Saturday 6 September 2014



ကူလီကူမာ ပုန်းလျှိုးကွယ်လျှိုး OIC

Sep 5

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ရှိတ်ဟာမစ်အာလ်ဘာ နှင့်အဖွဲ့ စစ်တွေ လူမှုအဖွဲအစည်းဝင်တို့နှင့်
၃. ၉. ၂၀၁၄ နေ့ နေ့လည် ၂း၃၀ နာရီတွင် ECC ခန်းမ၌ တွေ့ဆုံ ။ တွေ့ဆုံပွဲရောက်မှ မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ်မှန်းသိရ ။

ဗိုလ်မှူးကြီး ထိန်လင်း ( နယ် / လုံ ၀န်ကြီး )
---------------------
ECC မူဝါဒများကို ရှင်းပြ။
ပဋိပက္ခလွန်ကာလတွင် ဒေသခံရခိုင်တိုင်းရင်းသားများသည် UN , INGO နှင့် OIC အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ရပ်အပေါ် သံသယစိတ်များ ၊ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာရ။

ဦးလှသိန်း ( ပြည်နယ်ဥပဒေချုပ် )
-----------------------
လက်ရှိ ဖြစ်ပျက်နေမှု နှင့် အစိုးရ၏ စီမံဆောင်ရွက်နေမှုများကို နိုင်ငံတကာသတင်းဌာနများမှ ထုတ်ပြန်မှုများသည် Negative သဘောဆောင်ပြီး ၊ ဖြစ်ရပ်မှန်များနှင့် များစွာကွဲလွဲမှု ရှိသည် ။

OIC
----
သတပ်းမှားများကို မယုံကြည်၍ လူကိုယ်တိုင် လာရောက် လေ့လာကြည့်ရှုခြင်းဖြစ်သည် ။ OIC အပေါ် Negative View ရှိကြသည်ကိုလည်း နားလည်ပါသည် ။ OIC အနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုမရှိ ၊ စွက်ဖက်၍လည်းမရ ။ မြန်မာနိုင်ငံထဲတွင် မည်သည့်နေရာတွင်မျှ OIC ရုံးခွဲ ဖွင့်လှစ်ထားခြင်းမရှိ ။

ဦးသာပွင့် ( စစ်တွေ မြို့မိ မြို့ဖ )
-------------

မြန်မာနိုင်ငံတွင် ဖြစ်ပျက်ဆုံးရှုံးခဲ့သည့် ဂီရိ ၊ နာဂစ် အစရှိသည့် ဆိုးဝါးသော သဘာဝဘေးအန္တရာယ်များနှင့်ဆုံတွေ့ခဲ့စဉ်က OIC အနေဖြင့် မည်ကဲ့သို့မျှ စိတ်ဝင်စားအကူအညီပေးမှုများ မတွေ့ခဲ့ရ ။ မူဆလင်တွေနဲ့ ပဋိပက္ခဖြစ်ပြီးမှ စိတ်ဝင်တစား အကူအညီပေးရန် ရောက်ရှိလာမှုကိုထောက်ရှု၍ OIC သည် ဘာသာရေးကို အခြေမခံပါဟု ငြင်း၍မရနိုင်။
မြန်မာမူဆလင်အဖွဲ့ချုပ်မှ ဦးဝဏ္ဏရွှေ တို့ကတောင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီမော်လ၀ီများသည်
ပါကစ္စတန်မှ လေ့ကျင့်မွေးထုတ်ပေးထားသော သဘောထားတင်းမာသည့် အစွန်းရောက်သူမျာဖြစ်ကြောင်း
ပြောထားချက်များရှိသည် ။ ယခုလို OIC ရောက်ရှိလာမှုသည် တည်ငြိမ်စပြုနေသည့် ရခိုင်ပြည်နယ်ကို အခြေအနေ ပြန်လည်ရှုတ်ထွေးလာနိုင်သလို တစ်ဘက်မှ မူစလင်ဘာသာဝင် ဘင်္ဂလီများကို မျှော်လင့်ချက်ပေး အားသစ်လောင်းသလို ဖြစ်ပေါ်စေသည် ။

ဦးသန်းထွန်း ( စစ်တွေ မြို့မိ မြို့ဖ )
------------
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းဆို၍သာ လာရောက်တွေ့ဆုံခြင်းဖြစ် ။ မြန်မာနိုင်ငံဆိုင်ရာ OIC ကိုယ်စားလှယ်မှန်းသာ သိခဲ့လျင် မိမိတို့ ရခိုင်လူမှုအဖွဲ့အစည်းက လာရောက်တွေ့ဆုံလိမ့်မည်မဟုတ် ။
ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာဆက်ဆံရေးအရ OIC အဖွဲ့ကို ၀င်ရောက်ခွင့် တွေ့ဆုံခွင့်ပေးသော်လည်း မြန်မာပြည်သူလူထု တစ်ခုလုံးနီးပါးက ယခုလို အစ္စလမ်ဘာသာဝင်များနှင့် ထိပ်တိုက်တွေ့နေကြချိန်တွင် OIC ကို အလိုမရှိကြ ။ OIC အနေဖြင့် Two communities လူမှုအဖွဲ့အစည်း နှစ်ခုဟု မြင်သော်လည်း ၊ မိမိတို့ ရခိုင်ဘက်ကမူThree communities သုံးခုဟုမြင်သည် ။ ရခိုင်ဗုဒ္ဓဘာသာဝင်များ ၊ နိုင်ငံသား/ပြု ဖြစ်လာနိုင်ဖွယ်ရှိဘင်္ဂလီများ နှင့်
Illigal immigrants(or)settelers တရားမ၀င် ကျူးကျော်ခိုးဝင်နေထိုင်သူဘင်္ဂလီများ ဟူ၍ဖြစ်သည် ။
နိုင်ငံသား/ပြု များ နှင့် ရားမ၀င်ကျူးကျော်ခိုးဝင်သူများ ကွဲပြားအောင် စီစစ်နေသည့် ယခုလိုအချိန်မျိုးတွင်OIC လာရောက်ခြင်းသည် ကောင်းသောလက္ခဏာမဟုတ်၍ လက်ခံနိုင်ဖွယ်မရှိပါ ။

ရခိုင်လူမှုအဖွဲ့အစည်း နှင့် အမျိုးသမီးကွန်ယက်မှ ကိုယ်စားလှယ်များလည်း တက်ရောက် ဆွေးနွေးပြောဆိုမှုများ ရှိကြသည် ။

( Than Tun Than )

OIC ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်သို့ တိတ်တဆိတ် ၀င်ရောက်လည်ပတ်သွား

