Saturday 6 September 2014






ဒီမိုဝေယံ

Posted: 02 Sep 2014 07:08 AM PDT
အင်းလျားကန်ဘောင်အတွက် ပေးဆပ်မှုများ 

အများပြည်သူ အပန်းဖြေလျှက်ရှိကြသည့် အင်းလျားကန်ဘောင်သို့ လာရောက်၍ အပန်းဖြေကြ သော မိဘပြည်သူများတို့အတွက် စည်ပင်သာယာအဖွဲ့မှ အမှိုက်ပုံးများ ထားရှိပေးထားသော်လည်း စည်း ကမ်းမဲ့စွာ အသိတရားမရှိသော၊ နိုင်ငံကြီးသားမပီသ သူတစ်ချို့၏ စွန့်ပစ်ထားသောအမှိုက်များ၊ ပုလင်း များ၊ ရေသန့်ဗူး၊ ကြွပ်ကြွပ်အိတ်များ၊ သံဗူးများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် နှင့် အသင်းသား/သူများအပြင် သဘာဝ ပတ် ဝန်းကျင် သန့်ရှင်းရေးအား စိတ်ပါဝင်စားကြသော ရွှေပြည်သာမြို့နယ် "အာယုသုခ ပရဟိတလူငယ်များ" နာရေးအသင်း၊ မင်္ဂလာဒုံမြို့နယ် "ပုညကာရီ" နာရေးအသင်း၊ အင်းစိန်မြို့နယ် "ဗြဟ္မဝိဟာရ လူငယ် ပရဟိတအဖွဲ့" စုစုပေါင်း ပရဟိတအင်အား (၅ဝ) ဦးခန့်တို့ဖြင့် အင်းလျားကန်ဘောင်ပေါ်ရှိ မြက်ခင်းပြင်၊ အင်းလျားကန်လမ်းတလျှောက်နှင့် စားသောက်ဆိုင် ပတ်ဝန်းကျင်တဝိုက်ရှိ အမှိုက်များအပြင် ပြည်လမ်း အင်းလျားကန်ဘောင်တလျှောက် ရေမြောင်းကြီးများထဲရှိ ချိတ်တွယ်နေသော အမှိုက်များအား နံနက် (၇း၃ဝ) နာရီအချိန်မှ (၁၁းဝဝ) နာရီအထိ သွားရောက်၍ ကောက်ယူရှင်းလင်းပေးခဲ့သည်။

ထို့နောက် "ကိုယ့်အမှိုက် ကိုယ်ရှင်း" ဟူသော သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ရိုက်နှိပ် ထားသော စတေကာများအားလည်း ကန်ဘောင်ပေါ်ရှိအမှိုက်ပုံးများ၊ ဈေးဆိုင်ခန်းများတွင် စနစ်တကျ လိုက်လံ ကပ်ပေးခဲ့ခြင်းနှင့် လက်ကမ်းစာရွက်များ ဝေငှပေးခဲ့သည်။ ရေထဲ၌ အမှိုက်များအား ဆယ်ယူရာ တွင် ရွံနွံ့ထဲ နစ်မြှုပ်နေသော အရက်ပုလင်း၊ ဝိုင်ပုလင်း၊ ဘီယာပုလင်းကွဲများ တွေ့ရှိရ၍ အထူးသတိပြု ကောက်ယူရှင်းလင်းခဲ့ရသည်။ အများပြည်သူ အပန်းဖြေရာနေရာတစ်ခုတွင် ဤကဲ့သို့ အန္တရာယ်ဖြစ်နိုင် သည့်အမှိုက်များ၊ အမြင်မသင့်လျော်သော အမှိုက်များအား လူသားချင်း ကိုယ်ချင်းစာစိတ် မွေးဖွား၍ သတ် မှတ်ထားသော အမှိုက်စွန့်ပစ်ရာ အမှိုက်ပုံများတွင် စည်းကမ်းစနစ်ကျစွာ စွန့်ပစ်ခြင်းဖြင့် နိုင်ငံဂုဏ်အား မြှင့်တင်ကြပါရန် နှိုးဆော်လိုက်ရပါတော့သည်။

နာရေးကူညီမှု အသင်း (ရန်ကုန်)
Posted: 02 Sep 2014 06:59 AM PDT
အိမ်ခြံ၊ မြေ၊ တိုက်ခန်းရှာသူများအတွက် အကောင်း ဆုံး Smartphone Apps

သမာရိုးကျ စနစ်ဖြစ်တဲ့ သတင်းစာနဲ့ အေးဂျင့်များမှ တဆင့် အိမ်၊ခြံ၊မြေ၊ တိုက်ခန်းများ ရှာတဲ့ ခေတ်ဟာ တဖြည်းဖြည်း နဲ့ ဒီဂျစ်တယ် ရှာဖွေရေး စနစ်သို့ ကူးပြောင်းလာပါပြီ။
ယနေ့ မြန်မာပြည် မြို့ပြကြီးများ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်မြို့တွေမှာ ပြည်သူများအနေနဲ့ အင်တာနက်မှမိမိ ကြိုက်နှစ်သက်ရာ အိမ်၊ခြံ၊မြေ၊ တိုက်ခန်း၊ ကွန်ဒို များကို လွယ်ကူ သက်သာစွာရှာဖွေ နေတယ်ဆိုတာကို တွေ့ နိုင်ပါတယ်။ ယခုလို ရှာဖွေတဲ့ စနစ်ဟာ ကွန်ပြူတာ သုံး အင်တာနက် မှသာမက မိုဘိုင်း အခြေခံ အင်တာနက်မှလည်း အသုံးပြုရှာဖွေနိုင်ပါပြီ ။ မိုဘိုင်းမှ တဆင့်ရှာဖွေတဲ့ စနစ် ဟာနောက်ဆုံးသုံး စနစ်နဲ့ လွယ်ကူစွာ ရှာဖွေတဲ့ စနစ်ဖြစ်တဲ့ အတွက်ကြောင့် အသုံးပြုသူများ အတွက် အကောင်းဆုံးသော user experience ကိုပေးပါတယ်။ ဒီတော့် ယနေ့မြန်မာပြည်အတွင်း အကောင်းဆုံးဖြစ်တဲ့ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ကွန်ဒို များရှာတဲ့အခါမှာ အသုံးပြုတင့်တဲ့ Android Apps နဲ့ iOS Apps ကို တင်ပြသွားလိုပါတယ်။

ငွေထိန်းချုပ်နည်းနဲ့ ရှာဖွေသည့် အကောင်းဆုံး Apps များ
အိမ်၊ခြံ၊မြေ၊တိုက်ခန်းများ ဌားရန်သို့မဟုတ် ရောင်းတဲ့ အခါမှာ ပထမဦးစွာသိထားဖို့လိုတာကတော့် မိမိရဲ့ ငွေ ဘယ်ကို ရောက်သွားနိုင်တယ်ဆိုတာကိုကြိုတင်သိထားခြင်းဖြစ်ပါတယ်။ ဒီအတွက် Android သုံးသူများအနေနဲ့ Moneywise Apps ဖြစ်တဲ့ မိမိရဲ့ အသုံးငွေကို စီမံခန့်ခွဲပေးတဲ့ Apps ကို သုံးရင် ပိုပြီး အဆင်ပြေပါတယ်။ ဒီ Apps ဟာ ဘဏ္ဍာငွေကို အကောင်းဆုံး နည်းစနစ်နဲ့ ထိန်းပေးတဲ့ Android Apps ဖြစ်ပါတယ်လို့ Lifehacker က 2012 မှာ အသိအမှတ်ပြုသွားပါတယ်။ iOS အတွက်ကတော့် Mint ဆိုတဲ့ အသုံးစရိတ် ကို ထိန်းချုပ်ပေးတဲ့ Apps ဖြစ်ပါတယ်။

အိမ်ခြံ မြေ တိုက်ခန်း များ အတွက် သိတင့်သည့် ဝေါဟာရများဖော်ပြပေးသည့် အကောင်းဆုံး Apps များ
မိတ်ဆွေအနေနဲ့ အိမ်ခြံမြေ အတွက် professional usage အသုံးအနှုန်း များကို အင်္ဂလိပ်ဘာသာအားဖြင့်သိဖို့လိုပါတယ်။ ဒါကြောင့် အကောင်းဆုံး အိမ်ခြံမြေသုံး Apps ဖြစ်တဲ့ Glossary of Real Estate Terms နှင့် Kaplan Real Estate Terms app များကို အသုံးပြုနိုင်ပါတယ်။ အေးဂျင့်များ နှင့်အိမ်ခြံမြေအကြောင်း ကျွမ်းကျင်လေ့လာသူများ အနေနဲ့ သာမာန်သူများ နားမလည်နိုင် သည့် အသုံး အနှုန်းများကို မကြာခဏသုံးလေ့ရှိပါတယ်။ ဤ Apps များကို အသုံးပြုခြင်းအားဖြင့် သတင်းအချက် အလက် နဲ့ သိတင့််တဲ့ အိမ်ခြံမြေအရောင်းဝယ် သုံး ဝေါဟာရများကို သိမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ရှာရန်အတွက် အကောင်းဆုံး Apps များ
မြန်မာနိုင်ငံအတွင်း လွန်ခဲ့ တဲ့ ဇူလိုင်မှာ house.com.mm မှ Android Apps ကို အိမ်ခြံမြေ ရှာသည့် ပထမဦးဆုံး Apps အနေနဲ့ ဈေးကွက် မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဤ Apps ဟာအိမ်၊ ကွန်ဒို နှင့် တိုက်ခန်များ ရောင်း၊၀ယ်လိုသူများအတွက် အကောင်းဆုံး ၀န်ဆောင်မှုပေးတဲ့ Apps ဖြစ်ပါတယ်။ လောလောဆယ်မှာတော့် house apps မှ မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေတိုက်ခန်းပေါင်း ၂၀၀၀၀ ကျော်ကို လွယ်ကူစွာ ရှာနိုင်ရန် လုပ်ဆောင်ပေးနေပါတယ်။
မိတ်ဆွေရဲ့ ချေးငွေ အပေါင် ပစ္စည်း ကို အကောင်းဆုံး စီမံခန့်ခွဲပေးသည့် Apps
ဈေးကွက်မှာ ချေးငွေ အပေါင် ပစ္စည်း ကို စီမံခန့်ခွဲပေးသည့် Apps တော်တော်များများရှိနေပါပြီ။ အသင့်တော်ဆုံး Apps များကတော့် Karl's Mortgage Calculator နဲ့ Mortgage Calculator များဖြစ်ပါတယ်။ ဒီ Apps နှစ်ခုကတော့် အတိုးငွေ၊ အမြတ် နဲ့ ကြိုတင်ပေးရမယ့် စနစ်များကို သင်ပြပေးတဲ့ Apps ဖြစ်ပါတယ်။

အိမ်မပြောင်းခင် သုံးသင့်သည့် အကောင်းဆုံး Apps များ
မိတ်ဆွေ အနေနဲ့ အိမ် တိုက်ခန်း ကို ပြုပြင်ပြောင်းလည်းသို့မဟုတ် ရွှေ့ပြောင်းခြင်း ပြုလုပ်လိုပါက တိုင်းထွာသည့် Apps ဖြစ်တဲ့ My Measures & Dimensions ဟာ အကောင်း ဆုံးဖြစ်ပါတယ်။ ဤ Apps ဟာ ဓာတ်ပုံနှင့် တကွ တိုင်းထွာသည့် စနစ်ကိုပေး သည့်အတွက် သုံးသူများအတွက် ပို၍ အဆင်ပြေနိုင်ပါတယ်။

Stephen Seng
Posted: 01 Sep 2014 10:25 AM PDT
ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူမယ် ဆိုတဲ့.. မိဘပြည်သူများ ခင်ဗျား..

ရခိုင်အရေးဖြစ်တော့ ရိုဟင်ဂျာဆိုသူတွေ မြန်မာနိုင်ငံသားမဟုတ် ခေါ်လိုသည့် နိုင်ငံများ ခေါ်ယူသွားကြပါ ဆိုပြီး မိဘပြည်သူများ ခင်ဗျားမှ ထုံးစံအတိုင်း အချိန်ကိုက် နတ်သံနှော ညာသံပေးတော့ ဒါမှ တို့သမ္မတကြီး ဆိုပြီး ထောက်ခံပွဲတွေ ချိမ့်ချိမ့်သဲပေါ့..။ ပြီးတော့ ထုံးစံအတိုင်း အဖျားရှူးပေါ့။
နောက်တခါ အဆိုပါ ညာသံပေးပြီး မကြာမှီမှာပဲ (OIC)ကို ဝင်ခွင့်ပြုမယ်ဆိုပြီး တို့ပြည်သူတွေဘက် မျှားဦးလှည့် လာလို့ ကန့်ကွက်လိုက်ရတာလည်း ဖတ်ဖတ်မောပေါ့။

ယခု ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူရန် သမ္မတ ဦးသိန်းစိန် သဘောတူလိုက်ပြီ... တဲ့ကဲ ဘာကြောင့် ပြန်ခေါ်ယူရတယ်ဆိုတာ မိဘပြည်သူများ ခင်ဗျားဆိုပြီး နတ်သံနှောပြီး ဖြစ်ကြောင်းရယ် ကုန်စင် ပြန်လည် ရှင်းပြပေးဖို့ တောင်းဆိုပါရစေ။ ဒီတခါ ဘင်္ဂါလီတွေကို ပြန်လည် လက်ခံဖို့ ကိစ္စမှာ အရင်တခါလိုပဲ ပြည်သူ့ဆန္ဒဆိုပြီး နတ်သံနှော မမေးမြန်းတော့ ပေဘူးလား။ ပြည်သူတွေရဲ့ ဆန္ဒပါပါရဲ့လား။ အဆိုပါ ပြန်လည်ခေါ်ဆောင်မဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေဟာ တပါးသူဆီမှာ အငှားကိုယ်ဝန်ဆောင်ပြီး မွေးထားတဲ့ မြန်မာနိုင်ငံသားတွေ စစ်စစ်တွေ ဟုတ်ပါသလားခင်ဗျာ...။

အပေါ်မြှောက်လိုက် ရိုက်ချလိုက် အပြောတမျိုး အလုပ်တမျိုးလုပ်နေတဲ့ လုပ်ရပ်တွေ အတွက်
ကျွန်တော်တို့ ပြည်သူတွေ ကန့်ကွက်ပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်စရာတွေ ပြင်ဆင်ရအောင်ပါ..။
အမြဲတမ်း ပြည်သူတွေ Tempo တက်နေချိန်မှာ သခင်မျိုးဟေ့ တို့ဗမာလုပ်လိုက် အချိန်ကြာသွားလို့ မေ့လောက်ပြီဖြစ်မှ သခင်မျိုးဟေ့ တို့မပါဆိုပြီး အဖျားရှူးသွားတတ်တဲ့ မိဘပြည်သူများ ခင်ဗျား ခင်ဗျာ.... လွှတ်တော်အတွင်းမှ ဆင်၊ မျောက်၊ ခါဘင်္ဂလီ (၃)ဦး အကြိုက် လုပ်နေတဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ အစစ်အမှန် မိဘပြည်သူများ ကိုယ်စား.. မိဘပြည်သူများ ခင်ဗျားအား တိုက်တွန်းအပ်ပါတယ်။

ဒီမိုဝေယံ

(သတင်း).. အစုံအလင်ကတော့

ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသည့် ဘင်္ဂါလီဒုက္ခသည်များ ကို ပြန်လည်ခေါ်ယူရန် သမ္မတ ဦးသိန်းစိန် သဘောတူလိုက်ပြီဟုဆို

ဒါကာ၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသူ ဘင်္ဂါလီ ဒုက္ခသည်များကို ပြန်လည် ခေါ်ယူခြင်းလုပ်ငန်းအား ၂ လ အတွင်း ပြန်လည် စတင်ရန် မြန်မာနိုင်ငံက သဘောတူခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုသည်။

"စိစစ်ပြီး မြန်မာနိုင်ငံသားတွေ ပြန်လည်လက်ခံတာကို ၂ လအတွင်း စတင်ဖို့ သဘောတူ ခဲ့ပြီး မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသူ ၃၂၀၀၀ အနက် ၂၄၁၅ ဦးနဲ့ စတင်မှာပါ။ ဒါ ဟာ အရေးပါတဲ့ ရလဒ်အဖြစ် မှတ်ယူထား ပါတယ်" ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် မဒ်ရှဟီဒူဟဇ်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နိုင်ငံခြားရေးရုံးများ၏ ၈ ကြိမ်မြောက် အစည်းအဝေး တွင် ထိုသို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသား အဖြစ် မှတ်ပုံတင်ထားသူ ဘင်္ဂါလီဒုက္ခသည် များနှင့် ၎င်းတို့၏ သားသမီးများ ကို ပြန်လည်ခေါ်ယူရန် ကော်မတီတစ်ခု ဖွဲ့စည်းမည်ဟု မြန်မာနိုင်ငံက သဘော တူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ခန့်မှန်းချက်အရ ၁၉၉၁ နောက်ပိုင်း မြန်မာ စစ်အစိုးရ ၏ ဖိနှိပ်မှုကြောင့် ထွက် ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည် ၂၅၀၈၇၇ ဦးရှိသည် ဟု ဆိုသည်။ ၎င်းတို့အနက် ၂၃၆၅၉၉ ဦးအား ၂ နိုင်ငံ သဘောတူညီမှုအရ UNHCR ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပြီးဖြစ်သည်။ ၂၀၀၅ တွင် ဘင်္ဂါလီ ဒုက္ခသည် ၉၂ ဦး ပြန်ပို့ခဲ့ပြီးနောက် ထိုလုပ်ငန်းစဉ် ရပ်တန့်သွား ခဲ့သည်။

လက်ရှိတွင် ကော့ဘဇားခရိုင်အတွင်း ကူတူ ပါကောင်းနှင့် နာယာပါရာရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ဘင်္ဂါလီဒုက္ခသည် ၃၂၀၀၀ ခန့် နေထိုင်လျက်ရှိသည်။ ၂၀၀၄ က ထို ဒုက္ခသည်စခန်းများတွင် မိသားစု ၂၉၇၆ စုနှင့် လူဦးရေ ၁၉၈၄၁ ဦး ရှိသော်လည်း မွေးဖွားနှုန်း မြင့်မားသဖြင့် လူဦးရေ အလျင်အမြန် တိုးပွား လာနေသည်ဟု တာဝန်ရှိသူများက ဆိုသည်။

ဒုက္ခသည်စခန်းများ၏ အပြင်ဘက်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ဘင်္ဂါလီ ဒုက္ခသည် ၃၀၀၀၀၀ နှင့် ၅၀၀၀၀၀ အထိရှိသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုပြီး အဆိုပါ ဒုက္ခသည်များအရေး ဆွေးနွေးရန် အစည်း အဝေးတွင် ပြောကြား ခဲ့သော်လည်း မြန်မာဘက်က အကြောင်းပြန်ကြားခြင်းမရှိပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနှင့် ကော့ဘဇာ ဒေသများတွင် တရားမ၀င် နေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံမှ ဒုက္ခသည်များအား အသေးစိတ် စစ်တမ်းကောက်ယူနေကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာဘက် သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲအပြီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် က "အကြောင်းအရာ အားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ပြီး မြန်မာနိုင်ငံက ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားကြောင်း ပြသခဲ့ပါတယ်။ ဒုက္ခသည်တွေ ကို ပြန်လည် လက်ခံဖို့ မြန်မာနိုင်ငံက ရည်ရွယ်ထားကြောင်း ပြသခဲ့ပါတယ်"ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

၂၀၀၅ တွင် စီစစ်အတည်ပြုခဲ့သည့် မြန်မာနိုင်ငံမှ ဒုက္ခသည်စာရင်း အား ပြန်လည် စီစစ်ရန် လုပ်ငန်း ကော်မတီတစ်ခုကို ၂ နိုင်ငံ ပူးတွဲဖွဲ့စည်းမည် ဟု ဆိုသည်။ ထိုဒုက္ခသည်များမှ ၂၀၀၅ နောက်ပိုင်းတွင် မွေးဖွား ခဲ့သူများ ကိုလည်း စာရင်းတွင် ထပ်မံဖြည့်သွင်းမည်ဟု သိရသည်။

"၂ လအတွင်း ပြင်ဆင်မှုတွေပြုလုပ်ပြီး ဒုက္ခသည် တွေ ပြန်လည်ပို့ဆောင်မှု ဘယ်လောက်မြန်မြန်လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်သွားမှာပါ။ ဒီဆွေးနွေးပွဲ ရလဒ်အ တွက် ကျွန်တော်တို့ အလွန်ပျော်ရွှင်နေပါတယ်"ဟု မစ္စတာ ရှဟီဒူဟဇ် က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲမှာ ၄ နာရီနီးပါး ကြာမြင့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့အား မစ္စတာ ရှဟီဒူဟဇ်က ဦးဆောင်ကာ မြန်မာ ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော် က ဦးဆောင်ခဲ့သည်။

ငါးခိုးဖမ်းမှု အများစုအပါအ၀င် ပြစ်မှုငယ်များဖြင့် တစ်ဖက်နိုင်ငံ အသီးသီး တွင် ထောင်ဒဏ်ကျခံနေရ သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသား များအား အပြန်အလှန် ပြန်လည်ခေါ်ယူနိုင်ရေးကိုလည်း ဆွေးနွေး သဘောတူ ခဲ့သည်ဟု ဆိုသည်။ တရားဝင်ခန့်မှန်းချက်အရ မြန်မာနိုင်ငံ အကျဉ်းထောင်များ တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ ခန့်ရှိပြီး ဘင်္ဂလားဒေ့ရှ် အကျဉ်းထောင်များ တွင် မြန်မာနိုင်ငံအား ၁၁၀ ခန့်ရှိသည်။

ဆွေးနွေးပွဲတွင် ၂ နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ၅ နှစ်စာ သဘောတူညီမှု တစ်ခုလည်း ရရှိခဲ့သည်ဟု ဆိုသည်။ လာမည့် နှစ်စပိုင်း တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ နိုင်ငံခြားရေးဝန်ကြီး အဆင့် ၂ နိုင်ငံ ပူးပေါင်းကော်မရှင်ဆွေးနွေးပွဲ ပြုလုပ်ရန်လည်း သဘောတူခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ၂ နိုင်ငံ အပြန်လှန် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးနှင့် အကာအကွယ်ပေးရေးနှင့် နာ့ဗ်မြစ် မြောက်ပိုင်း နယ်နိမိတ် သတ်မှတ်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့် ထားကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

KHTun

Ref - Daily Star
Photo - UNHCR

Credit.. The Ladies News Journal
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment