Sunday 7 September 2014
ဒီမိုဝေယံ
Posted: 02 Sep 2014 07:42 AM PDT
နတ်ဘုန်းကြီးတွေ၊ဓါတ်ဘုန်းကြီးတွေ မြန်မာနိုင်ငံမှာ ဘာကြောင့် တန်ခိုးကြီးထွား နေကြပါသနည်း..........
ပေးပို့သူ (မင်းသုည ဗုဒ္ဓတက္ကသိုလ်)
ယနေ့စစ်အုပ်စု အ၀န်းအ၀ိုင်းနှင့်ဝန်ကြီးများ ဆရာတင်ကိုးကွယ်နေတဲ့ နတ်စင်တစ်ရာ ဆရာတော်အကြောင်းကို ပြောပြချင်ပါတယ်။
နတ်ဘုန်းကြီးတွေ၊ ဓါတ်ဘုန်းကြီးတွေသည် စာပေပရိယတ္တိမတတ်ကြပါဘူး။ဒါပေမဲ့သူတို့ ဘုန်းတန်ခိုး ကြီးထွားကြပါတယ်။ဘု န်းတန်ခိုးကြီးထွားရခြင်းမှာ ယခုလက်ရှိ အာဏာကြီးထွားနေကြတဲ့ ဗိုလ်ဋ္ဌေးဦး၊ စစ်အုပ်စု အ၀န်းအ၀ိုင်းခရိုနီများ၊ ၀န်ကြီးများနှင့် ၀န်ကြီးကတော်များ ကိုးကွယ် ဆည်းကပ်နေကြလို့ဖြစ်ပါတယ်။
စာတတ်လားမတတ်လားကို စာဖတ်သူများကိုယ်တိုင်သာ လေ့လာကြည့်ပါ......
ဒီမိုကရေစီတူဒေးသတင်းစာမှာ အဲဒီဆရာတော် အင်တာဗျူးထားတာလေးကို ဖေါ်ပြပေးပါမည်။
အဲဒီမှာ နတ်စင်တစ်ရာဆရာတော် အင်တာဗျူးထားတာ အသောကမင်းကြီး နဂါးမင်းဖြစ်သွားတဲ့အခါမှာ အရှင်မဟာမေဂ္ဂလာန်က သွားချွတ်မှ အရိယာဖြစ်ပြီး ကျွတ်တမ်းဝင်သွားသည်ဟု ..ပြောထားပါသည်။
အသောကမင်းကြီးက မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးလို့ နှစ်ပေါင်း ၂၃၅ လောက်ကျမှ ပေါ်ပေါက်လာတာပါ။ အရှင်မဟာမေဂ္ဂလာန်က မြတ်စွာဘုရားရှင်ထက်တောင်စောပြီး ပရိနိဗ္ဗာန်ပြုတာ အားလုံးသိကြပါတယ်။ ဒါပေမဲ့ နတ်စင်ဆရာတော်မသိပါဘူး။ ပရိနိဗ္ဗာန်ပြုပြီးဖြစ်တဲ့ အရှင်မဟာမောဂ္ဂလာန်က ဘယ်လိုလာပြီး တရားဟောပါသလဲ......
နဂါးလို့လဲပြောထားတယ်။
အရိယာဖြစ်ပြီးကျွတ်တမ်းဝင်သွားတယ်တဲ့.......နဂါးဆိုတာ တိရစ္ဆာန်ဖြစ်ပါတယ်။ တိရိစ္ဆာန်ဆိုတာ အရိယာဖြစ်ခွင့်မရှိပါဘူး......စာတတ်သလား မတတ်ဘူးလားဆိုတာ စာဖတ်သူများ ကိုယ်တိုင်ဝေဖန်ကြည့်ကြပါတော့.........
မြန်မာနိုင်ငံမှာ ၀မ်းနည်းစရာ ကောင်းတာက သာသနာတော်အတွက် နိုင်ငံအတွက် ဘာမှအကျိုးမရှိ လူတွေကို လမ်းမှားစေတဲ့ အဲဒီနတ်ဘုန်းကြီးတွေ ဓါတ်ဘုန်းကြီးတွေဆီမှာ သွားပြီးပုံအောလှူဖို့ဆိုရင် ၀န်မလေးကြပါဘူး။ ဒါပေမဲ့ ပြည်သူတွေအတွက် မျက်စိတွေ၊နားတွေ၊ အသိဥာဏ်တံခါးတွေ ဖွင့်ပေးမဲ့ စာကြည့်တိုက်တည်ထောင်တာတွေ၊ ပညာရေးအခမဲ့ သင်တန်းတွေ တည်ထောင် ဖွင့်လှစ်တာဆိုရင် စိတ်မ၀င်စားကြပါဘူး။
စိတ်မ၀င်စားတဲ့အပြင် စစ်အုပ်စုရဲ့ ပိတ်ပင်တားဆီး တာတွေကိုတောင်ခံခဲ့ရဘူးပါတယ်။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
http://www.ygnnews.com/2014/06/blog-post_6770.html
နတ်စင်တစ်ရာ ဆရာတော် ဘဒ္ဒန္တဦးပညာတေဇအား မေးမြန်းလျှောက်ထားချက်
အပြည့်အစုံဖတ်ရန် http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6770.html
Posted: 02 Sep 2014 07:29 AM PDT
ဒီမိုဝေယံသို့ ပေးစာ...
သို့ /
ပညာရေးညွှန်ကြားရေးမှူးချုပ်
အမှတ်(၂)အခြေခံပညာဦးစီးဌာန
အထက်မြန်မာပြည်၊ မန္တလေးမြို့ ။
ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာ့ပညာရေးကဏ္ဍကို စိတ်ဝင်စားကြသူများ သုံးသပ်နိုင်ဖို့ ဒီစာကို ရေးသား လိုက်ရပါတယ်။
ကျွန်မကတော့အငြိမ်းစားယူပြီးဖြစ်တဲ့ကျန်းမာရေးဌာနက ၀န်ထမ်းတစ်ဦးပါ။ တစ်နေ့ တော့ကျွန်မအိမ်ကို မိတ်ဆွေတစ်ဦးရောက်လာပါတယ်။ တက္ကသိုလ်ဝင်တန်းတက်နေတဲ့သူ့ မြေးအကြောင်းလာပြောတာပေါ့။
ခေတ်သစ်ပညာရေးကဏ္ဍမှာဘော်ဒါဆောင်တွေကြီးစိုးနေပေမယ့်သူ့ မြေးကိုတော့ဘော်ဒါဆောင်မထားပါ ဘူးတဲ့။အိပ်ချိန်မမှန်၊ စားချိန်မမှန်လောက်အောင်စာဆိုမှ စာရူးမတတ် ကျက်ခိုင်းနေတာကို မကြိုက်လို့ တဲ့လေ။
ဒီတော့ကလေးကိုအိမ်မှာပဲစာလုပ်ခိုင်းတယ်။ ကျောင်းကပေးလိုက်တဲ့စာကိုတစ်နေ့ စာတစ်နေ့ ပုံမှန် လုပ်ခိုင်းတယ်။ နားမလည်တာရှိရင် မှတ်ထားပြီး ကျောင်းရောက်တော့ပြန်မေးပေါ့။ ကလေးကစာတော်ပါတယ်။အခုတော့သူ့ မြေးအတွက်စိုးရိမ်စိတ်နဲ့ အတူ စိတ်မချမ်းသာစရာရှိ နေတဲ့ အကြောင်းကျွန်မကို ပြောပြပါတယ်။ တခြားတော့မဟုတ်ပါဘူး။ ညနေပိုင်းကျောင်းဆင်းပြီးတာတောင်မှ မနားရသေးဘဲနဲ့ အချိန်ပိုဆက်တက်နေရတဲ့အကြောင်းပေါ့။
သူပြောပြီးတော့ကျွန်မခေါင်းထဲမှာတွေးစရာတွေအများကြီးရှိလာတယ်။ ကလေးဆိုတာ သူများကျောင်းဆင်းရင် ဆင်းချင် တာပါပဲ။ ကျောင်းဆင်း ခေါင်းလောင်းထိုး လိုက်တာနဲ့ အိမ်ကိုတဟုန်ထိုး ပြေးလွှားသွားကြတာကို ကြည့်ရင်သိသာ ပါတယ်။ ဟုတ်တယ်လေ။ သူတို့ ခမျာမှာဟိုဆရာဝင်သင်လိုက်၊ ဒီဆရာဝင်သင်လိုက်နဲ့ တစ်နေ့ လုံးအနားမရ ရှာပါဘူး။ ထိုင်နေရတာပဲ။မပင်ပန်းပါဘူးလို့ မထင်လိုက်ပါနဲ့ ။ ကိုယ်တိုင်တစ်နေ့ လုံးထိုင်ကြည့်ပါ။ သူတို့ လေး တွေမှာထိုင်နေရုံ သက်သက်မဟုတ်ပါဘူး။ ဦးဏှောက်ကလည်း အလုပ်လုပ်နေရတာပါ။ ဒါကြောင့်ကလေးတချို့  ရဲ့  ပြောသံကြားဖူးပါတယ်။ သာယာသံဆိုတာ ကျောင်းဆင်းခေါင်းလောင်း ထိုးတဲ့အသံပါတဲ့။
ခုတော့ကျောင်းဆင်း ခေါင်းလောင်းသံကိုကြားရပေမယ့် အောင်ချက်မြင့်မားရေးခေါင်းစဉ်အောက်က  အချိန်ပိုကြောင့် ကျောင်းပေါက်ဝကို
 ငေးကြည့်ပြီးအိမ်ပြန်ခွင့်မရတဲ့ကလေးတွေခမျာအင်မတန်သနားဖို့ ကောင်းပါ တယ်။
ကလေးတစ်ယောက်ရဲ့ မှတ်ဥာဏ်အားဆိုတာအကန့် အသတ်ရှိပါတယ်။ စာကိုချည်း ဆက်တိုက်အသင်ခံနေရတဲ့ ကလေးတစ်ယောက်ကို အချိန်ပိုဆိုပြီး ကျောင်းမဆင်းပေးဘဲ ထပ်သင်နေလို့ ရောရနိုင်မယ်ထင်ပါသလား။
ကြာရင်ကလေးတွေဘာဖြစ်လာမလဲ။ စိတ်ကျတာတွေ၊ စိတ်တို လွယ်တာတွေပဲဖြစ်လာပါလိမ့်မယ်။
သင်တိုင်းသာတတ်မယ်ဆိုရင်တိရစ္ဆာန်လေးတွေတောင်ပညာရှိက၀ိတွေဖြစ်နိုင်ပါလိမ့်မယ်။ စာသင်တဲ့ဆရာ၊ဆရာမတွေကို အပြစ်ဆိုချင်တာမဟုတ်ပေမယ့် ကလေးတွေဖက်ကိုလည်းတွေးပေးဖို့ ပြောချင်တာပါ။ ကလေးဆိုတာကစားချိန်ကစား၊ နားချိန်မှာနား၊ စာကျက်ချိန်စာကျက် အားလုံးမျှမျှတတ ဖစ်မှကောင်းပါတယ်။ စေတနာဆိုတဲ့စကားလုံးကြီးနဲ့ ပစ်ပေါက်ပြီး စာချည်းလှိမ့်သင်နေလို့ ကတော့စာကြောက်ပြီး စိတ်တိုလွယ်တဲ့ ကလေးတွေဖြစ်လာမှာ မလွဲမသွေပါပဲ။ ဒါကကလေးတွေဖက်ကစဉ်းစား
ပေးတာပါ။
ကဲဆရာဆရာမတွေဖက်ကို လှည့်ပြီး စဉ်းစားပေးကြဦးစို့ ။