(နိရဉ္စရာ- ၅ စက်တင်ဘာ ၂၀၁၄)
Burma-oic-protest-nov2013
အိုအိုင်စီကို ယခုလိုကန့်ကွက်မူများရှိခဲ့သဖြင့် တိတ်တိတ်ကလေး စစ်တွေသို့ ၀င်လာခဲ့သည်။ (Photo-RFA)
မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဟောင်း Tan Sri Syed Hamid Albar ဦးဆောင်သော အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( OIC) ၏ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တိတ်တဆိတ် ၀င်ရောက်လည်ပတ်သွားခဲ့ကြောင်း သတင်းရရှိသည်။
၎င်းအဖွဲ့တွင် အဖွဲ့ဝင် (၆)  ဦးခန့်ပါဝင်ပြီး စစ်တွေမြို့သို့စက်တင်ဘာလ ၃ ရက်နေ့က ရောက်ရှိလာပြီး ၄ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။
သူတို့၏ စစ်တွေ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ရခိုင်နှင့် မူဆလင် နှစ်ဘက်အသိုင်းအ၀ိုင်းမှ ကိုယ်စားလှယ်များကို ယင်းOIC ကိုယ်စားလှယ် အဖွဲ့က တွေ့ဆုံခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
" သူတို့က အိုအိုင်စီကိုယ်စားလှယ်အဖွဲ့လို့လည်း မပြောဘူး။ သူတို့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကို စနည်းနာတဲ့ အနေအထားမျိုးနဲ့ လာကြည့်တဲ့သဘောပါ။ အဲဒီမှာ စစ်တွေက မြို့မိမြို့ဖတွေ၊ မူဆလင် ခေါင်းဆောင်တွေ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့လည်း တွေ့ဆုံသွားခဲ့ပါတယ်" ဟု သူတို့နှင့် အတူ ခရီးစဉ်ကို လိုက်ပါ ကူညီပေးခဲ့သူ ဥပဒေချုပ် ဦးလှသိန်းက ဆိုသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲအား စစ်တွေမြို့ရှိ ၀န်ကြီးချုပ်ရုံးခန်းတွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေ (၆) နာရီခန်.တွင် ပြုလုပ်ခဲ့ပြီး OIC ကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း လူသားချင်းဆိုင်ရာ အကူအညီများကို ပေးအပ်ရန် ကမ်းလှမ်းခဲ့သည် ဆိုသည်။
" သူတို့က လူသားချင်းဆိုင်ရာ အကူအညီတွေ ပေးမယ်ဆိုပြီင်္းတော့ ကမ်းလှမ်းပါတယ်။ ၀န်ကြီးချုပ်ကတော့ ကျေးဇူးတင်တဲ့ အကြောင်းတွေကို ပြောတယ်။ ဒါ့ပြင် အခုအချိန်ဟာ အခြေအနေတွေ မတည်ငြိမ်သေးတဲ့ အတွက် အိုအိုင်စီက အကူအညီကြောင့် နောက်ထပ် ပြသနာတွေ ထပ်ဖြစ်မှာကို စိုးရိမ်ရတယ်။ အခု အစိုးရက နိုင်ငံသား စိစစ်ရေးကို လုပ်နေတယ်။ အဲသလို လုပ်ပြီးတဲ့အခါ နေရာချထားပေးမူတွေကို စီစဉ်ပေးမယ်။ အဲဒီအခါ အကူအညီတွေ လိုကောင်းလိုမယ်။  အဲဒီအချိန်ရောက်မှ အကူအညီတွေကို စဉ်းစားမယ်လို့ ပြောဆိုလိုက်ပါတယ်" ဟု ဆိုသည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပျက်ခဲ့သော အခြေအနေအရပ်ရပ်နှင့် လက်ရှိ ဖြစ်ပေါ်တိုးတက်မူများကို ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။
ယင်းဆွေးနွေးပွဲတွင် အိုအိုင်စီ ရုံးဖွင့်မည့် ကိစ္စအပေါ် တစ်စုံတစ်ရာ ဖွင့်ဟ ပြောဆိုခဲ့ခြင်း မရှိကြောင်း ဦးလှသိန်းက ပြောသည်။
ယင်းOIC ကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့မိမြို့ဖများနှင့်လည်း ယင်းနေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့ပြီး အကူအညီပေးရန် ကမ်းလှမ်းမူများ ရှိခဲ့သည်ဟု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သော စစ်တွေမြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ဆိုသည်။
" သူတို့က ကျွန်တော်တို့ကို ဖိတ်တာက မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်အဖွဲ့ တစ်ဖွဲ့က တွေ့ချင်တယ်ဆိုပြီး ဖိတ်ပါတယ်။ ကျွန်တော်တို့က အိုအိုင်စီအဖွဲ့မှန်း မသိဘူး။ သိရင် ဆွေးနွေးပွဲကို မတတ်မှာကို စိုးရိမ်လို့ ခုလို လိမ်ပြီးဖိတ်တာပေါ့။ အစည်းအဝေးမှာ သူတို့လိုချင်နေတဲ့ အတိုင်း လူသားချင်း စာနာတဲ့ အကူအညီတွေကို ပေးမှာပေါ့။ ဘက်မလိုက်ဘဲ နှစ်ဘက်စလုံးကို ပေးမှာပေါ့။အိုအိုင်စီက ဘာသာရေးအဖွဲ့မဟုတ်ကြောင်း၊ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်မှာ မဟုတ်ကြောင်း ဒါတွေကို ပြောကြားတာပေါ့" ဟု ဆိုသည်။
ဦင်္းသာပွင့်မှ သူတုန့်ပြန်ပြောကြားခဲ့မူကို ယခုလို ဆက်ပြောဆိုသည်။
" ကျွန်တော်ကတော့ ရခိုင်ပြည်နယ် ၂၁၀၂ အရေးအခင်းမတိုင်မှီ ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့တယ်။ ဒီင်္မတိုင်ခင်မှာလည်း အမျိုးမျိုးကပ်ဆိုးတွေကျရောက်ခဲ့တယ်။ ဒီတုန်းကတော့ ခင်ဗျားတို့က ဘာမှ အကူအညီပေးဖို့ ရောက်လာခဲ့တာ မရှိခဲ့ဘူး။ အခု ၂၀၁၂ ကျမှ ဘင်္ဂလီတွေ ငိုပြတော့ ခင်ဗျားတို့က ကူညီဖို့ ရောက်လာခဲ့တယ်။ ဘယ်လောက်ဘဲ မင်းတို့က ဘက်မလိုက်ဘဲ သမာသမတ်ကျပါတယ်လို့ဆိုဆို ဒီအချက်ကို ကြည့်ကတည်းက သမာသမတ် မဖြစ်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဒါ့ပြင် လူသားချင်းစာနာတဲ့ အကူအညီပေးမယ်ဆိုရင်လည်း အစိုးရက တဆင့်သာပေး။ ခင်ဗျားတို့ကိုယ်တိုင် ပေးတာတို့ လက်မခံနိုင်ဘူးလို့ ပြောလိုက်တယ်" ဟု ဆိုသည်။
လူသားချင်း အကူအညီကို အစိုးရမှ တဆင့် ပေးကမ်းရန် ပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း ဖွံ့ဖြိုးရေး အကူအညီကို လက်ခံမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဖွံ့ဖြိုးရေး အကူအညီ နောက်ကွယ်တွင် လူမျိုးရေး၊ နိုင်ငံရေး စသည့် အကြောင်းအရာများ နောက်ကွယ်တွင် ကပ်ပါလာတတ်၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးသာပွင့်က ဆိုသည်။
OIC ကိုယ်စားလှယ်အဖွဲ့သည် နောက်ပိုင်းတွင် စစ်တွေမြို့တွင် တည်ရှိသော ရခိုင်နှင့် မူဆလင် ဒုက္ခသည် စခန်းများသို့ သွားရောက်လည်ပတ် ကြည့်ရှု့ခဲ့ပြီး  တွေ့ရှိချက်များကို အိုအိုင်စီအဖွဲ့သို့ အစီရင်ခံ တင်ပြ သွားမည်ဟု သိရသည်။




--
http://www.burmaburo.blogspot.com

No comments:

Post a Comment