လက်နက်များ ကိုင်ဆောင်ကာ မြန်မာမော်တော်များကို ခြိမ်းခြောက်လျှက်ရှိနေပါသည်။ (၂၀-၄-၂၀၁၂)ရက်နေ့ကပင် မဲဆောက်မြို့အတွင်း ထိုင်းနှင့်မြန်မာ ယဉ်မောင်းများ အခြေတင်ပြသနာဖြစ်ကာ ဒါးထောက်ခြင်းမှ စကာ ရိုက်ပွဲများဖြစ်ခဲ့ပါသည်။ 

 မြ၀တီမှ မော်တော်ယဉ်များ မဲဆောက်ဖက် သွားရောက်ခြင်းကို မဲဆောက်ကားသမားများအဖွဲ့က စော်ကားမောင်းထုတ်နေသော်လည်း၊ မဲဆောက်ဖက်မှ ကုန်ကားများသည် ချစ်ကြည်ရေးတံတား ကျော်လွန်ကာ ကုန်သွယ်ရေးဇုန်အထိ ကားကြီးကားငယ် ကုန်ပစ္စည်းများ ပို့ဆောင်သွားလာနေသူကို ဘယ်သူမှ မလာနဲ့လို့ ပြောမည့်သူမရှိ ဖြစ်နေသလို ချစ်ကြည်ရေးတံတားမှ တာဝန်ကျနေသူတွေက ခွင့်ပြု လွှတ်ပေးနေလျှက်ရှိပါသည်။ 

 တာဝန်ကျနေသော ၀န်ထမ်းများ အနေဖြင့် ကိုယ်နှင့်မဆိုင်သော်ငြားလည်း ထိုင်းလူမျိုးများက မြန်မာလူမျိုး များကို စော်ကားနေသည်ကို လျစ်လျှူမရှုသင့်ဘူးလို့ ထင်ပါသည်။ တိုင်းပြည်နဲ့လူမျိုးကို ချစ်သည့်စိတ်ဟာ ၀န်ထမ်းတွေမှာ ပို၍ပင်ပျင်း ပြမည်ဟု ထင်ပါသည်။ သာမာန် မြ၀တီပြည်သူ တစ်ဦးအနေဖြင့် မြန်မာဖက်က မော်တော်ကားသမားများကို စော်ကား အနိုင်ကျင့်နေတာကို မခံမရပ်နိုင်ဖြစ်နေသော်လည်း ချစ်ကြည်ရေးတံတားမှာ နေ့စဉ် တာဝန်ကျ ၀န်ထမ်းတွေဟာ မသိဟန်ဆောင် နေတာ တွေ့ရ၍ အလွန်ပင် ၀မ်းနည်းဖွယ် ကောင်းလှပါသည်။ ၄င်းဝန်ထမ်းတွေ မိန်းမထမီများ ၀တ်ထားဖို့ ကောင်းသည်ဟု စိတ်အတွင်းမှ တွေးထင်မိပါသည်။ 

၂၀၀၈-ခုနှစ်က ဒီလိုအဖြစ်မျိုး ဖြစ်ခဲ့ပါသည်။ မြန်မာအာဏာပိုင်မှ မြန်မာကားတွေ ထိုင်းဖက်လာတာ မကြိုက်ရင် ထိုင်းဖက်က ကားတွေ မြန်မာဖက်မလာနဲ့ ပိတ်တယ်ဆိုပြီး ပြတ်ပြတ်သားသား လုပ်လိုက်တဲ့အတွက် ထိုင်းအကျိုးစီးပွား အလွန်ထိခိုက်မည့်ဖြစ်လို့ ထိုင်းနယ်ခြားကော်မတီကနေ ပြန်လည်ညှိနှိုင်း အောက်ကျို့ခံခဲ့ရပါသည်။ ယခုတော့ မြန်မာဖက်က မော်တော်ကားသမားတွေဟာ အကာအကွယ်မဲ့ နေရတဲ့ အတွက် စိတ်မကောင်းဖြစ်မိသလို ထိုင်းဖက်က နိုင်ထက်စီးနင်း စော်ကားနေတာ တွေ့ရလို့ မခံမရပ်နိုင် ဖြစ်မိပါသည်။

 ကြာလျှင် (၂)နိုင်ငံ ချစ်ကြည်ရေးဆိုတာလည်း အမှိုက်ကစကာ ပြသဒ်အထိမီးလောင် လာနိုင်ပါသည်။ မြ၀တီမှာ တာဝန်ကျတဲ့ ၀န်ထမ်းတွေ ဘာလုပ်နေလည်း သတ္တိနည်းနေပြီးလား။ ပါးစပ်အဆင်ပြေဖို့ တစ်ခုထည်း မကြည့်ပါနဲ့ ပြတ်ပြတ်သားသား ပြည်သူကို ကာကွယ်ပေးပါလို့ တိုက်တွန်းလိုပါသည်။ 

 (မြ၀တီသားလေး) 

ကြံ့ခိုင်ရေးပါတီမှ  မရှိဆင်းရဲသားများအား ထုတ်ချေးမည့် ငွေများအား အလွှဲသုံးစား လုပ်နေခြင်း.

ရန်ကုန်တိုင်း ဖော့ကန်ရပ်ကွက်တွင်..
 ကြံ့ခိုင်ရေးမှ ပြည်သူများအား ထုတ်ချေးမည့် ငွေများအား ကြံ့ခိုင်ဖွံ့ရေးမြို့နယ် အလုပ်အမှုဆောင် ဦးသန်းဇော်(သိန်း၇၀)၊ ဦးရဲထွဋ်မှ(၇၅သိန်း၊ ဖော့ကန်ရပ်ကွက် သူရလမ်းနေ မျှစ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သန်းအေးမှ(သိန်း၈၀) ယူထားပြီး။ ပါတီဝင်တွေကို(၅သိန်း)သာ ထုတ်ချေးထားပြီး ကျန်ငွေ များကိုသူ၏ မျှစ်လုပ်ငန်းမှာ အသုံးပြုနေပါသည်။ ၎င်းငွေများကို မြို့နယ်ပါတီဝင် အတွင်းရေးမှူးဦးတင့်လွင်မှ အတိုးနူန်းပိုရသည့်အတွက် တာဝန်ယူ ထုတ်ပေးခဲ့ပါသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ မရှိဆင်းရဲသား ပြည်သူများအတွက် ထုပ်ချေးခဲ့တာဖြစ်တယ်။ ၎င်းတို့ကိုယ်ကျိုးအတွက် ထုတ်ချေးတာမဟုတ်ပါဘူး။ 

၎င်းကြံ့ခိုင်းရေးတွင် အကြံပေး(၄)ဦးခန့်ထားသည်ဟုသိရပါသည်။ ၎င်းတို့မှာ 1. ဦးသိန်းဟန် 2. ဦးအောင်ဝင်း 3. ဦးမောင်မောင်နိုင် 4. ဦးလှဝင်း တို့ဖြစ်ကြပါသည်။ အဆိုပါ ကိစ္စအား အများသိစေရန် တင်ပြလိုက်ရပါတယ်.။
Posted: 24 Apr 2012 08:47 AM PDT
ကျနော်တို့ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တောင်ပုလု တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးပညာသီရိဦးဆောင်၍ ဖွဲ့စည်းထားသော ဘာသာပေါင်းစုံ ကရုဏာ နာရေးကူညီမူအသင်းအတွက် လူနာတင်ယာဉ်တစ်စီးနှင့် နာရေးတင်ယာဉ်တစ်စီးတို့ကို ဆရာတော်ဘုရာကြီးမှ အသင်းသို့ ပြီးခဲ့တဲ့ အပတ်က ပေးအပ် လှူဒါန်းခဲ့ပါသည်။ မင်းတပ်မြို့နယ်အတွင်း ဗုဒ္ဓဘာသာဝင်များရော၊ ခရစ်ယန်ဘာသာဝင်များပါ ၀မ်းသာနေကြပါတယ်။ 
 သို့သော်လည်း ၎င်းယာဉ်နှစ်စီးကို လူမျိုးဘာသာမရွေး ကူညီနိုင်ရန်အတွက် ဆရာတော်ဘုရားကြီးမှ မင်းတပ်မြို့  ခရိုင်ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း ထားရှိရန် ပြည်နယ်ဝန်ကြီးချုပ်၏ သဘောတူ ခွင့်ပြုချက်ရထားပြီး ဖြစ်သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးမျိုးမင်းမှ လက်မခံသည့်အတွက် ဆရာတော်နှင့်တကွ ဒါယိကာ ဒါယိကာမများအားလုံး စိတ်မကောင်းဖြစ်နေကြရပါသည်။ ဆေးရုံမှ အခြားဆရာဝန်၊ ဆရာမများနှင့် ၀န်ထမ်းများအားလုံးလည်း အံ့သြ စိတ်မကောင်း ဖြစ်နေကြပါတယ်။ ဗုဒ္ဓဘာသာဝင် ခေတ်ပညာတတ် ဆရာဝန်ကြီး တစ်ဦးရဲ့ အယူသီးမူ၊ ပရဟိတစိတ် ခေါင်းပါးမှုများကို သက်ဆိုင်ရာမှ ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးပါရန် တင်ပြအပ်ပါသည်။ 
မင်းတပ်မြို့ သားတစ်ဦး
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA