Tuesday 28 February 2012







ဒီနေ့အတွက် ကျမ်းစာ ( ၃ )

သည်းခံခြင်းဟာ ရန်လိုခြင်းထက်ကောင်းတယ်
ရန်လိုခြင်းဟာ ရန်ရှာခြင်းထက်ကောင်းတယ်
ရန်ရှာခြင်းဟာ စိတ်မထိန်းနိုင်ခြင်းထက်ကောင်းတယ်
လူတွေက မီးလောင်မှာကြောက်ပေမယ့်
မီးစ သေးသေးလေးတွေ ကို ဂရုမစိုက်ကြဘူး . . .

အဓိက ပြသနာက
လူတိုင်းဟာ မှန်လိုကျင့်သုံးကြတာဖြစ်တယ်
ဟိုဘက်ကလူ မဲ့ရင် လိုက်မဲ့တယ်
ဟိုဘက်ကလူ ပြုံးရင်လိုက်ပြုံးတယ် . . .

တချို့တွေကလည်း
ဟိုဘက် က မဲ့ရင် ဒီဘက်ကမဲ့တယ်
ဟိုဘက်က ပြုံးသွားရင်တောင် ဒီဘက်က ဆက်မဲ့နေတယ်
စလိုက်ရင် အဆုံးသတ်မရတဲ့ ပုံပြင်တွေ ဖြစ်တယ် . . .

တချို့တွေကလည်း
ဟိုဘက်က ပြုံးပြနေရင်တောင် ဒီဘက်က မဲ့တယ်
ဟိုဘက်က မဲ့ ရင်တော့ ဒီဘက်က မဲ့ရုံမက မဲပါ မဲသွားတယ်
အဆုံးသတ် ဆိုးဝါးတဲ့ ပုံပြင်တွေဖြစ်တယ် . . .

အထင်မမှားပါနဲ့ မိတ်ဆွေ
သည်းခံခြင်းတရား ဇတ်လမ်းအကြောင်း
ဟောပြောဖို့ မဟုတ်ရပါဘူး
ဒါပေမယ့် မျက်လုံးတလုံးအတွက် မျက်လုံးတလုံး
သွားတစ်ချောင်းအတွက် သွားတချောင်းကလည်း
တောတွင်း ဥပဒေ ဆန်လှပါတယ် . . .

တကယ်တော့
ပြသနာဖုံး နေတဲ့ ဒီကမ္ဘာလုံးပေါ်မှာ
ရှင်သန်နေထိုင် ရတော့လည်း
ခဏခဏ မီးစ ရှို့ခဲ့မိပါရဲ့ . . .


 မာဃလုလင်




No comments:

Post a Comment