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ဝန်းသိုမြို့ နယ် ဆိုတာသစ်တောတွေနဲ့ စိမ်းလန်းပြီးနေချင်စ ဖွယ်မြို့ လေးတစ်မြို့ ပါ။ မနက်ဈေးဆို လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေသစ်သီးတွေကိုလည်းဈေးချိုချိုနဲ့  ၀ယ်ယူနိုင်ပါသေးတယ်။ ကျွန်မကတော့မနက်တိုင်း ကိုယ်တိုင်ဈေးသွားလေ့ရှိပါတယ်။ ကြာလာတော့ဈေးသည် တွေနဲ့ ခင်မင်ရင်းနှီးလာပါတော့တယ်။
တိုးပေးလိုက်တဲ့လစာနဲ့ မကာမိအောင်လိုက်တိုးတတ်တဲ့ ခေတ်ကာလကုန်ဈေးနှုန်းရဲ့ ဒဏ်ကိုကြံ့ကြံ့ခံနိုင်ဖို့  ဈေးသည်ဆရာမ လုပ်နေကြရရှာတယ်။ မြို့ နယ်ကခေါင်းစဉ်အမျိုးမျိုးနဲ့ ဖြတ်တောက်ပြီးလို့ ကျန်တဲ့လစာလေး ကိုခြစ်ခြစ်ချုပ်ချုပ်သုံးရင်း အသက်၀၀မရှူနိုင်ခဲ့တာကြာပြီပေါ့ ဆိုတဲ့ ဆရာမတစ်ယောက်ရဲ့ ရင်ဖွင့်သံက ကိုယ်ပါ အသက်ရှူကျပ်မိပါတယ်။ ဆရာမတစ်ယောက်ကတော့ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ ဈေးသည်ဆရာမ လုပ်ရတာမရှက်ပါဘူးတဲ့။
ရိုးရိုးသားသားဈေးရောင်းစားတာကိုရှက်စရာလို့ လဲမမြင်ဘူး။ ပြောင်းရွှေ့ အော်ဒါတစ် စောင်ရွေးခကို ၁၀၀၀၀(တစ်သောင်းကျပ်)၊ ရာထူးတိုးအော်ဒါတစ်စောင်ရွေးခကို ၁၅၀၀၀(တစ်သောင်းခွဲကျပ်) တောင်းစားနေတဲ့ မြို့ နယ်ပညာရေးမှူးဒေါ်မေလွင်ဇင်၊ နေ့ စားလပေးအလုပ်ရချင်ရင် သုံးသိန်းကနေ ခြောက်သိန်းအထိတောင်းစားနေတဲ့ ဒေါ်တင်ဝင်းကြည် တို့  ၊အသေးသုံးချပေးသမျှကို အိပ်ထဲထည့်ပြီး ရွှေဝယ်ဝတ်နေတဲ့ ကျောင်းအုပ်တွေထက်စာရင် လစာနဲ့ မလောက်လို့ မနက်ခင်းဈေး ရောင်းတာသိက္ခာအပြည့်အ၀ရှိတယ်ဆိုပဲ။
အထက်အဆင့်ဆင့်က အလကားပေးလိုက်တဲ့ အော်ဒါတွေက ၀န်းသိုမြို့ နယ်ကိုရောက်မှ ဈေးကြီးပေးဝယ်နေ ရတယ်တဲ့လေ။ ရာထူးတိုးလို့ ပျော်ရမယ်မထင်နဲ့ အော်ဒါရွေးခ မပေးရင်ထုတ်မပေးဘူး။ ဒါတွေကိုအထက်က မသိဘူးလားလို့ မေးတော့ သိလည်း အရေးမှမယူတာ။ ဒါမှမဟုတ်သူတို့ ကိုယ်တိုင်က လုပ်စားခွင့်ပေးထား တာလည်းဖြစ်နိုင်တာပဲ။ သူတို့  ကပြောတယ်။ တိတိကျကျတိုင်ရင် အရေးယူမယ်လေးဘာလေးနဲ့ ။
 သူတို့ သိလည်းဘာမှ မလုပ်ပေးတာ လူတိုင်း သိတယ်။ တိုင်လည်းအလကားပဲ။ သူတို့ ကတိုင်ရင် တိုင်တဲ့သူကို ရိုက်တတ်တယ်လေ။ လို့ ဖြေပါတယ်။
တဆက်တည်းမှာပဲကျောင်းမှာသင်နေတဲ့အချိန်ပိုကိစ္စကိုမေးကြည့်တော့…….
ကျောင်းအုပ်က သင်ဆိုတော့လည်း သင်ရတာပေါ့။ ဒါပေမယ့်အချိန်ပိုကိုကလေးတွေစိတ်ဝင်တစားမရှိလှပါဘူး။ တစ်နေ့ လုံးစာသင်နေရတာဆိုတော့ တော်တော်ပန်းနေပြီပေါ့။ ကလေးတွေလည်းပန်း၊ ဆရာမတွေလည်းပန်း။
နှစ်ဦးနှစ်ဖက်ပင်ပန်းနေတဲ့အချိန်မှာ ခေါင်းထဲကို အတင်းရိုက်ထည့်ခိုင်းနေတော့ ကလေးတွေကို သနားမိတယ်။ မသင်လို့ ကလည်း မဖြစ်ဘူးလေ။ အမိန့် ပေးတာဆိုတော့လုပ်ရတာပေါ့။ တစ်ကယ်ဆိုကလေးတစ်ယောက်ကို အဲ့ဒီလောက်အထိသင်လို့ မရဘူး။ နားချိန်ပေးရမယ်။ ဒါမှကျောင်းက သင်လိုက်တဲ့ စာတွေကိုအိမ်မှာ ပြန်လေ့လာ နိုင်မှာပေါ့။ ဦးဏှောက်ကို အနားပေးချိန်နည်းလွန်းတော့ ကလေးတွေကမပျော်ရွှင်တော့ဘူး။ ကျောင်းကိုကြောက်လာတယ်။ စာကိုကြောက်လာတယ်။
တချို့ ကလေးတွေဆိုစိတ်တိုစိတ်ဆတ်ပြီး ခဏခဏ ရန်ဖြစ်တာမျိုးတွေအထိရှိလာတယ်။ ကျွန်မတို့ ဝန်းသိုမြို့ နယ်က အလွတ်ကျက်ဖြေစံနစ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာစံပြုလောက်ပါရဲ့ ။ ဆရာမတွေလည်းကျောင်းဆင်းလို့ အိမ်မပြန်ရ။ ကျောင်းသားကျောင်းသူတွေလည်း အတန်းထဲမှာတပိန်ပိန်တလိန်လိန်နဲ့ ။ ကျောင်းအုပ်ကတော့သူနာမည်ကောင်းရတော့မယ်ဆိုပြီးတပြုံးပြုံးနဲ့ ပေါ့။ တကယ်က ကလေးတွေရဲ့ ဥာဏ်ရည်ကိုသတ်နေတာဆိုတာသိဖို့ ကောင်းတယ်။ ဦးဏှောက်ဆိုတာစဉ်းစားချိန် မရှိရင်မထက်မြက်နိုင်ဘူးလေ။ နည်းနည်းသင်၊ များများလေ့လာဆိုတဲ့စကားကို ၀န်းသိုမြို့ နယ်ကမေ့နေတာ။ လို့ ပြောပြပါတယ်။
ကျွန်မတို့ ခေတ်မှာလည်း ထူးချွန်ထက်မြက်တဲ့သူတွေအများကြီးပေါ်ထွန်းလာခဲ့ဖူးပါတယ်။
ဒါပေမယ့်ဒီလောက်အထိဆိုးဆိုးရွားရွားစာဆိုမှစာ မလုပ်ခဲ့ရပါဘူး။ စာသုံးလေးမျက်နှာကို ခဏနဲ့ ရတယ်။  ကျောင်းဆင်းတာနဲ့ ကစားနိုင်တယ်။ နားနိုင်တယ်။ ခုခေတ်ပညာရေးဌာနကလူကြီးတွေဆိုတာလည်း ကျွန်မ    နဲ့ တစ်ခေတ်တည်းဖြတ်သန်းလာခဲ့ကြဖူးပါလိမ့်မယ်။ ဒါနဲ့ များတောင်ဘာကြောင့် အနားမပေးပဲစာကိုချည်းသင် မှအောင်မြင်မယ်ဆိုတဲ့ အတွေးအမြင်နဲ့ အမိန့် ပေးစေခိုင်းနေရသလဲဆိုတာမပြောတတ်တော့ပါဘူး။ စာတစ်ခုကလွဲပြီးကျန်တာ ဘာမှမသိတော့အာင်များ တမင်တကာ လုပ်ယူနေလေရော့သလား။ ကျွန်မရဲ့  အယူအဆကတော့ ဘုရားဟောထားသလိုအလယ်အလတ်ကျင့်ပါဆိုသလို စာသင်ချိန်စာသင်၊ နားချိန်မှာနားစေချင်တာပါပဲ။ ကျောင်းဆင်းခေါင်းလောင်းသံကိုကြားရပေမယ့် သူတို့ နဲ့ မသက်ဆိုင်သလို အတန်းထဲမှာငုတ်တုတ်ထိုင်နေရတဲ့ကလေးတွေကိုသနားကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဟော….. ပြောရင်းဆိုရင်း ပင်ပန်းနွမ်းနယ်နေတဲ့ ခြေလှမ်းတွေနဲ့ အစိမ်းအဖြူဝတ်စက်ရုပ်လေးတွေ ကျွန်မအိမ် ရှေ့ ကနေဖြတ်သွားကြလေရဲ့ ။
(မှတ်ချက်။     ။ အခုရေးခဲ့တာတွေ အားလုံးက၀န်းသိုမြို့ နယ်မှာ ဖြစ်နေတဲ့တစ်ကယ့်ဖြစ်ရပ်မှန်တွေပါ။ တခြားတခြားသော ရေးစရာတွေအများကြီး ကျန်ရှိနေပါသေးတယ်။ နောက်များ အလျင်းသင့်ရင် ဆက်ရေးပါဦးမယ်။ ကျွန်မနဲ့  ဘောထားခြင်း တိုက်ဆိုင်သည်ဖြစ်စေ၊  မတိုက်ဆိုင်သည်ဖြစ်စေ စာဖတ်သူယူဆချင်သလို ယူဆနိုင်ပါတယ်။ ဒီစာကိုတင်ပေးတဲ့ Admin ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင့်။)
ဝန်းသိုမီးမောင်း
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
http://www.burmaburo.blogspot.com
Saturday 6 September 2014
ကမ္ဘောဒီးယားက ကြာချည်ထည်လုပ်ငန်း
ဒီမိုဝေယံ
Posted: 31 Aug 2014 10:38 AM PDT
မောင်ကောင်းဇံမရ ဘာစီလိုးနား တိုက်စစ်မှူးနှင့် တဦးချင်းတွေ့ပြီး အပိုင် ကန်သွင်းခွင့်ရသည့် အပိုင်ဂိုးကို ကာကွယ်စဉ်
U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲဝင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်သည့် Tokyo U-12 အသင်း ဒုတိယဆုရရှိ..
ယနေ့.ညနေပိုင်း(၃၁)ရက်နေ့ ညနေပိုင်းမှာ ကျင်းပတဲ့ U-12 Junior Soccer World Challenge 2014 ဗိုလ်လုပွဲတွင် မြန်မာနိုင်ငံသား မောင်ကောင်းဇံမရ ပါဝင်တဲ့ Tokyo U-12 အသင်းမှ လက်ရှိချန်ပီယံ နာမည်ကျော် စပိန် Barcelona အသင်းအား ၂ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ဒုတိယဆု ရရှိခဲ့သည်..။
လူငယ် ဘောလုံးပွဲ ဖြစ်သော်လည်း ဗိုလ်လုပွဲ ဖြစ်သည့် အားလျှော်စွာ လူဦးရေ ၁၀၀၀၀ဆန့်သည့် ကွင်းအတွင်း ပရိသတ်များ အထူးများပြားခဲ့သည်။
မောင်ကောင်းဇံမရ ပါဝင် ကစားခွင့် မရသည့်ပထမပိုင်းတွင် ဘာစီလိုးနား အသင်းမှ ကွင်းတဝက် နီးပါး ဖိကစား ခဲ့ပြီး အနိုင်ဂိုး ၂ဂိုးသွင်းယူခဲ့သည်။
ဒုတိယပိုင်း (၁၈)မိနစ်တွင် မောင်ကောင်းဇံမရ ဝင်ရောက် ကစားခွင့် ရစဉ်ပရိသတ်မှ လက်ခုပ် သြဘာပေးခဲ့ကြသည်။ ဘာစီလိုးနား တိုက်စစ်မှူးနှင့် တဦးချင်းတွေ့ပြီး အပိုင် ကန်သွင်းခွင့်ရသည့် အပိုင်ဂိုးကို ကာကွယ်နိုင်ခဲ့သည်။ ဘာစီလိုးနား အသင်းမှာ ပထမပိုင်းတွင် သွင်းယူခဲ့သော အနိုင်ဂိုး ၂ဂိုးဖြင့်ပင် ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရရှိခဲ့သည်။
ယခုနှစ်အတွင်း Goal Keeper အဖြစ် မောင်ကောင်းဇံမရ ပါဝင်ကစားသည့် Tokyo U-12 အသင်းနှင့် Tokyo Buddy အသင်းတို့သည်.. ဂျာမဏီဘာလင် ဖလား၊ Shimizu Japan ပြည်တွင်းဖလားများတွင် အနိုင်ရဗိုလ်စွဲခဲ့ပြီး ယခုနောက်ဆုံး ကမ္ဘာကျော် ကလပ်အသင်းကြီးများနှင့် ဂျပန်ကလပ်အသင်းများပါဝင်သည့် U-12 Junior Soccer World Challenge 2014 ပြိုင်ပွဲတွင်လည်း ထိုက်ထိုက်တန်တန် ဒုတိယဆု ရရှိခဲ့သည်။
မောင်ကောင်းဇံမရသည် နာမည်ကျော် ဂျပန် ကလပ်အသင်းများမှ ခေါ်ယူခဲ့သော်လည်း Tokyo လက်ရွေးစဉ် အသင်းနှင့် ဆက်စပ်နေသည့် Verdy Club အသင်းတွင်သာ ကစားရန် စာချုပ်ချုပ်ဆိုခွင့် ရခဲ့သည်။ လာမည့်ပွဲစဉ်များတွင် နာမည်ကျော် Verdy Clubအသင်း၌ ၃နှစ်စာချုပ်ဖြင့် ဆက်လက် ကစားမည်ဖြစ်သည်။
ဂျပန်နိုင်ငံရောက် မြန်မာမိဘ(၂)ပါးမှ မွေးဖွားသည့် မောင်ကောင်းဇံမရနှင့် မောင်သက်ရင်မျိုးတို့ကဲ့သို့ မြန်မာနိုင်ငံသားများ ဂျပန်နိုင်ငံ ကိုယ်စားပြု လက်ရွေးစဉ် ကလပ်အသင်းများတွင် ပါဝင်ကစားခွင့် ရရှိခြင်းသည် မြန်မာနိုင်ငံသားများ အတွက် ဂုဏ်ယူဖွယ် ဖြစ်ပြီး မြန်မာနိုင်ငံများ ဖြစ်သည့်အတွက် အနာဂတ် မျိုးဆက်သစ် မြန်မာ့လက်ရွေးစဉ် အသင်းအတွက်လည်း အားတက်ဖွယ် ဖြစ်သည်။
သတင်း ဒီမိုဝေယံ
ဓာတ်ပုံ ဒီမိုဝေယံ၊
ဓာတ်ပုံ U-12 Junior Soccer World Challenge 2014
ဆက်သွယ်မေးမြန်းလိုလျှင်..
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် ( မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း)
( 81+90-5521-3941) (Viber available) , 81+90-5559-0558 (Viber available) တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်..။
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
http://www.burmaburo.blogspot.com
ဒီမိုဝေယံ
Posted: 02 Sep 2014 07:08 AM PDT
အင်းလျားကန်ဘောင်အတွက် ပေးဆပ်မှုများ 
အများပြည်သူ အပန်းဖြေလျှက်ရှိကြသည့် အင်းလျားကန်ဘောင်သို့ လာရောက်၍ အပန်းဖြေကြ သော မိဘပြည်သူများတို့အတွက် စည်ပင်သာယာအဖွဲ့မှ အမှိုက်ပုံးများ ထားရှိပေးထားသော်လည်း စည်း ကမ်းမဲ့စွာ အသိတရားမရှိသော၊ နိုင်ငံကြီးသားမပီသ သူတစ်ချို့၏ စွန့်ပစ်ထားသောအမှိုက်များ၊ ပုလင်း များ၊ ရေသန့်ဗူး၊ ကြွပ်ကြွပ်အိတ်များ၊ သံဗူးများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် နှင့် အသင်းသား/သူများအပြင် သဘာဝ ပတ် ဝန်းကျင် သန့်ရှင်းရေးအား စိတ်ပါဝင်စားကြသော ရွှေပြည်သာမြို့နယ် "အာယုသုခ ပရဟိတလူငယ်များ" နာရေးအသင်း၊ မင်္ဂလာဒုံမြို့နယ် "ပုညကာရီ" နာရေးအသင်း၊ အင်းစိန်မြို့နယ် "ဗြဟ္မဝိဟာရ လူငယ် ပရဟိတအဖွဲ့" စုစုပေါင်း ပရဟိတအင်အား (၅ဝ) ဦးခန့်တို့ဖြင့် အင်းလျားကန်ဘောင်ပေါ်ရှိ မြက်ခင်းပြင်၊ အင်းလျားကန်လမ်းတလျှောက်နှင့် စားသောက်ဆိုင် ပတ်ဝန်းကျင်တဝိုက်ရှိ အမှိုက်များအပြင် ပြည်လမ်း အင်းလျားကန်ဘောင်တလျှောက် ရေမြောင်းကြီးများထဲရှိ ချိတ်တွယ်နေသော အမှိုက်များအား နံနက် (၇း၃ဝ) နာရီအချိန်မှ (၁၁းဝဝ) နာရီအထိ သွားရောက်၍ ကောက်ယူရှင်းလင်းပေးခဲ့သည်။
ထို့နောက် "ကိုယ့်အမှိုက် ကိုယ်ရှင်း" ဟူသော သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ရိုက်နှိပ် ထားသော စတေကာများအားလည်း ကန်ဘောင်ပေါ်ရှိအမှိုက်ပုံးများ၊ ဈေးဆိုင်ခန်းများတွင် စနစ်တကျ လိုက်လံ ကပ်ပေးခဲ့ခြင်းနှင့် လက်ကမ်းစာရွက်များ ဝေငှပေးခဲ့သည်။ ရေထဲ၌ အမှိုက်များအား ဆယ်ယူရာ တွင် ရွံနွံ့ထဲ နစ်မြှုပ်နေသော အရက်ပုလင်း၊ ဝိုင်ပုလင်း၊ ဘီယာပုလင်းကွဲများ တွေ့ရှိရ၍ အထူးသတိပြု ကောက်ယူရှင်းလင်းခဲ့ရသည်။ အများပြည်သူ အပန်းဖြေရာနေရာတစ်ခုတွင် ဤကဲ့သို့ အန္တရာယ်ဖြစ်နိုင် သည့်အမှိုက်များ၊ အမြင်မသင့်လျော်သော အမှိုက်များအား လူသားချင်း ကိုယ်ချင်းစာစိတ် မွေးဖွား၍ သတ် မှတ်ထားသော အမှိုက်စွန့်ပစ်ရာ အမှိုက်ပုံများတွင် စည်းကမ်းစနစ်ကျစွာ စွန့်ပစ်ခြင်းဖြင့် နိုင်ငံဂုဏ်အား မြှင့်တင်ကြပါရန် နှိုးဆော်လိုက်ရပါတော့သည်။
နာရေးကူညီမှု အသင်း (ရန်ကုန်)
Posted: 02 Sep 2014 06:59 AM PDT
အိမ်ခြံ၊ မြေ၊ တိုက်ခန်းရှာသူများအတွက် အကောင်း ဆုံး Smartphone Apps
သမာရိုးကျ စနစ်ဖြစ်တဲ့ သတင်းစာနဲ့ အေးဂျင့်များမှ တဆင့် အိမ်၊ခြံ၊မြေ၊ တိုက်ခန်းများ ရှာတဲ့ ခေတ်ဟာ တဖြည်းဖြည်း နဲ့ ဒီဂျစ်တယ် ရှာဖွေရေး စနစ်သို့ ကူးပြောင်းလာပါပြီ။
ယနေ့ မြန်မာပြည် မြို့ပြကြီးများ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်မြို့တွေမှာ ပြည်သူများအနေနဲ့ အင်တာနက်မှမိမိ ကြိုက်နှစ်သက်ရာ အိမ်၊ခြံ၊မြေ၊ တိုက်ခန်း၊ ကွန်ဒို များကို လွယ်ကူ သက်သာစွာရှာဖွေ နေတယ်ဆိုတာကို တွေ့ နိုင်ပါတယ်။ ယခုလို ရှာဖွေတဲ့ စနစ်ဟာ ကွန်ပြူတာ သုံး အင်တာနက် မှသာမက မိုဘိုင်း အခြေခံ အင်တာနက်မှလည်း အသုံးပြုရှာဖွေနိုင်ပါပြီ ။ မိုဘိုင်းမှ တဆင့်ရှာဖွေတဲ့ စနစ် ဟာနောက်ဆုံးသုံး စနစ်နဲ့ လွယ်ကူစွာ ရှာဖွေတဲ့ စနစ်ဖြစ်တဲ့ အတွက်ကြောင့် အသုံးပြုသူများ အတွက် အကောင်းဆုံးသော user experience ကိုပေးပါတယ်။ ဒီတော့် ယနေ့မြန်မာပြည်အတွင်း အကောင်းဆုံးဖြစ်တဲ့ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ကွန်ဒို များရှာတဲ့အခါမှာ အသုံးပြုတင့်တဲ့ Android Apps နဲ့ iOS Apps ကို တင်ပြသွားလိုပါတယ်။
ငွေထိန်းချုပ်နည်းနဲ့ ရှာဖွေသည့် အကောင်းဆုံး Apps များ
အိမ်၊ခြံ၊မြေ၊တိုက်ခန်းများ ဌားရန်သို့မဟုတ် ရောင်းတဲ့ အခါမှာ ပထမဦးစွာသိထားဖို့လိုတာကတော့် မိမိရဲ့ ငွေ ဘယ်ကို ရောက်သွားနိုင်တယ်ဆိုတာကိုကြိုတင်သိထားခြင်းဖြစ်ပါတယ်။ ဒီအတွက် Android သုံးသူများအနေနဲ့ Moneywise Apps ဖြစ်တဲ့ မိမိရဲ့ အသုံးငွေကို စီမံခန့်ခွဲပေးတဲ့ Apps ကို သုံးရင် ပိုပြီး အဆင်ပြေပါတယ်။ ဒီ Apps ဟာ ဘဏ္ဍာငွေကို အကောင်းဆုံး နည်းစနစ်နဲ့ ထိန်းပေးတဲ့ Android Apps ဖြစ်ပါတယ်လို့ Lifehacker က 2012 မှာ အသိအမှတ်ပြုသွားပါတယ်။ iOS အတွက်ကတော့် Mint ဆိုတဲ့ အသုံးစရိတ် ကို ထိန်းချုပ်ပေးတဲ့ Apps ဖြစ်ပါတယ်။
အိမ်ခြံ မြေ တိုက်ခန်း များ အတွက် သိတင့်သည့် ဝေါဟာရများဖော်ပြပေးသည့် အကောင်းဆုံး Apps များ
မိတ်ဆွေအနေနဲ့ အိမ်ခြံမြေ အတွက် professional usage အသုံးအနှုန်း များကို အင်္ဂလိပ်ဘာသာအားဖြင့်သိဖို့လိုပါတယ်။ ဒါကြောင့် အကောင်းဆုံး အိမ်ခြံမြေသုံး Apps ဖြစ်တဲ့ Glossary of Real Estate Terms နှင့် Kaplan Real Estate Terms app များကို အသုံးပြုနိုင်ပါတယ်။ အေးဂျင့်များ နှင့်အိမ်ခြံမြေအကြောင်း ကျွမ်းကျင်လေ့လာသူများ အနေနဲ့ သာမာန်သူများ နားမလည်နိုင် သည့် အသုံး အနှုန်းများကို မကြာခဏသုံးလေ့ရှိပါတယ်။ ဤ Apps များကို အသုံးပြုခြင်းအားဖြင့် သတင်းအချက် အလက် နဲ့ သိတင့််တဲ့ အိမ်ခြံမြေအရောင်းဝယ် သုံး ဝေါဟာရများကို သိမှာဖြစ်ပါတယ်။
အိမ်ခြံမြေ ရှာရန်အတွက် အကောင်းဆုံး Apps များ
မြန်မာနိုင်ငံအတွင်း လွန်ခဲ့ တဲ့ ဇူလိုင်မှာ house.com.mm မှ Android Apps ကို အိမ်ခြံမြေ ရှာသည့် ပထမဦးဆုံး Apps အနေနဲ့ ဈေးကွက် မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဤ Apps ဟာအိမ်၊ ကွန်ဒို နှင့် တိုက်ခန်များ ရောင်း၊၀ယ်လိုသူများအတွက် အကောင်းဆုံး ၀န်ဆောင်မှုပေးတဲ့ Apps ဖြစ်ပါတယ်။ လောလောဆယ်မှာတော့် house apps မှ မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေတိုက်ခန်းပေါင်း ၂၀၀၀၀ ကျော်ကို လွယ်ကူစွာ ရှာနိုင်ရန် လုပ်ဆောင်ပေးနေပါတယ်။
မိတ်ဆွေရဲ့ ချေးငွေ အပေါင် ပစ္စည်း ကို အကောင်းဆုံး စီမံခန့်ခွဲပေးသည့် Apps
ဈေးကွက်မှာ ချေးငွေ အပေါင် ပစ္စည်း ကို စီမံခန့်ခွဲပေးသည့် Apps တော်တော်များများရှိနေပါပြီ။ အသင့်တော်ဆုံး Apps များကတော့် Karl's Mortgage Calculator နဲ့ Mortgage Calculator များဖြစ်ပါတယ်။ ဒီ Apps နှစ်ခုကတော့် အတိုးငွေ၊ အမြတ် နဲ့ ကြိုတင်ပေးရမယ့် စနစ်များကို သင်ပြပေးတဲ့ Apps ဖြစ်ပါတယ်။
အိမ်မပြောင်းခင် သုံးသင့်သည့် အကောင်းဆုံး Apps များ
မိတ်ဆွေ အနေနဲ့ အိမ် တိုက်ခန်း ကို ပြုပြင်ပြောင်းလည်းသို့မဟုတ် ရွှေ့ပြောင်းခြင်း ပြုလုပ်လိုပါက တိုင်းထွာသည့် Apps ဖြစ်တဲ့ My Measures & Dimensions ဟာ အကောင်း ဆုံးဖြစ်ပါတယ်။ ဤ Apps ဟာ ဓာတ်ပုံနှင့် တကွ တိုင်းထွာသည့် စနစ်ကိုပေး သည့်အတွက် သုံးသူများအတွက် ပို၍ အဆင်ပြေနိုင်ပါတယ်။
Stephen Seng
Posted: 01 Sep 2014 10:25 AM PDT
ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူမယ် ဆိုတဲ့.. မိဘပြည်သူများ ခင်ဗျား..
ရခိုင်အရေးဖြစ်တော့ ရိုဟင်ဂျာဆိုသူတွေ မြန်မာနိုင်ငံသားမဟုတ် ခေါ်လိုသည့် နိုင်ငံများ ခေါ်ယူသွားကြပါ ဆိုပြီး မိဘပြည်သူများ ခင်ဗျားမှ ထုံးစံအတိုင်း အချိန်ကိုက် နတ်သံနှော ညာသံပေးတော့ ဒါမှ တို့သမ္မတကြီး ဆိုပြီး ထောက်ခံပွဲတွေ ချိမ့်ချိမ့်သဲပေါ့..။ ပြီးတော့ ထုံးစံအတိုင်း အဖျားရှူးပေါ့။
နောက်တခါ အဆိုပါ ညာသံပေးပြီး မကြာမှီမှာပဲ (OIC)ကို ဝင်ခွင့်ပြုမယ်ဆိုပြီး တို့ပြည်သူတွေဘက် မျှားဦးလှည့် လာလို့ ကန့်ကွက်လိုက်ရတာလည်း ဖတ်ဖတ်မောပေါ့။
ယခု ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူရန် သမ္မတ ဦးသိန်းစိန် သဘောတူလိုက်ပြီ... တဲ့ကဲ ဘာကြောင့် ပြန်ခေါ်ယူရတယ်ဆိုတာ မိဘပြည်သူများ ခင်ဗျားဆိုပြီး နတ်သံနှောပြီး ဖြစ်ကြောင်းရယ် ကုန်စင် ပြန်လည် ရှင်းပြပေးဖို့ တောင်းဆိုပါရစေ။ ဒီတခါ ဘင်္ဂါလီတွေကို ပြန်လည် လက်ခံဖို့ ကိစ္စမှာ အရင်တခါလိုပဲ ပြည်သူ့ဆန္ဒဆိုပြီး နတ်သံနှော မမေးမြန်းတော့ ပေဘူးလား။ ပြည်သူတွေရဲ့ ဆန္ဒပါပါရဲ့လား။ အဆိုပါ ပြန်လည်ခေါ်ဆောင်မဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေဟာ တပါးသူဆီမှာ အငှားကိုယ်ဝန်ဆောင်ပြီး မွေးထားတဲ့ မြန်မာနိုင်ငံသားတွေ စစ်စစ်တွေ ဟုတ်ပါသလားခင်ဗျာ...။
အပေါ်မြှောက်လိုက် ရိုက်ချလိုက် အပြောတမျိုး အလုပ်တမျိုးလုပ်နေတဲ့ လုပ်ရပ်တွေ အတွက်
ကျွန်တော်တို့ ပြည်သူတွေ ကန့်ကွက်ပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်စရာတွေ ပြင်ဆင်ရအောင်ပါ..။
အမြဲတမ်း ပြည်သူတွေ Tempo တက်နေချိန်မှာ သခင်မျိုးဟေ့ တို့ဗမာလုပ်လိုက် အချိန်ကြာသွားလို့ မေ့လောက်ပြီဖြစ်မှ သခင်မျိုးဟေ့ တို့မပါဆိုပြီး အဖျားရှူးသွားတတ်တဲ့ မိဘပြည်သူများ ခင်ဗျား ခင်ဗျာ.... လွှတ်တော်အတွင်းမှ ဆင်၊ မျောက်၊ ခါဘင်္ဂလီ (၃)ဦး အကြိုက် လုပ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ အစစ်အမှန် မိဘပြည်သူများ ကိုယ်စား.. မိဘပြည်သူများ ခင်ဗျားအား တိုက်တွန်းအပ်ပါတယ်။
ဒီမိုဝေယံ
(သတင်း).. အစုံအလင်ကတော့
ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူရန် သမ္မတ ဦးသိန်းစိန် သဘောတူလိုက်ပြီဟုဆို
ဒါကာ၊
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသူ ဘင်္ဂါလီ ဒုက္ခသည်များကို ပြန်လည် ခေါ်ယူခြင်းလုပ်ငန်းအား ၂ လ အတွင်း ပြန်လည် စတင်ရန် မြန်မာနိုင်ငံက သဘောတူခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုသည်။
"စိစစ်ပြီး မြန်မာနိုင်ငံသားတွေ ပြန်လည်လက်ခံတာကို ၂ လအတွင်း စတင်ဖို့ သဘောတူ ခဲ့ပြီး မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသူ ၃၂၀၀၀ အနက် ၂၄၁၅ ဦးနဲ့ စတင်မှာပါ။ ဒါ ဟာ အရေးပါတဲ့ ရလဒ်အဖြစ် မှတ်ယူထား ပါတယ်" ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် မဒ်ရှဟီဒူဟဇ်က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နိုင်ငံခြားရေးရုံးများ၏ ၈ ကြိမ်မြောက် အစည်းအဝေး တွင် ထိုသို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသား အဖြစ် မှတ်ပုံတင်ထားသူ ဘင်္ဂါလီဒုက္ခသည် များနှင့် ၎င်းတို့၏ သားသမီးများ ကို ပြန်လည်ခေါ်ယူရန် ကော်မတီတစ်ခု ဖွဲ့စည်းမည်ဟု မြန်မာနိုင်ငံက သဘော တူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ခန့်မှန်းချက်အရ ၁၉၉၁ နောက်ပိုင်း မြန်မာ စစ်အစိုးရ ၏ ဖိနှိပ်မှုကြောင့် ထွက် ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည် ၂၅၀၈၇၇ ဦးရှိသည် ဟု ဆိုသည်။ ၎င်းတို့အနက် ၂၃၆၅၉၉ ဦးအား ၂ နိုင်ငံ သဘောတူညီမှုအရ UNHCR ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပြီးဖြစ်သည်။ ၂၀၀၅ တွင် ဘင်္ဂါလီ ဒုက္ခသည် ၉၂ ဦး ပြန်ပို့ခဲ့ပြီးနောက် ထိုလုပ်ငန်းစဉ် ရပ်တန့်သွား ခဲ့သည်။
လက်ရှိတွင် ကော့ဘဇားခရိုင်အတွင်း ကူတူ ပါကောင်းနှင့် နာယာပါရာရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ဘင်္ဂါလီဒုက္ခသည် ၃၂၀၀၀ ခန့် နေထိုင်လျက်ရှိသည်။ ၂၀၀၄ က ထို ဒုက္ခသည်စခန်းများတွင် မိသားစု ၂၉၇၆ စုနှင့် လူဦးရေ ၁၉၈၄၁ ဦး ရှိသော်လည်း မွေးဖွားနှုန်း မြင့်မားသဖြင့် လူဦးရေ အလျင်အမြန် တိုးပွား လာနေသည်ဟု တာဝန်ရှိသူများက ဆိုသည်။
ဒုက္ခသည်စခန်းများ၏ အပြင်ဘက်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ဘင်္ဂါလီ ဒုက္ခသည် ၃၀၀၀၀၀ နှင့် ၅၀၀၀၀၀ အထိရှိသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုပြီး အဆိုပါ ဒုက္ခသည်များအရေး ဆွေးနွေးရန် အစည်း အဝေးတွင် ပြောကြား ခဲ့သော်လည်း မြန်မာဘက်က အကြောင်းပြန်ကြားခြင်းမရှိပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနှင့် ကော့ဘဇာ ဒေသများတွင် တရားမ၀င် နေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံမှ ဒုက္ခသည်များအား အသေးစိတ် စစ်တမ်းကောက်ယူနေကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာဘက် သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။
ဆွေးနွေးပွဲအပြီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် က "အကြောင်းအရာ အားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ပြီး မြန်မာနိုင်ငံက ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားကြောင်း ပြသခဲ့ပါတယ်။ ဒုက္ခသည်တွေ ကို ပြန်လည် လက်ခံဖို့ မြန်မာနိုင်ငံက ရည်ရွယ်ထားကြောင်း ပြသခဲ့ပါတယ်"ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
၂၀၀၅ တွင် စီစစ်အတည်ပြုခဲ့သည့် မြန်မာနိုင်ငံမှ ဒုက္ခသည်စာရင်း အား ပြန်လည် စီစစ်ရန် လုပ်ငန်း ကော်မတီတစ်ခုကို ၂ နိုင်ငံ ပူးတွဲဖွဲ့စည်းမည် ဟု ဆိုသည်။ ထိုဒုက္ခသည်များမှ ၂၀၀၅ နောက်ပိုင်းတွင် မွေးဖွား ခဲ့သူများ ကိုလည်း စာရင်းတွင် ထပ်မံဖြည့်သွင်းမည်ဟု သိရသည်။
"၂ လအတွင်း ပြင်ဆင်မှုတွေပြုလုပ်ပြီး ဒုက္ခသည် တွေ ပြန်လည်ပို့ဆောင်မှု ဘယ်လောက်မြန်မြန်လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်သွားမှာပါ။ ဒီဆွေးနွေးပွဲ ရလဒ်အ တွက် ကျွန်တော်တို့ အလွန်ပျော်ရွှင်နေပါတယ်"ဟု မစ္စတာ ရှဟီဒူဟဇ် က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲမှာ ၄ နာရီနီးပါး ကြာမြင့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့အား မစ္စတာ ရှဟီဒူဟဇ်က ဦးဆောင်ကာ မြန်မာ ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော် က ဦးဆောင်ခဲ့သည်။
