Sunday 1 June 2014
ရှမ်းပြည်နယ် တောင်ပိုင်း မိုးနဲမြို့ တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သော မိန့်ခွန်းအပြည့်အစုံ နှင့် ဓါတ်ပုံများ…
ရှမ်းပြည်နယ် တောင်ပိုင်း မိုးနဲမြို့ တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သော မိန့်ခွန်းအပြည့်အစုံ နှင့် ဓါတ်ပုံများ…
၂၅-၁-၂၀၁၄ (စနေနေ့ မနက် ၁၁ နာရီ ၄၅ မိနစ်) 
ကျွန်မတို့ရဲ့ တွေ့ ဆုံပွဲကိုလာပြီးတော့ အားပေးတဲ့ ကြိုဆိုတဲ့ ပြည်သူလူထု အား
လုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မအနေနဲ့  ဒီဒေသခံ ဘာသာစကားနဲ့ မပြောတတ်လို့လဲ
တောင်းပန်ပါတယ်၊ မိုင်းဆုန်းခ တော့ ပြောတတ်တယ်၊ ကျန်တာတော့ မပြောတတ်ဘူး။
အဲ့ဒီလောက်ပဲ ပြောတတ်လို့ တောင်းပန်ပါတယ်၊ ဒါပေမယ့် အဲ့ဒီလို စဉ်းစားတဲ့အခါမှာ
ကျွန်မတို့ နိုင်ငံက ကြည့်လို့ ရှိရင် အင်မတန်မှ ချမ်းသာတဲ့ နိုင်ငံပါ၊ ချမ်းသာတဲ့ နိုင်ငံဆို
တာက ကျွန်မ တခြားလူတွေ ပြောသလို သယံဇာတ ပစ္စည်းတွေကို ပြောနေတာ မဟုတ်
ပါဘူး၊ ကျွန်မတို့ရဲ့ သတ္တုတွေ၊ ကျွန်မတို့ ရဲ့ ကျောက်သံပတ္တမြားတွေ၊ သဘာဝဓာတ်ငွေ့ 
တွေကို ပြောနေတာ မဟုတ်ပါဘူး။ ကျွန်မတို့ ဟာ တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှု စုံ
လင်မှု့ အရ အင်မတန်မှ ချမ်းသာတဲ့ နိုင်ငံပါ၊
ကြိုဆို နှုတ်ဆက်ကြသော တိုင်းရင်းသူများ...
ကြိုဆို နှုတ်ဆက်ကြသော တိုင်းရင်းသူများ…
အခု ဒီမနက်ဆိုလို့ ရှိရင် နမ့်စန်က ထွက်လာတဲ့လမ်း ဒီလမ်းတိုတိုပေါ့နော် နမ့်
စန်က မိုးနဲ ဆိုတော့ ဒီလောက် ဝေးတဲ့ခရီးမဟုတ်ပါဘူး။ ဒါပေမယ့် ဒီခရီးတို အတွင်းမှာ
ဆိုရင်တောင်မှ တိုင်းရင်းသားပေါင်းစုံ၊ အင်မတန် မှ လှပတဲ့ဝတ်စုံ ပေါင်းစုံကို ကျွန်မတို့ 
တွေ့ ရတယ်၊ ဒါဟာ ကျွန်မတို့ ရဲ့ အင်အားပဲ၊ ကျွန်မတို့  နိုင်ငံထဲမှာ ဘာသာ အမျိုးမျိုး
ယဉ်ကျေးမှု အမျိုးမျိုး၊ တိုင်းရင်းသား အမျိုးမျိုးရှိတယ်ဆိုတာ၊ တကယ်တော့ အင်အားပဲ၊
ဒါပေမယ့် အင်အားဆိုတာ မှန်မှန်ကန်ကန် သုံးမှ အကျိုးပေးတယ်။ အင်အားဆိုတာ မ
မှန်မကန်တဲ့ နည်းနဲ့သုံးရင် အကျိုးမပေးဘူး။ ကျွန်မတို့ ရဲ့ အင်အား၊ ကျွန်မတို့ရဲ့ စုံလင်
တဲ့ ဘာသာတွေ ဘာသာစကား တွေ၊ ယဉ်ကျေးမှုတွေ၊ များပြားလှတဲ့ မတူတဲ့အမြင်တွေ
ဟာ တကယ်တော့ အင်အားဖြစ်နိုင်တယ်၊ ဒါတွေကို စုပေါင်းပြီးတော့ အဲ့ဒီထဲက အ
ကောင်းဆုံးတွေကို ကျွန်မတို့ ယူမယ်ဆိုရင် ဒါအင်အားပဲ၊
ကားလမ်းဘေးမှ စောင့်ဆိုင်းကြိုဆိုကပြသော တိုင်းရင်းသားအက ကို ကားပေါ်မှ ကြည့်ရှု့နေစဉ်...
ကားလမ်းဘေးမှ စောင့်ဆိုင်းကြိုဆိုကပြသော တိုင်းရင်းသားအက ကို ကားပေါ်မှ ကြည့်ရှု့နေစဉ်…
ဒါပေမယ့် ဒီ မတူတာတွေပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့ အချင်းချင်း ရန်ဖြစ်
မယ်ဆိုလို့ ရှိရင် ဒါ အင်အား မဟုတ်တော့ဘူး၊ ဒါ အန္တရာယ်ဖြစ်လာတယ်၊ ကျွန်မတို့ အ
တွက် ထိခိုက်စရာဖြစ်လာတယ်၊ ဒါကြောင့်မို့ လို့  ကျွန်မတို့ ရဲ့ နိုင်ငံဟာ တိုင်းရင်းသား
ပေါင်းစုံနဲ့ ထူထောင်ထားတဲ့ ပြည်ထောင်စု ဖြစ်တဲ့ လျောက် သိပ်ပြီးတော့ ညီညွတ်ဖို့ လို
ပါတယ်၊ ညီညွတ်ရေး ရဖို့ ဆိုတာလဲ မလွယ်ပါဘူး။ ဘာဖြစ်လို့  လဲဆိုတော့ ကျွန်မတို့ 
မိတ်ဆွေ အချင်းချင်းတောင်မှ မိသားစုတစ်စု တည်းတောင်မှ သဘောချင်းမတူတာတွေ
ရှိတယ်၊ မတူတဲ့ အခါကျတော့ ကျွန်မတို့ ညီညွတ်မှု မရဘူး။
အမေအို တို့ စောင့်ဆိုင်းနှုတ်ဆက်...
အမေအို တို့ စောင့်ဆိုင်းနှုတ်ဆက်…
ဘာမဟုတ်တဲ့ အရေးမကြီးတဲ့ မနက်ဖြန် အိမ်မှာ ဘာဟင်းချက်စားမလဲ ဆိုတဲ့
ကိစ္စတောင်မှ တခါတလေ မိသားစု အချင်းချင်း၊ သားသမီး အချင်းချင်း ရန်ဖြစ်ကြတယ်၊
တစ်ယောက်က တစ်မျိုး စားချင်တယ်၊ တစ်ယောက်က တစ်မျိုးစားချင်တယ်၊ ဟင်းက
လဲ ဒီတစ်မျိုးပဲ ချက်နိုင်မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် သဘောမတူပဲ ရန်ဖြစ်
ကြတာတွေရှိကြတယ်။ တစ်ချို့ ကျတော့ တစ်ချို့ မိသားစုတွေ ကျတော့၊ ဒီဟာတွေဟာ
မလိုအပ်ဘူးဆိုတာ နားလည်တယ်၊ ဒီနေ့ ဟင်းတစ်မျိုးချက်မယ်၊ နောက်နေ့  ဟင်းတစ်
မျိုး၊ သူနေ့ နဲ့ သူ သူဘာသာဆုံးဖြတ်၊ ဒီနေ့ဆိုလို့ ရှိရင် ကလေးအကြီးကို ဆုံးဖြတ်ပိုင်ခွင့်
ပေးမယ်၊ ကလေးအကြီး ဘာစားချင်လဲ ချက်ပေးမယ်၊ နောက်တစ်နေ့ ကျရင် အလတ်
စားချင်တာ ချက်ပေးမယ်၊ နောက်တစ်နေ့ကျ အငယ်စားချင်တာ ချက်မယ်၊ စသဖြင့် ပြေ
လည်အောင်လုပ်လို့ ရတယ်၊ အဲ့ဒီလို ပြေလည်အောင်လုပ်လို့  ရတဲ့ဟာမှာ အားလုံးအ
တွက်လဲ အကျိုးရှိတယ် ဟင်းပေါင်းစုံသွားတာပေါ့၊ နောက်မို့  လို့ ရှိရင် တစ်ယောက်ထဲ
ကနေပြီးတော့ သူ့  သဘောအရ သူ ကြိုက်တာပဲ ချက်နေမယ်ဆိုရင် ဟင်းတစ်မျိုးပဲ နေ့ 
တိုင်းနေ့ တိုင်း စားနေရတဲ့ အခါကျတော့ ငြီးငွေ့  တာသက်သက်ပေါ့၊ အဟာရလည်း မ
ပြည့်စုံဘူး။ အဲ့ဒီတော့ ကျွန်မတို့ အတွက် ဆုံးရှုံးတယ်၊
ဒေသခံတို့၏ လက်ဆောင် ချယ်ရီပန်း...
ဒေသခံတို့၏ လက်ဆောင် ချယ်ရီပန်း…
ဒီလိုပဲ ကျွန်မတို့ နိုင်ငံမှာဆိုလို့ ရှိရင် ကျွန်မတို့ ဗမာတွေဟာ လူများစုဖြစ်တယ်၊
ဒါပေမယ့် ဘယ်နေရာသွားသွား၊ ဘယ်မှာပဲ ကြည့်ကြည့်၊ ဗမာတွေရဲ့ စိတ်ဆန္ဒ အရပဲ
လုပ်မယ်ဆိုလို့ ရှိရင် ကျွန်မတို့ နိုင်ငံအတွက် မသင့်တော်ဘူး။ ကျွန်မတို့ အားလုံးဟာ
ညီမျှမှုရှိရမယ် ဒီ တန်းတူညီမျှမှုရှိမှသာလျှင်၊ ကျွန်မတို့ နိုင်ငံဟာ ညီညွတ်နိုင်မှာ၊ တန်း
ညီညွတ်မှလည်း ချမ်းသာနိုင်မယ်၊ အဲ့ဒီတော့ ချမ်းသာဖို့ ဆို လို့  ရှိရင် တန်းတူညီမျှမှု ရ
အောင်ဘယ်လို လုပ်လို့ ရမလဲဆိုတော့ အခြေခံအားဖြင့် အခြေခံဥပဒေအရ ကျွန်မတို့ 
အားလုံးကို တန်းတူညီမျှမှုပေးရမယ်၊ အားလုံးကို တန်းတူညီမျှမှုပေးတဲ့ ဖွဲ့ စည်းပုံအခြေ
ခံဥပဒေ တစ်ခုကို ကျွန်မတို့ ရေးဆွဲရမယ်။ ဒီတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့  ပက်သက်
လို့ ၊ တချို့ကပြောတယ် မပြင်ပေးရင် ဘယ်နှယ့် လုပ်မလဲလို့ ပြောကြတယ်၊ မေးကြ
တယ်၊ အဲ့ဒီတော့ ကျွန်မ အမြဲပြောတယ်၊
လူထုခေါင်းဆောင်မှ ဒေသခံတို့၏ ပေးသော ချယ်ရီပန်းအား လက်ခံနေစဉ်
လူထုခေါင်းဆောင်မှ ဒေသခံတို့၏ ပေးသော ချယ်ရီပန်းအား လက်ခံနေစဉ်
ညီညွှတ်စွာ စောင့်ဆိုင်းကြသော ဒေသခံများ...
ညီညွှတ်စွာ စောင့်ဆိုင်းကြသော ဒေသခံများ…
တကယ်တော့ ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုတာဟာ၊ စာတမ်းတစ်ခုပါပဲ၊ လူတစ်
စုက ပြုထားတဲ့ စာတမ်းတစ်ခုပါပဲ၊ ကျွန်မတို့ရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကလည်း၊ စော
စောက ရှင်းပြသလိုပဲ လူတစ်စုကနေ ရေးဆွဲပြီးတော့ ပြည်သူလူထုကနေ တကယ့်စစ်မှန်
တဲ့ ဆန္ဒမပါပဲနဲ့ အတည်ပြုခဲ့တာပဲ၊ ဒါကြောင့် ကျွန်မတို့ အနေနဲ့ ဒါကို မပြောင်းနိုင်စရာ
အကြောင်း ဘာမှမရှိဘူး။ သို့ သော်ငြားလည်း ကျွန်မတို့ က အေးအေးချမ်းချမ်းနဲ့ ပြောင်း
ချင်တယ်။ ကျွန်မတို့  အမျိုးသားရင်ကြားစေ့ရေး ဆိုတဲ့မူပေါ်မှာအခြေခံပြီးတော့ ပြောင်း
ချင်တယ်။ အဲ့ဒီတော့ အမျိုးသားရင်ကြားစေ့ရေး ဆိုတာကို ကျွန်မ နဲနဲလေး ရှင်းပြပါရစေ၊
ကျွန်မတို့  ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စပြီးတော့ ထူထောင်ကတည်း
က ကျွန်မတို့ က အမျိုးသားရင်ကြားစေ့ရေးကို အရေးတကြီး ပန်းတိုင်တစ်ခုအနေနဲ့ ကျွန်
မတို့ လက်ခံခဲ့တယ်၊
ရင်သွေးများချီ၊ စာတန်းများကိုင်ကာ ထောက်ခံကြိုဆိုကြသည်...
ရင်သွေးများချီ၊ စာတန်းများကိုင်ကာ ထောက်ခံကြိုဆိုကြသည်…
တိုင်းရင်းသူများ၏ အလယ်တွင်...
တိုင်းရင်းသူများ၏ အလယ်တွင်…
ဘာဖြစ်လို့  အမျိုးသားရင်ကြားစေ့ရေးလို့ ပြောရလဲဆိုတော့ အဲ့ဒီတုန်းကဆိုလို့
ရှိရင် အုပ်ချုပ်တဲ့ အစိုးရနဲ့  ပြည်သူတွေကြားမှာ စိတ်ဝမ်းကွဲနေတယ်၊ တပ်မတော်နဲ့  အ
ရပ်သားတွေကြားမှာ စိတ်ဝမ်းကွဲနေတယ်၊ ကျွန်မတို့ တိုင်းရင်းသားတွေ အချင်းချင်းကြား
မှာလဲ စိတ်ဝမ်းကွဲနေတယ်၊ ဒီလို စိတ်ဝမ်းကွဲမှုတွေ အားလုံးကို ပြန်ပြီးတော့ ပြေလည်
အောင်လို့  ရင်ကြားစေ့ရေးလုပ်မှ ကျွန်မတို့ နိုင်ငံဟာ ရှေ့ ဆက်ပြီးတော့တိုးတက်နိုင်မယ်
ချမ်းသာနိုင်မယ် ဆိုတာဟာ စဉ်းစားလို့ ရှိရင် လူတိုင်း နားလည်နိုင်ပါတယ်၊ ဒါဟာလွယ်
လွယ်လေးပါ၊ ကျွန်မတို့ အချင်းချင်း မညီညွတ်လို့ရှိရင် ဘယ်လိုမှ မတိုးတက်နိုင်ဘူး၊
ကျွန်မတို့ ဘယ်လောက်ပဲ ချမ်းသာတဲ့ နိုင်ငံလို့ ပြောပြော၊ ပြည်သူလူထုက ကိုယ်ဆင်းရဲ
စိတ်ဆင်းရဲ နဲ့ နေရလိမ့်မယ်၊ ဒါကြောင့် ကျွန်မတို့ ဟာ ငြိမ်းချမ်းဖို့ လိုတယ်၊ ငြိမ်းချမ်းမှ
ပြည်သူတွေဟာ လုံခြုံ မှုရှိမယ်၊ လုံခြုံမှုရှိမှ မကြောက်မရွံ နဲ့ နေနိုင်မယ်၊ ကြောက် ရွံ့ ပြီး
နေရတဲ့ ဘဝဆိုတာက အင်မတန်မှ ပူလောင်ပါတယ်၊
အမျိုးသားရင်ကြားစေ့ရေးကို အဓိကထားကြောင်း မိန့်ကြား...
အမျိုးသားရင်ကြားစေ့ရေးကို အဓိကထားကြောင်း မိန့်ကြား…
ကျွန်မတို့ ရှမ်းပြည်နယ်က ပြည်သူလူထုဆိုလို့ ရှိရင် ပြည်တွင်းစစ်ရဲ့ ဒဏ်တွေ
ကို ခံခဲ့ရတဲ့ ပြည်သူလူထုပါ၊ အေးအေးချမ်းချမ်း မနေရလို့ လုံလုံခြုံခြုံ မနေရလို့ ၊ဘယ်လို
ဒုက္ခတွေ ဖြစ်ခဲ့တယ် ဆိုတာကို ကျွန်မတို့ ထက် အများကြီး ပိုပြီးတော့ ဒီပြည်နယ်က
လူထုက သိပါတယ်။ အဲ့ဒါကြောင့်မို့ လို့  ဒီဒုက္ခတွေ ပပျောက်သွားအောင်လို့  ကျွန်မတို
စပြီးတော့ ခြေလှမ်းတွေ လှမ်းရတော့မယ်။ အခုငြိမ်းချမ်းရေး စကားတွေပြောနေကြတယ်၊
ငြိမ်းချမ်းရဖို့ ကြိုးစားနေကြတယ်၊ ဒါပေမယ့် ဘယ်လိုပဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်
လုပ်၊ ဘယ်လိုပဲ သဘောတူညီမှုတွေရှိရှိ၊ ဒီနိုင်ငံဟာ ဆက်ပြီးတော့ ငြိမ်းချမ်း ဖို့ ဆိုလို့ ရှိ
ရင် ဒီနိုင်ငံရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ ကျွန်မတို့  ပြည်ထောင်စုသားအများစုက လက်
ခံနိုင်တဲ့ ဥပဒေတစ်ခုလဲ ဖြစ်ရမယ်၊ အများစုကလက်မခံနိုင်တဲ့ ဥပဒေမျိုးဆိုလို့ ရှိရင် ဘယ်
လိုမှ ကျွန်မတို့ နိုင်ငံကို တည်ငြိမ်မှုပေး နိုင်မှာ မဟုတ်ဘူး၊ ရေရှည် ချမ်းသာမှုပေးနိုင်မှာ
မဟုတ်ဘူး။
ငြိမ်းချမ်းဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီး...
ငြိမ်းချမ်းဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီး…
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အစကတည်းက ကျွန်မတို့ ဦးတည်ခဲ့တာ စစ်
မှန်တဲ့ ပြည်ထောင်စုဖယ်ဒရယ် မူကို အခြေခံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုဖယ်ဒရယ် ဆို
တဲ့စကားကို တချိန်တခါက ဆိုလို့ ရှိရင် ဒီနိုင်ငံမှာ မပြောရဲလောက်အောင် လို့  ပြည်သူ
တွေက ကြောက်ရပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ တချိန်တခါတုန်းက ဆိုလို့ ရှိရင် ဒီနိုင်
ငံကို အုပ်ချုပ်တဲ့ အစိုးရလုပ်တဲ့ ပုဂ္ဂိုလ်များဟာ ဖယ်ဒရယ်ဆိုတဲ့ စကားဟာ ခွဲထွက်ရေး
လို့  အဓိပ္ပာယ်ပေါက်တယ်၊ ဒါကြောင့်မို့ လို့  ဖယ်ဒရယ်ဆိုတဲ့ စကားကို သုံးတဲ့သူတွေက
ပဲ အပြစ်ရှိသလိုလို သူတို့ ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်မတို့ အဖွဲ့ ချုပ်က အစဉ်တစိုက်
ပြောခဲ့တယ်၊ ဖယ်ဒရယ် ဆိုတဲ့စကားဟာ ခွဲထွက်ရေးမဟုတ်ဘူး။ ဖယ်ဒရယ်ဆိုတာဟာ
အုပ်ချုပ်ရေး ပုံစံတစ်မျိုး၊ ဗဟိုအစိုးရနဲ့  ပြည်နယ်အစိုးရတွေ ကြားထဲမှာ သဘောတူညီမှု
အရ လုပ်ပိုင်ခွင့်တွေကို ခွဲခြားထားတဲ့ အုပ်ချုပ်ပုံ ပုံစံတစ်မျိုး ဒါပဲ၊
ဖယ်ဒရယ်သည် ခွဲထွက်ရေးမဟုတ်ကြောင်း မိုးနဲတွင် ပြောကြား...
ဖယ်ဒရယ်သည် ခွဲထွက်ရေးမဟုတ်ကြောင်း မိုးနဲတွင် ပြောကြား…
အမေရိကန်ပြည်ထောင်စု ဆိုရင်လည်း ဖယ်ဒရယ် နိုင်ငံပဲ၊ ဆွစ်ဇလန် နိုင်ငံ
လည်း ဖယ်ဒရယ် နိုင်ငံပဲ၊ ညီညွတ်တဲ့နိုင်ငံတွေ တိုးတက်တဲ့ နိုင်ငံတွေ၊ ခွဲထွက်စရာ မရှိ
တဲ့ နိုင်ငံတွေ တချိန်တခါ တုန်းက အမေရိကန်ပြည်ထောင်စုမှာ ခွဲထွက်ရေးကိစ္စဖြစ်လာ
လို့  ပြည်တွင်းစစ်ကြီး ဖြစ်လိုက်တာဟာ သူတို့ နိုင်ငံအတွက် အင်မတန်မှ နစ်နာခဲ့တယ်၊
သူတို့ နိုင်ငံရဲ့ သမိုင်းမှာ အကြီးအကျယ်ဆုံး ပဋိပက္ခလို့ လဲ ပြောလို့ ရတယ်၊ ဒါပေမယ့်
ဖယ်ဒရယ် ဆိုတဲ့စနစ်ဟာ ပြည်သူတွေကနေပြီးတော့ ဘယ်အုပ်စုက နေမှာမှ ခွဲ မထွက်
ချင်အောင်လို့ သဘောတူညီမှုရအောင် လုပ်ထားတဲ့ စနစ်တစ်ခု ဖြစ်တယ်၊ ကျွန်မတို့ နိုင်
ငံ တိုးတက်ဖို့  ချမ်းသာဖို့ ဆိုတာ ပြည်သူလူထု အများစုက လိုလားမှဖြစ်နိုင်မှာ၊
ကားအတွင်းရှိ လူထုခေါင်းဆောင်အား ယခုကဲ့သို့ နှုတ်ဆက်ကြ...
ကားအတွင်းရှိ လူထုခေါင်းဆောင်အား ယခုကဲ့သို့ နှုတ်ဆက်ကြ…
ဒါကြောင့် ပြည်သူလူထု အများစု လိုလားတဲ့ ပုံစံနဲ့ ကျွန်မတို့ ရဲ့ နိုင်ငံကို ထူ
ထောင်ရမယ်၊ ကျွန်မတို့ ရဲ့ တိုင်းရင်းသား လူမျိုးစုများဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်
ဖြစ်စေ ကိုယ့်ရဲ့ အခွင့်အရေးတွေ အလုံအလောက်ရတယ်၊ ကိုယ်က လုံခြုံတယ်၊ ကိုယ့်
ရဲ့ အခွင့်အရေးတွေကို အစိုးရလုပ်သူများက မှန်မှန်ကန်ကန် နဲ့  ပြည့်ပြည့်ဝဝ ကာကွယ်
ပေးမယ်ဆိုတဲ့ သဘောထားရှိမှ၊ အဲ့ဒီ ယုံကြည်ချက်ရှိမှ ကျွန်မတို့ နိုင်ငံဟာ အေးချမ်းနိုင်
မှာ၊ ပိုက်ဆံ ရှိရုံနဲ့  မအေးချမ်းနိုင်ဘူး။ ဥပမာ အနေနဲ့  ပြောရမယ်ဆိုလို့ ရှိရင် ရွာလေး
တစ်ရွာမှာ အမြဲပဲ တချိန်လုံး ဓားပြ တွေ ထနေမယ်ဆိုလို့ ရှိရင် ပိုက်ဆံရှိတဲ့လူလဲ မလုံခြုံ
ဘူး၊ ပိုက်ဆံမရှိတဲ့လူလဲ မလုံခြုံဘူး။ တနည်းအားဖြင့် ပြောရရင် ပိုက်ဆံမရှိတဲ့လူကမှ ပို
လုံခြုံသေးတယ်၊ ဓားပြလာပြီး တိုက်စရာ အကြောင်းမရှိလို့ ၊ ပိုက်ဆံရှိတဲ့ လူကဆိုလို့ ရှိ
ရင် ဓားပြတွေရှိတဲ့ ရွာမှာ နေရတာမလုံခြုံဘူး။ ဒီတိုင်းပဲ ကျွန်မတို့ နိုင်ငံမှာ ဘယ်လောက်
ပဲ ရုပ်ပိုင်းအရ ချမ်းသာ ချမ်းသာ လုံခြုံမှုမရှိရင် ကျွန်မတို့  နိုင်ငံသူနိုင်ငံသားများဟာ အေး
အေးချမ်းချမ်း တည်တည် ငြိမ်ငြိမ်နဲ့ နေနိုင်မှာ မဟုတ်ဘူး။
ကြာကလပ် ဖြင့် ပန်းလက်ဆောင်...
ကြာကလပ် ဖြင့် ပန်းလက်ဆောင်…
ဒါကြောင့် ကျွန်မတို့ ဖွဲ့ စည်းပုံ အခြေခံဥပဒေဟာ အများကနေပြီးတော့ လက်
ခံနိုင်ပြီးတော့ နိုင်ငံကို တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊ ညီညွတ်မှု ပေးနိုင်မဲ့ ဥပဒေတစ်ခုဖြစ်ဖို့ လို
ပါတယ်။ အခြေခံအားဖြင့် ဒီလိုဥပဒေဆိုတာ ဘယ်လို ဥပဒေမျိုးလည်း၊ တရားမျှတတဲ့
ဥပဒေ မျိုးပဲ၊ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့  ကိုက်ညီတဲ့ ဥပဒေမျိုးပဲဖြစ် ရမယ်။ အဲ့ဒီလို
ဥပဒေမျိုး မဟုတ်လို့ ရှိရင် ရေရှည်မှာ ကျွန်မတို့  နိုင်ငံကိုအကျိုးပြု နိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့် အခု ကျွန်မတို့ ပြည်နယ်တွေမှာ အဓိကထားပြီးတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေ
နဲ့  ပက်သက်လို့ ရှင်းလင်းတာဟာ ကျွန်မတို့ လိုလားတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ
တချို့က ပြောနေသလို အများစု ဗမာတွေနဲ့ပဲ ဆိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ တိုင်းရင်းသား
အားလုံးနဲ့ ဆိုင်ပါတယ်၊ တနည်းအားဖြင့်ပြောရမယ်ဆိုရင်၊ လူနည်းစုတွေ အတွက် ပိုပြီး
တော့ အရေးကြီးတယ်လို့ တောင်မှ ကျွန်မတို့ ပြောလို့ ရတယ်။ ဘာဖြစ်လို့ လဲဆိုတော့
တရားမျှတမှု ဆိုတာဟာ အင်အားကြီးတဲ့လူနဲ့  အင်အားငယ်တဲ့လူကြားမှာ ညီမျှအောင်
လုပ်ပေးတဲ့ သဘောပါပဲ၊ အင်အားကြီးနေတဲ့လူက မညီမျှရင် သူ ရိုက်ရင် ရိုက်မှာပေါ့
သူက အင်အားကြီးနေတာကိုး၊ သူက အပေါ်စီးရနေတာကိုး၊ သို့ သော်ငြားလည်း အင်
အားနည်းတဲ့ လူအတွက်တော့ ညီမျှမှု မရှိရင် အင်မတန်မှ နစ်နာပါတယ်။ အင်မတန်မှ
ဘဝမှာ လုံခြုံမှုနည်းပါတယ်။
လူထုခေါင်းဆောင်၏ ကားရှေ့မှ ရှမ်းရိုးရာအက...
လူထုခေါင်းဆောင်၏ ကားရှေ့မှ ရှမ်းရိုးရာအက…
ဒါကြောင့် မှန်ကန်တဲ့ ဒီမိုကရေစီ စံနှုန်းစံထားနဲ့  ကိုက်ညီတဲ့ ဖွဲ့ စည်းပုံ အခြေခံ
ဥပဒေဆိုတာ တိုင်းရင်းသား လူနည်းစုတွေ အတွက် ပိုပြီးတော့တောင်မှ အရေးကြီးတယ်
လို့  ကျွန်မက ပြောချင်တာပါ။ ဒီဟာကိုလည်း ကျွန်မတို့  တိုင်းရင်းသားများ နားလည်
စေချင်ပါတယ်။ တချို့ တိုင်းရင်းသားများ၊ အဖွဲ့ အစည်းများက မြင်တာက အခုဖွဲ့ စည်းပုံ
အခြေခံဥပဒေ ပြုပြင်ပြောင်းလဲ ရေးနဲ့  ပက်သက်လို့ ဆိုရင် ကျွန်မတို့ အမျိုးသားဒီမိုက
ရေစီအဖွဲ့ ချုပ်က ကျွန်မကို သမ္မတ ဖြစ်စေချင်လို့  လုပ်နေတယ်လို့ ဆိုတဲ့ စွပ်စွဲချက်တွေ
လည်း ရှိပါတယ်။ အဲ့တော့ ဒါကိုလည်း ကျွန်မတို့ က ရှင်းရှင်းလေးနဲ့ ဖြေလို့ ရပါတယ်။
ကျွန်မတို့ ဟာ ဖွဲ့ စည်းပုံအခြေခံဥပဒေ တစ်ခုဆိုတာ ဘယ်ပုဂ္ဂိုလ်တစ်ဦးကို မှ ရည်ရွယ်
ပြီးတော့ ရေးရမဲ့ဟာ မဟုတ်ဘူး၊ အများ အတွက်၊ နိုင်ငံအတွက်၊ နိုင်ငံရဲ့ အနာဂတ်အ
တွက် ကြည့်ပြီးတော့ ရေးရမှာ၊ ကျွန်မကို သမ္မတ မဖြစ်စေချင်တာနဲ့ ဒီလို ပုံစံမျိုးရေး
တယ်ဆိုတာဟာ တကယ်တော့ အင်မတန်မှ သိက္ခာ မရှိဘူးလို့ပဲ ကျွန်မပြောချင်ပါတယ်။
ဖွဲ့စည်းပုံသည် မိမိအား သမ္မတ မဖြစ်ရန် ရည်ရွယ်ရေးဆွဲထားကြောင်း ...
ဖွဲ့စည်းပုံသည် မိမိအား သမ္မတ မဖြစ်ရန် ရည်ရွယ်ရေးဆွဲထားကြောင်း …
တနည်းအားဖြင့်တော့ ပြောလို့ ရှိရင်တော့ ကျွန်မ အခု လက်ရှိ တစ်ကမ္ဘာလုံးက
လူတစ်ယောက်ကို ဦးတည်ပြီးတော့ ရေးထားတဲ့ အခြေခံဥပဒေဆိုတာဟာ ကျွန်မတို့ 
နိုင်ငံမှာပဲ ရှိတယ်။ အဲ့တော့ ဒါဟာ ထူးခြားချက်ပေါ့နော်၊ ဒါပေမယ့် ဂုဏ်ယူစရာကောင်း
တဲ့ ထူးခြားချက်တော့ မဟုတ်ပါဘူး။ အဲ့ဒီတော့ ကျွန်မပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ဘယ်
သူ့ ကိုမှ ဦးတည်ပြီးတော့ သာမန် ဥပဒေ တွေတောင်မှ မဆွဲသင့်ဘူး၊ ဖွဲ့ စည်းပုံ အခြေခံ
ဥပဒေ တော့ ထားလိုက်တော့၊ ဒါပေမယ့် သာမန် ဥပဒေ တွေထဲမှာလည်း ကျွန်မ ကို ဦး
တည်ပြီးတော့ ပြောင်းခဲ့တာတွေလည်းရှိပါတယ်၊ ဒါပေမယ့် ထားလိုက်ပါတော့ ဒါတွေက၊
ဒါတော့ မဖြစ်သင့်ဘူး၊ မဖြစ်သင့်လို့  မဖြစ်ရအောင်လို့  ပြည်သူလူထုကနေပြီးတော့ ဝိုင်း
ပြီးတော့ ကျွန်မတို့ ကို ကူညီစေချင်တယ်၊ ကျွန်မတို့ရဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ ပြင်
ဆင်ခြင်တဲ့ အချက်တွေကို ပြည်သူလူထုတွေ လေ့လာလိုက်ပါ၊ ဒီဟာတွေကို ကျွန်မတို့ 
ကနေပြီးတော့ တရားဝင်ထုတ်ပြန် ထားတာပါ၊ အဖွဲ့ ချုပ်က ဘယ်အပိုင်းတွေကို ဘယ်
လို ပြောင်းချင်တယ်၊ ဘာကြောင့်ပြောင်းချင်တယ်ဆိုတာကို အားလုံး ကျွန်မတို့ ရှင်းရှင်း
လင်းလင်း တင်ပြထားပါတယ်။
တစ်ကမ္ဘာလုံးမှာ လူတစ်ယောက်ကို ဦးတည်ပြီးတော့ ရေးထားတဲ့ အခြေခံဥပဒေဆိုတာဟာ ကျွန်မတို့ နိုင်ငံမှာပဲ ရှိတယ်...
တစ်ကမ္ဘာလုံးမှာ လူတစ်ယောက်ကို ဦးတည်ပြီးတော့ ရေးထားတဲ့ အခြေခံဥပဒေဆိုတာဟာ ကျွန်မတို့ နိုင်ငံမှာပဲ ရှိတယ်…
ပြည်သူတွေက အဲ့ဒါတွေကို လေ့လာပြီးတော့ ကျွန်မတို့ က ကျွန်မတို့ ရဲ့ ပါတီ
ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဒီဟာတွေကို ပြင်ချင်တာလား၊ နိုင်ငံရဲ့ အနာဂတ်ကို ကြည့်
ပြီးတော့ ပြင်ချင်တာလားဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပါ၊ ဆုံးဖြတ်ပြီးမှ ထောက်ခံပါ။
ကျွန်မတို့ ဟာ နားမလည်လို့ ထောက်ခံလိုက်တဲ့ထောက်ခံမှုမျိုးကို ကျွန်မတို့ မလိုချင်ပါ
ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အဲ့ဒီလို ထောက်ခံမှုမျိုးဟာ တကယ်တော့ တန်ဖိုးမရှိပါဘူး။
နားလည်ပြီးတော့ တကယ်သဘောပေါက်ပြီးတော့ တကယ့်ကို လိုလိုလားလားနဲ့ ထောက်
ခံတဲ့ ထောက်ခံမှုဆိုတာတော့ တန်ဖိုးဖြတ်လို့ မရပါဘူး။ ကျွန်မတို့ က အဲ့ဒီလို ထောက်
ခံမှုကိုပဲ အားကိုးပြီးတော့ အလုပ်လုပ်တဲ့ အဖွဲ့ ဖြစ်ပါတယ်။
နိုင်ငံ ရဲ့ အနာဂတ်အတွက် ဖွဲ့စည်းပုံကို ပြင်လို...
နိုင်ငံ ရဲ့ အနာဂတ်အတွက် ဖွဲ့စည်းပုံကို ပြင်လို…
ကျွန်မတို့ ရဲ့ နိုင်ငံရေးပါတီဟာ ငွေရေးကြေးရေးအရလဲ မချမ်းသာပါဘူး၊ အများ
ကြီးလည်း ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဟာ အနှစ် ၂၀ ကျော် အနှစ် ၃၀ နီး
ပါး၊ နိုင်ငံရေး အတွေ့ အကြုံတွေ ရှိခဲ့လို့ ၊ ရင့်ကျက်မှုတော့ အတိုင်းအတာ တစ်ခု ရှိပြီလို့ 
ကျွန်မတို့ ပြောနိုင်ပါတယ်။ ကျွန်မတို့ အဖွဲ့ ချုပ် ကလည်း ခြောက်ပြစ်ကင်း သဲလဲစင် မ
ဟုတ်ပါဘူး၊ အားနည်းချက်တွေလည်း ရှိပါတယ်၊ တချိန်လုံး ကျွန်မတို့  ပြုပြင်ဖို့ ကြိုးစား
နေတာပါ။ ဒါကတော့ ကျွန်မတို့  ပါတီတင် မဟုတ်ဘူး၊ တစ်ကမ္ဘာလုံး ဘယ်မှာကြည့်
ကြည့် အင်မတန်မှ ရင့်ကျက်တဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာတောင်မှ နိုင်ငံရေး ပါတီများ
ဟာ နေ့ စဉ် နဲ့ အမျှ တစ်နှစ်နဲ့ တစ်နှစ်၊ ဆယ်စုနှစ်တစ်ခု နဲ့ ဆယ်စုနှစ်တစ်ခု ပိုပြီးတော့
ကောင်းအောင်လို့  ပိုပြီးတော့ နိုင်ငံရဲ့ လိုအပ်ချက်တွေနဲ့ ဆီလျော်အောင်လို့ ကြိုးစားပြီး
တော့ ပြောင်းလဲနေရတာဟာ ဒါဟာ သဘာဝကျပါတယ်၊လုပ်လဲ ဆက်ပြီးတော့ လုပ်ရမဲ့
ကိစ္စဖြစ်ပါတယ်၊
မိုးနဲမြို့ အဖွဲ့ချုပ်ရုံးရှေ့မှ ရှမ်းရိုးရာအက...
မိုးနဲမြို့ အဖွဲ့ချုပ်ရုံးရှေ့မှ ရှမ်းရိုးရာအက…
အခုဆိုလို့ရှိရင် နေကလည်း အင်မတန်မှ ပူလာပါပြီ၊ ပူလာပါပြီဆိုတော့ ကျွန်မ
တို့ ပြည်သူလူထုလည်း သိပ်ပြီးတော့ နေပူထဲမှာ ကြာကြာ ဒုက္ခ မခံရအောင် လို့ ကျွန်မ
တို့ ပထမ မေးခွန်းတွေယူပါ့မယ်၊ အများအားဖြင့် ဒီလို ပြည်သူလူထု တွေဆုံပွဲတွေလုပ်
တဲ့အခါမှာ ကျွန်မတို့ ရဲ့ ရှင်းပြချက်တွေ ကျွန်မတို့ ရဲ့ သဘောထားတွေနဲ့  ပက်သက်လို့ 
ပရိသတ်ထဲက မရှင်းလင်းတာရှိရင် ပိုပြီးတော့ သိချင်တာရှိရင် ပြန်ပြီးတော့ မေးခွန်းထုတ်
ဖို့  ကျွန်မတို့ အခွင့်အရေးပေးပါတယ်၊ အဲ့ဟာကလည်း အခွင့်အရေးဖြစ်သလို ပြည်သူ
တွေရဲ့ တာဝန်လို့ လည်း ကျွန်မ နားလည်စေချင်ပါတယ်၊ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မ
တို့ ရဲ့ ပြည်သူတွေက ဒီနိုင်ငံမှာ နိုင်ငံရေးအရ ဘာတွေဖြစ်နေလဲ ဆိုတာကို စိတ်ဝင်စား
ရမယ်၊ သိအောင်လို့ လုပ်ရမယ်၊ ဒါမှသာလျှင် ဒီနိုင်ငံမှာ တက်တဲ့ အစိုးရတွေကို ထိန်း
ချုပ်ထားနိုင်မှာ ဖြစ်ပါတယ်။
နေအပူရှိန်ပြင်းသော်လည်း စောင့်ဆိုင်းကြိုဆို...
နေအပူရှိန်ပြင်းသော်လည်း စောင့်ဆိုင်းကြိုဆို…
ပြည်သူတွေက ထိန်းထားနိုင်မှ အစိုးရတွေက လိမ္မာမှာနော်၊ အစိုးရတွေက သူ
တို့ ဘာသာ  သူတို့ ထိုင်ပြီးလိမ္မာနေမှာ မဟုတ်ဘူး။ အဲ့ဒီတော့ ပြည်သူတွေက ထိန်းထား
နိုင်ဖို့ လိုတယ်၊ ထိန်းထားနိုင်ဖို့  ပြည်သူတွေက နိုင်ငံရေး အသိရှိဖို့ လိုတယ်၊ အထူးသ
ဖြင့် ကျွန်မက နိုင်ငံရေးထဲမှာ လူငယ်တွေနဲ့  အမျိုးသမီးတွေကို တက်တက်ကြွကြွ ပါဝင်
စေချင်တယ်၊ ဒီမှာလာတုန်းက ကျွန်မတို့ ကို အမျိုးသမီး ဆိုင်းအဖွဲ့ တွေက ကြိုဆိုတော့
ကျွန်မ သိပ်သဘောကျတာပဲ၊ အမျိုးသား ဆိုင်းအဖွဲ့  တွေကိုပဲ ကျွန်မတို့ တစ်လမ်းလုံး
တွေ့ ခဲ့ရတယ်၊ ဒါပေမယ့် မိုးနဲ လည်းရောက်ရော အမျိုးသမီး အဖွဲ့  တွေက နေပြီးတော့
တခါတည်း ဆိုင်းဝိုင်းနဲ့ ကြိုဆိုတဲ့ အခါကျတော့ ကျွန်မ သိပ်သဘောကျတယ်၊
ကားလာရာလမ်းတွင် စောင့်ဆိုင်းဖျော်ဖြေသော အမျိုးသမီးဆိုင်း...
ကားလာရာလမ်းတွင် စောင့်ဆိုင်းဖျော်ဖြေသော အမျိုးသမီးဆိုင်း…
မိန့်ခွန်းပြောကြားမှု့တွင် ပါဝင်သော အမျိုးသမီးဆိုင်းအဖွဲ့...
မိန့်ခွန်းပြောကြားမှု့တွင် ပါဝင်သော အမျိုးသမီးဆိုင်းအဖွဲ့…
ဒီလိုပဲ ဖြစ်ရမယ် ကျွန်မတို့  အမျိုးသမီးတွေဟာ ဦးဆောင်တဲ့ နေရာမှာ ပိုပြီး
တော့ ပိုပြီးတော့ ပါလာရမယ်။ လူငယ်တွေလည်း ပါစေချင်တယ်၊ လူငယ်တွေက အနာ
ဂတ် အတွက် ကျွန်မတို့ ပြုစု ပျိုးထောင်ရမဲ့ အစည်းအဖွဲ့ တွေ ဖြစ်တာကြောင့် မို့ လို့  အ
ခုထဲက စပြီးတော့ အရည်အချင်းနဲ့  ပြည့်စုံအောင်လို့ ကြိုးစား စေချင်တယ်၊ ကျွန်မတို့ 
လည်း ဒါကြောင့်မို့ လို့  လူငယ်တွေနဲ့ ပက်သက်တဲ့ ဖွံ့ ဖြိုးမှု၊ အရည်အချင်းမြှင့်မှု အစီအ
စဉ်တွေကို တက်နိုင်သမျှ လုပ်နေတာ ဖြစ်ပါတယ်။ ပြီးတော့ မေးခွန်းမေးတဲ့ အထဲမှာ
လည်း အမျိုးသမီးတွေ နဲ့ လူငယ်တွေ ပါစေချင် ပါတယ်၊ ကိုယ့်ရဲ့ နိုင်ငံမှာ ဘာဖြစ်နေလဲ
ဆိုတာ တက်တက်ကြွကြွ နဲ့ သိချင်တဲ့စိတ်နဲ့  မေးကြပါလို့  ကျွန်မ အနေနဲ့ တိုက်တွန်း
ရင်းနဲ့ ကျွန်မတို့ ရဲ့ ပရိသတ်ကို ကျေးဇူးပြုပြီးတော့ နိဂုံးချုပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
လူငယ် အမျိုးသမီးပျို များ...
လူငယ် အမျိုးသမီးပျို များ…
END
--
http://www.burmaburo.blogspot.com
No comments:
Post a Comment