Tuesday 10 April 2012
    Posted: 10 Apr 2012 12:12 AM PDT
    Credit--- the voice weekly
    Posted: 09 Apr 2012 04:51 PM PDT
    ၂၀၁၂ သင်္ကြန် အခါ..တို့ ပြည်မြန်မာ ..(ဘာတွေထူးသတုံး)
    ဖုန်းလိုင်းတွေက မကြည်လင်……(၂သိန်းတန်တောင် ရောင်းချင်သေးသတဲ့ )
    တို့ ပြည်သူများတောင်းဆိုတာ…(၅၀၀၀တန် ဖုန်းပါ ..လူအများသုံးဖို့ )
    ၅၀၀၀တန် ဖုန်း အသာနေ…..(ထမင်းရေ တောင် နပ်မမှန်...ကြ)
    ထမင်းရည်လေးတော့… လျှော့ သောက်ပါ…(ပြည်သူတွေရယ်..ခြိုးခြံမှပေါ့ )
    အသက်ကလေး.. နဲနဲ လျှော့ ရှူ ပါ….(ပြည်သူတွေ ရယ်…ခြိုးခြံမှပေါ့ )
    ပေါတာကြီးတို့  ချမ်းသာအောင်….(ပြည်သူတွေရယ်..ခြိုးခြံမှပေါ့ )
    မီးခွန် ရေခွန်..တိုးလို့ ဆောင်….(ပြည်ပကြွေးတွေ ကြေအောင် တဲ့ လား)
    ဟေ့ ..စိန်လား…ဟေ့ ..ရွှေလား..(စာဖတ်နေတယ်..နော်)
    ဟေ..လား စိန် တို့ ဝါး…။
    ပြည်ပ ကြွေးတွေ တောင်လိုပုံ.. (.ဆပ်လို့ မကုန်..ဘယ်သူတွေ သုံးသလဲ)၂
    ဆပ်မကုန်တဲ့  အကြွေးတွေ….(နေပြည်တော်မှာတော့ ..တထီးတနန်း)
    နေပြည်တော်ကြီး ရွှေပြောင်ပြောင်…..(တို့ ပြည်သူတွေ ၀မ်းခေါင်ခေါင် ပေါ့ )
    အခွန်ရှောင်တဲ့  သူဌေးတွေ သာ.. ..(ပိုက်ဆံတွေဟာ…ထားစရာရှိဘူး)
    ထားစရာမရှိတဲ့ အတူတူ…သူများလယ်မြေ….( မတရားယူကြ)
    လယ်သမားလယ်မြေ..….(မတရားသိမ်းကြ)
    လယ်သမားတွေ…မြေမဲ့ ရင်….(တို့ တတွေ မှာ…ဘာပင်စားမလဲ)။
    သိကြားမင်းကြီး တငိုင်ငိုင် ….(ခွေးသားရေ မလောက်လို့ မှိုင်..)
    မသူတော်တွေက..တလွှားလွှား….(ခေါင်းပေါင်းတကားကား)
    ဟေ့..လား..စိန်..တို့ .. ၀ါး…။ဟေ့ လား…ရွှေ တို့ ဝါး..။
    မိုး…မိုး..မိုး..လားမောင်တို့ ..(သူခိုး..သူခိုး..သူခိုးများ ..ရှောင်ဗျို့ )
    တိုင်းပြည် ဘဏ္ဍာ မခိုးကောင်းပါ..(သန့် ရှင်းကောင်းမွန်…ဘာညာ ..ဆိုလား)
    လေ..လေ..လေ..လားမောင်တို့ ..(အသေ..အသေ..အသေချာ နားထောင်ဗျို့ )
    သမတကြီး က…. စကားကြွယ်…(နားထောင် ရတာ..တကယ်ကောင်းသဗျိုး)
    အောက်ခြေ အဆင့် ဆင့်  ၀န်ထမ်းတွေ..(သမတကြီး ပြောတာ.. ကြားကြမဟုတ်လား)
    မကြားချင်ယောင် ဆောင်တဲ့ ဝန်ထမ်းတွေ..(နားလေးနေရင်..ဆေးမြန်မြန်ကုကြ)
    ခေတ်ကြီးကတော့ ပြောင်းနေပြီ…(မြောင်းထဲ မရောက်ခင်..သောက်ကျင့် ပြင်ကြ)
    သမတကြီးလဲ..၀န်ထမ်းပါ..(ကိုယ်ပြောတာကို ..ကိုယ်မမေ့ နဲ့ )
    တရားဥပဒေရဲ့ ….. အထက်မှာ …(ငါက လွဲရင် ဘယ်သူမှ မရှိရ)
    တရားဥပဒေ ရဲ့  အထက်မှာ…(.ဖိထားနိုင်တာ..ငွေထုပ်ကြီးလား)
    ပါးတခါရိုက်..ငွေတထောင်…(ဒဏ်ဆောင်လိုက်ရင်..အေးဆေးပဲတဲ့ )
    ခေတ်မမီတော့ တဲ့  ဥပဒေတွေ..(လွှတ်တော်ထဲမှာ ပြင်ကြပါဦး)၂
    လွှတ်တော်ထဲမှာ ငိုက်သူတွေ..(ဒေါင်းတွေ အော်ပြီ…နိုးလော့ ..ထလော့ )
    တမတ်တန်းက အချောင်သမားတွေ (ပြည်သူ့ မဲ..မပါ..ရှက်စရာကြီး)
    ရှက်စရာကြီးလို့  အသိမှန်..(ပြည်သူ့ အသံ..နာခံကြလော့ )။
    ဟေ့…စိန်လား…ဟေ့ …ရွှေလား.. (စာဖတ်နေတယ်..ရှူးးးတိုးတိုး)
    ဟေ့ ..လား ရွှေ တို့ ဝါး…။
    ဓါတ်ငွေ့ သိုက်ကြီး ဖင်ခုထိုင်.. (ဖယောင်းတိုင်လေးမှာ… မှိတ်တုပ်…မှိတ်တုပ်)
    ပြတ်တယ်..လာတယ်..တရားမှတ်ကာ..(တို့ ပြည်သူတွေ..ကျွတ်တမ်းဝင်နိုး)
    မီးခွဲတမ်းကို စောင့် ရတာ..(လေးသင်္ချေ နဲ့  ကမ္ဘာ တသိန်း)
    ဈေးသစ်ဆောက်ဖို့ ..ဂွင်သစ်ရှာ…(ကန်ထရိုက်တာ..မင်းမြှောင် ကပ်ဖါး)
    သူများမျက်ရည်..ချွေးနည်းစာ.. (မညှာ မတာ..သူတို့ ခြေဆေး)
    အသက်ငင်နေတဲ့  မြစ်ချောင်းတွေ…(သူများ တိုင်းပြည် …မီးလင်းဖို့ တဲ့ )
    ပိုလျှံ နေလို့ ..ရောင်းတာပါ…..(ပြောတတ်လိုက်တာ..သူ့ ပါးစပ်ကြီး)၂
    သူ့ ဇနီးနဲ့  သမီးတွေပါ…(စေတနာရှိရင်..အဆစ်ပေးလိုက်)၂
    ဟေ့ ..စိန်လား…ဟေ့ …ရွှေလား..
    (ငါ့ ဘကြီး..စာကျက်နေတယ်..ဘယ်ကောင်တွေလဲ)
    ဟေ့လား..ရွှေတို့ ဝါး..။
    အိမ်နီးနားချင်း..သူခိုးတွေ….(ကမ္ဘာ့ အလည်မှာမှာ…နံမယ် ဆိုးလွန်း)
    သူခိုး..ဓါးပြ နဲ့  ပေါင်းသင်းကာ..(တိုင်းပြည့် ရတနာ…ရောင်းမစားနဲ့ )
    ပြည်သူ့ အသံ…တကယ်နားခံ…..(ဟန်ဆောင်ပန်ဆောင်..ချွေးမသိပ် နဲ့ )
    တိုင်းပြည်ချစ်စိတ် အရင်းခံ……(အမျိုးသား ပြန်လည် သင့် မြတ်ကြစို့ )
    (အမျိုးသမီးတွေကော… မပါဘူးလား…တော့ )
    အမျိုးသမီးထုက ခေါင်းဆောင်လာ…(အမျိုးသားတွေ မှာ… မသက်သာ ဘူးလား)
    အခွင့် အရေး တန်းတူညီ….(တို့ တိုင်း မြန်ပြည်..စည်ပင်ဝပြော)
    တိုင်းရင်းသားတွေ အခွင့် အရေးညီ…..(ပြည်တွင်းစစ်တွေ..ခုချက်ချင်းရပ်)
    ဟေ့ ..စိန်လား….. ဟေ့ ..ရွှေလား..(စာဖတ်နေပါတယ်..ဆို)
    ဟေ့ လား…စိန်ရော ရွှေရော.. …၀ါး…။ ။
    We are Asean
    Posted: 09 Apr 2012 09:01 AM PDT
    အင်းစိန်အကျဉ်းထောင်အတွင်းရှိ သီးသန့် ၊ သာမန်သီးသန့် အကျဉ်းသားတို့၏ တောင်းဆိုချက်မူရင်းစာ
    ယနေ့အချိန်ကာလသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ကြားဖြတ်ရွေးကောက်ပွဲ တစ်ရပ်အား ကျင်းပပြီးစီးခဲ့ပေသည်။ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များသည်လည်း လွှတ်တော်တွင်းသို့ ၀င်ရောက်ပြီး ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ စတင်လျှောက်လှမ်းတော့မည့်အချိန်လည်းဖြစ်ပါသည်။ ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့လျှောက်လှမ်း နေပြီဆိုသော်လည်း လက်တွေ့တွင် နိုင်ငံရေးအကျဉ်းသားများ (လျှော့ရက်ခံစားခွင့်မရှိသော သီးသန့် ၊ သာမန်သီးသန့် )တို့သည်လည်း အကျဉ်းထောင်ထဲတွင် ကျန်ရှိနေသေးသည်။ပြည်သူလူထုမှ ရွေးခြယ်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ် လောင်းများ အနေဖြင့်လည်း ပြည်သူလူထု၏ အမှန်တစ်ကယ်လိုလားတောင်းဆိုချက်များကို လွှတ်တော်တွင်း လွှတ်တော်ပ တို့တွင် ဟန်ချက်ညီညီဖြင့် အကျိုးဖြစ်ထွန်းအောင် ကြိုးစားလုပ်ဆောင်သင့်ပေသည်။ အကျဉ်းသားများ သည် ဒီမိုကရေစီစနစ်နှင့်မကိုက်ညီသော လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများစွာကို အကျဉ်း ထောင်ထဲတွင် လက်ရှိ ခံစားနေရပါသည်။ရွေးကောက်ပွဲဝင် အောင်နိုင်ယုံမျှဖြင့် ဒီမိုကရေစီရေးအတွက် ဆောင်ရွက်ခဲ့သူတို့ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်စေရေးကို မေ့လျှော့မပျက်ကွက်သင့်ပါ။ ထို့ကြောင့် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းရှိ သီးသန့် ၊ သာမန်သီးသန့် အကျဉ်းသားများသည် လူ့အခွင့်ရေးနှင့် စပ်လျဉ်းပြီး အောက်ပါအချက်ကြီးလေးချက်ကို ဒီကနေ့ရက်စွဲဖြင့်တင်ပြတောင်းဆို လိုက်ပါသည်။
    အင်းစိန်အကျဉ်းထောင်အတွင်းရှိအကျဉ်းသားတို့၏တောင်းဆိုချက်
    ၁။ကျန်းမာရေးစောင့်ရှောက်မှု
    (က) အချိန်နှင့်တပြေးညီ ဆေးဝါးကုသမှု ခံယူရန် Refer မရရှိခြင်း
    (ခ) အချိန်နှင့်တပြေးညီ ဆေးဝါးမရရှိခြင်း
    ၂။စာအုပ် ၊ စာစောင်ဖတ်ရှုခြင်း
    (က)စာပေ စီစစ်ရေး ခွင့်ပြုပြီးသော စာအုပ်စာစောင်များ ထောင်တွင်း တွင်ထပ်မံ စီစစ်ရေး ပြုလုပ်နေခြင်း
    ၃။အ၀တ်အစား
    (က)ထောင်မှထုတ်ပေးသောပုံစံဝတ်စုံများမှာ လူ့သိက္ခာနှင့်မလျှော်ညီစွာ ၀တ်ဆင်လို့ မရအောင် သေးငယ်နေခြင်း
    ၄။လျှော့ရက်ခံစားခွင့်
    (က)အကျဉ်းထောင်လက်စွဲဥပဒေအပိုဒ် (၈၃၈) နှင့် (၈၄၈) တို့အရ ခံစားခွင့်ရှိသော သာမန်လျှော့ရက်နှင့်အတူ လျှော့ရက် (အထူးလျှော့ရက်များကို ညွှန်ကြားရေးမှူးချုပ် ခရိုင်အုပ်ချုပ်ရေးအရာရှိ ထောင်တာဝန်ခံအရာရှိ စသည်တို့မှပေးနိုင်ကောင်း) စသည့်လျှော့ရက်များကို သီးသန့် ၊သာမန်သီးသန့်အကျဉ်းသားများမှ ခံစားခွင့်မရှိခြင်း
    ထို့အတူ ကျွန်တော်တို့ (လွတ်ငြိမ်းချမ်းသာတွင်မပါပဲ ကျန်ရှိသော) သီးသန့် ၊ သာမန်သီးသန့် အကျဉ်းသားများအား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတို့တွင် တတ်စွမ်းသမျှပါဝင်နိုင်ရန်အတွက် နိုင်ငံတော်
    အစိုးရမှ ဖဒိုမန်းငြိမ်းမောင်နည်းတူ စဉ်းစားပေးရန် နှင့် လွတ်ငြိမ်းချမ်းသာခွင့်များ ထပ်မံပေးရန်..
    သို့ဖြစ်ပါ၍ အထက်ပါလူ့အခွင့်ရေးကိစ္စနှင့်စပ်လျှင်းပြီး -
    (၁) နိုင်ငံတော်သမ္မတကြီး
    (၂) မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်
    (၃) ပြည်ထဲရေးဝန်ကြီးဌာနတို့ထံ တရားဝင်စာရေးသားအကြောင်းကြားခွင့်ပေးပါရန်..
    အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ အောက်ပါသီးသန့် ၊ သာမန်သီးသန့်အကျဉ်းသားများမှ တောင်းဆိုလိုက်ပါသည်
    စဉ် အမည် အဖအမည်
    ၁ အောင်နိုင် ဦးစံရဲကျော်
    ၂ ကျော်ဇင်မင်း (ခ) ဇော်မိုး ဦးနေအောင်ဝင်း
    ၃ ထွန်းဦး ဦးကျော်မြ
    ၄ ၀င်းမြင့် ဦးတိုးခို
    ၅ ကံမင်းသာ (ခ) ဖရန်စစ် ဦးအိမ်စိုး
    ၆ ကျော်ကျော်(ခ)စောဖရန်စစ် ဦးမောင်မောင်
    ၇ စောဂေသေးမူး ဦးစောကြိုဒေါ
    ၈ စောတင်ဝင်း(ခ)စောဝါးလေး ဦးထွန်းရွှေ
    ၉ နိုင်ဝင်း ဦးအောင်သိန်း
    ၁၀ ရန်နိုင်(ခ)အေးသိန်း ဦးစောလွင်
    ၁၁ ထွန်းမြတ်သူ(ခ)နိုင်လင်းဆက် ဦးကျော်သူ
    ၁၂ စိုးမင်းသန်း ဦးမောင်မောင်သန်း
    နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် မိသားစုနှင့် ပြည်သူလူထုကြီးမှပေးပို့လာသောသတင်းများကိုတစ်ဆင့်ဖြန့်ဝေလိုက်ပါသည်။
    နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
    သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ (၉.၄.၂၀၁၂)
    Posted: 09 Apr 2012 08:51 AM PDT
    (The Age မှ 7 April 2012 ရက်စွဲပါ Challenge ahead for heroes and villains ကို transparencymyanmarဘာသာ ပြန်ဆိုသည်)
    လွန်ခဲ့သော တစ်ပတ်ကျော်က မြန်မာ့ နိုင်ငံရေးမှာ သာမန်သာ ဖြစ်ခဲ့သည်။ ယခင် စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်
    များနှင့် တိုက်ပွဲ ဆင်နွှဲနေပြီး လူအများစုကို ထောက်လှမ်းခြင်း၊ ဖမ်းချုပ်ခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။ တိုင်းပြည် သယံဇာတများကိုလည်း ပြည်တွင်းမှ လူတစ်စုနှင့် တရုတ်များ၏ အရင်းအနှီးများဖြင့် မသမာမှု ပြုကာ အလွဲသုံးစား ပြုလုပ်ခဲ့ကြ
    သည်။ အခြားတစ်ဖက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုနှင့် အသိုင်းအဝိုင်းကို စွန့်ခွာလျက် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ရာ ပြည်သူလူထုအတွက် နိုင်ငံရေးဘုရားတစ်ဆူသဖွယ် ဖြစ်လာခဲ့သည်။
    ထို့နောက် လွန်ခဲ့သော တစ်ပတ်စွန်းစွန်း ကာလတွင် အဖြစ်အပျက်များက ပြောင်းလဲသွားခဲ့သည်။ အနောက်နိုင်ငံ မျက်စိထဲတွင် ဗိုလ်ချုပ်များကို သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော ပြုပြင် ပြောင်းလဲရေးသမားများနှင့် ရှေ့ဆက် မသွားလိုသော အကျင့်ပျက် ခြစားသူများ ဟူ၍ နှစ်ပိုင်း ကွဲနေသည်ဟု ရှုမြင်ထားကြသည်။
    ဒေါ်အောင်ဆန်းစုကြည်၏ နေရာမှာလည်း လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမက ဒီမိုကရေစီမကျဟု ဝေဖန်ခဲ့သော စနစ်အတွင်းသို့ ရောက်ရှိသွားပြီ
     ဖြစ်သည်။ သူမအနေဖြင့် ယခင်အတိုင်း ရဲရဲဝံ့ဝံ့ လက်တွေ့ကျကျနှင့် မပြောင်းမလဲ ရှိနေရမည် ဖြစ်သည်။
    ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အောင်နိုင်မှုသည် စစ်တပ်သာအမိ စစ်တပ်သာ အဖဟု ဆိုသူများ၏
    မျက်နှာကို လက်နှင့် ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သည်ဟု သူမကို ထောက်ခံသူများက ဆိုသည်။ သို့သော်သမ္မတဦးသိန်းစိန်က ပြောကြားရာတွင် ကြားဖြတ် ရွေးကောက်ပွဲသည် မရိုးသားသော သံသယ ဖြစ်ဖွယ် အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲဖြင့် တက်လာသော လက်ရှိ အစိုးရနှင့် လွှတ်တော်ကို တရားဝင်မှု ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။
    အစိုးရက ရွေးကောက်ပွဲ ရလဒ်များကို ချက်ချင်း ကြေညာပေးခဲ့ရာ ၄၅ နေရာ ရှိသည့်အနက် NLD က နေရာ ၄ဝ အနိုင်ရခဲ့သည်။ ထိုအတွက် ရလဒ်ကလည်း မြန်ဆန်လှသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံအပေါ် အရေးယူမှု အချို့ကို ဖြေလျှော့ကြောင်း ကြေညာခဲ့ပြီး ယခု လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲသည် အိုဘားမားအစိုးရအတွက် အောင်ပွဲလည်း ဖြစ်သည်ဟု ပြောကြားသွားသည်။
    ထိုမတိုင်မီက အမေရိကန်တို့သည် ဥရောပအား အရေးယူမှုများကို ဦးစွာ ရုတ်သိမ်းစေပြီး အမေရိကန် အနေဖြင့်မူ ယခင်အတိုင်း ဆက်လက် ထားရှိရန် ရည်ရွယ်ခဲ့သည်။ သို့သော် ယခုအခါ ဝါရှင်တန်သည် ရှေ့မှ ဦးဆောင်၍ ပိတ်ဆို့မှု အချို့ကို ရုတ်သိမ်းခဲ့ပြီး
     တရုတ်နှင့် ချိန်ခွင်ညှာ ညှိရေးအတွက် အရှေ့တောင်အာရှမှ ဗဟိုချက် ဖြစ်သော မြန်မာနှင့် သေသပ်စွာ လုပ်ဆောင်ခဲ့သည်။
    အမေရိကန်က မြန်မာနိုင်ငံတွင် နိုင်ငံခြား စီးပွားရေး ပါဝင် ပတ်သက်မှုနှင့် သက်ဆိုင်သော အတားအဆီးကြီး နှစ်ခုကို ဖယ်ရှားပေး
    ခဲ့သည်။ အမေရိကန် ဒေါ်လာနှင့် စာရင်း ပြောင်းမှုများကို ခွင့်ပြုခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာ ငွေအသွား အပြန်များကိစ္စအတွက် တတိယငွေကြေးတစ်ခုမှ တစ်ဆင့် ငွေကုန်ကြေးကျခံသွားရသော အဆင့်ရှိတော့မည် မဟုတ်ဘဲ နိုင်ငံခြားသားများ ခရက်ဒစ်
    ကတ် သုံးခွင့် ရတော့မည် ဖြစ်သည်။
    ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေး၊ ဘဏ်နှင့် တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍများတွင် ဘဏ်များနှင့် အခြား အဖွဲ့အစည်းများက ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုမည် ဖြစ်ပြီး ကျောက်မျက် ရတနာ၊ သစ် စသည့် တိုင်းရင်းသား ဒေသများတွင် ရှိနေသည့် ကိစ္စရပ်များကို ရှောင်ရှားရမည် ဖြစ်သည်။ မြန်မာ့ ကမ်းလွန်တွင် ရှိပြီး မြန်မာနိုင်ငံ၏ ငွေသိုက်၊ ရေနံနှင့် ဓာတ်ငွေ့ ကိစ္စကိုမူ
     ဖော်ပြခြင်း မရှိပေ။
    "အစကတော့ ကျွန်တော်က အမေရိကန်ရဲ့ မပြတ်သားတဲ့ တုံ့ပြန်မှုကို ဝေဖန်နေတာ၊ တကယ်တမ်းတော့ ပြတ်သားသာပဲဗျ" ဟု
     ဒေသတွင်း လုပ်ငန်းရှင် တစ်ဦးက စာရေးသူအား ပြောပြသည်။ "ငွေကြေးကဏ္ဍက ပထမဆုံး ဖြေလျော့ရမှာလို့ ကျွန်တော်
     ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုလို နှစ်ရက် အတွင်း ဖြစ်လာလိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူး" ဟု ယင်းက ဆိုသည်။ "ဥရောပ
    ကလည်း အခုလကုန်ရင် လက်နက်ရောင်းတာကလွဲလို့ အကုန် ရုတ်သိမ်းတော့မှာ" ဟုလည်း ဆိုသည်။
    စီးပွားရေးပညာရှင် ရှောင်တာနဲက မကြာခင်အချိန်တွင် အမေရိကန်တို့သည် ခေတ်နောက်ပြန်ဆွဲသော အစိတ်အပိုင်းများကိုသာ
     စာရင်းပြု အရေးယူမှု ပြုလုပ်ထားသော ဩစတြေးလျ၏ အနေအထားနှင့် နီးစပ်လာတော့မည်ဟု ပြောသည်။ ဩစတြေးလျဘဏ်များသည် ပို၍ သတိထား ကြသည်ဟုလည်း ဆိုသည်။
    မြန်မာနိုင်ငံတွင်း၌မူ ဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD အကြား ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ အသိအမှတ်ြ
    ပုခံရရေး ပြိုင်ဆိုင်မှုများ ကြီးထွားလျက်ရှိသည်။ အစိုးရသည် လာမည့် ၃ နှစ်အတွင်း ဝင်ငွေများနှင့် အခြားလူမှုရေးများ သိသာစွာ
     တိုးတက်လာရေးအတွက် ရင်းနှီး မြှုပ်နှံမှုများ ဝင်လာရေး မျှော်လင့်ထားပြီး ဦးသိန်းစိန်၏ ဝန်ကြီးများသည် ပြင်ပတွင် အလွတ်
    စီးပွားရေး လုပ်ငန်းအများစုသည် မြန်မာနိုင်ငံသို့ သွားပြီး အမြီးကုတ်ပြန်လာရခြင်းများ ရှိကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရင်းနှီးမြှုပ်နှံမှုအတွက် အခြေခံ သတ်မှတ်ချက်များတွင် မြေယာပိုင်ဆိုင်ခွင့်နှင့် အမြတ်များ ပြန်လည်ထုတ်ယူသွားခွင့်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိကြောင်း ရှောင်တာနဲက ဆိုသည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ သွားရောက်ရေးမှာ သဘာဝမကျလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
    အစိုးရအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် ခြေကုန်လက်ပန်းကျသွားရန် မျှော်လင့်ထားမည် ဖြစ်သည်။ အသက် ၆၇ နှစ် ရှိပြီ
     ဖြစ်သော သူမသည် စည်းရုံးရေး ကာလများက အားအင်ကုန်သွားခဲ့သည်။ အကယ်၍ ၂ဝ၁၅ တွင် လွှတ်တော်နေရာ ၃၃ဝ သို့ ဝင်ရောက်မည် ဆိုပါက NLD သည် ယခုကဲ့သို့ အမျိုးသမီး တစ်ကိုယ်တော် တီးဝိုင်းတစ်ခု အဖြစ်ထက် ပိုမို၍ ကပြရန် လိုအပ်
    ပါသေးသည်။
    Posted: 09 Apr 2012 08:21 AM PDT
    ဝန်ကြီးချုပ်ဟောင်း ဦးခင် ညွန့်အပါအဝင် သားနှစ်ဦးသည် သိက္ခာထပ်၊ ရဟန်းခံရှင်ပြုပွဲကို ယနေ့နံနက် ၈ နာရီတွင် တာမွေမြို
့နယ် တာမွေလေးရပ် ကွက်၊ ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အ...လိုတော်ပြည့်ကျောင်းတိုက် တွင် ကျင်းပခဲ့
    သည်။
    အဆိုပါ ရဟန်းခံရှင်ပြုပွဲကို ဦးခင်ညွန့် နှင့် ဒေါက်တာဒေါ်ခင်ဝင်းရွှေ တို့မှ အမှူးပြု၍အလှူဒါနပြုလုပ်ခဲ့ ပြီး ဦးခင်ညွန့်အပါအဝင်သားနှစ်ဦး နှင့်မြေး ၅ ဦးတို့မှ သာသနာ့ဘောင် သို့ ဝင်ရောက်ကာ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ဆရာတော်မှ ကိုယ်တော်တိုင်သာ သနာ့ဘောင်သို့ သွတ်
    သွင်းပေးခဲ့ သည်။
    ''ဒါပထမဆုံးရဟန်းခံတာပါ။ ရဟန်း ဘဝနဲ့တစ် ပတ်လောက်နေမယ် လို့ပြောတယ်'' ဟု ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက် တာဒေါ်ခင်ဝင်းရွှေက ဆိုသည်။ယင်းရှင်ပြုရဟန်းခံပွဲသို့် တပ် မတော်မှ အရာရှိများ၊ အငြိမ်းစား အရာရှိကြီးများနှင့် ၄င်းနှင့်ဆက်စပ် သောအရာရှိ အသိုင်းအဝိုင်းမှ ဧည့်ပရိသတ်ပေါင်း ၂ဝဝ ခန့်တရားနာလာ ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံမှ ဧည့် သည်တော်များပါလာရောက်၍ သိမ်ဆင်းဆွမ်းလောင်း လှူခဲ့ကြသည်။
    Popular Myanmar News Journal
    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610
    No comments:
    Post a Comment