ငါးခိုးဖမ်းမှု အများစုအပါအ၀င် ပြစ်မှုငယ်များဖြင့် တစ်ဖက်နိုင်ငံ အသီးသီး တွင် ထောင်ဒဏ်ကျခံနေရ သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသား များအား အပြန်အလှန် ပြန်လည်ခေါ်ယူနိုင်ရေးကိုလည်း ဆွေးနွေး သဘောတူ ခဲ့သည်ဟု ဆိုသည်။ တရားဝင်ခန့်မှန်းချက်အရ မြန်မာနိုင်ငံ အကျဉ်းထောင်များ တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ ခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ် အကျဉ်းထောင်များ တွင် မြန်မာနိုင်ငံအား ၁၁၀ ခန့်ရှိသည်။
ဆွေးနွေးပွဲတွင် ၂ နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ၅ နှစ်စာ သဘောတူညီမှု တစ်ခုလည်း ရရှိခဲ့သည်ဟု ဆိုသည်။ လာမည့် နှစ်စပိုင်း တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ နိုင်ငံခြားရေးဝန်ကြီး အဆင့် ၂ နိုင်ငံ ပူးပေါင်းကော်မရှင်ဆွေးနွေးပွဲ ပြုလုပ်ရန်လည်း သဘောတူခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ၂ နိုင်ငံ အပြန်လှန် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးနှင့် အကာအကွယ်ပေးရေးနှင့် နာ့ဗ်မြစ် မြောက်ပိုင်း နယ်နိမိတ် သတ်မှတ်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့် ထားကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
KHTun
Ref - Daily Star
Photo - UNHCR
Credit.. The Ladies News Journal
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
http://www.burmaburo.blogspot.com
The unspeakable truth about Rotherham
http://www.theglobeandmail.com/globe-debate/the-unspeakable-truth-about-rotherham/article20335529/
The unspeakable truth about Rotherham
By Margaret Wente
Nearly all the abusers in an English rape scandal were Muslims of Pakistani origin. Why was this ignored?
The reports are almost unbelievable – and certainly not for the squeamish. They describe a ring of vicious sex traffickers who preyed on adolescent girls and operated with impunity for years, as authorities deliberately ignored and even covered up the evidence.
Among the victims was Amy, a young girl who was groomed for sex by some exciting new friends she'd made in the big city. They showed her a good time and made her feel special. By the time she was 14, she had been raped and abused repeatedly by at least six adults in their late teens and early 20s. She went to the police, who ignored her. Her parents begged for help, in vain. Social workers and police treated her like a "stupid, naughty girl1," she told the Times of London.
Amy was just one of at least 1,400 girls who were groomed and raped over two decades in Rotherham, a grim postindustrial town in northern England. Most of the victims were working-class. They were typically 12 to 14 when they were lured into a life of drugs, alcohol and abuse. Nearly all the abusers were Muslim men of Pakistani origin.
Britain has had more than its share of sex scandals lately. But this one is by far the most disturbing. It has shaken the country to the core, and prompted searching questions about the role of "cultural sensitivity" in covering up the abuse. And it has raised wider issues about Muslim integration into British life.
"Men of Pakistani heritage treated white girls like toilet paper2," columnist Allison Pearson wrote in The Telegraph. But authorities tried to bury the problem because they were afraid of being labelled racist, or that it might cost them votes. Front-line workers who tried to get police and bureaucrats to act were repeatedly harassed and intimidated. One researcher who had gathered extensive evidence was told she must "never, ever3" refer to the ethnicity of the abusers. Her report was suppressed, and she was sent on a diversity course.
But now, the truth is impossible to ignore. A damning independent report4, released last week, has confirmed all this and more. It identifies a "deep-rooted problem of Pakistani-heritage perpetrators targeting young white girls." Girls as young as 11 were raped by large numbers of men. Some children "had been doused in petrol and threatened with being set alight, threatened with guns, made to witness brutally violent rapes and threatened they would be next." Some returned to their abusers because they thought that was the only way to keep their families safe. But instead of arresting the perpetrators, police and senior social work managers blamed the victims. One mother of an abused girl, when asked why the authorities did nothing, replied: "They thought they were dirty little slags."
Rotherham is not an isolated case. Alexis Jay, the author of the independent report, says similar abuses have taken place in towns and cities across England. The abusers are not pedophiles, but groups of men who enjoy having sex with young girls, and have no problem with violence. As former home secretary Jack Straw once said, they regard young white girls as "easy meat." (He caught hell5 for saying that.)
Yet even now, few liberal politicians are willing to speak out. One exception is Simon Danczuk, a Labour MP from the Rotherham area. He describes the typical attitude of constituents who ask him to get a family member off the hook for similar abuses. "When I refuse, I frequently receive a tirade of abuse," he wrote6 in The Telegraph. " 'These girls are prostitutes,' one man shouted at me, and warned that I would pay a heavy price for not supporting him."
Andrew Norfolk, the Times journalist whose investigative reports prompted this inquiry and others now under way, has explained why this travesty is so toxic to Britain's liberal elites. "The suggestion that men from a minority ethnic background were committing sex crimes against white children was always going to be the far right's fantasy come true," he wrote. "Innocent white victims, evil dark-skinned abusers. Liberal angst kicked instinctively into top gear."
But no amount of liberal angst will make this story go away. Current Home Secretary Theresa May has acknowledged that "institutionalized political correctness7" has inflicted appalling damage on the innocent. And the broader failures of Muslim integration are now too obvious to ignore. It's not just all the young men who run off to join the caliphate and saw off people's heads. It's the Birmingham school scandal8, where it was discovered that dozens of secular schools had been targeted for Islamization by Muslim radicals. It's the imported culture of violence and misogyny.
As Dan Hodges (a professed liberal) wrote this week9 in The Telegraph: "We can't carry on like this. We just can't."
References
  1. www.theaustralian.com.au/news/world/professionals-who-ignored-me-as-bad-as-my-rapists-says-victim/story-fnb64oi6-1227038299536
  2. www.telegraph.co.uk/news/uknews/crime/11059138/rotherham-in-the-face-of-such-evil-who-is-the-racist-now.html
  3. www.telegraph.co.uk/news/uknews/crime/11069178/rotherham-researcher-sent-on-diversity-course-after-raising-alarm.html
  4. www.theglobeandmail.com/news/world/report-finds-1400-children-exploited-in-uk-town-over-16-year-period/article20207354
  5. www.theguardian.com/world/2011/jan/08/jack-straw-white-girls-easy-meat
  6. www.telegraph.co.uk/news/uknews/crime/11066244/rotherham-is-not-an-isolated-incident.html
  7. www.theguardian.com/uk-news/2014/sep/02/theresa-may-political-correctness-rotherham-abuse
  8. www.telegraph.co.uk/education/10975242/trojan-horse-leaked-report-reveals-aggressive-islamist-agenda-in-birmingham-schools.html
  9. blogs.telegraph.co.uk/news/danhodges/100284741/britains-muslims-are-failing-to-integrate-we-need-to-find-out-why
--
http://www.burmaburo.blogspot.com
ကူလီကူမာ ပုန်းလျှိုးကွယ်လျှိုး OIC
Sep 5
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ရှိတ်ဟာမစ်အာလ်ဘာ နှင့်အဖွဲ့ စစ်တွေ လူမှုအဖွဲအစည်းဝင်တို့နှင့်
၃. ၉. ၂၀၁၄ နေ့ နေ့လည် ၂း၃၀ နာရီတွင် ECC ခန်းမ၌ တွေ့ဆုံ ။ တွေ့ဆုံပွဲရောက်မှ မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ်မှန်းသိရ ။
ဗိုလ်မှူးကြီး ထိန်လင်း ( နယ် / လုံ ၀န်ကြီး )
---------------------
ECC မူဝါဒများကို ရှင်းပြ။
ပဋိပက္ခလွန်ကာလတွင် ဒေသခံရခိုင်တိုင်းရင်းသားများသည် UN , INGO နှင့် OIC အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ရပ်အပေါ် သံသယစိတ်များ ၊ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာရ။
ဦးလှသိန်း ( ပြည်နယ်ဥပဒေချုပ် )
-----------------------
လက်ရှိ ဖြစ်ပျက်နေမှု နှင့် အစိုးရ၏ စီမံဆောင်ရွက်နေမှုများကို နိုင်ငံတကာသတင်းဌာနများမှ ထုတ်ပြန်မှုများသည် Negative သဘောဆောင်ပြီး ၊ ဖြစ်ရပ်မှန်များနှင့် များစွာကွဲလွဲမှု ရှိသည် ။
OIC
----
သတပ်းမှားများကို မယုံကြည်၍ လူကိုယ်တိုင် လာရောက် လေ့လာကြည့်ရှုခြင်းဖြစ်သည် ။ OIC အပေါ် Negative View ရှိကြသည်ကိုလည်း နားလည်ပါသည် ။ OIC အနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုမရှိ ၊ စွက်ဖက်၍လည်းမရ ။ မြန်မာနိုင်ငံထဲတွင် မည်သည့်နေရာတွင်မျှ OIC ရုံးခွဲ ဖွင့်လှစ်ထားခြင်းမရှိ ။
ဦးသာပွင့် ( စစ်တွေ မြို့မိ မြို့ဖ )
-------------
မြန်မာနိုင်ငံတွင် ဖြစ်ပျက်ဆုံးရှုံးခဲ့သည့် ဂီရိ ၊ နာဂစ် အစရှိသည့် ဆိုးဝါးသော သဘာဝဘေးအန္တရာယ်များနှင့်ဆုံတွေ့ခဲ့စဉ်က OIC အနေဖြင့် မည်ကဲ့သို့မျှ စိတ်ဝင်စားအကူအညီပေးမှုများ မတွေ့ခဲ့ရ ။ မူဆလင်တွေနဲ့ ပဋိပက္ခဖြစ်ပြီးမှ စိတ်ဝင်တစား အကူအညီပေးရန် ရောက်ရှိလာမှုကိုထောက်ရှု၍ OIC သည် ဘာသာရေးကို အခြေမခံပါဟု ငြင်း၍မရနိုင်။
မြန်မာမူဆလင်အဖွဲ့ချုပ်မှ ဦးဝဏ္ဏရွှေ တို့ကတောင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီမော်လ၀ီများသည်
ပါကစ္စတန်မှ လေ့ကျင့်မွေးထုတ်ပေးထားသော သဘောထားတင်းမာသည့် အစွန်းရောက်သူမျာဖြစ်ကြောင်း
ပြောထားချက်များရှိသည် ။ ယခုလို OIC ရောက်ရှိလာမှုသည် တည်ငြိမ်စပြုနေသည့် ရခိုင်ပြည်နယ်ကို အခြေအနေ ပြန်လည်ရှုတ်ထွေးလာနိုင်သလို တစ်ဘက်မှ မူစလင်ဘာသာဝင် ဘင်္ဂလီများကို မျှော်လင့်ချက်ပေး အားသစ်လောင်းသလို ဖြစ်ပေါ်စေသည် ။
ဦးသန်းထွန်း ( စစ်တွေ မြို့မိ မြို့ဖ )
------------
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းဆို၍သာ လာရောက်တွေ့ဆုံခြင်းဖြစ် ။ မြန်မာနိုင်ငံဆိုင်ရာ OIC ကိုယ်စားလှယ်မှန်းသာ သိခဲ့လျင် မိမိတို့ ရခိုင်လူမှုအဖွဲ့အစည်းက လာရောက်တွေ့ဆုံလိမ့်မည်မဟုတ် ။
ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာဆက်ဆံရေးအရ OIC အဖွဲ့ကို ၀င်ရောက်ခွင့် တွေ့ဆုံခွင့်ပေးသော်လည်း မြန်မာပြည်သူလူထု တစ်ခုလုံးနီးပါးက ယခုလို အစ္စလမ်ဘာသာဝင်များနှင့် ထိပ်တိုက်တွေ့နေကြချိန်တွင် OIC ကို အလိုမရှိကြ ။ OIC အနေဖြင့် Two communities လူမှုအဖွဲ့အစည်း နှစ်ခုဟု မြင်သော်လည်း ၊ မိမိတို့ ရခိုင်ဘက်ကမူThree communities သုံးခုဟုမြင်သည် ။ ရခိုင်ဗုဒ္ဓဘာသာဝင်များ ၊ နိုင်ငံသား/ပြု ဖြစ်လာနိုင်ဖွယ်ရှိဘင်္ဂလီများ နှင့်
Illigal immigrants(or)settelers တရားမ၀င် ကျူးကျော်ခိုးဝင်နေထိုင်သူဘင်္ဂလီများ ဟူ၍ဖြစ်သည် ။
နိုင်ငံသား/ပြု များ နှင့် ရားမ၀င်ကျူးကျော်ခိုးဝင်သူများ ကွဲပြားအောင် စီစစ်နေသည့် ယခုလိုအချိန်မျိုးတွင်OIC လာရောက်ခြင်းသည် ကောင်းသောလက္ခဏာမဟုတ်၍ လက်ခံနိုင်ဖွယ်မရှိပါ ။
ရခိုင်လူမှုအဖွဲ့အစည်း နှင့် အမျိုးသမီးကွန်ယက်မှ ကိုယ်စားလှယ်များလည်း တက်ရောက် ဆွေးနွေးပြောဆိုမှုများ ရှိကြသည် ။
( Than Tun Than )
OIC ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်သို့ တိတ်တဆိတ် ၀င်ရောက်လည်ပတ်သွား
(နိရဉ္စရာ- ၅ စက်တင်ဘာ ၂၀၁၄)
Burma-oic-protest-nov2013
အိုအိုင်စီကို ယခုလိုကန့်ကွက်မူများရှိခဲ့သဖြင့် တိတ်တိတ်ကလေး စစ်တွေသို့ ၀င်လာခဲ့သည်။ (Photo-RFA)
မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဟောင်း Tan Sri Syed Hamid Albar ဦးဆောင်သော အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( OIC) ၏ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တိတ်တဆိတ် ၀င်ရောက်လည်ပတ်သွားခဲ့ကြောင်း သတင်းရရှိသည်။
၎င်းအဖွဲ့တွင် အဖွဲ့ဝင် (၆)  ဦးခန့်ပါဝင်ပြီး စစ်တွေမြို့သို့စက်တင်ဘာလ ၃ ရက်နေ့က ရောက်ရှိလာပြီး ၄ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။
သူတို့၏ စစ်တွေ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ရခိုင်နှင့် မူဆလင် နှစ်ဘက်အသိုင်းအ၀ိုင်းမှ ကိုယ်စားလှယ်များကို ယင်းOIC ကိုယ်စားလှယ် အဖွဲ့က တွေ့ဆုံခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
" သူတို့က အိုအိုင်စီကိုယ်စားလှယ်အဖွဲ့လို့လည်း မပြောဘူး။ သူတို့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကို စနည်းနာတဲ့ အနေအထားမျိုးနဲ့ လာကြည့်တဲ့သဘောပါ။ အဲဒီမှာ စစ်တွေက မြို့မိမြို့ဖတွေ၊ မူဆလင် ခေါင်းဆောင်တွေ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့လည်း တွေ့ဆုံသွားခဲ့ပါတယ်" ဟု သူတို့နှင့် အတူ ခရီးစဉ်ကို လိုက်ပါ ကူညီပေးခဲ့သူ ဥပဒေချုပ် ဦးလှသိန်းက ဆိုသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲအား စစ်တွေမြို့ရှိ ၀န်ကြီးချုပ်ရုံးခန်းတွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေ (၆) နာရီခန်.တွင် ပြုလုပ်ခဲ့ပြီး OIC ကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း လူသားချင်းဆိုင်ရာ အကူအညီများကို ပေးအပ်ရန် ကမ်းလှမ်းခဲ့သည် ဆိုသည်။
" သူတို့က လူသားချင်းဆိုင်ရာ အကူအညီတွေ ပေးမယ်ဆိုပြီင်္းတော့ ကမ်းလှမ်းပါတယ်။ ၀န်ကြီးချုပ်ကတော့ ကျေးဇူးတင်တဲ့ အကြောင်းတွေကို ပြောတယ်။ ဒါ့ပြင် အခုအချိန်ဟာ အခြေအနေတွေ မတည်ငြိမ်သေးတဲ့ အတွက် အိုအိုင်စီက အကူအညီကြောင့် နောက်ထပ် ပြသနာတွေ ထပ်ဖြစ်မှာကို စိုးရိမ်ရတယ်။ အခု အစိုးရက နိုင်ငံသား စိစစ်ရေးကို လုပ်နေတယ်။ အဲသလို လုပ်ပြီးတဲ့အခါ နေရာချထားပေးမူတွေကို စီစဉ်ပေးမယ်။ အဲဒီအခါ အကူအညီတွေ လိုကောင်းလိုမယ်။  အဲဒီအချိန်ရောက်မှ အကူအညီတွေကို စဉ်းစားမယ်လို့ ပြောဆိုလိုက်ပါတယ်" ဟု ဆိုသည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပျက်ခဲ့သော အခြေအနေအရပ်ရပ်နှင့် လက်ရှိ ဖြစ်ပေါ်တိုးတက်မူများကို ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။
ယင်းဆွေးနွေးပွဲတွင် အိုအိုင်စီ ရုံးဖွင့်မည့် ကိစ္စအပေါ် တစ်စုံတစ်ရာ ဖွင့်ဟ ပြောဆိုခဲ့ခြင်း မရှိကြောင်း ဦးလှသိန်းက ပြောသည်။
ယင်းOIC ကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့မိမြို့ဖများနှင့်လည်း ယင်းနေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့ပြီး အကူအညီပေးရန် ကမ်းလှမ်းမူများ ရှိခဲ့သည်ဟု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သော စစ်တွေမြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ဆိုသည်။
" သူတို့က ကျွန်တော်တို့ကို ဖိတ်တာက မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်အဖွဲ့ တစ်ဖွဲ့က တွေ့ချင်တယ်ဆိုပြီး ဖိတ်ပါတယ်။ ကျွန်တော်တို့က အိုအိုင်စီအဖွဲ့မှန်း မသိဘူး။ သိရင် ဆွေးနွေးပွဲကို မတတ်မှာကို စိုးရိမ်လို့ ခုလို လိမ်ပြီးဖိတ်တာပေါ့။ အစည်းအဝေးမှာ သူတို့လိုချင်နေတဲ့ အတိုင်း လူသားချင်း စာနာတဲ့ အကူအညီတွေကို ပေးမှာပေါ့။ ဘက်မလိုက်ဘဲ နှစ်ဘက်စလုံးကို ပေးမှာပေါ့။အိုအိုင်စီက ဘာသာရေးအဖွဲ့မဟုတ်ကြောင်း၊ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်မှာ မဟုတ်ကြောင်း ဒါတွေကို ပြောကြားတာပေါ့" ဟု ဆိုသည်။
ဦင်္းသာပွင့်မှ သူတုန့်ပြန်ပြောကြားခဲ့မူကို ယခုလို ဆက်ပြောဆိုသည်။
" ကျွန်တော်ကတော့ ရခိုင်ပြည်နယ် ၂၁၀၂ အရေးအခင်းမတိုင်မှီ ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့တယ်။ ဒီင်္မတိုင်ခင်မှာလည်း အမျိုးမျိုးကပ်ဆိုးတွေကျရောက်ခဲ့တယ်။ ဒီတုန်းကတော့ ခင်ဗျားတို့က ဘာမှ အကူအညီပေးဖို့ ရောက်လာခဲ့တာ မရှိခဲ့ဘူး။ အခု ၂၀၁၂ ကျမှ ဘင်္ဂလီတွေ ငိုပြတော့ ခင်ဗျားတို့က ကူညီဖို့ ရောက်လာခဲ့တယ်။ ဘယ်လောက်ဘဲ မင်းတို့က ဘက်မလိုက်ဘဲ သမာသမတ်ကျပါတယ်လို့ဆိုဆို ဒီအချက်ကို ကြည့်ကတည်းက သမာသမတ် မဖြစ်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဒါ့ပြင် လူသားချင်းစာနာတဲ့ အကူအညီပေးမယ်ဆိုရင်လည်း အစိုးရက တဆင့်သာပေး။ ခင်ဗျားတို့ကိုယ်တိုင် ပေးတာတို့ လက်မခံနိုင်ဘူးလို့ ပြောလိုက်တယ်" ဟု ဆိုသည်။
လူသားချင်း အကူအညီကို အစိုးရမှ တဆင့် ပေးကမ်းရန် ပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း ဖွံ့ဖြိုးရေး အကူအညီကို လက်ခံမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဖွံ့ဖြိုးရေး အကူအညီ နောက်ကွယ်တွင် လူမျိုးရေး၊ နိုင်ငံရေး စသည့် အကြောင်းအရာများ နောက်ကွယ်တွင် ကပ်ပါလာတတ်၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးသာပွင့်က ဆိုသည်။
OIC ကိုယ်စားလှယ်အဖွဲ့သည် နောက်ပိုင်းတွင် စစ်တွေမြို့တွင် တည်ရှိသော ရခိုင်နှင့် မူဆလင် ဒုက္ခသည် စခန်းများသို့ သွားရောက်လည်ပတ် ကြည့်ရှု့ခဲ့ပြီး  တွေ့ရှိချက်များကို အိုအိုင်စီအဖွဲ့သို့ အစီရင်ခံ တင်ပြ သွားမည်ဟု သိရသည်။
--
http://www.burmaburo.blogspot.com
ကလေးသတို့သမီးများနှင့် သူမတို့၏ ကယ်တင်ရှင်
Sep 3, 2014
"အိမ်ထောင်ကျတော့ ကျွန်မဖြင့် ကြောက်လိုက်တာရှင် ကျွန်မမိသားစုနဲ့ ညီအစ်ကို မောင်နှမတွေဆီကနေ ခွဲမသွားချင်ဘူး" ဟု အသက်ဆယ်နှစ်အရွယ် နူဂျွတ်အလီက ပြောပြသည်။
ထိုအရွယ်ဆိုလျှင် အခြားနိုင်ငံများတွင် အရုပ်မလေးများဖြင့် ကစားဆဲ ဖြစ်သော်လည်း နူဂျွတ်ကတော့ သူမအသက်ထက် သုံးဆကြီးသူနှင့် အိမ်ထောင်ပြုရလေသည်။
ယီမင်လိုမျိုး ရှေးရိုးစွဲ မွတ်ဆလင်များစွာ ရှိနေသည့် နိုင်ငံတွင် အထက်ဖော်ပြပါ ဆယ်နှစ်သမီးလေးလိုမျိုး ဖြစ်ရပ်မျိုးက ဆန်းလှသည့် ကိစ္စတော့ မဟုတ်ပေ။
ယီမင် အမျိုးသမီးရှေ့နေ ရှာဒါနက်စ်ဆာက ဒီလိုကလေးသူငယ် မိန်းကလေးများကို အရွယ်မတိုင်ခင် အိမ်ထောင်ချသည့် ကိစ္စအား ကာလရှည် ဆန့်ကျင်နေခဲ့သူ ဖြစ်သည်။ ၂၀၀၈ နှစ်လည်လောက်တွင် တစ်ခုခု လုပ်ပေးဖို့ အခွင့်အရေး ရခဲ့သည်။ တရားရုံးမှာ နေ့စဉ်အလုပ်များ လုပ်နေရင်း ကလေးမလေး တစ်ယောက်က တွေ့ခွင့်တောင်းနေသည်ဟု လာပြောသည်။ နူဂျွတ်ဆိုသည့် ထိုစဉ်က ၁၀ နှစ်သမီးလေး ဖြစ်နေသည်။ ထိုကောင်မလေးက သူမစိတ်ဆင်းရဲ နေရကြောင်း ခင်ပွန်းနှင့် ကွာရှင်းလိုကြောင်း ပြောပါသည်။
အသက် ၁၀ နှစ်အရွယ် မိန်းကလေးမှာ နေ့စဉ် အသက် ၃၀ အရွယ် ယောက်ျားကြီး၏ ရိုက်နှက်ခြင်း၊ မုဒိမ်းကျင့်ခြင်း ခံနေရသည့် ဇာတ်လမ်းကို နက်စ်ဆာကြားရတော့ တုန်လှုပ်သွားခဲ့သည်။ ကလေးသေးသေးလေးက ကွာရှင်းခွင့် လာတောင်းသည့်ကိစ္စက အရင်က မဖြစ်ဖူး၊ မကြားဖူးပေ။ သို့သော် ရှေ့နေမ နက်စ်ဆာသည် တုံ့ဆိုင်းခြင်း ကင်းစွာဖြင့် အမှု တည်ဆောက်ပါတော့သည်။
"သူမနဲ့ စကားပြောနေတဲ့ အချိန်မှာ သူ့ကို ကျွန်မသမီးလေးလို့ မြင်လာမိတယ်။ ဖက်ထားလိုက်တယ်။ ပြီးတော့ ပြောလိုက်တယ်။ မကြောက်နဲ့ သမီးလေး။ မင်းကို အန်တီကူညီမယ်။ ကွာရှင်းခွင့် ရစေရမယ်" ဟုလည်း အခိုင်အမာ ပြောလိုက်ပါသည်။
ထိုအချိန်မှစပြီး ကလေးသူငယ် သတို့သမီးလေးများကို ကယ်တင်သည့် လုပ်ရပ်ကို တစိုက်မတ်မတ် စေတနာ့ ဝန်ထမ်း စလုပ်ပါတော့သည်။ ယီမင်တွင် မိန်းကလေးများ တရားဝင် လက်ထပ်နိုင်သည့် အသက်ကို မြှင့်တင်ဖို့ ဥပဒေ ပြဋ္ဌာန်းနိုင်ရေးကိုလည်း ကြိုးစားရသည်။
တက်ကြွလှုပ်ရှားသူ တစ်ဖြစ်လဲ ဥပဒေပညာရှင် နက်စ်ဆာသည် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးကို အမြဲတစေ ရှေ့တန်းတင် ကြိုးစား လှုပ်ရှားပေးတော့သည်။ နက်စ်ဆာကို ယီမင်တောင်ပိုင်းတွင် မွေးဖွားခဲ့ကာ မိသားစုက ကြွယ်ပိုးကြွယ်ဝရှိသည်။ (ထိုစဉ်က) ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပရက်ဂ်မြို့မှ ဥပဒေဘွဲ့ကို ၁၉၉၀ တွင် ရရှိခဲ့သည်။ သူမ အဖေကလည်း သတင်းစာဆရာ တစ်ဦးဖြစ်ကာ သမဂ္ဂဖွဲ့စည်း စည်းရုံးသူ တစ်ဦးလည်း ဖြစ်သည်။ မဖြစ်သင့်သော လူမှုရေး မမျှတမှုများကို ငုံ့မခံ တွန်းလှန်တတ်သော ဉာဉ်က ဖခင်ထံမှ အမွေရထားသည်ဟု ပြောရမည်ပင်။
ယီမင်တွင် ပထမဆုံး အမျိုးသမီး ရှေ့နေများထဲမှ တစ်ဦးအဖြစ် အလုပ် လုပ်ကိုင်နေရင်း မဟုတ်မဟတ် နှိပ်စက်ခံနေရသော အမျိုးသမီးပေါင်း မြောက်မြားစွာကို ကာကွယ် ခုခံပေးခဲ့သည်။ "ရှေ့နေတစ်ယောက် အနေနဲ့ လူတွေကို ကူညီနိုင်တယ်လို့ ကျွန်မကတော့ ယုံကြည်တယ်" ဟု နက်စ်ဆာက ဆိုပါသည်။
မိန်းကလေးများကို ငယ်ငယ်လေးဖြင့် အိမ်ထောင် ချပေးသည့်ကိစ္စကို ယီမင်လိုမျိုး ရာစုနှစ်ပေါင်းများစွာ ထုံးတမ်းဓလေ့ ဖြစ်နေသော နိုင်ငံမျိုးတွင် ရပ်တန့်သွားအောင် လှုပ်ရှားရသည်မှာ စိန်ခေါ်မှုက ဒုနဲ့ဒေး ဖြစ်ပါသည်။ စောစောစီးစီး သမီးငယ်လေးတွေကို အိမ်ထောင် ချပေးကြသည်မှာလည်း သူတို့အကြောင်း ရှိသည်။ ပထမတစ်ခုက ဆင်းရဲသောကြောင့် ဖြစ်သည်။ ကြွယ်ပိုးကြွယ်ဝ ရှိသူလက်ထဲ အပ်လိုက်လျှင် သူတို့သမီးလေးများ ကောင်းကောင်းနေ ကောင်းကောင်းစား ရတော့မည်ဟု မျှော်လင့်သောကြောင့် လက်ထပ်ပေးကြသည်။ အပျိုကြီး ဖြစ်နေခြင်းသည် မကောင်းဟု ယူဆကြသူ များကလည်း အပျိုတောင် မဖြစ်သေးခင် မြန်မြန် ပေးစားလိုက်ကြသည်။ နောက်ထပ် စိုးရိမ်မှုတစ်ခုမှာ လက်မထပ်သေးခင် ချစ်သူတွေ့သွားမှာကို ဖြစ်သည်။
ဆန်နာတက္ကသိုလ် အမျိုးသမီးနှင့် ဖွံ့ဖြိုးရေးရာဌာနက တွေ့ရှိချက်အရ ၅၀ ရာခိုင်နူန်းကျော်သော ယီမင် အမျိုးသမီးများမှာ အသက် ၁၈ နှစ် မပြည့်သေးခင် လက်ထပ်ကြရပြီး အများစုမှာ ရှစ်နှစ်နှင့် ၁၀ နှစ်ကြား သတို့သမီးများ ဖြစ်ကြသည်။ ၁၉၉၂ ယီမင်ဥပဒေအရ မိန်းကလေးတစ်ဦး အိမ်ထောင်ပြုမည် ဆိုပါက အသက် ၁၅ နှစ် ရှိရမည်ဖြစ်ကာ မိဘများ သဘောတူပါလျှင် ထို့ထက်ငယ်လည်း ပြုနိုင်သည်။ အလွန်ငယ်သေးသော အိမ်ထောင်ရှင် မိန်းကလေးများကို အဆင်သင့် မဖြစ်သေးသည့် အရွယ်အထိ လိင်ပိုင်းဆိုင်ရာ မထိပါးရ ဥပဒေ ရှိပါသော်ငြား မည်သို့မည်ပုံ ဥပဒေ အသက်ဝင်အောင် စောင့်ကြည့် ကြပေမည်နည်း။
နူဂျွတ်၏ အမှုတွင်လည်း အသက် ၂၀ မပြည့်အချင်း ချစ်တင်းမနှောပါဟု ကတိခံကာ လက်ထပ်ယူဆောင် ထားလိုက်ပြီးနောက် ယခုကဲ့သို့ နှိပ်စက်ရိုက်နှက်ခြင်း၊ မုဒိမ်းကျင့်ခြင်းများ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ယခုမှ ကတိမတည်ပါဘူးဟု အမျိုးသားဘက်ကို မိဘဖြစ်သူများက ဒေါသထွက်နေသည်။
ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစသေနူန်းတွင် ယီမင်က ထိပ်တန်းရောက်နေခြင်းမှာ မိန်းကလေးများ သိပ်ငယ်သေးသည့် အချိန်တွင် အိမ်ထောင် ချပေးခြင်းကလည်း တစ်ကြောင်း ပါဝင်နေသည်ဟု အထူးလေ့လာထားသူများက ပြောကြားကြသည်။
နက်စ်ဆာ၏ ကြိုးစားပမ်းစား ကျားကုတ်ကျားခဲ အမှုလိုက်သောကြောင့် ယင်းအမှု နိုင်သွားပါသည်။ နူဂျွတ်ကလေးလည်း ကလေးတစ်ယောက် အဖြစ်ကို ထိုစဉ်က ပြန်လည် ရရှိသွားခဲ့သည်။ နောက်ထပ် အမြတ်ရသည်မှာ ယင်းအမှုကို မီဒီယာများက အာရုံစိုက်လာနိုင်အောင် ရှေ့နေမနက်စ်ဆာက လုပ်နိုင်ခဲ့သည်။ တစ်ကမ္ဘာလုံးက သတင်းစာတိုင်းတွင် ခေါင်းကြီးသတင်း ဖြစ်ကုန်သည်။
"သမီးက ကြီးလာရင် သတင်းစာဆရာမ လုပ်မှာ။ ယောက်ျား ပြန်မယူတော့ဘူး" ဟု နူဂျွတ်က ပြောပြသည်။ သူမသည် ၁၀ နှစ်ဆိုသည့် အသက်နှင့် မတန်လောက်အောင် အတွေ့အကြုံတွေ လောကဓံ၏ ရိုက်ပုတ်မှုတွေကို ခံခဲ့ရပြီး ဖြစ်ချေပြီ။ "သမီးအမှုကြောင့် လူတွေ စိတ်ဝင်စားလာပြီး မိန်းကလေးတွေ ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုပြီး သမီးလိုအဖြစ်တွေ မဖြစ်ရအောင် လုပ်ခဲ့တာပါ" ဟု သူက ပြောပြသည်။
(သန့်ဇင်စိုး)
ISIS စစ်သွေးကြွတစ်ဦးမှ ၎င်းတို့သိမ်းပိုက်ခံ နယ်မြေတစ်ခုမှ မူဆလင်မဟုတ်သူ ၇ နှစ် အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မလက်ထပ်
Sep 3, 2014
SOCIALIZE IT →
Facebook "Like"-Dummy
အစ္စလာမ်၌ (မူဆလင်မဟုတ်သူ) ကာဖိရ်ဟူသည် လူ့တန်ဖိုး တစ်စိုးတစ်စိမျှ မရှိချေ။ အစ္စလာမ်၌ ကာဖိရ်တစ်ယောက်သည် မူဆလင်တစ်ယောက်၏ အသုံးချခံသာ ဖြစ်သည်။ လိင်ဖြည့်ဆည်းပေးသူသာ ဖြစ်သည်။ ကျွန်တစ်ယောက်သာ ဖြစ်သည်။ အသုံးမလိုလျှင် သတ်ပစ်လိုက်ရန်သာ သဘောထားသည်။ ကာဖိရ်များကို သတ်နိုင်လျှင် သတ်နိုင်သလောက် ဂျန္နသ်၌ ကြီးစွာသော ဆုလာဘ်များ ရရှိကြသည်ဟု မူဆလင်တို့က ယုံကြည်ကြသည်။
ဖော်ပြပါပုံသည် twitter ၌ twitter အသုံးပြုသူ မူဆလင် (@Fadel_alHadidi) ဆိုသူက တင်ထားခြင်းဖြစ်သည်။ ၎င်းက သူသည် ISIS စစ်သွေးကြွတစ်ဦးဖြစ်ပြီး မိုဆူးလ် သို့မဟုတ် ဆီးရီးယားမြို့တစ်ခုခုမှ (ဓာတ်ပုံ၌ နေရပ်ကို မဖော်ပြ) အသက် ၇ နှစ်အရွယ် မူဆလင်မဟုတ်သူ မိန်းကလေးတစ်ဦးအား လက်ထပ်ထားသူဟု ကြွေးကြော်ထားသည်။ မိန်းကလေးမှ ISIS အကြမ်းဖက်အလံကို ခြုံလျက်ရပ်နေပြီး မူဆလင်စစ်သွေးကြွက သူမ၏ ပခုံးများကို ဖက်ထားသည်။ ၎င်းအဓမ္မလက်ထပ်မှုမြင်ကွင်း၌ ရှာရီယာဥပဒေနှင့် ညီညွတ်စေရန်၊ အစ္စလမ္မစ် ထုံးတမ်းဖြစ်စေရန် (ဟာလာလ် ဖြစ်ရန်) ကြောက်ရွံ့တုန်လှုပ်စွာ ငိုရှိုက်လျက်ရှိနေသော မိန်းကလေးအား ကုရ်အာန်စာသားအချို့ကို ရွတ်ခိုင်းထားသည်။
ခင်ဗျား ဒီမိန်းကလေးနေရာက နေကြည့်လိုက်စမ်းပါ! သူမကို မည်သူကာကွယ်နိုင်သလဲ? သူမကို ကာကွယ်ပေးနိုင်သူ မည်သူတစ်ဦးတစ်ယောက်မှ မရှိပါချေ။ ကာကွယ်ဖို့ဆိုသည်မှာ တောက်တီးတောက်တဲ့ စကားသာ ဖြစ်ချေ၏။ ကာတာနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ဆိုလျှင် ထိုသားရဲတိရိစ္ဆာန်ကောင်ကို အစာကျွေးနေ (ISIS အား ထောက်ပံ့နေ) သည်မှာ နှစ်များပင် ကြာလှပြီ။ တူရကီ နှင့် ကူဝိတ်နိုင်ငံများသည်လည်း ခါလီဖိတ်အား ထောက်ပံ့ရေး အသင်းဝင်များပင်။ အနောက်နိုင်ငံတစ်လွှား ဗလီများ၌မူ လှူဒါန်းငွေများ လက်ခံပြီး ထိုမကောင်းဆိုးဝါးသတ္တဝါ (ISIS) ကြီးထွားနယ်ချဲ့နိုင်ရန် ထောက်ပံ့ပေးနေကြသည်။
ISIS ၏ မဟာမိတ်တော်ကြီးများဖြစ်ကြသော အိုဘားမား၊ ဗြိတိန်နှင့် အီးယူနိုင်ငံများသည် အကြမ်းဖက်မှု ပြန့်ပွားရေးအလို့ငှာ ငွေကြေးရန်ပုံငွေများ ထည့်ဝင်နေကြပြီး သူမကဲ့သို့သော ငယ်ရွယ်လွန်းလှသေးသော မိန်းကလေးငယ်များကို လိင်နှင့်ပတ်သက်လျှင် အသက်အကန့်အသတ်မရှိသော၊ ကလေးငယ်များကို လိင်ဆက်ဆံခွင့်ရှိသော အစ္စလာမ်ကမ္ဘာ၏ လိင်ကျွန်များအဖြစ်သို့ တွန်းပို့နေကြကုန်၏။ သင်ထည့်ဝင်လိုက်သော အခွန်ငွေကား မိစ္ဆာအကျိုးအတွက် ဖြစ်နေချေပြီ။
ကမ္ဘာကြီး၌ အကြမ်းဖက်ဝါဒရပ်တန့်စေရန်အတွက် အနောက်ကမ္ဘာမှ မူဆလင်နိုင်ငံများသို့/နှင့် ကုန်သွယ်ခြင်း၊ လက်နက်များ ရောင်းချခြင်း၊ ခရီးသွားခြင်း၊ ဗီဇာခွင့်ပြုချက်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့ကို တားမြစ်ပိတ်ပင်ရမည်။ မိမိနိုင်ငံတွင်းရှိသော မူဆလင်မှန်သမျှ ၎င်းတို့၏ မူရင်းနိုင်ငံသို့ ပြန်ပို့ရမည်။
မျိုးမင်းသန့်
Source-http://themuslimissue.wordpress.com/2014/08/03/isis-militant-announces-his-marriage-to-terrified-7-year-old-in-occupied-city-syria/
ဘင်္ဂါလီများ ပြန်လက်ခံမည့်ကိစ္စ ဘင်္ဂါလားဒေ့ရှ်အစိုးရ ပြောကြားချက်အပေါ် မြန်မာအစိုးရကန့်ကွက်
Sep 3, 2014
SOCIALIZE IT →
Facebook "Like"-Dummy
Byအေးသူစံ
မြန်မာနိုင်ငံက ဘင်္ဂါလီဒုက္ခသည်များ စိစစ်လက်ခံမည့် သတင်းနှင့်ပတ်သက်၍ ဘင်္ဂလား ဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်၏ ပြောကြားချက်မှာ မရိုးမသား လုပ်ဆောင်မှုများ ရှိနေပြီး နိုင်ငံ တကာဆက်ဆံရေးတွင် မလို လားအပ်သည့် နိုင်ငံရေးအမြတ် ထုတ်မှုများမှာ ချစ်ကြည်ရင်းနှီးမှု ကို ပျက်ပြားစေနိုင်ကြောင်း နိုင်ငံ တော်သမ္မတရုံးအကြီးတန်း အရာ ရှိတစ်ဦးက ပြောကြားသည်။
ထို့အပြင် အတွင်းဝန်၏လုပ် ရပ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သတိထောက်လွှာပေး အပ်သင့်၊မသင့်ကိုလည်း သမ္မတ ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ က စတင်စဉ်းစားနေကြောင်း ၎င်း က ပြောကြားသည်။
သြဂုတ် ၃၁ ရက်က ဘင်္ဂ လားဒေ့ရှ်နိုင်ငံတွင် ကျင်းပခဲ့ သည့် မြန်မာ−ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံ ဒုဝန်ကြီးအတွင်းဝန်များ ဆွေးနွေးပွဲ၌ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် သုံးသောင်းကျော် လက်ခံရန် ပြောကြားခဲ့ခြင်း ဖြစ် သည်။ မြန်မာဘက်က ၂၀၀၅ ခု နှစ်ကတည်းက သဘောတူစိစစ်ပြီးသား ၂၄၁၅ ဦးကိုသာ နှစ်လအ တွင်း နှစ်ဖက်စိစစ်ရေးအဖွဲ့များ ဖွဲ့၍ လက်ခံမည်ဟု အကြောင်း ပြန်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် ဘက်ကမူ နှစ်လအတွင်း အား လုံးလက်ခံမည်ဟု သတင်းထုတ် ပြန်ခဲ့ကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောကြားသည်။
''နိုင်ငံချင်းပူးပေါင်းဆောင် ရွက်တဲ့ ကိစ္စတွေမှာ ဒီလိုမျိုး ဟို တစ်မျိုး ဒီတစ်မျိုး မပြောသင့်ပါ ဘူး။ နိုင်ငံတွေပါဝင်တဲ့ ကြေညာချက်တွေမှာ စကားလုံးတစ်လုံး နှစ်လုံးကအစ အထူးသတိထားရပါ တယ်။ နှစ်နိုင်ငံ သဘောတူညီ ထားခြင်း မရှိတဲ့ အချက်တွေကို မီဒီယာတွေကို ထုတ်ဖော်ပြော ကြားတိုင်း မြန်မာနိုင်ငံက သဘော တူ လက်ခံမှာလည်း မဟုတ်ပါ ဘူး''ဟု ၎င်းက ပြောသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်အ တွင်းဝန်က ဒုက္ခသည်များကို ရိုဟင်ဂျာဟု သုံးနှုန်းကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက ဖော် ပြခဲ့ပြီး ယင်းစကားလုံးမှာ နှစ် နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေ သော သံတမန်ရေး ပျက်ပြားစေ သည့် ပြောကြားချက်ဟု ၎င်းက ပြောသည်။
''ဆွေးနွေးပွဲ မတိုင်ခင်က တည်းက ရိုဟင်ဂျာလို့သုံးရင်တော့ ပူး ပေါင်းဆောင်ရွက်ဖို့ အဆင်မပြေဘူးလို့ ကြိုပြောထားခဲ့တာ ပါ။ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ တွေ့တော့လည်း ရိုဟင်ဂျာ ဆို တဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီး မြန်မာတိုင်းရင်းသား စာရင်းမှာ ရော၊ သမိုင်းကြောင်းအရရော ရိုဟင်ဂျာလူမျိုး မရှိဘူးလို့ ပြော ကြားခဲ့တာပါ'' ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုဝန်ကြီးဦးသန့်ကျော်ကပြောကြားသည်။
၁၉၉၀ နောက်ပိုင်းတွင် ခိုး ၀င်ဘင်္ဂါလီများကို မြန်မာနိုင်ငံ သားဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီး ရုံးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဖိအားပေးခဲ့ပြီး မြန်မာဘက်တွင် လည်း တိကျသည့် စာရင်းဇယား မရှိဘဲ မတတ်သာ၍ လက်ခံလိုက် ရသည့်အဖြစ်မျိုး အဖြစ်မခံနိုင် ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဒေါက်တာအေး မောင်က ပြောသည်။
--
http://www.burmaburo.blogspot.com