Monday 25 June 2012





မြန်မာပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်မှ မှတ်သားစရာမိန့်ခွန်းများနှင့်ပတ်သတ်၍ သူတို့၏အမြင်များ

Posted: 24 Jun 2012 09:26 AM PDT


ပါဝင်ဆွေးနွေးသူများ..ဒေါက်တာဝင်းနိုင် NLD-LA(UK), ဦးမင်းလွင်ဦး၊ဦးညွန့်သန်း
Rfa မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်..


ယူကေ နိုင်ငံရောက် သံဃာတော်များ နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သို့ ၀န်ချတောင်းပန်ခြင်း..

Posted: 24 Jun 2012 08:51 AM PDT


ကျွန်တော် လူရွှင်တော်ဇာဂနာနှင့် လူရွင်တော်ထိန်ထိန် တို့သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ယူကေနိုင်ငံခရီးစဉ် အတွင်း ဇွန်လ ၂၂ရက် Royal Festival Hall တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ယူကေနိုင်ငံရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် အခမ်းအနားမှူးများ အဖြစ်ဆောင်ရွက်ရန် တွေ့ဆုံပွဲဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ပေးချက်အရ ဆောင်ရွက်ခဲ့ကြပါသည်။

ထိုနေ့ အခမ်းအနား အစီအစဉ်ကျင်းပနေစဉ် ကျွန်တော်တို့ မျော်လင့်မထားမိသော စင်မြင့် အခြေအနေ အစီအစဉ်အတွင်း အချိန်ကိုက်စီစဉ်ထားမှုထဲမှ လွဲချော်မှုများကြောင့် ထိုနေ့ အခမ်းအနား အစီအစဉ်တွင် ကြိုတင်စီစဉ်ထားသည့် အရေးအကြီးဆုံး အစီအစဉ် တခုဖြစ်သည့် ယူကေနိုင်ငံတွင် သီတင်းသုံးနေကြသော ရဟန်းတော်များမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အန္တရာယ် ကင်းရှင်းကာ နိုင်ငံအကျိုးကို ဆထက်တပိုး သည်ပိုး ထမ်းဆောင်အောင်မြင်ပါမည့် အကြောင်း ဆုမွန်ကောင်းများ ပို့သမည့်အပြင် လန်ဒန်မြို့ သာသနာရံသီ ဆရာတော်ဦးဥတ္တရမှ ယူကေနိုင်ငံရောက် မိသားစုအားလုံး၏ကိုယ်စား ကြိုဆိုနှုတ်ဆက်စကား ပြောကြားမည့် အစီအစဉ်ကို ထည့်သွင်းကြေညာရန် ပျက်ကွက်ခဲ့ပါသည်။

ထိုသို့ပျက်ကွက်ခဲ့သည့် ကိစ္စအတွက် ဘာသာရေးရှူဒေါင့်မှ လည်းကောင်း၊ နိုင်ငံရေးရှုဒေါင့်မှ လည်းကောင်း မတင့်မတယ် ဖြစ်ခဲ့ရခြင်းအပေါ်တွင် လည်းကောင်း သံဃာတော်များနှင့် ဒကာ၊ ဒကာမများ စိတ်နှလုံး မချမ်းမမြေ့ ဖြစ်ခဲ့ရခြင်း အပေါ်တွင်လည်းကောင်း ခွင့်လွတ်ပေးပါရန် ရိုသေစွာဖြင့် ၀န်ချ တောင်းပန်အပ်ပါသည် ဘုရား။

ထို့အပြင် ကျွန်တော်တို့အား အနုပညာဖျော်ဖြေတင်ဆက်မှုနှင့် အစီအစဉ်တရပ်လုံး ချောမွေ့ အောင် ဆောင်ရွက်ရေးအတွက် ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခဲ့သည့် ဖြစ်မြောက်ရေး ကော်မီတီဝင်များ ဖြစ်သော ဆရာတော်ဦးဥတ္တရ၊ ဒေါက်တာဝင်းနိုင် NLD-LA(UK) ကိုအောင် (နိုင်ငံရေးအကျဉ်းသားဟောင်း) ကိုခွန်စိုင်း (နိုင်ငံရေးအကျဉ်းသားဟောင်း) ကိုမောင်မောင်အောင် (၁၉၉၀ပန်းပဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်) ကိုဇော်ဇော်အောင် (နိုင်ငံရေးအကျဉ်းသားဟောင်း) ကိုအောင်ကြီး (နိုင်ငံရေးအကျဉ်းသားဟောင်း) တို့အားလည်းကောင်း Prosept Burma ပညာရေးရံပုံငွေ အဖွဲ့အားလည်းကောင်း မိမိတို့၏ ချွတ်ချော်တိမ်းပါးမှုကြောင့် ပါဝင်ဆောင်ရွက်ခဲ့သူများ စိတ်မသက်မသာ ဖြစ်ခဲ့ရခြင်းအပေါ်တွင် အနူးအညွတ် တောင်းပန်အပ်ပါသည်ခင်ဗျား။

လူရွှင်တော်ဇာဂနာ၊ လူရွှင်တော်ထိန်ထိန်

(၂၄.၀၆.၂၀၁၂)

http://www.facebook.com/photo.php?fbid=125172794289396&set=a.125172567622752.21809.100003900290407&type=3&theater


ဒီလှိုင်း စာစောင် အတွဲ(၁) ၊ အမှတ် (၂၂)

Posted: 24 Jun 2012 08:24 AM PDT





dwave


ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် Generation Wave (မျိုးဆက်သစ် လူငယ်များ) တွေ့ဆုံ

Posted: 24 Jun 2012 07:53 AM PDT




ပြည်ထောင်စုဖွားညီအကိုမောင်နှမများခင်ဗျား

ယနေ့ ၂၄ရက် ဇွန်လ ၂၀၁၂ တနင်္ဂနွေနေ့တွင် Generation Wave (မျိုးဆက်သစ် လူငယ်များ) မှခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့သည့် ဓါတ်ပုံများကိုမျှဝေလိုက်ပါသည်။ သိရှိလိုသည့်အချက်များရှိပါက
ကိုမင်းရန်နိုင် ၀၉ ၅၁၅၅၃၉
ကိုဘိုဘို ၀၉ ၄၂၁၀၈၇၉၉၂
ကိုမိုဃ်းသွေး ၀၉ ၄၂၁၀၈၇၉၉၃
မဘုတ်ဘုတ် ၀၉ ၄၃၁၁၈၉၇၇
ဖုန်းနံပါတ်များသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အဖွဲ့လိုက်ဓါတ်ပုံတွင်ပါဝင်သူများ၊
ဦးလှမောင်ရွှေ၊ ဘုတ်ဘုတ်၊ မိုဃ်းသွေး၊ ဦးအောင်မင်း၊ မင်းရန်နိုင်၊ ဘိုဘို၊ ဦးတင်မောင်သန်း

လေးစားစွာဖြင့်
မိုဃ်းသွေး
Dear all

We,Generation Wave met with Minister U Aung Min (Member of Peace Process Working Committee)
today, June 24, 2012 Sunday. We discussed about ongoing Peace Process. If you have further more questions,
please contact us with following phone numbers.

In Group Photo: Left to right,
U Hla Maung Shwe, Bote Bote,Moe Thway, U Aung Min, Min Yan Naing, Bo Bo, U Tin Maung Than.


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment