Monday 27 February 2012

ကိုမင်းကိုနိုင်နှင်.၈၈မျိုးဆက်ကျောင်းသားများမြင်းခြံခရီးစဉ်(ဓာတ်ပုံ)
Posted: 26 Feb 2012 11:16 PM PST




Photo..nyo thant facebook

Posted: 26 Feb 2012 10:55 PM PST

( Joseph S. Nye, Jr , a professor at Harvard and author of The Future of Power. ၏ when women lead the
 world ကိုဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။)

အမျိုးသမီးတွေ သာ ခေါင်းဆောင် ဖြစ်လာမယ်ဆိုရင်.. ကမ္ဘာကြီးဟာ ပိုမိုလို့ငြိမ်းချမ်း လာ မလား ဆိုတဲ့ မေးခွန်းကို…ဟားဗတ်
 တက္ကသိုလ် က စိတ်ပညာရှင် တဦး ဖြစ်တဲ့.. စတီဗင်ပင်ကာ(Steven Pinker) ဖြေကြားခဲ့တာ ကတော့.. မှန်ပါ တယ်တဲ့…။

ပင်ကာ…. ရေးသားခဲ့တဲ့ (In The Better Angels of Nature) ဆိုတဲ့ စာအုပ်မှာ… လူသား အကြမ်းဖက် မှု့ တွေဟာ ( ဒီကနေ့
အများကြီးရှိနေသေးပေမဲ့ ) တဖြေးဖြေးနဲ့ ကျဆင်း နေပြီဆိုတာ ကို အချက်လက် အကိုးအကား များနဲ့ တင်ပြထားပါတယ်။
 အမျိုးသမီးတွေ ဟာ အကြမ်းဖက် မှု့ကိုမလိုလား တဲ့အင်အား စုတွေဖြစ်နေတယ် ဆိုတာကိုလည်း ပြောဆို ခဲ့ပါတယ်။
 အစဉ်လာ စစ်ပွဲတွေ ဟာ.. အမျိုးသားများ ဖန်တီးခဲ့တဲ့ စစ်ပွဲများသာ ဖြစ်ပြီး… လူမျိုးနွယ်စုအမျိုးသမီးများဟာ ဘယ်တော့မှ ပတ်ဝန်းကျင်ဒေသ တွေကို.. ၀င်ရောက် စီးနင်း တိုက်ခိုက် သိမ်းပိုက်ဖို့ကို မလုပ်ဆောင်ခဲ့ပါဘူး။ မိခင်များအဖြစ်….. သူတို့ရဲ့ရင်သွေးငယ် တွေကို ထိန်းသိမ်း စောင့်ရှောက်ရမယ် ၊မျိုးဆက်များကို လက်ဆင့်ကမ်း ရမယ်ဆိုတဲ့ သဘာဝအသိတွေ
ဟာ… ငြိမ်းချမ်းတဲ့ အခြေနေအရပ်ရပ် ကို စောင့်ရှောက်သလို ဖြစ်နေပါတယ်။

ပင်ကာရဲ့အဆိုကို လက်မခံသူများကတော့ ချက်ခြင်းဆိုသလို တုန့်ပြန်ခဲ့ကြပါတယ်… ဘာ့ကြောင့်လည်း ဆိုတော့သာမာန်
အားဖြင့်… အမျိုးသမီးများဟာ စစ်ပွဲတွေ ကို…. မဖန်တီးခဲ့ပါဘူး… ဒါကလည်း သူတို့မှာအာဏာ ဆိုတာ.. မရသလောက်နီးပါးရှိ နေတာမို့ပါ။ တကယ်လို့များ သူတို့သာ အာဏာ အပြည့်အ၀ရှိတဲ့ ခေါင်းဆောင်တွေ သာဖြစ်မယ်ဆိုရင် ယောကျာင်္းတွေပြုမူဆောင်ရွက်ခဲ့ကြ တဲ့ အခြေနေအရပ်ရပ်လိုပဲ… သူတို့.. လုပ်ခဲ့မှာ မလွဲပါဘူး မာဂရက်
သက်ချာ ၊ ဂိုဒါ မီယာ ၊ အင်ဒီယာ ဂန္ဒီ တို့ဆိုတာ အာဏာ အပြည့်အ၀ ရခဲ့ဘူးတဲ့ အမျိုးသမီးခေါင်းဆောင် တွေပါ။ သူတို့
 ခေါင်းဆောင် ဘ၀မှာ သူတို့နိုင်ငံက စစ်ပွဲတွေကို ဦးဆောင်ခဲ့ပါတယ် တဲ့။

အမျိုးသားတွေနဲ့ ယှဉ်ပြိုင် ကစားနေရတဲ့..နိုင်ငံရေးဇာတ်ခုံပေါ်မှာ… အဆိုပါ ပြောဆိုချက်များ ဟာ လည်း မှန်ပါတယ်…။ ဒီလို စွမ်းဆောင်ချက် တွေကပဲ…အမျိုးသမီးတွေ ဟာ..အမျိုးသားများ နဲ့ နည်းတူ ခေါင်းဆောင် ဘ၀ မှာ နေရာရနိုင်ဘို့ အရည်အသွေး
 တွေ မဟုတ်ပါလား။ ခေါင်းဆောင် နေရာမှာ အမျိုးသမီးများ ဟာ အမျိုးသားများ နဲ့ ဒွန်တွဲ တာဝန်ယူဆောင်ရမယ်ဆိုရင်တောင်မှ သူတို့ရဲ့ဆောင်ရွက်ချက်များဟာ ခြားနားနေပါလိမ့်မယ်။

ဒီကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းအဖြစ် ရှိနေဆဲပါ… ခေါင်းဆောင်မှု့ အခန်းကဏ္ဍ မှာ အမျိုးသား ၊ အမျိုးသမီးဆိုတဲ့
အရာဟာ တကယ့်ကို ကိစ္စတခုအဖြစ်တည်ရှိ နေဆဲပဲလား ..? သမရိုးကျ အခြေအနေ မှာ အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာလေ့လာတွေ့ရှိချက်များက ပြသနေတာကတော့..အမျိုးသားတွေဟာ…အာဏာကို ခပ်ထန်ထန် ကိုင်တွယ် တတ်တဲ့သဘောရှိပြီး… အမျိုးသမီးများကတော့… စည်းရုံးဆွဲဆောင်မယ်၊ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နားလည်မှု့ရအောင် ကြိုးစားဆောင်ရွက်မယ်၊ ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်မယ်ဆိုတဲ့… သဘောသဘာဝတွေ ရှိနေပါတယ်။ အမေရိကန်တွေ
ဟာ ခပ်ထန်တတ်တဲ့ အမျိုးသားစရိုက်လက္ခဏာ ခေါင်းဆောင်မှု့ကို ဦးညွတ်တတ်ပါတယ် သို့သော်မကြာခင်က…ခေါင်းဆောင်
မှု့နဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များက .ပြသနေတာကတော့… တခါက စဉ်းစားခဲ့ဘူးကြတဲ့ အမျိုးသမီး တို့ရဲ့သဘာဝ ပုံစံ စဉ်းစားတွေးခေါ် လုပ်ဆောင်ချက် များဟာ များပြားအောင်မြင် နေတယ်ဆိုတာပါပဲ။


ယောကျာင်္းဆန်ဆန်


လူ့အဖွဲ့အစည်းအတွင်းက သတင်းအချက်လက်များကို အခြေခံကြည့်တဲ့အခါ…. အချင်းချင်း လက်တွဲလုပ်ဆောင်နေမှု့များဟာ ၀ါစဉ်ကြီးငယ်လိုက် အစားထိုး လုပ်ကိုင်တတ်ကြတယ် ၊ပညာလုပ်သားများဟာ.. အမိန့်နာခံမှု့နည်းတယ်၊ အဖွဲ့အစည်းများရဲ့
ကျယ်ပြန့်တဲ့ စီမံခန့်ခွဲမှု့များဟာ ခွဲဝေကျင့်သုံးနေရတဲ့ ခေါင်းဆောင်မှု့အခန်း ကဏ္ဍများကြောင့် ပိရမစ်ပုံစံခေါင်းဆောင်မှု့ထက် အပြောင်းအလည်း တွေဖြစ်နေရ တယ်၊ Google CEO Eric Schmidt ကဆို ဘယ်လိုပြောသလို ဆိုတော့…
 သူရဲ့အလုပ်သမား တွေကို ဖူးဖူးမှုတ်နေရပါတယ်တဲ့….။

စစ်တပ်တောင်မှ ဒီလိုအပြောင်း အလည်းတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ အမေရိကန်ပြည်ထောင်စု ပင်တဂွန် စစ်ဌာနချုပ်
 ကပြောတာ ကတော့ စစ်တပ်ခေါင်းဆောင်များ တောင်မှ အော်ဟစ်ပြောဆိုခြင်းများကို အနည်းဆုံးလုပ်ဆောင် နေရပါတယ်တဲ့….. ဘာလို့လည်းဆိုတော့…. ဒီနေ့မျိုးဆက်သစ်များဟာ အရည်သွေးပြည့်မှီပါတယ် ဆိုတဲ့ သင်တန်း ဆရာများထက် ပိုမို
 ကောင်းမွန်တဲ့ အရာတွေ တုန့်ပြန်နိုင်ကြလို့ပဲ ဖြစ်ပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျော့ ဒဗလျှူ ဘွတ်ရှ် တခါက… ဆုံးဖြတ်ချက် ချရတဲ့သူတစ်ယောက် ဖြစ်တဲ့ သူ့ရဲ့ အခန်းကဏ္ဍ
 ကိုရှင်းပြခဲ့ဘူး ပါတယ်။ ခေတ်မှီတဲ့ ခေါင်းဆောင် တစ်ယောက် ဆိုတာ… ကွန်ယက် တွေကို အသုံးပြုနိုင်ရမယ်၊ ပူးပေါင်း ဆောင်ရွက် နိုင်ရမယ်၊ ပူးပေါင်း ပါဝင်သူများကို အားပေးနိုင် ရမယ်လို့ ပြောပါတယ်။ ၀ါစဉ်ကြီးငယ်လိုက်
ဆက်ခံရမယ်ဆိုတဲ့ အစဉ်လာ သမားများ မဟုတ်တဲ့ အမျိုးသမီးများရဲ့ စတိုင်များနဲ့ ဆက်ဆံရေး ကျွှမ်းကျင်မှု့များဟာ
 ပညာကို အခြေခံတဲ့ အဖွဲ့အစည်းများ က ခေါင်းဆောင်များ အတွက် လိုအပ်နေတဲ့ လိုအပ်ချက်များနဲ့ အံဝင်ဂွင်ကျ ဖြစ်နေတာ ကို တွေ့နေရပါတယ်။

အတိတ်ကာလက… အမျိုးသမီးများဟာ..အဖွဲ့အစည်းဦးဆောင်မှု့ အခန်းကဏ္ဍကိုတိုက်ခိုက်ပြီဆိုရင်… အမျိုးသားများဟာ… ယောကျာင်္းဆန်တယ် ဆိုတဲ့စကားနဲ့တုန့်ပြန်လေ့ရှိပါတယ်…. (ဒါဟာ..လူမှု့ဆောင်ရွက်ချက် များကို လုပ်ဆောင်နေတဲ့ အမျိုးသမီး သီလရှင်များကို ဆော်ကား လိုက်သလိုလည်း ဖြစ်ပါတယ် )။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ်…. အောင်မြင်စွာ ခေါင်းဆောင်နိုင် ဘို့ဆိုတာ…. အမျိုးသားများဟာ… အမျိုးသမီးများရဲ့ပြုမှု့ ဆောင်
ရွက်လေ့ရှိတဲ့ သဘော သဘာဝများကို တန်ဘိုးထားတတ် ယုံမက…အဲဒီ့အရည်အသွေး တွေ အတွက် ကျွှမ်းကျင်အောင်
လုပ်ယူ ဘို့ပဲ ဖြစ်ပါတယ်။

ဒါဟာ… အချက်အလက် မဟုတ်ပါ…ဦးတည်ရမဲ့လမ်းကြောင်းဖြစ်ပါတယ်။အမျိုးသမီးများဟာ ခေါင်းဆောင်မှု့အခန်းကဏ္ဍ မှာ နောက်ကျကျန်ရစ်နေဆဲပဲ ဖြစ်တယ်။.. အားလုံးကို လွှမ်းခြုံကြည့်မယ် ဆိုရင် ပျမ်းမျှအားဖြင့် အမျိုးသမီးထုရဲ့ ငါးရာခိုင်နှုံးလောက်သာ… ခေါင်းဆောင်ပိုင်းနေရာ ကိုရောက်ရှိခဲ့ပါ တယ် ( အမေရိကန်ပြည်ထောင်စုမှာဆိုရင် ၁၆ ရာနှုံးသာ
 အမျိုးသမီး ဦးဆောင်မှု့ရှိ ပါတယ်….၄၅ ရာနှုံးလောက်ရှိတဲ့ ဆွီဒင်နဲ့နှိုင်းယှဉ်ကြည့်ပါ) ၊ ၂၀ ရာစု လွတ်လပ်တဲ့နိုင်ငံများရဲ့
 အုပ်ချုပ်သူ ၁၉၄၁ ဦးကို လေ့လာကြည့်တဲ့အခါ အမျိုးသမီး…၂၇ဦး…ပဲတွေ့ရပါတယ်။ အကြမ်းဖျင်း အားဖြင့် အဲဒီ့ထဲကတ၀က်ဟာ….အုပ်ချုပ်သူအမျိုးသားများရဲ့အမျိုးသမီး ( မုဆိုးမ ) ၊ နဲ့ သမီးတွေ သာ ဖြစ်ပါတယ်။

အမျိုးသမီး ကမ္ဘာကြီး

သတင်းခေတ်ကြီးမှာ အမျိုးသမီးများရဲ့ကဏ္ဍဟာ တဖြေးဖြေးနဲ့ကြီးမားလာပါပြီ။ ဘာလို့များ အမျိုးသမီးတွေဟာ ပိုမိုကောင်းမွန်အောင်မလုပ်နိုင်ရမှာလည်း?......... အတွေ့အကြုံအားနည်းမှု့၊ အခြေခံတာဝန်ယူ စောင့်ရှောက်တတ်မှု့၊ ခွဲခြားဆက်ဆံတတ်မှု့များ မှတဆင့် ကျားမ ကွာဟချက်များကို ရှင်းပြ အကူညီပေးဘို့ဖြစ်လာပါတယ်။ အစဉ်လာ
လမ်းကြောင်းများ၊ ယဉ်ကျေးမှု့များနဲ့ သူတို့ကို တွန်းအားပေးဘို့ တည်ဆောက် ဖန်တီးမှု့ များဟာ အဖွဲ့အစည်းများမှာ..
 အမျိုးသမီးများ ရဲ့ ကဏ္ဍခေါင်းဆောင်ပိုင်းနေရာမှာရှိနေနိုင်ဘို့… (သူတို့ရဲ့ကျွှမ်းကျင်ပိုင်နိုင်မှု့များကို သာမာန် အားဖြင့် မစွမ်းဆောင်နိုင်သလိုဖြစ်သွားပါလိမ့်မယ် ) ။

ဒီမိုကရက်စီ လူ့အဖွဲ့အစည်းများမှာတောင်မှ အမျိုးသမီးများဟာ အမျိုးသားများထက် လူမှု့စွန့်စားခန်း များနဲ့ကြုံတွေ့ရတတ်တယ် လို့သုတေသနတွေကဖော်ပြနေပါတယ်။ ဘာလို့လည်း ဆိုတော့….အမျိုးသားများဟာ အစဉ်လာအားဖြင့်ကို…
 အမျိုးသမီးများအပေါ် လွှမ်းမိုးချုပ်ကိုင် လိုတဲ့ သွင်ပြင်များက…. အရှိန်အဖြစ်ကျန်ရစ်နေဆဲမို့ပါ။ ဒီအတားအဆီးများ ကိုတော့ ကျော်ဖြတ်ရပါလိမ့်မယ်။ အမျိုးသားများ သာလျှင် အရာရာကို ဦးဆောင်ရမယ်ဆိုတဲ့… အစဉ်အလာ အတားအဆီးကြီး
က သတင်းခေတ်ကြီးမှာ ပုတ်သိုးဆွေးမြေ့နေပါပြီ။ ခေါင်းဆောင်များဟာ…. ပူးပေါင်း ပါဝင်ဆောင်ရွက် အားပေးရမဲ့အစား အမိန့်ဆန်ဆန်…
လုပ်ဆောင်မှု့များ ရှုမြင်သုံးသပ်ချက်များကို နည်းအောင် သုံးသပ်သင့်ပါတယ်။ အမာနဲ့ အပျော့ ကျွှမ်းကျွှမ်းကျင်ကျင် ကိုင်တွယ် အသုံးပြုခြင်းဟာ အမျိုးသားများ ရော အမျိုးသမီးများအတွက်ပါ အဆင်ပြေချောမွေ့စေပါတယ်။ အစဉ်အလာ
 လိင်ခွဲခြားခြင်းတွေနဲ့ အရာရာကို ဖုံးအုပ်မထားသင့်တော့ပါဘူး။ တချို့ပတ်ဝန်းကျင် အခြေနေတွေမှာ… အမျိုးသားများဟာ အမျိုးသမီးများရဲ့ စိတ်နေသဘာဝ ဆုံးဖြတ်ချက်များကဲ့သို့ပြုမူဆောင်ရွက် လုပ်ဆောင် သင့်ပါတယ်။ အမျိုးသမီးများ
 အတွက်ကလည်း ထိုနည်းတူစွာပါပဲ…
လိုအပ်လာလျှင် အမျိုးသားများ ကဲ့သို့ပြုမူ ဆောင်ရွက်ဘို့လိုအပ်ပါလိမ့်မယ်။

ကျနော်တို့ အနာဂါတ် ငြိမ်းချမ်းရေးနဲ့စစ်ပွဲတွေကို ရွေးချယ်ဘို့ အဓိကသော့ချက်ကတော့ လိင်ကွဲပြားမူ့ပေါ်မှာ အခြေမခံ တော့ပဲ…အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ခေါင်းဆောင်များဟာ လုပ်ပိုင်နိုင်ခွင့်အင်အား အပျော့ အမာများကို ဟန်ချက်ညီညီ ကိုင်တွယ် အသုံးချခြင်းဖြင့်… အကောင်းဆုံးနည်းဗျူဟာ များကို ချမှတ်သွားနိုင် ဘို့ပဲဖြစ်တယ်။ ပင်ကာ ပြောဆိုချက်တွေဟာ မှန်ပါတယ်။ ကမ္ဘာကြီးမှာ အကြမ်းဖျင်းအားဖြင့် အကြမ်းဖက်မူ့များ ကျဆင်းလာတယ်
 ဆိုတာဟာ…. တကယ်တော့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို မြှင့်တင်အားပေးခဲ့လို့ပဲဖြစ်ပါတယ်။


အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

22nd March 1982: British Conservative Prime Minister Margaret Thatcher with Indian premier Indira

Gandhi (1917 - 1984), outside 10 Downing Street. (Photo by Central Press/Getty Images) Getty
 Images



Posted: 26 Feb 2012 03:50 PM PST

(သမတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရသစ် တက်လာပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်နိုင်ပါ့မလားလို့ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတချို့က သံသယရှိပါတယ်။ ဘာကြောင့် အရပ်သားအစိုးရသစ်အပေါ် သံသယရှိရသလဲဆိုတာနဲ့ ပတ်သက်ပီး ဦးစိန်ကျော်လှိုင်က ခုလို အသေးစိတ် သုံးသပ်ထားပါတယ်)

အရပ်သားအစိုးရသစ်လက်ထက် ပြည်ထောင်စုဝန်ကြီး ၃၀ ကို ကြည့်ရင် အရပ်သားက ၄ ဦင်္းသာပါပီး ကျန်တာက ယူနီဖောင်း
ဝတ်တာ မ၀တ်တာသာ ကွာခြားပီး ဗိုလ်ချုပ်နဲ့ စစ်ဗိုလ်လူထွက်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုအစိုးရလို့ပြောနိုင်တဲ့ ပြည်ထောင်စုဝန်ကြီးအဖွဲ့ဟာ အရပ်သား ၁၃ ရာနှုန်းသာပါပီး စစ်သားက ၈၇ % ပါတဲ့ ၀န်ကြီးအဖွဲ့ ဖြစ်နေပါတယ်။

အရေးကြီးတဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၀န်ကြီးလုပ်သူက စစ်အစိုရလက်ထက် ကုန်သွယ်ရေးကို အောင်မြင်အောင် မလုပ်နိုင်ခဲ့တဲ့ စစ်ဗိုလ်လူထွက် ဦးတင်နိုင်သိန်းဖြစ်နေပါတယ် ကုန်သွယ်ရေးမှာ
 အရေးပါတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့် ကြည့်ပြန်တော့လဲ အရပ်သားဖြစ်နေပေမဲ့ ဆယ်တန်းမအောင်တဲ့သူ ဖြစ်နေပါတယ် ဘုရင့်နောင်ကုန်သည်တွေကတော့ ၀န်ကြီး ဦးဝင်းမြင့်ဟာ ၅တန်း၆တန်းလောက်
သာရှိသူလို့ အာအက်အေကို ပြောပါတယ်။

ခုလို စစ်ဗိုလ်လူထွက်နဲ့ ပညာရှင်မဟုတ်သူတွေက တိုင်းပြည်ရဲ အရေးပါတဲ့ စီးပွားရေးကို မကိုင်သင့်ဘူးလို့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွန့်က အာအက်အေကို ပြောပြပါတယ်

အရပ်သားအစိုးရဆိုပေမဲ့ ကျွမ်းကျင်တဲ့ ပညာတတ် အရပ်သားတွေကို တာဝန်ပေးဘို့ မယုံစားတဲ့ သမတဦးသိန်းစိန်အစိုးရ
အနေနဲ့ စီးပွားရေးကို နိုင်နိုင်နင်းနင်း မလုပ်နိုင်ဘူးလို့ မြင်တဲ့အဖွဲ့အစည်းတွေထဲမှာ လန်ဒန်မြို့ထုတ် နာမယ်ကျော် အီးအိုင်ယူ မဂ္ဂဇင်းနဲ့ အေဒီဘီ အာရှဖွံဖြိုးရေးဘဏ်စတဲ့ နိုင်ငံတကာအဖွဲ့တွေလဲပါဝင်ပါတယ်။

ဒါကြောင့်လဲ သမတ ဦးသိန်းစိန်အစိုးရဟာ စစ်အစိုးရကနေ အရပ်သားအစိုးရလို့ နာမယ်ပြောင်းထားတာ ဖြစ်တဲ့အတွက် အရည်အသွေးရှိတဲ့ စီးပွားရေးပေါ်လစီသစ်တွေ ချမှတ်ရာမှာ လတ်တလော တိုးတက်မှု မရှိနိုင်ဘူးလို့ လန်ဒန်မြို မတ်လထုတ်
အီးအိုင်ယူ မဂ္ဂဇင်းကြီးက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အလားတူဘဲ မြန်မာနိုင်ငံအနေနဲ့ စွမ်းဆောင်နိုင်စွမ်းရှိသလောက် ပေါက်ရောက်နိုင်ဘို့ဆိုရင် လက်ရှိအရပ်သား သမတ ဦးသိန်းစိန်အစိုးရသစ်အနေနဲ့ စီးပွားရေး ပြုပြင်မှုတွေ အများအပြားလုပ်ရမှာ ဖြစ်တယ်လို့ မကြာခင်က ထုတ်ပြန်တဲ့ အေဒီဘီ အာရှဖွံဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာမှာလဲ ဝေဖန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာအပိုင်းကို အေဒီဘီက ခန့်မှန်းရာမှာ မကြာခင်က တက်လာတဲ့ အရပ်သားအစိုးရဘက်
ကလဲ စီးပွားရေး ပြုပြင်မှုတွေ မှန်မှန်လုပ်လာမယ်-ရာသီဥတုကလဲ ပုံမှန်အနေအထားရှိမယ်လို့ ယူဆပီး ခန့်မှန်းထားတာဖြစ်ပါတယ်လို့ အေဒီဘီက အစီရင်ခံစာမှာ ၀န်ခံထားပါတယ်။

အရပ်သားအစိုးရသစ်လုပ်ရမဲ့ စီးပွားရေး ပြုပြင်မှုတွေထဲမှာ ရင်းနှီးမြုတ်နှံမှုဆိုင်ရာ အခြေအနေတွေ တိုးတက်အောင်
လုပ်ပေးရေး-လူမှုရေးနဲ့ အခြေခံအဆောက်အဦ တိုးချဲ့ရေးအတွက် ငွေရင်းထုတ်ပေးနိုင်တဲ့ အရင်းအမြစ်တွေ လုပ်ကိုင်ပေးရေး-
အစိုးရငွေလဲနှုန်းနဲ့ မှောင်ခိုငွေလဲနှုန်းကို ပေါင်းစည်းရေး-ဘဏ္ဍာရေးကဏ္ဍ တိုးတက်အောင် လုပ်ပေးရေး-မတ်ခရိုစီးပွားရေး စီမံခန့်ခွဲလုပ်ကိုင်မှု ခိုင်မာစေရေး-လယ်ယာနဲ့ ကုန်သွယ်ရေးကို လွတ်လပ်ခွင့်ပေးရေးစတဲ့အချက်တွေ ဖြစ်တယ်လို့ အေဒီဘီက အကြံပေးထားပါတယ် ဒီအကြံပေးချက်တွေကို ဦးသိန်းစိန်အစိုးရဘက်က ဘယ်လောက် လိုက်နာနိုင်မလဲဆိုတာလဲ
 အစိုးရသစ်အတွက် စိန်ခေါ်နေတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

၃နှစ်အတွင်း စီမံကိန်းသစ်တွေ စတင်မလည်ပတ်ခင် ဓါတ်ငွေထုတ်လုပ်မှုက ပုံမှန်အတိုင်း ရှိနေမှာဖြစ်ပေမဲ့ ထိုင်းနိုင်ငံရဲ့
လိုအပ်ချက် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းစတဲ့အချက်တွေကြောင့် ဓါတ်ငွေ့ ပြည်ပပို့တဲ့ဈေးက မြင့်တက်လာစရာရှိပါတယ် ဒါပေမဲ့ ဓါတ်ငွေ့ရောင်းလို့ရတဲ့ငွေကို တရားဝင် တဒေါ်လာ ၆ ကျပ်နှုန်းနဲ့ တွက်တဲံ့အတွက် စီးပွားရေးတိုးတက်မှု ဂျီဒီပီကို သိပ်ပီး အထောက်အပံ့ဖြစ်မှာမဟုတ်ဘူးလို့ အေဒီဘီက ယူဆပါတယ် ဒါကြောင့် ဒီအချက်တွေကို ခြုံတွက်ရင် လာမဲ့ ၂ နှစ်အတွင်း
 မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုက ၅.၅%ထိသာ တိုးနိုင်တယ်လို့ အေဒီဘီက မှန်းပါတယ်။

လာမဲ့ ၂နှစ်အတွင်း မြန်မာနိုင်ငံ ငွေဖောင်းပွမှုကလဲ ပြည်တွင်းလိုအပ်ချက် များလာတဲ့အချက် ကမ္ဘာ့လောင်စာဈေး
 အစားအစာဈေးတွေ တက်လာမဲ့ အချက်တွေနဲ့အညီ ၈%ထိ တိုးလာမယ်လို့ မှန်းထားပါတယ်။

ဓါတ်ငွေ့ရောင်းရငွေကြောင့် တိုင်းပြည်ရဲ့ အရံနိုင်ငံခြားငွေ တိုးလာစေပေမဲ့ တရားဝင်ငွေလဲနှုန်းကြောင့် စီးပွားရေးတိုးတက်မှု
 ဂျီဒီပီကို သိပ်ပီး အထောက်အပံ့ဖြစ်မှာမဟုတ်ဘူးလို့ အေဒီဘီက ပြောပါတယ် ဓါတ်ငွေ့ရောင်းရငွေကိုသာ မှောင်ခိုဈေး ငွေလဲနှုန်းနဲ့တွက်ရင် အစိုးရအခွန်တော်ငွေ တက်လာမှာဖြစ်သလို ကျန်းမာရေး
ပညာရေး အသုံးစရိတ်တွေလဲ မြင့်တက်လာမှာ ဖြစ်ပါတယ်။

ယူနက်စကိုစတဲ့ ကုလအဖွဲ့အစည်းတွေရဲ့ တွက်ချက်မှုအရ မြန်မာအစိုးရဟာ ပီးခဲ့တဲ့ နှစ်တွေအတွင်း ပညာရေးအတွက်
ဂျီဒီပီရဲ့ ၁.၃% သာ သုံးခဲ့ပါတယ်လို့ မကြာခင်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လု့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ
ကင်တားနားရဲ့ အစီရင်ခံစာမှာလဲ ဖော်ပြထားပါတယ်။

မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာမှာ ဆက်ပြောတာက မြန်မာစစ်အစိုးရ ထုတ်ပြန်ချက်အရ ၂၀၀၂ ခုနှစ်မှာ မူလတန်း
ပညာရေးအတွက် အသုံးစရိတ်ကို ဂျီဒီပီရဲ့ ၀.၄% သာ သုံးခဲ့တယ်။ အရှေအာရှနဲ့ ပစိဖိတ်နိုင်ငံတွေမှာ ပညာရေးအတွက်
 ပျမ်းမျှ ဂျီဒီပီရဲံ ၂.၅ % သုံးနိုင်တယ်ဆိုတာတောင် မြန်မာအစိုးရထက် ၃ဆ ပိုပီး ပညာရေးအတွက် သုံးထားတယ်လို့ ကင်တားနားက ထောက်ပြပါတယ်။



သောတရှင်များခင်ဗျား

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုဝန်ကြီးသစ် ဒေါက်တာကံဇော်အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး
တိုးတက်မှု ဂျီဒီပီ ရာနှုန်းကို အေဒီဘီ အီးအိုင်ယူတို့ ထောက်ပြသလို ဂဏန်းတလုံးဘဲ အမှန်အတိုင်းတွက်ပေးမလား ဂျီဒီပီကို
ဂဏန်း ၂လုံးအမြဲပြခဲ့တဲ့ စစ်အစိုးရ လမ်းစဉ်လိုက်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်းပါခင်ဗျား။

(အာအက်အေ ဦးစိန်ကျော်လှိုင်၏ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)

Posted: 26 Feb 2012 03:44 PM PST
လူငယ်နှင့်အားလပ်ရက်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲ ဖိတ်ကြားလွှာ၊ လူငယ်နှင့်အားလပ်ရက်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို
၂၉ ရက် ဖေဖေါ်ဝါရီလ ဗုဒ္ဓဟူးနေ့တွင် တော်ဝင်နှင်းဆီ သီရိခန်းမတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများက ဦးစီးကျင်းပမည်ဖြစ်ပါသောကြောင့် ဒီဖိတ်စာကိုဖတ်လိုက်ရသူတိုင်းတက်ရောက်နိုင်ပါကြောင်းဖိတ်ကြားလိုက်ရပါသည်။ ကျင်းပမည့်အချိန်မှာ နံနက် ၉ နာရီမှ ၁၂ နာရီအထိဖြစ်ပြီး ဆရာဦးအောင်သင်းမှ ဟောပြောဆွေးနွေးများဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။



Posted: 26 Feb 2012 08:41 AM PST



News and Information Department of NLD

Posted: 26 Feb 2012 08:21 AM PST

" ရပ်ကွက် သို.မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ" ကို ၂၄ ရက် နေ ဖေဖော်ဝါရီ.က ပြဌာန်းလိုက် ပါတယ်။

Posted: 26 Feb 2012 07:45 AM PST
လာမည့် မတ်လဆန်း ၃၊ ၄ ရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ စည်းရုံးရေး ခရီးစဉ် အဖြစ်လာရောက်
သည့်အခါ ခမ်းနားစွာကြိုဆိုရန် အန်အယ်လ်ဒီပါတီ ထောက်ခံသူများနှင့် မန္တလေးမြို့ခံများ၊က စီစဉ်လျှက်ရှိကြသည်ဟု
မန္တလေးမြိ့မှ သတင်းထောက် တဦးကပြောသည်။
...
၎င်းက "ထားဝယ်ထက်သာအောင် ကြိုဖို့ပြင်ဆင်နေကြတယ်။ သင်္ကြန်ခါ မြို့မတေးဂီတအဖွဲ့က ငွေငန်းနဲ့ အလှပြယာဉ်ထွက်
သလို အခုခွပ်ဒေါင်းရုပ် နဲ့ကြိုဖို့ပြင်နေကြတယ်။
ဟောပြောမယ့်နေရာကတော့ ၅၁ လမ်းနဲ့ ၅၂ လမ်းကြားက မြေကွက်လပ်မှာ ဖြစ်မယ်။ လူ ၇ သောင်းလောက်ဆန့်မယ်လို့ ခန့်မှန်းထားတယ်" ဟုပြောသည်။

မန္တလေးလူထုကဗိုလ်ချုပ်အောင်ဆန်းပုံ ပါသည့် တီရှပ်၊ အန်အလ်လ်ဒီအလံ၊ စသည်တို့ကို ၀ယ်ယူလျှက်ရှိရာ ရောင်းမလောက်အောင် ဖြစ်နေသည်ဟုလည်း မန္တလေးအန်အယ်လ်ဒီပါတီ တာဝန်ရှိသူများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မန္တလေး မြိ့ရောက်ရှိစဉ်အတွင်း ၄ ရက်နေ့၌ မဟာမြတ်မုနိဘုရားကြီး ဖူးမြှော်မည်ဖြစ်၍ ၅ ရက်နေ့တွင် တံတားဦး၊ မြင်းခြံ၊ နွားထိုးကြီးတို့သို့ ဆက်လက်ထွက်ခွာကာ ၎င်းနောက်တွင် မိတ္ထီလာ မြို့သို့ဆက်လက်သွားရောက်မည်ဟု
သိရှိရသည်။ (YPI)

ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးမှ ရွှေခွပ်ဒေါင်းဖြင့် ကြိုမည်(The Voice Weekly)

မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော် မန္တလေးသို့ မတ်လ ၃ ရက်နေ့တွင် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏
 ခရီးစဉ်တွင် မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့က အရှည် ရှစ်ပေကျော်ရှိ
 ရွှေခွပ်ဒေါင်းရုပ်ဖြင့် ကြိုဆိုမည် ဖြစ်ကြောင်း တိုင်းပြန်ကြားရေး တာဝန်ခံ ဦးမျိုးနိုင်က ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ အတွက် နိုင်ငံအနှံ့ စည်းရုံးရေးခရီး လှည့်လည်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်
 ခရီးစဉ် အပြီး တစ်ပတ်ကျော် အကြာတွင် မန္တလေးတိုင်း ဒေသကြီးသို့ လာရောက်မည် ဖြစ်ပြီး ထိုမှတဆင့် မိတ္ထီလာ၊
ပဲခူးမြို့များသို့ ခရီးလှည့်လည်မည် ဖြစ်သည်။

Posted: 26 Feb 2012 06:02 AM PST
သုံးခွမြို့နယ်
 NLD ကိုယ်စားလှယ်လောင်း ဒေါ်စုစုလွင် (ယခင်အန်အယ်လ်ဒီ အတွင်းရေးမှူး ဦးလွင်၏ သမီး(Photo..YPI)








 
သိပ်ပြီးကတိတွေပေးတဲ့ အဖွဲ့ဆို ယုံကိုမယုံပါနဲ့။ ချော့ပြီးမဲတောင်း၊ ခြောက်ပြီး ...မဲတောင်းလို့ရှိရင်လည်းမကြောက်ပါနဲ့။ ခြောက်ရင်ကြောက်ချင်ယောင်ဆောင်လိုက်ပါ။ ပြီးသွားတာပေါ့။ သိပ်ပြီး အားတွေမသုံးစေချင်ပါဘူး"" ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ၂၆.၂.၂၀၁၂ ညနေပိုင်းတွင် သုံးခွမြို့ပြင်
လယ်ကွင်းအတွင်း လူထု နှစ်သောင်းကျော်အား ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရမ်းသုံးခွ ခရီးစဉ်ကြောင့် သန်လျှင် ၊ သုံးခွ ၊ခရမ်း မြို့များအား လျှပ်စစ်မီးများ
 ဖြတ်တောက်ထားပါတယ်...
Photo.Theinzawlatt,AP

You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment